Chapter 35
- Home
- All Mangas
- My CP must be sweet![Entertainment Circle] (Completed)
- Chapter 35 - တစ်ခုခုစလုပ်မယ်
အပိုင်း (၃၅) – တစ်ခုခုစလုပ်မယ်
👻👻👻
လူတိုင်းက (၂၄)နာရီတစ်ရက်လုံး အိပ်တာစားတာမှအပ လမ်းပေါ်မှာသာအချိန်ကုန်ခဲ့သည်။ သို့သော် ဘယ်သူမှမကျေမနပ်မဖြစ်ကြဘဲ အခက်အခဲများကိုအကြိမ်ကြိမ်ပျော်ရွှင်စွာဖြတ်သန်းကာ အားလုံးကအကောင်းမြင်စိတ်ရှိကြသည်။
အထူးသဖြင့်မိန်းကလေးအချို့က ယောကျာ်းလေးများကားမောင်းပြီးပင်ပန်းနေမှန်းသိတာကြောင့် မကြာခဏရယ်စရာဟာသများေပြာလိုက်၊ မိမိပုံရိပ်အပျက်ခံကာအောက်ဖဲလှန်လိုက်နှင့် ရယ်မောေပျာ်ရွှင်အောင်လုပ်ကြသည်။ သူတို့ကြောင့်ပင် ဤခရီးစဉ်ကသိပ်ပျင်းစရာမကောင်းတော့ပေ။
ငါးရက်မြောက်နေ့၌ သူတို့လူစု အယ်တိုရှာအမျိုးသားဥယျာဉ်သို့ရောက်ရှိကာ ထိုနေရာမှာပင် တစ်ညအိပ်စခန်းချရန်ပြင်ဆင်ကြသည်။
ကားကဥယျာဉ်ဂိတ်ပေါက်သို့ဝင်လိုက်သည်နှင့် အဆုံးမဲ့ကျယ်ပြောသည့်မျက်ခင်းပြင်ကြီးကိုမြင်လိုက်ရသည်။ ကြီးမားသည့်မျက်ခင်းပြင်ကြီးတွင် သားရိုင်းတိရစ္ဆာန်များလှဲလျောင်းအိပ်စက်နေကြသလို၊ လွတ်လပ်ပေါ့ပါးစွာသွားလာနေသည်များကိုမြင်နိုင်သည်။
အယ်တိုရှာဥယျာဉ်မှာအလွန်ကြီးမားသည်။ ထို့ကြောင့် ကမ္ဘာလှည့်ခရီးသည်များအားကားဖြင့်သာလည်ပတ်ကြည့်ရှုခွင့်ပေးထားသည်။ သူတို့(၈)ဦးတွင် (၄)ဦးသာ နိုင်ငံတကာယာဉ်မောင်းလိုင်စင်ရှိပြီး ယွီရန်မှအပကျန်ယောကျာ်းလေး (၃)ဦးနှင့် မိန်းကလေးထဲမှရှထျန်းတစ်ဦးတည်းသာ ကားမောင်းနိုင်ပေသည်။ သူတို့က နှစ်ယောက်တစ်စီးနေရာခွဲကာ အလှည့်ကျကားမောင်းကြသည်။ အကြမ်းအားဖြင့် လူတစ်ယောက်က တစ်နေ့လျှင်လေးငါးနာရီလောက်ကားမောင်းရကာ မည်မျှပင်ပန်းကြောင်းခန့်မှန်းသိနိုင်သည်။
