2
Uni
“ရေချိုးရတာ အဆင်ပြေရဲ့လား ကလေးလေး”
“ပြေပါတယ် mom”
16 နှစ်အရွယ်ကောင်လေးက ကလေးလေးလို့ထင်ရလောက်အောင် နူးညံ့ပြီး သေးသေးကွေးကွေးပဲရှိသေးသည်။ သူ ၁၈ နှစ်လောက်ရောက်ရင်တော့ သူများတကာလို ထွားလာမလားမပြောတတ်။
“ဒီနယ်ဘက်က ရေတွေက ဆားတွေပါတယ်။ ပင်လယ်နဲ့အရမ်းနီးတာကို။ မေမေက မင်းနေသားမကျမှာပဲစိုးနေတာ”
Lena က သူ့သား၏ တဘက်စိုကို အဝတ်တန်းမှာ လှမ်းလိုက်ရင်း ပြောလာသည်။ Owen လေးကတော့ သူ့အမေပြောတာကို နားထောင်ရင်း ဝရန်တာလက်ရန်းမှ အုတ်ထူထူကြီးများကို သူ့လက်နှင့်ကုပ်ကပ်ကာ ဘာတွေစဉ်းစားနေသည်မသိ။
“Mom ဟိုးဘက်မှာ ဘာတွေရှိမလဲဟင်”
Lena က သူ့သားညွှန်ပြသည့်နေရာကို ရပ်ကြည့်လိုက်သည်။ ညအချိန်မလို့ Treora မြို့ကောင်းကင်က ကြယ်တွေနှင့်ပြည့်နေသည်။ အုတ်အထူကြီးများနှင့်ဆောက်လုပ်ထားသော လူနေအိမ်အထပ်ထပ်များအလွန်တွင် နေဗီပြာရောင်ရင့်ရင့်ဖြင့် ငြိမ်သက်နေကြသော တောအုပ်ရှိသည်။ ထိုအလွန်မှာ ဘာရှိလဲ Lena သိသည်။
“ပင်လယ်လေ”
“တကယ်လား”
Owen တက်ကြွသွားသည်။ သူ့အဖေက စစ်သားတစ်ယောက်မလို့ နေရာအမျိုးမျိုးပြောင်းနေခဲ့ရပေမဲ့ တောင်းကုန်းဒေသတွေပဲများခဲ့သည်။ သူ့ဘဝမှာ ပင်လယ်ကို တစ်ခါမှမတွေ့ဖူးသေး။
“တို့တွေ ပင်လယ်ကို သွားလည်မှာလားဟင်”
Owen အသံက ခပ်တိုးတိုး။ သူ၏ နူးညံ့သော မျက်နှာနှင့် ကြယ်ကဲ့သို့ မျက်လုံးများကိုကြည့်ကာ Lena မငြင်းနိုင်ပါပေ။
“မင်းအဖေ မသွားခိုင်းရင်တောင် ငါတို့တိတ်တိတ်လေး သွားကြတာပေါ့ ဟုတ်ပြီလား”
“အင်း အင်း”
Owen က ခေါင်းတဆတ်ဆတ်ညိတ်သည်။ ညသည် လူခြေတိတ်ပြီဖြစ်၏။ Lena က Owen ကို အိပ်ရာထဲပို့လိုက်ပြီး ရေနံဆီမီးခွက်နားမှာထိုင်ကာ သက်ပြင်းချလိုက်သည်။ သူ့ဂါဝန်သည် မကြာခဏဝတ်ဆင်ခြင်းကြောင့် ညစ်ထေးကာ ပြဲစုတ်လုမတတ်ရှိ၏။ သူ့လက်ထဲမှာတော့ ဒီညအတွက် ချုပ်စရာ အထည်တွေ။
ဒီလိုနေ့ရက်တွေ ဘယ်အချိန်ပြီးမှာလဲလို့ သူ တွေးမိသည်။ ညသည် မှောင်သထက် မှောင်နေဆဲ။
