Chapter 6
- Home
- All Mangas
- My CP must be sweet![Entertainment Circle] (Completed)
- Chapter 6 - မင်းကိုနို့တိုက်မယ်
အပိုင်း (၆) – မင်းကိုနို့တိုက်မယ်
👻👻👻
လူနှစ်ယောက်နှင့်ခွေးတစ်ကောင် အပြင်ဘက်၌ လမ်းလျှောက်ထွက်နေသည်။ လမ်းမီးတိုင်လေးတစ်ခုနားဖြတ်သွားတော့ သကြားခဲက သူ့အရိပ်သူပြန်မြင်ကာ အရိပ်နောက်အကြာကြီး ပြေးလိုက်နေသည်။ သူတို့နှစ်ဦး အဲ့ဒါကိုမြင်တော့ မီးတိုင်မှာသိုင်းကြိုးလေးချည်ပြီး သကြားခဲ အိမ်မပြန်ခင် ပျော်ပျော်ပါးပါးပြေးဆော့နေသည်ကို နှစ်ယောက်သား တိတ်တဆိတ်ထိုင်ကြည့်နေခဲ့သည်။
ပထမဆုံးအကြိမ် အိမ်ဝယ်ဖို့ရွေးချယ်ခဲ့စဥ်က နေရာတော်တော်များများနှင့်နှိုင်းယှဉ်ပြီးမှ သူတို့ ဒီအိမ်ကိုရွေးချယ်ခဲ့သည်။ အကြောင်းက ဒီအိမ်သည် မြို့ပြနှင့်ဝေးသောဆင်ခြေဖုံးရပ်ကွက်တွင်တည်ရှိပြီး ပတ်ဝန်းကျင်အနေအထားအရ တိတ်ဆိတ်အေးချမ်းကာ လုံခြုံရေးတင်းကြပ်ထားသည်။ ဤနေရာတွင်နေထိုင်ကြသူများမှာ ဂုဏ်သရေရှိကြွယ်ဝချမ်းသာသူများဖြစ်သည်။ တစ်မိနစ်ကို မီလီယံနှင့်ချီဝင်ငွေရှိကြသူများသည် အနုပညာလောကရှိ အတင်းအဖျင်းသတင်းများကို ဂရုစိုက်လေ့ မရှိတာကြောင့် သူတို့နှစ်ယောက်အပေါ် သိပ်အာရုံမစိုက်ကြပေ။
သူတို့ ဒီနေရာတွင်နေထိုင်ခဲ့သည်မှာ ငါးနှစ်နီးပါးရှိလေပြီ။ နှစ်ဦးသား မကြာခဏဆိုသလို ညဘက်၌ အတူတူအပြင်ထွက်လမ်းလျှောက်ကာအပန်းဖြေကြသည်။ တိုက်ဆိုင်မှုလား၊ ကံကောင်း၍လားမသိ၊ အချိန်ဒီလောက်ကြာခဲ့တာတောင် အပြင်မှာ သူတို့နှစ်ယောက်နှင့်တခြားသူများ မတော်တဆဆုံမိခြင်းမျိုးတစ်ခါမှမရှိခဲ့ပေ။ ဒီတစ်ခေါက်လည်း သူတို့အပြင်မှာတစ်နာရီနီးပါးရှိနေပြီဖြစ်ကာ လမ်းသွားလမ်းလာတစ်ဦးတစ်ယောက်မှမရှိဘဲ အိမ်စီးကားအနည်းငယ်သာ သူတို့ဘေးမှဖြတ်သွားကြသည်။
သကြားခဲလေးက သူ့အရိပ်သူလိုက်နေရာမှ နာရီဝက်ခန့်ကြာတော့ နောက်ဆုံးမှာ ပင်ပန်းသွားပုံရသည်။ သူက မြေကြီးပေါ်လှဲချကာ လျှာလေးထုတ်ပြီး တဟဲဟဲအသက်ရှုနေသည်။ ဝမ်ကယ်က သူ့ကို ခေါင်းလေးကိုပွတ်ပေးပြီး သိုင်းကြိုးကိုဆွဲကာ အိမ်သို့ပြန်လာလိုက်သည်။
