Chapter 3 - Part 2

မမလေး
အပိုင်း (၃.၂)
Author – MaNyong (마뇽)
Translator – Galene, Marilee
*********
“မမလေးကရော ဟောဒီ ကျေးကျွန်ကို ဘယ်လိုမြင်ပါသလဲ။”
“ငါအရင်မေးတာလေ။”
အွန်းဆောက မျက်လုံးလေးတွေကို မှိတ်လိုက်တယ်။
သူ့မျက်တောင်လေးတွေက သူမတူအောင် ရှည်လျားထူထဲလှပါတယ်။
အဲ့ဒါကြောင့်ပဲ ပိုလှတာပေါ့။
“ငါက နင့်ကို ဘယ်လိုမြင်တယ်များမှတ်လို့လဲ။ လူတစ်ယောက်လို့မြင်တာပေါ့။”
နီတြာရဲနှုတ်ခမ်းလေးတွေက ဖြည်းဖြည်းချင်း လှုပ်ရှားသွားခဲ့တယ်။
“နင့်ကို ယောက်ျားတစ်ယောက်လို့မြင်တယ်။”
အွန်းဆောက သူ့ကို ယောက်ျားတစ်ယောက်အဖြစ်မြင်တယ်လို့ ပြောတာကို ကြားလိုက်ရတော့ မူဂယောမ်က အွန်းဆောရဲ့ပေါင်မှာရှိနေတဲ့ သူ့လက်သူ မြန်မြန်ပြန်ရုပ်လိုက်တယ်။
အဲ့ဒီနောက် သူက နေရာရွှေ့ပြီး အွန်းဆောရဲ့ မျက်နှာအရှေ့မှာ ထိုင်ခဲ့တယ်။
“အစေခံတစ်ယောက်က ဘယ်လိုများ လူတစ်ယောက်ဖြစ်နိုင်မှာလဲ။”
မူဂယောမ်က တစ်ချက်တိတ်သွားပြီးမှ စကားပြန်ဆက်ခဲ့တယ်။
“အစေခံတစ်ယောက်က ဘယ်လိုများ ယောက်ျားဖြစ်နိုင်ရမှာလဲ။”
အွန်းဆောက အသာလေးရယ်လိုက်တယ်။
အွန်းဆော ပြုံးလိုက်တိုင်း သူ့ပါးပြင်မှာ ပါးချိုင့်ကလေး ပေါ်လာတတ်ပါတယ်။
မူဂယောမ်က အဲ့ဒီပါးချိုင့်လေးကို သိပ်လှတာပဲလို့ တွေးခဲ့မိတယ်။
“ငါ့အမြင်မှာ နင်က ယောက်ျားတစ်ယောက်ဖြစ်နေသရွေ့ တခြားဘာများအရေးပါသေးလို့လဲ။”
အွန်းဆော အဲ့ဒီလိုပြောလိုက်တဲ့အခါ မူဂယောမ်တစ်ယောက် အသက်ရှူရပ်သွားပါတော့တယ်။
“ငါ့ခြေထောက်တွေ ပြန်ကောင်းလာရင် ဘာလုပ်ရမှန်းမသိဘူးလို့ ပြောခဲ့တယ်မဟုတ်လား။”
အွန်းဆောက ဖြည်းဖြည်းချင်း ဦးခေါင်းကို တစ်ဖက်လှည့်လာခဲ့တယ်။
သူက မူဂယောမ်ရဲ့မျက်လုံးတွေထဲကို တည့်တည့်ကြည့်လိုက်တယ်။
“ဒီမှာပဲ နင်နဲ့ နေလို့ရမလား။ လမ်းပြန်လျှောက်နိုင်ရင်တောင်မှလေ။”
“မမလေး လမ်းပြန်လျှောက်နိုင်အောင် ကျိန်းသေပေါက် လုပ်ပေးပါ့မယ်။”
မူဂယောမ်က လက်လှမ်းပြီးတော့ အွန်းဆောရဲ့မေးစေ့လေးကို ဆုပ်ကိုင်လိုက်တယ်။
“ဒါပေမဲ့ လမ်းပြန်လျှောက်နိုင်ရင်တောင် ထွက်မသွားပါနဲ့။”
ဒီတစ်လျှောက်လုံး သူလိုချင်ခဲ့တာ အဲ့ဒါပါပဲ။
အွန်းဆော ထွက်သွားမှာကို မလိုချင်ပါဘူး။
ကိုယ့်ခြေထောက်နဲ့ကိုယ် လမ်းပြန်လျှောက်နိုင်ရင်တောင်မှ အွန်းဆောကို သူ့ဘေးမှာပဲ ရှိစေချင်မိပါတယ်။
မူဂယောမ်က အွန်းဆောကို ဒီအိမ်မှာပဲ သူနဲ့အတူတူ နေသွားစေချင်ပါတယ်။
ရာရာစစ အဲ့ဒီလောက် အတ္တကြီးတဲ့အရာကို မတောင်းဆိုဝံ့တာကြောင့် အဲ့ဒီအတွေးတွေကို နှုတ်ဖျားကနေ လုံးဝထုတ်မပြောဘဲ နေခဲ့တာပါ။