ကုန်းကျယ် (၅)နာရီနီးပါးကားမောင်းပြီး ခဏနေတော့ ယာဉ်မောင်းနေရာမှထ၍ နေရာလဲလိုက်သည်။ သူ စိတ်ရောကိုယ်ရောပင်ပန်းနေသည်။ လူတိုင်းက သူ့ကိုခဏအိပ်ဖို့ပြောကြသည်။ သို့သော် သူ့နောက်မှကားမောင်းသူကဝမ်ကယ်ဖြစ်ေနတာကြောင့် ကုန်းကျယ်မသိစိတ်ကစိုးရိမ်ပူပန်ပြီး ကောင်းကောင်းမပျော်နိုင်ဖြစ်နေသည်။ သူကငါးမိနစ်တစ်ခါလောက်မျက်လုံးဖွင့်လာကာ စိတ်မချတိုင်းဝမ်ကယ့်ကိုလှမ်းလှမ်းကြည့်နေမိသည်။
အယ်တိုရှာသို့ကားဝင်လာတော့ ကုန်းကျယ်ပြန်နိုးလာသည်။
အနီးအနားရှိတိရစ္ဆာန်များက သူတို့ကားဝင်လာတာမြင်တော့လန့်မသွားဘဲ လွတ်လွတ်လပ်လပ်ဆက်လက်လမ်းလျှောက်နေသည်။
မိန်းကလေးများက ယခုမှပထမဆုံးအကြိမ်သားရိုင်းတိရစ္ဆာန်များနှင့်အလွန်နီးကပ်စွာရှိဖူးခြင်းဖြစ်သည်။ ထို့ကြောင့် သူတို့၏ပြင်းပြသောသိချင်စိတ်က အကြောက်တရားများကိုအနိုင်ယူသွားကာ ကင်မရာများထုတ်၍ ဓာတ်ပုံရိုက်ကူးကြသည်။
ကားက အယ်တိုရှာဥယျာဉ်ထဲနာရီဝက်ခန့်ထပ်မံမောင်းနှင်ပြီး နောက်ဆုံး အိုကိုကွီယိုစခန်းသို့ရောက်ရှိလာသည်။
ရိုးရှင်းစွာညစာစားကြပြီးနောက် အနောက်ဘက်မှနေဝင်စပြုကာ တိမ်တောက်၍အနီရောင်အလင်းတန်းများထွက်ပေါ်လာသည်။
စခန်းနှင့်မလှမ်းမကမ်း၌ တိရစ္ဆာန်များ၏အသက်ဟုဆိုရလောက်သော ရေကြောတစ်ခုရှိသည်။ ဤနေရာရှိတိရစ္ဆာန်များက ညနေတိုင်းထိုရေကြောသို့လာေရာက်၍ ရေသောက်ဆင်းကြသည်။
သူတို့ရောက်သွားတော့ ခြံစည်းရိုးနားတွင်ရပ်ေစာင့်နေကြသူ ခရီးသွားဧည့်သည်လူတန်းကြီးတစ်ခုရှိေနသည်။ သူတို့ကတစ်ယောက်ပြီးတစ်ယောက် ကျွမ်းကျင်ပစ္စည်းကိရိယာများသယ်ေဆာင်ကာ ကောင်းမွန်စွာမှတ်တမ်းတင်ရိုက်ကူးရန်ပြင်ဆင်နေသည်။
ထိုအချိန်က ရေကန်ဘေးတွင်ရေသောက်ဆင်းလာသည့်တိရစ္ဆာန်တစ်ကောင်မှမရှိေသးပေ။ လူတချို့ကခုံတန်းရှည်များရှာထိုင်ကာ တိတ်ဆိတ်စွာစောင့်ဆိုင်းနေသည်။
နေမင်းကြီးအနောက်အရပ်သို့လျင်မြန်စွာတိုးဝင်ပျောက်ကွယ်သွားသည်မှာ သာမာန်မျက်စိဖြင့်ပင်မြင်နိုင်သည်။ မြက်ခင်းပြင်ပေါ် နူးညံ့သည့်အလင်းရောင်များဖြာကျကာ တိတ်ဆိတ်ငြိမ်သက်နေသည်။
လူတိုင်းက လှပသောရှုခင်းကြောင့်တိတ်ဆိတ်သွားပြီး စကားမပြောဘဲငြိမ်သက်စွာကြည့်ရှုနေသည်။
