မကောင်းသောနည်းကို အစားထိုးခြင်း
Follow
Replacing the evil way (置换凶途)
(မကောင်းသောနည်းကို အစားထိုးခြင်း)
Type: Web Novel (CN)
Author(s): Cat Tea Beaver/猫茶海狸
Translator(s): TK Novel Translation
Status in COO: 99 Chapters + 5 Extras (Completed)
『Wednesday တိုင်း update ရှိမည်။』
Description:
ဟောဝေးသည် စွန့်ပစ်ထားသောအိမ်ကြီးတွင် လူသတ်မှုတစ်ခုကို ကိုင်တွယ်ခဲ့ပြီး သေဆုံးသွားသူမှာ စန္ဒရားပညာရှင်၊ ချန်ကျဲရှန်း၊ အမျိုးသား ဖြစ်ပြီး သေနတ်ဖြင့် ပစ်သတ်ခံထားရသည်။
တစ်ချိန်တည်းမှာပင် ထိုအိမ်ကြီး၌ ချန်ကျဲရှန်းသည် အခင်းဖြစ်ပွားရာနေရာကို စစ်ဆေးရန် ရဲတပ်ဖွဲ့တစ်ဖွဲ့ကို ဦးဆောင်ခဲ့သည်။ သေဆုံးသူမှာ ဟောဝေး၊ အမျိုးသား၊ ကုမ္ပဏီဝန်ထမ်းဖြစ်ပြီး အသက်ရှူကြပ်ကာ သေဆုံးသွားကြောင်း သိရသည်။
မတူညီသောကမ္ဘာများ၊ မတူညီသောအလုပ်အကိုင်များနှင့် တူညီသောအရာမှာ သူတို့သည် တစ်ဦးနှင့်တစ်ဦး၏ ကမ္ဘာတွင် သေဆုံးနေခဲ့ကြခြင်းဖြစ်သည်။
အပြိုင်ကမ္ဘာနှစ်ခုရှိ လူသတ်မှုစုံစမ်းစစ်ဆေးရေး၏ အဓိကဇာတ်လိုက်များနှင့် ချိတ်ဆက်မှုမှာ အဘယ်နည်း။ အချိန်နှင့် အာကာသ တိုက်မိမှုနှင့်အတူ အပြိုင်ကမ္ဘာနှစ်ခုက တိတ်တဆိတ် ပြောင်းလဲသွားသည်။ ဟောဝေးသည် ဤအရာက မဖြေရှင်းနိုင်သော အခြေအနေတစ်ခုကြောင်း တဖြည်းဖြည်း တွေ့ရှိလာခဲ့သည်။ ကံကြမ္မာစက်ဝိုင်းထဲတွင် ရုန်းကန်ရင်း ချန်ကျဲရှန်းကို မည်ကဲ့သို့ ကယ်တင်နိုင်မည်နည်း။
တွေ့ဆုံမှုမရှိရင် အစဆိုတာကလည်း ရှိလာမှာမဟုတ်ဘူး။
နာရီက သုည(ည 12 နာရီ)သို့ ရောက်သောအခါ သူသည် ဆန့်ကျင်ဘက်၌ ရပ်နေမည်လား။
*****
အပြိုင်ကမ္ဘာနှစ်ခုဖြစ်တာကြောင့် ဘာသာပြန်ရင် ဘယ်ကမ္ဘာမှန်းသိအောင် ကမ္ဘာ ၁,၂ ရေးပေးပါ့မယ်။
(ကမ္ဘာ ၁)
ဟောဝေး (စုံထောက်)
(အခြား)ချန်ကျဲရှန်း (စန္ဒရားပညာရှင်/သေဆုံး)
(ကမ္ဘာ ၂)
ချန်ကျဲရှန်း (စုံထောက်)
(အခြား)ဟောဝေး (ကုမ္ပဏီဝန်ထမ်း/သေဆုံး)
(Main Couple)
ချန်ကျဲရှန်း x ဟောဝေး
(Side Couple)
(အခြား)ချန်ကျဲရှန်း x (အခြား)ဟောဝေး
— ကမ္ဘာချင်းမတူကြတဲ့ လူ ၄ ယောက်ရဲ့ ပတ်သတ်မှု၊ ချန်ကျဲရှန်းနဲ့ ဟောဝေးက ဘယ်လိုတွေ့ဆုံကြမှာလဲ? အခြားချန်ကျဲရှန်းနဲ့ အခြားဟောဝေးရဲ့ သေဆုံးမှုကရော ဘယ်လိုပတ်သတ်နေမှာလဲ?
『မှတ်ချက်: အပြိုင်ကမ္ဘာနှစ်ခုတင်မကဘဲ အချိန်ခရီးသွားတွေပါ ပါတာကြောင့် ခေါင်းရှုပ်နိုင်ပါတယ်။』
#TK
Author Profile
Latest entries
Multiple TimelinesOctober 18, 2023မကောင်းသောနည်းကို အစားထိုးခြင်း
Age ProgressionOctober 14, 2023ငါဗီလိန်ကိုကွေးအောင်လုပ်လိုက်မိပြီ၊ ငါဘယ်လိုပြန်ပြင်ရမလဲ?
Alternate WorldOctober 13, 2023စာကြည့်တိုက်မှ လွတ်မြောက်ခြင်း