Chapter 4
- Home
- All Mangas
- My CP must be sweet![Entertainment Circle] (Completed)
- Chapter 4 - ဝိရောဓိ
အပိုင်း (၄) – ဝိရောဓိ
👻👻👻
နောက်ဆုံးကစားပွဲလည်း ပြီးဆုံးသွားသည်။ အစီအစဉ်တင်ဆက်သူက နိဂုံးချုပ်နှုတ်ဆက်စကားပြောပြီးနောက် ရိုက်ကူးရေးကို အဆုံးသတ်လိုက်သည်။
ကုန်းကျယ်နှင့်ဝမ်ကယ်လည်း ပရိတ်သတ်များကို တစ်ဦးချင်းနှုတ်ဆက်စကားပြောပြီးနောက် စင်ပေါ်မှပြန်ဆင်းလာသည်။
လုစီးမင်က မတင်မကျဖြစ်ကာ ခုလိုအချိန်အခါကောင်းကိုအလွတ်မပေးဘဲ နှစ်ယောက်လုံးကို စိတ်လှုပ်ရှားစွာကျေးဇူးတင်စကားဆိုလိုက်သည်။
“သိပ်နောက်မကျသေးဘူးဆိုတော့ ညစာတူတူစားကြမလား။”
လုစီးမင်က စိတ်အားထက်သန်စွာဖိတ်သော်လည်း နှစ်ယောက်စလုံးက သူ့ကိုငြင်းလိုက်သည်။
ကုန်းကျယ်က နောက်ထပ်အချိန်ဇယားတစ်ခုရှိသေးကြောင်းပြောပြီး ဝမ်ကယ်က လတ်တလော ကိုယ်အလေးချိန်ချဖို့ အစားအသောက်ထိန်းနေသည်ဟုဆိုကာ တစ်ယောက်ပြီးတစ်ယောက် ထွက်သွားကြသည်။
ကုန်းကျယ်က ဝမ်ကယ့်ကို စကားနည်းနည်းပြောချင်သေးသည်။ သို့သော် နောက်အချိန်ဇယားကအရမ်းကပ်နေတာကြောင့် သူ့မှာလုံးဝအချိန်မရတော့။ သို့နှင့် သူ့ခမျာ မိတ်ကပ်တောင်မဖျက်ဘဲ ထွက်သွားရသည်။
ဝမ်ကယ် စတူဒီယိုကထွက်တော့ ကုန်းကျယ်၏အလုပ်ကားထွက်ခွာသွားတာတွေ့ရသည်။
သူက တံခါးဝမှာ ငါးမိနစ်ခန့်စောင့်ပြီးနောက် သူ့ဒရိုင်ဘာလည်း ကားမောင်းပြီးရောက်လာသည်။ ဝမ်ကယ် ကားပေါ်တက်တော့ လက်ထောက်လေးက သူ့ကို ဘယ်သွားမလဲဟုမေးသည်။
ဝမ်ကယ်က တိတ်ဆိတ်နေသည့် Wechat မက်ဆက်ဘောက်စ်ကိုကြည့်ရင်း ပြောလိုက်သည်။
“အိမ်ပဲတန်းပို့ပေး။”
အိမ်ပြန်ရောက်တော့ ည(၁၁)နာရီထိုးလုနီးပါးရှိပြီ။ လူသူကင်းမဲ့နေသည့်အိမ်က တိတ်ဆိတ်ကာ အသက်မဲ့နေ၏။
အခန်းထဲဝင်လိုက်သည်နှင့် ရုတ်တရက် သူ့ ခွန်အားများဆုတ်ယုတ်သွားသလိုပင်။အိပ်ရာပေါ်ပစ်လှဲကာ မလှုပ်မယှက်ငြိမ်သက်နေမိသည်။ ရက်ပေါင်းများစွာ အလုပ်များနေခဲ့တာကြောင့် အားအင်ကုန်ခမ်းကာ ပင်ပန်းနေလေပြီ။ ထို့အပြင် ဝမ်ကယ်သည် မကြာသေးခင်ကလည်း နေမကောင်းဖြစ်ထားသေးသည်။ သို့နှင့် သူ မှောက်အိပ်လိုက်ရင်း တဖြည်းဖြည်းအိပ်ပျော်သွားသည်။
