Chapter 44
- Home
- All Mangas
- My CP must be sweet![Entertainment Circle] (Completed)
- Chapter 44 - ခံစားချက်များနက်ရှိုင်းစေမယ်
အပိုင်း (၄၄) – ခံစားချက်များနက်ရှိုင်းစေမယ်
👻👻👻
နောက်တစ်လကြာတော့ အင်တာနက်ပေါ်၌တဖြည်းဖြည်းပြန်လည်ငြိမ်သက်လာသည်။ အင်တာနက်သုံးစွဲသူများကလည်း ကုန်းကျယ်ထိုးကြိတ်သည့်ကိစ္စကို စိတ်ထဲမရှိကြတော့ပေ။
လော့မင်ဖန်းက ကုန်းကျယ်ကိုဇာတ်ကားအသစ်များလက်ခံရန် စတင်တိုက်တွန်းလာသည်။ သို့သော် ကုန်းကျယ်က ယခုလိုစိတ်တိုင်းကျနေချင်သလိုနေနိုင်သည့်နေ့စဉ်ဘဝကိုစွဲလန်းနှစ်ခြိုက်ကာ နောက်ထပ်ဘာဇာတ်ကားလက်မခံဘဲ တစ်နှစ်လောက်နားလိုကြောင်းပြောခဲ့သည်။
လော့မင်ဖန်းလည်းရွေးစရာမရှိသည့်အဆုံး ခြေတစ်လှမ်းဆုတ်ကာ ကုန်းကျယ်အတွက်ပေါ့ပေါ့ပါးပါးနှင့် အချိန်သိပ်မကုန်သောအလုပ်များရှာဖွေပေးဖို့လုပ်ရသည်။
တစ်ပတ်လောက်ရှာပြီးနောက် အလုပ်ကိစ္စအကြောင်းပြောရန် လော့မင်ဖန်းတစ်ယောက် အိမ်သို့ရောက်လာသည်။ ဝမ်ကယ်ရှားရှားပါးပါးနားရက်ရတာကြောင့် ကုန်းကျယ်နှင့်အတူဆိုဖာပေါ်ထိုင်ရင်း တီဗွီကြည့်နေသည်။
လော့မင်ဖန်းရုတ်တရက်ရောက်လာတာမြင်တော့ ဝမ်ကယ်ပါးစပ်ကလွှတ်ခနဲမေးမိသည်။
“မင်းဒီနေ့ ထျန်းထျန်းနဲ့ချိန်းတွေ့မှာမဟုတ်ဘူးလား။”
“အဟွတ် ဟွတ် ဟွတ်။”
လော့မင်ဖန်းရေသီးကာ သကြားခဲလေးပေါ်ရေတွေဖိတ်ကုန်သည်။ ကိုယ်ပေါ်ရုတ်တရက်ရေစိုတော့ သကြားခဲလေးမကျေမနပ်ဖြစ်ကာထအော်လိုက်သည်။
လော့မင်ဖန်းက ခွေးလေးကိုပေါင်ပေါ်အမြန်ချီတင်ပြီး အမွှေးများကိုတစ်ရှူးနှင့်သုတ်လိုက်သည်။ ထို့နောက် သူက ဝမ်ကယ့်ကိုရှက်ကိုးရှက်ကန်းဖြင့်ကြည့်ကာ:
“ဘယ်လိုလုပ်သိတာလဲ။”
“မနေ့ကထျန်းထျန်းပြောပြတာ။ သူက ဒီနေ့မင်းနဲ့ချိန်းတွေ့မှာကိုသိပ်မျှော်လင့်နေတာ။”
ဝမ်ကယ်က လော့မင်ဖန်းကိုရွှတ်နောက်နောက်အကြည့်ဖြင့်ကြည့်လိုက်သည်။
