Chapter 40
- Home
- All Mangas
- My CP must be sweet![Entertainment Circle] (Completed)
- Chapter 40 - သတင်းဆိုး
အပိုင်း (၄၀) – သတင်းဆိုး
👻👻👻
ဝမ်ကယ်ဘာမှမတုံ့ပြန်နိုင်ခင် ကုန်းကျယ်က ယင်ဟန်ဆီလျှောက်သွားကာ စကားတစ်ခွန်းမှမပြောဘဲ ယင်ဟန်မျက်နှာကိုလက်သီးဖြင့်ထိုးလိုက်သည်။
ယင်ဟန်ထံမှ အလန့်တကြားအော်သံထွက်လာသည်။ သို့သော် သူမြန်မြန်မရှောင်လိုက်နိုင်ဘဲ လက်သီးချက်ကြောင့် ကြမ်းပြင်ပေါ်လဲကျသွားသည်။ ထို့နောက် သူပြန်မထနိုင်ခင် ကုန်းကျယ်၏ဒုတိယလက်သီးချက် ထပ်မံကျရောက်လာသည်။
ကုန်းကျယ်က ရုပ်ရှင်ရိုက်ကူးရန် ကိုယ်ပိုင်နည်းပြနှင့်လပေါင်းများစွာလက်ဝှေ့ထိုးသင်ယူခဲ့သည်။ ထို့ကြောင့် သူ၏လက်သီးချက်များက အတော်အထိနာသည်။ ယင်ဟန်မှာမည်သို့မျှပြန်လည်တိုက်ခိုက်နိုင်ခြင်းမရှိဘဲ ရှက်ရှက်နှင့်မျက်နှာကိုအုပ်ကာ အော်ဟစ်နေသည်။
ကုန်းကျယ်ကအရက်မူးနေတာကြောင့် အလွန်ဒေါသထွက်ကာ အသိစိတ်လွတ်သွားသည်။ သူကလက်လွန်ကာ ယင်ဟန်မျက်နှာကိုလက်သီးများတစ်ချက်ပြီးတစ်ချက်ပစ်သွင်းနေသည်။ မကြာခင် ယင်ဟန်မှာမျက်နှာတစ်ခုလုံးအညိုအမည်းစွဲကာ အော်ဟစ်ဖို့ပင်အင်အားမရှိတော့ပေ။
ထိုစဉ်ဝမ်ကယ်အသိပြန်ဝင်လာပြီး ရှေ့သို့မြန်မြန်သွားကာ ကုန်းကျယ်ကိုတားလိုက်သည်။
“မထိုးနဲ့တော့။ မင်းထပ်ထိုးရင် ပြဿနာတက်တော့မယ်။”
ကုန်းကျယ်ကအသိစိတ်အနည်းငယ်ကျန်ရှိနေသေးတာကြောင့် ဝမ်ကယ့်လက်ကိုပုတ်မထုတ်ပေ။ သူက နောက်လှည့်ကာ အသက်ပြင်းပြင်းရှုလိုက်၏။ ထို့နောက် ဝမ်ကယ့်ပုခုံးကိုခပ်ကြမ်းကြမ်းဆုပ်ကိုင်ကာ ကျယ်လောင်စွာမေးလိုက်သည်။
“သူမင်းကိုဘယ်နားလာထိတာလဲ။”
“မထိဘူး။ သူငါ့ကိုဘယ်မှမထိဘူး။”
ဝမ်ကယ် သူ့ကိုစိတ်ရှည်လက်ရှည်နှစ်သိမ့်လိုက်သည်။
ဒီနေရာမှဆူညံသံများကြောင့် အခြားသူများပါအာရုံစိုက်လာသည်။ ဒါရိုက်တာက ကုန်းကျယ်နှင့်ယင်ဟန်သန့်စင်ခန်းထဲ ရန်ဖြစ်နေသည်ကြားတော့ အလွန်လန့်ဖျပ်ကာ အပြေးရောက်လာသည်။ သို့သော်မြင်လိုက်ရသည့်မြင်ကွင်းက ရန်ဖြစ်တာမဟုတ်ဘဲ တစ်ဖက်သတ်ထိုးကြိတ်တာဖြစ်နေသည်။
ကုန်းကျယ်က ဆံပင်ပုံစံတောင်မပျက်ဘဲ အကောင်းပကတိအတိုင်းဘေးတွင်ရပ်နေသည်။ သို့သော် ယင်ဟန်ကတော့ အင်္ကျီများစုတ်ပြဲပြီး မျက်နှာမှာလည်းအညိုအမည်းစွဲနေသည်။ သူက လက်မောင်းကိုဆုပ်ကိုင်ကာ နာကျင်စွာအော်ညီးနေသည်။
ကျန်းမာရေးဝန်ထမ်းများရောက်လာတော့ စမ်းသပ်ကြည့်ပြီး ထင်မြင်ချက်ပေးသည်။
“သူလက်ကျိုးသွားတယ်။ ဆေးရုံမြန်မြန်ပို့ရမယ်။”
ဒါရိုက်တာ၏လက်ထောက်က ဖုန်းအမြန်ထုတ်ကာ လူနာတင်ယာဉ်ခေါ်လိုက်သည်။
သိပ်မကြာခင် ယင်ဟန်ကို လူနာတင်ယာဉ်ဖြင့်ခေါ်ဆောင်သွားသည်။ ဒါရိုက်တာက သူ့လက်ထောက်လေးကို ယင်ဟန်နောက်လိုက်သွားဖို့ပြောလိုက်သည်။
