Chapter 26-30
Volume 1 (သေမျိုးနယ်မြေ ၀၂၆)
Chapter 26 (တောက်ပသောလ)
ကျောက်ခုန်းချိန် အံ့ဩသွားသည်။
မိုးသည်းထန်စွာရွာနေတာကို ဒီကလေးက ဘာလို့ထွက်လာတာလဲ။ ပြီးတော့ သူက [ဝူကျဲ့လေဟာနယ်] ကို ဖွင့်ပြီးပြီ သူဒီမှာရှိနေတယ်ဆိုတာ ဘယ်လိုသိသွားတာလဲ။
ပြီးတော့ သူက စောလည်းမလာ နောက်ကျလည်းမလာဘဲ မြေကြီးပေါ်မှာ သူထုရိုက်ခံရသည့်အခါမှ ရောက်လာသည်။ ဒါကို သူမြင်ရင်…
ဘယ်လောက်ရှက်စရာကောင်းလိုက်သလဲ။
ထို့အပြင် ကမ္ဘာကြီးကို ကာကွယ်ရန် သူ့လက်ထဲအပ်ခဲ့ဟု ပြောခဲ့ပြီး ယခု လင်ချီးယဲ့သည် အနောက်ကနေပါဝင်ပြီး ဒီကလေး တစ်ခုခုဖြစ်သွားပါက ကျောက်ခုန်းချိန် သူ့ဘဝတလျှောက်လုံး သူ့ကိုယ်သူ ခွင့်လွှတ်မည်မဟုတ်ပေ။
“ကျွန်တော်ဒီမှာ ဘာလာလုပ်နေလဲဆိုတာ ခင်ဗျားဘာလို့ဂရုမစိုက်ရတာလဲ။ ခင်ဗျားအထဲမှာ တစ္ဆေမျက်နှာလူသားနဲ့ တိုက်ခိုက်နေမှန်း ကျွန်တော်သိတယ်။ ခင်ဗျား ကျွန်တော့်ကို ဝင်ခွင့်ပေးရင် ကျွန်တော် အခု ကောင်းကောင်းတိုက်ခိုက်နိုင်တယ်။” လင်ချီးယဲ့၏အသံသည် အပြင်ဘက်မှ ထွက်ပေါ်လာပြန်သည်။
“မင်းက ဘာလုပ်နိုင်မှာမလို့လဲ။” ကျောက်ခုန်းချိန်က ကြိမ်းမောင်းလိုက်သည်။ “ဒါက တစ္ဆေမျက်နှာလူသားမဟုတ်ဘူး တစ္ဆေမျက်နှာဘုရင်ပဲ။ ‘ချွမ်း’နယ်ပယ် ရှိတယ်ကွ။ သူက မင်းထက် နယ်ပယ် နှစ်ဆင့်လောက် ပိုမြင့်တယ် ‘ကျန်’ နယ်ပယ်ကို အခုမှ ခြေချဖူးတဲ့ ကောင်စုတ်လေးရဲ့။ မင်းက အထက်တန်းကျောင်းသား မဟုတ်ဘူးလား သူ့ကို မင်းခေါင်းနဲ့ သွားတိုက်ခိုက်မှာလား။
ဒါ့အပြင် မင်း သေခြင်းတရားကို အမြဲတမ်း မကြောက်ဘူးလား ကောင်လေး။ မင်း ဘာလို့ ဒီလောက်အသည်းအသန် ရှေ့တက်ချင်နေတာလဲ။
မြန်မြန်အိမ်ပြန်ပြီး ညစာသွားစားရမယ်။ ဒီနေ့ ငါပြောနိုင်တာကတော့ ငါ ကျောက်ခုန်းချိန် ဒီမှာရှိနေသရွေ့ ဒီကောင်က မင်းရဲ့မိသားစုကို လုံးဝမထိခိုက်နိုင်ဘူး။”
“ဒါကမတူဘူး။ ကျွန်တော် သေမှာကြောက်ပေမယ့် တခြားသူတွေကို အကြွေးမတင်ချင်ဘူး။” လင်ချီးယဲ့က အပြင်ကနေ အော်ပြောလိုက်သည်။
“ကျွန်တော်တို့မိသားစုက အထဲမှာ ပျော်ပျော်ရွှင်ရွှင်စားသောက်နေပြီး ခင်ဗျား ဒီနေရာမှာ တစ်ယောက်တည်း တစ္ဆေမျက်နှာဘုရင်နဲ့ တိုက်ခိုက်ခိုင်းရမှာလား။ ခင်ဗျားက အရမ်းမိုက်တဲ့ သူရဲကောင်းဖြစ်ချင်ပေမယ့် ကျွန်တော်သဘောမတူဘူး။
ခင်ဗျား ညစာစားချင်ရင် ဒီတစ္ဆေမျက်နှာဘုရင်ကို သတ်ပြီးတဲ့အထိ စောင့်ရမယ်။ ဒီတော့ ကျွန်တော်နဲ့အတူပြန်ပြီး ညစာစားလို့ရတယ်။”
လင်ချီးယဲ့သည် ဆိုင်းဘုတ်ဘေးရှိ လေထဲသို့ ထိုးလိုက်သော်လည်း အပြင်ဘက်မှ အတွင်းကို တိုက်ရိုက်ခွဲထုတ်ထားသည့် မမြင်နိုင်သော အတားအဆီးတစ်ခု ရှိနေပုံရသည်။ လင်ချီးယဲ့သည် မည်မျှပင် ကြိုးစားအားထုတ်နေပါစေ သူ မလှုပ်မယှက် ဖြစ်နေဆဲပင်။
အထဲတွင် ကျောက်ခုန်းချိန်သည် တစ္ဆေမျက်နှာဘုရင်၏ ရိုက်နှက်ခြင်းကို ခံခဲ့ရပြီး သူ့ခန္ဓာကိုယ်ကို ဓားဖြင့် ထောက်မ၍မရခင် အချိန်အတော်ကြာအောင် မြေပြင်မှာ အကြောသေသွားခဲ့သည်။
“အလုပ်ရှုပ်ခံမနေနဲ့… အဟွတ် ငါ့မှာ နယ်ပယ်မရှိပေမယ့် [ဝူကျဲ့လေဟာနယ်] က ‘ချီး’ နယ်ပယ်အောက် လူတွေကို တားဆီးဖို့ လုံလောက်တာထက်ပိုတယ်။ မင်းဒီအထဲကိုဝင်ချင်ရင်တော့ ဖြစ်နိုင်ခြေနှစ်ခုပဲရှိတယ်…
ငါမင်းကို ဝင်ခွင့်ပြုတာ…
ဒါမှမဟုတ် မင်းငါသေတဲ့အထိ စောင့်မှပဲရမယ်။
ငါ့ [ဝူကျဲ့လေဟာနယ်] ကိုတောင် မင်းမချိုးဖျက်နိုင်တာ တစ္ဆေမျက်နှာဘုရင်ကို ရင်ဆိုင်ဖို့ ဒီရောက်လာပြီး ကိုယ့်သေတွင်းကိုယ်တူးတာနဲ့ ဘာများကွာခြားလို့လဲ။”
ကျောက်ခုန်းချိန်၏မျက်လုံးများသည် တစ္ဆေမျက်နှာဘုရင်ကို စိုက်ကြည့်နေပြီး သူ့အသံက တဖြည်းဖြည်း အားပျော့လာသည်။
သူ နောက်ဆုံးစကားကို ပြောပြီးနောက် နယ်ပယ်အပြင်ဘက်တွင် လှုပ်ရှားမှု ပျောက်ကွယ်သွားကာ [ဝူကျဲ့လေဟာနယ်] ကို မည်သူမျှ ဆက်လက်မထိုးတော့ဘဲ တခြားအသံများ ထွက်မလာတော့ပေ။