တိုက်တိုက်ဆိုင်ဆိုင် နောက်တစ်ပတ်ဟာ Owen ရဲ့ ၁၇ နှစ်ပြည့်မွေးနေ့ဖြစ်သည်။ များသောအားဖြင့် Owen ကို ဈေးထဲခေါ်သွားလေ့မရှိသော သူ့မိခင်က မနက်စောစောထကာ ပေါင်မုန့်ဆိုင်တစ်ဆိုင်ဆီခေါ်သွားသည်။ ပေါင်မုန့်ဆိုင်က ဈေးချိုပြီး ဗိုက်ပြည့်တဲ့ နေရာကောင်းတစ်ခုပင်။ ပေါင်မုန့်ရှည်တစ်ဝက်ကို တစ်သျှီလျင်တောင် မရှိ။
ဒီနေ့က Owen မွေးနေ့ဆိုတာသိတော့ ဆိုင်ရှင်အဘိုးကြီးက သဘောကောင်းစွာဖြင့် ပေါင်မုန့်ရှည်တစ်ပိုင်း အလကားပေးလိုက်သည်။ Owen က ကော်ဖီကြိုက်တတ်မှန်းသိတော့ Lena က လမ်းတစ်ဖက်ကိုကူးကာ ကော်ဖီသွားဝယ်သည်။
Owen က ထိုင်ခုံမှာ ခြေထောက်လွှဲထိုင်နေရင်း သူ့အမေကို စောင့်လိုက်သည်။ သူလည်းလိုက်သွားချင်ပေမဲ့ သူ့ကို ကလေးလို့ပဲမြင်နေသေးသည့် မိခင်ဖြစ်သူကို မစည်းရုံးနိုင်။
ရုတ်တရက် နွေဦး၏ လတ်ဆတ်သော လေတချို့ဖြတ်တိုက်သွားသည်။ ပင်လယ်ရနံ့ပါသောလေမလို့ လတ်ဆတ်လိုက်သည့်ဖြစ်ခြင်း။ Owen ပြုံးလိုက်သည်။ သူ ပင်လယ်ကို တကယ်သွားကြည့်ချင်ပေမဲ့ သူ့အမေကိုလည်း ဒုက္ခထပ်မပေးချင်။ သူ့ဟာသူသွားရအောင်က လမ်းရော သူငယ်ချင်းပါ မသိ၊ မရှိ။
ပြီးတော့ နောက်တစ်ချက်က လောလောဆယ် သူ့အမေက အိမ်မှာတစ်ချိန်လုံးရှိနေသည်။ သူ ခိုးထွက်သွားဖို့ မလွယ်ကူလှချေ။ နောက်အပတ်တော့ အမေလည်း ဝိုင်ချက်စက်ရုံမှာ အလုပ်ဝင်မည်ဟုကြားသည်။ အဲ့အချိန် သူ ခိုးထွက်၍ ရနိုင်ကောင်းသည်။
ရုတ်တရက် လူတစ်ယောက် သူ့ဆီလာနေသည်ကို အိုဝင့်မျက်လုံးထောင့်စွန်းမှ မြင်နေရသည်။ ထိုလူသည် အမည်းရောင် Long coat အရှည်ကြီးကို ဝတ်ကာ ဦးထုပ်ချောင်ချောင်တစ်လုံးကို ဝတ်ထားသောကြောင့် မျက်နှာတစ်ခုလုံးကို မမြင်ရ။ နွေဦးရာသီမှာ ဒီလိုဝတ်ထားတာက တစ်ကြောင်း၊ တစ်ဖက်လူ၏ ခန္ဓာကိုယ်က အကြီးကြီးဖြစ်နေတာက တစ်ကြောင်း၊ အိုဝင် လှုပ်မရအောင် ကြောက်သွားမိသည်။