ယင်ဟန်ထွက်သွားတော့ နေရာတွင်အသံတိတ်ဆိတ်သွားသည်။ လူတိုင်းက အံ့ဩသွားကာ ဘာတွေဖြစ်ပျက်ခဲ့မှန်းသိရအောင် တစ်ယောက်ယောက်ကိုမေးမြန်းကြည့်ချင်နေသည်။ သို့သော် ထိုအချိန်ကဒီနေရာတွင်ရှိနေခဲ့သူနှစ်ဦးမှာ လက်ရှိတွင်မျက်နှာများသုန်မှုန်နေတာကြောင့် ဘယ်သူမှစကားသွားမပြောရဲပေ။
ဒါရိုက်တာက ကုန်းကျယ်၏မျက်နှာအရိပ်အကဲကိုကြည့်ကာ ဘာမှမမေးရဲတော့ပေ။ သူက မျက်နှာတည်တည်ဖြင့်တခြားသူများကို အိမ်ပြန်ဖို့ပြောပြီး ဒီနေ့ကိစ္စဘယ်သူ့ကိုမှမပြောဖို့ သေချာမှာလိုက်သည်။
သိပ်မကြာခင် သူတို့သုံးယောက်သာကျန်ရစ်ခဲ့သည်။ ဒါရိုက်တာက ဘာပြောရမှန်းမသိဘဲ အကြာကြီးချီတုံချတုံဖြစ်နေသည်။ သို့နှင့်ဝမ်ကယ်ကသူ့ကိုပြန်လည်နှစ်သိမ့်လိုက်သည်။
“ကိစ္စမရှိပါဘူး။ နားလည်မှုနည်းနည်းလွဲသွားရုံပါ။ ကျွန်တော်တို့ကိုယ့်ဟာကိုယ်ဖြေရှင်းလိုက်ပါ့မယ်။ စိတ်မပူပါနဲ့။ ဒီအတွက်နဲ့ အစီအစဉ်ကိုမထိခိုက်စေရဘူး။”
ဝမ်ကယ်ဘက်ကထို့သို့ပြောလာတော့ ဒါရိုက်တာဘာမှထပ်မပြောရဲဘဲ ခေါင်းညိတ်ပြီးပြန်လည်တုံ့ပြန်သည်။
ပါတီပြီးဆုံးတော့ သူတို့မပျော်မရွှင်လမ်းခွဲခဲ့ကြသည်။ လူတိုင်းကအလာတုန်းက ပြုံးပျော်နေကြသော်လည်း အပြန်ကျအားလုံးမျက်နှာတွင် ဝမ်းနည်းမှုများပြည့်နှက်နေသည်။
လော့မင်ဖန်းက ကုန်းကျယ်ကိုကိုယ်တိုင်လာကြိုသည်။ ထိုအချိန်တွင် ဟိုတယ်၌လူသိပ်မရှိတာကြောင့် ဝမ်ကယ့်ကိုပါတစ်ခါတည်းပြန်ခေါ်လာသည်။
သူတို့နှစ်ယောက်စလုံး ခုနကအဖြစ်အပျက်ကို မပြောဘဲထားတာကြောင့် လော့မင်ဖန်းက အမှန်ကိုမသိရသေးပေ။ သူက ကုန်းကျယ်အရက်မူးနေတာကြောင့် မျက်မှောင်ကြုတ်နေသည်ဟုသာထင်ကာ သူတို့နှစ်ေယာက်ကိုအိမ်ပြန်ပို့ပြီးေနာက် ပြန်ထွက်သွားသည်။
ကုန်းကျယ်အိမ်တံခါးဖွင့်လိုက်သည်နှင့် သကြားခဲလေးပြေးထွက်လာသည်။ သူက အမြီးလေးတနှံ့နှံ့ဖြင့် အပွတ်ခံဖို့စောင့်နေသည်။ သို့သော် ကုန်းကျယ်က သူ့အပေါ်လုံးဝအာရုံမစိုက်နိုင်ဘဲ သကြားခဲလေးကိုကျော်ကာ အပေါ်ထပ်တက်သွားသည်။
ဝမ်ကယ်သက်ပြင်းချကာ သူ့သားကိုပွေ့ချီပြီးချော့ရသည်။ ထို့နောက် သကြားခဲလေးကို လှောင်အိမ်ထဲပြန်ထည့်ကာ အပေါ်ထပ်တက်သွားသည်။
ကုန်းကျယ်က အဝတ်အစားများချွတ်နေရင်း ဝမ်ကယ်ဝင်လာတာမြင်တော့ အဝတ်များကိုကြမ်းပြင်ပေါ်ပစ်ကာ ဝမ်ကယ့်ကိုတံခါးဘောင်ပေါ်ဖိကပ်လိုက်သည်။ ထို့နောက်သူကဒေါသကိုထိန်းကာမေးလိုက်သည်။
“ဘာတွေဖြစ်ခဲ့တာလဲ။”
ဝမ်ကယ်ကကုန်းကျယ်မျက်မှာကိုထိကိုင်ကာ နွေးထွေးစွာပြောလိုက်သည်။
“တကယ်တော့ဘာမှမဟုတ်ပါဘူး။ သူက ငါတို့နှစ်ယောက်ရဲ့ဆက်ဆံရေးကိုသိသွားလို့ အဲ့ဒါနဲ့ငါ့ကိုအကျပ်ကိုင်ဖို့လုပ်တာ။”
“သူမင်းအပေါ်မကောင်းတဲ့အကြံအစည်တွေရှိမှန်း မင်းအစောကြီးကတည်းကသိထားတယ်ပေါ့။”
ကုန်းကျယ်က ဒီစကားကိုေသချာသလိုအတပ်ပြောလိုက်သည်။
ဝမ်ကယ်ကခေါင်းညိမ့်ပြကာ:
“ရိုက်ကူးရေးမစခင် ယွီရန်က ငါ့ကိုသတိပေးခဲ့တယ်။ ယင်ဟန်က ဂေးတစ်ယောက်၊ ပြီးတော့ ငါ့ကိုစိတ်ဝင်စားနေတာတဲ့။ သူက ငါ့ကို ယင်ဟန်နဲ့ဝေးဝေးနေဖို့ပြောခဲ့တယ်။”
“မင်းငါ့ကိုဘာလို့မပြောတာလဲ။”
ကုန်းကျယ်က သူ့ပခုံးကိုဖျစ်ညှစ်လိုက်သည်။
“ငါမင်းကိုမပြောခဲ့တာက မင်းစိတ်လိုက်မာန်ပါလုပ်မိမှာစိုးလို့။ ပြီးတော့ အဲ့ဒီတုန်းက ငါမင်းနဲ့တစ်လျှောက်လုံးအတူတူရှိနေတာလေ။ ယင်ဟန်တောင် ငါ့အနားကပ်ဖို့အခွင့်အရေးမရခဲ့ဘူး။ ဒီနေ့ည ပထမဆုံးပဲ။”
ဝမ်ကယ် ကုန်းကျယ်လက်ကိုဆွဲယူကာ လက်ဖဝါးနှင့်ညင်သာစွာပွတ်လိုက်သည်။
“ငါ ဒီပြဿနာကို ကိုယ်ဟာကိုယ်ဖြေရှင်းချင်ခဲ့တာ။ ဒါပေမဲ့ သူအဲ့လောက်အရှက်မဲ့မယ်မထင်ထားဘူး။ ငါသူ့ကိုလျှော့တွက်မိသွားတယ်။”
ဝမ်ကယ် ယင်ဟန်အကြောင်းစဉ်းစားမိတော့ ေအာ်ဂလီဆန်သွားသည်။
ကုန်းကျယ်လည်း ဒီအကြောင်းတွေးမိပုံရသည်။ သူကအံကြိတ်ကာ ယင်ဟန်ကိုဒီထပ်လက်သီးချက်နည်းနည်းပိုထိုးခဲ့ရမှာဟုတွေးလိုက်သည်။
“ကဲပါ။ ဒေါသထွက်မနေနဲ့။ ငါအခုအားလုံးကောင်းတယ်။ ဘာမှအသားယူမခံလိုက်ရဘူး။”
ဝမ်ကယ်လက်ခါပြပြီး ချော့မော့သလိုပြုံးပြသည်။
ကုန်းကျယ် ဒေါသအနည်းငယ်ပြေသွားသည်။ သို့သော်နည်းနည်းစိတ်ဆိုးနေသေးသည်။
“မင်းနောင်ကိုဘာကိစ္စဖြစ်ဖြစ် ငါ့ကိုအားလုံးပြောပြရမယ်။ ပြီးတော့ ငါမသိအောင် မဖုံးထားရဘူး။”
“အင်းပါ။ ငါမင်းကိုအားလုံးပြောပြမယ်။”
ဝမ်ကယ် ကတိပေးလိုက်သည်။
ဒီတော့မှ ကုန်းကျယ်တစ်ယောက် မျက်နှာရွှင်ရွှင်ပြပြဖြစ်လာသည်။ သူက ဝမ်ကယ့်ကိုရေချိုးခန်းထဲခေါ်သွားကာ လမ်းလျှောက်ရင်းပြောလိုက်သည်။
“ဒါပေမဲ့ ဒီကိစ္စကအကျုံးမဝင်သေးဘူး။ အဲ့တော့ ငါမသိအောင်ဖုံးထားတာကိုအပြစ်ပေးတဲ့အနေနဲ့ ဒီညသုံးခါလုပ်မယ်။”
“ဟမ်။”
ဝမ်ကယ်အံ့အားသင့်သွားသည်။
ဒေါသထွက်ပြီးသွားတော့ ကုန်းကျယ်၏အရက်သောက်ထားသည့်အရှိန်က ပြန်တက်လာသည်။ သူကဗလုံးဗထွေးနှင့် နောက်တောက်တောက်ပြောလိုက်သည်။
“မင်းငါ့ကိုမပြောပြလို့ ငါကမင်းကိုသန့်စင်ခန်းတစ်ယောက်တည်းလွှတ်လိုက်တာ။ အဲ့တော့ ယင်ဟန်အခွင့်ကောင်းယူလို့ရသွားတယ်။ ငါသာအချိန်မီရောက်မလာရင် မင်းသူအသားယူတာခံနေရလောက်ပြီ။ ဒါတွေအားလုံးမင်းအပြစ်လို့မထင်ဘူးလား။”
ဝမ်ကယ်ခေါင်းသိပ်မကြည်လင်တာကြောင့် ထိုစကားများ၏အဓိပ္ပါယ်ကိုချက်ချင်းသဘောမပေါက်ပေ။ သူသဘောပေါက်သွားတော့ ကုန်းကျယ်က သူ့အင်္ကျီနှင့်ဘောင်းဘီများကိုအားလုံးချွတ်ပြီးသားဖြစ်နေသည်။ ကျန်းကျယ်ကိုယ်တိုင်လည်းအဝတ်ဗလာဖြစ်ကာ သူ့ကိုနံရံနှင့်ဖိကပ်ထားသည်။
“နေပါဦး၊ ဘာလို့ငါကအပြစ်ပေးခံရမှာလဲ။ ငါကနစ်နာသူလေ။”
ဝမ်ကယ်က ကုန်းကျယ်၏တရကြမ်းအနမ်းကိုရှောင်ရှားကာပြောလိုက်သည်။
ကုန်းကျယ်မကျေမနပ်ဖြစ်သွားသည်။ သူက ဝမ်ကယ်ရှောင်မပြေးနိုင်အောင် သူ့မေးစေ့ကိုညှစ်လိုက်၏။
“ငါအပြစ်ပေးမယ်ပြောရင် အပြစ်ပေးမယ်ပဲ။”
“အဓိပ္ပါယ်မရှိလိုက်တာ။ သေချာပေါက် ငါက…..အင့်….”