လော့မင်ဖန်းပိုလို့တောင်ရှက်သွားကာ မျက်နှာနီရဲသွားသည်။ သူ့ခမျာခေါင်းငုံ့၍ ခွေးမွှေးများရေသုတ်ကာ ရှေ့ကလူကိုမျက်နှာချင်းမဆိုင်ဝံ့တော့ပေ။
ဝမ်ကယ်က ကုန်းကျယ်၏အေးဂျင့်အရှက်အကြောက်ကြီးမှန်းသိတော့ အတန်အသင့်စနောက်ပြီး ဘာမှဆက်မပြောတော့ပေ။ သူကသကြားခဲလေးကိုခေါ်ကာ ထွက်သွားပြီး သူတို့ချင်းအလုပ်ကိစ္စပြောဖို့ထားခဲ့သည်။
ဝမ်ကယ်ထွက်သွားသည်နှင့် လော့မင်ဖန်းသက်ပြင်းချကာ အသက်ပြင်းပြင်းရှူလိုက်၏။ ထို့နောက် ခပ်တည်တည်ပင် ကုန်းကျယ်နှင့်အလုပ်ကိစ္စဆွေးနွေးလိုက်သည်။
“ခုတစ်လောတိုက်ရိုက်ထုတ်လွှင့်တာတွေ အရမ်းခေတ်စားနေတာမင်းလည်းသိတယ်မလား။ ငါကုမ္ပဏီနဲ့တိုင်ပင်ပြီးပြီ၊ ငါမင်းကိုတိုက်ရိုက်ထုတ်လွှင့်စေချင်တယ်။ နာရီဝက်လောက်ပါပဲ သိပ်မကြာဘူး။ ဘာအကြောင်းပြောရမယ်ဆိုပြီးမရှိဘူး။ မင်းကြိုက်တာပြောလို့ရတယ်။ ဒါအဓိကကဖန်တွေအတွက်ပဲ။ မင်းမျက်နှာမပြတာနှစ်ဝက်ပြည့်တော့မယ်။ ဖန်တွေကိုဒါနဲ့နှစ်သိမ့်တယ်လို့သဘောထားလိုက်။”
ကုန်းကျယ်က ငြင်းချင်သလိုမျက်မှောင်ကြုတ်လိုက်၏။
လော့မင်ဖန်က သူ့ကိုလွယ်လွယ်နဲ့စည်းရုံး၍မရနိုင်မှန်း မျှော်လင့်ထားပြီးဖြစ်တာကြောင့် ဆက်ပြောသည်။
“<<စွန့်စားလူငယ်များ>>အစီအစဉ်ကိုဇူလိုင်လကျမှလွှင့်မှာ။ အဲ့ဒါမတိုင်ခင် မင်းမှာဖန်တွေနဲ့ဘာအထိအတွေ့မှမရှိဘူး။ အကြာကြီးပျောက်နေရင် ဖန်တွေပြောစရာဖြစ်လာမယ်။ မင်းအလုပ်လာလုပ်တယ်လို့ပဲသဘောထားပေါ့။ မရတောင် (၁၅)မိနစ်ဆိုရပြီ။ မျက်နှာပြရုံပဲ။”
ကုန်းကျယ် အကြာကြီးအသံတိတ်နေရာမှ အတွေးဝင်သွားပုံရကာခေါင်းထောင်လာသည်။ သို့သော် သူကလက်ခံသည့်အမူအယာမပြသေးပေ။
လော့မင်ဖန်ကသက်ပြင်းချလိုက်ကာ:
“မင်းမလုပ်ချင်ဘူးဆိုလည်း…”
သူလက်လျှော့တော့မည့်ဆဲဆဲ ကုန်းကျယ်ကရုတ်တရက်မျက်လုံးအရောင်လက်သွားကာ မတ်မတ်ထိုင်ပြီးပြောလိုက်သည်။
“ကျွန်တော်လက်ခံတယ်။”
“ဟမ်?”