သကြားခဲကိုနေရာချပြီးနောက် ကုန်းကျယ် gym အခန်းထဲဝင်သွားသည်။ သူက ခန္ဓာကိုယ်အချိုးအစားကိုထိန်းထားရန် ညတိုင်းနှစ်နာရီကြာလေ့ကျင့်ခန်းလုပ်လေ့ရှိသည်။ ဝမ်ကယ်ကတော့ ဘယ်လောက်စားစားမဝဘဲ တစ်နှစ်ပတ်လုံးနေလို့အသားမတက်သည့် ခန္ဓာကိုယ်တည်ဆောက်ပုံကြောင့် gym ကစားဖို့ဆိုတာ သူ့စိတ်အခြေအနေအပေါ်သာ လုံးဝမူတည်နေသည်။
များသောအားဖြင့် သူက ဒီအချိန်ဆို စန္ဒရားခန်းထဲသွားကာ စန္ဒရားတီးလေ့ရှိသည်။ သို့သော် ယနေ့ဝောာ့ သူရုတ်တရက်စိတ်ကူးပေါက်ပြီး အားကစားဝတ်စုံလဲကာ ကုန်းကျယ်နှင့်အတူ gym အခန်းထဲလိုက်လာသည်။
ဝမ်ကယ်က gym ဆော့ခဲပြီး လေ့ကျင့်ရေးကိရိယာများကို ကုန်းကျယ်လောက်မရင်းနှီးပေ။ သို့နှင့် မတတ်သာဘဲ ကုန်းကျယ်ကို ဆရာတင်ကာ သင်ပြခိုင်းရသည်။
သို့သော် လက်တွဲဖော်ကို gym ဆော့သင်ခိုင်းရသည်က တကယ်တမ်းတော့ သိပ်မကောင်းလှ၊ မကောင်းရသည့်အကြောင်းရင်းက သူ့လက်တွဲဖော်သည် သူ့အား မကြာခဏ ဟိုကိုင်ဒီကိုင်လုပ်နေသောကြောင့်ဖြစ်၏။
ကုန်းကျယ်မှာ သင်ပြပေးသည်ဟုခေါင်းစဉ်တပ်ထားသော်လည်း အမှန်တော့ တို့ဟူးစား(အသားယူ)နေခြင်းဖြစ်သည်။ တစ်ကိုယ်လုံး ကုန်းကျယ်အကိုင်ခံရပြီးနောက် ဝမ်ကယ် နောက်ဆုံးမှာ ပေါက်ကွဲတော့သည်။ သူက လက်မောင်းလေ့ကျင့်ရေးကိရိယာကို ချစ်သူထံပစ်ပေါက်ကာ အသားကုန်ထုနှက်ပစ်လိုက်သည်။
ရလဒ်ကတော့ ဘယ်ကနေဘယ်လိုဖြစ်သွားသည်မသိ၊ နှစ်ယောက်သားအချစ်စမ်းသည့်ဘက်ရောက်သွားလေသည်။ ဝမ်ကယ်ပြန်အသိဝင်လာတော့ သူ့ခမျာ ကိုယ်ပေါ်ဝတ်ထားသည့်စွပ်ကျယ်နှင့်ဘောင်းဘီတိုလေးအချွတ်ခံထားရကာ အဝတ်ဗလာဖြစ်နေသည်။ ကုန်းကျယ်ကတော့ အဝတ်အစားများပုံမပျက်ရှိနေပြီး သူ့ရင်ဘတ်ပေါ်မျက်နှာအပ်ကာ လျက်လိုက်ကိုက်လိုက်လုပ်နေ၏။
အခြေအနေက ထိန်းချုပ်မရသည့်အဆင့်ဖြစ်သွားပြီး ဝမ်ကယ်မတတ်သာဘဲအလျှော့ပေးလိုက်ရသည်။ သူက ခြေလက်လေးဖက်လုံးဖြန့်ကာ အပေါ်ကလူကို လုပ်ချင်တိုင်းလုပ်ခွင့်ပြုလိုက်သည်။
သို့သော် ကုန်းကျယ် သေနတ်ဆွဲကိုင်၊တိုက်ပွဲဝင်မည်အလုပ်၊ တံခါးဝမှ ရုတ်တရက် ခွေးဟောင်သံအကျယ်ကြီးထွက်လာကာ တံခါးကိုတကျစ်ကျစ်ကုတ်ခြစ်သံများထွက်လာသည်။
