Chapter 2
အပိုင်း ၂ | ယွီရှန်းအရသာ ထပ်တရာ ခရမ်းသီးချက်
အခုချိန်ကား နှစ်သစ်ကူးအားလပ်ရက်ဖြစ်သည်။
ကုရှန်းခမျာ သုံရက်လုံးလုံး သူမရဲ့မိသားစုဆီက စေခိုင်းခြင်းခံနေရသည်။ နေ့ဘက်တွင် သူတို့မိသားစုရဲ့ ကုန်စုံဆိုင်အသေးလေးကို ကူစောင့်ပေးရပြီး ညဆိုင်ပိတ်ပြီးချိန်တွင်လဲ ကုန်လက်ကျန်စစ်ပေးရသေးသည်။ သို့တိုင်အောင် ကန်းရှောင်ရှင်းက သူမကို အလွတ်မပေးပဲ ညစဉ်ညတိုင်း ၁၀နာရီကနေ မနက်၁နာရီထိ အစည်းအဝေးတက်ခိုင်းသေးသည်။
ပထမနှစ်ရက်တွင် ကျွဲ့မေရော ချန်းချင်းစီပါ ကိုယ်ရေးကိုယ်တာကိစ္စများကြောင့် မတက်ရောက်နိုင်ပေ။
ဒီနေ့က အားလပ်ရက်ရဲ့ နောက်ဆုံးနေ့ဖြစ်ကာ ရီဟာဇယ်လုပ်ရမည့် ပထမဆုံးနေ့လဲဖြစ်သည်။
ပွဲကို ကြိုကြော်ငြာသည့်အပြင် ဝမ်းမေ ဖန်အားလုံး၏ အာသီသကို ဖြည့်ဆည်းပေးသည့်အနေဖြင့် ပထမဆုံး ရီဟာဇယ်ကို ဝမ်းမေ၏ တရားဝင်ချန်နယ်တွင် ပြုလုပ်မည်ဖြစ်ပြီး public ဖွင့်ထားမည်ဖြစ်ကြောင်း ကျွဲ့မေရှယီက ကြေငြာသည်။
သဘာဝကျစွာပင် အခြေအနေအားလုံးက လက်ဖက်ရည်ပွဲနှင့်မခြားနားပေ။
ကုရှန်း အိမ်ပြန်ရောက်ချိန်တွင် screen တခုလုံးတွင် မရေတွက်နိုင်သော ကွန်မန့်များဖြင့် ပြည့်နှက်နေပြီး အဆုံးမရှိသော လူများစွာက အော်ဟစ်နေတဲ့ပုံ emoji များနှင့် ကြယ်မြင်လမြင် emoji များ ချန်ထားခဲ့ကြသည်။ ကျွဲ့မေရှယီနှင့် ဖုန်းယာစုန်က ဒရမ်မာတစ်ပုဒ်လွှင့်ထားကာ အခုလက်တလောတွင် YY ချန်နယ်တွင် ရယ်ရွှင်ဖွယ် အငြင်းအခုန်လုပ်နေကြသည်။
သူမမျက်ဝန်းတို့ ခပ်မြန်မြန်ရွေ့လျားသွားသည်။ ချန်းချင်းစီ ရှိမနေပေ။ ဒီခေါင်းဆောင်အနုပညာရှင် ဘယ်နေရာတွင် ရောက်နေမှန်း သေချာပေါက် ဆုံးဖြတ်၍ မရချေ။