လော့မင်ဖန် အံ့အားသင့်သွားသည်။
“မင်းလက်ခံတယ်လား။”
“အင်း။”
ကုန်းကျယ်ခေါင်းညိတ်ပြလိုက်သည်။
“စောနိုင်သမျှစောစောစီစဉ်ပေး။ ကျွန်တော်သူတို့ကိုပြောစရာရှိတယ်၊ မြန်မြန်သွားပြီပြင်ဆင်လိုက်၊ မြန်လေကောင်းလေပဲ။”
“ဟမ်?။”
လော့မင်ဖန်း ကုန်းကျယ်၏သဘောထား အပြောင်းအလဲမြန်ပုံကိုလိုက်မမီတော့ပေ။ သူအကြာကြီးကြောင်တောင်တောင်ဖြစ်သွားပြီးမှခေါင်းညိတ်ပြလိုက်သည်။
“ကောင်းပြီ၊ ငါအရင်ပြန်စီစဉ်နှင့်မယ်။ ပြီးတာနဲ့မင်းကိုအကြောင်းကြားလိုက်မယ်။”
လော့မင်ဖန်းကအကြာကြီးမနေဘဲ တိုက်ရိုက်ထုတ်လွှင့်ဖို့စီစဉ်ရန် ကုမ္ပဏီသို့အမြန်ပြန်ထွက်သွားသည်။
လော့မင်ဖန်းပြန်သွားပြီးနောက် ဝမ်ကယ် သကြားခဲလေးကိုချီကာ စန္ဒရားခန်းထဲမှပြန်ထွက်လာသည်။
“မင်းတိုက်ရိုက်ထုတ်လွှင့်ဖို့သဘောတူလိုက်တာလား။”
“မင်းကြားလိုက်လား။”
ကုန်းကျယ်က သကြားခဲလေးကိုချီ၍ကြမ်းပြင်ပေါ်ချကာ ဝမ်ကယ့်ကိုပွေ့ဖက်လိုက်သည်။
“တချို့တလေပါ။”
ဝမ်ကယ်က ချိုချဉ်ဘူးထဲမှ သကြားလုံးနှစ်လုံးယူပြီး ပလတ်စတစ်အိတ်ကိုဖောက်လိုက်သည်။ ထို့နောက် သူတစ်လုံးစားပြီး ကုန်းကျယ်ကိုတစ်လုံးခွံ့ကျွေးလိုက်သည်။
ကုန်းကျယ်က မထင်မှတ်ဘဲပါးစပ်တင်းတင်းစေ့ကာ စားဖို့ငြင်းဆန်သည်။ သို့နှင့်ဝမ်ကယ် သကြားနှစ်လုံးကိုသူ့ပါးစပ်ထဲထည့်လိုက်သည်။ သူ့ပါးစပ်ထဲသကြားလုံးထည့်ပြီးသည်နှင့် ကုန်းကျယ်က ဝမ်ကယ့်ခေါင်းကိုကိုင်ကာ နှုတ်ခမ်းသားချင်းဖိကပ်လိုက်သည်။ ထို့နောက် လျှာဖြင့်ဝမ်ကယ့်သွားများကိုဟစေပြီး ဝမ်ကယ့်ပါးစပ်ထဲမှသကြားလုံးတစ်လုံးကိုပြန်လုလိုက်သည်။
ဝမ်ကယ်ကနှုတ်ခမ်းထောင့်မှတံတွေးများကိုလျှာဖြင့်သပ်ရင်း မျက်ဖြူလှန်လိုက်ကာ:
“အကျင့်ကိုက။”
ကုန်းကျယ်ဖြဲစပ်စပ်နှင့် သကြားလုံးကိုကိုက်ကာ ဝမ်ကယ့်နှုတ်ခမ်းများကိုနမ်းလိုက်သည်။
“မင်းပါးစပ်ထဲကဆို ပိုချိုတယ်။”
“မင်းပဲချို။”
ဝမ်ကယ်က ကုန်းကျယ်ပါးကိုညှစ်ပြီးပြောသည်။
