Chapter 37
- Home
- All Mangas
- My CP must be sweet![Entertainment Circle] (Completed)
- Chapter 37 - ဆက်ဆံရေးပေါ်သွားပြီ။
အပိုင်း (၃၇) – ဆက်ဆံရေးပေါ်သွားပြီ။
👻👻👻
အာဖရိကခရီးစဉ်က မသိလိုက်မသိဘာသာပြီးဆုံးသွားသည်။ သူတို့၏စွန့်စားခန်းကြီးက နောက်ဆုံးတစ်နေရာဖြစ်သည့် အမေဇုန်မိုးသစ်တောသာကျန်တော့သည်။
တတိယမြောက်နေရာကိုမကြေညာခင် အဖွဲ့ဝင်များက အစီအစဉ်၏အမည်နှင့်ပတ်သက်၍ဝေဖန်ဖြစ်ေသးသည်။ အစီအစဉ်က “စွန့်စားလူငယ်များ” ဟုအမည်တပ်ထားသော်လည်း တစ်လလုံးလုံးမည်သည့်ရင်ဖိုစိတ်လှုပ်ရှားစရာမျိုးနှင့်မှသူတို့မကြုံတွေ့ခဲ့ရပေ။ ထို့ကြောင့်လူတိုင်းက အစီအစဉ်နာမည် လွဲမှားနေသည်ဟုပြောဆိုခဲ့သည်။
ထိုအကြောင်းကို ပရိုဂရမ်အဖွဲ့သားများရှေ့ပြောဖြစ်ကြတော့ ဝန်ထမ်းများကသူတို့၏စကားကို ပြန်လည်ချေပပြောဆိုခြင်းမရှိဘဲ ခန့်မှန်းရခက်သည့်အပြုံးဖြင့်သာပြန်လည်တုံ့ပြန်ခဲ့သည်။
အမေဇုန်တောထဲသို့ခြေချမိချိန်ရောက်မှ ပရိုဂရမ်အဖွဲ့၏သဘောထားကို သူတို့နားလည်သဘောပေါက်သွားသည်။ လတ်စသတ်တော့ ကျူဘားနှင့်အာဖရိကခရီးစဉ်များက ရှေ့ပြေးနှုတ်မြိန်စာများသာဖြစ်ပြီး အမေဇုန်ခရီးစဥ်ကသာအဓိကဟင်းလျာဖြစ်နေသည်။
ဤနေရာကိုနောက်ဆုံးခရီးစဉ်အဖြစ်သတ်မှတ်ထားသည်ကိုကြည့်လျှင် ပရိုဂရမ်အဖွဲ့က သူတို့အားညည်းပန်းနှိပ်စက်ချင်နေမှန်းခန့်မှန်းသိနိုင်သည်။ အာဖရိကခရီးစဉ်က အပြည့်အဝလုံခြံမှုမရှိသည့်တိုင် သဲကန္တာရနှင့်သားရိုင်းတိရစ္ဆာန်များက အမေဇုန်တောလောက်ကြောက်မက်ဖွယ်မကောင်းလှပေ။ ဘာပဲပြောပြော အမေဇုန်တောဆိုသည်မှာ သာမာန်ရုပ်ဆိုးဆိုးပိုးမွှားေကာင်များကပင် သင့်အသက်ကိုနှုတ်ယူသွားနိုင်သည့် မရဏချိုင့်ဝှမ်းတစ်ခုဖြစ်လေသည်။
တစ်ခုတည်းသောသတင်းကောင်းက ပရိုဂရမ်အဖွဲ့ကလုံးဝအကြင်နာကင်းမဲ့ေနတာမဟုတ်ဘဲ သူတို့အတွက်လမ်းပြတစ်ယောက်စီစဉ်ပေးထားသည်။ အကယ်၍သူတို့(၈)ဦးစလုံးသာ အမေဇုန်မိုးသစ်တောထဲကိုယ့်ဟာကိုယ်ဝင်ရမည်ဆိုပါက နေရာမှာတင်သေပွဲဝင်သွားနိုင်သည်။
