1
Uni
အုတ်သားအပြည့် ခင်းထားသော လမ်းဆီမှ သူ လျှောက်လာခဲ့သည်။ ခြံ၏အဝင်ဝလမ်းသည် သူ့အတွက်တော့ နေ့တိုင်းလျှောက်နေကျလမ်းဖြစ်နေပြီ။ ပုခုံးပေါ်တွင်ထမ်းထားသော သမင်ဆီမှ သွေးစက်များက သူ့ပုခုံးကိုဖြတ်၍ တစ်ကိုယ်လုံးကို တစိမ့်စိမ့် စွန်းထင်းသွား၏။
ဂရီဗာ၏ အရပ်သည် တရားလွန်ရှည်သည်ဟု ပြောစမှတ်ပြုရလောက်အောင်ပင် ရှည်သည်။ သူ၏ ခန္ဓာကိုယ်မှာလည်း သာမန်ထောင်ထောင်မောင်းမောင်း ယောကျ်ားတွေထက် ပိုပြီး သန်မာသည်။ နီညိုရောင် ခပ်ကြမ်းကြမ်းအသားအရေနှင့် သူ့ပုံစံက သွေးစွန်းနေသည့်အခါ ခါတိုင်းထက် ကြောက်စရာကောင်းသွား၏။ နောက်ပြီး သူက နဖူးဖုံးသော ခေါင်းစွပ်ရှည်ဝတ်ရုံကြီးကို အမြဲဝတ်ထားလေ့ရှိသည်ပဲ။
“ဘုန်း”
သမင်ကို ကြမ်းပြင်ပေါ်သို့ ခပ်ကြမ်းကြမ်းပစ်ချလိုက်ပြီးနောက် သူထိုင်နေကျ လှုပ်ကုလားထိုင်ပေါ်သို့ ဝင်ထိုင်လိုက်သည်။ ဖျင်သားကြမ်းကြမ်းဝတ်စုံကို ဝတ်ထားသော ဂရီဗာက မျိုးရိုးနိမ့် ခြံအလုပ်သမားတစ်ဦးနှင့် တူလွန်းလှသည်။ သို့သော်လည်း သူနင်းထားသော ကြမ်းပြင်ကစ၍ သူ၏ တစ်ခြံဝန်းလုံးသည် အဆင့်အတန်းမြင့် အသုံးအဆောင်တွေနှင့် ပြည့်နှက်နေတာဖြစ်သည်။
ရွာထဲတင်သာမက မြို့ပေါ်မှာပါ တော်ရုံမတွေ့နိုင်သော စံအိမ်ကောင်းတစ်လုံး သူ့မှာ ရှိသည်။ သူ၏ ခြံသည် အလွန်တရာမှ ကျယ်ဝန်းလှပြီး စက်ဝိုင်းပုံသဏ္ဍာန်ရှိသည်။ ဂရီဗာက ထိုခြံထဲတွင် သူလိုသမျှ အသီးအနှံတွေ အကုန်စိုက်သည်။ သူနေသည့်နေရာသည် ရွာနှင့်ခပ်ဝေးဝေးဖြစ်ပြီး ပင်လယ်ကမ်းစပ်နဲ့သိပ်နီးသော နေရာတစ်ခုပင်။ ထိုနားက သစ်ပင်များက အမြဲလို မှောင်မှိုင်းအုပ်စိုင်းနေလေ့ရှိပြီး ကျီးကန်းမည်းများက ဥဒဟိုပျံသန်းသွားလေ့ရှိသည်။
ဂရီဗာ မျက်လုံးကိုမှိတ်ပြီး အပန်းဖြေလိုက်သည်။ ကုလားထိုင်က အနည်းငယ်လှုပ်ယမ်းသွားကာ ဂရီဗာ၏ ဝတ်ရုံအိတ်ကပ်ထဲမှ ကျောက်တုံးတချို့ ထွက်ကျလာ၏။ ဘယ်လိုဘာသာစကားသင်္ကေတမျိုးနှင့် သတ်မှတ်ထားသော ကျောက်တုံးများဟူ၍ မသိရ။ ကျောက်တုံးနှင့်ကြမ်းပြင် ထိခတ်သံကြောင့် ဂရီဗာ မျက်လုံးပွင့်လာသည်။ ထို့နောက် သူ ကျောက်တုံးများ ပျံ့ကျဲနေရာကို ငုံ့ကြည့်လိုက်သည်။