ယခုပွဲ၌ ဝမ်းမေ၏ ထိပ်တန်းအနုပညာရှင်သုံးယောက် ပါဝင်မည်ဖြစ်တာမို့ အဆုံးတွင် သီချင်းဇာတ်လမ်းရှိစာသားကို တလှည့်စီ ရွတ်ဖို့ ဆုံးဖြတ်လိုက်ကြသည်။ ဝမ်းမေ၏ ကျော်ကြားမှုနှင့် ခေါင်းဆောင်အနုပညာရှင် ချန်းချင်းစီ၏ ဂုဏ်သတင်းကြောင့် စာသားရေးသူက သီချင်းအကြမ်းကို နှစ်ရက်အတွင်း လာရောက်အပ်နှံသွားသည်။
ထိုသုံးယောက်ရွတ်ရမည့်စာသားအပြင် ဝမ်းမေ၏ တက်သစ်စအနုပညာရှင်အချို့အတွက်ကိုပါ ကုရှန်း ဖတ်ကြည့်ပြီးသည့်နောက် စာသားရေးသူမှာ သူမကဲ့သို့ပင် ချန်းချင်းစီ၏အသံကို သဘောအကျဆုံးဖြစ်ကြောင်း ဝမ်းမြောက်ဖွယ် သိလိုက်ရသည်။ အလှပဆုံး၊ အညို့ငင်နိုင်ဆုံးစာသားအားလုံးမှာ သူ့အတွက်ဖြစ်သည်။
“ဒီစာသားတွေက တအားနူးညံ့(shou)နေတယ်”
ဖုန်းယာစုန် သက်ပြင်းဖွဖွချလိုက်သည်။
“ဘာလို့ ငါမင်းနဲ့ ဆုံတဲ့အခေါက်တိုင်း၊ ချစ်လှစွာသော အဖွဲ့ခေါင်းဆောင်ရေ ငါ ဘာလို့ shou ဖြစ်ရတာလဲ? နောက်ပြီး နွေးထွေးပြီး နူးညံ့ပေမဲ့ အမှန်တကယ်ကျ အညိုးကြီးတဲ့ shou မျိုးဖြစ်ရသေးတယ်”
ဖုန်းယာစုန်ရဲ့စာသားတွေကို ကုရှန်း ခပ်မြန်မြန်ဖတ်ကြည့်လိုက်ပြီး မနေနိုင်ပဲ အသံထွက် ရယ်မိသွားသည်။
“ကျွဲချိုမှုတ်သံ တုန်လှုပ်လာပြီး ညကားနက်လှသည်၊ တစ်ယောက်ယောက်မေးမှာ စိုးရွံ့တာမို့ မျက်ရည်ကို ဖုံးကွယ်ကာ ပျော်ရွှင်မှုသာပြသပြီး….”
ဖုန်းယာစုန် ခပ်ဖြည်းဖြည်းရွတ်လိုက်သည်။ သူရုတ်တရက်သူ့စာသားကို ပြောင်းကာ အဆုံးတွင် ခပ်ဖွဖွမေးလိုက်သည်။
“ကျွဲ့မေ.. ကိုယ် မင်းကို မေးခွန်းတခုမေးလို့ရမလား?”
“ဟမ်? အင်း၊ မေးလေ”
ဖုန်းယာစုန် တမင်တကာ စက္ကန့်အနည်းငယ်လောက် တုံ့ဆိုင်းလိုက်သည်။
ထိုစက္ကန့်အနည်းငယ်အတွင်းတွင် ရာပေါင်းများစွာသော ကွန်မန့်တွေ ပေါ်ထွက်လာသည်။
[Yes!! သူ နင့်ကို တကယ်ချစ်တယ်!]
[တကယ် တကယ်ချစ်တာ!]
[နင်မေးစရာတောင်မလိုဘူး၊ နင်တို့က တရားဝင်စုံတွဲတွေ!!]
[တွဲလိုက်ကြပါတော့!!]
[တကယ်ကြီး တွဲလိုက်ကြပါတော့!!]
[ဘာဖြေရှင်းချက်မှ ပေးစရာမလိုတော့ဘူး…!]