သူတို့အမေဇုန်တောထဲရောက်သည်နှင့်ပြင်ဆင်ချိန်ပင်မရ၊ စွန့်စားခန်းများကိုချက်ချင်းစတင်လုပ်ဆောင်ခဲ့သည်။ အသားစားငါးများဖမ်းရန်ငါးမျှားထွက်ရခြင်း၊ ညကြီးသန်းခေါင်လှေစီးကာ မိုးသစ်တောထဲရှေးခေတ်လူမျိုးစုများကိုအရှာထွက်ရခြင်းတို့အပြင် ဘာအကူကိရိယာမှမပါဘဲ ရေနက်ထဲဒိုင်ပင်ထိုးရေငုပ်ကာ မိချောင်းများနှင့်နီးကပ်စွာနေရခြင်းစသည့်မစ်ရှင်များပါဝင်သည်။
သူတို့ကအမျိုးစုံသောရင်ဖိုစိတ်လှုပ်ရှားစရာအတွေ့အကြုံများနှင့် ရင်ဆိုင်ခဲ့ရသည်။ အထူးသဖြင့် ရေနက်ထဲတွင်မိချောင်းကျောကုန်းကိုထိကိုင်ရမည့်မစ်ရှင်ကို ကြေညာလိုက်စဉ်က မိန်းကလေးများအားလုံးအရုပ်ကျိုးပြတ်ဖြစ်ကာငိုယိုအော်ဟစ်ကြသည်။ ယောကျာ်းလေးများပင် ရှားရှားပါးပါးမျက်နှာသွေးဆုပ်ဖြူရော်သွားသည်။
နောက်ဆုံး လူတိုင်းအကြောက်အကန်ငြင်းနေတာမြင်တော့ လမ်းပြကအဖွဲ့ဝင်(၈)ဦးအနက်မှတစ်ဦးသာ အဖွဲ့၏ကိုယ်စားတာဝန်ပြီးမြောက်အောင်လုပ်ေဆာင်ရမည်ဟု မစ်ရှင်ကိုလျှော့ပေါ့ပေးခဲ့သည်။ သို့နှင့်မိန်းကလေးအားလုံးကိုအရင်ဖယ်လိုက်သည်။ ယွီရန်ကလည်းအလွန်ငယ်သေးတာကြောင့် သူ့ကိုလည်းပယ်လိုက်သည်။ နောက်ဆုံးမစ်ရှင်ထမ်းဆောင်ရမည့်သူကို ပိုမိုရဲရင့်သူ၊ အရွယ်ရောက်ပြီးသားယောက်ျားေလးသုံးဦးအနက်မှ ရွေးချယ်မည်ဖြစ်သည်။
“ကိုယ့်သဘောနဲ့ကိုယ်ရေထဲဆင်းချင်တဲ့သူရှိလား။”
လမ်းပြက သူတို့သုံးယောက်ကိုမေးလိုက်သည်။
သူတို့သုံးဦးစလုံးက ရှားရှားပါးပါးပြန်ေဖြဖို့တုံ့ဆိုင်းနေသည်။ သူတို့ကမိချောင်းနှင့်ရင်ဆိုင်တွေ့ရမည်ဖြစ်ပြီး မိချောင်းဆိုသည့်သတ္တဝါကဒေါသထွက်လျှင် လူတစ်ယောက်ကိုသတ်ပစ်နိုင်လောက်အောင်အန္တရာယ်များသည်။ ထို့ကြောင့် ယခုအချိန်ကသူရဲကောင်းလုပ်ရမည့်အချိန်တော့မဟုတ်ပေ။
ကုန်းကျယ်နှင့်ဝမ်ကယ် တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်၏။ တစ်ဖက်လူ၏မျက်ဝန်းထဲတွင် မိမိကိုရေထဲမဆင်းစေချင်သည့်အရိပ်အယောင်များကိုမြင်ရသည်။ သို့နှင့် သူတို့နှစ်ဦးယင်ဟန်အပေါ်အလိုလိုအကြည့်ရောက်သွားသည်။
ယင်ဟန်က သူတို့နှစ်ဦးကိုတစ်ချိန်လုံးစောင့်ကြည့်နေသည်။ သူတို့ သူ့ကိုကြည့်လာတာမြင်တော့ သူတို့နှစ်ဦး၏သဘောထားကိုယင်ဟန်ချက်ချင်းနားလည်လိုက်သည်။ သို့နှင့်သူကလက်ဦးမှုရယူကာပြောလိုက်သည်။
“ဆရာကုန်းကအဖွဲ့ခေါင်းဆောင်ဆိုတော့ ဒီလိုကိစ္စမျိုးကို….”
