Chapter 41
- Home
- All Mangas
- My CP must be sweet![Entertainment Circle] (Completed)
- Chapter 41 - မုန်တိုင်းများရပ်စဲသွားခြင်း
အပိုင်း (၄၁) – မုန်တိုင်းများရပ်စဲသွားခြင်း
👻👻👻
ကုန်းကျယ်ထိုးကြိတ်သည့်စကားခေါင်းစဉ်ကငြိမ်ကျမသွားဘဲ လဝက်ကျော်ကြာသည်အထိ Hot Search ပေါ်ရှိနေဆဲဖြစ်သည်။
ယင်ဟန်၏ဖန်များနှင့် အခြားပွဲကြည့်ပရိသတ်များမှ လွန်လွန်ကျူးကျူးဝေဖန်တတ်သူတို့က ကုန်းကျယ်၏ Weibo အထိသွားကာ သူ့ကိုနေ့တိုင်းဆဲဆိုကြိမ်းမောင်းကြသည်။ နာမည်ကြီးမီဒီယာများကလည်း ရက်အနည်းငယ်ကြာတိုင်း ဒီအကြောင်းပြောဆိုနေကြသည်။
အမှန်တော့ အနုပညာလောကတွင် ထိုးကြိတ်သည်မဆိုထားနှင့် မူးယစ်ဆေးဝါးနှင့် အခြားမသမာသည့်ကိစ္စရပ်များလုပ်ေဆာင်ေနကြသူ အနုပညာရှင်များမရေမတွက်နိုင်အောင်ရှိပေသည်။ ထို့ကြောင့် ပုံမှန်တစ်လမှာတစ်ယောက် ပစ်မှတ်ထားခံရစမြဲဖြစ်သည်။ ထိုအထဲတွင်နာမည်ကြီးအနုပညာရှင်တချို့ပါဝင်သော်လည်း ကုန်းကျယ်လောက်တော့သက်ရောက်မှုမကြီးမားပေ။
အကြောင်းက ကုန်းကျယ်၏ဂုဏ်သတင်းက အလွန်ကောင်းမွန်သောကြောင့်ပင်။ ဒီကိစ္စမတိုင်ခင်က ကုန်းကျယ်ဆိုသည်မှာအကျင့်စာရိတ္တနှင့် ပြုမူပြောဆိုမှုအရာ၌ လက်ဖျားခါလောက်အောင်ရည်မွန်ကောင်းမွန်သူဖြစ်သည်။ သူနှင့်အတူအလုလုပ်ကိုင်ဖူးသူတိုင်းက ကုန်းကျယ်အပေါ်ကောင်းမွန်သောမှတ်ချက်များသာပေးခဲ့သလို၊ ပွဲဦးထွက်ချိန်မှစ၍ ငါးနှစ်တာကာလအတွင်း မကောင်းသတင်းဟူ၍တစ်ခုတစ်လေတောင်မရှိခဲ့သူလည်းြဖစ်သည်။ ထို့ကြောင့်လူတိုင်းက ကုန်းကျယ်အားအမျိုးမျိုးဆွဲဆောင်မှုများကြားမှအစွန်းအထင်းမခံဘဲ မိမိ၏မူလပုံစံမပျောက်ပျက်အောင်တောင့်ခံထားနိုင်သူတစ်ဦးဟု ပြောစမှတ်ပြုခဲ့သည်။
သို့သော်ယခုကိစ္စက ကုန်းကျယ်အပေါ်ထားသည့်လူတိုင်း၏အမြင်ကိုပြောင်းပြန်လှန်ပစ်လိုက်သလိုပင်။ ကုန်းကျယ်၏အပြုအမူကြောင့် အားလုံးစိတ်ထိခိုက်ရသလို၊ စိတ်ပျက်ကာနောင်တရကြသည်။ ကုန်းကျယ်၏ မူလပုံစံပျက်ယွင်းသွားခဲ့သည်မှာအလွန်ပင်နှမြောစရာကောင်းလှသည်။ ထို့အပြင် သူ၏ရိုးသားယဉ်ကျေးသောအကျင့်စရိုက်အားလုံးက အတုအယောင်များဖြစ်နေခဲ့သည့်အတွက် စိတ်လည်းပျက်ကြရသည်။