“အဲ့ဒီလို အတ္တကြီးတဲ့ အတွေးမျိုးတွေရှိနေလို့ ကျွန်တော့်ကို ဆူမှာလား။”
“အတ္တကြီးတယ်တဲ့လား…ငါကမှ အတ္တကြီးနေမိတဲ့သူထင်တယ်…”
ဆက်ပြီးတင်းမထားနိုင်တော့ပါဘူး။
မူဂယောမ်တစ်ယောက် အွန်းဆော စကားဆုံးတဲ့အထိ သည်းခံပြီးနားမထောင်နိုင်တော့ဘူးလေ။
ထပ်ပြီးစောင့်နေရင် ဘာလုပ်လို့လုပ်မိမယ်မှန်း မသိပါဘူး။
မူဂယောမ်က အွန်းဆောရဲ့မေးစေ့လေးကိုဆုပ်ကိုင်ပြီး ကိုယ်ကိုကိုင်းလိုက်တယ်။
ကိုယ်ကိုကိုင်းထားရင်းနဲ့ သူ့နှုတ်ခမ်းတွေက အွန်းဆောရဲ့နှုတ်ခမ်းလေးတွေကို ငုံထွေးသိမ်းပိုက်သွားပါတော့တယ်။
အွန်းဆောရဲ့ အောက်နှုတ်ခမ်းလေးကို သူ့နှုတ်ခမ်းနှစ်လွှာကြားမှာဖိဆွဲပြီး ပါးစပ်ဟသွားအောင် လုပ်ခဲ့တယ်။ အွန်းဆော သက်ပြင်းချလိုက်တဲ့အခါ အွန်းဆောရဲ့ပင့်သက်က သူ့ခံတွင်းထဲကို စီးဝင်လာတော့တယ်။
အပြင်မှာ မိုးရွာနေဆဲဖြစ်ပြီး တံခါးဖွင့်ထားလျက်ရှိနေဆဲပါ။
ဒါပေမဲ့ နံရံတွေက တော်တော်လေးမြင့်တာကြောင့် ဘယ်သူမှ အထဲကို ချောင်းကြည့်နိုင်မှာမဟုတ်ပါဘူး။
မူဂယောမ်နဲ့ အွန်းဆောတို့နှစ်ယောက်တည်းသာ ဒီအိမ်ကြီးထဲမှာ ရှိနေကြတာလေ။
ပြီးတော့ အပြင်မှာ မိုးက သဲသဲမဲမဲ ရွာနေတာကြောင့် မိုးနတ်မင်းကြီးကတောင် မျက်လုံးမှိတ်ပေးထားခဲ့ပါတယ်။
မူဂယောမ်ရဲ့လျှာက အွန်းဆောရဲ့ခံတွင်းထဲကို တိုးဝင်လာပါပြီ။
အွန်းဆောရဲ့ အရသာက စောင့်စားနေတဲ့အလား သူ့ရဲ့လျှာကို နှောင်တွယ်ခဲ့တယ်။ မူဂယောမ်လည်း လျှာလေးကို စတင်ပြီး စုပ်ပါတော့တယ်။
ဟောဒီ တောက်လောင်နေတဲ့ရမ္မက်က ဘယ်တုန်းကတည်းကများ သူ့အထဲမှာ ရစ်သီဝေ့ဝဲနေခဲ့တာပါလိမ့်။
ဘယ်တုန်းကများ ဒီခံစားချက်တွေက သူ့နှလုံးသားထဲမှာ ဒီလောက်အထိ စတင်ကြီးထွားလာခဲ့တာပါလိမ့်။
ဝေါယာဉ်ထဲမှာ တုန်ယင်နေတဲ့ ပခုံးလေးတွေကို မြင်လိုက်ရတုန်းကများလား။ ဒါမှမဟုတ် ဝေါယာဉ်ထဲကနေ အိပ်ခန်းထဲကို ပွေ့ချီသွားခဲ့တုန်းကများလား။
ဒီခံစားချက်တွေက နှလုံးသားထဲမှာ အမြစ်တွယ်ခဲ့တဲ့ မျိုးစေ့ရဲ့ ရလဒ်ဆိုရင် အစကတည်းက ဘယ်အချိန်မှာများ အဲ့ဒီမျိုးစေ့ ကျခဲ့တာလဲ။
အွန်းဆော သူ့ကိုယ်သူ အဆုံးစီရင်ဖို့ ကြိုးစားနေတုန်း သူ့ကို ရေတွင်းဆီကနေ ဆွဲဖယ်ခဲ့တုန်းကများလား။ ဘာပဲဖြစ်ဖြစ် လမ်းလျှောက်လို့ရအောင် ကူညီပါ့မယ်လို့ ကတိပေးခဲ့တုန်းကလား။
အဲ့ဒီအခိုက်အတန့်တွေအားလုံးပဲ ဖြစ်မယ်ထင်ပါရဲ့။
အဲ့ဒီအခိုက်အတန့်တွေအားလုံးက သူ့ရဲ့ရင်မှာ မျိုးစေ့ဖြန့်ကြဲခဲ့ပြီး အခုတော့ အဖူးလေးတွေက ပွင့်လန်းလာကြပါပြီ။ သူ့ရဲ့ စိတ်နဲ့ခန္ဓာတစ်ခုလုံးမှာ အွန်းဆောကို ရယူပိုင်ဆိုင်ဖို့ဆိုတဲ့ အတ္တဆန်ဆန် အတွေးတွေချည်း ပြည့်နေခဲ့ပြီလေ။