ခဏနေတော့ ရေကန်ဆီသို့ပထမဦးဆုံးဧည့်သည်ရောက်ရှိလာသည်။ သစ်ကုလားအုတ်အမေကြီးက သစ်ကုလားအုတ်ကလေးလေးကိုရေသောက်ခေါ်လာသည်။ သစ်ကုလားအုတ်အမေကြီးကခြေထောက်နှင့်လည်ပင်းများအလွန်ရှည်နေတာကြောင့် ခြေထောက်လေးဘက်ခွဲရပ်မှ ရေသောက်နိုင်သည်။
သစ်ကုလားအုတ်အမေကြီးက ခြေထောက်များကိုခပ်ဝေးဝေးခွာရပ်ထားတာကြောင့် ကားယားကြီးဖြစ်နေကာ လှုပ်ရှားမှုများကအတော်ရယ်စရာကောင်းလှသည်။ ထို့ကြောင့် ဟိုတစ်စဒီတစ်စတိုးတိုးတိတ်တိတ်ရယ်သံများထွက်လာသည်။
သစ်ကုလားအုတ်ကလေးလေးကလည်းဒါကိုမြင်တော့ သူ့အမေလုပ်သလိုလိုက်လုပ်ကာ ခြေထောက်များကားပြီးရပ်လိုက်သည်။ သို့သော် သူ့ခြေထောက်များက သူ့အမေလောက်မရှည်မှန်းသူမေ့လျော့သွားသည်။ သူခေါင်းငုံ့လိုက်သည့်အခါ တစ်ခေါင်းလုံးရေထဲဝင်သွားသည်။ ထို့နောက်အလန့်တကြားဖြစ်ကာခေါင်းပြန်ထောင်ဖို့ပင်မေ့လျော့ပြီး ခြေထောက်များယက်ကန်ယက်ကန်ဖြစ်သွားသည်။ နောက်တော့ အမေသစ်ကုလားအုတ်ကြီးက သူ(မ)သား၏ခေါင်းကို လည်ပင်းနှင့်ပြန်ထူပေးရသည်။
အဲ့ဒီနောက် ကြံ့များ၊ မြင်းကျားများနှင့် တောဆိတ်များတစ်ကောင်ပြီးတစ်ကောင်ရောက်ရှိလာပြီး ရေကြောတစ်ဝိုက်စတင်စည်ကားလာသည်။
ညက တဖြည်းဖြည်းနက်သည်ထက်နက်လာသည်။ နေမင်းကြီးလည်းမသိလိုက်မသိဘာသာဝင်ရောက်ပျောက်ကွယ်ကာ ကောင်းကင်ထက်၌လမင်းကြီးမင်းမူလာသည်။ တိရစ္ဆာန်များကလည်း ဗိုက်ပြည့်ပြီမို့ အိပ်တန်းတက်ဖို့လုပ်ကြသည်။
ကုန်းကျယ်နှင့်ဝမ်ကယ်က ထိုင်ခုံများတွင်ထိုင်ကာ တိရစ္ဆာန်များသွားလာလှုပ်ရှားနေသည်ကိုကြည့်နေသည်။ သူတို့ကမသိစိတ်ထဲကနေထိုသို့ထိုင်ကြည့်ရသည်ကို နှစ်သက်စွဲလန်းနေသည်။
သူတို့ပြန်အသိဝင်လာတော့ နောက်ကလိုက်လာသည့်ကင်မရာမန်းမှအပ ကျန်လူအားလုံးဘယ်ေရာက်သွားမှန်းမသိဘဲ အစအနပျောက်သွားသည်။
“တခြားလူတွေရော။”
ကုန်းကျယ်မတ်တတ်ရပ်လိုက်သည်။ ညအလွန်နက်နေပြီဖြစ်တာကြောင့် လမ်းမီးမှိန်မှိန်ကကောင်းစွာအလင်းမပေးနိုင်ပေ။ သို့နှင့် သူဖုန်းမီးသာဖွင့်လိုက်သည်။
“သူတို့အကုန်ပြန်သွားပြီလား။”