စကားဆုံးအောင်မပြောလိုက်ရ၊ ဝမ်ကယ့်စကားများက ကုန်းကျယ်၏ပိတ်ပင်မှုကြောင့် လည်ချောင်းထဲမှာပင်ပျောက်ဆုံးသွားသည်။
နောက်ဆက်တွဲကိစ္စများက လိုက်လျောညီထွေဖြစ်သလို ပြင်းလည်းပြင်းထန်သည်။ သို့သော် ဝမ်ကယ့်ခမျာမကျေနပ်ချက်များတစ်ပွေ့တစ်ပိုက်နှင့် ဖွင့်ထုတ်စရာနေရာမရှိဖြစ်နေသည်။
မင်းအဖေငါက နစ်နာသူ။ နစ်နာတဲ့သူလို့။
ဤသို့ဖြင့် ကမ္ဘာ့သနားစရာအကောင်းဆုံးနစ်နာသူလေးမှာ နိုင်စားသည့်အကြမ်းဖက်သမားကြီးကြောင့် သတိလစ်သွားရှာကာ တကယ်သနားစရာကောင်းလှသည်။
ကုန်းကျယ်နှင့်ယင်ဟန်ကြားရန်ပွဲကို နောက်ဆုံးတော့ လော့မင်ဖန်းသိသွားသည်။ သူသိသည့်အချိန်တွင် အနုပညာလောကတစ်ခုလုံးသိသွားပြီဖြစ်သည်။
ဒါရိုက်တာက ထိုနေ့ဖြစ်ပျက်ခဲ့သည်များကိုထုတ်မပြောဖို့ အတန်တန်မှာခဲ့သော်လည်း တိုက်တိုက်ဆိုင်ဆိုင် ထိုနေ့ကျမှ ဟိုတယ်တွင်မီဒီယာသမားများရှိနေသည်။ သူတို့ကကုန်းကျယ် ယင်ဟန်ကိုလက်သီးနှင့်ထိုးသည့်ဗွီဒီယိုရိုက်ကူးခဲ့သည်။ ဗွီဒီယိုသက်သေရှိနေတာကြောင့် အခြေအနေကလုံးဝလျစ်လျူရှုထား၍မရပေ။
ဖြစ်ချင်တော့ ယင်ဟန်က သူ့လက်မောင်းတွင်ပတ်တီးစည်းထားသည့်ပုံကို Weibo ပို့စ်တင်ခဲ့သည်။ သူက ရိုက်ကူးရေးလုပ်ရင်းဒဏ်ရာရသည်ဟုဆိုထားသော်လည်း ယခုလိုဗွီဒီယိုဖိုင်ထွက်လာတော့ လူတိုင်းဒီဒဏ်ရာဘယ်လိုရမှန်းသိသွားသည်။
သူတို့နှစ်ဦးကြားရန်ပွဲနှင့်ပတ်သက်၍ အင်တာနက်ပေါ်တွင်သဘောထားကွဲလွဲမှုများရှိနေသည်။ အကြောင်းက သတင်းထောက်များရောက်သွားချိန်က ကုန်းကျယ် ယင်ဟန်ကိုထိုးကြိတ်နေသည့်အချိန်ဖြစ်နေသည်။ ထို့ကြောင့်ဗွီဒီယိုကို ဘယ်ကဘယ်လိုစဖြစ်မှန်းအကျိုးအကြောင်းသေချာမသိရဘဲ ရိုက်ကူးခဲ့ခြင်းဖြစ်သည်။ ထို့အပြင်ဗွီဒီယိုထဲတွင် ယင်ဟန်က ကြမ်းပြင်ပေါ်လဲကျကာ ကုန်းကျယ်၏တစ်ဖက်သတ်ထိုးကြိတ်ခြင်းခံနေရသည်။ ဒီတော့ အားနည်းသည့်ဘက်ကိုစာနာတတ်သည့်လူ့သဘာဝအတိုင်း ခန့်မှန်းကြသူအပေါင်းက ကုန်းကျယ်အမှားဟု ထင်ကြေးပေးကြသည်။ ထို့အပြင် ကုန်းကျယ်ခန္ဓာကိုယ်အကောင်းပကတိအတိုင်းရှိနေသည်ကိုထောက်ရှု၍ သူတို့နှစ်ဉီးရန်ဖြစ်ကြတာမဟုတ်ဘဲ ကုန်းကျယ်ကယင်ဟန်ကိုထိုးကြိတ်ခြင်းဖြစ်နေသည်။
ချက်ချင်းဆိုသလို ပွဲကြည့်ပရိတ်သတ်များက ကုန်းကျယ်ကိုတိုက်ခိုက်ကြတော့သည်။ သူတို့က ကုန်းကျယ်သည် မိမိ၏ရုပ်ရှင်လောကအဆင့်အတန်းကိုအားကိုးပြီး ဂျူနီယာမျိုးဆက်များကို ဖိနှိပ်နေသည်ဟုဆိုသည်။ ထို့ကြောင့် သူ၏အကျင့်စာရိတ္တက ရှက်ဖွယ်ဖြစ်ပြီး ရုပ်ရှင်မင်းသားတစ်ယောက်ဖြစ်ဖို့မထိုက်တန်ကြောင်း ပြောဆိုကြသည်။