လုပ်နေရင်းတန်းလန်းရပ်လိုက်ရသောကြောင့် သူတို့နှစ်ဦးစလုံး တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ အကြာကြီးအသံတိတ်သွားသည်။ နောက်ဆုံးမှာ သကြားခဲလေး၏အသံကကြားရတာအလွန်သနားစရာကောင်းလာသည်။ သည်တော့မှ ကုန်းကျယ်လည်းမတ်တတ်ထကာ အင်္ကျီပြန်ဝတ်လိုက်သည်။ ထို့နောက် သူက တံခါးဖွင့်၍ သူ့ခွေးသားလေးကို အစာသွားကျွေးလေသည်။
ဝမ်ကယ်က နေရာမှာပင်ရှိသေးကာ နောက်ဆက်တွဲခံစားမှုများထဲ နစ်မျောနေဆဲဖြစ်သည်။ သူ့ရင်ဘတ်က နိမ့်ချည်မြင့်ချည်ပြင်းထန်စွာလှုပ်ရှားနေ၏။ ခဏနေတော့ သူ ထထိုင်ကာ လက်တုန်ခြေတုန်ဖြင့် အဝတ်အစားများပြန်ဝတ်လိုက်သည်။
သူထွက်လာတော့ ကုန်းကျယ်က ခွေးအစာခွက်ထဲ နွားနို့များလောင်းထည့်နေသည်။ ထို့နောက် သကြားခဲလေးစားသောက်နေသည်ကိုကြည့်ရင်း ကျေနပ်ပီတိဖြစ်သလိုနှာမှုတ်ကာ သူ့သားကိုပြောလိုက်သည်။
“ကောင်းကောင်းနို့သောက်၊ မဟောင်နဲ့တော့နော်၊ ခဏနေ အဖေက မင်းဖေဖေလေးဆီပြန်ပြီး နို့တိုက်ရဦးမှာ……”
ဝမ်ကယ်: “…..”
ဝမ်ကယ် သူ့ရှေ့ကလူကို လက်သီးနှင့်ပြေးထိုးရမလား၊ ခြေထောက်နှင့်ဆောင့်ကန်ရမလား ဝေခွဲမရဖြစ်သွားသည်။ သို့သော် တစ်ဖက်လူက ထိုင်နေရာမှပြန်ထလာသည်။ ဝမ်ကယ်အပြင်ထွက်လာတာမြင်တော့ သူ့မျက်လုံးများအရောင်လက်သွားသည်။ သူက လေတစ်ချက်ချွန်ကာ သူခိုးမိန်းမခိုးသလို လူကိုပုခုံးပေါ်ထမ်း၍ အပေါ်ထပ်သို့ခြေလှမ်းအနည်းငယ်သာလှမ်းကာတက်သွားသည်။ ထို့နောက် သူက အခန်းတံခါးပိတ်၍ နို့တိုက်ဖို့ပြင်တော့သည်။
စားပြီးသောက်ပြီးတော့ သကြားခဲလေး ကြမ်းပေါ်ခဏလှိမ့်ဆော့လိုက်သည်။ ထို့နောက် ခြေထောက်တိုတိုလေးများဖြင့် ဒုတိယထပ်သို့တက်ကာ ရှေ့လက်တစ်ချောင်းထုတ်၍ တံခါးကိုတွန်းလိုက်သည်။ တံခါးကတွန်းဖွင့်၍မရ၊ သို့သော် အထဲမှာသေချာပေါက်လှုပ်ရှားမှုများရှိနေသည်။ သို့နှင့် သူက တံခါးကိုကုတ်ခြစ်ကာ အကြိမ်အနည်းငယ်ထပ်ဟောင်လိုက်သည်။
ဒီတစ်ခါတော့ သူ့ကို ဘယ်သူမှတံခါးလာမဖွင့်ပေးပေ။ သို့နှင့် သူ ဆက်ဟောင်လိုက်သည်။
သို့သော် သူ ကျယ်ကျယ်ဟောင်လေ၊ အထဲကအော်သံကလည်း ပိုကျယ်လာလေပင်။ သကြားခဲလေးမှာ ထိုအော်သံက သူ့ဖေဖေလေးအသံမှန်းသိတော့ ဖေဖေလေး သူ့ကိုစကားပြန်ပြောသည်အထင်ဖြင့် ဝမ်းသာစွာ ပြန်လည်တဝုတ်ဝုတ်ဟောင်သံပေးနေသည်။