ကုန်းကျယ် အလုပ်အားလုံးပြီးတော့ ည(၁)ချက်ထိုးနေပြီ။ တစ်နေ့လုံးပြေးလွှားပြီးနောက် သူ့မျက်နှာက အနည်းငယ်နွမ်းလျနေကာ လက်နှင့်ပွတ်ထားလို့ နားထင်များပင်နီရဲနေသည်။
လက်ထောက်လေးက မေးလိုက်၏။
“အိမ်တန်းပြန်မှာလား။”
ကုန်းကျယ်က ထိုင်ခုံနောက်မှီကာ ခေါင်းညိတ်ပြသည်။ တစ်စက္ကန့်ကြာတော့ သူက မျက်လုံးများပြန်ဖွင့်ကာ ပြောင်းပြောလိုက်သည်။
“အိမ်မွေးတိရစ္ဆာန်ဆိုင် အရင်သွားမယ်။”
လက်ထောက်လေးက သူ့ကိုသတိပေးလိုက်သည်။
“အကို၊ အခု အရမ်းနောက်ကျနေပြီ။ ဆိုင်ပိတ်သွားလောက်ပြီထင်တယ်။”
အဲ့တော့မှ ကုန်းကျယ်လည်း ညသန်းခေါင်ရောက်နေပြီမှန်း သတိရသွားသည်။ သူက သက်ပြင်းချကာ ဒရိုင်ဘာကို အိမ်တန်းမောင်းခိုင်းလိုက်သည်။
တစ်နာရီကြာပြီးနောက် ကားက သွားလိုသည့်နေရာရောက်လာသည်။ ကုန်းကျယ်က လက်ထောက်လေးကို စကားအနည်းငယ်မှာပြီးနောက် ကားပေါ်ကဆင်းလိုက်သည်။ အမည်းရောင်အလုပ်ကားက ထွက်မသွားသေးဘဲ သူအိမ်ထဲဝင်သွားသည်အထိ စောင့်နေသည်။ အိမ်တံခါးဖွင့်လိုက်တော့ လေအေးများ သူ့မျက်နှာဆီ ပြေးဝင်တိုးဝှေ့လာသည်။ ဆောင်းဦးဝင်ပြီမို့ ညပိုင်းမှာ အတော်လေးချမ်းအေးကာ ရှပ်အင်္ကျီအပါးလေးတစ်ထည်တည်းဝတ်ထားသည့် ကုန်းကျယ်တစ်ယောက် ချမ်းတုန်သွား၏။
ကုန်းကျယ်က နံရံမီးဖွင့်လိုက်တော့ ဧည့်ခန်းထဲမှာ ပြတင်းပေါက်အကျယ်ကြီးပွင့်နေတာတွေ့ရသည်။ မျက်နှာကြက်မှကြမ်းပြင်အထိကျနေသော ခန်းစီးလိုက်ကာများက အေးစက်သောလေကြောင့် ယိမ်းနွဲ့လှုပ်ရှားနေသည်။
ကုန်းကျယ်က ပြတင်းပေါက်အမြန်သွားပိတ်ပြီး အပေါ်ထပ်သို့ ခြေသံဖော့ကာတက်သွားသည်။ လျှို့ဝှက်တံခါးကိုတွန်းဖွင့်လိုက်ဝောာ့ လရောင်အောက်၌ လူတစ်ယောက် ကုတင်ပေါ်လှဲအိပ်နေတာတွေ့ရသည်။ သူ့မျက်ခုံးကြောများ ချက်ချင်းနူးညံ့သွားကာ ထိုလူအား တိတ်ဆိတ်စွာငေးစိုက်ကြည့်နေလိုက်သည်။ အချိန်အတော်ကြာတော့ သူမနေနိုင်တော့ဘဲကိုယ်ကိုကိုင်းကာ ထိုလူ၏ အနည်းငယ်ပွင့်ဟနေသောနှုတ်ခမ်းသားများကို ညင်သာစွာနမ်းရှိုက်လိုက်သည်။