“တောက်”
ဂရီဗာ့ဟန်ပန်က ရုတ်ချည်း ဒေါသထွက်လာသလိုပင်။ မီးပြင်းဖိုပေါ်မှ ကြောင်မည်းတစ်ကောင်က ဒေါသထွက်နေသော ဂရီဗာအား မျက်လုံးအပြူးသားနှင့် ငေးကြည့်နေသည်။ ဂရီဗာ့အိမ်မှာ ကြောင်မည်းများ မပြတ်ရှိနေသည်။ သူမွေးထားခြင်းမဟုတ် သူ့အလိုလို လာနေကြသော အကောင်များ။
“သောက် အဓိပ္ပာယ် မရှိတာ”
ဂရီဗာက ဒေါသတကြီးရေရွတ်ကာ သူ့လက်ဆစ်များကို ရေတွက်၏။ ထို့နောက် အနီးရှိ စားပွဲပေါ်မှ အရိုးခြောက်ကလေးများကို ယူကာ မြေပြင်ပေါ်ကြဲချလိုက်ပြန်သည်။ ရလဒ်က အတူတူပင်။ ဒီနေ့.. ဒီနေ့မှာ ထိုလူရောက်လာလိမ့်မည်။ ဂရီဗာ ကြိုမြင်နေရသော အနာဂတ်ဟာ ဂရီဗာ့အတွက်တော့ ကျေနပ်စရာ လုံးဝမဟုတ်။
သူက လူသားတစ်ယောက်ကို ချစ်မြတ်နိုးရမည်တဲ့
“ဟွန့်”
ဂရီဗာက မသတီသည့်ဟန်ပန်အမူအရာဖြင့် ကြမ်းပြင်ကို စိုက်ကြည့်လိုက်သည်။ လူသားတွေ… သူလည်း လူသားတစ်ယောက်ဆိုရင်တောင်မှ သူက တခြားလူတွေနဲ့မတူပေ။ ဘာလို့ဆို လူသားတွေက… အရမ်းကို ညစ်ပတ်စုတ်ပဲ့လွန်းသည်။ အောက်တန်းကျသည်။ ရက်စက်သည်။ သူတို့အောက်ကလူတွေကို ဖိနင်းပြီး သူတို့အထက်ကလူတွေကို ကြောက်ပြသည်။ ဒါက ရယ်စရာကြီးလို့ ဂရီဗာထင်သည်။
သူ လူတွေကို မုန်းသည်။ ထိုအတွက် သူ့မှာ အကြောင်းပြချက်ခိုင်ခိုင်မာမာ ရှိသည်။ အထူးသဖြင့် Treora မြို့ကလူတွေကို အမုန်းဆုံးဖြစ်သည်။ ဒါကြောင့် သူ့ပိုင်နက်ထဲ ရောက်လာသမျှ လူတိုင်းကို တစ်ခါမှ အရှင်ပြန်လွှတ်ပေးဖူးသည်ဟူ၍ မရှိခဲ့။
ဒီတောအုပ်က သူ့အပိုင်ဖြစ်သည်။ ပင်လယ်က သူ့အပိုင်ဖြစ်သည်။ စံအိမ်ရော ဒီသစ်ပင်တွေ ဒီတိရိစ္ဆာန်တွေရော… သူတို့ပိုင်နက်ထဲမှာ ရှိခဲ့ရတုန်းက သူ့ကို သူတို့သတ်ခဲ့ကြသည်။ သူ့ပိုင်နက်ထဲရောက်ရင်တော့ သူတို့ကို သူ သတ်ခွင့်ရှိသည်။ အမိကမ္ဘာက အလွန်တရားမျှတသည်ဟု သူထင်သည်။