ထိုကိစ္စက လဝက်ကျော်ကြာဟိုးလေးတစ်ကျော်ကျော်ဖြစ်နေသော်လည်း ကာယကံရှင်ကတော့လူလုံးထွက်မပြခဲ့ပေ။ ထို့ကြောင့် နဂိုကမိမိတို့နတ်ဘုရားသည် လူတစ်ယောက်ကိုအကြောင်းမဲ့ထိုးကြိတ်မည်မဟုတ်ဟုယုံကြည်နေကြသူ ကုန်းကျယ်ဖန်များက “ငါတို့နတ်ဘုရားက တကယ်ပဲသူများကိုထိုးကြိတ်ခဲ့တာလား။” ဟုဇဝေဇဝါဖြစ်လာသည်။ ထို့အပြင် ယင်ဟန်၏အလွန်သဘောထားကြီးမှုက သူတို့စိတ်ကိုစတင်ယိမ်းယိုင်လာစေသည်။ မဟုတ်မှလွဲရော ဒီတစ်ခါကုန်းကျယ် တကယ်ပဲမှားတာများလား။
သံသယစိတ်တစ်ခုကိုမျိုးစေ့ချမိသည်နှင့် ထိုမှတစ်ဆင့်အမြစ်တွယ်ကာ အပင်ပေါက်လာသည်။ ထို့ကြောင့် ကွန်မန့်များတွင် “မင်းတကယ်သူများကိုထိုးကြိတ်ခဲ့တာလား။” “ဆိတ်ဆိတ်နေခြင်းသည်ဝန်ခံခြင်းလား။” စသဖြင့်လူတချို့ထံမှ တဖြည်းဖြည်းစတင်မေးမြန်းမှုများရှိလာသည်။
မေးသူများလာသည်နှင့်အမျှ စိတ်ယိုင်သူများလည်း ပိုမိုများသထက်များလာသည်။ တချို့ဆိုဖန်အဖြစ်မှတိုက်ရိုက်နှုတ်ထွက်သွားကြပြီး တချို့ကယင်ဟန်ဖန်များနှင့်ပူးပေါင်းကာနေရာမှာပင် ကုန်းကျယ်ကိုဆူပူကြိမ်းမောင်းကြတော့သည်။
ယင်ဟန်က ဒီကိစ္စကြောင့်ပိုမိုအောင်မြင်ကျော်ကြားလာသည်။ သူ့အကြောင်းပြောဆိုမှုများက ကုန်းကျယ်လောက်နီးနီးဖြစ်လာသလို၊ သူ၏အနုပညာလမ်းကြောင်းကလည်း ယခင်ထက်တိုးတက်ကာ အလုပ်များစွာလက်ခံရရှိခဲ့သည်။ အချို့ရိုက်ကူးရေးအဖွဲ့များဆိုလျှင် ယခင်ကအောင်မြင်ကျော်ကြားလို၍ကုန်းကျယ်ကိုရွေးချယ်ခဲ့ရာမှ ယခုကိစ္စဖြစ်ပြီးနောက် ကုန်းကျယ်နေရာကိုယင်ဟန်နှင့်အစားထိုးလိုက်ကြသည်။
ယင်ဟန်က ပွဲဦးထွက်ပြီးကတည်းက ယခုလိုတစ်ခါမှအောင်မြင်ကျော်ကြားမှုအထွတ်အထိပ်မရောက်ခဲ့ဖူးတာကြောင့် အနည်းငယ်ပြောင်းလဲလာသည်။ လဝက်ကြာစောင့်ဆိုင်းပြီး ကုန်းကျယ်ဘက်မှတန်ပြန်တုံ့ပြန်ခြင်းမရှိတော့ သူလုံးဝစိတ်သက်သာရာရကာ ရှိုးတစ်ခုတွင်မဟုတ်မဟတ်စကားများစတင်ပြောလာသည်။ သူက ကုန်းကျယ်သည်အစောကြီးကတည်းကသူ့ကိုမကြည်ကြောင်း၊ တစ်ခါကသူလက်ေဆးဖို့သန့်စင်ခန်းသွားသည်ကိုအနောက်မှလိုက်လာပြီး အရက်အမူးလွန်ကာဘာမပြောညာမပြော သူ့ကိုထိုးကြိတ်ကြောင်းပြောဆိုလာသည်။
ရှိုးကတိုက်ရိုက်ထုတ်လွှင့်နေတာကြောင့် သူ့စကားများကိုတစ်ခွန်းမှတည်းဖြတ်ခြင်းမရှိဘဲထုတ်လွှင့်ပြသခဲ့သည်။ ၎င်းကသွေးဆူလွယ်သည့်အင်တာနက်သုံးစွဲသူများကို တရားမျှတမှုရအောင် တောင်းဆိုဖို့နှိုးဆွပေးခဲ့သည်။
ဒီတစ်ကြိမ် ယင်ဟန်၏အမှားကိုအမှန်လုပ် မှားယွင်းစွပ်စွဲမှုကို ဝမ်ကယ်လုံးဝလက်ပိုက်ကြည့်မနေနိုင်ပေ။ သို့နှင့် နောက်ဆုံးတော့ သူ weibo မှာပို့စ်တစ်ခုတိုက်ရိုက်တင်ခဲ့သည်။