ဝမ်ကယ်က ကုန်းကျယ်ဖုန်းကိုကြည့်ပြီး ဘေးဘီလှည့်ကြည့်တော့ ဘယ်သူမှမတွေ့ရတော့ပေ။
“သူတို့အရင်ပြန်နှင့်ပြီ။”
ကင်မရာမန်းက ဘေးကနေပြောလိုက်သည်။
“ဒီကောင်တွေပြန်သွားတာေတာင်တစ်ခွန်းမှပြောမသွားဘူး။”
ကုန်းကျယ်က ဝမ်ကယ့်ကိုလှည့်ကြည့်ပြီးပြောသည်။
“ကျွန်တော်တို့လည်းပြန်ရအောင်၊တစ်နေကုန်ပင်ပန်းနေပြီ။ စောစောနားရမယ်။”
“အင်း။”
အပြန်လမ်းတွင် သူတို့သုံးယောက်သာရှိသည်။ နည်းနည်းပိုလင်းသည့်နေရာရောက်ဝောာ့ ကုန်းကျယ်ဖုန်းပြန်သိမ်းပြီးပြောလိုက်သည်။
“ခုနက မင်းအရမ်းလေးလေးနက်နက်ကြည့်နေတာတွေ့တယ်။ ဒီနေရာကိုသဘောကျတာလား။”
“အင်း၊ သဘောကျတယ်။”
ဝမ်ကယ်ကသူ့အကြိုက်ကိုယခုလိုပေါ်ပေါ်တင်တင်ထုတ်ပြောတာအတော်ရှားသည်။
“ဒါဆိုနောက်ကျရင် ဒီကိုမကြာခဏလာလည်ကြတာပေါ့။”
ကုန်းကျယ်က တမင်တကာမရှင်းမလင်းပြောလိုက်သည်။
“အချိန်ရရင်ပေါ့။”
ကုန်းကျယ်ကမျက်ဖြူလှန်ပြလိုက်ကာ ထပ်မေးသည်။
“ဒီမှာလာပြီး မင်္ဂလာဆောင်ဓာတ်ပုံရိုက်ဖို့စဉ်းစားဖူးလား။”
“မင်္ဂလာဆောင်ဓာတ်ပုံ?။”
ဝမ်ကယ်အံ့အားသင့်သွားကာ ကုန်းကျယ်ကိုလှမ်းကြည့်သည်။
ကုန်းကျယ်ကတော့ အရင်အတိုင်းခပ်တည်တည်နှင့် သူ့ကိုအကြံပေးသလိုပြောနေသည်။
“ဒီနေရာက ရှုခင်းတွေအရမ်းလှတယ်ေလ။ ပြီးတော့မင်းလည်းအရမ်းကြိုက်တယ်ဆိုတော့ အနာဂတ်မှာချစ်သူနဲ့အတူတူမင်္ဂလာဆောင်ရင် ဓာတ်ပုံရိုက်ဖို့အရမ်းကိုသင့်တော်တယ်။”
ဇနီးလည်းမဟုတ်၊ ခင်ပွန်းလည်းမဟုတ်၊ ချစ်သူဟုခေါ်ဝေါ်သုံးနှုန်းပုံက ယောကျာ်းလားမိန်းမလား မရေမရာဖြစ်သွားစေသည်။
ဝမ်ကယ်နည်းနည်းရယ်ချင်သွားသည်။ ကုန်းကျယ်ကသူတို့နှစ်ေယာက်၏ဆက်ဆံရေးကို တတ်နိုင်သမျှမြန်မြန်ထုတ်ပြောချင်နေပြီဟုသူတွေးမိသည်။ သူ့ပုံစံက တိတ်တိတ်လေးခိုးချစ်နေရရုံနှင့် လုံးဝမကျေနပ်တော့ပုံပင်။
ဒီအတောအတွင်း သူ့ပြောပုံဆိုပုံက ပိုပြီးဘာလိုလိုဖြစ်လာသည်။ သူ့စကားအားလုံးက ရုတ်တရက်လူအများကိုမသိမသာလှည့်စားနိုင်သော်လည်း တကယ်တမ်းသေချာနားထောင်ကြည့်ပါကတစ်ခုခုကွဲပြားေနမှန်းသိနိုင်သည်။ ဝမ်ကယ်မှာ ကုန်းကျယ်တစ်ယောက်မအောင့်နိုင်ေတာ့ဘဲ မူးချင်ယောင်ဆောင်၍ သူ့ကိုအတင်းဆွဲနမ်းပစ်တာမျိုးလုပ်လောက်သည်ဟုပင်ခံစားမိလာသည်။