ထိုသို့သော စိတ်မျိုးနှင့်လူကိုမှ လူသားတစ်ယောက်နှင့် ချစ်မြတ်နိုးရမည်ဟု ဟောကိန်းထုတ်တာ ယုံကြည်နိုင်စရာ မရှိပေ။ သူ လုံးဝမယုံချင်။ သို့သော် ဒီဟောကိန်းတွေ မမှားဘူးဆိုတာ သူ လုံးဝသိနေသည်။ ထို့ကြောင့်လည်း ပို၍ မခံချိမခံသာဖြစ်ရခြင်း။
“ကြိုသတ်ထားလိုက်တာ အေးတာပဲ”
ဂရီဗာက အံကြိတ်ကာ ရေရွတ်သည်။ ထို့နောက် အေးစက်စက်ခြေလှမ်းကျယ်များဖြင့် သူ၏ အလုပ်ခန်းကို သွားသည်။ နံရံတလျှောက် ရွှေဘောင်ကွပ် ဓာတ်ပုံကြီးများက ခမ်းနားစွာ ရှိနေကြသည်။ ထိုဓာတ်ပုံများသည် စင်္ကြံတလျောက်အလွန်များပြားလှကာ သာယာနာပျော်ဖွယ်ပုံ တစ်ခုမှ မပါခဲ့ပေ။ ထိုဓာတ်ပုံများအားလုံးသည် ငိုကြွေး ကြောက်လန့်နေကြပုံများသာဖြစ်ပြီး တစ်ခါနှင့်တစ်ခါ ပုံစံတွေ မတူကြပေ။ ဂရီဗာက ထိုပိတ်မိနေသော ဝိဥာဉ်များကို အာရုံစိုက်ခြင်းမရှိ။
သူကိုယ်တိုင်သတ်ပြီး ဓာတ်ပုံမှန်ဘောင်အောက်ထည့်ထားတဲ့ အသုံးမဝင်တဲ့အရာတွေပဲ မဟုတ်လား။
သူ့အလုပ်ခန်းထဲမှာ မီးထွန်းစရာမလိုဘဲ အလင်းရောင်က အမြဲရှိနေသည်။ သစ်သားစားပွဲခုံသည် စာအုပ်၊ သွေး၊ ဆံပင်ချည်တို့နှင့် ရှုပ်ပွနေကာ လက်တင်စရာနေရာပင်မရှိပေ။ သို့သော် ဂရီဗာ မေးတစ်ချက် ဆတ်လိုက်ရုံနှင့် အရာအားလုံးက အလိုလိုပြောင်ရှင်းသွားကြသည်။
အခန်းပတ်ပတ်လည်မှာ မျက်နှာကျက်အထိရှိသော စင်ပေါင်းမြောက်များစွာရှိသည်။ ပုံစံအမျိုးမျိုးနှင့် ပုလင်းတွေသည် စင်ပေါ်မှာ အစီအရီရှိနေကြသည်။ ပြီးနောက် ရိရွဲနေပြီဖြစ်သော စာအုပ်တွေ…
ဂရီဗာက သူ၏ ဝတ်ရုံကို ဖယ်လိုက်ရင်း စားပွဲအလယ်က မှန်ချပ်ဆီသွားလိုက်သည်။ မှန်ထက်မှာ မျက်နှာတစ်ခုပေါ်လာသည်။ နီညိုရောင်အသားအရေ၊ စူးရှလွန်းသော မျက်လုံးတစ်စုံနှင့်၊ ရက်စက်တတ်မှန်းသိသာသော နှုတ်ခမ်းပါးများ။ သူ၏ မျက်နှာအား ရုပ်ဆိုးအကျည်းတန်အောင် ဖျက်နေပါသော ကန့်လန့်ပြတ် သေရာပါ အမာရွတ်တစ်ခု… နောက်ပြီး… နောက်ပြီး သူ၏ အဖြူရောင်ဆံနွယ်များဖုံးနေသော နှဖူးပေါ်မှ မျက်လုံးတစ်လုံး… တတိယမျက်လုံး