ကုန်းကျယ်တစ်ယောက် ပွဲဦးထွက်ပြီးနောက်ပိုင်း အကြီးမားဆုံးအကျပ်အတည်းနှင့်ရင်ဆိုင်ရတော့သည်။
လော့မင်ဖန်းက အခြေအနေကိုအရင်ဆုံးသိရအောင်လုပ်လိုက်သည်။ အဖြစ်အပျက်အမှန်ကိုသိတော့ သူအကျပ်ရိုက်သွားသည်။
“ဒီကိစ္စကကိုင်တွယ်ရခက်တယ်။ မင်းအမှန်အတိုင်းဝန်ခံလိုက်ရင် မင်းတို့ဆက်ဆံရေးပေါ်သွားလိမ့်မယ်။ မရှင်းပြပြန်ရင်လည်း မင်းဂုဏ်သိက္ခာကိုထိခိုက်မယ်။”
လော့မင်ဖန်းက မျက်မှောင်တင်းတင်းကြုတ်ကာပြောသည်။
“လူတိုင်းကိုဝန်ခံဖို့ ငါဝန်မလေးဘူး။”
ကုန်းကျယ်ဘာမှမပြောရသေးခင် ဝမ်ကယ်ကအရင်ပြောလိုက်သည်။
ဗွီဒီယိုကိုအပြင်ဘက်မှရိုက်ကူးထားတာကြောင့် ဝမ်ကယ်ကအလယ်တွင်ရပ်နေသူဖြစ်ကာ ကံကောင်းထောက်မစွာဖြင့်ဗွီဒီယိုထဲမပါသွားခဲ့ပေ။ ထို့ကြောင့်ကိစ္စများက ပိုမိုရှုပ်ထွေးမသွားခြင်းဖြစ်သည်။
လော့မင်ဖန်းကကန့်ကွက်လိုက်သည်။
“အခုချိန်မင်းတို့ရဲ့ဆက်ဆံရေးကိုချပြလို့မဖြစ်ဘူး။ မဟုတ်ရင်ကိစ္စကငြိမ်မသွားဘဲ ပိုပြီးရှုပ်ထွေးလာမှာ။ နောက်ဆုံးကျ မင်းတို့ပဲထိခိုက်လိမ့်မယ်။”
“အဲ့တော့ အေးတိအေးစက်ဖြေရှင်းရမှာလား။”
ဝမ်ကယ်ကမေးလိုက်သည်။
“လောလောဆယ်တော့ ဒီလိုပဲတတ်နိုင်တယ်။ အင်တာနက်သုံးစွဲသူတွေက အသစ်ကိုကြိုက်ပြီး အဟောင်းကိုမုန်းတယ်။ ခဏနေ သူတို့မေ့သွားလိမ့်မယ်။ အဲ့ဒါကမင်းဂုဏ်သတင်းကိုပဲထိခိုက်မှာ။”
“ကျွန်တော်က ဂုဏ်သတင်းနဲ့ထမင်းစားနေတာမှမဟုတ်တာ။”
ကုန်းကျယ်ကဘာမှမဖြစ်သလိုပြောလိုက်သည်။
လော့မင်ဖန်းက သူ့စိတ်ထားကိုသိတာကြောင့် အများကြီးစိတ်သက်သာရာရသွားပြီးပြောသည်။
“ဒီအတောအတွင်းမျက်နှာမပြနဲ့ဦး။ ငါအလုပ်တွေအကုန်ဆိုင်းထားမယ်။ weibo မှာလည်းမဟုတ်တာတွေလျှောက်မတင်နဲ့။”
“အင်း။”
ကုန်းကျယ်ကဒီကိစ္စကိုလုံးဝစိတ်မပူပေ။
လော့မင်ဖန်းကနောက်ဆက်တွဲကိစ္စများဆောင်ရွက်ရန်ရှိသေးကာ ခဏနေတော့ပြန်သွားသည်။ သူပြန်သည်နှင့် ကုန်းကျယ်ကခါးဆန့်ပြီး အလွန်ပျော်ရွှင်သည့်လေသံဖြင့်ပြောသည်။
“ကောင်းလိုက်တာ၊ ငါထပ်နားလို့ရပြီ။”
ဝမ်ကယ်သူ့ကိုကြည့်ပြီး ဆွံ့အသွားသည်။
“မင်းရယ်နိုင်သေးတယ်နော်။”
“ဒါလည်းကောင်းတာပဲမဟုတ်လား။ ငါလဝက်တောင်အနားယူရမှာ။”
ကုန်းကျယ် ဝမ်ကယ့်ခါးကိုဖက်ကာ ဆိုဖာပေါ်လှဲလိုက်သည်။
“အကျပ်အတည်းဖြစ်နေတဲ့ခံစားချက်မျိုးရသင့်တယ်မထင်ဘူးလား။ မင်းအလုပ်ပြုတ်တော့မလို့လေ။”
ဝမ်ကယ်ကကုန်းကျယ်ပါးနှစ်ဖက်ကိုဆွဲလိုက်သည်။
“အလုပ်ပြုတ်လည်းပြုတ်ပေါ့။ ငါလည်းအဲ့လိုဖြစ်ချင်နေတာ။ ဘာပဲပြောပြောငါကပိုက်ဆံလုံလုံလောက်လောက်ရှာပြီးပြီ။ အလုပ်မလုပ်လို့ငတ်မသေပါဘူး။”
ကုန်းကျယ်ကသူ၏တောက်ပသည့်အနာဂတ်ကိုေတွးကာ ဝမ်ကယ့်ကိုတိုက်တွန်းလိုက်သည်။