အွန်ဆောရဲ့နှုတ်ခမ်းလေးတွေကို အငမ်းမရသုံးဆောင်ရင်း မူဂယောမ်က သူ့ရဲ့ခန္ဓာကိုယ်ကို အွန်းဆောကိုယ်လေးရဲ့နံဘေးမှာ ကိုင်းညွတ်လိုက်တယ်။
အွန်းဆောကို အုပ်မိုးထားရင်း သူ့လက်တွေက အွန်းဆောရဲ့ ခန္ဓာကိုယ်အောက်ပိုင်းဆီကို စတင်ခြေဆန့်ပါတော့တယ်။
စောင်အောက်ကို လက်လျှိုလိုက်တော့ အဝတ်စပါးပါးလေးကို ကိုင်မိသွားခဲ့တယ်။
အဲ့ဒါက အွန်းဆောရဲ့ စကပ်အနားစပါ။
သူ့ရဲ့လက် အတွင်းဘက်ကို တိုးဝင်သွားတာနဲ့အမျှ အဝတ်စလေး တွန့်ကြေသွားတဲ့အသံကို ကြားနေရတယ်။
သူ့ရဲ့လက်ဖျားလေးတွေက နူးညံ့တဲ့အသားလေးကို ပွတ်သပ်ထိပါးသွားခဲ့တယ်။
မူဂယောမ်က သူ ဘာကို ထိကိုင်နေမှန်း သိပါတယ်။
အွန်းဆောရဲ့ ခြေထောက်လေးတွေကို သန့်ရှင်းရေးလုပ်ပေးရတိုင်းမှာ ဒီအသားနုနုလေးတွေကို သူ့လက်နဲ့ ကိုယ်တိုင် ထိတွေ့ခံစားခဲ့ရတာလေ။
အွန်းဆောရဲ့ ခြေဖဝါး၊ ခြေချောင်းလေးတွေနဲ့ ခြေတံလေးတွေမှာရှိတဲ့ နူးနူးညံ့ညံ့အိအိစက်စက် အသားတွေကို ထိလိုက်ရတိုင်းမှာ မူဂယောမ်တစ်ယောက် ယောက်ျားသဘာဝ အလိုဆန္ဒတွေ အပြည့်အသိပ် ဖြစ်ခဲ့ရတာပါ။
ဒါပေမဲ့ သားရဲအရိုင်းအစိုင်းတစ်ကောင် မဖြစ်လိုတာကြောင့် အဲ့ဒီအလိုဆန္ဒတွေကို ဖိနှိပ်ချုပ်တည်းထားခဲ့ပါတယ်။
ညရောက်လို့ အွန်းဆော အိပ်ပျော်သွားပြီဆိုရင် ကိုယ်ပေါ်မှာ စောင်လေးခြုံပေးခဲ့ပြီး အခန်းထဲက ထွက်လာမယ်။ ပြီးရင် အရုဏ်တက်တဲ့အထိ အမှောင်ထဲကနေ အွန်းဆောရဲ့ အခန်းတံခါးလေးကို ငေးကြည့်မယ်။ အဲ့ဒါကို အွန်းဆော သိပါရဲ့လား။
အေးစက်စက် မြူနှင်းရည်တွေ သူ့ဆံပင်နဲ့ ပခုံးမှာ စိုရွှဲသွားရင်တောင်မှ မလှုပ်မယှက်နေခဲ့တာ။ နေရာမှာတင် အမြစ်တွယ်သလိုရပ်နေရင်း အိပ်ခန်းတံခါးကို ငေးကြည့်နေခဲ့တာ။ သူ ဒါတွေလုပ်ခဲ့တယ်ဆိုတာကို အွန်းဆောကတော့ ဘယ်သောအခါမှ သိလောက်မှာမဟုတ်ပါဘူး။
အဲ့ဒါကြောင့် ဒီအခိုက်အတန့်မှာ မူဂယောမ်တစ်ယောက် ရူးတော့မလိုပါပဲ။
အခုလက်ရှိမှာ သူက အွန်းဆောရဲ့ နှုတ်ခမ်းလေးတွေနဲ့ ဝင်သက်ထွက်သက်လေးတွေကို ခိုးယူနေပါပြီ။
သူ့ရဲ့လက်က အွန်းဆောရဲ့ နူးညံ့တဲ့အသားလေးကို ပွတ်သပ်နေပါပြီ။
ဒါက အိပ်မက်မဟုတ်ဘူးဆိုတာကို မယုံနိုင်လောက်အောင်ပါပဲ။
“အင်း…”
သူ့နှုတ်ခမ်းကို ဖယ်ခွာလိုက်တဲ့အခါ ပူပြင်းတဲ့ ညည်းသံလေးတစ်ချက်က အွန်းဆောရဲ့နှုတ်ခမ်းလေးတွေဆီကနေ ပွင့်အန်ထွက်လာတော့တယ်။
မူဂယောမ်ရဲ့လက်က ချောမွတ်တဲ့ တင်ပါးလေးအတိုင်း လျှောဆင်းသွားပြီးမှ အက်ကွဲကြောင်းလေးထဲကို တိုးဝှေ့ဝင်ခဲ့တယ်။
“ဟင့်…”
အွန်းဆောရဲ့တင်ပါးလေး ဆတ်ခနဲတုန်သွားတော့တယ်။