ဂရီဗာက မျက်လုံးကို ဖြည်းညင်းစွာပိတ်ကာ တစ်စုံတစ်ခုကို နှုတ်ခမ်းလှုပ်ရုံ ရွတ်ဆိုသည်။ သူ၏ လက်များမှာ နှစ်ဖက်စလုံး လှန်လျက် မှန်ဆီသို့ ဆန့်တန်းနေသည်။ သို့သော် တစ်စုံတစ်ခုကို တောင်းယူသည့်အနေအထားမျိုးမဟုတ်ဘဲ လက်ဆစ်များက ကွေးနေသောကြောင့် ကြောက်စရာတစ်ခုခု ဖြစ်လာတော့မည့်ဟန်နှင့် ပိုတူနေသည်။
“မဟုတ်ဘူး”
အရာအားလုံးသည် ချောချောမွေ့မွေ့ရှိနေပြီးမှ ဂရီဗာ့အား တစ်စုံတစ်ခုက နှောင့်ယှက်လိုက်သည့်အလားပင်။
“သူ့မှာ သေလောက်တဲ့ အပြစ်မရှိသေးဘူး၊ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”
ဂရီဗာ ဒုတိယမြောက်ထပ်ရွတ်သည်။ မျက်လုံးကိုမှိတ်သည်။ ဗလာပင်။ ဆိုးယုတ်မှု၊ ဝန်တိုမှု၊ အကောက်ကြံမှု၊ ရက်စက်မှု၊ မရိုးဖြောင့်မှု တစ်ခုမှ ကြီးမားစွာ မမြင်ရပေ။ ဒီလိုဆို သူ သတ်လို့မရ။ အပြစ်ကင်းသည့်လူကို သူ သတ်ဖို့မဖြစ်နိုင်။ ဒါက ရှောင်ကြဉ်ခြင်းမဟုတ်ဘဲ ထိရောက်မှာ မဟုတ်ခြင်းပင်။
ဂရီဗာ ချွေးစေးတွေပျံလာသည်။ သူက အနီးရှိသစ်သားကုလားထိုင်မှာ ဝင်ထိုင်လိုက်သည်။ သူ၏ ခန္ဓာကိုယ်အကြီးကြီးက ကုလားထိုင်အား တကျွီကျွီမြည်နေစေသည်။
သူ့စိတ်ထဲ ကြောက်ရွံ့မှုတစ်ခု ရှိနေသည်။ သူ့ဆီလာနေတဲ့ ကံကြမ္မာကို ရပ်တန့်လို့မရဘူးဆိုတဲ့ ကြောက်ရွံ့မှု…
သူတကယ်ပဲ အဲ့ဒီတစ်ယောက်လက်ထဲမှာ ကျရှုံးရတော့မှာလား။ ဒါတော့ မဖြစ်နိုင်။ အဖြစ်လည်း မခံနိုင်။ သူ ခံစားခဲ့ရတာတွေက အတော်လေး လုံလောက်သွားခဲ့ပြီ။ အသက်နဲ့ရင်းပြီးကို လုံလောက်ခဲ့ပြီးပြီပဲ။ သူ ကျိန်းသေ သတ်ပစ်ရမည်။ ဒီအတွက်… ကျိန်စာတစ်ခုလိုသည်။ ပြီးရင် ကျိန်စာထိရောက်ဖို့အတွက်တော့… အဲ့ဒီတစ်ယောက်ကို အပြစ်လုပ်မိအောင် ဆွဲဆောင်ရမည်ပဲ
A/N
အမလေး မောလိုက်တာတော် ဒါနဲ့ ပစ်ပစ်က Happy Ending ပဲရေးတာ သိတယ်မလား။ အရမ်းလန့်သွားမှာစိုးလို့ပါ ဟဲဟဲ။ အရေးကြီးတာပြောရဦးမယ် မျိုးရိုးနိမ့်ခြံအလုပ်သမားတစ်ယောက်လို့ သုံးတယ်မလား။ အဲ့တာ ဝတ္ထုရဲ့နောက်ခံခေတ်က အဲ့လိုခွဲခြားတဲ့ခေတ်မလို့ ထည့်သုံးတာနော်။ ခြံအလုပ်သမားဖြစ်ဖြစ်၊ အမှိုက်ကောက်တာပဲဖြစ်ဖြစ် သမာအာဇီဝမှာ နိမ့်ကျတယ်လို့မှမရှိတာ။ အဲ့ဂလိုပါရှင့် ✨