သူ့စကားပင်မဆုံးလိုက်၊ မိန်းကလေးအချို့က ရုတ်တရက်ထပြောသည်။
“ကျွန်မတို့အားလုံးထဲမှာ ယင်ဟန်ကရေကူးအကျွမ်းဆုံးပဲ။ ရှင်အရင်က ရေကူးသမားတစ်ယောက်လို့ပြောဖူးတာ ကျွန်မမှတ်မိတယ်။”
ယင်ဟန်ကအခြေအနေမဟန်မှန်းသိတော့ ပြန်လည်ချေပမည်အလုပ် တစ်ယောက်ကထပြောသည်။
“ဟုတ်သားပဲ၊ ရေကူးသမားဆိုရင်ငါတို့ထက်ရေကူးမြန်မှာသေချာတယ်။”
မိန်းကလေးများက ယင်ဟန်ကိုတမင်ပစ်မှတ်ထားနေသည်တော့မဟုတ်ပေ။ သူတို့ကဒီကိစ္စတွင် ရေကူးအကျွမ်းကျင်ဆုံးဖြစ်သူယင်ဟန်ကိုစေလွှတ်တာက အန္တရာယ်အကင်းဆုံးဟုယူဆသောကြောင့်ဖြစ်သည်။ သို့သော် ယင်ဟန်က သူတို့သူ့ကိုတမင်ပစ်မှတ်ထားေနသည်ဟုထင်သွားကာ ချက်ချင်းမျက်နှာအေးစက်သွားသည်။
စွန်းရှောင်ဖေးက မစ်ရှင်ကအန္တရာယ်မည်မျှများကြောင်းသိရအောင် လမ်းပြကိုနောက်တစ်ကြိမ်ထပ်မေးသည်။
မစ်ရှင်ကအန္တရာယ်ရှိနိုင်ချေအလွန်နည်းပြီး လမ်းပြကိုယ်တိုင်လည်းအနားမှာတစ်ချိန်လုံးရှိနေမှာဖြစ်ကြောင်းသိရတော့ သူ(မ)စိတ်သက်သာရာရသွားသည်။ ထို့နောက် လမ်းပြပြောသည်များကို ယင်ဟန်ကိုပြန်ပြောပြလိုက်သည်။ သူ(မ)က ယင်ဟန်ကိုစိတ်ရင်းဖြင့်ကြည့်ကာပြောလိုက်သည်။
“ယင်ဟန်၊ အားကိုးပါတယ်နော်။ ဒီမစ်ရှင်က ရှင်နဲ့အသင့်တော်ဆုံးပဲ။”
မိန်းကလေးများက သူ့ကိုမျှော်လင့်တကြီးဝိုင်းကြည့်ကြတော့ ယင်ဟန်ချက်ချင်းသတ္တိရှိသွားကာငြင်းရခက်သွားသည်။ နောက်တော့လမ်းပြကလည်းရေကူးသမားဖြစ်ဖူးသည်က ဒီမစ်ရှင်အတွက်မည်သို့မည်ပုံအသင့်တော်ဆုံးဖြစ်ကြောင်း ထပ်မံပြောပြသည်။ ထိုအခါယင်ဟန်လည်းနောက်ဆုတ်ဖို့မဖြစ်နိုင်သည့်အဆုံး ကိုယ့်ကိုယ်ကိုယ်တွန်းအားပေးကာ သဘောတူလိုက်သည်။
ယင်ဟန်ေရထဲမဆင်းခင်သွေးပူလေ့ကျင့်ခန်းလုပ်နေတုန်း ကုန်းကျယ်နှင့်ဝမ်ကယ်ကိုလှမ်းကြည့်လိုက်သည်။ သူတို့မျက်လုံးများထဲတွင် ဝမ်းသာပျော်ရွှင်သည့်အရိပ်အယောင်များရှင်းလင်းစွာမြင်ရတော့ ယင်ဟန်မျက်လုံးထဲတွင်ဝမ်းနည်းညှိုးငယ်မှုများဖြတ်ပြေးသွားသည်။
သို့သော်ဒါကဖုံးကွယ်နေသောကံကောင်းခြင်းတစ်ခုဖြစ်သည်။ ထိုကိစ္စပြီးနောက်အဖွဲ့အတွင်း ယင်ဟန်၏အနေအထားကပိုမိုမြင့်မားလာသည်။ ထို့အပြင် အစီအစဉ်ထုတ်လွှင့်ပြသပြီးသည့်အခါလည်း ဤမစ်ရှင်တွင်သူ၏သတ္တိနှင့်တည်ကြည်လေးနက်မှုက ပရိသတ်များ၏အသိအမှတ်ပြု၊ေလးစားခြင်းကိုရရှိခဲ့ပြီး ဖန်တစ်ချို့ပင်ရှိလာခဲ့သည်။