[တချို့အရာတွေကိုထုတ်မပြောဘူးဆိုတာ မပြောရဲလို့မဟုတ်ဘူး၊ မပြောချင်လို့။ ကျေးဇူးပြုပြီး သိပ်တရားမလွန်ခင် ရပ်တန်းကရပ်လိုက်ပါ!။]
သူကနာမည်တပ်မပြောသော်လည်း ယခုလိုထိလွယ်ရှလွယ်အချိန်၌ ဤသို့လေးနက်သည့်စကားမျိုးပြောလာခြင်းက လူတိုင်းကိုချက်ချင်းအတွေးဝင်စေသည်။ ဒါကယင်ဟန်ကိုသတိပေးသည့်စကားများလား။ ဝမ်ကယ်ကကုန်းကျယ်ကိုကူညီနေတာလား။
ဒီအကြောင်းတွေးမိတော့ လူအများကဝမ်ကယ့်ပင်မစာမျက်နှာသို့ဝိုင်းအုံလာသည်။ သူတို့က ဝမ်ကယ်တစ်ခုခုများသိနေမလားမေးမြန်းခဲ့ကြသည်။ သို့သော် ဝမ်ကယ်ကဆိတ်ဆိတ်သာနေခဲ့၏။
ထိုအချိန်မှစ၍ ယင်ဟန်တစ်ယောက် အများကြီးစဥ်းစားချင့်ချိန်လာကာ ဒီအကြောင်းထပ်မပြောတော့ပေ။ ထို့ကြောင့် လူတိုင်းက ဝမ်ကယ် ယင်ဟန်ကိုပြောခဲ့တာဖြစ်ကြောင်း ပိုသေချာသွားခဲ့သည်။ ယင်ဟန်၏တုံ့ပြန်က ယခင်နှင့် သိသိသာသာကွာခြားသွားတာကြောင့် လူတိုင်းက တစ်စု့တစ်ရာဖုံးကွယ်ထားတာများရှိေလမလားသံသယဝင်လာသည်။
နာမည်ကြီးမီဒီယာများကလည်း ဝမ်ကယ်၏စကားများကိုအသားပေးဖော်ပြလာပြီး တကယ့်အဖြစ်အပျက်အမှန်နှင့် ဒီအဖြစ်အပျက်တွင် ဝမ်ကယ့်၏အရေးပါပုံကို ရမ်းသမ်းထင်ကြေးပေးကြသည်။
ဝမ်ကယ့်စကားများက ကုန်းကျယ်ဘက်မှကာပြောပေးနေသယောင်ထင်ရသည်။ ထို့ကြောင့် သူ့စကားများက လဲပြိုကျလုနီးပါးကုန်းကျယ်ဖန်များကိုအားဆေးထိုးလိုက်သည့်နှယ် ဝမ်းနည်းမှုများပြေပျောက်ကာမျှော်လင့်ချက်ရောင်ခြည်သန်းလာစေသည်။ သူတို့က ဝမ်ကယ်အမှန်တရားကိုသိနေသလား၊ ကုန်းကျယ်ကတကယ်ပဲအကြောင်းအရင်းမရှိ လူတစ်ယောက်ကိုထိုးကြိတ်ခဲ့သလားဆိုတာ စိတ်ရင်းဖြင့်မေးမြန်းကြသည်။
ဝမ်ကယ်က weibo ကွန့်မန့်များကိုဘယ်တော့မှပြန်လည်တုံ့ပြန်ခြင်းမရှိတာကြောင့် လူတိုင်းက သူ့ကိုပြန်အဖြေပေးလိမ့်မည်ဟုမျှော်လင့်မထားပေ။
သို့သော်မထင်မှတ်ဘဲ ငါးမိနစ်အတွင်းမှာပင် တုံ့ပြန်မှုအများဆုံးရသူတစ်ဦး၏ကွန့်မန့်ကို ဝမ်ကယ်ကိုယ်တိုင် ပြန်လည်ဖြေကြားခဲ့သည်။
[သူ့ကိုယုံပါ။]
ထိုစကားလေးလုံးက ဖန်အားလုံး၏ရင်ထဲမှကျောက်တုံးကြီးကိုပြုတ်ကျသွားစေသည်။ အကယ်၍တခြားလူတစ်ယောက်ကဒီစကားပြောခဲ့လျှင် သက်ရောက်မှုအားဤမျှကောင်းလိမ့်မည်မဟုတ်ပေ။ သို့သော် ထိုစကားများကိုပြောလာသူက ကုန်းကျယ်၏ပြိုင်ဖက်ဟုအများကသတ်မှတ်ထားသည့် ဝမ်ကယ်ဖြစ်နေသည်။ သူ့ပါးစပ်မှဤစကားထွက်လာခြင်းက လုံးဝမတူကွဲပြားသည့်အဓိပ္ပါယ်ဆောင်သည်။ ထို့ကြောင့် ဖန်အားလုံးကလုံးဝတုံ့ဆိုင်းမနေဘဲ ဝမ်ကယ့်စကားကိုချက်ချင်းယုံကြည်ကြကာ သူတို့အစဥ်အမြဲစွဲကိုင်ထားသည့်ထင်မြင်ချက်များအပေါ်ယုံကြည်မှုရှိလာသည်။