Zawgyi
အုတ္သားအျပၫ့္ ခင္းထားေသာ လမ္းဆီမွ သူ ေလ်ွာက္လာခဲ့သည္။ ၿခံ၏အဝင္ဝလမ္းသည္ သူ႔အတြက္ေတာ့ ေန့တိုင္းေလ်ွာက္ေနက်လမ္းျဖစ္ေနၿပီ။ ပုခံုးေပၚတြင္ထမ္းထားေသာ သမင္ဆီမွ ေသြးစက္မ်ားက သူ႔ပုခံုးကိုျဖတ္၍ တစ္ကိုယ္လံုးကို တစိမ့္စိမ့္ စြန္းထင္းသြား၏။
ဂရီဗာ၏ အရပ္သည္ တရားလြန္ရွည္သည္ဟု ေျပာစမွတ္ျပဳရေလာက္ေအာင္ပင္ ရွည္သည္။ သူ၏ ခႏၶာကိုယ္မွာလည္း သာမန္ေထာင္ေထာင္ေမာင္းေမာင္း ေယာက်္ားေတြထက္ ပိုၿပီး သန္မာသည္။ နီညိုေရာင္ ခပ္ၾကမ္းၾကမ္းအသားအေရႏွင့္ သူ႔ပံုစံက ေသြးစြန္းေနသၫ့္အခါ ခါတိုင္းထက္ ေၾကာက္စရာေကာင္းသြား၏။ ေနာက္ၿပီး သူက နဖူးဖံုးေသာ ေခါင္းစြပ္ရွည္ဝတ္ရံုႀကီးကို အၿမဲဝတ္ထားေလ့ရိွသည္ပဲ။
“ဘုန္း”
သမင္ကို ၾကမ္းျပင္ေပၚသို႔ ခပ္ၾကမ္းၾကမ္းပစ္ခ်လိုက္ၿပီးေနာက္ သူထိုင္ေနက် လႈပ္ကုလားထိုင္ေပၚသို႔ ဝင္ထိုင္လိုက္သည္။ ဖ်င္သားၾကမ္းၾကမ္းဝတ္စံုကို ဝတ္ထားေသာ ဂရီဗာက မ်ိဳးရိုးနိမ့္ ၿခံအလုပ္သမားတစ္ဦးႏွင့္ တူလြန္းလွသည္။ သို႔ေသာ္လည္း သူနင္းထားေသာ ၾကမ္းျပင္ကစ၍ သူ၏ တစ္ၿခံဝန္းလံုးသည္ အဆင့္အတန္းျမင့္ အသံုးအေဆာင္ေတြႏွင့္ ျပၫ့္ႏွက္ေနတာျဖစ္သည္။
ရြာထဲတင္သာမက ၿမိဳ႔ေပၚမွာပါ ေတာ္ရံုမေတြ့ႏိုင္ေသာ စံအိမ္ေကာင္းတစ္လံုး သူ႔မွာ ရိွသည္။ သူ၏ ၿခံသည္ အလြန္တရာမွ က်ယ္ဝန္းလွၿပီး စက္ဝိုင္းပံုသ႑ာန္ရိွသည္။ ဂရီဗာက ထိုၿခံထဲတြင္ သူလိုသမ်ွ အသီးအႏွံေတြ အကုန္စိုက္သည္။ သူေနသၫ့္ေနရာသည္ ရြာႏွင့္ခပ္ေဝးေဝးျဖစ္ၿပီး ပင္လယ္ကမ္းစပ္နဲ႔သိပ္နီးေသာ ေနရာတစ္ခုပင္။ ထိုနားက သစ္ပင္မ်ားက အၿမဲလို ေမွာင္မိႈင္းအုပ္စိုင္းေနေလ့ရိွၿပီး က်ီးကန္းမည္းမ်ားက ဥဒဟိုပ်ံသန္းသြားေလ့ရိွသည္။
ဂရီဗာ မ်က္လံုးကိုမိွတ္ၿပီး အပန္းေျဖလိုက္သည္။ ကုလားထိုင္က အနည္းငယ္လႈပ္ယမ္းသြားကာ ဂရီဗာ၏ ဝတ္ရံုအိတ္ကပ္ထဲမွ ေက်ာက္တံုးတခ်ိဳ႕ ထြက္က်လာ၏။ ဘယ္လိုဘာသာစကားသေကၤတမ်ိဳးႏွင့္ သတ္မွတ္ထားေသာ ေက်ာက္တံုးမ်ားဟူ၍ မသိရ။ ေက်ာက္တံုးႏွင့္ၾကမ္းျပင္ ထိခတ္သံေၾကာင့္ ဂရီဗာ မ်က္လံုးပြင့္လာသည္။ ထို႔ေနာက္ သူ ေက်ာက္တံုးမ်ား ပ်ံ႔က်ဲေနရာကို ငံု႔ၾကၫ့္လိုက္သည္။