“ပျော်ရွှင်စရာ မွေးနေ့လေးပါ”
ဂလောက်
ထိုလူသည် အိုဝင်ထိုင်နေသော စားပွဲနားရပ်ကာ ထိုစကားကို ပြောပြီးသည်နှင့် ထွက်ခွာသွားသည်။ ထိုလူ ချပေးခဲ့သော ပစ္စည်းကို ငုံ့ကြည့်မိသော ကမာခွံတစ်ခုဖြစ်နေသည်။ ရေညှိရောင်ပေါက်ပြီး ခြောက်သွေ့နေပေမဲ့ ဖွင့်လို့တော့မရ။
သူ့မွေးနေ့ဆိုတာ လှမ်းကြားလိုက်တဲ့ မြို့ထဲက လူတစ်ယောက်က သူ့အိပ်ကပ်ထဲက မရှိရှိတာလေးကိုထုတ်ကာ မွေးနေ့လက်ဆောင်ပေးသည်ဟုပဲ အိုဝင်ထင်လိုက်တော့သည်။
တကယ်တော့ သူ့ဘဝမှာ မွေးနေ့လက်ဆောင်ဟူ၍ သူစိမ်းတွေဆီက မရဖူးပါ။ စားစရာတွေရသည်။ ဆုတောင်းတွေရသည်။ ပစ္စည်းတော့ တစ်ခါမှ မရဖူး။
Mommy ပြန်လာရင် သူစိမ်းဆီက ပစ္စည်းကို မယူရဘူး ဖြစ်မှာစိုးတာကြောင့် သူ ထိုပစ္စည်းလေးကို ဘောင်းဘီ အိပ်ကပ်ထဲ အမြန်ထည့်ထားလိုက်သည်။ ဟောင်းနွမ်းစုတ်ပြတ်နေသော်လည်း အိုဝင် သဘောကျပါသည်။ ထိုပစ္စည်းလေးက သူ့ကို ဒုက္ခပေးမဲ့ ခြေလှမ်းအစပဲဆိုတာ သူ မသိခဲ့။
Zawgyi
“ေရခ်ိဳးရတာ အဆင္ေျပရဲ့လား ကေလးေလး”
“ေျပပါတယ္ mom”
16 ႏွစ္အရြယ္ေကာင္ေလးက ကေလးေလးလို႔ထင္ရေလာက္ေအာင္ ႏူးညံ့ၿပီး ေသးေသးေကြးေကြးပဲရိွေသးသည္။ သူ ၁၈ ႏွစ္ေလာက္ေရာက္ရင္ေတာ့ သူမ်ားတကာလို ထြားလာမလားမေျပာတတ္။
“ဒီနယ္ဘက္က ေရေတြက ဆားေတြပါတယ္။ ပင္လယ္နဲ႔အရမ္းနီးတာကို။ ေမေမက မင္းေနသားမက်မွာပဲစိုးေနတာ”
Lena က သူ႔သား၏ တဘက္စိုကို အဝတ္တန္းမွာ လွမ္းလိုက္ရင္း ေျပာလာသည္။ Owen ေလးကေတာ့ သူ႔အေမေျပာတာကို နားေထာင္ရင္း ဝရန္တာလက္ရန္းမွ အုတ္ထူထူႀကီးမ်ားကို သူ႔လက္ႏွင့္ကုပ္ကပ္ကာ ဘာေတြစဉ္းစားေနသည္မသိ။
“Mom ဟိုးဘက္မွာ ဘာေတြရိွမလဲဟင္”
Lena က သူ႔သားၫႊန္ျပသၫ့္ေနရာကို ရပ္ၾကၫ့္လိုက္သည္။ ညအခ်ိန္မလို႔ Treora ၿမိဳ႔ေကာင္းကင္က ၾကယ္ေတြႏွင့္ျပၫ့္ေနသည္။ အုတ္အထူႀကီးမ်ားႏွင့္ေဆာက္လုပ္ထားေသာ လူေနအိမ္အထပ္ထပ္မ်ားအလြန္တြင္ ေနဗီျပာေရာင္ရင့္ရင့္ျဖင့္ ၿငိမ္သက္ေနၾကေသာ ေတာအုပ္ရိွသည္။ ထိုအလြန္မွာ ဘာရိွလဲ Lena သိသည္။