ကျောက်ခုန်းချိန်သည် တစ်စက္ကန့်၊ နှစ်စက္ကန့်၊ သုံးစက္ကန့်စောင့်သည်…
သူ့နှုတ်ခမ်းထောင့်မှာ အပြုံးတစ်ခုပေါ်လာသည်။
“မှန်တယ်… ညစာစားဖို့ လိမ်လိမ်မာမာ အိမ်ပြန်ပြီး ကျန်တာကို ငါတို့ညကင်းစောင့်ဆီ အပ်ခဲ့လိုက်ပါ…”
ကျောက်ခုန်းချိန်သည် မတ်တတ်ရပ်ရန် ရုန်းကန်ရင်း အသက်ရှူကျပ်ကာ နှုတ်ခမ်းထောင့်မှ သွေးများ စီးကျလာပြီး အသက်ရှူလိုက်တိုင်း နာကျင်မှုက သူ့ခန္ဓာကိုယ်ကို အနည်းငယ် တုန်ခါသွားစေသည်။
သူ့ခန္ဓာကိုယ်က ကန့်သတ်ချက်ကို ရောက်သွားသည်။
သူ့ရှေ့တွင် တစ္ဆေမျက်နှာဘုရင်သည် ဒဏ်ရာဟောင်းများနှင့် အသစ်များ ဖုံးလွှမ်းလျက် မိုးရေထဲမှာ တောင်ကုန်းတစ်ခုလို ရပ်နေသည်။
သို့သော် သူက ကောင်းကောင်းမွန်မွန် အသက်ရှင်နေသေးပြီး လဲကျရန် ရည်ရွယ်ချက်မရှိပေ။ ဤသည်မှာ ဒဏ္ဍာရီလာသတ္တဝါ၏ ပုံမှန်မဟုတ်သော ကိုယ်ထည်ဖြစ်သည်။
ကျောက်ခုန်းချိန်သည် လက်တစ်ဖက်တွင် ဓားကိုကိုင်ထားပြီး ကျန်တစ်ဖက်မှာ တုန်တုန်ယင်ယင်ဖြင့် သူ့အိတ်ကပ်ထဲသို့ နှိုက်လိုက်သည်။ ခဏအကြာတွင် သူသည် တံဆိပ်ကို ထုတ်ယူလိုက်သည်။
တံဆိပ်ပေါ်တွင် ဖြောင့်စင်းသော ဓားနှစ်ချောင်းကို ကြက်ခြေခတ်ထားပြီး ၎င်းတို့အောက်တွင် အမည်တစ်ခု ရေးထားသည်။
ကျောက်ခုန်းချိန်။
မှင်တက်နေရင်း ကျောက်ခုန်းချိန်သည် ညကင်းစောင့်သို့ဝင်ရောက်ခဲ့ပြီး လူသစ်တစ်ဦးဖြစ်ခဲ့သည့်အချိန်ကို ပြန်လည်ရောက်ရှိသွားပုံရသည်။
“…တံဆိပ်က ညကင်းစောင်းရဲ့အသက်ပဲ။
ယုံကြည်မှုသာမက တိုက်ပွဲတစ်ခုလည်း ဖြစ်တယ်။
ဒီတံဆိပ်ရဲ့အတွင်းထဲမှာ သေးငယ်တဲ့ အပ်တစ်ချောင်းထည့်ထားတယ်။ ခလုတ်ကို ဖိလိုက်တာနဲ့ အဲဒါကထွက်လာပြီး အပ်ရဲ့အဆုံးမှာ ‘ဝိညာဉ်ဆွဲထုတ်ခြင်း’ လို့ခေါ်တဲ့ဆေးကို လိမ်းကျံထားတယ်။
ဒီဆေးက ခန္ဓာကိုယ်ကို ဖောက်ပြီး အချိန်တိုအတွင်း လူတစ်ယောက်ရဲ့ စွမ်းရည်အားလုံးကို လောင်ကျွမ်းသွားစေတယ်။ တားမြစ်အပျက်အစီးရှိတဲ့ လူတွေကို တားမြစ်အပျက်အစီးရဲ့ အသုံးပြုနိုင်တဲ့ စွမ်းအားကို ကြီးမားစွာမြင့်တင်ပေးနိုင်တယ်။
မင်းတို့မှာ တားမြစ်အပျက်အစီးမရှိရင် ‘ဝိညာဉ်ဆွဲထုတ်ခြင်း’ က မင်းတို့ခန္ဓာကိုယ်ကို အတင်းအဓမ္မ လှုံ့ဆော်ပေးမှာဖြစ်ပြီး ထုတ်ဖော်မပြဖူးတဲ့ အသက်ဇာစ်မြစ်ထဲမှာ ဝှက်ထားတဲ့ တားမြစ်အပျက်အစီးကို စတင်စေလိမ့်မယ်။ တစ်နည်းအားဖြင့်ပြောရရင် ဆေးအာနိသင်ရှိတဲ့အချိန်အတွင်း တားမြစ်အပျက်အစီးမရှိတဲ့ လူတွေကို တားမြစ်အပျက်အစီးရအောင် ပြုလုပ်ပေးနိုင်တယ်။
အဲဒါက အတူတကွ ပျက်သုဉ်းခြင်းနည်းလမ်းဖြစ်ပြီး ဆိုးရွားတဲ့အခြေအနေမှာ ပြန်လည်တိုက်ခိုက်ခြင်းနည်းလမ်းလည်းဖြစ်တယ်။ တားမြစ်အပျက်အစီးမရှိတဲ့ စစ်သားတွေအတွက် သူတို့ရဲ့တားမြစ်အပျက်အစီးတွေကို ခံစားနိုင်ဖို့ တစ်ခုတည်းသော အခွင့်အရေးလည်း ဖြစ်တယ်။
နောက်ဆုံးအားကိုးရာမဟုတ်မရွေ့ အဲဒါကို မသုံးရဘူး…”
ကျောက်ခုန်းချိန်သည် သူ့လက်ထဲတွင် တံဆိပ်ကို ကိုင်ထားပြီး အထိန်းအကွပ်မဲ့စွာ ယိမ်းယိုင်နေသည်။ တစ္ဆေမျက်နှာဘုရင် နီးကပ်လာတာကို လှမ်းကြည့်လိုက်ရာ သူ့နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာသည်။
“မင်းသိလား… ငါဒီနေ့ကိုစောင့်နေတာ ဘယ်လောက်ကြာပြီလဲဆိုတာကို။”
မိုးသည်းထန်စွာရွာနေသည်။
မိုးရေသည် ကျောက်ခုန်းချိန်၏လက်မောင်းတလျှောက် စီးကျနေသော သွေးများဖြင့် ရောနှောနေပြီး တံဆိပ်၏မျက်နှာပြင်ကို ကျဆင်းစေခဲ့သည်။
ကျောက်ခုန်းချိန်သည် တစ္ဆေမျက်နှာဘုရင် ကြားနိုင်သည်ဖြစ်စေ မကြားနိုင်သည်ဖြစ်စေ ဂရုမစိုက်ဘဲ မိုးရေထဲတွင် သူ့ကိုယ်သူ ရေရွတ်လိုက်သည်။
“လူတွေက ဒီလိုသဘာဝစွမ်းအားတွေ ရလာရင် တစ်နေ့ သူတို့တွေ မိုးမြေအဆုံးသွားပြီး တောင်တွေကို လက်သီးတစ်ချက်နဲ့ ထိုးဖောက်ပြီးတော့ အတွေးတစ်ချက်နဲ့ တိမ်တွေကို ဖုံးအုပ်မယ်လို့ အမြဲတမ်းကြွေးကြော်ကြတယ်…