ယောက်ျားတစ်ယောက်ရဲ့ ကြီးမားတဲ့လက်ချောင်းတွေက အတွင်းခံပါးပါးလေးကိုဖိတွန်းပြီး သူ့အထဲကို ဝင်လာတာလေ။
မူဂယောမ်တစ်ယောက် သူ့ရဲ့လက်ချောင်းတွေ စိုစွတ်သွားတာကို ခံစားလိုက်ရတယ်။
အွန်းဆောရဲ့အတွင်းခံက စိုနေပါပြီ။
ပြီးတော့ မူဂယောမ်ကလည်း အလားတူပါပဲ။
မာတောင်နေတဲ့ သူ့ပစ္စည်းက ဘောင်းဘီကို နာကျင်ရလောက်အောင် လာထောက်နေပြီး စိုနေတဲ့အကွက်လေးတောင် ဖြစ်နေပါပြီ။
“ဟင်း…”
မူဂယောမ်က အဝတ်စပါးပါးလေးရဲ့အောက်ကို လက်ချောင်းထိုးသွင်းရင်း အွန်းဆောရဲ့နှုတ်ခမ်းလေးတွေကို တစ်ခါထပ်ပြီးတော့ ငုံထွေးသုံးဆောင်ခဲ့ပြန်တယ်။
အွန်းဆောက အခုအထိ သူ့ခြေထောက်သူ ကိုယ်တိုင် မလှုပ်ရှားနိုင်သေးတာကြောင့် ခြေတံတွေက အတားအဆီးမရှိ ဟသွားခဲ့တယ်။
စိုစွတ်နေတဲ့ အက်ကွဲကြောင်းလေးရဲ့ကြားကို တိုးဝင်ရင်း မူဂယောမ်ရဲ့ လက်ဖဝါးက အွန်းဆောရဲ့ ခံစားတုံ့ပြန်လွယ်တဲ့ အသားလေးကို စပြီးပွတ်ပါတော့တယ်။
အွန်းဆောရဲ့ အချစ်ရည်လေးတွေက မူဂယောမ်ရဲ့လက်ဖဝါးမှာ ပေကျံစပြုလာခဲ့တယ်။
မူဂယောမ်ရဲ့လက်က အက်ကွဲကြောင်းလေးကို ပွတ်လိုက်တိုင်းမှာ တဇွက်ဇွက်အသံတွေက ပိုပြီးကျယ်လောင်လာတော့တယ်။
အွန်းဆောရဲ့ ပူပြင်းတဲ့ပင့်သက်တွေက သူ့ခံတွင်းထဲ အပြည့်ဖြစ်သွားခဲ့တယ်။
ကာမယ်လီယာပန်းရနံ့လေးတွေ လေထဲဝေ့ဝဲပျံ့လွင့်သွားတော့တယ်။
အဲ့ဒီရနံ့က အွန်းဆောရဲ့ဆံနွယ်တွေဆီကနေလာတယ်လို့ ဒီတစ်လျှောက်လုံး ထင်ထားခဲ့ပေမဲ့ တကယ်တမ်းက သူ့နှုတ်ခမ်းလေးနဲ့ အသားလေးဆီကနေလာတာ ဖြစ်နေခဲ့တယ်လေ။
အွန်းဆောရဲ့ခန္ဓာကိုယ်ကို သန့်ရှင်းရေးလုပ်ပေးတိုင်းမှာ ကာမယ်လီယာရနံ့က ဖျော့ဖျော့လေး စွဲကျန်ရစ်ဝဲနေတတ်တာပါ။
ဘယ်လောက်ပဲ အမျိုးမျိုးသောပန်းတွေ ယိမ်းနွဲ့တုန်ရီပြီး သူ့ကို ဖြားယောင်းဖို့ကြိုးစားကြပါစေ၊ မူဂယောမ်က သူတို့ရဲ့ ဖြားယောင်းသွေးဆောင်မှုမှာ လုံးဝ ကျရှုံးခြင်းမရှိခဲ့ပါဘူး။
အဲ့ဒါက ဘာကြောင့်လဲဆိုတာကို နောက်ဆုံးတော့ နားလည်ပါပြီ။
သူက သူ့ရဲ့ပန်းကလေးကို စောင့်စားနေခဲ့တာလေ။
သူ့ရင်ခွင်ထဲမှာ သူ့အတွက်ပွင့်လန်းမဲ့ ပန်းကလေးပေါ့။ အဲ့ဒါကြောင့်ပဲ သူက မျက်လွှာချပြီး စောင့်မျှော်နေခဲ့တာပါ။
“မမလေး။”
မူဂယောမ်က နှုတ်ခမ်းတွေကိုခွာပြီး မတ်မတ်ထိုင်လိုက်တယ်။
အွန်းဆောရဲ့ အတွင်းခံထဲကနေ သူ့လက်ကို ဆွဲထုတ်လိုက်တဲ့အခါ စေးကပ်ကပ်အရည်တွေ ဖုံးလွှမ်းနေတာကို တွေ့လိုက်ရတယ်။
မူဂယောမ်က အွန်းဆောကို အပေါ်ကနေ အုပ်မိုးထားလိုက်တယ်။
သူ့အောက်မှာ အွန်းဆောရဲ့မျက်နှာလေးက နီမြန်းလို့ပေါ့။
