Chapter 1
အပိုင်း ၁ | ပုစွန်အစာသွပ် ရွှေပဲသီး
‘ချန်းချင်းစီ၊ ကျွဲ့မေရှယီ နှင့် ဖုန်းယာစုန်” နာမည်သုံးခုလုံး ကြေငြာစာရင်းတွင် အမှန်တကယ်ပါလာချိန်တွင် ကန်းရှောင်ရှင်း၏ အကြောက်အလန့်မရှိသော ဇွဲလုံ့လနှင့် ၀မ်းမေ့၏ နာမည်ထိပ်တန်းနာမည်သုံးခု၊ အထူးသဖြင့် ‘ချန်းချင်းစီ’ ကို ရအောင် ခေါ်ယူနိုင်ခြင်းမှာ ကုရှန််းကို အပြည့်အ၀ လေးစားသွားစေသည်။
ထို့နောက် ကုရှန်း အကြောင်းပြချက် အစစ်အမှန်ကို ကြားလိုက်ရပြီး ထိုမိန်းကလေးက ကံကောင်းသွားရုံဖြစ်မှန်း နားလည်လိုက်သည်။
၀မ်းမေ၏ နှစ်ပတ်လည်အခမ်းအနားနှင့် ကန်းရှောင်ရှင်း ၀က်ဘ်ဆိုဒ်ရဲ့ နှစ်ပတ်လည်အခမ်းအနားမှာ တိုက်ဆိုင်စွာပင် တရက်ထဲတွင် ကျရောက်နေသည်။ ၀မ်းမေ၏ နှစ်ပတ်လည်အခမ်းအနားက ပွဲကြီးတစ်ပွဲဖြစ်သည်။ လူသစ်ဖြစ်စေ၊ လူဟောင်းဖြစ်စေ သူတို့၏ အသံသရုပ်ဆောင်အားလုံး အခမ်းအနားတွင် ပါ၀င်မည်ဖြစ်သည်။ ချန်းချင်းစီက ရှေးခေတ်သီချင်း သီဆိုသူ အဆိုတော် တော်တော်များများ ပါ၀င်မည်ကို ကြားသိကာ သီချင်းဇာတ်လမ်း ပြုလုပ်ဖို့ အကြံပြုခဲ့သည်။ ထိုဇာတ်လမ်းနှင့်အတူ ဗီဒီယိုနှင့် ရေဒီယို ဒရမ်မာလဲ ပါ၀င်မည်ဖြစ်သည်။ ထိုသတင်းကို ကုရှန်း ကြားချိန်တွင် သူမနှလုံးသားက စက္ကန့်အနည်းငယ်လောက် အခုန်ရပ်သွားလေသည်။ ချန်းချင်းစီသာ စကားပြောကို ရွတ်ဆိုမည်ဆိုလျှင် သီချင်းဇာတ်လမ်းက မည်မျှကောင်းသွားနိုင်ကြောင်းကို သူမ မမျှော်မှန်းနိုင်ပေ။
ကာဗာသီချင်းဆိုသူ လူသစ်အနေဖြင့် ဒါက ကြီးစွာသော မြူဆွယ်မှုတစ်ခုဖြစ်သည်။
သို့သော် သူမစိတ်ကူးယဉ်နေချိန်မှာပင် ကန်းရှောင်ရှင်းက အလိုက်တသိဖြည့်စွက်လာသည်။ ဇာတ်လမ်းအတွက် စကားပြေရွတ်ဆိုမည့်သူမှာ သူ မဟုတ်ပဲ ၀မ်းမေ၏ သူဌေးနှင့် ခေါင်းဆောင်ဖြစ်သူ ကျွဲ့မေရှယီ (ပြီးပြည့်စုံစွာလှပသောသတ်ဖြတ်လိုစိတ်) ဖြစ်သည်။ ထိုအခါမှသာ ကုရှန်း အနည်းငယ် စိတ်တည်ငြိမ်သွားသည်။
သို့သော် ကျွဲ့မေရှယီထံတွင်လဲ အလွန်တရာ ယစ်မူးဖွယ်ကောင်းသော အသံရှိသည်။