“ေတာက္”
ဂရီဗာ့ဟန္ပန္က ရုတ္ခ်ည္း ေဒါသထြက္လာသလိုပင္။ မီးျပင္းဖိုေပၚမွ ေၾကာင္မည္းတစ္ေကာင္က ေဒါသထြက္ေနေသာ ဂရီဗာအား မ်က္လံုးအျပဴးသားႏွင့္ ေငးၾကၫ့္ေနသည္။ ဂရီဗာ့အိမ္မွာ ေၾကာင္မည္းမ်ား မျပတ္ရိွေနသည္။ သူေမြးထားျခင္းမဟုတ္ သူ႔အလိုလို လာေနၾကေသာ အေကာင္မ်ား။
“ေသာက္ အဓိပၸာယ္ မရိွတာ”
ဂရီဗာက ေဒါသတႀကီးေရရြတ္ကာ သူ႔လက္ဆစ္မ်ားကို ေရတြက္၏။ ထို႔ေနာက္ အနီးရိွ စားပဲြေပၚမွ အရိုးေျခာက္ကေလးမ်ားကို ယူကာ ေျမျပင္ေပၚႀကဲခ်လိုက္ျပန္သည္။ ရလဒ္က အတူတူပင္။ ဒီေန့.. ဒီေန့မွာ ထိုလူေရာက္လာလိမ့္မည္။ ဂရီဗာ ႀကိဳျမင္ေနရေသာ အနာဂတ္ဟာ ဂရီဗာ့အတြက္ေတာ့ ေက်နပ္စရာ လံုးဝမဟုတ္။
သူက လူသားတစ္ေယာက္ကို ခ်စ္ျမတ္ႏိုးရမည္တဲ့
“ဟြန႔္”
ဂရီဗာက မသတီသၫ့္ဟန္ပန္အမူအရာျဖင့္ ၾကမ္းျပင္ကို စိုက္ၾကၫ့္လိုက္သည္။ လူသားေတြ… သူလည္း လူသားတစ္ေယာက္ဆိုရင္ေတာင္မွ သူက တျခားလူေတြနဲ႔မတူေပ။ ဘာလို႔ဆို လူသားေတြက… အရမ္းကို ညစ္ပတ္စုတ္ပဲ့လြန္းသည္။ ေအာက္တန္းက်သည္။ ရက္စက္သည္။ သူတို႔ေအာက္ကလူေတြကို ဖိနင္းၿပီး သူတို႔အထက္ကလူေတြကို ေၾကာက္ျပသည္။ ဒါက ရယ္စရာႀကီးလို႔ ဂရီဗာထင္သည္။
သူ လူေတြကို မုန္းသည္။ ထိုအတြက္ သူ႔မွာ အေၾကာင္းျပခ်က္ခိုင္ခိုင္မာမာ ရိွသည္။ အထူးသျဖင့္ Treora ၿမိဳ႔ကလူေတြကို အမုန္းဆံုးျဖစ္သည္။ ဒါေၾကာင့္ သူ႔ပိုင္နက္ထဲ ေရာက္လာသမ်ွ လူတိုင္းကို တစ္ခါမွ အရွင္ျပန္လႊတ္ေပးဖူးသည္ဟူ၍ မရိွခဲ့။
ဒီေတာအုပ္က သူ႔အပိုင္ျဖစ္သည္။ ပင္လယ္က သူ႔အပိုင္ျဖစ္သည္။ စံအိမ္ေရာ ဒီသစ္ပင္ေတြ ဒီတိရိစၧာန္ေတြေရာ… သူတို႔ပိုင္နက္ထဲမွာ ရိွခဲ့ရတုန္းက သူ႔ကို သူတို႔သတ္ခဲ့ၾကသည္။ သူ႔ပိုင္နက္ထဲေရာက္ရင္ေတာ့ သူတို႔ကို သူ သတ္ခြင့္ရိွသည္။ အမိကမ႓ာက အလြန္တရားမ်ွတသည္ဟု သူထင္သည္။