နှစ်ပေါင်းများစွာ ညစောင့်ကင်းစောင့်လုပ်ပြီးနောက် ငါက ငါ့ရဲ့တားမြစ်အပျက်အစီး နိုးထလာဖို့ စောင့်မျှော်နေခဲ့ပေမယ့် ကံမကောင်းစွာပဲ ငါ အခု အသက်လေးဆယ်ကျော်တဲ့အထိ ငါ့ရဲ့တားမြစ်အပျက်အစီးကို မတွေ့ရသေးဘူး။
အမှန်အတိုင်းပြောရရင် ညကင်းစောင့်မှာ တားမြစ်အပျက်အစီးမရှိဘဲ ပါဝင်ဖို့က တကယ်ခက်ခဲတယ်။ ခေါင်းဆောင်နဲ့ တခြားလူတွေ တိုက်ခိုက်တိုင်း တားမြစ်အပျက်အစီးတွေ သုံးတာကိုကြည့်ရင်း သူတို့တွေ ပေါက်ကွဲတဲ့အခါ အရမ်းမိုက်ပြီး ငါ့နှလုံးသားကို အမြဲတမ်း ဆူပွက်စေခဲ့တယ်…
နောက်တော့ တစ်နေ့ ငါ ဘယ်တော့မှ မနိုင်နိုင်တဲ့ ရန်သူနဲ့ ရင်ဆိုင်ရရင် ငါမသေခင် ‘ဝိညာဉ်ဆွဲထုတ်ခြင်း’ ကို စမ်းကြည့်ရမယ်လို့ ငါတွေးခဲ့တယ်။ ငါ့ရဲ့တားမြစ်အပျက်အစီးကို ကြည့်ပြီး ငါသေရင်တောင် ပြုံးပြီးသေနိုင်တယ်။
ဘာပဲဖြစ်ဖြစ် အခုလိုအခွင့်အရေးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။”
ကျောက်ခုန်းချိန်သည် သူ့လက်ဖဝါးကိုဖွင့်လိုက်ပြီး မိုးရေများက တံဆိပ်မျက်နှာပြင်ကို ဆေးကြောပစ်လိုက်သည်။ တံဆိပ်ဘေးဘက်ကို သူ့လက်ချောင်းများဖြင့် ညင်သာစွာ ပွတ်သပ်လိုက်ရာ ငွေရောင်အပ်တစ်ချောင်း ထွက်ပေါ်လာသည်။
သူအသက်ပြင်းပြင်းရှူလိုက်ရင်း
ငွေရောင်အပ်တစ်ချောင်းကို သူ့လက်ဖဝါးထဲသို့ ထိုးလိုက်သည်…
“လခွမ်း နည်းနည်းနာတယ်…” ကျောက်ခုန်းချိန်သည် ပြုံးပြီး တိတ်တဆိတ် ကျိန်ဆဲလိုက်သည်။
ငွေရောင်အပ်သည် အရေပြားကို ထိုးဖောက်လိုက်သည့်အခိုက်အတန့်တွင် ကျောက်ခုန်းချိန်သည် သူ့တစ်ကိုယ်လုံး ဒီရေတက်သွားသလို နာကျင်မှုကို ခံစားလိုက်ရပြီး မကြုံစဖူး ခွန်အားများ သူ့နှလုံးသားထဲကို တိုးဝင်လာခဲ့သည်။
သူ့ခန္ဓာကိုယ်ရှိ ဆဲလ်များသည် မကြုံစဖူး တက်ကြွမှုကို ပြသသော ဆေးမိထားသကဲ့သို့ပင်။ သူ့နှလုံးသားသည် စစ်မြေပြင်ရှိ စစ်တပ်နှစ်ခုကြားမှ စစ်ပွဲ၏ဗုံကဲ့သို့ လျင်မြန်ပြီး အားကောင်းလာသည်။
တစ်ချိန်တည်းမှာပင် လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားနယ်ပယ်တစ်ခုသည် ကျောက်ခုန်းချိမ်ကို ဗဟိုပြု၍ အပြင်ဘက်ဆီသို့ ဖြာထွက်သွားသည်။
ကျောက်ခုန်းချိန်၏ မျက်လုံးများ တောက်ပလာသည်။
တစ္ဆေမျက်နှာဘုရင်သည် အန္တရာယ်ကို ခံစားသိရှိပုံရပြီး နိမ့်ပါးသောဟိန်းသံကို ထုတ်လွှတ်ကာ မိုးရေထဲတွင် ခြေထောက်ဖြင့် ပြေးလွှားကာ ကြောက်မက်ဖွယ်ကောင်းသော ရွေ့လျားစွမ်းအင်ဖြင့် ပစ်လွှတ်လိုက်လေသည်။
ကျောက်ခုန်းချိန်၏ခါးက တဖြည်းဖြည်း ဖြောင့်သွားကာ
ဓားကိုင်ထားသည့်လက်က ပိုတင်းကြပ်လာပြီး
မိုးရေသည် ဓားဖြောင့်၏ မျက်နှာပြင်ကို ရိုက်ခတ်ကာ တိုးညှင်းသော အသံကို ပြုလုပ်ရင်း
မိုးရေထဲမှာ ဓားကိုကိုင်ထားပြီး သူ့မျက်လုံးထဲမှာ မကြုံစဖူး တောက်ပမှုတစ်ခု ထွက်ပေါ်လာသည်။
ထို့ကြောင့် သူ့လက်ကို မြှောက်ကာ
လျင်မြန်စွာချဉ်းကပ်လာသော တစ္ဆေမျက်နှာဘုရင်ဆီသို့
အဝေးကနေ ဓားတစ်ချက်တည်း ခုတ်လိုက်သည်။
အနက်ရောင် လခြမ်းလေးတစ်စင်းသည် ဓားသွားမှ ခုန်ထွက်ကာ အမြင့်လေးငါးမီတာခန့်ရှိပြီး မိုးကန့်လန့်ကာကို တိတ်တဆိတ်ဖြတ်တောက်လိုက်ကာ တခဏချင်းတွင် သူတို့နှစ်ဦး၏ရှေ့ရှိ နေရာကို ထိုးဖောက်ဝင်ရောက်သွားသည်။
ဤလခြမ်း၏အရှိန်သည် အလွန်မြန်သောကြောင့် တစ္ဆေမျက်နှာဘုရင်သည် လှည့်ရန် အချိန်မရှိပေ။
ထို့ကြောင့် ရက်စက်ကြမ်းကြုတ်သော လက်မောင်းကို ခပ်မြင့်မြင့်ပစ်သွင်းလိုက်လေသည်။
တစ်ချက်တည်း တစ္ဆေမျက်နှာဘုရင်၏ လက်မောင်းကို ဖြတ်ပစ်လိုက်သည်။
ကျောက်ခုန်းချိန်သည် ဓားကို ကိုင်လိုက်ပြီး သူ့နှုတ်ခမ်းထောင့်က ထိန်းမနိုင်သိမ်းမရ မြင့်တက်လာသည်…
သူက ကောင်းကင်ကို မော့ကြည့်ပြီး ရယ်သည်။
“တားမြစ်အပျက်အစီး နံပါတ် ၀၈၃ [တောက်ပသောလ]
ဟားဟားဟား ငါ ကျောက်ခုန်းချိန်က ပါရမီရှင်ဆိုတာ… ငါသိသားပဲ။”
TK Team (Chapter 26)
Volume 1 (သေမျိုးနယ်မြေ ၀၂၇)
Chapter 27 (အကြည့်)