“ငါအလုပ်အကြောင်းပြောနေတာလေ။”
“ငါလည်းငြင်းမလို့ပဲ၊ ဒါပေမဲ့ မင်းအရင်ကပြောဖူးတဲ့စကားကိုသတိရပြီး စိတ်ပြောင်းသွားတာ။”
ကုန်းကျယ်က ဝမ်ကယ့်ကိုရင်ခွင့်ထဲထပ်မံပွေ့ဖက်ကာပြောသည်။
“ဘာစကားလဲ။’
ဝမ်ကယ်မေးလိုက်သည်။
“ငါအရင်ကမင်းကိုမေးဖူးတယ်မလား။ ငါတို့ရဲ့တကယ့်ဆက်ဆံရေးကိုသာ ဖန်တွေသိသွားရင် ဘယ်လိုတုံ့ပြန်ကြမလဲဆိုတာလေ။ အဲ့ဒီတုန်းက ဖန်တွေတိုက်ပေါ်ကခုန်ချရင်ခုန်ချ၊ မဟုတ်ရင် ငါတို့ကိုပါအပါခေါ်ပြီး တိုက်ပေါ်ကခုန်ချလိမ့်မယ်လို့မင်းပြောခဲ့တယ်လေ။”
ဝမ်ကယ်ခဏစဉ်းစားပြီး ခေါင်းညိတ်လိုက်သည်။
“ပြောဖူးတယ်လေ။ အဲ့ဒါကတိုက်ရိုက်ထုတ်လွှင့်တာနဲ့ဘာဆိုင်လို့လဲ။”
“ငါ့အထင်သူတို့ကိုဥပဒေကြောင်းအရ အသိပညာအချို့ပေးသင့်တယ်။ သူတို့ရဲ့လုပ်ရပ်က ရည်ရွယ်ချက်ရှိတဲ့လူသတ်မှုမြောက်တယ်၊ တရားမဝင်ဘူးဆိုတာသူတို့ကိုအသိပေးရမယ်။”
ကုန်းကျယ်ကအတည်ပေါက်ပြောလိုက်သည်။
ဝမ်ကယ်လည်း ပေါကြောင်ကြောင်နိုင်သောမိမိချစ်သူကိုကြည့်ကာ ရယ်ရမလိုငိုရမလိုဖြစ်သွားသည်။
“မင်းကသူတို့ကို စည်းမျဉ်းဥပဒေသတွေတကယ်ဖတ်ပြမလို့လား။”
“အဲ့ဒါကတစ်စိတ်တစ်ပိုင်းပါ။ ဒါပေမဲ့ ငါကတော့သူတို့ကိုအရိတ်အမြွက်ကြိုပေးပြီး နှစ်သိမ့်ထားတာပိုကောင်းမယ်လို့ထင်တယ်။ ဒီလိုဆိုငါတို့လူသိရှင်ကြားချပြတဲ့အခါ သူတို့အရမ်းစိတ်မလှုပ်ရှားတော့ဘူးပေါ့။”
ဝမ်ကယ်ကသဘောမတူဘဲ သူ့ခေါင်းကိုပုတ်လိုက်သည်။
“ကျွမ်းကျွမ်း၊ မင်းအရမ်းငယ်သေးတယ်။ အရူးအမူးဖန်တွေကအကျိုးသင့်အကြောင်းသင့်စဉ်းစားမှာမဟုတ်ဘူး။ မင်းဘယ်လိုနှစ်သိမ့်နှစ်သိမ့်၊ ပေါက်ကွဲမဲ့လူက ပေါက်ကွဲမှာပဲ။”
ကုန်းကျယ်ကတော့ ဒါကိုမယုံကြည်ပေ။
“အလုပ်ဖြစ်မှာပါ။”
“ဒါဆိုလည်း မင်းကံကောင်းပါစေ။”
ဝမ်ကယ်ကပြောပြီး ကုန်းကျယ်ပေါင်ပေါ်မှဆင်းကာ သကြားခဲလေးကိုချီလိုက်သည်။
“ဘယ်သွားမလို့လဲ။”
ကုန်းကျယ်က ဝမ်ကယ်အပြင်ထွက်ဖို့ပြင်နေတာမြင်တော့မေးသည်။