ဝမ်ကယ်၏ကြားဝင်ပြောဆိုမှုကြောင့် လူအများ သေချာပေါက်ကောက်ချက်ချထားသည့်အရာက အလှည့်အပြောင်းတစ်ခုဖြစ်လာသည်။ ဝမ်ကယ်ပေါ်ထွက်လာသည်နှင့် သူ့ဖန်များကလည်းအလိုလိုဘက်ပြောင်းကာ မိမိနတ်ဘုရားနှင့်တစ်သားတည်းရပ်တည်ကြသည်။
ရှားရှားပါးပါးပင် ကြားနေပွဲကြည့်သူအချို့ပင်ငြိမ်ကျသွားကာ ပြန်လည်သုံးသပ်ကြတော့သည်။ ထိုအခါ ယင်ဟန်၏စကားများက တစ်နေရာတစ်မျိုးနှင့်ရှေ့နောက်မညီတာကိုတွေ့လာရသည်။ သို့နှင့် သူကလူကြားကောင်းရုံသက်သက်ပြောနေတာလားဟု သံသယရှိလာသည်။
ဝမ်ကယ်သည် ဤကိစ္စနှင့်ပတ်သက်၍ ကုန်းကျယ်ဘက်မှပထမဆုံးရပ်တည်သည့်အနုပညာရှင်ဖြစ်သည်။ ထို့ကြောင့် ယခင်က အခြေအနေစောင့်ကြည့်နေကြသူများကလည်း ဝမ်ကယ်ရဲတင်းစွာထုတ်ပြောလာသည်ကိုမြင်တော့ သူတို့လည်း မိမိတို့၏ကိုယ်ပိုင်အမြင်များကိုထုတ်ပြောဖို့သတ္တိရှိလာသည်။
ယွီရန်က ဝမ်ကယ်ပြီးလျှင်ကုန်းကျယ်ဘက်မှလူသိရှင်ကြားရပ်တည်သည့် ဒုတိယမြောက်အနုပညာရှင်ဖြစ်သည်။ သူကအဖြစ်အပျက်အမှန်ကိုမသိသော်လည်း အတွင်းလူတစ်ယောက်အနေဖြင့် သူတို့သုံးဦး၏အခြေအနေအရ ဘာတွေဖြစ်ပျက်နေလဲဆိုတာခန့်မှန်းသိနိုင်သည်။ သူအနေဖြင့် အမှန်အတိုင်းထုတ်ပြော၍မရသော်လည်း မိမိ၏ရပ်တည်မှုကိုပြသ၍ ကုန်းကျယ်ကိုအားပေးချင်သည်။
အခြားအဖွဲ့ဝင်များကတော့ ဘာမှမသိကြသလို နှစ်ဖက်စလုံးနှင့်လည်းအသိမိတ်ဆွေများဖြစ်နေတော့ မိမိတို့ကိုယ်ပိုင်အမြင်ကိုဖော်ပြဖို့ခက်နေသည်။ ထို့ကြောင့် အချင်းချင်းနားလည်မှုဖြင့်သာ တိတ်ဆိတ်နေကြသည်။
နောက်တော့ အနုပညာအသိုင်းအဝိုင်းမှကုန်းကျယ်၏သူငယ်ချင်းအချို့ရှေ့ထွက်လာကာ ကုန်းကျယ်၏အကျင့်စာရိတ္တနှင့်ပတ်သက်၍ သူတို့သိသလောက်ပြောရလျှင် ကုန်းကျယ်သည်လူတစ်ယောက်ကိုအကြောင်းမဲ့ထိုးကြိတ်မည့်သူမဟုတ်ကြောင်းပြောလာသည်။
ဒီအကြောင်းသိထားသူ နာမည်ကြီးဝါရင့်အနုပညာရှင်အချို့ကလည်း မိမိတို့လက်ထောက်များကို ဗွီဒီယိုဖိုင်များရိုက်ကူးစေကာကင်မရာရှေ့မှောက်၌ ကုန်းကျယ်၏အကျင့်စာရိတ္တနှင့်ပတ်သက်၍ အသေးစိတ်ရှင်းလင်းပြောဆိုကြသည်။ သူတို့ကအဆုံး၌ စကားအချို့ထပ်ပြောခဲ့သည်။