ဝေါ… ဝေါ… ဝေါ…
မိုးက ရွာသွန်းနေသည်။
ကျောက်ခုန်းချိန်သည် သူ့လက်ထဲတွင် ဓားဖြောင့်တစ်ချောင်းကို ကိုင်ထားရင်း သူ၏အနီရင့်ရောင်ဝတ်ရုံမှာ စိုစွတ်နေပြီး သွေးများ ဖုံးလွှမ်းသွားသွားသည်။
သို့သော် သူ့မျက်လုံးများက ကြယ်တွေလို တောက်ပနေသည်။
ဒါ… ဒါက တားမြစ်အပျက်အစီးလား။
မိုက်တယ်။
သောက်ရမ်းမိုက်တယ်။
ဆန့်ကျင်ဘက်လက် တစ္ဆေမျက်နှာဘုရင်သည် သူ၏ဗလာဖြစ်နေသာ ညာလက်ကို အံ့အားသင့်စွာ ကြည့်လိုက်ရာ ဖြူဖျော့ရှုံ့မဲ့နေသော မျက်နှာက ထိတ်လန့်သွားပုံရသည်။
အခုလေးတင် တစ်ဖက်သတ် ဖျက်ဆီးခံနေရသော ကြွက်သည် အဘယ်ကြောင့် ဤမှအစွမ်းထက်သော စွမ်းအားကို တခဏချင်း ထုတ်လွှတ်နိုင်သလဲဆိုတာကို သူ နားမလည်နိုင်ပေ။
သို့သော် သူသည် လုံလောက်အောင် ဉာဏ်ရည်မထက်မြက်သလို… သူမှာ အချိန်လည်း မရှိပေ။
ကျောက်ခုန်းချိန်က လှုပ်ရှားလိုက်သည်။
ဝိညာဉ်ဆွဲထုတ်ခြင်း၏ ဆေးစွမ်းအားအောက်တွင် သူ၏ခန္ဓာကိုယ်သည် ဒဏ်ရာအားလုံးကို မေ့ပျောက်ပြီး အကောင်းဆုံးအခြေအနေသို့ ပြန်ရောက်သွားခဲ့သည်။ သူသည် လေးကြိုးမှ ပစ်ခတ်လိုက်သော မြားတစ်စင်းလို တစ္ဆေမျက်နှာဘုရင်ဆီသို့ ပျံသန်းသွားခဲ့သည်။
“ဟူး… ဟူး… ဟူး… ဟူး…”
တစ္ဆေမျက်နှာဘုရင်၏ မျက်လုံးများနီရဲနေပြီး သူ၏ညာလက်ကိုဆုံးရှုံးသွားကာ ဒေါသူပုန်ထသော အခြေအနေသို့ လုံးလုံးလျားလျား ကျသွားသည်။
သူ၏ ကြွက်သားများ ဖောင်းပွလာပြီး တစ်ကိုယ်လုံး ဖောင်းကားလာကာ ခြေထောက်များ ကွေးသွားပြီး သူ၏ခန္ဓာကိုယ်ကြီးသည် ရုတ်တရက် ခုန်တက်လာကာ ရေအမြောက်အမြား စင်သွားခဲ့သည်။
လေထုအလယ်တွင် အသွင်အပြင်နှစ်ခုက အရှိန်အဟုန်ပြင်းပြင်းနှင့် တိုက်မိသွားသည်။
ဗုန်း… ဗုန်း… ဗုန်း…
သူတို့နှစ်ဦး၏ လှုပ်ရှားမှုများသည် မှုန်ဝါးသွားသည့်အထိ အလွန်လျင်မြန်ပြီး အနက်ရောင် လခြမ်းများ အဘက်ဘက်ကို လွင့်ထွက်လာကာ ပတ်ဝန်းကျင်မြေပြင်ပေါ်တွင် ကြီးမားသော အမှတ်အသားများ ကျန်ရစ်ခဲ့သည်။
မူလက ကျောက်ခုန်းချိန်၏ဓားသည် တစ္ဆေမျက်နှာဘုရင်၏ ခုခံမှုကို လုံးလုံးလျားလျား မချိုးဖျက်နိုင်ခဲ့ဘဲ ခွန်အားရော အရှိန်အဟုန်ပါ အကြွင်းမဲ့အောက်ခြေကိုရောက်နေခဲ့ပြီး ၎င်းသည် အခုလေးတင် သူ ပြင်းထန်စွာ ရိုက်နှက်ခံရခြင်း၏ အခြေခံအကြောင်းရင်းဖြစ်သည်။
ယခုအခါ [တောက်ပသောလ] ဖြင့် ကျောက်ခုန်းချိန်၏ ကိုယ်ပိုင်သေခြင်းတရားသည် ကြောက်မက်ဖွယ်အဆင့်သို့ ရောက်ရှိသွားသည်။ ဓားချက်တိုင်းသည် တစ္ဆေမျက်နှာဘုရင်၏ခန္ဓာကိုယ်ပေါ်တွင် နက်နဲသော သွေးစွန်းကွက်များကို ချန်ထားခဲ့နိုင်သည်။
ကျောက်ခုန်းချိန်သည် တစ္ဆေမျက်နှာဘုရင်ကဲ့သို့ ခွန်အားနှင့် အရှိန်အဟုန်တွင် မကောင်းမွန်သေးသော်လည်း သူသည် သေခြင်းတရားတွင် ချို့ယွင်းချက်များအတွက် ပြုလုပ်ထားသောအခါတွင် တခြားသော ချို့ယွင်းချက်များကို အတွေ့အကြုံဖြင့် ပေါင်းစပ်နိုင်သည်။
သူ၏ခန္ဓာကိုယ်ကြံ့ခိုင်မှုသည် တစ္ဆေမျက်နှာဘုရင်ထက် အများကြီး ပိုဆိုးနေလျှင်ပင် သူက ပြိုင်ဘက်ကို မြေကြီးထိအောင် ရိုက်နိုင်ပါသေးသည်။
ကျောက်ခုန်းချိန်က လိမ်ညာခဲ့ခြင်းမဟုတ်ကြောင်း သက်သေပြခဲ့သည်။
သူ့မှာ တားမြစ်အပျက်အစီးရှိပါက တစ္ဆေမျက်နှာဘုရင်ကို အကြိမ် ၈၀၀ လောက် သတ်ပစ်နိုင်သည်။
သူ့ကို အချိန်အလုံအလောက်ပေးပါက တစ္ဆေမျက်နှာဘုရင်ကို သူတစ်ယောက်တည်း မသတ်ခင် အချိန်တစ်ခုပဲလိုလိမ့်မည်။ သို့သော် အဓိကအချက်မှာ သူ့တွင် အချိန်အများကြီး မရှိပေ။
ဝိညာဉ်ဆွဲထုတ်ခြင်းကို အသုံးပြုခြင်းသည် လူတစ်ဦး၏ စွမ်းရည်ကို အပြည့်အဝပေါက်ကွဲစေနိုင်သော်လည်း ကြာရှည်မခံပါ။ ကျောက်ခုန်ချိန်းသည် တားမြစ်အပျက်အစီးကို ရရှိပြီးကတည်းက ဆယ်စက္ကန့်နီးပါး ကြာသွားခဲ့ပြီး သူ့အတွက် အချိန်မကျန်တော့ပေ။