ဝမ်ကယ်အများကြီးတွေးနေတာကြောင့် ကုန်းကျယ်မေးခွန်းကိုဖြေဖို့မေ့သွားသည်။ ကုန်းကျယ်က သူ့ကိုထပ်မေးသည်။
“ဘာတွေစဉ်းစားနေပြန်ပြီလဲ။”
“ဘာမှမဟုတ်ပါဘူး။”
ဝမ်ကယ်ခေါင်းခါပြလိုက်သည်။
“မင်းကအနာဂတ်ကျရင်ဒီမှာမင်္ဂလာဆောင်ဓာတ်ပုံလာရိုက်လို့ပြောတယ်မလား။ ကျွန်တော်လည်းဒီအကြံကောင်းတယ်ထင်လို့စဉ်းစားနေတာ။”
“မင်းဆန္ဒရှိသလိုလုပ်နိုင်ဖို့ ကျွန်တော်ဆုတောင်းပါတယ်။”
ကုန်းကျယ်က သူ့ကိုလေးနက်စွာကြည့်ပြီးပြောလိုက်သည်။
“ဆန္ဒပြည့်မပြည့်က ကျွန်တော့်အပေါ်မမူတည်ဘူး။ အနာဂတ်ကလူအပေါ်မူတည်တာ။”
ဝမ်ကယ်ကကုန်းကျယ်ကို စူးစူးစိုက်စိုက်လှမ်းကြည့်ပြီးပြောသည်။
“သူသဘောမတူမှာပဲစိုးရိမ်တယ်။”
“မဟုတ်တာ၊ သူသေချာပေါက်သဘောတူမှာပါ။”
ကုန်းကျယ်က မဆိုင်းမတွပြန်ဖြေသည်။
“မင်းကသေချာလှချည်လား။”
ပရိသတ်များရှေ့မသိမသာပြောရသည်က ရုတ်တရက်အတော်လေးပျော်စရာကောင်းသည်ဟုဝမ်ကယ်ထင်မိသည်။ သို့နှင့် သူပရိသတ်များကို တရုတ်စကား၏အဓိပ္ပါယ်နက်ရှိုင်းပုံကိုပြသဖို့လုပ်လိုက်သည်။
ကုန်းကျယ်က စိတ်အားထက်သန်စွာခေါင်းညိတ်ပြပြီး:
“ဆရာဝမ့်ချစ်သူဖြစ်လာမဲ့လူက ဆရာ့ကိုအရမ်းချစ်လိမ့်မယ်လို့ကျွန်တော်အတပ်ပြောရဲတယ်။ သူကဆရာ့ကိုချစ်မှတော့ ဆရာ့ရဲ့ဒီဆန္ဒလေးလောက်ကိုမဖြည့်ဆည်းပေးဘဲနေမလား။”
ဝမ်ကယ်ခေါင်းငုံ့ပြီး ချိုသာစွာပြုံးလိုက်သည်။ သူငါးစက္ကန့်ကြာအောင်စောင့်ပြီး အပြုံးရိပ်များပျောက်ကွယ်သွားမှပြန်ခေါင်းမော့လာသည်။ ထို့နောက် ကုန်းကျယ်ကိုကြည့်ကာ:
“အဲ့လိုဖြစ်ဖို့မျှော်လင့်ပါတယ်။”
စခန်းဆီပြန်ရောက်တော့ အခြားသူများရေမိုးချိုးပြီး ကိုယ့်တဲထဲကိုယ်ဝင်နားနေကြသည်။ သူတို့နှစ်ဦးလည်း အများသုံးရေချိုးခန်းသွား၊ ရေချိုးကြပြီးနောက် တဲထဲဝင်လိုက်သည်။