“သူကလူကောင်းလေးပါ။ ဘယ်လိုစိတ်ရှည်သည်းခံရမလဲဆိုတာသိတယ်။ မလွှဲမရှောင်သာကိစ္စသာမဟုတ်ရင် အကြောင်းမဲ့သူများကိုထိုးကြိတ်မှာမဟုတ်ဘူး။”
ယင်ဟန်ကိုထောက်ခံအားပေးကြသော အင်တာနက်သုံးစွဲသူများစွာနှင့်နှိုင်းယှဉ်လျှင် ကုန်းကျယ်ဘက်မှရပ်တည်ကြသူများကအခြေအမြစ်ရှိကာ ပိုမိုယုံကြည်ဖွယ်ကောင်းနေသည်။ ထို့နောက်တရားဝင်ဖန်ဝဘ်ဆိုဒ်ကနေ ကုန်းကျယ်၏သီးသန့်ပြုမှုပြောဆိုပုံများစုပေါင်းထားသည့်ဗွီဒီယိုတစ်ပုဒ်ကိုညတွင်းချင်းတည်းြဖတ်ကာပို့စ်တင်ခဲ့သည်။
ဗွီဒီယိုကနာရီဝက်ကျော်ကြာမြင့်ပြီး အခြေအနေအမျိုးမျိုး၌ ကုန်းကျယ်၏ဖန်များအပေါ်ပြုမူဆက်ဆံပုံများပါဝင်သည်။ ဗွီဒီယိုထဲတွင်ကုန်းကျယ်က အပူလျှပ်နေသည့်ဝန်ထမ်းတစ်ယောက်ကိုအရိပ်ရအောင်ကူညီပေးနေပုံ၊ ရိုက်ကွင်းပစ္စည်းကိရိယာထောက်ပံ့သူအား ရိုက်ကူးရေးပစ္စည်းများအတူတကွကူသယ်ပေးနေပုံစသည်တို့ပါဝင်သည်။
ထိုအရာအားလုံးမှာ အသေးအမွှားကိစ္စများဖြစ်တာကြောင့် အမှတ်တမဲ့ကြည့်လိုက်လျှင် ဘာမှမဟုတ်ဟုခံစားရပေလိမ့်မည်။ သို့သော် အားလုံးကိုခြုံငုံကြည့်လျှင် ထိုအထဲခံစားချက်များစွာပါဝင်နေကြောင်းသိနိုင်သည်။ အထူးသဖြင့် ကုန်းကျယ်၏အလုပ်သိမ်းတိုင်းဝန်ထမ်းများအားလုံးကို ဉီးညွှတ်နှုတ်ဆက်ကာကျေးဇူးတင်ကြောင်းပြောသည့်မြင်ကွင်းကို ဗွီဒီယိုထဲတွင်အများဆုံးတွေ့ရပြီး ဒါကလူတစ်စုကိုနှုတ်ဆိတ်သွားစေသည်။ ဗွီဒီယိုအဆုံး၌ငါးမိနစ်စာအင်တာဗျူးတစ်ခုပါရှိသည်။ ထိုအင်တာဗျူးတွင် သတင်းထောက်က ကုန်းကျယ်ကိုအနုပညာလောကထဲဝင်ေရာက်ပြီးနောက်ပိုင်း ဘာတွေလေ့လာသင်ယူခဲ့ရသလဲဟုမေးလာသည်။ ကုန်းကျယ်ကမစဉ်းစားဘဲတန်းဖြေလိုက်သည်။
“နှိမ့်ချတတ်ဖို့ပါ။ လက်ရှိမင်းရဲ့အဆင့်အတန်းကဘာကြီးပဲဖြစ်နေဖြစ်နေ ကိုယ့်ကိုယ်ကိုယ်နှိမ့်ချတတ်ရမယ်။ ဘာလို့လဲဆိုတော့ ဒီအရာတွေကမင်းနောက်အမြဲပါလာမှာမဟုတ်ဘူး။ တစ်နေ့ကျမင်းမှာဘာမှရှိမှာမဟုတ်ဘူး။ ဒါကြောင့် လူတွေမှာအကျပ်အတည်းဖြစ်လာနိုင်တယ်ဆိုတဲ့အသိရှိရမယ်။ ကိုယ့်ကိုယ်ကိုစိတ်ကြီးဝင်ကျေနပ်နေလို့မရဘူး။ မာန်တက်နေဖို့ဆိုတာပိုတောင်မဖြစ်သင့်သေးတယ်။ ရှေးဆိုရိုးစကားကသိပ်မှန်တယ်။ နှိမ့်ချကျိုးနွံခြင်းက လူကိုတိုးတက်စေတယ်။ မာနထောင်လွှားခြင်းကလူကိုအကျိုးယုတ်စေတယ်။”