တစ္ဆေမျက်နှာဘုရင်နှင့် တိုက်ခိုက်နေသော ကျောက်ခုန်းချိန်သည် သူ့ကိုယ်သူ ခွန်အားတွေ ယုတ်လျော့လာတာကို ရှင်းရှင်းလင်းလင်း ခံစားရပြီး ထိုဖုံးကွယ်ထားသောနာကျင်မှုများက တဖြည်းဖြည်း ပြန်လည်ပေါ်လာသည်…
အနက်ရောင်လခြမ်းကို ဝှေ့ယမ်းတာက သေးသထက် သေးလာသည်။
တစ္ဆေမျက်နှာဘုရင်သည် သူ၏အခြေအနေပြောင်းလဲမှုကို သတိပြုမိပုံရပြီး သူ၏အရင်းအမြစ်ကို အတင်းအကျပ်ကုန်ဆုံးရန် တုံ့ဆိုင်းမနေဘဲ ပိုမိုပြင်းထန်သော ထိုးစစ်ကို စတင်ခဲ့သည်။
နောက်ထပ် အချီအနည်းငယ်ကြာအောင် တိုက်ခိုက်ပြီးနောက် တစ္ဆေမျက်နှာဘုရင်သည် အခွင့်အရေးကို ဆုပ်ကိုင်ကာ ကျောက်ခုန်းချိန်၏ရင်ဘတ်ကို လက်ဖြင့် ထိုးခဲ့သည်။
ဗုန်း…
လေထဲတွင် အသံတစ်ခု ပဲ့တင်ထပ်သွားပြီး ကျောက်ခုန်းချိန်သည် ကြိုးပျက်သွားသော စွန်တစ်ကောင်ကဲ့သို့ လွင့်ထွက်သွားပြီး မြေပြင်ပေါ်သို့ ပြင်းထန်စွာ လဲကျသွားသည်။
“ဟူး… ဘာလို့ အရမ်းနာကျင်ရတာလဲ…”
နာကျင်မှုသည် ကျောက်ခုန်းချိန်၏ အာရုံကြောတိုင်းကို လှိုင်းလုံးကြီးတစ်ခုလို လှုပ်ခတ်သွားစေပြီး အံကြိတ်ထားရင်း သူ့မျက်လုံးများမှာ သွေးများပြည့်နေသည်။
သွေးအန်ရင်း ရွှံ့ထဲမှ သူဖြည်းညှင်းစွာ ထလာသည်…
သူ့မျက်လုံးများသည် တစ္ဆေမျက်နှာဘုရင်ကို စိုက်ကြည့်နေပြီး သူ့မျက်လုံးထဲမှာ လောင်ကျွမ်းနေသော မီးတောက်က မငြိမ်သေးပေ။
သူအသက်ရှူနိုင်သေးကာ သူ့တားမြစ်အပျက်အစီးက ရှိနေသေးပြီး သူတိုက်ခိုက်နိုင်သေးသည်။
တစ္ဆေမျက်နှာဘုရင်က မသေသေးဘူး…
သူမလဲကျနိုင်ဘူး။
သူသည် ဓားဖြောင့်ဖြင့် မြေပြင်ကနေ ထလိုက်ပြီး ယိမ်းယိုင်စွာ မတ်တတ်ရပ်ကာ ဤအခိုက်အတန့်မှာပင် ပြောင်းလဲမှုတစ်ခု ရုတ်တရက် ဖြစ်သွားသည်။
ဗုန်း…
ကျောက်ခုန်းချိန်၏နောက်ကွယ်မှ ကျယ်လောင်သော ဆူညံသံတစ်ခုထွက်ပေါ်လာပြီး သူ့ခေါင်းထက် ကောင်းကင်သည် အနည်းငယ်တုန်ခါကာ အက်ကွဲမှုတစ်ခု ပွင့်သွားသည်…
ဒါက…
ကျောက်ခုန်းချိန်သည် တစ်ခုခုကို တွေးနေသလိုမျိုး ကောင်းကင်ကို ကြောင်တောင်တောင် စိုက်ကြည့်ရင်း ဆတ်ခနဲ လှည့်ကြည့်လိုက်သည်။
သူ့နောက်မလှမ်းမကမ်းတွင် ကောင်းကင်ကိုဖုံးအုပ်ထားသည့် မမြင်နိုင်သော ကင်းဗတ်စ၏ ထောင့်တစ်ခြမ်းက အက်ကွဲသွားသည်…
ထိုမပြည့်စုံသော အက်ကွဲမှုထဲသို့ ရွှေရောင်မျက်လုံးရှိသော လူငယ်တစ်ဦးသည် ဖြည်းညှင်းစွာ လျှောက်လှမ်းလာခဲ့သည်။
ကျောက်ခုန်ချိန်းသည် သူ့ပါးစပ်ကို ကျယ်ကျယ်ဖွင့်လိုက်ပြီး သူ့အမူအရာက တစ္ဆေကိုမြင်လိုက်သလို ဖြစ်နေသည်။
“မင်း မင်း မင်း… မင်းဘယ်လိုဝင်လာတာလဲ။”
လင်ချီးယဲ့သည် မိုးရေစိုနေသောဆံပင်များကို ပင့်လိုက်ရင်း သူ့မျက်လုံးများသည် တောက်လောင်နေသော မီးဖိုတစ်ခုလို ပူပြင်းနေပြီး မြင့်မြတ်ကာ ကူကယ်ရာမဲ့ သက်ပြင်းချလိုက်သည်။
“ငါပြောရရင် ဒီ [ဝူကျဲ့လေဟာနယ်] က တကယ်ခက်ခဲပေမယ့် ကံကောင်းထောက်မစွာ ကျွန်တော့်မှာ ဒီမျက်လုံးတွေရှိပြီး ဒါရဲ့အားနည်းတဲ့အချက်ကို ရှာတွေ့နိုင်တယ် ပြီးတော့ ကံကောင်းတာက…
အခု ညရောက်နေတာလေ။”
ကျောက်ခုန်းချိန်သည် ယခင်စကားကို နားလည်သော်လည်း သူ့စိတ်ထဲက သံသယများကို မဖြေရှင်းနိုင်သေးပေ။
“မင်းက အခုမှ ‘ကျန်’ နယ်ပယ်ကို ရောက်တာလေ။ မင်းမှာ ဘယ်လိုလုပ် ဒီလောက်ပြင်းထန်တဲ့စွမ်းအားရှိမှာလဲ။ မဟုတ်ဘူး… မင်းမှာ လက်နက်မရှိတာကို ဘယ်လိုလုပ် [ဝူကျဲ့လေဟာနယ်] ကို ချိုးဖျက်ခဲ့တာလဲ။”
“ခင်ဗျားကို ပြောပြရင် ယုံမှာမဟုတ်ဘူး။” လင်ချီးယဲ့က အေးဆေးတည်ငြိမ်စွာ ပြောလိုက်သည်။ “ကျွန်တော် အဲဒါကို စိုက်ကြည့်လိုက်တာနဲ့ ပွင့်သွားတာပဲ။”
ကျောက်ခုန်းချိန်: “…”
လင်ချီးယဲ့ မလိမ်ပါ။ ည၏ကောင်းချီးများအောက်တွင် သူ့မျက်လုံးများ အလွန်ကောင်းမွန်လာသည်ဟု သူခံစားနိုင်သည်။ ၎င်းသည် ငါးဆလောက် ချဲ့ကားတာမဟုတ်ပေမယ့် နှစ်ဆဖြစ်နေတုန်းပါပဲ။
[ညကောင်းကင်အက] ကို မရခင် သူသည် တစ္ဆေမျက်နှာလူသားကို တစ်ယောက်တည်း သတ်ရန် ကောင်းကင်တမန်တော်၏ စွမ်းအားကို အသုံးပြုနိုင်ပြီး ည၏ကောင်းချီးရပြီးနောက် [ဝူကျဲ့လေဟာနယ်] ကို ချိုးဖျက်ရန် နတ်ဘုရား၏စွမ်းရည်ကိုလည်း အသုံးပြုနိုင်သည်။