“ပင္လယ္ေလ”
“တကယ္လား”
Owen တက္ႂကြသြားသည္။ သူ႔အေဖက စစ္သားတစ္ေယာက္မလို႔ ေနရာအမ်ိဳးမ်ိဳးေျပာင္းေနခဲ့ရေပမဲ့ ေတာင္းကုန္းေဒသေတြပဲမ်ားခဲ့သည္။ သူ႔ဘဝမွာ ပင္လယ္ကို တစ္ခါမွမေတြ့ဖူးေသး။
“တို႔ေတြ ပင္လယ္ကို သြားလည္မွာလားဟင္”
Owen အသံက ခပ္တိုးတိုး။ သူ၏ ႏူးညံ့ေသာ မ်က္ႏွာႏွင့္ ၾကယ္ကဲ့သို႔ မ်က္လံုးမ်ားကိုၾကၫ့္ကာ Lena မျငင္းႏိုင္ပါေပ။
“မင္းအေဖ မသြားခိုင္းရင္ေတာင္ ငါတို႔တိတ္တိတ္ေလး သြားၾကတာေပါ့ ဟုတ္ၿပီလား”
“အင္း အင္း”
Owen က ေခါင္းတဆတ္ဆတ္ညိတ္သည္။ ညသည္ လူေျခတိတ္ၿပီျဖစ္၏။ Lena က Owen ကို အိပ္ရာထဲပို႔လိုက္ၿပီး ေရနံဆီမီးခြက္နားမွာထိုင္ကာ သက္ျပင္းခ်လိုက္သည္။ သူ႔ဂါဝန္သည္ မၾကာခဏဝတ္ဆင္ျခင္းေၾကာင့္ ညစ္ေထးကာ ၿပဲစုတ္လုမတတ္ရိွ၏။ သူ႔လက္ထဲမွာေတာ့ ဒီညအတြက္ ခ်ဳပ္စရာ အထည္ေတြ။
ဒီလိုေန့ရက္ေတြ ဘယ္အခ်ိန္ၿပီးမွာလဲလို႔ သူ ေတြးမိသည္။ ညသည္ ေမွာင္သထက္ ေမွာင္ေနဆဲ။
တိုက္တိုက္ဆိုင္ဆိုင္ ေနာက္တစ္ပတ္ဟာ Owen ရဲ့ ၁၇ ႏွစ္ျပည့္ေမြးေန့ျဖစ္သည္။ မ်ားေသာအားျဖင့္ Owen ကို ေဈးထဲေခၚသြားေလ့မရိွေသာ သူ႔မိခင္က မနက္ေစာေစာထကာ ေပါင္မုန႔္ဆိုင္တစ္ဆိုင္ဆီေခၚသြားသည္။ ေပါင္မုန႔္ဆိုင္က ေဈးခ်ိဳၿပီး ဗိုက္ျပၫ့္တဲ့ ေနရာေကာင္းတစ္ခုပင္။ ေပါင္မုန႔္ရွည္တစ္ဝက္ကို တစ္သ်ွီလ်င္ေတာင္ မရိွ။
ဒီေန့က Owen ေမြးေန့ဆိုတာသိေတာ့ ဆိုင္ရွင္အဘိုးႀကီးက သေဘာေကာင္းစြာျဖင့္ ေပါင္မုန႔္ရွည္တစ္ပိုင္း အလကားေပးလိုက္သည္။ Owen က ေကာ္ဖီႀကိဳက္တတ္မွန္းသိေတာ့ Lena က လမ္းတစ္ဖက္ကိုကူးကာ ေကာ္ဖီသြားဝယ္သည္။
Owen က ထိုင္ခံုမွာ ေျခေထာက္လႊဲထိုင္ေနရင္း သူ႔အေမကို ေစာင့္လိုက္သည္။ သူလည္းလိုက္သြားခ်င္ေပမဲ့ သူ႔ကို ကေလးလို႔ပဲျမင္ေနေသးသၫ့္ မိခင္ျဖစ္သူကို မစည္းရံုးႏိုင္။