ကွန်မန့်တွေကြောင့် Screen တခုလုံး တရစပ်ရွေ့လျားနေကာ ကွန်မန့်တွေကို ဖတ်ရင်း ကုရှန်း ရယ်ရလွန်းသဖြင့် သေလုနီးပါးပင်။ ဒီယောကျာ်းနှစ်ယောက်တွင် တစ်ယောက်က ထိန်းသိမ်းမရနိုင်တဲ့ ခပ်ဆိုးဆိုးပုံရိပ်ရှိကာ တစ်ယောက်က အထင်လွဲခံရသူလို အပြစ်လုပ်ခံရသူလို ပုံရိပ်မျိုးရှိသည်။ နှစ်ယောက်သားက ဝမ်းမေ၏ နံပါတ်တစ် ‘တရားဝင်စုံတွဲ’ ဟုဆိုရလောက်အောင်ပင် လိုက်ဖက်ညီလှသည်။
ဒီလို CV လောကတွင် တစ်ယောက်နှင့်တစ်ယောက် အတွဲခံရသည်မှာ ဖြစ်လေ့ဖြစ်ထရှိသည်ပင်။
သို့သော် ကံမကောင်းစွာနဲ့ပင် ခေါင်းဆောင်အနုပညာရှင်တစ်ဦးဖြစ်သည့် ချန်းချင်းစီတွင်တော့ တရားဝင်စုံတွဲဟူ၍ မရှိသလို ကောလဟာလလည်း မရှိပေ။ ဒါက သူ ဝမ်းမေကို ပထမဆုံးဝင်ရောက်ချိန်တွင် မိတ်ဆက်ခဲ့သည့် ရိုးစင်းသော စကားကြောင့်ပင်။
- “ငါက ချန်းချင်းစီပါ၊ Um, ငါက အဖြောင့်”
တည်ကြည်လေးနက်သော မိတ်ဆက်စကားပင်။
ထို့နောက် ထိုပိုင်း DaRen ထံတွင် ရဲတင်းတဲ့ ဖန်အမြောက်အမြားရှိခြင်းကလဲ သူ့အား ဘယ်သူမှ ယောကျာ်းတစ်ယောက်နဲ့ တွဲပေးဖို့ မဖြစ်နိုင်တော့ချေ။
Screen တခုလုံး ရှုပ်ယှက်ခတ်သည်အထိ Spam ခံနေရသည်ကို မြင်ပြီးတဲ့နောက် ဖုန်းယာစုန် ဆက်မထိန်းနိုင်တော့ပဲ ရပ်ဖို့ ဆုံးဖြတ်လိုက်သည်။
“အာ? မင်းတို့အကုန်လုံး တလွဲမတွေးနဲ့…”
ဖုန်းယာစုန် သူ့ရယ်သံကို မထိန်းထားနိုင်ချေ။
“ငါ မေးချင်တာက.. ငါတို့ရဲ့ ထိုပိုင်း DaRen ဘယ်ရောက်သွားတာလဲလို့ပါ”
“ချန်းချင်းစီ?”
ကျွဲ့မေရှယီ ရယ်မောလိုက်သည်။
“မင်း သူ့ကို ထိုပိုင်းလို့ ခေါ်မှန်း သူသိရင် မင်းကို ကန်ထဲ ပစ်ချပြီးစမ်းသပ်ပစ္စည်းလုပ်ပစ်လိမ့်မယ်”
ဖုန်းယာစုန် ဟက်ဟက်ပက်ပက်ရယ်မောလိုက်သည်။
လူအုပ်ကို အရှိန်ရစေဖို့ နှစ်ယောက်သားကြားက အဖွင့်စကားမှာ ပြီးဆုံးပြီဟု ယူဆနိုင်သည်။
အလုပ်ကိစ္စပြီးချိန်တွင် ချန်နယ်က ဝမ်းမေ၏ activities လုပ်ဆောင်ရာ ဖြစ်လာပေမဲ့ ဝက်ဘ်ဆိုဒ်ရဲ့ ဝန်ထမ်းများလဲ ချန်နယ်ထဲက ထွက်မသွားချေ။ သူတို့ ဇာတ်လမ်းတိုက်သည်ကို စိတ်ဝင်တစားနားထောင်ဖို့ ဆုံးဖြတ်လိုက်သည့် ကန်းရှောင်ရှင်းအပါအဝင်ပင်။
ကုရှန်း အစပိုင်းတွင် ထွက်ဖို့ စဉ်းစားလိုက်ပေမဲ့ ချန်းချင်းစီ ပေါ်မလာသေးတာကြောင့် စပ်စုလိုလာသည်။