နောက်တော့ သူ ဟောင်ရတာပင်ပန်းလာသည်။ သူ့ဖေဖေလေးလည်း အခန်းထဲမှထွက်လာတာမတွေ့ရပေ။ သို့နှင့် သူခမျာ တံခါးရှေ့မှောက်အိပ်ကာ တအီအီအသံပေးနေခဲ့သည်။
အထဲက လှုပ်ရှားသံများကျယ်လောင်စွာထွက်ပေါ်နေဆဲဖြစ်ကာ “ဟင့်အင်း…..” “နက်တယ်….” “မလုပ်နဲ့” စသည့် မပီမပြင်ဝိုးတဝါးငိုညည်းသံများကို ကြားနေရသည်။ သို့သော် ရွှေအိုရောင်အမွှေးထူခွေးလေး၊ သကြားခဲမှာ အသက်ပြည့်ပြီးသား အရွယ်ရောက်သူလူကြီးများ၏ ဘာသာစကားအဓိပ္ပါယ်နက်ရှိုင်းပုံကို ဖမ်းဆုပ်မိဟန်မတူဘဲ နားလည်သဘောမပေါက်နိုင်စွမ်းမရှိမှန်းသိသာလှသည်။ သူက ထုံးစံအတိုင်း “ဝုတ်” ခနဲအသံတစ်ချက်ပေးရင်း ဖေဖေလေး၏အော်ဟစ်သံများကြား တဖြည်းဖြည်းအိပ်ပျော်သွားတော့သည်။
နောက်တစ်နေ့တွင် ဝမ်ကယ် နေ့လယ်ခင်းမှ အိပ်ရာနိုးလာသည်။ သူ့တစ်ကိုယ်လုံး နာကျင်ကိုက်ခဲကာ အားမရှိသလိုပျော့ခွေနေသည်။ သို့သော် နေရဝာာသက်တောင့်သက်သာမရှိတာမျိုးတော့မဟုတ်ပေ။ နောက်ဆုံးကျ ကုန်းကျယ်က မနေ့ည၌ ရမ္မက်ဆန္ဒများထဲ အပြည့်အဝမနစ်မြှုပ်သွားဘဲ တစ်ကြိမ်တည်းလုပ်ကာ သူ့ကိုပြန်လွှတ်ပေးခဲ့သည်။ နောက်ပြီး အိပ်ရာမဝင်ခင် သူ့ကို နာရီဝက်ကြာနှိပ်နယ်ပေးခဲ့သည်။
ကုန်းကျန်က ဆန်ပြုတ်ပန်းကန်လေးသယ်ကာ အခန်းထဲဝင်လာသည်။ သကြားခဲလည်း သူနှင့်အတူလိုက်ဝင်လာသည်။ သကြားခဲက ရှေ့လက်နှစ်ဖက်ဖြင့် ကုတင်ကိုထောက်ကာ ဝမ်ကယ့်အားပျော်ရွှင်စွာ အမြှီးယမ်းပြနှုတ်ဆက်လိုက်သည်။ ဝမ်ကယ်လည်း သူ့သားခေါင်းကိုအသာပွတ်လိုက်၏။ ထို့နောက် ကုတင်ခေါင်းရင်းမှီကာ ကုန်းကျယ်ခွံ့ကျွေးသည်ကို ပါးစပ်ဟပေးလိုက်သည်။
ပထမတစ်လုတ်စားပြီးနောက် ဝမ်ကယ် ပြောလိုက်သည်။
“မစ္စတာကုန်း၊ မင်း ငါ့ကိုဒီရက်ပိုင်း အိပ်ရာပေါ်ကမဆင်းနိုင်အောင်လုပ်ဖို့ တကယ်ကြီးကြံစည်ထားသလား။”
ကုန်းကျယ်ကပြုံးရင်း ဆန်ပြုတ်ကိုအေးအောင်မှုတ်ကာ ပါးစပ်ထဲခွံ့လိုက်သည်။
“ငါ အဲ့လိုအရမ်းလုပ်ချင်တာပေါ့၊ ဒါပေမဲ့ မင်းယောကျာ်းက တကယ့်သားရဲတိရစ္ဆာန်ကြီးမှမဟုတ်တာ။ မင်းကသဘောတူတောင် ငါက မင်းကျန်းမာရေးအတွက်စိတ်ပူတယ်။ မင်း ခံနိုင်ရည်ရှိမှာမဟုတ်ဘူး။”