နှုတ်ခမ်းချင်းထိကပ်သွားသည့်နှင့် နူးနူးညံ့ညံ့လျှာကလေးထွက်လာကာ သူ့နှုတ်ခမ်းသားများကြား အသာတိုးဝင်လာသည်။
ကုန်းကျယ်မျက်လုံးများ ပြုံးရိပ်သန်းသွားသည်။ သူက စီးထားသည့်အိမ်စီးဖိနပ်ကိုကန်ထုတ်ကာ လူကိုသူ့အောက်မှာဖိလိုက်သည်။ ထိုသူက ရုတ်တရက်အနမ်းကို အားတက်သရောပြန်လည်တုန့်ပြန်လာ၏။
ဝင်သက်ထွက်သက်များရောယှက်ကာ နှုတ်ခမ်းနှင့်လျှာတို့ ဆုံတွေ့သွားသည်။ မှောင်မိုက်သောညအလယ်၌ အနည်းငယ်မြန်ဆန်လာသောအသက်ရှုသံများ သိသာစွာထွက်ပေါ်လာသည်။
ထို့နောက် လှုပ်ရှားသံများထွက်လာကာ ကြမ်းပေါ်သို့တစ်စုံတစ်ရာပြုတ်ကျသွားပြီးနောက် ချစ်စိတ်များပြည့်နေသည့်အခန်းထဲ၌ နောက်ဆုံးညည်းသံလေးတစ်ချက်ထွက်လာသည်။
နှစ်နာရီကြာတော့ ညည်းသံများရပ်တန့်သွားသည်။
ကုန်းကျယ် ကုတင်ဘေးကမီးကိုဖွင့်ပြီး လူကိုရင်ခွင်ထဲနောက်တစ်ကြိမ်ဆွဲသွင်းလိုက်ပြန်သည်။ထို့နောက် သူက အနမ်းအမှတ်များပြည့်နှက်နေသည့် ဖြူဖျော့ဖျော့ပုခုံးသားများပေါ် နောက်ထပ်အနီရောင်အမှတ်တစ်ခုဖြစ်အောင် စုပ်ယူနမ်းရှိုက်လိုက်သည်။
သူ ခပ်ပြင်းပြင်းစုပ်နမ်းလိုက်တော့ ရင်ခွင်ထဲကလူက တိုးညင်းစွာ ဆစ်ခနဲညည်းညူလိုက်၏။ ထို့နောက် ခြုံစောင်အောက်မှလက်တစ်ဖက်က သူ့ခါးကိုဆိတ်ဆွဲလာသည်။ ခုလေးတင်ချစ်တင်းနှောထားတာကြောင့် ထိုလူက အားအင်များကုန်ခမ်းနေကာ ကုန်းကျယ်အတွက်တော့ ဆိတ်ဆွဲတာနှင့်မတူ၊ ကြောင်လေးတစ်ကောင်ကုတ်နေသည်နှင့်သာတူ၍ မနာသည့်အပြင် ယားကျိကျိပင်ဖြစ်လာသည်။
ကုန်းကျယ်က ပျော်ပျော်ကြီး ကိုယ်ကိုကိုင်းကာ နောက်တစ်ကြိမ်ထပ်နမ်းလိုက်သည်။ ထို့နောက် သူကနှာဖျားနှင့် ထိုလူ၏နောက်စေ့ကိုအသာပွတ်သပ်ရင်း:
“နောက်ဆုံးတော့ မင်း ငါ့ကိုပြန်အဖက်လုပ်ပြီပေါ့။ မိန်းမ၊ စိတ်မဆိုးနဲ့တော့နော်။ မင်း ငါ့အပေါ်အေးစက်နေတာ လဝက်တောင်ကျော်သွားပြီ။ ပြီးတော့ စင်နောက်မှာတုန်းကလည်း ငါ့ကိုနေရခက်အောင်လုပ်ထားသေးတယ်။ ဒီလောက်ဆို စိတ်ဆိုးပြေသင့်ပြီလေနော်။”