တစ်ကိုယ်ရည်ကြိုက်နှစ်သက်မှုနှင့် ခံစားမှုကို ဘေးဖယ်လိုက်လျှင် သူနှင့် ချန်းချင်းစီက CV လောကကို ညီတူညီမျှ ပိုင်စိုးထားနိုင်သည်။ ကံမကောင်းစွာနဲ့ပင် ကျွဲ့မေရှယီအား အလွယ်တကူ ချဉ်းကပ်နိုင်ခြင်းက ချန်းချင်းစီ၏သိုသိုသိပ်သိပ်နေတတ်မှုကို သူ၏ဆွဲဆောင်မှုဖြစ်လာစေသည်။
ယခုရက်ပိုင်းတွင် အိမ်တွင် လုပ်စရာကိစ္စအချို့ ရှိတာမို့ လက်တလောတွင် ကုရှန်းက ကျောင်းဝန်းထဲ မနေပေ။ ရလဒ်အနေဖြင့် ထိုညနေ ၈နာရီတွင် ပြုလုပ်သည့်ပထမဆုံးအစည်းအဝေးကို နာရီဝက်တိတိ နောက်ကျလေသည်။ ကံကောင်းစွာနဲ့ပင် သူမပါဝင်ရမည့်နေရာအတွက် စိုးရိမ်စရာမလိုပေ။ သူတို့တွင် ရိုက်ကူးမည့်သူ၊ ဇာတ်ညွှန်းရေးသူ၊ သီချင်းစာသားရေးသူ၊ ကြေငြာမဲ့သူ အစုံရှိပြီးဖြစ်ကာ လိုအပ်သမျှ နေရာတိုင်းအတွက် ပြည့်စုံသည်ဟု ဆိုနိုင်သည်။ အစောပိုင်းကာလများတွင် သူမကား ရှိနေသည်ဆိုရုံမျှသာ။
သူမ အခန်းပြန်ချိန်တွင် နာမည်ကြီးသုံးယောက်ထဲမှ တစ်ယောက်ဖြစ်တဲ့ ဖုန်းယာစုန် (ကျက်သရေရှိသောတမ်းချင်း) စကားပြောနေသည်ကို ကြားလိုက်ရကာ သူ့အသံတွင် ရယ်မောသံစွက်နေသည်။
“ငါ့အတွက်ကတော့ အချိန်အအားဆုံးပဲ၊ ကျွဲ့မေရှယီနဲ့ ချန်းချင်းစီတို့ကသာ မှန်းရခက်တာ”
“ငါလား?”
ကျွဲ့မေရှယီက ပြန်ဖြေသည်။
“ငါဇာတ်ညွှန်းအစမ်းတိုက်ဖို့ အချိန်မရှိဘူး၊ ငါပြောရမဲ့စာသားကို ကိုယ့်ဘာသာ အသံသွင်းလိုက်လို့ရတယ်”
“သီချင်းဇာတ်လမ်းမှာ ပြောရမဲ့စာသားမရှိဘူးလား?”
“စာသား?”
ကျွဲ့မေ ပုံစံက ပဟေဠိဖြစ်နေသလို။
“ဘယ်သူ သီချင်းဆိုမှာလဲ?”
“ဒါက….”
ကန်းရှောင်ရှင်းရဲ့အသံက အံ့ဩဖွယ်ကောင်းစွာပင် နူးညံ့ပြီး မိန်းကလေးဆန်နေသည်။
“ငါတို့မှာ သင့်တော်တဲ့သူတချို့ရှိပေမဲ့ ဆုံးဖြတ်ချက်တော့ မချရသေးဘူး”
ကုရှန်းက စားပွဲရှင်းရင်း ကန်းရှောင်ရှင်း စကားပြောတာကို နားထောင်နေသည်။
ကန်းရှောင်ရှင်း၏အသံနှင့် ပတ်သက်ပြီး သူမ သံသယအနည်းငယ်ဝင်မိသည်။ ဒီကလေးမ ဘာဖြစ်နေတာလဲ? သူမရဲ့ ပုံမှန် အပေါ်စီးက ပြောတတ်တဲ့လေသံ ဘယ်ရောက်သွားတာလဲ?