တဲထဲတွင်ကင်မရာမတပ်ထားတာကြောင့် ကုန်းကျယ် ဝမ်ကယ်ကိုပြောင်ပြောင်တင်းတင်း ပွေ့ဖက်လိုက်သည်။
ဝမ်ကယ်က အိပ်ရာလိပ်ပေါ်လှဲကာ ဒီနေ့ကားစီးရင်းရိုက်ခဲ့သည့်ရှုခင်းဗီဒီယိုများကိုပြန်ကြည့်နေသည်။ ကုန်းကျယ် ဝမ်ကယ့်ကိုခဏကြည့်နေပြီး ဝမ်ကယ့်ဘက်မှဘာတုံ့ပြန်မှုမှမရှိတာကြောင့် အနည်းငယ်မပျော်မရွှင်ဖြစ်သွားသည်။ သူက ဝမ်ကယ့်ဘက်လှိမ့်သွားကာ ဝမ့်ကယ်ကျော်ပေါ်လှဲအိပ်လိုက်သည်။
“မိန်းမ၊ အဲ့ဒီပုံမလာပန်းမလာတွေကိုကြည့်ရတာဘာများကောင်းလို့လဲ။ မင်းရဲ့ယောကျာ်းချောချောလေးကိုကြည့်ပါလား။”
ဝမ်ကယ်သူ့ကိုလုံးဝမကြည့်ဘဲ ရက်စက်စွာငြင်းလိုက်သည်။
“မင်းကိုနှစ်ပေါင်းများစွာကြည့်ရလွန်းလို့ရိုးနေပြီ။ မင်းကိုကြည့်မဲ့အစား ဝက်ကိုကြည့်တာမှပိုကောင်းဦးမယ်။”
“ဟွန်း”
ကုန်းကျယ်စိတ်ဆိုးကာ ဝမ်ကယ့်ကုပ်ပိုးကိုကိုက်လိုက်သည်။ ထို့နောက် ဝမ်ကယ့်ဖုန်းကိုလှမ်းယူပြီး အထက်စီးဆန်ဆန်ပြောလိုက်သည်။
“မကြည့်နဲ့တော့၊ အရမ်းနောက်ကျနေပြီ။”
ဝမ်ကယ် ဖုန်းပြန်လုဖို့ကြိုးစားလိုက်သည်။
“ကိုးနာရီတောင်မထိုးသေးတာ၊ ဘာနောက်ကျတာလဲ။”
ကုန်းကျယ်က ဖုန်းကိုဘေးချပြီး ဝမ်ကယ့်လက်နှစ်ဖက်ကိုဖမ်းချုပ်လိုက်သည်။
“အခုချိန်စရင် ပြီးတဲ့အချိန်ကျ (၁၁)နာရီထိုးနေလောက်ပြီ။ မင်းအိပ်ရေးပျက်မှာမပူရတော့ဘူး။”
“ဘာစတာလဲ။”
ဝမ်ကယ် နားမလည်၍ပြန်မေးလိုက်သည်။
ထိုအခါဝမ်ကယ့်တင်ပါးနားသို့တစ်စုံတစ်ရာလာထိနေသည်။ ကုန်းကျယ်ကညစ်ကျယ်ကျယ်ပြုံးကာခါးကိုလှုပ်လိုက်၏။ ထို့နောက် ဝမ်ကယ့်နားရွက်ကိုကိုက်ကာ ဘာလိုလိုခပ်တိုးတိုးပြောလိုက်သည်။
“သေချာပေါက်ဒါကိုစမှာလေ။”
“မင်းလျှောက်မလုပ်နဲ့၊ တဲကအသံလုံတာမဟုတ်ဘူး။ ဘေးမှာလူတွေအများကြီးရှိတယ်။”
ဝမ်ကယ်မျက်နှာရဲကာ ကိုယ်ကိုလိမ်ပြီး ကုန်းကျယ်ကိုခါချဖို့လုပ်လိုက်သည်။
ရလဒ်ကအခြေအနေကိုပိုမိုဆိုးရွားသွားစေသည်။ လွန်ခဲ့တဲ့တစ်မိနစ်ခန့်က သူ့ပေါင်ရင်းကိုလာထိနေသည့်ထိုအရာကအခုအနည်းငယ်ပိုကြီးသွားသလိုခံစားလိုက်ရသည်။ သူမလှုပ်ရဲတော့ပေ။