ရုတ္တရက္ ေနြဦး၏ လတ္ဆတ္ေသာ ေလတခ်ိဳ႕ျဖတ္တိုက္သြားသည္။ ပင္လယ္ရနံ႔ပါေသာေလမလို႔ လတ္ဆတ္လိုက္သၫ့္ျဖစ္ျခင္း။ Owen ႃပံုးလိုက္သည္။ သူ ပင္လယ္ကို တကယ္သြားၾကၫ့္ခ်င္ေပမဲ့ သူ႔အေမကိုလည္း ဒုကၡထပ္မေပးခ်င္။ သူ႔ဟာသူသြားရေအာင္က လမ္းေရာ သူငယ္ခ်င္းပါ မသိ၊ မရိွ။
ၿပီးေတာ့ ေနာက္တစ္ခ်က္က ေလာေလာဆယ္ သူ႔အေမက အိမ္မွာတစ္ခ်ိန္လံုးရိွေနသည္။ သူ ခိုးထြက္သြားဖို႔ မလြယ္ကူလွေခ်။ ေနာက္အပတ္ေတာ့ အေမလည္း ဝိုင္ခ်က္စက္ရံုမွာ အလုပ္ဝင္မည္ဟုၾကားသည္။ အဲ့အခ်ိန္ သူ ခိုးထြက္၍ ရႏိုင္ေကာင္းသည္။
ရုတ္တရက္ လူတစ္ေယာက္ သူ႔ဆီလာေနသည္ကို အိုဝင့္မ်က္လံုးေထာင့္စြန္းမွ ျမင္ေနရသည္။ ထိုလူသည္ အမည္းေရာင္ Long coat အရွည္ႀကီးကို ဝတ္ကာ ဦးထုပ္ေခ်ာင္ေခ်ာင္တစ္လံုးကို ဝတ္ထားေသာေၾကာင့္ မ်က္ႏွာတစ္ခုလံုးကို မျမင္ရ။ ေနြဦးရာသီမွာ ဒီလိုဝတ္ထားတာက တစ္ေၾကာင္း၊ တစ္ဖက္လူ၏ ခႏၶာကိုယ္က အႀကီးႀကီးျဖစ္ေနတာက တစ္ေၾကာင္း၊ အိုဝင္ လႈပ္မရေအာင္ ေၾကာက္သြားမိသည္။
“ေပ်ာ္ရႊင္စရာ ေမြးေန့ေလးပါ”
ဂေလာက္
ထိုလူသည္ အိုဝင္ထိုင္ေနေသာ စားပဲြနားရပ္ကာ ထိုစကားကို ေျပာၿပီးသည္ႏွင့္ ထြက္ခြာသြားသည္။ ထိုလူ ခ်ေပးခဲ့ေသာ ပစၥည္းကို ငံု႔ၾကၫ့္မိေသာ ကမာခြံတစ္ခုျဖစ္ေနသည္။ ေရၫွိေရာင္ေပါက္ၿပီး ေျခာက္ေသြ့ေနေပမဲ့ ဖြင့္လို႔ေတာ့မရ။
သူ႔ေမြးေန့ဆိုတာ လွမ္းၾကားလိုက္တဲ့ ၿမိဳ႔ထဲက လူတစ္ေယာက္က သူ႔အိပ္ကပ္ထဲက မရိွရိွတာေလးကိုထုတ္ကာ ေမြးေန့လက္ေဆာင္ေပးသည္ဟုပဲ အိုဝင္ထင္လိုက္ေတာ့သည္။
တကယ္ေတာ့ သူ႔ဘဝမွာ ေမြးေန့လက္ေဆာင္ဟူ၍ သူစိမ္းေတြဆီက မရဖူးပါ။ စားစရာေတြရသည္။ ဆုေတာင္းေတြရသည္။ ပစၥည္းေတာ့ တစ္ခါမွ မရဖူး။
Mommy ျပန္လာရင္ သူစိမ္းဆီက ပစၥည္းကို မယူရဘူး ျဖစ္မွာစိုးတာေၾကာင့္ သူ ထိုပစၥည္းေလးကို ေဘာင္းဘီ အိပ္ကပ္ထဲ အျမန္ထၫ့္ထားလိုက္သည္။ ေဟာင္းႏြမ္းစုတ္ျပတ္ေနေသာ္လည္း အိုဝင္ သေဘာက်ပါသည္။ ထိုပစၥည္းေလးက သူ႔ကို ဒုကၡေပးမဲ့ ေျခလွမ္းအစပဲဆိုတာ သူ မသိခဲ့။