သူတို့အားလုံးအမေဇုန်တောထဲတွင်တစ်ပတ်ကြာနေထိုင်ခဲ့သည်။ သို့သော်ထိုခုနစ်ရက်တာကာလအတွင်း စိတ်လှုပ်ရှားရင်ဖိုစရာမစ်ရှင်များစွာကိုအောင်မြင်စွာ ဆောင်ရွက်ခဲ့ရသည်။
အကြမ်းအားဖြင့် တစ်နေ့လျှင်မစ်ရှင်(၂)ခုလုပ်ရပြီး မစ်ရှင်ကြီးတစ်ခုအောက်တွင် မစ်ရှင်အခွဲများစွာပါရှိသည်။ နောက်ပြီး မစ်ရှင်တိုင်းက မူမမှန်သလိုကြောက်စရာလည်းကောင်းတာကြောင့် လူတိုင်းလူတိုင်းစိတ်ရောကိုယ်ပါပင်ပန်းခဲ့ကြသည်။ ထို့ကြောင့်ရယ်မောကာစကားစမြည်ပြောဖို့ပင်စိတ်မပါကြေတာ့ဘဲ အနားယူချိန်များတွင်မျက်လုံးမှိတ်ကာတစ်ရေးတစ်မောအိပ်လျှင်အိပ် သို့တည်းမဟုတ် ဒါရိုက်တာနှင့်ပရိုဂရမ်အဖွဲ့ကိုစိတ်ထဲကကြိတ်၍ မေတ္တာပို့ကြသည်။
ငါးရက်မြောက်နေ့တွင် လမ်းပြကနောက်ထပ်သူစိမ်းသုံးယောက်ခေါ်လာသည်။ သူတို့က လမ်းပြ၏သူငယ်ချင်းများဖြစ်ပြီး အမေဇုန်မြစ်ဝှမ်း၏ကျွမ်းကျင်လမ်းပြများလည်းဖြစ်သည်။
ထို့နောက်အဖွဲ့ဝင်(၈)ဦးကို နှစ်ယောက်တစ်ဖွဲ့ အဖွဲ့လေးဖွဲ့ခွဲကြသည်။ မိန်းကလေးချင်း၊ ယောကျာ်းလေးချင်းအဖွဲ့ခွဲကြပြီး တစ်ဖွဲ့တွင်လမ်းပြတစ်ယောက်စီပါဝင်သည်။
ယနေ့မစ်ရှင်က စုပေါင်းလုပ်ဆောင်ရမည်မဟုတ်ဘဲ တစ်ဖွဲ့ချင်းလုပ်ဆောင်ရမှာဖြစ်သည်။ မစ်ရှင်တာဝန်များကလည်း တစ်ဖွဲ့နှင့်တစ်ဖွဲ့မတူပေ။ မိန်းကလေးအဖွဲ့က ပိုမိုလွယ်ကူ၍ အန္တရာယ်ကင်းသောမစ်ရှင်များကိုလုပ်ေဆာင်ရပြီး ယောကျာ်းလေးအဖွဲ့ကအနည်းငယ်ပိုမိုခက်ခဲ၍ အန္တရာယ်အနည်းငယ်ရှိသောမစ်ရှင်များကိုလုပ်ရသည်။
ထုံးစံအတိုင်းကုန်းကျယ်နှင့်ဝမ်ကယ်ကတစ်ဖွဲ့ဖွဲ့လိုက်သည်။ သူတို့ကိုဦးဆောင်သည့်လမ်းပြက ရှေ့ရက်များတွင်အဖွဲ့ကိုပထမဆုံးဦးဆောင်ခဲ့သည့် လမ်းပြခေါင်းဆောင်ပဲဖြစ်သည်။ အဖွဲ့လေးဖွဲ့တွင်သူတို့အဖွဲ့၏မစ်ရှင်ကအခက်ခဲဆုံးဖြစ်၏။ လမ်းပြက သူတို့မစ်ရှင်ပြီးေမြာက်ေအာင်လုပ်နိုင်လား၊ မလုပ်နိုင်လားဆိုတာသေချာမသိတာကြောင့် မထွက်ခွာခင်ကပင် စိတ်ရင်းနှင့်ပြောလိုက်သည်။
“ကံကောင်းပါစေ။”
သူတို့နှစ်ဦးမှာ နဂိုကတည်းကစိတ်ထဲမသက်မသာဖြစ်နေရာမှ လမ်းညွှန်၏ဆုတောင်းစကားကြောင့် ပိုမိုစိတ်ရှုပ်ေထွးသွားသည်။ ကျန်အဖွဲ့ဝင်များကလည်း သူ့တို့ကိုစကာနောက်ကာဖြင့် တစ်ယောက်ပြီးတစ်ယောက်နှုတ်ဆက်လိုက်ကြသည်။
“ဆရာကုန်း၊ ဆရာဝမ်၊ ဆရာတို့အသက်ရှင်လျက်ပြန်လာရမယ်နော်။”
သူတို့နှစ်ဦးလည်းရယ်ရမလိုငိုရမလိုဖြစ်ကာ ပြန်လည်နှုတ်ဆက်ရင်း လမ်းပြနောက်သို့အရင်လိုက်သွားသည်။
နောက်ငါးမိနစ်ကြာတော့ ကျန်အဖွဲ့များလည်း မတူညီသောလမ်းကြောင်းများရွေးချယ်ကာအသီးသီးထွက်ခွာကြသည်။