ထိုသို႔ေသာ စိတ္မ်ိဳးႏွင့္လူကိုမွ လူသားတစ္ေယာက္ႏွင့္ ခ်စ္ျမတ္ႏိုးရမည္ဟု ေဟာကိန္းထုတ္တာ ယံုၾကည္ႏိုင္စရာ မရိွေပ။ သူ လံုးဝမယံုခ်င္။ သို႔ေသာ္ ဒီေဟာကိန္းေတြ မမွားဘူးဆိုတာ သူ လံုးဝသိေနသည္။ ထို႔ေၾကာင့္လည္း ပို၍ မခံခ်ိမခံသာျဖစ္ရျခင္း။
“ႀကိဳသတ္ထားလိုက္တာ ေအးတာပဲ”
ဂရီဗာက အံႀကိတ္ကာ ေရရြတ္သည္။ ထို႔ေနာက္ ေအးစက္စက္ေျခလွမ္းက်ယ္မ်ားျဖင့္ သူ၏ အလုပ္ခန္းကို သြားသည္။ နံရံတေလ်ွာက္ ေရႊေဘာင္ကြပ္ ဓာတ္ပံုႀကီးမ်ားက ခမ္းနားစြာ ရိွေနၾကသည္။ ထိုဓာတ္ပံုမ်ားသည္ စႀကၤံတေလ်ာက္အလြန္မ်ားျပားလွကာ သာယာနာေပ်ာ္ဖြယ္ပံု တစ္ခုမွ မပါခဲ့ေပ။ ထိုဓာတ္ပံုမ်ားအားလံုးသည္ ငိုႂကြေး ေၾကာက္လန႔္ေနၾကပံုမ်ားသာျဖစ္ၿပီး တစ္ခါႏွင့္တစ္ခါ ပံုစံေတြ မတူၾကေပ။ ဂရီဗာက ထိုပိတ္မိေနေသာ ဝိဥာဉ္မ်ားကို အာရံုစိုက္ျခင္းမရိွ။
သူကိုယ္တိုင္သတ္ၿပီး ဓာတ္ပံုမွန္ေဘာင္ေအာက္ထၫ့္ထားတဲ့ အသံုးမဝင္တဲ့အရာေတြပဲ မဟုတ္လား။
သူ႔အလုပ္ခန္းထဲမွာ မီးထြန္းစရာမလိုဘဲ အလင္းေရာင္က အၿမဲရိွေနသည္။ သစ္သားစားပဲြခံုသည္ စာအုပ္၊ ေသြး၊ ဆံပင္ခ်ည္တို႔ႏွင့္ ရႈပ္ပြေနကာ လက္တင္စရာေနရာပင္မရိွေပ။ သို႔ေသာ္ ဂရီဗာ ေမးတစ္ခ်က္ ဆတ္လိုက္ရံုႏွင့္ အရာအားလံုးက အလိုလိုေျပာင္ရွင္းသြားၾကသည္။
အခန္းပတ္ပတ္လည္မွာ မ်က္ႏွာက်က္အထိရိွေသာ စင္ေပါင္းေျမာက္မ်ားစြာရိွသည္။ ပံုစံအမ်ိဳးမ်ိဳးႏွင့္ ပုလင္းေတြသည္ စင္ေပၚမွာ အစီအရီရိွေနၾကသည္။ ၿပီးေနာက္ ရိရဲြေနၿပီျဖစ္ေသာ စာအုပ္ေတြ…
ဂရီဗာက သူ၏ ဝတ္ရံုကို ဖယ္လိုက္ရင္း စားပဲြအလယ္က မွန္ခ်ပ္ဆီသြားလိုက္သည္။ မွန္ထက္မွာ မ်က္ႏွာတစ္ခုေပၚလာသည္။ နီညိုေရာင္အသားအေရ၊ စူးရွလြန္းေသာ မ်က္လံုးတစ္စံုႏွင့္၊ ရက္စက္တတ္မွန္းသိသာေသာ ႏႈတ္ခမ္းပါးမ်ား။ သူ၏ မ်က္ႏွာအား ရုပ္ဆိုးအက်ည္းတန္ေအာင္ ဖ်က္ေနပါေသာ ကန႔္လန႔္ျပတ္ ေသရာပါ အမာရြတ္တစ္ခု… ေနာက္ၿပီး… ေနာက္ၿပီး သူ၏ အျဖဴေရာင္ဆံႏြယ္မ်ားဖံုးေနေသာ ႏွဖူးေပၚမွ မ်က္လံုးတစ္လံုး… တတိယမ်က္လံုး