“ဒါမှမဟုတ်မင်းလည်းထွက်လိုက်ပါလား။ ပြီးရင်ကျန်တဲ့သက်တမ်းတစ်ဝက်မှာ ငါတို့ကမ္ဘာပတ်ပြီးခရီးသွားကြမယ်။ ဘယ်လောက်မိုက်လဲ။”
ဝမ်ကယ်နည်းနည်းစိတ်လှုပ်ရှားသွားသည်။ သို့သော် သူက စိတ်လိုက်မာန်ပါတန်းသဘောမတူဘဲ ပြောလိုက်သည်။
“စိတ်မပူပါနဲ့၊ အဲ့လိုနေ့မျိုးတစ်နေ့ရောက်လာမှာပါ။”
“အင်း ငါစောင့်နေမယ်။”
ကုန်းကျယ်နှုတ်ခမ်းစူကာ နမ်းဖို့တောင်းဆိုလိုက်သည်။
နေ့လယ်ပိုင်းတွင် ဝမ်ကယ်အလုပ်ရှိသေးတာကြောင့်ကုန်းကျယ်နှင့်ခဏသာအချိန်ပေးနိုင်သည်။ ရုတ်တရက်အလုပ်မရှိဖြစ်သွားသူကုန်းကျယ်ကတော့ သူ့သားလေးကိုဖက်ကာ နေ့လယ်ခင်းရုပ်ရှင်ကြည့်လိုက်သည်။
လော့မင်ဖန်းပြောသည့်အတိုင်းပင်၊ အနုပညာလောက၌ မရှိမဖြစ်ဆုံးအရာမှာ အတင်းအဖျင်းဖြစ်သည်။ အင်တာနက်သုံးစွဲသူများသည် ကုန်းကျယ်ကိုတစ်ပတ်ခန့်ဆဲဆိုပြီးနောက် ကာယကံရှင်လူလုံးထွက်ပြသည်ကိုမစောင့်နိုင်ဘဲ စိတ်ဝင်စားမှုလျော့နည်းကာ မုန်တိုင်းများတဖြည်းဖြည်းစဲသွားသည်။ သို့သော် ထိုအချိန် ယင်ဟန်၏စကားများက ကုန်းကျယ်ကိုနောက်တစ်ကြိမ်မုန်တိုင်းထဲပြန်လည်ရောက်ရှိသွားစေသည်။
ကုန်းကျယ်ထိုးကြိတ်သည့်ကိစ္စဖြစ်ပြီးကတည်းက နစ်နာသူယင်ဟန်မှာ မီဒီယာအင်တာဗျူးများတွင် ရေပန်းစားလာသည်။ တချို့ကသူ့ဆီကနေ သတင်းများရယူလိုကြသည်။
ယင်ဟန်ကလည်း အင်တာဗျူးများကိုတစ်ခုပြီးတစ်ခုငြင်းဆန်ခဲ့သည်။ သို့သော် ကုန်းကျယ်ဘာလို့သူ့ကိုထိုးကြိတ်တာလဲဟုမေးသည့်အခါ သူကရှင်းရှင်းလင်းလင်းတိုက်ရိုက်အဖြေမပေးဘဲ ထိုအချိန်ကကုန်းကျယ်မူးပြီး အသိစိတ်လွတ်နေသည်ကိုသူနားလည်ကြောင်း၊ ကုန်းကျယ်၏ လွန်လွန်ကြူးကြူးအပြုအမူများကိုသူအလွန်စိုးရိမ်သလို၊ သူ့ကိုနားလည်ခွင့်လွှတ်ကြောင်းပြောခဲ့သည်။
သူ၏မှတ်ချက်စကားများက အင်တာနက်သုံးစွဲသူများကို မိမိတို့ထင်တာမှန်သည်ဟုပြောနေသလို၊ ကုန်းကျယ်ကတကယ်တမ်းအပြစ်ရှိသူဖြစ်ကြောင်းဖော်ပြနေသည်။ ကုန်းကျယ်ကအရက်မူးမူးနှင့် သူ့ကိုအကြမ်းဖက်ထိုးကြိတ်ခဲ့ပြီး သူကနစ်နာသူတစ်ယောက်သာဖြစ်သည်ဟုဆိုလိုသည်။ ယခင်ကမြန်မြန်ကောက်ချက်မချသေးသည့် ကျိုးကြောင်းဆင်ခြင်နိုင်သူ အင်တာနက်သုံးစွဲသူအချို့ပင် သူ့စကားကြောင့်သံသယများရှိလာသည်။ ယင်ဟန်၏စကားများက နောက်ဆုံးသက်သေထွက်ဆိုချက်လို ကုန်းကျယ်ကိုတိုက်ရိုက်စီရင်ချက်ချလိုက်သည်။
ထို့အပြင် ကုန်းကျယ်ကလည်း ဒီကိစ္စနှင့်ပတ်သက်၍တစ်ခါမှဖြေရှင်းချက်မပေးခဲ့တာကြောင့် အင်တာနက်သုံးစွဲသူများက ကုန်းကျယ်သည်အမှားလုပ်မိသူဖြစ်တာကြောင့် လူလုံးထွက်ပြပြီးမရှင်းရဲတာဟုယူဆလာကြသည်။