ကုန်းကျယ်က ထိုစကားများကို နူးညံ့ညင်သာသည့်မျက်နှာထားဖြင့်ဆိုလာဝောာ့ ဝမ်ကယ်တစ်ယောက် ခေါင်းမာမာဖြင့် မျက်နှာလေးနီမြန်းကာ အသံတိတ်သွားသည်။
နောက်ပိုင်းရက်များ၌ ကုန်းကျယ်က သူ့အားအဆုံးထိမလုပ်ပေ။ မတော်တဆလုပ်ဖြစ်သွားတာမျိုးရှိသော်လည်း နောက်ဆုံးမှာ လက်ဒါမှမဟုတ်ပါးစပ်နှင့်သာ ဖြေရှင်းဖြစ်ခဲ့သည်။
သူတို့နှစ်ယောက် တစ်ပတ်လုံးအိမ်မှာနေခဲ့ကြသည်။ ညနေခင်း သကြားခဲလေးနှင့်အတူ လမ်းလျှောက်ထွက်သည်ကလွဲလျှင် ဘယ်မှမသွားဘဲ တစ်ချိန်လုံးအိမ်မှာသာရှိခဲ့သည်။ သူတို့နှစ်ယောက်လုံး ယခုလိုရက်ရှည်အားလပ်ရက်ရသည်မှာ အတော်ရှား၏။ နောက်ပြီး နှစ်ယောက်သား သိပ်လည်းမပျင်းရ။ ရုပ်ရှင်ကြည့်လိုက်၊ ခွေးလေးနှင့်ဆော့လိုက်လုပ်ကာ ဘဝကအလွန်ပျော်ရွှင်စရာကောင်းလှသည်။
သို့သော် စနေနေ့ည (၁၁)နာရီထိုးတွင် သူတို့၏ တိတ်ဆိတ်အေးချမ်းသောဘဝလေး ပျက်စီးသွားရသည်။
ထိုအချိန်က သူတို့နှစ်ဦး အိမ်တွင် “စနေနေ့တွေ့ကြမယ်” အစီအစဉ်၏ အကြိုထုတ်လွှင့်မှုကိုကြည့်ရှုရန်စောင့်ဆိုင်းနေခဲ့သည်။ အကြိုထုတ်လွှင့်မှုအားကြည့်ပြီးနောက် ကုန်းကျယ်က ပြောလိုက်သည်။
“ငါ့အထင်ငါတို့နှစ်ယောက် အခုဆို hot search တက်နေလောက်ပြီ။”
ဝမ်ကယ်ကပြုံးပြီး weibo ဖွင့်ကြည့်လိုက်သည်။ ထင်သည့်အတိုင်း သူတို့နှစ်ယောက်နာမည်က hot search နံပါတ်တစ်ဖြစ်နေပြီး ဘေးမှာလည်းအနီရောင်ရဲရဲသင်္ကေတပေါ်နေသည်။
ဝမ်ကယ်က အဲ့ဒါကိုနှိပ်မကြည့်တော့ဘဲ weibo မှထွက်လိုက်သည်။
ထိုအချိန်မှာပင် သူတို့အေးဂျင့်များက သူတို့ထံအသီးသီးဖုန်းခေါ်လာသည်။ သူတို့နှစ်ဦးတစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ စကားအနည်းငယ်ပြောပြီး ဖုန်းပြန်ချလိုက်သည်။
“အားလုံး ဒီကိစ္စပဲပြောတာမလား။”
ကုန်းကျယ်ကမေးလိုက်သည်။
“လျှောက်မပြောနဲ့၊ အခြေအနေအရင်စောင့်ကြည့်ပါဦး။”
ဝမ်ကယ်က ပြောလိုက်သည်။
“သေချာတယ်။ နှစ်ယောက်စလုံးဒါပဲပြောကြမှာ။”
ကုန်းကျယ်က ရယ်ရင်း:
“ငါအစောကြီးကတည်း သူတို့နှစ်ယောက်ကို မသင်္ကာဘူး။ ငါတို့မသိအောင် နောက်ကွယ်မှာခိုးတွဲနေတယ်လို့ သံသယရှိနေတာ။”
“ဘယ်သူလဲ။”
“ဘယ်သူရှိရဦးမှာလဲ။ မင်းအေးဂျင့်နဲ့ ငါ့ရဲ့အေးဂျင့်ပေါ့။”
ဝမ်ကယ်: ?????