ဝမ်ကယ်က မျက်လုံးများတဖြည်းဖြည်းဖွင့်လာကာ အေးတိအေးစက်လေသံဖြင့်:
“စိတ်ဆိုးပြေရမယ်တဲ့လား။ မင်းဘယ်တုန်းက အခေါ်အဝေါ်ပြောင်းသွားတာလဲ။ ဒီကိစ္စကို ငါထပ်စဉ်းစားဦးမှာ။”
ကုန်းကျယ်က နှုတ်ခမ်းများတွန့်ကွေးသွားကာ တီးတိုးပြောလိုက်သည်။
“မင်းက အစကတည်းက ငါ့မိန်းမလေ။ လက်ထပ်စာချုပ်မှာ အဲ့ဒီအတိုင်းရေးထားတဲ့ဟာကို။ဒါအမှန်တရားပဲ။”
သူက ခပ်တိုးတိုးပြောနေပေမယ့် နှစ်ယောက်သားအလွန်နီးကပ်တာမို့ ဝမ်ကယ်က သူပြောသမျှကို ရှင်းလင်းပြတ်သားစွာကြားရသည်။ သူ နောက်ကိုလှည့်ကာ ကုန်းကျယ်နှင့် မျက်နှာချင်းဆိုင်ပြီး အေးစက်စက်မျက်နှာထားနှင့်ပြောလိုက်သည်။
“ငါမှတ်မိတာတော့ ငါ့လက်ထပ်စာချုပ်ထဲမှာ လက်တွဲဖော်လို့ရေးထားတာပါ။ တစ်ခါမှ မိန်းမဆိုတဲ့စာ ရေးထားတာမတွေ့ဘူး။ မဟုတ်မှလွဲရော မင်းအမှတ်များမှားနေလား၊ မစ္စတာကုန်း။ငါမသိဘဲ တခြားဘယ်မိန်းမနဲ့ခိုးပြီးလက်ထပ်ထားတာလဲ။”
ကုန်းကျယ်စိတ်ထဲ ဒိန်းကနဲဖြစ်သွားသည်။ သူက ဝမ်ကယ်၏အေးစက်စက်လေသံကိုကြားသည်နှင့် ချက်ချင်းစပ်ဖြဲဖြဲလုပ်ကာ အနားကပ်သွားပြီး:
“အင်းပါ။ ငါမှားပါတယ်။ ငါပြင်ပါ့မယ်။ မင်းက ငါ့ယောကျာ်း၊ မိန်းမမဟုတ်ပါဘူး။ ပြီးတော့ ငါက (၁၂) နှစ်သားကတည်းက မင်းတစ်ယောက်တည်းကိုပဲ လက်ထပ်ချင်ခဲ့တာ။ မင်းက မင်းအပေါ်ထားတဲ့ ငါ့ရဲ့မေတ္တာတွေကို ဘယ်လိုတောင်မေးခွန်းထုတ်ရက်ရတာလဲ။”
ဒီအကွက်က အပြင်လူတွေအပေါ်တော့ အလုပ်ဖြစ်ချင်ဖြစ်လိမ့်မည်။ သို့သော် ကလေးကတည်းကအတူကြီးပြင်းလာသည့် ဝမ်ကယ်အပေါ်မှာတော့ အလုပ်မဖြစ်ပေ။ သူက ဒီအကွက်မျိုးကိုနောကြေနေတာကြာလှပြီဖြစ်သည်။ ထို့ကြောင့် ကုန်းကျယ်၏သရုပ်ဆောင်ကွက် မည်မျှပီပြင်နေပါစေ၊ ဝမ်ကယ်ကတော့ နည်းနည်းမှရင်မခုန်ပေ။ သူက အားနည်းနည်းပြန်ရှိလာသည်နှင့် အိပ်ရာပေါ်မှဆင်းကာ ရေချိုးခန်းဘက်ထွက်သွားသည်။
သူက ဘာမှဖုံးကွယ်နေစရာမလို၊ ရေချိုးဝတ်တောင်မပတ်၊ ဒီအတိုင်းဘာမှမပါဘဲ ကြမ်းပေါ်ဆင်းသွားသည်။ သူ့ကိုယ်ပေါ်ရှိ အနီရဲရဲ ရင့်တစ်ခါ ဖျော့တစ်လှည့် အမှတ်များက ကုန်းကျယ်အား နောက်တစ်ခါ ထပ်ခုန်အုပ်ပစ်ချင်စိတ်များ ပေါ်ပေါက်လာစေသည်။