“သကြားခဲလေးကိုယွီရန်ဆီပို့မလို့။”
ဝမ်ကယ်က သကြားခဲလေးကိုချီပြီး ကုန်းကျယ်ဘက် လက်ဖဝါးလေးများလှုပ်ယမ်းကာတာ့တာပြရင်း သကြားခဲလေးနားကပ်ပြီးပြောလိုက်သည်။
“မင်းအဖေကိုတာ့တာလုပ်လိုက်ဦး။”
“ဝုတ် ဝုတ်။”
သကြားခဲလေးက နှစ်ကြိမ်ဟောင်သံပေးလိုက်သည်။
“ဘာလို့ပို့မှာလဲ။ ငါတို့အားလုံးအိမ်မှာရှိတယ်မဟုတ်လား။”
ကုန်းကျယ်က နားမလည်သလိုလှမ်းကြည့်သည်။
“မင်းမနေ့က သားလေးလိုက်ရှုပ်နေလို့စိတ်ညစ်နေတယ်မဟုတ်ဘူးလား။ ငါကမင်းဆော့လို့ရအောင် ပို့ပေးတာ။”
ဝမ်ကယ်ကပြုံးပြီး ဘာလိုလိုပြောလိုက်သည်။
“လိုက်ရှုပ်တယ်?။ ငါ့ကိုဘာဆော့ခိုင်းမှာလဲ။”
ကုန်းကျယ်ဦးနှောက်က ရှားရှားပါးပါး ကြောင်တောင်တောင်ဖြစ်နေသည်။
ဝမ်ကယ်က မျက်ဖြူလှန်လိုက်ကာ စိတ်ဆိုးဆိုးနှင့်ပြောသည်။
“မင်းမမှတ်မိလည်းထားလိုက်တော့ ငါသားကိုမပို့တော့ဘူး။”
ထို့နောက် ဝမ်ကယ်ကသကြားခဲလေးကိုချီကာ ပွစိပွစိပြောပြီးပြန်ဝင်လာသည်။
“ဒီနေ့ရှားရှားပါးပါးအိမ်မှာရှိတုန်း မင်းဆန္ဒကိုတစ်ခေါက်လောက်ဖြည့်ဆည်းပေးမလို့၊ မလိုချင်လည်းထားလိုက်တော့။”
ဒီတော့မှ မနက်ကသကြားခဲလေးဝင်ရှုပ်လို့ပျက်သွားသည့် ဆိုဖာ play အကြောင်း ကုန်းကျယ်သတိရသွားသည်။ သူ ဆိုဖာပေါ်ကချက်ချင်းခုန်ထပြီး မျက်လုံးများအရောင်တလက်လက်တောက်ပကာပြောလိုက်သည်။
“လိုချင်တယ်၊ လိုချင်တယ်။ အဲ့ဒါကလုံးဝကိုလုပ်ရမှာ။ မြန်မြန်ပို့လိုက်၊ မြန်မြန်ပို့လိုက်။ ငါအရင်ပြင်ဆင်ထားနှင့်မယ်။”
“မင်းကဘာကိုပြင်ဆင်မှာလဲ။”
ဝမ်ကယ်က မေးသည်။
ကုန်းကျယ်ကလျှို့ဝှက်စွာပြုံးကာ စတိုခန်းထဲမှ စက္ကူပုံးလေးတစ်ပုံးထုတ်လာသည်။
“အဲ့ဒါဘာလဲ။”
ဝမ်ကယ်က သိလိုစိတ်ဖြင့်အနားလျှောက်သွားသည်။ သူကစက္ကူပုံးကိုဖွင့်မည်အလုပ် ကုန်းကျယ်ကသူ့ကိုလှမ်းတားပြီး ဝမ်ကယ့်ပခုံးကိုကိုင်ကာ တံခါးဆီတွန်းပို့လိုက်သည်။