ဒါက သူ၏စိတ်စွမ်းအားကို အလွန်အကျွံ ကုန်ဆုံးနိုင်ပြီး တစ်ချက်ကြည့်လိုက်ရုံဖြင့် သူ့စိတ်စွမ်းအားတွေ ကုန်ဆုံးလုနီးပါးဖြစ်ခဲ့သည်။
လင်ချီးယဲ့သည် ဓားဒဏ်ရာများဖြင့် ဖုံးလွှမ်းနေသော တစ္ဆေမျက်နှာဘုရင်ကို ကြည့်လိုက်ပြီးနောက် မြေပြင်အနှံ့ ဓားရာများကို တွေ့လိုက်ရသည်။ ထူးဆန်းသော မျက်လုံးများဖြင့် ကျောက်ခုန်းချိန်ကို ကြည့်လိုက်သည်။ “ခင်ဗျားမှာ တားမြစ်အပျက်အစီးမရှိဘူးလို့ ပြောခဲ့တယ်မဟုတ်ဘူးလား။ ဒီအရာက လူသားတွေ ဖြတ်တောက်နိုင်တဲ့အရာလား။”
ကျောက်ခုန်းချိန်သည် သူ့ကို ရှင်းပြရန် စိတ်ရှုပ်မခံချင်ဘဲ အဘယ်ကြောင့်ဆိုသော်… သူ့မှာ တကယ်အချိန်မရှိတော့လို့ ဖြစ်သည်။
“အဓိပ္ပါယ်မရှိတာတွေမပြောနဲ့ ငါ့အတွက် ဘေးဖယ်နေပါ။”
“ကျွန်တော် ခင်ဗျားကို ကူတိုက်ပေးနိုင်တယ်။”
“ငါသိတယ် မင်းအရင် ဘေးဖယ်နေလိုက်။” ကျောက်ခုန်းချိန်သည် သူ့ကိုကြည့်ရန် ခေါင်းလှည့်လိုက်သည်။ “တစ်ချက်ပဲ ငါ ဓားတစ်ချက်ခုတ်ပြီး အဲဒီဓားချက်ပြီးသွားရင် မင်းငါ့ကို ကူညီဖို့အတွက် မနောက်ကျသေးပါဘူး။”
“အိုး” လင်ချီးယဲ့က ဘေးမှာ ရပ်လိုက်သည်။
ကျောက်ခုန်းချိန်သည် အသက်ပြင်းပြင်းရှူရင်း လက်ထဲက ဓားလက်ကိုင်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်ပြီး အဝေးက တစ္ဆေမျက်နှာဘုရင်ကို စိုက်ကြည့်နေသည်။
“ကောင်လေး”
“ဟင်”
“ဒီဓားကို မင်းသေချာကြည့်ရမယ်။”
“ဘာလို့လဲ။”
“ဒီဓားက… အရမ်းမိုက်လိမ့်မယ်။”
“…”
လင်ချီးယဲ့သည် သူ၏ရွံရှာဖွယ်အမူအရာမပြမီ ကျောက်ခုန်းချိန်၏ခြေထောက်များသည် မြေပြင်ပေါ်သို့ ထောက်ကန်ပြီး တစ္ဆေမျက်နှာဘုရင်ထံ အံ့အားသင့်ဖွယ်အရှိန်ဖြင့် ပြေးသွားခဲ့သည်။
တစ္ဆေမျက်နှာဘုရင်လည်း သူ့ရှေ့ကလူသည် ဆီမီးကုန်သွားသည့်နေရာကို ရောက်နေပြီဆိုတာ မြင်လိုက်ပုံရသည်။ သူသည် သူ့ကို ရူးရူးမိုက်မိုက် ထိပ်တိုက် တိုက်ခိုက်ရန် မရွေးချယ်ဘဲ နေရာတွင် နိုးကြားစွာ ရပ်နေပြီး သူ့တိုက်ခိုက်မှုကို ခုခံရန် အမြဲအသင့်ဖြစ်နေသည်။
ကျောက်ခုန်းချိန်၏မျက်လုံးများတွင် အလင်းရောင်သည် မီးရှူးတိုင်တစ်ခုကဲ့သို့ ပို၍တောက်ပပြီးရင်းတောက်ပလာသည်။
သူသည် မိုးကန့်လန့်ကာကိုဖြတ်၍ တစ္ဆေမျက်နှာဘုရင်ဆီသို့ ပြေးသွားသည်၊
ဘာမှဆန်းကြယ်ခြင်းမရှိဘဲ
လက်မြှောက်၍
ဓားကိုလွှဲယမ်းလိုက်သည်။
မကြုံစဖူး ကြီးမားလှသော လခြမ်းသည် ညကိုဖြတ်သွားကာ သာမန်မျက်စိဖြင့် မမြင်နိုင်သောအရှိန်နဲ့ ကောင်းကင်ကို ဖြတ်ကျော်ကာ လမ်းကြောင်းပေါ်ရှိ မိုးရေစက်တိုင်းကို တစ်ဝက်တစ်ပျက် ဖြတ်တောက်ပစ်လိုက်သည်။
ဤဓား၏အရှိန်သည် မြန်လွန်းသဖြင့် တစ္ဆေမျက်နှာဘုရင်ကဲ့သို့ ပြင်းထန်ပြီး အလွယ်တကူ ရှောင်လွှဲ၍မရပေ။
သူသည် ပုန်းအောင်းချင်ပေမယ့် လက်ရှိအခြေအနေမှာ သူမလုပ်နိုင်ဘူး။
ထို့ကြောင့်
အနက်ရောင်လခြမ်းသည် ကောင်းကင်ကိုဖြတ်၍
ညင်ညင်သာသာ
ဖြူဖျော့သောရှုံ့မဲ့မဲ့နှင့် ကြုမ်းကြုတ်သည့်ခေါင်းကို ဖြတ်တောက်လိုက်သည်။
TK Team (Chapter 27)
Volume 1 (သေမျိုးနယ်မြေ ၀၂၈)
Chapter 28 (ဖြတ် ဖြတ် ဖြတ်)
ဂူဂူဂူ…
တစ္ဆေမျက်နှာဘုရင်၏ ခေါင်းသည် မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။
ကျောက်ခုန်းချိန်သည် ယိမ်းယိုင်ပြီး ချက်ချင်း လဲကျသွားသည်။
လင်ချီးယဲ့၏ မျက်လုံးများနှင့် လက်များသည် လျင်မြန်ပြီး ကျောက်ခုန်းချိန်၏ ခန္ဓာကိုယ်ကို တင်းတင်းကျပ်ကျပ် ဖမ်းလိုက်သည်။ ထိုအချိန်မှသာ ကျောက်ခုန်းချိန်၏ ရုပ်ပိုင်းဆိုင်ရာ အခြေအနေ မည်မျှဆိုးရွားနေတာကို သူနားလည်ခဲ့သည်။