ဝမ်ကယ် ရေချိုးခန်းထဲကပြန်ထွက်လာတော့ ကုန်းကျယ်က ဂွမ်းကပ်ပေါ်တွင် သက်တောင့်သက်သာဖြင့် နေရာအများကြီးယူကာလှဲလျောင်းနေပြီး တက်ကြွနေသောသူ့ငှက်ကလေးကို ဖြေလျှော့နေသည်။
ဝမ်ကယ်က သူ့ကိုလှည့်ပင်မကြည့်၊ ခြုံစောင်ကိုမ’၍ အထဲဝင်အိပ်ဖို့ပြင်လိုက်သည်။
အချိန်က မနက် (၄) နာရီထိုးနေပြီ။ သူ ပင်ပန်းပြီး အိပ်ချင်လှပြီ။သူက ခေါင်းနှင့်ခေါင်းအုံးထိသည်နှင့် အိပ်ပစ်လိုက်ဖို့သာဆန္ဒရှိနေသည်။ သို့သော် မထင်မှတ်ဘဲ တစ်စုံတစ်ယောက်က သူ့ကို စိတ်တိုင်းကျနေခွင့်မပေးပေ။
ကုန်းကျယ်က ခန္ဓာကိုယ်ပြန်လည်တည်ငြိမ်သွားတာကိုစောင့်ပြီး အိပ်ရာထဲပြန်ဝင်လာသည်။ သူက ချစ်သူကိုရင်ခွင်ထဲနောက်တစ်ခါထည့်လိုက်၏။ ဒီလူကို သူဖက်ခွင့်မရတာ လဝက်နီးပါးရှိလေပြီ။ အခုတော့ နောက်ဆုံးမှာ ပြန်ဖက်ခွင့်ရပြီမို့ ဒီအခွင့်အရေးကို သူ လက်လွှတ်ခံ၍မဖြစ်ပေ။
ဝမ်ကယ်ကလည်း သူ့ကိုတွန်းမထုတ်ဘဲ ပိုသက်တောင့်သက်သာအိပ်နိုင်အောင် ကိုယ်အနေအထားပြင်လိုက်သည်။
ကုန်းကျယ်က သူ့ကိုဖက်ပြီးလှိမ့်လိုက်သည်။ ထို့နောက် ကြားမှာခံနေသည့် ညဝတ်အင်္ကျီကိုချွတ်ကာ သူနှင့်မျက်နှာချင်းဆိုင်ဖက်အိပ်လိုက်သည်။ နီးကပ်သည့်အရေပြားချင်းအထိအတွေ့ကြောင့် သူ မအောင့်နိုင်ဘဲ စိတ်သက်သာရာရကာ သက်ပြင်းရှည်တစ်ချက်ချမိသည်။ သူက ဝမ်ကယ်၏ခြေသလုံးလေးကို ဖနောင့်နှင့်အသာပွတ်ရင်း သူ့ခေါင်းလေးကိုမှီကာ ခပ်တိုးတိုးပြောလိုက်သည်။
သို့သော် အများစုက ကုန်းကျယ်ကသာ စကားပြောပြီး ဝမ်ကယ်က အိပ်မပျော်ခင် တစ်ခွန်းစနှစ်ခွန်းစပြန်ပက်လိုက်သည်။
“စိတ်မဆိုးပါနဲ့။ နောက်ဆုံးတစ်ခေါက်က ငါမှားတာပါ။ ငါမင်းနဲ့ စစ်အေးတိုက်ပွဲမဖြစ်သင့်ပါဘူး။ နောင် မင်း ငါ့ကိုစိတ်ဆိုးချင်ဆိုး၊ ရိုက်ချင်ရိုက်၊ ဆဲချင်ဆဲ ဒါပေမဲ့ ပစ်တော့ပစ်မထားရဘူးနော်၊ သိလား။”
ကုန်းကျယ်က လူကိုရင်ခွင်ထဲဆွဲသွင်းကာ ပွတ်သပ်လိုက်သည်။
ဝမ်ကယ်က နှာမှုတ်ကာ:
“မင်းပဲ ငါ့ကိုအရင်ပစ်ထားပြီးတော့။”
သူ့လေသံက မကျေနပ်သံစွက်နေသည်။