သူမ ဆက်နေပေမဲ့ အသံတချက်မထွက်ပဲ CV အားလုံးစနောက်ကာ တစ်ယောက်နဲ့တစ်ယောက် အပြောင်အပြက်ပြောသည်ကို နားထောင်နေသည်။
“သူအခု ငါ့ဘေးမှာ”
ကျွဲ့မေရှယီက မိုက်ဖွင့်လာပြီး ရုတ်တရက်ဆိုလာသည်။ သူပြောချင်တဲ့ ‘သူ’ မှာ ချန်းချင်းစီဖြစ်ကြောင်း အတည်ပြုလိုက်သေးသည်။
“မင်းတို့ ချန်းချင်းစီ Sama ရဲ့ ကွန်ပြူတာက ရုတ်တရက် ပျက်သွားလို့၊ အခု ငါတို့နှစ်ယောက် မိုက်အတူတူသုံးနေတယ်”
ကုရှန်း ဂရုတစိုက်နားမထောင်ပဲ မနေနိုင်ချေ။
မကြာခင်မှာပင် ချန်းချင်းစီ စကားစလာသည်။
“ငါဒီမှာ၊ မင်းတို့ ဆက်ပြောကြ”
ယခု ထိုပိုင်း ထွက်ပေါ်လာပြီမို့ ဖန်တွေက သူ့ကို ဘယ်လိုများ အလွတ်ပေးပါ့မလဲ။
အဆုံးမရှိတဲ့ ကွန်မန့်တွေက Screen အပြည့်ဖြစ်ကာ နာရီအတော်ကြာစောင့်ဆိုင်းလိုက်ရတဲ့ သူတို့ရဲ့ နာကျင်မှုကို ချွေးသိပ်ဖို့ ချန်းချင်းစီ တခုခုပြောရန် တောင်းဆိုနေကြသည်။
ကျွဲ့မေ ရယ်မောလိုက်သည်။
“ကြည့်ရတာ မင်း ဒီနေ့ ဘာမှ မပြောရင် ငါတော့ ရှင်းဖို့ ခက်ပြီထင်တယ်”
ချန်းချင်းစီ လေသံက အနည်းငယ်အားလျော့နေဟန်။
“ငါ ဒီနေ့ အရမ်းပင်ပန်းနေတယ်”
ရုတ်ချည်းပင် အရူးအမူးဖြစ်နေတဲ့ ပရိတ်သတ်အားလုံးက နူးညံ့ပြီး ချစ်စရာကောင်းတဲ့ သိုးငယ်အသွင်ပြောင်းသွားကာ ကွန်မန့်တွေ ထပ်တက်လာပြန်သည်။
[DaRen မြန်မြန်အနားယူတော့!]
[နားထောင်ကြည့်၊ နားထောင်ကြည့်! ငါတို့ DaRen အသံတောင် ပြောင်းနေပြီ၊ ငါ့နှလုံးသားလေး ကွဲကြေတော့မလိုပဲ T T ]
[ကျွဲ့မေ DaRen ငါတို့ ထိုပိုင်းကို ကျေးဇူးပြုပြီး မတရားမခိုင်းပါနဲ့၊ သူ သိပ်သနားဖို့ ကောင်းနေပြီ၊ သူ မြန်မြန်ပြန်လာရပြီး အခု နင်က အတင်းဖိနှိပ်နေတာ…]
ကျွဲ့မေ သဘောတကျ ရယ်မောလိုက်သည်။
“မတရားလိုက်တာ! ငါ မင်းကို ဘာမှတောင် မခိုင်းရသေးဘူး၊ ‘မတရား ဖိနှိပ်တယ်’ လို့ စွပ်စွဲခံနေရပြီ”
“ငါ စဉ်းစားလိုက်ဦးမယ်”
ဒီပုံစံအတိုင်းဆက်သွားရင် ပြီးမည်မဟုတ်မှန်း ချန်းချင်းစီ နားလည်ပုံရသည်။ ခဏမျှ စဉ်းစားပြီးနောက်
“ငါ ဒီနေ့ ဟင်းတမျိုးမြည်းခဲ့တာ၊ အတော်လေး ကောင်းတယ်လို့ ထင်တယ်”
ကျွဲ့မေ မဆဲပဲ မနေနိုင်အောင်ပင်။
“Cr*p!!”