ကုရှန်းက မိုက်ခရိုဖုန်းမဖွင့်ထားပဲ တခြားသူများ ဆွေးနွေးနေသည်ကို နားထောင်နေခြင်းဖြစ်သည်။
ဒီတချိန်လုံးတွင် သူတို့စကားသံအကြား ချန်းချင်းစီအသံကို သူမ မကြားရသေးပေ။ အင်း… တရန် (DaRen) က အလုပ်များနေမှာပေါ့၊ သူ ခဏလောက် ထွက်သွားတာလဲ ဖြစ်နိုင်သည်။
“တစ်ယောက်ယောက် ရောက်လာတာလား?”
ရုတ်တရက် ခပ်တိုးတိုးအသံက အလျှင်မလိုပဲ ဆိုလာသည်။ ထိုအသံက အနည်းငယ် မပီသကာ တခုခုစားနေဟန်။ သို့သော် ထိုမပီသသည့်စကားအရည်အသွေးကြောင့်ပင် ပို၍သာယာနာပျော်ဖွယ်ဖြစ်စေကာ နှလုံးသားကို အရည်ပျော်သွားစေသည်။
ကံကောင်းစွာနှင့် ဒီနေ့အစည်းအဝေးက အလုပ်အတွင်းဖြစ်တာမို့ ရှိနေသူ တဒါဇင်ခန့်မှ လွဲကာ ပရိသတ်မရှိပေ။
မဟုတ်ရင်… ဖြစ်နိုင်တာက စကရင်တခုလုံးက အချစ်သဝဏ်လွှာများနှင့် ပြည့်ကျပ်သွားပေလိမ့်မည်။
သိသင့်သည်မှာ ပြီးခဲ့တဲ့ သုံးနှစ်တာအတွင်း ချန်းချင်းစီက ဝမ်းမေရဲ့ နှစ်ပတ်လည်အခမ်းအနားတွင် ပါဝင်ခဲ့ခြင်းမရှိပေ။ အချိန်အတော်ကြာသွားခဲ့လေပြီ။ ဒီနှစ်အခမ်းအနားကျင်းပချိန်တွင်တော့ အွန်လိုင်းကြည့်ရှူသူ အရေအတွက်မှာ 40000 ကျော်မည်ဖြစ်ကာ သေချာပေါက် စံချိန်သစ် တင်ပေမည်။
ဖုန့်ယာစုန်က ကွန်မန့်တခုဖြင့် မြန်မြန်အဖြေပေးလိုက်သည်။
“အိုး! ငါတို့ ထိုပိုင်းက တကယ်တော့ ရှိနေတာပဲ၊ ၁နာရီနဲ့ ၄၈ မိနစ်တောင်ကြာသွားပြီ၊ မင်း အခုမှ ဘာလို့ စကားပြောတာလဲ?”
ချန်းချင်းစီ အင်းလိုက်ကာ ဆိုလိုက်သည်။
“ငါ တချိန်လုံး ဒီမှာ ရှိနေတာ၊ ဒါပေမဲ့ ငါ အခု မင်းနဲ့ စကားပြောနေတာ မဟုတ်ဘူး၊ မိုက်ချထား”
ဖုန့်ယာစုန်က လိမ်လိမ်မာမာဖြင့် အသံတိတ်သွားသည်။
ဒီ DaRenသည်ပင် အသံတိတ်သွားလေပြီး သဘာဝကျစွာပင် ဘယ်သူမှ ပါးစပ်မဟရဲတော့ချေ။
“ရှန်းရှန်းမန်?”