သူ့မျက်လုံးတွေက ရှက်သွေးရိပ်လွှမ်းနေတဲ့ ပါးကလေးတွေပေါ်ကို ရှပ်တိုက်ဖြတ်သန်းသွားတော့တယ်။ အွန်းဆောက နီတြာရဲနှုတ်ခမ်းလေးနှစ်လွှာကိုဟပြီး မောဟိုက်စွာ အသက်ရှူနေခဲ့တယ်။ မူဂယောမ်တစ်ယောက် သူဟာလည်း အလားတူအခြေအနေမှာရှိနေကြောင်း သတိထားမိသွားခဲ့တယ်။
အွန်းဆောရဲ့မျက်လုံးလေးတွေမှာ သူ့ရဲ့ပုံရိပ် ထင်ဟပ်နေတာကို တွေ့မြင်နေရတယ်လေ။
သူ့မျက်နှာထားက အွန်းဆောရဲ့မျက်နှာထားနဲ့ အတူတူပါပဲ။
ကျိန်းသေပေါက် သေချာတာတော့မဟုတ်ပေမဲ့ အွန်းဆောလည်း သူ့နည်းတူ ခံစားရလောက်မှာပဲလို့ တွေးခဲ့မိတယ်။
အွန်းဆောရဲ့ မျက်လုံးလေးတွေထဲကို ငုံ့မိုးကြည့်ရင်း မူဂယောမ်တစ်ယောက် သူ့အဝတ်အစားတွေသူ စပြီးချွတ်ပါတော့တယ်။
မွန်းကျပ်စရာ အဝတ်အစားတွေကို ဖယ်ရှားလွှင့်ပစ်လိုက်ပြီးတဲ့နောက်မှာ မူယောမ်က အွန်းဆောရဲ့အင်္ကျီကို ကြိုးစဖြေခဲ့တယ်။
အွန်းဆောရဲ့အဝတ်အစားတွေကိုလည်း သူ့ရဲ့အဝတ်အစားတွေနည်းတူ ချွတ်ပစ်ခဲ့တာပါ။
နှစ်ယောက်စလုံး လုံးဝ ဝတ်လစ်စားလစ် ဖြစ်သွားကြတယ်ဆိုရင်ပဲ သူက အွန်းဆောကို ထိကိုင်ပါတော့တယ်။
အခု ဝတ်လစ်စားလစ်ဖြစ်သွားကြချိန်မှာ သူတို့က အထက်တန်းလွှာ မမလေးနဲ့ အစေခံမဟုတ်ကြတော့ပါဘူး။
ဒီအတိုင်း ယောက်ျားတစ်ယောက်နဲ့ မိန်းမတစ်ယောက်ပါပဲ။
****
“ဟား…အ…အား”
အွန်းဆောရဲ့လက်တွေက မွေ့ရာကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားလျက်ရှိနေခဲ့တယ်။
မွေ့ရာမှမဟုတ်ရင် မူဂယောမ်ရဲ့ဆံပင်တွေကို ဆွဲမိလောက်ပါတယ်။
တောင့်တင်းကြံ့ခိုင်တဲ့ မူဂယောမ်ရဲ့ အဝတ်မဲ့ကျောပြင်ကျယ်က အွန်းဆောရဲ့ခြေတံတွေကြားမှာ လှုပ်ခါနေခဲ့တယ်။
သူ့ရဲ့လက်နှစ်ဖက်နဲ့ အွန်းဆောရဲ့ပေါင်တံတွေကို ဖြဲကားထားပြီး အဲ့ဒီကြားမှာတော့ သူ့နှုတ်ခမ်းတွေကို အပ်ထားလို့ပေါ့။
နူးညံ့တဲ့အသားလေးတွေကို ကိုက်ဝါးလိုက်တိုင်းမှာ အွန်းဆောရဲ့ လမ်းကြောင်းဝလေးဆီကို ပူပြင်းတဲ့အနွေးဓာတ်တစ်မျိုး တက်လာပါတော့တယ်။
မူဂယောမ်ရဲ့နှာတံက အက်ကွဲကြောင်းလေးကြားထဲကို တိုးဝင်နေချိန်မှာ သူ့ရဲ့လျှာကတော့ အွန်းဆောဆီကနေ ထွက်လာသမျှ အချစ်ရည်တွေအားလုံးကို လျက်လိုက်၊ စုပ်လိုက် လုပ်နေခဲ့တယ်။ သူ့နှုတ်ခမ်းတွေကနေ ထွက်လာတဲ့ အရိုင်းဆန်ဆန် စုပ်သံတွေက ရွာချနေတဲ့ မိုးသံနဲ့ ရောယှက်လို့ပေါ့။
“အား…ဟား…မူ…မူဂယောမ်…အား…”
မူဂယောမ်ရဲ့လျှာက အတွင်းကို ဝင်လာပြီး နက်နက်ရှိုင်းရှိုင်းရောက်အောင် ဖိတိုးခဲ့တယ်။ အွန်းဆောရဲ့ ညင်သာတဲ့ အော်ညည်းသံလေးတွေက အပြင်ဘက်အထိ ခရီးဆက်သွားတော့တယ်။
မူဂယောမ်ရဲ့လျှာက အတွင်းကို နက်သထက်နက်အောင် လောဘတကြီး တူးဆွပြီးဝင်လာခဲ့တယ်။
အပြင်မှာ မိုးရွာနေပေမဲ့ မူဂယောမ်ကတော့ ရေဆာနေပါတယ်။