ခြစ်ရာများ၊ ပွန်းပဲ့ခြင်း၊ ပြုတ်ကျခြင်း… လင်ချီးယဲ့၏ စိတ်အာရုံခံစားမှုထဲတွင် သူ့ခန္ဓာကိုယ်သည် ဒဏ်ရာများဖြင့် ထူထပ်စွာ ဖုံးလွှမ်းနေပြီး ထွက်လာသော သွေးများသည် သူ့အနီရောင်ခန္ဓာကိုယ်မှ မိုးနှင့် ကတ္တရာလမ်းအများစုကို အနီရောင်ဆိုးထားသည်။ သူ့ခန္ဓာကိုယ်ပေါ်မှာ အနည်းဆုံး အရိုးငါးချောင်း ခြောက်ချောင်း ကျိုးသွားသည်။ ဤမျှပြင်းထန်သော ဒဏ်ရာများအောက်တွင် ကျောက်ခုန်းချိန် မည်ကဲ့သို့ ထရပ်နိုင်သည်ကို လင်ချီးယဲ့ စိတ်ကူးမကြည့်နိုင်ပေ။
အဆိုးဆုံးမှာ ကျောက်ခုန်းချိန်၏ ခန္ဓာကိုယ်သည် လျင်မြန်စွာ ကျဆင်းနေကြောင်း လင်ချီးယဲ့မှ ရှင်းရှင်းလင်းလင်း ရိပ်မိနိုင်ပြီး သူ၏အသက်ဓာတ်သည် ပြာထဲတွင် အလင်းတန်းတစ်ခုကဲ့သို့ဖြစ်ပြီး အားနည်းလာပြီး အားနည်းလာသည်…
လင်ချီးယဲ့သည် ကျောက်ခုန်းချိန်၏ဘေးတွင် ထိုင်နေရင်း “ခင်ဗျားခန္ဓာကိုယ်…”
“အဟွတ် အဟွတ်… ရပါတယ် ဒါက စွမ်းရည်ကို အတင်းအကျပ် ပေါက်ကွဲခြင်းရဲ့ နောက်ဆက်တွဲတစ်ခုပါ။”
“ဒီအတိုင်းဆိုရင် ခင်ဗျားသေလိမ့်မယ်။”
“ငါသိတယ်။”
“သေဖို့အဆင်ပြေလား။”
“ဟားဟားဟား…” ကျောက်ခုန်းချိန်သည် ရယ်ချင်ပေမယ့် ရယ်မောရင်း ချောင်းဆိုကာ သွေးများထပ်အန်လာသည်။ “သိပ်တော့မဆိုးပါဘူး။ အနည်းဆုံးတော့ ငါမသေခင် တားမြစ်အပျက်အစီးကို ငါတွေ့ကြုံခဲ့ရတယ် ပြီးတော့…”
“ပြီးတော့ ဘာလဲ။”
“ပြီးတော့ ငါ ဓားနဲ့ ချောက်နက်ကို ဖြတ်ပြီး ကောင်းကင်ကို သွေးရောင်လွှမ်းအောင် လုပ်နိုင်ခဲ့တယ်။” ကျောက်ခုန်းချိန်သည် သူ့လက်ကို တုန်တုန်ယင်ယင် ဆန့်ထုတ်လိုက်ပြီး သူ့ခန္ဓာကိုယ်အောက်က ရွှံ့ကို ထိလိုက်ကာ သွေးစွန်းနေသောလက်ကို တွေ့လိုက်ရသည်။ “ဒီလောက်သွေးပမာဏနဲ့ ကောင်းကင်ကို သွေးရောင်မလွှမ်းနိုင်ရင်တောင် မြေကြီးအနည်းငယ်ကို သွေးရောင်လွှမ်းဖို့တော့ ကိစ္စမရှိပါဘူး။”
လင်ချီးယဲ့က အံ့အားသင့်သွားသည်။ “ဒါပေမယ့် ခင်ဗျားနောက်မှာ လူသောင်းချီမှမရှိတာ ပြီးတော့ ခင်ဗျားရဲ့ကြိုးစားမှုကို ကျွန်တော်ကလွဲပြီး ဘယ်သူမှ မမြင်ဘူး။ အဲဒါက ထိုက်တန်ရဲ့လား။”
ကျောက်ခုန်းချိန်သည် ပြုံးလိုက်ပေမယ့် မဖြေချေ။
“ငါ့ကို တစ်ခုလောက် ကူညီပါ။”
“ခင်ဗျားပြောပါ။”
“ငါ့အိတ်ကပ်ထဲမှာ ဆေးလိပ်ဘူးရှိတယ် ငါ့အတွက် မီးညှိပေးပါ။”
လင်ချီးယဲ့သည် ကျောက်ခုန်းချိန်၏ရင်ဘတ်အိတ်ကပ်အတွင်း ခဏလောက် ရှာလိုက်ကာ မိုးရေစိုနေသော ဆေးလိပ်ဘူးကို ရှာတွေ့ပြီး သူ့ဘောင်းဘီအိတ်ထဲမှ မီးခြစ်ကို ထုတ်လိုက်သည်။
ဆေးလိပ်ကို ကျောက်ခုန်းချိန်အား ပေးလိုက်ကာ လင်ချီးယဲ့သည် မိုးရေမှ ကာကွယ်ရန် သူ့လက်ကို ဆန့်ထုတ်ပြီး အကြိမ်အနည်းငယ် မီးခြစ်လိုက်သည်။
ခြစ်… ခြစ်… ခြစ်…
ကျောက်ခုန်းချိန်၏ပါးစပ်ထဲက ဆေးလိပ်တွင် မီးတောက်တစ်ခု လောင်ကျွမ်းသွားသည်။
သူ့တစ်ကိုယ်လုံး သက်တောင့်သက်သာရှိသကဲ့သို့ သက်ပြင်းရှည်ကြီးကို ရှူထုတ်လိုက်သည်။
ကျောက်ခုန်းချိန်သည် ဆေးလိပ်တစ်လိပ်သောက်ရင်း မီးခိုးရောင်ကောင်းကင်ကြီးကို မျက်လုံးများဖြင့် စိုက်ကြည့်ကာ သူ့မျက်နှာပေါ် မိုးရွာချလာပြီး ပါးပြင်ပေါ်သို့ လျှောကျလာသည်…
“လင်ချီးယဲ့။”
“အင်း။”
“ငါက တစ္ဆေမျက်နှာဘုရင်ကို ဓားနဲ့ခုတ်လိုက်တာ မင်းမြင်လိုက်လား။”
“ကျွန်တော်မြင်တယ်။”
ကျောက်ခုန်းချိန်၏နှုတ်ခမ်းထောင့်သည် ထိန်းမနိုင်သိမ်းမရ မြင့်တက်လာကာ အလွန်ပျော်ရွှင်နေသည်။
လင်ချီးယဲ့သည် ခေါင်းညိတ်လိုက်ပြီး တစ်ခုခုပြောခါနီးမှာ ရုတ်တရက် သူ့တစ်ကိုယ်လုံး အနည်းငယ် တုန်ခါသွားသည်။
သူ ခေါင်းကို တင်းတင်း လှည့်ကြည့်လိုက်တော့ ထွားကျိုင်းသည့် ဦးခေါင်းမဲ့ အလောင်းသည် အဝေးက ရွှံ့ထဲမှာ ဖြည်းညှင်းစွာ တွားသွားနေတာ တွေ့လိုက်ရသည်…
သူ၏ခန္ဓာကိုယ်ပေါ်တွင် ဖြူဖျော့ပြီး ထူးဆန်းသည့် ရှုံ့မဲ့မဲ့မျက်နှာ ကပ်ပါးကောင်ကဲ့သို့ လျင်မြန်စွာ တွားသွားကာ သူ၏ခြေထောက်များမှ နောက်ကျောသို့၊ ထိုနောက်ကျောမှ ရင်ဘတ်သို့…
အဆုံးတွင် တစ္ဆေမျက်နှာဘုရင်၏ ရင်ဘတ်ပေါ်မှာ ပေါက်ဖွားလာခဲ့သည်။