ကုန်းကျယ်နှင့်ဝမ်ကယ်တို့ လမ်းပြနောက်မှတိတ်ဆိတ်စွာလိုက်လာသည်။ သူတို့က မစ်ရှင်ကဘာလုပ်ရမယ်မှန်းအရင်စမမေးကြပေ။ အဘယ့်ကြောင့်ဆိုသော် ပရိုဂရမ်အဖွဲ့၏လုပ်ရိုးလုပ်စဉ်ကို သူတို့ကောင်းစွာသဘောပေါက်သောကြောင့်ဖြစ်သည်။ အကယ်၍လမ်းပြကိုအခုမေးလည်း လမ်းပြကဘာမှပြန်ဖြေမှာမဟုတ်ပေ။
မိုးသစ်တောကပူပြင်းစိုစွတ်၍ ခရီးလမ်းကရွှံ့နွံထူထပ်သည်။ ထို့ကြောင့်ခရီးတွင်အောင် လမ်းပြနှင့်သူတို့နှစ်ဦးအပြင် ကင်မရာမန်းနှစ်ယောက်သာလိုက်ခဲ့ပြီး ကျန်လူအားလုံးက ဆုံရပ်တွင်ေစာင့်ဆိုင်းရင်းကျန်ရစ်ခဲ့ကြသည်။
မျက်စိတစ်ဆုံး၌ခါးလောက်မြင့်သောပေါင်းပင်များရှိသည်။ ၎င်းတို့ကိုဖယ်ရှားပြီးနောက် မြင့်မားထူထပ်စွာပေါက်ရောက်နေသောသစ်ပင်ကြီးများကိုမြင်ရသည်။ ပေါင်းပင်များကအလွန်ထူထပ်မြင့်မားတာကြောင့် ရှေ့ဆက်သွားမည့်လမ်းကိုပင်မမြင်ရနိုင်ဘဲ လူတိုင်းက သတိနှင့်ရှေ့ဆက်နေရသည်။
ဝမ်ကယ်က ခြင်မကိုက်အောင်ကာကွယ်သည့်အနေဖြင့် အင်္ကျီလက်ရှည်ဝတ်ထားသော်လည်း လက်ဖျားများကိုတော့ အင်္ကျီနှင့်မဖုံးနိုင်ပေ။ ထို့ကြောင့် လက်ဖြင့်ပေါင်းပင်များတွန်းဖယ်သည့်အခါ မကြာခဏဆိုသလိုထိခိုက်မိပြီး ဒဏ်ရာများမှချက်ချင်းသွေးစို့လာသည်။
ဝမ်ကယ်တစ်ေယာက်လက်ကဒဏ်ရာများကိုကြည့်ပြီး သက်ပြင်းချလိုက်သည်။ ကုန်းကျယ်လည်းဒါကိုသတိထားမိ၏။ သူက အလွန်စိတ်မကောင်းဖြစ်သော်လည်း ပေါ်ပေါ်ထင်ထင်ဂရုစိုက်ေပး၍မရတာကြောင့် ပေါက်ကွဲမတတ်ဒေါသထွက်လာသည်။
သူတို့သစ်ပင်ကြီးတစ်ပင်နားဖြတ်သွားတော့ လမ်းပြကသူတို့ကိုလှမ်းတားပြီးပြောသည်။
“ဒီနေရာကစပြီး ပိုအဆိပ်ပြင်းတဲ့ပိုးကောင်တွေနဲ့ မင်းတို့ရင်ဆိုင်ရလိမ့်မယ်။ အပျော့ဆုံးပိုးေကာင်ရဲ့အဆိပ်က ရက်အနည်းငယ်ယားယံတာမျိုးလောက်ပဲ။ အပြင်းထန်ဆုံးပိုးကောင်အဆိပ်ကတော့ အသက်အန္တရာယ်ပါရှိနိုင်တယ်။ အဆိပ်ပိုးကောင်တွေရန်ကကာကွယ်ဖို့ ငါတို့အထဲမဝင်ခင် အသားပေါ်နေတဲ့နေရာတွေကိုပုရွက်ရည်လိမ်းရမယ်။ အဲ့ဒါက အဆိပ်ရှိတဲ့ပိုးကောင်တွေမလာအောင်ကာကွယ်ပေးနိုင်တယ်။”
လမ်းပြကပြောရင်း ညာဘက်သို့ခြေတစ်လှမ်းလှမ်းကာ သူ့အနောက်ကသစ်ပင်ပင်စည်ကိုလူတိုင်းြမင်အောင်ပြလိုက်သည်။ သို့သော် သူဆက်မရှင်းပြနိုင်ခင်မှာ ဝမ်ကယ်ထံမှရုတ်တရက်အော်သံထွက်လာသည်။ ဝမ်ကယ်ကလက်များကိုအုပ်ကိုင်ကာ ဆက်တိုက်အနောက်ဆုတ်သွားသည်။ လမ်းတွင် ကင်မရာမန်းများကိုဝင်တိုက်မိတာတောင် လုံးဝမရပ်တန့်ဘဲဆက်သွားနေသည်။