ဤသို့ဖြင့် ကုန်းကျယ်ထိုးကြိတ်သည့်ကိစ္စက နောက်တစ်ကြိမ်ပြန်လည်လှုပ်ရွလာသည်။ ဒီတစ်ခါတော့ လူအများကကုန်းကျယ်ကိုအင်တာနက်ပေါ်တွင် ကြိမ်းမောင်းဆဲဆိုကြသည်။ တချို့မီဒီယာများကပင် ကုန်းကျယ်ကိုတိုက်ရိုက်နာမည်တပ်ကာ ယင်ဟန်ကိုတောင်းပန်ဖို့ပြောဆိုနေသည်။
ယင်ဟန်က Weibo ကြည့်ကာအပျော်ကြီးပျော်နေသည်။ သူက ကုန်းကျယ်အမှန်အတိုင်းထုတ်မပြောရဲဘူးဟုတွက်ထားတာကြောင့် ဉာဏ်နီးဉာဏ်နက်သုံးကာ အချက်အလက်များကိုထင်ယောင်ထင်မှားပြောဆိုခဲ့သည်။
ကုန်းကျယ်ဖန်များက မိမိတို့မင်းသားက သူများကိုအနိုင်ကျင့်တတ်၊ အကြမ်းဖက်တတ်သူမဟုတ်သလို၊ အကြောင်းရင်းမရှိဘဲ လူတစ်ယောက်ကိုထိုးကြိတ်မှာမဟုတ်ကြောင်း လုံးဝယုံကြည်နေသည်။
သူတို့က ကုန်းကျယ် weibo အောက်တွင် ကွန်မန့်များမန့်ကာ လူလုံးထွက်ပြပြီးဖြေရှင်းဖို့တောင်းဆိုကြသည်။ သို့သော် ကုန်းကျယ်ကတော့ လူလုံးထွက်မလာပေ။
ယင်ဟန်သည်ကုန်းကျယ်လောက်နာမည်မကြီးသော်လည်း အထိုက်အလျောက်နာမည်ကျော်ကြားသည့် လူငယ်အနုပညာရှင်တစ်ဦးဖြစ်သည်။ ရုပ်ရည်ကလည်း လူငယ်မိန်းကလေးများအကြိုက်မျိုးဖြစ်တာကြောင့် လူငယ်ဖန်များစွာပိုင်ဆိုင်သည်။
ထို့အပြင် လက်တလောကိစ္စကနာမည်အရမ်းကြီးနေတာကြောင့် ဖန်ဦးရေသန်း (၁၀)နီးပါးရှိလာသည်။ သူတို့၏နတ်ဘုရား ဒဏ်ရာအပြင်းအထန်ရသွားတာသိရတော့ သူ့ဖန်များကစိတ်ဆိုးဒေါသထွက်ကာ ချက်ချင်းအသိစိတ်ပျောက်သွားသည်။ သူတို့ကကုန်းကျယ် weibo ဆီပြေးကာ ဆိုးရွားသည့်စကားလုံးမျိုးစုံဖြင့်ဆဲဆိုကြိမ်းမောင်းကြပြီး သူနှင့်သူ့မိသားစုကိုပါဆဲဆိုကြသည်။ ရိုင်းစိုင်းသည့်စကားလုံးအသုံးနှုန်းများက ဖြတ်သွားဖြတ်လာအချို့ကိုပင် ထိတ်လန့်သွားစေသည်။
ကုန်းကျယ်၏ပို့စ်ကို ဝမ်ကယ်အစောကြီးကတည်းကဖျက်ထားပြီးဖြစ်တာကြောင့် ဆဲဆိုကြိမ်းမောင်းနေသည်များကိုမမြင်ရပေ။ သို့သော်သူကဒီကိစ္စတွေအပေါ်အာရုံရှိပေသည်။ နေ့တိုင်းဒီစကားတွေတင်နေတာ သူဘယ်လိုလုပ်မမြင်ဘဲနေမှာလဲ။
အကြောင်းရင်းမရှိ မိမိအချစ်ဆုံးသူ စော်ကားဆဲဆိုခံနေရတာမြင်တော့သူဘယ်လိုမှစိတ်ကိုတည်ငြိမ်အောင်မထားနိုင်ဘဲ စိတ်မကောင်းဖြစ်သလို၊ ရင်လည်းနာရသည်။ သူ အကြိမ်ပေါင်းများစွာအမှန်အတိုင်းဖွင့်ပြောချင်စိတ်ဖြစ်မိသည်။ သို့သော် ယင်ယွီထျန်းက သူ့ကိုအသည်းအသန်တားလိုက်သည်။
“ဒီလိုအချိန်မှာ၊ ဒီအကြောင်းပြောတာက သူ့ကိုအကူအညီမဖြစ်ဘူး။ သူဒုက္ခရောက်သွားလိမ့်မယ်။”
ယင်ယွီထျန်းက သူ့ကိုအလေးအနက်ကြည့်ပြီးပြောသည်။
ဝမ်ကယ်က စိတ်ပျက်လက်ပျက်ဖြင့် မျက်နှာကိုလက်နှင့်အုပ်လိုက်သည်။ သူ့အသံကအနည်းငယ်စို့နင့်နေသည်။