“ပြန်လာမှကြည့်၊ သားကိုအရင်သွားပို့လိုက်၊ အချိန်ကျရင် မင်းကိုအဝပျော်ခိုင်းမယ်။”
“ဘာ?။”
ကုန်းကျယ်က စကားကိုတမင်မရေမရာပြောလိုက်သည်။ ဝမ်ကယ်က သေချာမကြားတာကြောင့် ထပ်မေးဖို့လုပ်သော်လည်း အိမ်အပြင်ဘက်သို့တွန်းပို့ခံလိုက်ရသည်။
ဆယ်မိနစ်ကြာတော့ ဝမ်ကယ်ပြန်ရောက်လာသည်။ ကုန်းကျယ်က တစ်ကိုယ်လုံးချွတ်ပြီးသားဖြစ်နေကာ တင်ပါးပြောင်ပြောင်ဖြင့် သူ့ကိုကျောပေးပြီး ဘာလုပ်လို့လုပ်နေမှန်းမသိရပေ။
ဝမ်ကယ်အံ့အားသင့်သွားကာ တံခါးကိုအမြန်ပိတ်လိုက်သည်။
“မင်းသေချင်နေပြီလား၊ အဝတ်အစားတွေအစောကြီးချွတ်ပြီး ဘာလုပ်မလို့လဲ။”
ကုန်းကျယ်ကပြန်လှည့်လာကာ ခြေလှမ်းကျဲများဖြင့် ဝမ်ကယ့်ဘေးလျှောက်လာပြီးပြောသည်။
“ဘယ်သူမှမြင်ပါဘူး။ ငါလိုက်ကာတွေချပြီးမှ ချွတ်တာပါ။”
သူကပြောပြီးသည်နှင့် ဝမ်ကယ့်ကိုပွေ့ချီကာဆိုဖာဆီလျှောက်သွားသည်။
အခန်းထဲမှထုတ်လာသည့်စက္ကူဘူးက အဖုံးဖွင့်လျက်သားနှင့် ဆိုဖာဘေးရောက်နေသည်။ ဝမ်ကယ် အခုမှအထဲကပစ္စည်းများကိုမြင်သွားသည်။ မြင်ကွင်းက သူ့ကိုရှက်သွေးဖြာသွားစေကာ သူ့ကိုယ်ပေါ်ကလူကိုလှမ်းရိုက်လိုက်သည်။
“မင်းဘာလို့ဒါတွေဝယ်ထားတာလဲ။”
“သေချာပေါက်သုံးဖို့ပေါ့။ ကျွမ်းကျင်သူတွေကပြောတယ်၊ သင့်တော်တဲ့လိင်ကစားစရာတွေဟာ လင်မယားကြားမှာ ခံစားချက်တွေနက်ရှိုင်းစေတယ်တဲ့။”
ကုန်းကျယ်ကပြောရင်း ဘူးထဲနေပစ္စည်းတစ်ခုထုတ်လိုက်သည်။
ကုန်းကျယ်ကိုင်ထားသည့်အရာကိုမြင်တော့ ဝမ်ကယ်လေးဘက်ထောက်ကာ ကြမ်းပြင်ပေါ်ပြေးဆင်းလိုက်သည်။ သို့သော် ကုန်းကျယ်က သူ့ကိုယ်လုံးနှင့် ဝမ်ကယ့်ကိုအလွယ်လေးဖိထားလိုက်သည်။
“ကျွမ်းကျွမ်း၊ မင်း လိင်ကစားစရာဝယ်လာတာရောဟုတ်ရဲ့လား။ SM ပစ္စည်းတွေတော့မဟုတ်ပါဘူးနော်။”
ဝမ်ကယ်က တလက်လက်တောက်ပနေသော အမည်းရောင်လက်ထိပ်ကိုကြည့်ပြီး တံတွေးမျိုချလိုက်သည်။
ကုန်းကျယ်က ဝမ်ကယ်အမေးကိုကြားတော့ လက်ထိပ်ကိုသေချာကြည့်ပြီးပြန်ဖြေသည်။