ဘယ်လောက်ပဲသောက်သောက် ဆာသထက် ဆာလာခဲ့တယ်။
သူ့ရဲ့ ခြောက်ကပ်နေတဲ့အာခေါင်ကို အာသာပြေအောင်လုပ်ပေးနိုင်မဲ့ တစ်ခုတည်းသောအရာကတော့ အွန်းဆောပါပဲ။
အွန်းဆောကသာလျှင် ဟောဒီ ထိန်းသိမ်းမရတဲ့ မွတ်သိပ်မှုကို ဖြေဖျောက်ပေးနိုင်မဲ့ တစ်ခုတည်းသောအရာပါ။ အွန်းဆောက မိုးခေါင်ရေရှားမှုအလယ်မှာ ရွာသွန်းပေးတဲ့ မိုးလေးလိုပါပဲ။
သူ့ရဲ့လျှာကို အွန်းဆောရဲ့ လမ်းကြောင်းလေးထဲ အသွင်းအထုတ်လုပ်နေစဉ်မှာ သူ့နှုတ်ခမ်းအစွန်းကနေ ပလပ် ပလပ်ဆိုတဲ့အသံမျိုး ထွက်လာခဲ့တယ်။
“ဟား…ဟား…”
နောက်ဆုံးမှာ ဖယ်ခွာသွားတဲ့ မူဂယောမ်က အွန်းဆောရဲ့အထဲကို လက်ချောင်းတစ်ချောင်း ထိုးထည့်လိုက်တယ်။
“အား…”
နူးညံ့တဲ့လျှာလိုမဟုတ်ဘဲ လက်ချောင်းက အများကြီးပိုပြီးတော့ မာကျောတောင့်တင်းတယ်လေ။ မူဂယောမ် အတွင်းမှာ လက်ချောင်းကို ပွတ်နေတဲ့အခါ အွန်းဆောက ပင့်သက်ရှိုက်မိခဲ့တယ်။
အသက်မရှူနိုင်တော့ပါဘူး။
မူဂယောမ်ရဲ့လက်ချောင်းက လမ်းကြောင်းဖောက်ရင်း အွန်းဆောရဲ့ အပေါက်ကျဉ်းကျဉ်းလေးထဲကို ဆက်လက်တိုးဝင်ခဲ့တယ်။
ပူနွေးတဲ့အတွင်းသားနံရံတွေက သူ့ရဲ့လက်ချောင်းကို အားကြိုးမာန်တက် ကြိုဆိုခဲ့ပါတယ်။
သူ့လက်ချောင်းကို လောဘတကြီးခဲထားတဲ့ အတွင်းသားလေးတွေကို ခံစားမိတဲ့အခါ မူဂယောမ်က လက်ချောင်းကိုပြန်ထုတ်လိုက်တယ်။
အဲ့ဒီအတိုင်း အွန်းဆော လက်ချောင်းသုံးချောင်း လက်ခံနိုင်တဲ့အထိ လမ်းကြောင်းချဲ့ခဲ့တယ်။
ဒါပေမဲ့ လက်သုံးချောင်းက မလုံလောက်ပါဘူး။
အဲ့ဒီလောက်နဲ့ မလုံလောက်သေးပါဘူး။ မူဂယောမ်ရဲ့ပစ္စည်းက လက်လေးလုံးစာ လုံးပတ်ရှိတာလေ။
အွန်းဆောက သူ့ရဲ့လက်သုံးချောင်းကို လက်ခံနိုင်ရင်တောင်မှ သူ့ဟာကိုတော့ အကုန်လက်ခံနိုင်မှာမဟုတ်ပါဘူး။
ကြီးမားတဲ့လုံးပတ်နဲ့ အရှည်ကြောင့် မူဂယောမ်ရဲ့ ဘောင်းဘီအရှေ့မှာ အမြဲတမ်း ဖောင်းနေတတ်ပါတယ်။
‘မင်း ဘောင်းဘီထဲမှာ လက်နက်တွေဘာတွေ ထည့်ပြီး သွားလာနေတာလားကွ။’
မူဂယောမ်ရဲ့ ပတ်ဝန်းကျင်မှာရှိတဲ့လူတွေက အဲ့ဒီလိုမေးခွန်းမျိုး မေးရတဲ့အထိပါပဲ။
ကျိန်းသေပေါက် သူက ပုံမှန်ယောက်ျားတွေထက် ပိုကြီးတယ်ဆိုတဲ့အချက်ကို မူဂယောမ်လည်း သိထားတယ်ဆိုပေမဲ့ အနာဂတ်မှာ ပြဿနာဖြစ်လာလိမ့်မယ်လို့တော့ လုံးဝ ထင်မထားခဲ့ပါဘူး။
သူက ကြီးနေပြီး အွန်းဆောက သေးသေးလေးပါ။
“ဟား…”
မူဂယောမ်က ကိုယ်ကိုကိုင်းပြီးတော့ အွန်းဆော ရင်သားတွေရဲ့ ဖောင်းဖောင်းလေးနဲ့ ပြောင်လက်နေတဲ့ ထိပ်သီးလေးတွေကို တစ်ခါထပ်ပြီးတော့ စုပ်လိုက်ပြန်တယ်။
သူက အသီးလေးတွေကို လျှာနဲ့လှိမ့်ပြီးမှ ဖွဖွလေး ကိုက်ဝါးခဲ့တယ်။ သူ့ရဲ့အောက်မှာ အွန်းဆောရဲ့ တင်ပါးလေးတွေ ဆတ်ခနဲတွန့်သွားတော့တယ်။