သူမနာမည်ကို ခေါ်ရင်း တခုခုတွေးနေဟန်ဖြင့် ချန်းချင်းစီက ခေါ်သည်။
ကုရှန်း စက္ကန့်အနည်းငယ်လောက် ကြောင်အသွားကာ F2 ကို ခပ်မြန်မြန်နှိပ်လိုက်ပြီး
“ဒီမှာ ရှိတယ်”
“ရှန်းရှန်း? သူ နင့်ကို စကားပြောနေတယ်”
ကန်းရှောင်ရှင်းက စိုးရိမ်တကြီး သတိပေးသည်။
“ငါ ဒီမှာ”
သူမ ပဟေဠိဖြစ်စွာ ထပ်ပြောလိုက်သည်။
“ရှန်းရှန်း? မရှိဘူးလား?”
“ရှိတယ်….”
သူမ လုံးဝ စိတ်ရှုပ်ထွေးသွားသည်။
“ကြည့်ရတာ သူ တခုခုသွားစားနေတယ်ထင်တယ်၊ ဒီအစားသရဲကတော့….”
ကန်းရှောင်ရှင်း အနေရခက်စွာ ရယ်လိုက်သည်။
***
အမှန်အတိုင်းဆိုရလျှင် ကုရှန်းရှက်လွန်းသဖြင့် သေသွားနိုင်သည်။ ခပ်မြန်မြန်စစ်ဆေးပြီးနောက် သူမက F2 နှိပ်ဖို့သာ စိတ်စောနေပြီး မိုက်ဖွင့်ဖို့ မေ့သွားခဲ့လေသည်။ သူမ ခပ်မြန်မြန်ဖွင့်လိုက်ကာ လည်ချောင်းရှင်းလိုက်ပြီး တောင်းပန်လိုက်သည်။
“ဆောရီး… မိုက်ဖွင့်ဖို့ မေ့သွားလို့၊ ငါ ဒီမှာ ရှိပါတယ်”
“ကိုယ် မင်းကို သင်ပေးတဲ့ ဝက်ကလီစာနဲ့ ကြက်သားဟင်းချိုဟင်း၊ စမ်းချက်ပြီးပြီလား?”
အခုချိန်တွင် ဒီကိစ္စကို ထုတ်ပြောလာခြင်းက ထူးဆန်းနေမည်ဟု မတွေးပဲ ချန်းချင်းစီ မေးလိုက်သည်။
“အာ… မစမ်းရသေးဘူး”
ဒီကိစ္စက စိတ်မကူးနိုင်လောက်အောင် ထူးဆန်းနေသည်ဟု ကုရှန်း ခံစားလိုက်ရပေမဲ့ ရိုးရိုးသားသား ပြန်ဖြေလိုက်သည်။
“အခွင့်အရေးမရှိသေးလို့”
ချန်းချင်းစီက မထူးခြားဟန်ဖြင့် “အို့”
ထို့နောက်တွင်တော့ အနေရခက်တဲ့ တိတ်ဆိတ်ခြင်းသာ ကျန်ရစ်ခဲ့သည်။
ကုရှန်း ခဏမျှ စဉ်းစားလိုက်ကာ ချန်းချင်းစီ အနည်းငယ် စိတ်ဆိုးသွားသည်ဟု တွေးလိုက်သည်။ နောက်ဆုံးတခေါက်က သူမကို ဟင်းချက်နည်းသင်ပေးချိန်တွင် စိက်ပါလက်ပါ သင်ပေးခဲ့ပေမဲ့ သူမက သူ့ကို လစ်လျူရှုခဲ့သည်။ ဒါက အတော်လေး ရိုင်းပျပေသည်။
F2 ခလုတ်ကို မနှိပ်ခင် သူမ သုံးစက္ကန့်မျှ သေချာ စဉ်းစားလိုက်သည်။