တချိန်ထဲမှာပင် ကုရှန်း ခေါင်းငုံ့ကာ အချိန်ကို ကြည့်လိုက်သည်။
အား!!!
ညသန်းခေါင် ဆယ့်နှစ်နာရီတိတိ။
ထိုပိုင်း DaRen ညသန်းခေါင်ကြီး ကိုယ့်ကိုကိုယ် နှိပ်စက်တတ်တာပဲ။
နှစ်ယောက်လုံးက မိုက်အတူသုံးနေသည်မို့ သူတို့အသံက အနည်းငယ် ကွာဝေးနေသည်။
ယောကျာ်းနှစ်ယောက် မျက်နှာချင်းဆိုင်ထိုင်ကာ စကားပြောနေသည့်မြင်ကွင်းကို လွယ်လင့်တကူ တွေးကြည့်နိုင်သည်။ ချန်းချင်းစီက
“ငါ ရေတခွက်သွားခပ်လိုက်ဦးမယ်”
ထို့နောက် တခြား CV တွေ ရယ်စရာပြောဖို့ ခဏချန်ခဲ့သည်။
တဟီးဟီးရယ်သံဖြင့် ကျွဲ့မေက ဆိုလာသည်။
“ငါ မင်းတို့ကို တိတ်တိတ်လေး ပြောပြမယ်၊ သူ စိတ်အခြေအနေမကောင်းတဲ့ အခါမှပဲ ဟင်းချက်တတ်တယ်”
“စိတ်အခြေအနေမကောင်းဘူး?”
ဖုန်းယာစုန်ဘက်တွင် မုန့်ထုပ်ဖောက်သံကို ကြားလိုက်ရသည်။
“အဲ့ဒါကြောင့် သူက လူမူပတ်ဝန်းကျင်တခုလုံးကို ပြန်လက်တုံ့ပြန်နေတာလား?”
ဝမ်းမေ အသံသရုပ်ဆောင်အုပ်စု၏ ဒုတိယခေါင်းဆောင်ဖြစ်သူ သိုသိုသိုဘင်း (ပဲပဲပဲကိတ်မုန့်)ကလဲ မကျေမချမ်းဝင်ပြောလာသည်။
“ငါ အဆောင်အန်တီကို သွားရှာပြီး သူ့ဆီက ခေါက်ဆွဲခြောက်သွားဝယ်ရမယ်၊ ငါ့ကိုစောင့်ဦး၊ ဒီအပိုင်းကို အသံဖမ်းဖို့ မမေ့နဲ့ဦး၊ မနက်ဖြန် ငါ ဝက်ဘ်ဆိုဒ်ပေါ် တင်မှာ၊ အဲ့လူက နှစ်ပေါင်းတရာလောက် ဘာမှ မပြောပဲနဲ့ ပြောတဲ့အချိန်ကျတော့လဲ ညသန်းခေါင်ကြီး အစားအကြောင်းပြောတယ်၊ စိတ်ရှုပ်ဖို့ကောင်းလိုက်တာ”
အားလုံးရဲ့ ဟာသနှင့် မကျေမချမ်းသံကြားတွင် ဒီလိုပုံစံမျိုး သူမ အသားကျနေသည်ဟု ကုရှန်း ခံစားလိုက်ရသည်။ ဘာပဲပြောပြော သူဒီလိုလုပ်တာ သုံးကြိမ်မြောက်ပင်။ ဖြစ်နိုင်တာက… အရင်က သူဒီလို မလုပ်ဖူးဘူးလား?