“ငါကလည်း မင်းအတွက်စိုးရိမ်လို့ပါ။ အဲဒီတုန်းက မင်းအခြေအနေနဲ့ ဘယ်လိုလုပ်အိမ်မွေးတိရစ္ဆာန်မွေးလို့ဖြစ်မှာလဲ။”
“ဒါဆိုလည်း မင်း ငါ့ဆီကခွင့်မတောင်းဘဲ သူ့ကို အဝေးပို့ပစ်လို့မရဘူးလေ။”
ဒီအကြောင်းပြောတော့ ဝမ်ကယ် နည်းနည်းဒေါသထွက်သွားသည်။
အမှန်တော့ သူတို့နှစ်ဦးက နေ့နေ့ညညအတူရှိခဲ့တာ နှစ်(၂၀) ကျော်ခဲ့ပြီ။ မေတ္တာမမျှခင်ရော၊ မျှပြီးချိန်မှာရော နှစ်ယောက်ကြား အိုးတိုးအမ်းတမ်းဖြစ်တာအတော်ရှား၍ ရန်ဖြစ်ဖို့ဆိုတာဝေးလာဝေးပင်။ အကြောင်းက ဝမ်ကယ် ဘာပဲလုပ်ချင်လုပ်ချင် ကုန်းကျယ်က ခြွင်းချက်မရှိသဘောကျလိုက်လျောခဲ့တာကြောင့်ဖြစ်သည်။
ကုန်းကျယ်က အလွန်စည်းကမ်းကြီးသူတစ်ယောက်ဖြစ်သည်။ သို့သော် ဝမ်ကယ်နှင့်ဆိုလျှင်တော့ သူ့စည်းမျဉ်းစည်းကမ်းအားလုံးက အလှသက်သက်သာဖြစ်သည်။
သို့သော် အဲ့ဒီတုန်းက ကုန်းကျယ်က ဝမ်ကယ့်အပေါ် ရှားရှားပါးပါး တင်းကျပ်ခဲ့သည်။
သူတို့နှစ်ဦးကြားမှဝိရောဓိက တကယ်တမ်းတော့ အသေးအမွှားသာဖြစ်သည်။
ဝမ်ကယ်သည် ငယ်ငယ်ကတည်းက ခွေးချစ်တတ်သည်။ သို့သော် ကလေးဘဝတုန်းက သူ့မှာ အသက်ရှုလမ်းကြောင်းရောဂါရှိသည့်အတွက် သူ့မိသားစုက သူ့အားခွေးမွေးခွင့်မပေးခဲ့ပေ။ ကုန်းကျယ်နှင့်အတူနေတော့လည်း ကုန်းကျယ်က သူ့ကျန်းမာရေးကိုစိုးရိမ်တာကြောင့် သဘောမတူခဲ့ပေ။
ထိုသို့နှင့် တစ်နေ့ ဝမ်ကယ် MV (ဇာတ်ဝင်တေး) ရိုက်ဖို့အသွား ပိုင်ရှင်စွန့်ပစ်ထားသော ပိန်ချုံးချည့်နဲ့နေသည့် လမ်းဘေးခွေးလေးတစ်ကောင်ကို ရုတ်တရက်အိမ်ပြန်ခေါ်လာသည်။
အစကတော့ ကုန်းကျယ်က ခွေးလေးကို တခြားသူဆီပေးပစ်ချင်ခဲ့သည်။ သို့သော် ဝမ်ကယ်က ခွေးလေးကိုသိပ်ချစ်သလို၊ golden retriever (ရွှေရောင်အမွှေးထူအကောင်ကြီးခွေး) လေးကလည်း အလွန်လိမ္မာတာမြင်တော့ ဒီလမ်းဘေးခွေးလေးကိုမွေးထားဖို့ သူ မျက်စိမှိတ်လိုက်လျောခဲ့သည်။