သူကလှုပ်ကြည့်ပြီး တစ်ကိုယ်လုံးတောင့်တင်းသွားကာ တီးတိုးပြောလိုက်သည်။
“မြန်မြန်အောက်ဆင်း။”
“မဆင်းဘူး။”
ကုန်းကျယ်ငြင်းပြီး ဝမ်ကယ့်ကျောပေါ်ကမဆင်းဘဲဆက်လှဲကာ ခါးကိုထပ်မံ၍လှုပ်ရှားလိုက်သည်။
ဝမ်ကယ်ထအော်မိမတတ်လန့်သွားကာ ပါးစပ်ကိုလက်နှင့်အမြန်အုပ်လိုက်သည်။
ဝမ်ကယ်အသံတိတ်သွားတာမြင်တော့ ကုန်းကျယ်က တဲထိပ်ရှိမီးအိမ်လေးကိုပိတ်လိုက်ချိန်တွင် သူ့မျက်လုံးများရုတ်တရက် မှောင်မိုက်သွား၏။ ဝမ်ကယ်က ပါးစပ်ကိုလက်နှင့်အုပ်ကာ မှောက်လျက်အနေအထားဖြင့်နေရင်း အမှောင်ထုနှင့်နေသားကျအောင်ကြိုးစားနေသည်။ သူ့ဘောင်းဘီခါးပတ်ပြုတ်သွားသည်ကိုခံစားလိုက်ရပြီးနောက် အေးမြသည့်လက်ချောင်းများက ဘောင်းဘီထဲမှတစ်ဆင့်သူ့ခါးဆီရောက်လာသည်။ ထို့နောက် ထိုလက်ချောင်းများကသူ့ဘောင်းဘီကိုကိုင်ပြီး အောက်သို့အနည်းငယ်ဆွဲချလိုက်သည်။
“ဘေဘီ၊ ခါးကြွပေး။”
ကုန်းကျယ်က သူ့နားရွက်နားကပ်ကာ မရှင်းမရှင်းပြောလိုက်သည်။
ဝမ်ကယ့်မျက်နှာတစ်ခုလုံး နီရဲထူပူသွားသည်။ နောက်ဆုံးတော့ သူလက်မြှောက်အရှုံးပေးကာ ခါးကိုကြွပေးလိုက်သည်။ ခြေထောက်ကနေ ဘောင်းဘီလုံးဝကျွတ်သွားတော့ သူစိတ်လိုလက်ရ အိပ်ရာခင်းပေါ်လှဲလိုက်သည်။
လက်ချောင်းများ သူ့ခါးပေါ်သို့တဖြည်းဖြည်းတက်လာသည်နှင့်အမျှ ဝမ်ကယ့်အသက်ရှုသံများတုန်ခါလာသည်။ သူကနောက်ဆုံးကျန်ရှိနေသောအသိစိတ်လေးတစ်မျှင်ကိုဆုပ်ကိုင်ရင်း အတန်တန်သတိပေးလိုက်သည်။
“ဖြည်းဖြည်း တဲကအသံမလုံဘူး။”
ထို့နောက်တစ်စက္ကန့်ကြာတော့ သူတွေးခေါ်နိုင်စွမ်းကင်းမဲ့ကာ လုံးဝသတိလွတ်သွားသည်။ ကုန်းကျယ်၏တက်ကြွမှုများကြား သူ့ခမျာအသံမထွက်ဝံ့ဘဲ ပါးစပ်ကိုလက်နှင့်အုပ်ထားသည်ကိုသာ အမှတ်ရနေမိသည်။
နောက်တစ်နေ့မှာတော့ ဝမ်ကယ်တစ်ယောက်သူ၏အလွန်အကျွံအသုံးပြုထားသောခန္ဓာကိုယ်ကိုသယ်ကာ တဲထဲမှထွက်လာသည်။ လူတိုင်းက တဲထဲတွင်မနက်စာစားနေသည်။
“ဆရာဝမ် ဒီနေ့လည်းအိပ်ရာထနောက်ကျပြန်ပြီနော်၊ ညကမအိပ်ရဘူလား။”
လျိုမော့က သူ့ကိုပေါင်မုန့်ထုပ်ကမ်းပေးကာ မေးလိုက်သည်။