“ဒီလောက်ညဉ့်နက်နေမှ သတ်သတ်လွတ်ဟင်းအကြောင်းပြောရအောင်”
ချန်းချင်းစီက ရေသောက်ပြီးသွားဟန်ဖြင့် မိုက်ဖွင့်ကာ စကားစလာသည်။
“ယွီရှန်းအရသာ ထပ်တရာ ခရမ်းသီးချက်”
လက်ဖဝါးပေါ်မေးတင်ကာ ယွီရှန်းဟင်းအရသာကို ကုရှန်း စိတ်ကူးနိုင်သည်။
သူ့လေသံက အမှန်တကယ် ပင်ပန်းနေပုံရသည်။ သူ့ရဲ့ပုံမှန် ဩရှသည့်လေသံမှ သွေဖယ်ကာ အနည်းငယ်အက်ရှနေပြီး ခပ်ဖျော့ဖျော့ဖြစ်နေသည်။
“အရမ်းရိုးရှင်းတဲ့ ဟင်းလျာပဲ၊ အဓိကနှစ်ပိုင်းပဲ ပါတယ်၊ ခရမ်းသီးကို ကြော်တာရယ် ယွီရှန်းအနှစ်လုပ်တာရယ်”
သူစကားဆိုနေရင်း ဘယ်လောက်ဗိုက်ဆာနေပြီဖြစ်ကြောင်း spam နေတဲ့ ပရိတ်သတ်တွေကို သဘောတကျကြည့်နေသည်။ သူက ရှားပါးတဲ့ ရယ်သံတချက်ဖြင့်
“ငါ ခုမှ အချိန်အားလို့လေ၊ နားမထောင်ချင်ဘူးလား? နားမထောင်ချင်ရင် ငါရပ်လိုက်မယ်”
ပရိတ်သတ်တွေခမျာ မိုက်ဖွင့် စကားမပြောနိုင်သည်မို့ ရေလှိုင်းရိုက်ခတ်လာသလိုမျိုး ကွန်မန့်တွေသာ လှိုင်လှိုင်မန့်နိုင်သည်။
[မဟုတ်ဘူး၊ မလုပ်နဲ့ DaRen 😫]
[ 😖 ~ ချန်းချင်းစီ Sama ငါ နင်လာဖို့ သုံးနာရီတောင် စောင့်နေတာ၊ မသွားပါနဲ့ ]
[DaRen နင် အခမ်းနားဆုံးစားပွဲအကြောင်းပြောရင်တောင် ငါနားထောင်နိုင်တယ်….]
[ဟေး… ဘယ်လိုလုပ် ထိုပိုင်းရဲ့ ဖန်တွေချည်းပဲလဲ? ဖုန်းယာစုန် Sama , ကမ္ဘာပေါ်မှာ ‘shou’ တွေ ထောင်ပေါင်းများစွာရှိရင်တောင် ငါ နင့်ကိုပဲ သဘောကျတယ်!!!! ]
ကုရှန်းက သဘောတကျရယ်မောနေသည်။
“တော်ပြီ အားလုံးကို မျှော်တလင့်လင့် လုပ်မနေနဲ့တော့၊ မြန်မြန်ပြောလိုက်တော့၊ ပြီးရင် မင်း ငါနဲ့အတူ ညလယ်စာ မုန့်ထွက်ဝယ်ရမယ်]
ကျွဲ့မေက လောလိုက်သည်။
“ခရမ်းသီးနှစ်လုံးယူပြီး ပါးပါးလှီးလိုက်၊ ဆီပူပေးထားတဲ့ဒယ်အိုးထဲထည့်ပြီး မီးအေးအေးနဲ့ကြော်၊ အာလူးချောင်းကြော်ထက် ပိုပျော့သွားပြီဆိုရင် ချလို့ရပြီ”
ချန်းချင်းစီက မနှေးမမြန်ဆက်ပြောသည်။
“ဒါပေါ့ မင်းတို့ ကြွပ်တာကြိုက်ရင် နည်းနည်းလောက် ထပ်ကြာကြာကြော်လို့ရတယ်”
“ငါတော့ ကြွပ်တာကြိုက်တယ်”
ကျွဲ့မေက ဝင်ပြောသည်။
“ပြီးရင် ကြိတ်ထားတဲ့ ကြက်သွန်နဲ့ လှီးထားတဲ့ ငရုတ်သီးကို ဆီထဲထည့်ကြော်ပြီး အနံ့ပျောက်အောင်လုပ်၊ ပြီးမှ ခရမ်းသီးလှီးထားတာကို ထည့်၊ အဲ့ဒါပြီးရင် ပိုလွယ်သွားပြီ၊ ဒီဟင်းအမယ်တွေကို မှတ်ထား၊ ပဲငံပြာရည်အပေါ့၊ ငရုတ်ကောင်းမှုန့်၊ သကြား၊ ကြက်ပြုတ်ရည်၊ ပဲပိစပ်အနှစ်၊ ရှာလကာရည်၊ ဟင်းချက်အရက်။ အဲ့ဒါအားလုံးကို ခရမ်းသီးနဲ့ ရောပြီး မီးပြင်းပြင်းနဲ့ချက်၊ နောက်ဆုံးမှ မြေပဲနဲ့ ငရုတ်ပွလှီးထားတာထည့်၊ နည်းနည်းလောက်ထပ်ကြော်ပြီးရင် အိုးပေါ်က ချလိုက်တော့”
“Mmmm hmm.. မြေပဲက အကြာကြီးကြော်လိုက်ရင် ပျော့ပြဲသွားလိမ့်မယ်..”