“သင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ချန်းချင်းစီ DaRen…”
သူမခဏမျှ တုံ့ဆိုင်းနေပြီးနောက် ထပ်ပေါင်းဆိုသည်။
“နောက်ရက်ကျရင် ငါ သေချာပေါက် နည်းလမ်းအတိုင်း လိုက်နာပြီး ချက်စားကြည့်ပါ့မယ်”
ကုရှန်းလေသံက တည်ကြည်လေးနက်နေသည်။
သို့သော် စိတ်မသက်မသာစရာ တိတ်ဆိတ်မှုက ကြီးစိုးဆဲပင်။ တိတ်ဆိတ်လွန်းလှသဖြင့် သူမ အင်တာနက်လိုင်း ပြတ်တောက်သွားပြီဟုပင် ထင်မိသေးသည်။
“အဟမ်း.. အဟမ်း… သူ အခု ဒီမှာ မရှိဘူး”
ကျွဲ့မေရှယီက ကြင်ကြင်နာနာဆိုလာသည်။ အနည်းငယ် ပဟေဠိဖြစ်ဟန် လေသံအပြင် တခုခုကို ဆိုလိုချင်သံဖြင့် သူမေးလာသည်။
“ဒါပေမဲ့ ငါ တခုခုထူးဆန်းတယ်လို့ ထင်တယ်၊ မင်းတို့နှစ်ယောက် အရင်က သိလို့လား? သူပြောတာ ငါ တခါမှ မကြားဖူးဘူး…”
ကျွဲ့မေရှယီနှင့် ချန်းချင်းစီက အပြင်လောကတွင် သူငယ်ချင်းများဖြစ်ကြောင်း လူတိုင်းသိကြသည်။
ထို့ကြောင့် ကျွဲ့မေရှယီသာ ထိုကဲ့သို့ ဆိုလာလျှင် အနေရခက်ကာ ပဟေဠိပြည့်နေသော ထိုစကားပြောဆိုမှုကို သာမန်ထက်ပို၍ ထူးဆန်းလာစေသည်။
ပုံမှန်နှင့်မတူပဲ ဘယ်အရာက ကွဲပြားနေသည်ကိုမူ လူတိုင်း၏ စိတ်ထဲတွင် သူတို့ကိုယ်ပိုင် တွေးထားသည်များ ရှိကြသည်။
ဥပမာအားဖြင့် တစ်စုံတစ်ယောက်သော ကာဗာသီချင်းဆိုသူ မထင်မရှားလေးက၊ မထင်ရှားလွန်းသဖြင့် တစ်ယောက်မျှပင် မသိသူက လူမြင်ကွင်းမှ ပျောက်ကွယ်နေသည်မှာ ကြာပြီဖြစ်သော ဝမ်းမေ၏ တစ်ယောက်သော ခေါင်းဆောင် အနုပညာရှင်ကို ဘယ်လို ဖက်တွယ်ထားကြောင်း… စသည်ဖြင့်…
“ဆက်ပြောရအောင်… ဆက်ပြောမယ်”
ကန်းရှောင်ရှင်း သည်းမခံနိုင်တော့ပဲ သူမသူငယ်ချင်းကို ဝင်ကယ်တင်တော့သည်။
“ကျွဲ့မေ DaRen, ငါတို့ သီချင်းဇာတ်လမ်းထဲက စာသားအကြောင်းပြောနေတာ…”
“အာ.. စာသား။ ဟုတ်တယ်၊ စာသားအကြောင်း…”
ယောကျာ်းပီသသည့် အသံကို အသုံးပြုကာ ကျွဲ့မေ သူ့အသံကို နှိမ့်လိုက်ပြီး မေးလိုက်သည်။
“ကိုယ် လုပ်နိုင်မယ်ထင်လား? Hmm? ကန်းရှောင်ရှင်း?”