သူတို့နှစ်ယောက်လုံး၏အေးဂျင့်များက ယောကျာ်းကြီးတွေဆိုသည်ကို အရင်အသာထား။ နှစ်ယောက်စလုံး၏အကျင့်စရိုက်အရ ဘယ်လိုကြည့်ကြည့် တွဲဖို့ဆိုတာမဖြစ်နိုင်ပေ။ တစ်ယောက်က ကနွဲ့ကလျ၊ တစ်ယောက်က အငိုသန်လေး…. ဘယ်သူကအပေါ်၊ ဘယ်သူကအောက်ကလဲ။
ခဏနေတော့ အနုပညာအသိုင်းအဝိုင်းမှ ရင်းနှီးသည့်သူငယ်ချင်းမိတ်ဆွေအချို့လည်း WeChat မှတဆင့် ဒီအကြောင်းလှမ်းမေးကြသည်။
ဒီကိစ္စက ဖန်များနှင့် အင်တာနက်သုံးစွဲသူများအပေါ်သာမက ထိုသူတို့အပေါ်မှာပါ အတော်လေးသက်ရောက်မှုရှိသည်မှာ ထင်ရှားသည်။
“အင်တာနက်ပေါ်မှာ ဘာတွေပြောနေကြလဲ မင်းဖတ်ကြည့်ချင်လား။”
ကုန်းကျယ်က ဝမ်ကယ်ကိုဖက်ထားရင်း မေးလိုက်သည်။
ဝမ်ကယ်က ချက်ချင်းငြင်းလိုက်သည်။
“ထားပါ။ ဖန်တွေ အချင်းချင်းရန်ဖြစ်ပြီး၊ ကြားကဖရဲသီးတွေက ပွဲကြည့်နေကြမှာမလား။ ခန့်မှန်းကြည့်လို့ရပါတယ်။”
ကုန်းကျယ်လည်း အွန်လိုင်းပေါ်တွင် နှစ်ဖက်ဖန်များ အချင်းချင်းအကြီးအကျယ်ရန်ဖြစ်ကြသည်မျိုး အများကြီးမြင်ဖူးထားသည်။ ဒီအကြောင်းတွေးမိတော့ သူက သဘောကျသွားကာ ရုတ်တရက်မဲ့ပြုံးပြုံးလိုက်၏။
“မင်းပြောကြည့်၊ တကယ်လို့များ အချိန်တန် မင်းနဲ့ငါ့ရဲ့ဆက်ဆံရေးကို လူသိရှင်ကြားချပြလိုက်ရင် ဖန်တွေဘယ်လိုများတုံ့ပြန်ကြမလဲမသိဘူး။”
ဝမ်ကယ်က ခဏစဉ်းစားလိုက်ကာ:
“ဘယ်လိုတုံ့ပြန်ရမှာလဲ။ မင်း သို့မဟုတ် ငါ့ကို သူသေကိုယ်သေဆိုပြီး နောက်ကနေဓားနဲ့လိုက်ရင်လိုက်၊ ဒါမှမဟုတ်ရင် ကိုယ့်ဟာကိုယ်တစ်ယောက်တည်း ခေါင်မိုးတက်ပြီး ခုန်ချကုန်ကြမှာ။”
“ငါတို့ CP ဖန် (စုံတွဲဖန်)လေးနည်းနည်းရှိလာအောင်လုပ်ကြမလား။ ဒီလိုဆို အချိန်တန် လူရှေ့ချပြလိုက်ရင် ငါတို့နှစ်ယောက်ကို အန္တရာယ်ကြားက ကာပြောပေးမဲ့သူရှိတာပေါ့။”
ကုန်းကျယ်က ဉာဏ်ကွန့်မြူးပြီးပြောလိုက်သည်။
ဝမ်ကယ်က သူ့ဆံစများကိုထိုးဖွလိုက်ကာ:
“မင်း ပြဿနာမရှာစမ်းနဲ့။”
ကုန်းကျယ်က ပြန်ပက်သည်။
“ငါက ဘာလို့ပြဿနာရှာရမှာလဲ။ ငါတို့က တစ်နေ့ကျမလွှဲမရှောင်သာ လူသိရှင်ကြားချပြရမှာလေ။ ဒါကို မဖြစ်ခင်ကြိုတင်ကာကွယ်တယ်လို့ခေါ်တယ်။”
ဝမ်ကယ်က အမှုမဲ့အမှတ်မဲ့သာပြောလိုက်သည်။
“ကာကွယ်ဖို့မလိုသေးဘူး။ အခုချိန်ကစောပါသေးတယ်။ အခုက မျက်စိရှေ့ကကိစ္စကိုပဲ အရင်ဖြေရှင်းရမှာ။”