ဂရီဗာက မ်က္လံုးကို ျဖည္းညင္းစြာပိတ္ကာ တစ္စံုတစ္ခုကို ႏႈတ္ခမ္းလႈပ္ရံု ရြတ္ဆိုသည္။ သူ၏ လက္မ်ားမွာ ႏွစ္ဖက္စလံုး လွန္လ်က္ မွန္ဆီသို႔ ဆန႔္တန္းေနသည္။ သို႔ေသာ္ တစ္စံုတစ္ခုကို ေတာင္းယူသၫ့္အေနအထားမ်ိဳးမဟုတ္ဘဲ လက္ဆစ္မ်ားက ေကြးေနေသာေၾကာင့္ ေၾကာက္စရာတစ္ခုခု ျဖစ္လာေတာ့မၫ့္ဟန္ႏွင့္ ပိုတူေနသည္။
“မဟုတ္ဘူး”
အရာအားလံုးသည္ ေခ်ာေခ်ာေမြ့ေမြ့ရိွေနၿပီးမွ ဂရီဗာ့အား တစ္စံုတစ္ခုက ေနွာင့္ယွက္လိုက္သၫ့္အလားပင္။
“သူ႔မွာ ေသေလာက္တဲ့ အျပစ္မရိွေသးဘူး၊ ဘယ္လိုလုပ္ျဖစ္ႏိုင္မွာလဲ”
ဂရီဗာ ဒုတိယေျမာက္ထပ္ရြတ္သည္။ မ်က္လံုးကိုမိွတ္သည္။ ဗလာပင္။ ဆိုးယုတ္မႈ၊ ဝန္တိုမႈ၊ အေကာက္ႀကံမႈ၊ ရက္စက္မႈ၊ မရိုးေျဖာင့္မႈ တစ္ခုမွ ႀကီးမားစြာ မျမင္ရေပ။ ဒီလိုဆို သူ သတ္လို႔မရ။ အျပစ္ကင္းသၫ့္လူကို သူ သတ္ဖို႔မျဖစ္ႏိုင္။ ဒါက ေရွာင္ၾကဉ္ျခင္းမဟုတ္ဘဲ ထိေရာက္မွာ မဟုတ္ျခင္းပင္။
ဂရီဗာ ခၽြေးေစးေတြပ်ံလာသည္။ သူက အနီးရိွသစ္သားကုလားထိုင္မွာ ဝင္ထိုင္လိုက္သည္။ သူ၏ ခႏၶာကိုယ္အႀကီးႀကီးက ကုလားထိုင္အား တကၽီြကၽီြျမည္ေနေစသည္။
သူ႔စိတ္ထဲ ေၾကာက္ရြံ႔မႈတစ္ခု ရိွေနသည္။ သူ႔ဆီလာေနတဲ့ ကံၾကမၼာကို ရပ္တန႔္လို႔မရဘူးဆိုတဲ့ ေၾကာက္ရြံ႔မႈ…
သူတကယ္ပဲ အဲ့ဒီတစ္ေယာက္လက္ထဲမွာ က်ရႈံးရေတာ့မွာလား။ ဒါေတာ့ မျဖစ္ႏိုင္။ အျဖစ္လည္း မခံႏိုင္။ သူ ခံစားခဲ့ရတာေတြက အေတာ္ေလး လံုေလာက္သြားခဲ့ၿပီ။ အသက္နဲ႔ရင္းၿပီးကို လံုေလာက္ခဲ့ၿပီးၿပီပဲ။ သူ က်ိန္းေသ သတ္ပစ္ရမည္။ ဒီအတြက္… က်ိန္စာတစ္ခုလိုသည္။ ၿပီးရင္ က်ိန္စာထိေရာက္ဖို႔အတြက္ေတာ့… အဲ့ဒီတစ္ေယာက္ကို အျပစ္လုပ္မိေအာင္ ဆဲြေဆာင္ရမည္ပဲ
A/N
အမေလး ေမာလိုက္တာေတာ္ ဒါနဲ႔ ပစ္ပစ္က Happy Ending ပဲေရးတာ သိတယ္မလား။ အရမ္းလန႔္သြားမွာစိုးလို႔ပါ ဟဲဟဲ။ အေရးႀကီးတာေျပာရဦးမယ္ မ်ိဳးရိုးနိမ့္ၿခံအလုပ္သမားတစ္ေယာက္လို႔ သံုးတယ္မလား။ အဲ့တာ ဝတၴုရဲ့ေနာက္ခံေခတ္က အဲ့လိုခဲြျခားတဲ့ေခတ္မလို႔ ထၫ့္သံုးတာေနာ္။ ၿခံအလုပ္သမားျဖစ္ျဖစ္၊ အမိႈက္ေကာက္တာပဲျဖစ္ျဖစ္ သမာအာဇီဝမွာ နိမ့္က်တယ္လို႔မွမရိွတာ။ အဲ့ဂလိုပါရွင့္ ✨