သူတို့နှစ်ယောက်ရဲ့ ခန္ဓာကိုယ်အောက်ပိုင်းချင်း ထိစပ်နေကြပြီး လုံးဝကို စိုရွှဲပေပွနေပါပြီ။
မူဂယောမ်က သူ့ရဲ့အရာကို စိုရွှဲနေတဲ့ လမ်းကြောင်းအဝလေးမှာ စတင်ဖိပွတ်ပြီးမှ အွန်းဆောရဲ့ ခြေတံတွေကိုဆုပ်ကိုင်ပြီးတော့ ပိုကားသွားအောင် ဖြဲလိုက်တယ်။
အွန်းဆောရဲ့လမ်းကြောင်းက သူ့ရဲ့လက်ချောင်းလေးချောင်းကို လက်ခံနိုင်လောက်တဲ့အထိ ပြေလျော့လာပြီဖြစ်ကြောင်းကို မူဂယောမ် ခံစားမိနေပါပြီ။
အခု သူ့အရာကို ထည့်တော့မှာပါ။
အတွေးနဲ့တင် ပေါက်ကွဲချင်လာတော့တယ်။
“အ…”
သူ့ရဲ့လိင်တံထိပ်ဖူးက လမ်းကြောင်းလေးထဲ ဝင်တယ်ဆိုရုံသာရှိသေးပေမဲ့ ဖိအားကြောင့် အွန်းဆောတစ်ယောက် တင်ပါးလေး ကော့သွားတော့တယ်။
မူဂယောမ်က အထဲကို ဖြည်းဖြည်းချင်း ဖိသွင်းခဲ့တယ်။ တင်းကျပ်တဲ့လမ်းကြောင်းလေးက သူ့ကို သေသေချာချာ လက်မခံနိုင်ခဲ့ပေမဲ့ သူကတော့ အွန်းဆောရဲ့ခန္ဓာကိုယ်ကို ဆက်ပြီးတော့ ဖွင့်ဝင်ခဲ့တယ်။
ဇွက်…
စိုရွှဲနေတဲ့ လမ်းကြောင်းလေးက ဇွက်ခနဲအသံတစ်ချက်မြည်ပြီး ပွင့်သွားခဲ့တယ်။
အွန်းဆောရဲ့ အနွေးဓာတ်လေးက သူ့ကို ဖွင့်ဟလက်ခံနေတော့တယ်။
တင်းကျပ်ပူနွေးတဲ့ လမ်းကြောင်းလေးပွင့်သွားပြီး သူ့ရဲ့လိင်တံဖြည်းဖြည်းချင်း တိုးဝင်သွားတဲ့အခါ တဇွက်ဇွက်အသံလေးတွေ လေထုထဲ ပျံ့နှံ့မြည်ဟည်းသွားခဲ့တယ်။
မူဂယောမ် အတွင်းကို ဆက်ပြီးဝင်လိုက်တိုင်းမှာ သွယ်လျလျခန္ဓာကိုယ်လေးက ဆတ်ခနဲ တုန်တက်သွားတော့တယ်။
ဒါပေမဲ့ မူဂယောမ်က မရပ်ခဲ့ပါဘူး။
ပိုပြီးတော့ နက်နက်လေး…ဖြည်းဖြည်းလေးနဲ့…အဆုံးရောက်တဲ့အထိ…အရင်းအထိ တစ်ဆုံးသွင်းပြီးတော့မှပဲ မူဂယောမ်လည်း အသက်ပြင်းပြင်း ရှူထုတ်လိုက်တော့တယ်။
အနက်ရှိုင်းဆုံးအထိရောက်တာ သေချာကြောင်း အတည်ပြုပြီးတာနဲ့ အွန်းဆောကို ငုံ့မိုးကြည့်လိုက်တယ်။
သူက အွန်းဆောရဲ့ ခြေတံနှစ်ဖက်ကို ကျယ်ကျယ်လေး ကိုင်ဖြဲထားရင်း ဒူးထောက်လျက်အနေအထားနဲ့ ရှိနေတာပါ။ အွန်းဆောက နှုတ်ခမ်းလေးတွေတုန်နေပြီး သူ့ကို မော့ကြည့်နေခဲ့တယ်။
ဒါပေမဲ့ အွန်းဆောရဲ့ မျက်လုံးလေးတွေမှာတော့ ချစ်ချစ်တောက်အပူတစ်မျိုး အပြည့်ဖုံးလျက်ရှိနေပါတယ်။
နာကျင်မှုအရိပ်အယောင်ကို တစ်စက်ကလေးတောင် မပြခဲ့ပါဘူး။ သာယာမှု တစ်ခုတည်းပါပဲ။
သူက အွန်းဆောကို သာယာမှုတွေ ပေးနေတာတဲ့လေ။
အကြည့်ချင်းဆုံသွားခိုက်မှာ အွန်းဆောက မျက်လုံးလေးတွေ ကွေးညွတ်သွားအောင် ပြုံးခဲ့တယ်။
တုန်ယင်နေတဲ့နှုတ်ခမ်းလေးတွေနဲ့ သူ့ကို ပြုံးပြနေတာမြင်ရတော့ မူဂယောမ်ကလည်း တုံ့ပြန်ပြုံးပြလိုက်တယ်။