“နိုင်.. နိုင်တယ်၊ သေချာပေါက် လုပ်နိုင်တယ်”
ကန်းရှောင်ရှင်း၏ လေသံအပြောင်းအလဲကို ကုရှန်း သတိထားမိလိုက်သည်။
သူမ၏ လေးနှစ်တာ အခန်းဖော်နှင့် ရင်ဖွင့်ဖော်အနေဖြင့် တစ်ယောက်ရဲ့ ခေါင်းထားရာနေရာက တခြားတစ်ယောက်၏ ခေါင်းထားရာ နေရာနှင့် ပူးကပ်နေခဲ့ပြီး ထိုအိပ်စက်မှုအခြေအနေက နောက်ထပ် ၃နှစ်တာ ရှေ့ဆက်ရမည့်သူအနေဖြင့် အနှီကောင်မလေးရဲ့ နှလုံးသားက အသံကြောင့် လှုပ်ခတ်သွားရပြီဖြစ်ကြောင်း ကုရှန်း အနံ့ရလိုက်သည်။
ထိုမျှသာမက သူမက အသံတသံကို သဘောကျပြီးသည်နှင့် တမ်းတမ်းစွဲဖြစ်ကာ နှလုံးသားထဲထိ ချစ်မြတ်နိုးသွားမည့် အသံချစ်သူမျိုးဖြစ်သည်။
နားထောင်ပြီး ခဏအကြာတွင် ကုရှန်း မီးဖိုခန်းဆီသွားကာ ညလယ်စာအတွက် သူမအမေပြင်ပေးခဲ့သော ခေါက်ဆွဲပြုတ်ကို သွားယူလိုက်သည်။ သူမကွန်ပြူတာကို လှမ်းကြည့်ချိန်တွင် ချန်းချင်းစီက သူမကို သီးသန့် message ပို့ထားသည်ကို မြင်လိုက်သည်။
“အဲ့နေ့က ကိုယ်ပြောဖို့ မေ့သွားတယ်၊ ဝက်ကလီစာနဲ့ ကြက်သားဟင်းချိုရည်ကို ဖီးနစ်ပြန်ဝင်စားခြင်း လို့လဲ ခေါ်သေးတယ်”
ကုရှန်း တူကို ခပ်မြန်မြန်ချလိုက်ကာ ကီးဘုတ်ပေါ် အလျှင်အမြန် စာရိုက်လိုက်သည်။
“ကျေးဇူး၊ ကျေးဇူး”
သူမ ထိုစကားပို့ပြီးနောက်တွင် ^_^ ပါ ထပ်ပို့လိုက်သည်။
ချန်းချင်းစီ – “ကိစ္စမရှိပါဘူး၊ ကိုယ် မင်းနာမည်ကို မြင်ပြီး မနေ့က ကိုယ်စားခဲ့တဲ့ ဟင်းကောင်းတမျိုးကို သတိရသွားတယ်”
ကုရှန်း သူမရဲ့ ခေါက်ဆွဲပြုတ်ကို ကြည့်လိုက်၏။ သူမရဲ့ ညလယ်စာက အရသာမရှိဖြစ်တော့မည့် အခြေအနေကို ကြုံနေရပြီဟု သူမ ခံစားလိုက်ရသည်။
သူမ မြန်မြန် စာပြန်လိုက်သည်။
“အဲ့ဒါ ဘာလဲ? ^_^ ”
ချန်းချင်းစီ – “ပုစွန်အစာသွပ်ထားတဲ့ ရွှေပဲသီး”
ကုရှန်း – “စားချင်စရာပဲ”
ချန်းချင်းစီ – “ကိုယ် တခေါက်ချက်ကြည့်ဖူးတယ်၊ မခက်ဘူး”
ကုရှန်း – “တကယ်လား?
သူမနှလုံးသားက သွေးယိုသွားသည်။ အခုက ညဘက် ၁၁နာရီ ကျော်နေလေပြီ။ ထိုပိုင်း DaRen နင်အခု ဘာလုပ်ချင်နေတာလဲ?