ကုန်းကျယ်က သစ်ပင်ပင်စည်ပေါ်ရှိပြွတ်သိပ်ကာရွစိထိုးနေသောပုရွက်ဆိတ်များကိုမြင်တော့ ဦးရေပြားများပင်ထုံကျင်သလိုဖြစ်သွားသည်။ သို့သော် လက်ရှိတွင်သူကိုယ့်ကိုယ်ကိုယ်ဂရုမစိုက်နိုင်အားပေ။
ကုန်းကျယ်က ဝမ်ကယ်ချော်လဲတော့မည်ကိုမြင်တော့ အခြားသူများရှိနေသည်ကိုဂရုမစိုက်ဘဲ အရှေ့သို့ပြေးထွက်ကာ လူကိုဖမ်းကိုင်လိုက်သည်။ ထို့နောက် ဝမ်ကယ့်ကိုေပွ့ဖက်ပြီး သူ့ရင်ခွင်ထဲေခါင်းအပ်ကာ ဆက်တိုက်ခပ်တိုးတိုးနှစ်သိမ့်နေသည်။
“ဘာမှမဖြစ်ဘူး၊ ဘာမှမဖြစ်ဘူး။”
ဝမ်ကယ် ကုန်းကျယ်ရင်ခွင်ထဲရောက်တော့ အများကြီးတည်ငြိမ်သွားသည်။ သို့သော် သူ့ခန္ဓာကိုယ်က အထိန်းအကွပ်မဲ့ေနဆဲဖြစ်ကာ တဆတ်ဆတ်တုန်ယင်နေသည်။
လမ်းပြက ဝမ်ကယ့်တုံ့ပြန်မှုများ အနည်းငယ်ပြင်းထန်နေတာမြင်တော့ အမြန်ပြေးလာပြီး အကျိုးအကြောင်းမေးလိုက်သည်။
ကုန်းကျယ်က ဝမ်ကယ့်ကိုတင်းကျပ်စွာဖက်ထားရင်း ရှင်းပြသည်။
“သူ့မှာပြွတ်သိပ်နေတဲ့အရာတွေကိုကြောက်တဲ့ရောဂါရှိတယ်။ အထူးသဖြင့်ဒီလိုမည်းမည်းသေးသေးနဲ့ လှုပ်ရွနေတဲ့အကောင်တွေကိုအကြောက်ဆုံးပဲ။ အရမ်းအရေအတွက်များများေတွ့မိရင် ပြင်းထန်ရောဂါလက္ခဏာတွေပြတတ်တယ်။”
“ကျွန်ဝောာ်တောင်းပန်ပါတယ်။ ထွက်လာတုန်းက မင်းတို့အခြေအနေကိုမမေးလိုက်မိဘူး။”
လမ်းပြက သူ့ကိုယ်သူအပြစ်တင်လိုက်သည်။
ကုန်းကျယ်က ယခုအချိန်တွင်ယဉ်ကျေးသမှုစကားများပြန်မပြောနိုင်တော့တာကြောင့် ခေါင်းသာခါပြလိုက်သည်။ သူက ဝမ်ကယ့်ကျောကိုပွတ်ပေးကာ ဆံစလေးများကိုခပ်ဖွဖွနမ်းလိုက်သည်။
ထိုအခိုက်တွင် ကုန်းကျယ်မှာသူ့တို့နှစ်ယောက်၏ဆက်ဆံရေးပေါ်သွားမှာကိုစိုးရိမ်ပြီးထိန်းချုပ်ေနခြင်းမရှိသလို၊ အံ့ဩလွန်း၍ကြက်သေသေနေသော နံဘေးရှိ ကင်မရာမန်းနှစ်ယောက်ကိုလည်း ဂရုမစိုက်အားပေ။ သူ့စိတ်အစဥ်က ချစ်ရသူကိုနှစ်သိမ့်ပေးဖို့သာ အလုံးစုံအာရုံစိုက်ထားသည်။
လမ်းပြက တရုတ်နိုင်ငံအနုပညာလောကအကြောင်းမသိတာကြောင့် သူတို့ကိုနာမည်ကြီးအနုပညာရှင်များဟုသာသိထားသည်။ သူကဒီအဖြစ်အပျက်၏ အကောင်းအဆိုးများကိုမသိသလို၊ သူတို့နှစ်ယောက်၏ဆက်ဆံရေးကိုလည်းမသိပေ။ ထို့ကြောင့်သူတို့နှစ်ဦးကြားရင်းနှီးသည့်အပြုအမူကိုမြင်တော့ နှစ်ယောက်သားဆက်ဆံရေးကိုသိလိုစိတ်ဖြင့် မေးလိုက်သည်။
“He’s my lover (သူက ကျွန်တော့်ချစ်သူ)။”
ကုန်းကျယ်က ရဲတင်းပြတ်သားစွာပြောလိုက်သည်။