ကုန်းကျယ်က ဒီစကားများကိုစကားအဖြစ်ပြောခြင်းမဟုတ်၊ တကယ်လက်ေတွ့ကျင့်သုံးသူဖြစ်သည်။ တစ်ဖက်လူကဝါရင့်အနုပညာရှင်ကြီးဖြစ်စေ၊ အခုမှတက္ကသိုလ်ေကျာင်းဆင်းသည့်မနူးမနပ်သရုပ်ဆောင်သစ်လေးပဲဖြစ်ပါစေ၊ သူကအားလုံးကိုတန်းတူညီတူထား၍ အနှိမ့်ချအကျိုးနွံဆုံးစိတ်ထားဖြင့်ဆက်ဆံခဲ့သည်။
ဤဗွီဒီယိုကြည့်ပြီးနောက် လူတချို့တဖြည်းဖြည်းရှေ့ထွက်လာကာ မိမိတို့အမြင်ကိုထုတ်ဖော်ပြောဆိုလာသည်။
“ဒါတွေအားလုံးကဖန်တွေအမှတ်တမဲ့ရိုက်ကူးထားတာ။ ကုန်းကျယ်က ဒါမျိုးတမင်လုပ်ပြောမယ်မထင်ဘူး။”
တခြားလူများကလည်းပြောသည်။
“တကယ်တော့ ကုန်းကျယ်ကလူကောင်းတစ်ယောက်ပါ။ ငါအရင်ကရိုက်ကူးရေးအဖွဲ့တစ်ခုမှာအလုပ်လုပ်ဖူးတယ်။ အဲ့ဒီမှာသူနဲ့အနီးကပ်ပြောဆိုဆက်ဆံရတယ်။ သူက သိပ်နှိမ့်ချတတ်ပြီး နာမည်ကြီးတစ်ယောက်လိုဘယ်တော့မှမနေဘူး။ နောက်ပြီးဘယ်သူ့ကိုမဆိုနူးနူးညံ့ညံ့ပြောဆိုဆက်ဆံတယ်။ ငါတော့ သူလူတစ်ယောက်ကိုအကြောင်းမဲ့ ထိုးကြိတ်မယ်မထင်ဘူး။”
ထိုစဉ် တစ်စုံတစ်ယောက်ကရုတ်တရက်ထပြောလာသည်။
“မင်းတို့က အဲ့ဒီခွေးကောင်ယင်ဟန်ပြောတာကိုယုံရဲတယ်လား။”
အဲ့ဒီအချိန် လူတိုင်းကထိုအကောင့်ကို အာရုံစိုက်ခံချင်သည့်ပရိုမိုးရှင်းအကောင့်တစ်ခုဟုထင်ကာ ဘယ်သူမှပြန်အဖက်မလုပ်ခဲ့ပေ။ သို့သော်တစ်ရက်ကြာပြီးနောက် ထိုပရိုမိုးရှင်းအကောင့်မှ ရုတ်တရက်ဗွီဒီယိုတစ်ခု ကောက်တင်လိုက်သည်။ ထိုဗွီဒီယိုခေါင်းစဉ်က “ယင်ဟန် ရိုက်ကွင်းမှာနာမည်ကြီးတာကိုခုတုံးလုပ်ပြီး ဝန်ထမ်းတွေကိုဆဲဆိုတယ်။” ဟူ၍ဖြစ်သည်။
ဗွီဒီယိုက တစ်မိနစ်သာကြာမြင့်ပြီး အများစုကိုအသံပိတ်ထားသည်။ သို့သော် အင်တာနက်အသုံးပြုသူများက ပိတ်ထားသည့်အသံကိုအမြန်ဖော်ထုတ်လိုက်သည့်အခါ ဆင်ဆာဖြတ်ထားသည်များအားလုံးက မကြားဝံ့မနာသာ ဆဲရေးတိုင်းထွာသည့်စကားလုံးများဖြစ်နေသည်။ သူကလွန်လွန်ကျူးကျူးဆဲဆိုေနသည့်အပြင် တစ်ဖက်လူ၏မိသားစုကိုပါ ထိပါးဆဲဆိုတာကြောင့် အဆဲခံရသူဝန်ထမ်းခမျာငိုသွားရသည်။
ထိုအဖြစ်အပျက်ကိုမျက်မြင်ကြုံခဲ့ရသူအချို့က ၎င်းဝန်ထမ်းသည်ဘာအမှားမှမလုပ်ခဲ့ဘဲ၊ အမှတ်တမဲ့ ယင်ဟန်ရှေ့ခဏရပ်မိကာ သူ့မြင်ကွင်းကိုကွယ်မိတာကြောင့် ယင်ဟန်ပေါက်ကွဲပြီး ဝန်ထမ်းကိုဆဲဆိုတာဖြစ်ကြောင်းရှင်းပြသည်။