အချိန်အကြာကြီး တိတ်ဆိတ်သွားသည်။
အတည်အတံ့အလုပ်ကိစ္စပြီးသည့်နောက် အားလုံးက အတင်းအဖျင်းစကားဆိုနေကြကာ Chat Room က အသက်ဝင်နေဆဲဖြစ်သည်။ ဆွေးနွေးပွဲတွင် ပါဝင်ခဲ့သူများက ရုတ်ခြည်းပင် ပရိတ်သတ်များအဖြစ်သို့ ပြောင်းလဲသွားကာ ကျွဲ့မေရှယီနှင့် ဖုန်းယာစုန်ကို ဝန်းရံကာ မေးခွန်းတစ်ခုပြီးတခု မေးတော့သည်။ ဥပမာအနေဖြင့် ဝမ်းမေ၏ နောက်လာမည့် ပွဲအကြောင်း သို့မဟုတ် ကျွဲ့မေရှယီ၏ မွေးနေ့အကြောင်း၊ သို့မဟုတ် ဖုန်းယာစုန်၏ နောက်ဆုံးထွက် ဒရာမာအကြောင်း မေးခွန်းများ ဖြစ်သည်။
ချန်းချင်းစီ ပို့လာသည့် စာပိုဒ်အနည်းငယ်ကို မြင်ချိန်တွင် ကုရှန်း သူမ၏တူကို ပြန်ကောက်ကိုင်လိုက်ချိန်ဖြစ်သည်။
“အဓိကအရာက နည်းနည်းလုပ်ရခက်တဲ့ ပုစွန်အသားပဲ၊ လတ်ဆတ်တဲ့ ပုစွန် ဂရမ်အနည်းငယ်လောက်ယူပြီးအနှစ်ဖြစ်တဲ့အထိ ကြိတ်လိုက်၊ ကြက်သွန်နီ၊ ဂျင်း၊ ဟင်းချက်အရက်၊ ဆား၊ အချိုမှုန့်နဲ့ ငရုတ်ကောင်းတို့ မွှေထားတဲ့ ရေနွေးရောပြီး ကြက်ဥအကာကို ရောထည့်၊ နောက်ဆုံး နှမ်းဆီ နည်းနည်းထည့်၊ ပြီးရင် ရေခဲသေတ္တာထဲ ၁-၂နာရီလောက် အအေးခံ
ရွှေပဲသီးကို တဝက်ခြမ်းပြီး ပုစွန်အသားထည့်၊ ကျက်တဲ့အထိ ရေနွေးငွေ့နဲ့ ပေါင်း။
နောက်ဆုံးကျရင် ထိုင်းချိုချဉ်ဆော့စ်ကို လောင်းချ၊ ပုစွန်အသားက အရမ်းနူးညံ့ပြီး ရွှေပဲသီးရဲ့ လတ်ဆတ်တဲ့ အရသာကိုပါ ခံစားရမယ်၊ အရသာ တော်တော်လေးကောင်းတယ်၊”
သူ့ရှင်းပြချက်က အလေးအနက်ပင်….
Chat Room က စိတ်လှုပ်ရှားမှုဖြင့် ဆူညံနေဆဲဖြစ်သည်။ ကုရှန်း သူမ ပန်းကန်ကို စက္ကန့်အနည်းငယ်လောက် စိုက်ကြည့်ပြီးနောက် ‘ကျေးဇူးတင်ပါတယ် DaRen’ ဟုခပ်မြန်မြန် စာပြန်လိုက်ကာ ထိုစာသားနောက်တွင် အပြုံး emoji တချို့ထည့်လိုက်သည်။ ထို့နောက် သူမပန်းကန်ကိုယူကာ မီးဖိုခန်းဆီ ပြေးသွားလိုက်သည်။
“မား! ညစာစားတုန်းက ဟင်းပိုသေးလား? အသားဖြစ်ဖြစ်၊ ပုစွန်ဖြစ်ဖြစ်။ မဟုတ်လဲ ဘာဖြစ်ဖြစ်ရတယ်၊ တကယ်လို့ ဘာမှ မရှိရင်လဲ ကြက်ဥတစ်လုံးလောက်၊ သမီးခေါက်ဆွဲထဲ ထည့်ချင်လို့…”
****