လမ်းပြကသဘောပေါက်သွားသလိုပြုံးကာ ဘာမှပြန်မပြောဘဲလက်မထောင်ပြသည်။ သို့သော် လူတိုင်းက လမ်းပြလိုတည်ငြိမ်နေနိုင်တာမဟုတ်ပေ။
ကင်မရာမန်းနှစ်ဦးမှာ ခုနကကုန်းကျယ်ဝမ်ကယ့်ကိုနမ်းလိုက်သည့်မြင်ကွင်းကြောင့် ကောင်းကောင်းအသိပြန်မဝင်သေးသည့်အချိန်၌ လူတိုင်းနားလည်နိုင်သည့်နိုင်ငံခြားဘာသာစကားဖြင့် ကုန်းကျယ်ပြောချလိုက်သည့်စကားများကြောင့် ထပ်ပြီးထိုးနှက်ခံလိုက်ရပြန်ကာ နောက်ဆုံးလက်ကျန် တွေးခေါ်နိုင်စွမ်းများ လုံးဝပျောက်ဆုံးသွားသည်။
ကုန်းကျယ်က သူတို့ကိုလှမ်းကြည့်လိုက်သည်။ သို့သော် ဘာမှရှင်းလင်းပြောဆိုခြင်းမရှိဘဲ သူတို့ကိုအသိပြန်ဝင်ဖို့ အချိန်ပေးလိုက်သည်။ သူတို့အကြောင်းအရာများကိုနားလည်အောင်လုပ်နေတုန်း ဝမ်ကယ်လည်းတဖြည်းဖြည်းပြန်လည်တည်ငြိမ်လာကာ ကုန်းကျယ်ရင်ခွင်ထဲမှထွက်လိုက်သည်။
ကုန်းကျယ်က ဝမ်ကယ့်ကိုပြန်လွှတ်ပေးပြီးသည်နှင့် အရှေ့ချက်ချင်းရပ်ကာ ခုနကနေရာကိုမမြင်အောင်ကွယ်လိုက်သည်။
ဝမ်ကယ့်တွင်ပြင်းထန်အကြောက်ရောဂါရှိသည့်တိုင် သူတို့မစ်ရှင်ကိုပြီးဆုံးအောင်လုပ်ရပေဦးမည်။ သို့သော် လမ်းပြကလက်ရှိအခြေအနေကိုထောက်ထားသောအားဖြင့် ဝမ်ကယ်အား ပုရွက်အုံကြီးကိုကိုယ်တိုင်မကိုင်ခိုင်းတော့ပေ။
ကုန်းကျယ်ကလည်း သူ့ကိုယ်တိုင်ဝမ်ကယ့်ကိုပုရွက်ရည်လိမ်းပေးဖို့အကြံပြုလိုက်သည်။ ပြွတ်သိပ်နေသည့်ပုရွက်အုံကြီးက အကြောက်ရောဂါမရှိသည့် ကုန်းကျယ်အတွက်ပင်ဦးရေပြားများကျိန်းစပ်လာစေသည်။ သို့သော်ဝမ်ကယ့်အတွက်သူအံတင်းတင်းကြိတ်လိုက်သည်။ ထောင်ပေါင်းများစွာသောပုရွက်ဆိတ်များက သူ့လက်ဖမိုးပေါ်တွားတက်လာသည့်အခါ အနည်းငယ်အေးမြ၍ ရွစိစိ၊ ထုံကျင်ကျင်ခံစားရသည်။ ခံစားချက်ကသိပ်မဆိုးလှသော်လည်း အမြင်ကတော့အတော်ဆိုးရွားသည်။ ကုန်းကျယ်မှာ ကြက်သီးမွေးညင်းများပင်ထောင်သလိုခံစားရသည်။
ဝမ်ကယ်က အရှေ့ကိုမကြည့်ရဲတာကြောင့် ပုရွက်အုံကိုကျောပေးကာ ကုန်းကျယ်၏မျက်နှာအမူအရာကိုသာစိုက်ကြည့်ရင်း စိုးရိမ်ပူပန်မှုကြောင့်လက်များကိုခပ်တင်းတင်းဆုပ်ထားသည်။ သူကုန်းကျယ်နားတိုးသွားဖို့လုပ်တော့ ကုန်းကျယ်ကသူ့ကိုတားလိုက်သည်။
“ဒီကိုမလာနဲ့၊ မြေကြီးပေါ်မှာလည်းပုရွက်အုံတွေရှိတယ်။ နင်းမိမယ်သတိထား။ အဲ့ဒီမှာပဲနေ။ ငါအဆင်ပြေတယ်၊ စိတ်မပူနဲ့။”
