Peach

5
Your Rating
Peach 5 (1)
1K
Comments
10 Users bookmarked This

နွေလယ်ခေါင်တွင်ဖြစ်၏။ ရွှေဉာဏ်တော််စူးရောက်လှသော ဧကရာဇ်မင်းကြီးက ရှေးဟောင်းအခမ်းအနားတစ်ခုကို ကျင်းပမည်ဟုဆိုကာ သားတော်များကိုစုဝေးစေပြီး အရွယ်မရောက်တစ်ရောက် မင်းသားပေါက်စတစ်အုပ်အား ခံတွင်းထဲ၌ မက်မွန်သီးများငုံ၍ ဘုံကျောင်း၌ ညအိပ်စေသည်။

ချန်ကျစ်ချီးက ရည်မှန်းချက်ရှိသော လူငယ်လေးဖြစ်သည်။ သူ့ရည်မှန်းချက်အိမ်မက်က တခြားတော့မဟုတ်၊ ကြီးကျယ်မြင့်မြတ်သော ကြက်ခြံပိုင်ရှင် သူရဲကောင်းကြီးဖြစ်ရန်ပင်။ သူ့ဆန္ဒက ဓားတစ်လက်ကိုကိုင်ဆွဲကာ လောကကြီးကို သိမ်းပိုက်ပြီးလျှင် အိမ်ပြန်ရောက်ပါက ကြက်သားစားပြီး သေရည်သောက်မည်၊ ရေနွေးကြမ်းငုံပြီး ကဗျာများဖတ်ရန်သာ။ ထိုကဲ့သို့ သူရဲကောင်းကြီး ဖြစ်လာခြင်း၊မလာခြင်းက သက်သက်တစ်ကိစ္စဖြစ်သော်လည်း သူ့ဖခမည်းတော် အကောင်းစားကြီးက ရုတ်တရက်ကြီး ချန်ကျစ်ချီးကို နတ်ဘုရားများထံ ဆက်သချင်နေပုံရသည်။

စကားမစပ် နတ်ဘုရားဆိုမှ ဒီနတ်ဘုရားရဲ့ တစ်နေရာရာမှာ တစ်ခုခုက မှားနေတဲ့ပုံပဲ…

နတ်ဘုရား : ပကျိ ပကျိ?

မိမိုက်ကာ ချစ်ဖို့ကောင်းသည့် (ငှက်) Gong x ဆတ်ဆတ်ကြဲစွာ‌တေးလန် အပြောချိုသည့် Shou

*****

Aurora Novel Translation Team

Update Schedule – Monday, Wednesday and Friday

Genre(s)