မွေးစကတော့ သူတို့ အတော်လေးအဆင်ပြေသည်။ ဝမ်ကယ်၏ကျန်းမားရေးကလည်း ငယ်ငယ်ကထက် အများကြီးပိုကောင်းပြီး တခြားဘာရောဂါမှမရှိခဲ့ပေ။ သို့သော် ရက်အနည်းငယ်ကြာတော့ ဝမ်ကယ်အိပ်ရာထဲလဲတော့သည်။ အစတုန်းကအအေးမိတာလောက်လို့ထင်ခဲ့ပေမဲ့ ဝမ်ကယ်၏ကျန်းမာရေးက ပြန်ကောင်းဖို့ခက်သည့်အထဲပါသည်။ သို့နှင့် တစ်ပတ်ကြာတော့ အအေးမိတာက ပြန်မကောင်းလာသည့်အပြင် ပိုဆိုးဝါးလာကာ နောက်ဆုံး အသက်ရှုလမ်းကြောင်းပိုးဝင်သည်အထိဖြစ်လာသည်။
အစကတည်းက ဝမ်ကယ်ကို ခွေးမွေးရကောင်းလားဟုအပြစ်တင်နေသည့်ကုန်းကျယ်က ခုလိုထပ်နေမကောင်းဖြစ်တော့ စိုးရိမ်ပူပန်စိတ်ကြီးလာသည်။ထို့ကြောင့် သူက စိတ်လိုက်မာန်ပါဖြစ်ကာ ဝမ်ကယ်မသိအောင် ခွေးလေးကိုပေးပစ်လိုက်သည်။
ထင်သည့်အတိုင်းပင် ခွေးလေးကိုပေးပစ်လိုက်တာသိတော့ ဝမ်ကယ် ဒေါသပုံထကာ ကုန်းကျယ်အား ဆူပူကြိမ်းမောင်းတော့သည်။ ကုန်းကျယ်က ပြီးခဲ့သည့်ရက်များတွင် ဝမ်ကယ်နေမကောင်းဖြစ်ကတည်းက ဘဝင်မကျဖြစ်နေခဲ့သည်။ ဝမ်ကယ်တစ်ယောက် အခုလို ကိုယ့်ကျန်းမာရေးကို လုံးဝဂရုမစိုက်ဘဲ ခွေးအကြောင်းပဲတွေးနေတာမြင်တော့ ကုန်းကျယ်က ဒေါသထွက်ကာ ခပ်ပြင်းပြင်းစကားများနှင့်ပြန်ချေပလိုက်သည်။
အဲ့ဒီနောက် သူတို့နှစ်ယောက်စလုံး စစ်အေးတိုက်ပွဲဖြစ်တော့သည်။ တစ်ပတ်ကျော်ကြာသည်အထိ နှစ်ဦးစလုံးက အချင်းချင်းအဖက်မလုပ်ပေ။ ထို့နောက် နှစ်ယောက်လုံးအချိန်ဇယားကိုယ်စီနှင့် အလုပ်များကာ မတွေ့ဖြစ်သလို ပြန်လည်သင့်မြတ်ဖို့လည်း အချိန်မရခဲ့ပေ။
ယနေ့ရုပ်သံစတူဒီယိုရှေ့ရောက်မှ သူတို့နှစ်ဦးရန်ဖြစ်ပြီးနောက်ပိုင်း ပထမဆုံးအကြိမ်ပြန်ဆုံဖြစ်ကြတာဖြစ်သည်။
ကုန်းကျယ်က ငြိမ်းချမ်းရေးယူဖို့လိုလားနေသော်လည်း အချိန်မှားနေရာမှားဖြစ်ကာ ဝမ်ကယ်က သူ့ကိုအဖက်မလုပ်ဘဲ သူစိမ်းတစ်ယောက်လိုလုံးဝလျစ်လျူရှုထားသည်။
လောက၌ အနားမှာချစ်သူရှိပါလျက် မထိရမကိုင်ရ၊ အစားရမသောက်ရနေနေရသည်လောက် အဖြစ်ဆိုးတာမရှိပေ။ နောက်ပြီး အချင်းချင်းမသိသလိုဟန်ဆောင်ရသည်က ပိုခက်ခဲပေသည်။ သို့နှင့် တစ်ညလုံးခံစားပြီးနောက် နောက်ဆုံးမှာ ကုန်းကျယ်က အမှားကိုဝန်ခံဖို့ ဆုံးဖြတ်ချက်ချလိုက်သည်။
မိန်းမကပစ်သွားမှတော့ အရှက်ရှိနေလို့ ဘာအသုံးတည့်မှာလဲ!