အမှန်ကိုသိရပြီးနောက် အင်တာနက်သုံးစွဲသူများက ယင်ဟန်ကို တစ်ယောက်ပြီးတစ်ယောက်ဝေဖန်အပြစ်တင်ကြသည်။ သူတို့က ယင်ဟန်သည် နာမည်ကြီးသည်ကိုအခွင့်ကောင်းယူသည်၊ အနုပညာရှင်ယောက်ဖြစ်ဖို့အရည်အချင်းလုံးဝမပြည့်မီဘူးစသဖြင့်ပြောဆိုကြသည်။ ဒီလိုအသေးအမွှားကိစ္စဖြင့် ရက်စက်သည့်စကားလုံးများသုံးကာ တစ်ဖက်လူ၏မိသားစုကိုပါစော်ကားေပြာဆိုနေပုံထောက်လျှင် သူ့အကျင့်စရိုက်က စိုးရိမ်စရာကောင်းနေလေပြီ။
ယင်ဟန်၏ဂုဏ်သတင်းက နေ့ခင်းညချင်းကျဆင်းသွားသည်။
ထို့နောက်တဖြည်းဖြည်းရေချိန်မြင့်သထက်မြင့်လာသည်။ နာရီဝက်အကြာတွင် လူတစ်ယောက်က ယင်ဟန်၏ကိုယ်ရေးကိုယ်တာဘဝအလွန်ရှုပ်ထွေးကြောင်းဖွင့်ချလာသည်။ သူကလိင်ဆက်ဆံရသည်ကိုကြိုက်နှစ်သက်ပြီး အထူးသဖြင့် ဆယ်ကျော်သက် (၁၇)နှစ် (၁၈)နှစ်အရွယ်ကောင်လေးများကိုရှာဖွေလေ့ရှိသည်ဟုဆိုသည်။ တစ်ခါကအသက်မပြည့်သေးသူ (၁၅)နှစ်အရွယ်ကောင်လေးတစ်ယောက်ကိုကျူးလွန်ခဲ့တာကြောင့် ကောင်လေး၏မိဘများက ယင်ဟန်ကိုတရားစွဲချင်ခဲ့ကြောင်း၊ သို့သော် ယင်ဟန်ကထိုကိစ္စကိုငွေနှင့်ပေါက်ဖြေရှင်းခဲ့ကြောင်း၊ သူကရှောင်ထွက်သွားသော်လည်း ကောင်လေးကတော့ စိတ်ပိုင်းဆိုင်ရာအလွန်အကျွံလှုံဆော်ခံရကာ စိတ်ရောဂါရခဲ့ကြောင်း၊ ယခုလက်ရှိတွင် စိတ်ရောဂါဖြင့် စိတ်ကျန်းမာရေးဆေးရုံတွင်ဆေးကုသမှုခံယူနေရဆဲဖြစ်ကြောင်းထွက်ပေါ်လာသည်။
အရှေ့ပိုင်းအကြောင်းအရာအချို့က ကြားမကောင်းသော်လည်း ပုဂ္ဂိုလ်ရေးနေထိုင်မှုပုံစံဟုဆိုနိုင်သေးသည်။ အခြားသူများနှင့် အတွေးအမြင်မတူနိုင်သော်လည်း ဝေဖန်အပြစ်တင်၍မရပေ။ သို့သော်နောက်ဆုံးအကြောင်းအရာကတော့ ပေါ့သေးသေးကိစ္စမဟုတ်၊ အသက်မပြည့်သေးသူတစ်ယောက်အားအဓမ္မပြုကျင့်ကာ ဘဝပျက်စေခဲ့ခြင်းကတရားဥပဒေနှင့်ငြိစွန်းနေလေပြီ။
ဒီတစ်ခါတော့ ယင်ဟန်ဘက်ကဘယ်သူမှကာကွယ်ပြောဆိုခြင်းမရှိတော့ပေ။ ထို့အပြင် ဘယ်သူကကောင်လေး၏မိဘများကိုရှာတွေ့သွားသည်မသိ၊ ယင်ဟန်၏ရာဇဝတ်မှုအား သက်သေနှင့်တကွဖော်ပြလာသည်။
သို့နှင့်ရဲများကစုံစမ်းစစ်ဆေးရန်ပါဝင်လာပြီး ယင်ဟန်ကိုဖမ်းဆီးခေါ်ဆောင်သွားသည်။ အဖြစ်အပျက်အစမှအဆုံးတိုင် ယင်ဟန်မှာမိမိကိုယ်ကိုတစ်ခွန်းမှကာကွယ်ပြောဆိုဖို့အချိန်မရလိုက်ပေ။
ကိစ္စများက ယင်ဟန်ကိုရဲများဖမ်းဆီးခေါ်ဆောင်သွားသည့်အရှက်ရစရာပုံရိပ်ဖြင့်အဆုံးသတ်သွားသည်။ မည်သူကမှနောက်ပိုင်းဘာဆက်ဖြစ်မလဲဆိုတာမသိကြပေ။ သို့သော် ယင်ဟန်ကိုစီရင်ချက်ချပြီး ထောင်ဒဏ်ကျခံရမည်ဟုကြားသိခဲ့ရသည်။