ပုရွက်ရည်များသူ့လက်ပေါ်ကျလာတော့ လမ်းပြက လက်ပေါ်ကပုရွက်ဆိတ်များကိုကူခါပေးသည်။ ကုန်းကျယ်က သူ့ကိုယ်ပေါ်ပုရွက်ဆိတ်တစ်ကောင်မှမရှိတာသေချာမှ ဝမ်ကယ်ဆီလျှောက်သွားသည်။ ထို့နောက် ဝမ်ကယ့်လက်ကိုဆုပ်ကိုင်ကာ သူ့လက်တွင်ပုရွက်ရည်များသေချာသုတ်လိမ်းပေးလိုက်သည်။ သူကစိတ်ပူတာကြောင့် ဝမ်ကယ့်ခြေချင်းဝတ်များကိုပါ ပုရွက်ရည်အချို့သုတ်ပေးလိုက်သည်။
ကုန်းကျယ်လက်ပေါ်တွင် ပုရွက်ရည်သိပ်မကျန်တော့ပေ။ သို့သော် လမ်းပြက ပိုးကောင်များကိုအဓိကဖယ်ရှားပေးသည်မှာ ပုရွက်ရည်အနံ့သာဖြစ်ကြောင်းရှင်းပြသည်။
သို့နှင့် ကုန်းကျယ်က ဝမ်ကယ့်နားအဆိပ်ပိုးေကာင်များမကပ်နိုင်အောင် သူ့လည်ပင်းနှင့် နားရွက်များကိုပါပွတ်ပေးပြီး ဝမ်ကယ့်တစ်ကိုယ်လုံးကိုအနံ့စွဲသွားအောင်လုပ်လိုက်သည်။
ဝမ်ကယ်ကကုန်းကျယ်ရှေ့၌လိမ်လိမ်မာမာရပ်ကာ သူ့ကိုပုရွက်ရည်များလိမ်းေပးခွင့်ပေးထားသည်။ ကုန်းကျယ်ကလိမ်းပေးရင်း အထိမခံသည့်နေရာကိုထိမိတော့ သူမနေနိုင်ဘဲဘေးအသာရွေ့လိုက်သည်။ ယားကျိကျိခံစားချက်ပျောက်သွားမှ သူခုနကနေရာတွင်ပြန်ရပ်ကာ လိမ်လိမ်မာမာဆက်ပြီးအလိမ်းခံလိုက်သည်။
သူတို့နှစ်ဦး၏အနေအထားက တစ်ယောက်နှင့်တစ်ယောက်အလွန်နီးကပ်နေသည်။ သို့သော်လမ်းပြကသူတို့ကိုစိတ်ထဲမထားဘဲ ချစ်သူနှစ်ဦးကိုကြည့်ရသည်က စိတ်လှုပ်ရှားစရာပင်ကောင်းနေသည်။ သို့သော်ကင်မရာမန်းအစ်ကိုကြီးနှစ်ဦးမှာတော့ သူတို့၏နုနယ်သောနှလုံးသားေလးများ အခါခါတိုက်ခိုက်ခံရသည့်ဒဏ်ကို ကြိတ်မှိတ်သည်းခံရင်း ကင်မရာကိုင်သည့်လက်များပင်စတင်တုန်ယင်လာသည်။ ကင်မရာမန်းနှစ်ဦးက တစ်ယောက်ကိုတစ်ယောက်ကြည့်ရင်းပြုံးလိုက်သည်။ သူတို့အပြုံးများထဲတွင် စိတ်ပျက်အားငယ်မှုများကိုမြင်နိုင်သည်။
အစ်ကိုရေ၊ ကျွန်တော်တော့ဒီနေရာကနေ အသက်ရှင်လျက်ထွက်သွားနိုင်မယ်မထင်ဘူး။
~~~~~~~
မူရင်းစာရေးသူက ပြောစရာရှိပါတယ်။
ဘန်း!
နောက်ဆုံးတော့ သူတို့ဆက်ဆံရေးကြီးပေါ်သွားပါပြီ! !
ဝမ်ကယ်ပုရွက်အုံတွေ့တုန်းကတုံ့ပြန်မှုကို အလွန်အကျွံဖြစ်တယ်မထင်ပါနဲ့။ ပြင်းထန်အကြောက်ရောဂါရှိတဲ့သူတွေက ဒီလိုမြင်ကွင်းမျိုးမြင်ရရင် နေရာမှာတင်ပြင်းပြင်းထန်ထန်ပွဲချင်းပြီးသေဆုံးနိုင်ပါတယ်။
စာရေးသူကိုယ်တိုင်မှာလည်း ပြင်းထန်တဲ့အကြောက်လွန်ရောဂါရှိပါတယ်။ အထူးသဖြင့် ခုနကလိုပြွတ်သိပ်နေတဲ့ပိုးကောင်တွေဆိုပိုဆိုးပါတယ်။ အခန့်မသင့်ရင် နေရာမှာချက်ချင်းမေ့လဲသွားနိုင်ပါတယ်။ ဝမ်ထုန်ထုန်ရဲ့တုံ့ပြန်မှုကလက်ေတွ့ဘဝကစာရေးသူရဲ့တုံ့ပြန်မှုနဲ့ တော်တော်တူပါတယ်။
*****
Aurora Novel Translation Team