ဝမ်ကယ်က အကြာကြီးဘာမှပြန်မပြောပေ။ ကုန်းကျယ်က သူ အိပ်သွားပြီထင်ကာမှ သူကရုတ်တရက်ပြောလာသည်။
“မင်း ခွေးကိုဘယ်ပို့လိုက်လဲ။”
“ဟမ်။”
ကုန်းကျယ်က ပါးစပ်ကိုလက်နှင့်ရိုက်လိုက်ကာ:
“သူငယ်ချင်းတစ်ယောက်ကိုပေးလိုက်တယ်။”
“ဘယ်သူငယ်ချင်းလဲ၊ ငါ မနက်ဖြန်ကျ ရှောင်ယဲ့ကို သွားခေါ်ခိုင်းလိုက်မယ်။”
“မင်းက မွေးထားချင်လို့လား။”
ကုန်းကျယ် စိတ်ဓာတ်ကျသွားသည်။
ဝမ်ကယ်က သူ့ကို ခေါင်းထောင်ကြည့်လာ၏။
ကုန်းကျယ်: “….”
ငါးစက္ကန့်လောက်ကြာတော့။
“အင်းပါ၊ အင်းပါ၊ မွေးမွေးမွေး!”
ကုန်းကျယ်က လူကိုရင်ခွင်ထဲပြန်ထည့်လိုက်သည်။
“မနက်ဖြန် ငါပဲ တာ့ရုံကို လွှတ်လိုက်ပါ့မယ်၊ ရှောင်ယဲ့ကိုမခေါ်နဲ့တော့။”
ဝမ်ကယ်က ကျေနပ်သွားကာ မျက်လုံးမှိတ်လိုက်သည်။ ကုန်းကျယ်လည်း နောက်ဆုံး နည်းနည်းအိပ်ငိုက်လာသည်။ သူက မီးပိတ်ကာ ချစ်ရသူလေးကိုဖက်ရင်း မျက်လုံးမှိတ်လိုက်သည်။
အိပ်ခန်းက နောက်ဆုံးမှာ ပြန်လည်တိတ်ဆိတ်သွားကာ ညအိပ်မီးမှိန်မှိန်နှင့် ခပ်တိုးတိုးအသက်ရှုသံတို့သာ ကျန်ရစ်ခဲ့သည်။
တစ်မိနစ်ကြာတော့ ကုန်းကျယ် မျက်လုံးများပြန်ပွင့်လာပြီး ဝမ်ကယ်ကို တီးတိုးပြောလိုက်သည်။
“ဘာဖြစ်ပြန်ပြီလဲ။”
ဝမ်ကယ်က ပြန်နိုးလာကာ အိပ်ချင်မူးတူးနှင့်ပြောသည်။ သူ၏သည်းခံနိုင်စွမ်းကား ကုန်ဆုံးလာလေပြီ။
သို့သော် ကုန်းကျယ်က ရိုက်ကွင်းမှာ အချင်းချင်းနားလည်နိုင်စွမ်းဂိမ်းဆော့တုန်း သူမခန့်မှန်းခဲ့သည့် နောက်ဆုံးမေးခွန်းအကြောင်း အတင်းမရမကမေးလိုက်သည်။
“မင်း နောက်ဆုံးမေးခွန်းရဲ့အဖြေကို သိရဲ့သားနဲ့ ဘာလို့မဖြေတာလဲ။”
ကုန်းကျယ်က ခဏစဉ်းစားပြီး ခပ်ဖွဖွပြောလိုက်သည်။
“ဒါမှမဟုတ် ငါမင်းကို အဲဒီမှာ လက်ထပ်ခွင့်တောင်းခဲ့တာ မင်း မေ့သွားတာလား။”
ဝမ်ကယ်က မျက်ဖြူလှန်ပြကာ သန်းဝေလိုက်ရင်း:
“မမေ့ပါဘူး။ တမင်မဖြေတာ။”
“ဘာလို့လဲ။”
*****
Aurora Novel Translation Team