ပြုံးနေကြရင်းကနေ မူဂယောမ်က သူ့ပစ္စည်းကို ဆွဲထုတ်ပြီးတော့ အဲ့ဒီနောက် ပြန်ဆောင့်သွင်းခဲ့တယ်။
“ဟား”
မူဂယောမ်က တစ်ချောင်းလုံးဆွဲထုတ်ပြီးမှ ပြန်ဆောင့်သွင်းခဲ့တာပါ။ အွန်းဆောလည်း ခါးလေးကော့သွားပြီး နှုတ်ဖျားကနေ ညည်းသံလေး ထွက်သွားတော့တယ်။
သူ့ကို အပြည့်အဝ လွှမ်းခြုံသွားတဲ့ အနွေးဓာတ်ကို ဘယ်လိုဖော်ပြရကောင်းမှန်း မူဂယောမ် မသိခဲ့ပါဘူး။
ဖတ်၊ ဖတ်
တင်ပါးကို ရှေ့တိုးနောက်ငင် ဆောင့်လိုက်တိုင်းမှာ စေးကပ်စိုရွှဲနေတဲ့ အတွင်းသားတွေက သူ့ရဲ့လိင်တံကို ညှစ်ထားတော့တယ်။
စိုရွှဲနေတဲ့ လမ်းကြောင်းလေးထဲ ဆောင့်သွင်းလိုက်တိုင်းမှာ တဇွက်ဇွက်အသံတွေက လေထဲမှာ ရိုက်ခတ်မြည်ဟည်းလို့ပေါ့။
“ဟား…အား…အား…အ…အား…”
မူဂယောမ်ရဲ့လက်က အွန်းဆောရဲ့ခြေတံတွေကိုရော တင်ပါးကိုပါ ပင့်ကိုင်ထားခဲ့တယ်။ စေးကပ်ကပ်အရည်တစ်မျိုး အွန်းဆောရဲ့ ခြေတံတစ်လျှောက် စီးကျလာတော့တယ်။
အရည်တွေ အများကြီးစီးကျလာတာမှ…သူ့ရဲ့အရာက ညှစ်ထုတ်နေသလား မှတ်ရလောက်အောင်ပါပဲ။
“ဟား…ဟ…အား..အင့်…”
မူမမှန်စွာမြန်နေတဲ့ အသက်ရှူသံတွေ မူဂယောမ်ရဲ့နှုတ်ခမ်းကနေ ထွက်လာတော့တယ်။
အွန်းဆောရဲ့အတွင်းသားလေးတွေ သူ့ရဲ့အရာကို ညှစ်လိုက်တိုင်းမှာ သူ့တစ်ကိုယ်လုံး လှုပ်ခါသွားလိုပါပဲ။
ကျောရိုးတစ်လျှောက် ကြက်သီးထသွားတော့တယ်။
သူ့လက်တွေက အွန်းဆောရဲ့ ပေါင်တံတွေကနေ ခြေချင်းဝတ်ဆီကို ရောက်လာခဲ့တယ်။ အွန်းဆောရဲ့ခန္ဓာကိုယ်လေးကို သူ့ကိုယ်အောက် ဆွဲယူပြီးတော့ အပေါ်ကနေ ဆောင့်လုပ်ပါတော့တယ်။
“အား”
ထိုးသွင်းလိုက်တိုင်းမှာ အွန်းဆောရဲ့ အော်သံလေးက မူဂယောမ်ရဲ့ရမ္မက်ဇောကို ပိုပြီးကြွလာအောင် အရှိန်မြှင့်ပေးနေခဲ့တယ်။
သူက အွန်းဆောကို သိမ်းပိုက်နေတာလား၊ အွန်းဆောက သူ့ကို သိမ်းပိုက်နေတာလား။ ဒါမှမဟုတ် တစ်ယောက်ကိုတစ်ယောက် သိမ်းပိုက်နေကြတာလား။ မပြောနိုင်ခဲ့ပါဘူး။ အွန်းဆောရဲ့တင်းကျပ်ပူနွေးတဲ့နယ်မြေလေးထဲကို နောက်ဆုံးတစ်ချက် ဆောင့်သွင်းလိုက်ရင်း မူဂယောမ်ရဲ့ခန္ဓာကိုယ်က သာယာမှုနဲ့ တုန်သွားတော့တယ်။
ပေါက်ကွဲထွက်ဖို့ တာဆူနေတဲ့ အရည်တွေက အခု အွန်းဆောရဲ့သားအိမ်ကို အပြည့်ဖြည့်လို့ပေါ့။
သူ ဖြည်းဖြည်းချင်းဆွဲထုတ်လိုက်တော့ အဖြူရောင်အရည်တွေက အွန်းဆောရဲ့ လမ်းကြောင်းအဝလေးကနေ စီးကျလာခဲ့တယ်။
အဖြူရောင်မှာ ပန်းရောင်ဖျော့ဖျော့လေး ရောစွက်နေတာကို မြင်လိုက်ရတဲ့အခါ နောက်ဆုံးမှာ မူဂယောမ်လည်း အဖြစ်အပျက်ကို နားလည်သဘောပေါက်လိုက်ရတော့တယ်။ သူက အွန်းဆောရဲ့ ပထမဆုံးဆိုတာကိုပေါ့။
**************
SWARA WEBNOVEL TRANSLATION