ဝမ်ကယ်က အင်းဟုသာပြန်ဖြေပြီး ပေါင်မုန့်ထုပ်ကိုယူကာ တိတ်တဆိတ်ဖွင့်စားနေသည်။ သူ့အသံက လက်ရှိတွင်အနည်းငယ်ဩရှနေကာ စကားပြောလိုက်လျှင်မူမမှန်ဖြစ်နေမှန်းလွယ်လွယ်သိနိုင်သည်။
ကုန်းကျယ်က အခုေလးတင်မိန်းကလေးများကိုကူညီ၍တဲသိမ်းလို့ပြီးသွားသည်။ သူက လက်သုတ်၍ ပေါင်မုန့်တစ်ထုပ်ကိုင်ပြီး ဝမ်ကယ့်ဘေးဝင်ထိုင်သည်။
“နောက်နာရီဝက်နေရင်သွားကြမယ်။”
“အင်း၊ သိပြီ။”
“မင်းခဏအိပ်ချင်သေးလား။ မင်းကြည့်ရတာမနိုးသေးသလိုပဲ။”
ကုန်းကျယ်ကမေးလိုက်သည်။
“နေပါစေ၊ ကျွန်တော်မျက်နှာသွားသစ်တော့မယ်။”
သူ့အသံဩရှရှဖြစ်နေေသးတာတွေးမိတော့ ဝမ်ကယ်ထပ်ပြီးချောင်းဟန့်လိုက်သည်။
“ကျွန်တော်လည်းအဲ့ဒီကိုသွားမှာ။ မနက်နိုးနိုးချင်း အလုပ်ခဏလုပ်လိုက်တော့ မျက်နှာမှာချွေးေတွထွက်လာတယ်။”
ပေါင်မုန့်နှစ်လုတ်သုံးလုတ်စားပြီးနောက် ကုန်းကျယ် ဝမ်ကယ့်နောက်လိုက်ကာ ရေချိုးခန်းဆီထွက်ခဲ့သည်။
ကင်မရာမန်းက သူတို့နောက်ကနေတံခါးအထိသာလိုက်ပြီး သူတို့အထဲဝင်သွားတော့ဆက်မရိုက်ဘဲ အပြင်မှာစောင့်နေခဲ့သည်။
ရေချိုးခန်းထဲတွင် တခြားမည်သူမှရှိမနေပေ။ ကုန်းကျယ်က ဝမ်ကယ့်ကိုအတွင်းအကျဆုံးအိမ်သာခန်းဆီ တစ်ခါတည်းတန်းခေါ်သွားသည်။
“အရမ်းနေရခက်နေလား။”
ဝမ်ကယ်တစ်မနက်လုံးတက်တက်ကြွကြွမရှိတာမြင်တော့ ကုန်းကျယ်ကမေးလိုက်သည်။ နောက်ပြီး ဒီနေ့ခရီးစဉ်ကအလျင်လိုတာမို့ သူနည်းနည်းစိုးရိမ်နေသည်။
ဝမ်ကယ်ကသန်းဝေရင်း ကုန်းကျယ်ပခုံးပေါ်မှီကာ မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်သည်။
“နေရမခက်ပါဘူး။ နည်းနည်းအိပ်ချင်ရုံပါ။”
ကုန်းကျယ်က သူ့ကိုပွေ့ဖက်ပြီး လက်နှစ်ဖက်ဖြင့်ခါးကိုနှိပ်ပေးလိုက်သည်။ ထို့နောက် ဝမ်ကယ့်မေးစေ့ကိုမျက်နှာနှင့်ပွတ်ကာ ညင်သာစွာချော့မြှူလိုက်၏။
“နည်းနည်းသည်းခံလိုက်ဦး၊ ကားပေါ်ရောက်ရင် ကောင်းကောင်းအိပ်ရပြီ။”
“အင်း။”
ဝမ်ကယ်တစ်ယောက် မျက်လုံးများမှိတ်ကာ တုံ့ပြန်လိုက်သည်။
*****
Aurora Novel Translation Team