“အဲ့ဒါနှစ်ခုကသိပ်မကွာဘူးမဟုတ်လား။”
“ဒီလောက်နှစ်တွေကြာလာတော့ ငါတို့ရဲ့လိင်မှုဘဝက အရမ်းငြီးငွေ့စရာကောင်းတယ်လို့မထင်ဘူးလား။ အခုနည်းလမ်းမျိုးစုံနဲ့ကစားပြီး လင်မယားကြားခံစားချက်ကို ပိုနက်ရှိုင်းအောင်လုပ်ရမဲ့အချိန်ကျပြီ။”
ကုန်းကျယ်က ဝမ်ကယ့်ကိုလက်ထိပ်ခတ်ကာ ရုပ်တည်နှင့်ပြောသည်။
“ရှူး၊ စကားတွေမပြောနဲ့တော့၊ ငါတို့အချိန်ရှိတုန်း ဒါတွေအကုန်လုံးသုံးပြီးကစားကြည့်ရအောင်။”
ဝမ်ကယ်က သေတ္တာပုံးအပြည့်ပစ္စည်းများကိုကြည့်ကာ ငိုသံပါနှင့်ပြောလိုက်သည်။
“မင်းကနှာဘူးပဲ။”
ထိုနေ့က အားနည်း၍ကူကယ်ရာမဲ့နေသောဝမ်ကယ်လေးကို မူမမှန်ဖြစ်နေသည့်ကုန်းကျွမ်းကျွမ်းမှ ဆိုဖာပေါ်တစ်ချိန်လုံးဖိထားခဲ့သည်။ အချိန်တွေမည်မျှကြာသွားသည်မသိ သူ့အသိစိတ်များစတင်ပျက်ယွင်းလာတော့ အပြင်မှာကောင်းကင်ကြီးမှောင်မည်းနေလေပြီ။ နောက်ပြီး မသုံးရသေးသည့်ကစားစရာများက ပုံးတစ်ဝက်လောက်ကျန်သေးသည်။
“တောင့်ထား၊ တစ်ဝက်ပဲကျန်တော့တယ်။ မင်းမနက်ဖြန်အလုပ်မရှိဘူး။ ငါတို့တစ်ညလုံးလုပ်ရအောင်။”
ကုန်းကျယ်ကပြောရင်း နောက်တစ်ချီစလုပ်ဖို့ပြင်သည်။
“မ…မဖြစ်ဘူး။ တစ်နေ့ခင်းလုံးလုပ်ပြီးပြီလေ၊ ငါတကယ်ပင်ပန်းနေပြီ။ ကျွမ်းကျွမ်း မင်းငါ့ကိုခဏပေးနားပါဦး။”
ဝမ်ကယ့်အသံက လုံးဝအက်ရှနေသည်။ သူ့ခြေထောက်များကအလွန်ပျော့ခွေနေကာ ပြန်ပင်မစေ့နိုင်တော့။
ကုန်းကျယ်က ပစ္စည်းတစ်ဝက်ကျန်သေးသည့်ပုံးကိုကြည့်လိုက် ဝမ်ကယ့်ကိုကြည့်လိုက်လုပ်ပြီးနောက် ဇနီးဖြစ်သူအပေါ်စိုးရိမ်စိတ်ကအနိုင်ရရှိသွားကာ ပုံးကိုဘေးသို့ကန်ထုတ်လိုက်သည်။
“ဒါတွေနောက်တစ်ခေါက်မှသုံးတာပေါ့။ ငါညစာအရင်သွားချက်လိုက်မယ်။”
“အင်း။”
ဝမ်ကယ်က ကုန်းကျယ်ထသွားတာမြင်တော့ ချီးကျူးဖို့ပြင်လိုက်သည်။ သို့သော် ကုန်းကျယ်ကဆက်ပြောလာသည်။
“စားပြီးရင် ငါတို့ဆက်လုပ်ရအောင်။”
“……”
“သွားစမ်း!”
*****
Aurora Novel Translation Team