“စနေနေ့တွေ့ကြမယ်” အစီအစဉ်၏ တရားဝင်ဘလော့်မှ အင်တာနက်ပေါ်တွင် ကြော်ငြာပိုစ့်တစ်ခုတင်ခဲ့သည်။ တစ်ချိန်တည်းတွင် ထိုပို့စ်၌ သူတို့နှစ်ဦးအား @ လုပ်ကာ tag တွဲဖော်ပြလာသည်။ သူတို့အနေဖြင့် အလိုက်အထိုက်ပြန်လည်တုံ့ပြန်ရမည်ဖြစ်သည်။ သို့နှင့် နှစ်ဦးစလုံး ကိုယ်ပိုင်အကောင့်များထဲဝင်ကာ ထိုကြော်ငြာအား ပြန်လည်ပို့စ်တင်ပြီး ကိုယ်ပိုင်စာသားအနည်းငယ် ပြန်ရေးတင်လိုက်ကြသည်။
သူတို့လုံးဝမမျှော်လင့်ထားသည်က သူတို့တင်လိုက်သည့် ပြန်စာလေးတစ်ကြောင်းက နောက်ဆုံး၌ ဆင့်ကဲအကြောင်းအရာများပါဝင်လာကာ နဂိုမူလကတည်းက ကမောက်ကမဖြစ်နေသောအခြေအနေမှာ ပို၍ပင်ဗြောင်းဆန်သွားတော့သည်။
သို့သော် သူတို့နှစ်ဦးကတော့ “စနေနေ့တွေ့ကြမယ်”အစီအစဉ်၏ တရားဝင်ဘလော့်မှပို့စ်အား ကိုယ်စီပြန်တင်ကြပြီးနောက် ဖုန်းများကိုဘေးပစ်ကာ စုံတွဲရေချိုးဖို့ ရေချိုးကန်ထဲအတူတူဝင်သွားကြတော့သည်။
မနက်ဖြန်မှစ၍ ကုန်းကျယ်က ရုပ်ရှင်အသစ်ရိုက်ကူးရန် ရိုက်ကူးရေးအဖွဲ့ထဲဝင်ရောက်ရပေမည်။ ရိုက်ကူးရေးတည်နေရာမှာ ဟန်တျန့်တွင်ဖြစ်သည်။ ထို့ကြောင့် သူတို့ချင်း ခဏလောက်တော့ခွဲရပေဦးမည်။ ဒီတစ်ခေါက်ရုပ်ရှင်မှာ ကုန်းကျယ်က ဧည့်သည်သရုပ်ဆောင်အဖြစ်သာပါဝင်ထားသည်။ ထို့ကြောင့် အခန်းအများကြီးမပါဘဲ တစ်လခွဲလောက်နှင့် ရိုက်ကူးရေးကိုအဆုံးသတ်နိုင်မည်ဖြစ်သည်။ သို့သော် ပြန်ပေါင်းထုပ်ထားတာမကြာသေးသည့် လူငယ်စုံတွဲလေးခမျာ ချစ်လို့မဝနိုင်သေးပေ။ ဒီလူငယ်စုံတွဲလေးအတွက်တော့ အချိန်တစ်လကျော်ခွဲခွာရခြင်းက တစ်နှစ်မကခွဲခွာရသလောက်ကို နာကျင်ခံစားရလေသည်။
သို့နှင့် သူတို့နှစ်ဦးသည် အချင်းချင်းမခွဲခွာရခင် ပိုမိုကြင်နာဖြစ်ကြသည်။
ရေချိုးခန်းထဲတွင် တစ်နာရီမကကြာအောင်ချစ်ရည်လူးပြီးနောက် နှစ်ယောက်သား ပြန်ထွက်လာသည်။ ကုန်းကျယ်က ခြေဗလာဖြင့်လှမ်းထွက်လာကာ ကိုယ်ပေါ်၌ရေစက်လေးများတွဲလွဲခိုနေသည်။ ဝမ်ကယ်ကတော့ မျက်နှာလေးနီမြန်းကာ ရေချိုးတဘက်ကြီးခြုံ၍ ကုန်းကျယ်ရင်ခွင်ထဲ၌ ပျော့ခွေစွာလိုက်ပါလာ၏။
ကုန်းကျယ်က လူကိုကုတင်ပေါ် ညင်သာစွာချပေးပြီးနောက် ရေချိုးတဘက်ကိုဆွဲချွတ်ကာ သူ့ကိုထပ်နိုင်စားဖို့လုပ်လိုက်သည်။