ကိစ္စများဤကဲ့သို့ပြောင်းလဲသွားလိမ့်မည်ဟုဘယ်သူမှမထင်မှတ်ထားခဲ့ပေ။ လွန်ခဲ့သောတစ်လကအင်တာနက်တစ်ခုလုံး ကုန်းကျယ်အပေါ်ပစ်မှတ်ထားခဲ့ပြီး ယင်ဟန်က အားနည်းကာအကူအညီမဲ့နေသောနစ်နာသူလေးဖြစ်သည်။
သို့သော် တစ်လအတွင်းအခြေအနေများကပြောင်းပြန်လှန်ပစ်လိုက်သလိုပင်။ အဆုံး၌ ယင်ဟန်ကထောင်ဒဏ်ချမှတ်ခံရပြီး ကုန်းကျယ်ကမှားယွင်းစွာအပြစ်တင်ခံခဲ့ရကာ တစ်ကျော့ပြန်အနိုင်ရခဲ့သည်။
ကုန်းကျယ်ဘာကြောင့်ယင်ဟန်ကိုထိုးကြိတ်ခဲ့ရသလဲဆိုသည့်အကြောင်းရင်းကို ဘယ်သူမှမသိရသော်လည်း ယင်ဟန်၏အပြုအမူများကအလွန်ဒေါသထွက်စရာကောင်းတာကြောင့် လူတိုင်းကသူ့ကိုထိုးကြိတ်ခဲ့သည့်အတွက် ကုန်းကျယ်ကိုအပြစ်မတင်ဘဲ ချီးကျူးကြသည့်အပြင် ကုန်းကျယ်က ယင်ဟန်ကိုထိုးတာနည်းသေးတယ်၊ ဒုက္ခိတဖြစ်သွားအောင်ထိုးရမှာဟုပင် ပြောဆိုကြသေးသည်။
အင်တာနက်ပေါ်ရှိကုန်းကျယ်ကိုဝေဖန်တိုက်ခိုက်မှုများ ညတွင်းချင်းလုံးဝပျောက်ကွယ်သွားသည်။ နောက်ဆုံးတော့မုန်တိုင်းများရပ်စဲသွားလေပြီ။
ထိုအချိန်ကျမှ ဝမ်ကယ်လည်းအသက်ရှုချောင်ကာ သက်ပြင်းချနိုင်လေသည်။ သူက အရှေ့တွင်ထိုင်နေသောမုရန်ကိုပြောလိုက်သည်။
“ကျေးဇူးတင်ပါတယ်။”
မုရန်က လက်ကာပြကာ:
“ဘာကျေးဇူးတင်စရာလိုလို့လဲ။ ငါက သူ့သူဌေးလေ။ ဒါကုမ္ပဏီအနေနဲ့လုပ်သင့်လုပ်ထိုက်တဲ့ကိစ္စပါ။”
ဝမ်ကယ်ကပြုံးကာ:
“ငါမင်းကိုထမင်းတစ်နပ်အကျွေးတင်သွားပြီ။ မင်းအားတဲ့အချိန် ငါမင်းကိုလိုက်ကျွေးမယ်။”
“ငါအခုအားတယ်လေကွာ!။”
မုရန်ကပြောရင်း မတ်တပ်ထရပ်ဖို့ပြင်သည်။
ဝမ်ကယ်ကအေးအေးဆေးဆေးပင်ပြောလိုက်သည်။
“ဒါပေမဲ့ငါမအားဘူး။”
မုရန်ကြောင်သွားပြီးနောက် သဘောပေါက်သွားကာ:
“အေးပါ၊ မင်းအခုတစ်ယောက်ယောက်ကိုသွားတွေ့ဖို့ အလျင်လိုနေမှန်းငါသိပါတယ်။ သွားပါ၊ သွားပါ၊ ထမင်းကနောက်မှစားမယ်။”
“ကျေးဇူးပဲ။”
ဝမ်ကယ်က ကျေးဇူးတင်စွာပြုံးပြပြီးနောက် တစ်ခါတည်းအခန်းပြင်ထွက်သွားသည်။
မုရန်က အလောတကြီးထွက်သွားသောဝမ်ကယ်၏ကျောပြင်ကိုကြည့်ရင်း ခေါင်းခါကာပြုံးလိုက်၏။ ထို့နောက် သူ့ဖုန်းက ဆက်သွယ်ရန်နေရာကိုဖွင့်ကာ အနီးစပ်ဆုံးဆက်သွယ်ထားသည့်ဖုန်းနံပါတ်တစ်ခုကိုနှိပ်၍ဖုန်းခေါ်လိုက်သည်။
ငါးစက္ကန့်ကြာတော့ တစ်ဖက်လူဖုန်းကိုင်လာသည်။ ထိုအခါ မုရန်ကအေးဆေးစွာပြောလိုက်၏။
“ယွီရန်လေး၊ ကိုယ်ဗိုက်ဆာနေပြီ။ အိမ်မြန်မြန်ပြန်လာပြီး ကိုယ့်ကိုထမင်းချက်ကျွေးပါတော့။”
*****
Aurora Novel Translation Team