ကျွဲ့မေ သူနှင့် အလုပ်တွဲလုပ်ဖို့ ကြိုးစားလိုက်သည်။
ချန်းချင်းစီ အလေးအနက် ပြန်ဖြေလာသည်။
“ထင်တာပဲ”
ကုရှန်းရဲ့ ဝမ်းဗိုက်က လက်တလောတွင် သိသိသာသာပင် စိတ်မပျော်နေတော့ချေ။ အစားအသောက်ကောင်းကို တောင့်တသည့် စိတ်က သူမကို ရုတ်ခြည်းဝါးမျိုသွားကာ ကျိုးကြောင်းမဆင်ခြင်နိုင်တော့ပေ။ မီးဖိုခန်းဆီသွားရမလား ဒါမှမဟုတ် အောက်တန်းဆင်းကာ ကြာဇံကြော်ဖြစ်ဖြစ် လမ်းဘေးစာဖြစ်ဖြစ်ဆင်းဝယ်ရမလား တွေးလိုက်သည်။ သူမဘာလုပ်ရမလဲ စဉ်းစားနေချိန်မှာပင် ချန်းချင်းစီထံမှ private message ဝင်လာသည်။
“မင်းရှိနေလား?”
ကုရှန်း တွန့်တွန့်ဆုတ်ဆုတ်ပြန်ဖြေလိုက်သည်။
“ငါ ဒီမှာ!!”
ချန်းချင်းစီ – “ဒါ သတ်သတ်လွတ်ဟင်း။ မိန်းကလေးတွေနဲ့ သင့်တော်တယ်”
ကုရှန်း – “အိုကေ! *လက်သီးဆုပ်ဖြင့်* နောက်ရက်ကျ သေချာပေါက် စမ်းကြည့်မယ်!”
ချန်းချင်းစီ – “အိုကေ၊ သွားတော့မယ်၊ နောက်တစ်ခေါက်တွေ့မယ်”
နောက်တစ်ခေါက်တွေ့မယ်….. နောက်တစ်ခေါက်တွေ့မယ်???
ရုတ်တရက် ဝက်ပေါက်ခြောက်အစုံအပြင်၊ အမဲသားခြောက်၊ စည်သွပ်ဘူးနှင့် တခြားကုန်ခြောက်တွေကို သူမ သူနှင့် ထပ်မတွေ့ခင် ဝယ်စုထားဖို့ ကုရှန်းတွေးမိလိုက်သည်။
ကြည်လင်ပြီး ညို့ငင်နိုင်တဲ့ အသံပိုင်ရှင်ဖြစ်ပြီး ဟင်းလျာမျိုးစုံကို ကျွမ်းကျင်တဲ့ ဆရာကြီးဖြစ်သူ … ချန်းချင်းစီ Daren ပင်။
****
Emoji က သူတို့သုံးထားလို့ ပြန်ထည့်ပေးထားတာပါ။
RRMY က အပိုင်းတိုင်း ဟင်းတမျိုးပါတယ် 😂😂
အပေါ်က ပြောထားတဲ့ ဟင်းပုံပါ။
****