သို့သော် သူ ချစ်သူ၏ခြေထောက်နှစ်ဖက်ကိုဆွဲခွာရရုံရှိသေး၊ ရုတ်တရက် လက်ကိုင်ဖုန်းမြည်သံကျယ်လောင်စွာထွက်လာသည်။
သူတို့နှစ်ဦးစလုံးလန့်သွားကာ ကုတင်ဘေးဗီရိုပေါ် ပြိုင်တူလှမ်းကြည့်ကြသည်။ ထိုအခါ နှစ်ယောက်လုံး၏ဖုန်းများ မြည်နေတာကိုတွေ့လိုက်ရသည်။
သို့နှင့် လုပ်လက်စကိုအတင်းရပ်လိုက်ရသည်။ ကုန်းကျယ်က ဝမ်ကယ့်ကိုခြုံစောင်နှင့်ပြန်အုပ်ကာ ဖုန်းနှစ်လုံးကိုသွားယူလာသည်။ ဖုန်းခေါ်လာသူများကိုမြင်တော့ ကုန်းကျယ် မျက်ခုံးများပင့်သွား၏။ ထို့နောက် သူက ဖုန်းနှစ်လုံးစလုံးကို ဝမ်ကယ့်ဘက်လှည့်ပြလိုက်သည်။
“ငါ ဒီတစ်ခါတော့သေချာသွားပြီ၊ သူတို့နှစ်ယောက် သေချာပေါက်တွဲနေတာ။”
ဝမ်ကယ်က ဖုန်းခေါ်လာသူများမှာ မိမိတို့နှစ်ဦး၏အေးဂျင့်များဖြစ်နေတာမြင်တော့ ရယ်မောကာလှမ်းယူပြီး ဖုန်းကိုင်လိုက်သည်။
ကုန်းကျယ်လည်းဖုန်းကိုင်ကာ တစ်ခါတည်း အသံဖွင့်လိုက်သည်။
နှစ်ယောက်စလုံး ဘာမှမပြောရသေးခင် ဖုန်း၏အခြားတစ်ဖက်မှ အသဲပြဲကြီးဖြင့်ကုန်းအော်သံထွက်လာသည်။
“မင်းတို့ ဒါဘာလုပ်တာလဲ။ ငါမင်းကို ငြိမ်ငြိမ်နေပါလို့ပြောထားလျက်နဲ့၊ မင်းက ငါ့ကို ဒီလိုကိစ္စကြီးလုပ်ချလိုက်တယ်ပေါ့လေ။”
ဝမ်ကယ်တစ်ယောက် ဘယ်ဘက်နားက သူ့အေးဂျင့်ပြောနေသံကိုကြားရပြီး ညာဘက်နားက ကုန်းကျယ်ဖုန်းထဲမှပြောနေသံကို ကြားရသည်။ သို့သော် သူကြားလိုက်ရသည်က တစ်ပုံစံတည်း။ လေသံများပင် တစ်ထပ်တည်းကျနေသည်။ သို့နှင့် သူပါမျက်ခုံးများပင့်သွားရသည်။ မဟုတ်မှလွဲရော၊ ကုန်းကျယ်ပြောတဲ့စကားက လုံးဝမဖြစ်နိုင်တာတော့မဟုတ်ဘူးပဲ….
ဝမ်ကယ်က အတင်းလှမ်းတုတ်ချင်သော်လည်း အေးဂျင့်နှစ်ဦး၏ပြောစကားများက သူ့ကိုပိုစိတ်ဝင်စားသွားစေသည်။ သို့နှင့် သူကမရှက်တမ်းမေးလိုက်၏။
“ခင်ဗျားတို့ဘာတွေပြောနေတာလဲ။”
ဝမ်ကယ်ထိုသို့စကားဟလိုက်သည်နှင့် သူ့အေးဂျင့်ရော၊ ကုန်းကျယ်၏အေးဂျင့်ပါ သူ့အသံကိုကြားပြီး စက္ကန့်အနည်းငယ်မျှ အသံတိတ်သွားသည်။ ထို့နောက် အေးဂျင့်နှစ်ဦးစလုံးထံမှ တစ်လေသံတည်းထွက်လာသည်။
“Weibo တက်ကြည့်လိုက်။”
*****
Aurora Novel Translation Team
(ဘာကိစ္စလဲသိချင်ရင် နောက်တစ်ပတ်အပိုင်းသစ်ကိုမျှော်နေပေးကြပါ 😝)