“ဒါပေမဲ့ ကျွန်တော်စိတ်မကောင်းဘူး။ သူကကျွန်တော့်အတွက်လုပ်ခဲ့တာ၊ ဒါပေမဲ့ ကျွန်တော်ကသူ့ကိုဘာမှမကူညီပေးနိုင်ဘူး။”
ယင်ယွီထျန်းလည်း မျက်လုံးများနီရဲလာသည်။ သူက ဝမ်ကယ့်ကိုခပ်တင်းတင်းပြန်လည်ပွေ့ဖက်ပြီး တိတ်တဆိတ်နှစ်သိမ့်လိုက်သည်။
အပြင်မှာ သူကုန်းကျယ်အတွက်ဘယ်လောက်စိတ်မကောင်းဖြစ်ဖြစ်၊ အိမ်ပြန်ရောက်လျှင်တော့ သူ့ကိုအပြုံးနှင့်ရင်ဆိုင်ဖို့ဝမ်ကယ်အမြဲအားတင်းခဲ့သည်။ တချို့အရာများက သူတစ်ယောက်တည်းခံစားရတာနှင့်လုံလောက်သည်။
ကုန်းကျယ်က နောက်ဆုံးဟင်းပွဲကိုချက်ပြီး ပန်းကန်ပြားထဲထည့်ကာ စားပွဲပေါ်တင်လိုက်သည်။ သူက ဝမ်ကယ့်မျက်နှာကိုမြင်တော့ မျက်မှောင်ကြုတ်သွားကာ:
“မင်းမျက်လုံးတွေဘာလို့အရမ်းနီနေတာလဲ။ ငိုထားတာလား။”
“မဟုတ်ပါဘူး။ ငါကောင်းကောင်းမနားရလို့ မျက်လုံးရဲနေတာပါ။”
ဝမ်ကယ်မျက်တောင်ခတ်လိုက်သည်။
“မင်း ယင်ယွီထျန်းကို ရက်နည်းနည်းလောက်အလုပ်တွေရွှေ့ခိုင်းလိုက်ပါလား။ ဒီလိုသာဆက်သွားရင် မင်းခန္ဓာကိုယ်ကခံနိုင်ရည်ရှိမှာမဟုတ်ဘူး။”
ကုန်းကျယ် ဝမ်ကယ့်မျက်ခွံများကိုနမ်းလိုက်သည်။
ဝမ်ကယ်က ကုန်းကျယ်ပုခုံးကိုမှီကာ:
“ရပါတယ်။ အလုပ်တွေကပြီးခါနီးနေပြီ။ နောက်အပတ်ဆို သိပ်အလုပ်မများတော့ဘူး။ တစ်ရက်နှစ်ရက်လောက်နားလို့ရတယ်။”
“မင်းပင်ပန်းသွားပြီ။ ဒီရက်ထဲအလုပ်ပြီးသွားရင် ယောကျာ်းကမင်းကို ကျွန်းပေါ်အပန်းဖြေခရီးခေါ်သွားမယ်။ ဘာဖျော်ဖြေပွဲ၊ ဘာအလုပ်ဖြစ်ဖြစ် ငါတို့ထုန်ထုန်ဂရုစိုက်စရာမလိုဘူး။ မင်းပျော်လို့အားရမှပြန်ကြမယ်။”
“ကောင်းတယ်။”
ဝမ်ကယ်ပြုံးပြီး ကုန်းကျယ်လက်မောင်းကိုပွတ်လိုက်သည်။ ထို့နောက်ခေါင်းမော့ကာ နှုတ်ခမ်းစူလိုက်ရင်း:
“နမ်းပါဦး။”
“ဒီနေ့အရမ်းတက်ကြွနေပါလား။”
ကုန်းကျယ်မျက်ခုံးပင့်လိုက်သည်။
“အင်း၊ နမ်းမှာလားမနမ်းဘူးလား။ မနမ်းရင် ငါကိုယ့်ဟာကိုယ်ထမင်းစားတော့မယ်။”
“နမ်းမှာ၊ နမ်းမှာ။”
ကုန်းကျယ်က တစ်ဖက်လူကိုထိုင်ခုံပေါ်မှပွေ့ချီကာ အကြံဆိုးကြီးနှင့်ပြုံးပြလိုက်သည်။
“ပါးစပ်တင်နမ်းမှာမဟုတ်ဘူး၊ တခြားနေရာတွေကိုလည်းနမ်းဦးမှာ။”
“ငါထမင်းစားချင်သေးတယ်။”
ဝမ်ကယ်တစ်ယောက် သူနှင့်တဖြည်းဖြည်းဝေးကွာသွားသော စားပွဲပေါ်ရှိဟင်းပွဲများကိုကြည့်လိုက်သည်။
“ယောကျာ်းက အခုချက်ချင်းမင်းကိုကျွေးမယ်။ သေချာပေါက် မင်းဗိုက်ဝသွားစေရမယ်။”
ကုန်းကျယ်က ဝမ်ကယ့်တင်ပါးကိုဖျစ်ညှစ်ပြီး ခြေလှမ်းနှစ်လှမ်းသုံးလှမ်းတည်းနှင့် အပေါ်ထပ်သို့လမ်းလျှောက်တက်သွားသည်။
*****
Aurora Novel Translation Team