ဖြတ်လိုက်သော ခေါင်းပေါ်တွင် ဖြူဖျော့ဖျော့ ရှုံ့မဲ့မဲ့မျက်နှာက အစအနမရှိဘဲ ပျောက်ကွယ်သွားသည်။
လင်းချီးယဲ့၏မျက်လုံးအိမ်များ ရုတ်တရက် ကျုံ့သွားသည်။
တစ္ဆေမျက်နှာဘုရင်က… မသေသေးဘူး။
မိုးက ရွာနေဆဲဖြစ်သည်။
ကျောက်ခုန်းချိန်သည် ကောင်းကင်ကို မော့ကြည့်ရင်း အခုလေးတင် မြင်ကွင်းကို သတိရနေကာ လင်ချီးယဲ့၏ အမူအရာ ပြောင်းလဲသွားသည်ကို သတိမထားမိလိုက်ပေ။
“လခွမ်း ခေါင်းဆောင်တောင် မသတ်နိုင်တဲ့ကောင်ကို ငါသတ်ပစ်လိုက်တယ်… လင်ချီးယဲ့ ငါ မိုက်တယ်လို့ မင်းထင်လား။”
လင်ချီးယဲ့သည် တစ်ခဏမျှ တိတ်ဆိတ်သွားပြီးနောက် သူ့လက်မောင်းထဲက ကျောက်ခုန်းချိန်ကို ငုံ့ကြည့်ကာ ခေါင်းညိတ်လိုက်သည်။
“အင်း မိုက်တယ်။”
“ဒီလိုကြီးကျယ်ခမ်းနားတဲ့ အောင်မြင်မှုတွေနဲ့ ငါသာ အသက်ရှင်နိုင်ရင် ငါ ဗိုလ်ချုပ်တစ်ယောက်ဖြစ်လာမှာ သေချာတယ်။”
“သေချာတာပေါ့။” လင်ချီးယဲ့၏မျက်လုံးများသည် သေချာမှုအပြည့်ရှိနေသည်။ “ခင်ဗျားအသက်ရှင်ရမယ်။”
“ဟားဟား”
ကျောက်ခုန်းချိန်သည် တစ်ခုခုကို တွေးတောနေပုံရပြီး သူ့မျက်နှာမှာ ကျေနပ်မှုအပြည့်ဖြစ်နေသည်။
သို့သော် သူ့မျက်လုံးထဲတွင် အလင်းရောင်က တဖြည်းဖြည်း ငြိမ်းသွားသည်။
လင်ချီးယဲ့၏လက်များ အနည်းငယ်တုန်ယင်သွားပြီး ကျောက်ခုန်းချိန်၏ ခန္ဓာကိုယ်ကို လှုပ်ခါလိုက်ပြီး တိုးတိုးလေး အော်ပြောလိုက်သည်။
“ကျောက်ခုန်းချိန် ခင်ဗျား ဗိုလ်ချုပ်မဖြစ်သေးဘူး။ ခင်ဗျားသေလို့မရသေးဘူး။”
ကျောက်ခုန်းချိန်သည် လင်ချီးယဲ့၏ အသံကို မကြားနိုင်တော့ဘဲ မျက်လုံးများ တဖြည်းဖြည်း မှုန်ဝါးလာသည်… သူ ပါးစပ်ကို ဖွင့်လိုက်ပြီး သူ့အသံသည် ခြင်ကောင်တစ်ကောင်လို မြည်နေသည်။
“ငါ… အခု မိုက်တယ်မလား။”
“မိုက်တယ်။” လင်ချီးယဲ့၏ နှုတ်ခမ်းများ တုန်ယင်းသွားပြီး ပြတ်သားစွာ ခေါင်းညိတ်လိုက်သည်။
“အရမ်းမိုက်တယ်။ ကျွန်တော်တွေ့ဖူးသမျှလူတွေထက် ပိုမိုက်တယ်။”
ကျောက်ခုန်းချိန်၏နှုတ်ခမ်းထောင့်သည် အနည်းငယ် ကွေးညွတ်သွားကာ သူ့မျက်လုံးများ ဖြည်းညှင်းစွာ မှိတ်သွားပြီး သူ့ခန္ဓာကိုယ်က ပြေလျော့သွားသည်။
ကျောက်ခုန်းချိန် သေဆုံးသွားသည်။
ဖြောက်… ဖြောက်… ဖြောက်…
လင်ချီးယဲ့သည် ကြောင်တက်တက်ထိုင်နေကာ မိုးက သူ့မျက်လုံးများကို မှုန်ဝါးစေသော်လည်း သူ့မျက်လုံးများသည် ကျောက်ခုန်းချိန်ထံမှ မရွေ့သေးပေ။
ပြင်းထန်သော ခြေသံများ ထပ်မံထွက်ပေါ်လာသည်အထိ ဖြစ်သည်…
လင်ချီးယဲ့သည် သူ့နှုတ်ခမ်းများကို ကိုက်ပြီး အသက်ပြင်းပြင်းရှူရင်း မြေပြင်ကနေ ဖြည်းညှင်းစွာ ထထိုင်လိုက်သည်…
သူ လှည့်ကြည့်လိုက်တော့ အဝေးက ခေါင်းမဲ့ တစ္ဆေမျက်နှာဘုရင်၏ အလောင်းကို သူ့မျက်လုံးများက စိုက်ကြည့်နေသည်။ သူ့မျက်လုံးထဲတွင် နေရောင်ကဲ့သို့ တောက်လောင်နေပုံရသည်။
သူသည် ရှေ့နှစ်လှမ်းတိုးကာ
မြေပြင်ပေါ်တွင် စောင်းနေသော ဓားဖြောင့်ကို ဆွဲထုတ်လိုက်သည်။
အဲဒါ ကျောက်ခုန်းချိန်၏ဓားဖြစ်သည်။
လင်ချီးယဲ့သည် ဓားကိုကိုင်ပြီး တစ္ဆေမျက်နှာဘုရင်ထံ ခြေလှမ်းတစ်လှမ်းချင်း လျှောက်သွားသည်။ မိုးက သူ့ကို စိုစွတ်စေပေမယ့် သူ့စိတ်ထဲက ဒေါသများနှင့်…
ပြီးတော့ ဒီရွှေရောင်တောက်နေသော မျက်လုံးများကို မငြိမ်းသတ်နိုင်ပေ။
တစ္ဆေမျက်နှာဘုရင်၏အလောင်းပေါ်ရှိ ရှုံ့မဲ့မဲ့မျက်နှာသည် တွန့်လိမ်နေပြီး တိတ်တဆိတ် ဟိန်းဟောက်နေပုံရသည်။ သူ၏ အရှိန်အဟုန်သည် တဟုန်ထိုး မြန်လာပြီး နောက်ဆုံးတွင် သူသည် လင်ချီးယဲ့ဆီသို့ တိုးဝင်နေသော ယိမ်းယိုင်နေသည့် ဧရာမသားရဲတစ်ကောင်နှင့်တူသည်။
ကျောက်ခုန်းချိန်ကြောင့် ညာလက်ပြတ်သွားသော ခေါင်းမဲ့ တစ္ဆေမျက်နှာဘုရင်သည် မုန်တိုင်းကဲ့သို့ တိုက်ခိုက်ရန် သူ့ဘယ်လက်၏ ချွန်ထက်သော လက်သည်းများကိုသာ အားကိုးနိုင်သည်။
လင်ချီးယဲ့သည် ဓားကိုကိုင်ထားပြီး ရှေးဖြစ်ဟောကဲ့သို့ သူ၏တိုက်ခိုက်ရေးလမ်းကြောင်းကို အမြဲခန့်မှန်းနိုင်ကာ တိုက်ခိုက်မှုကိုရှောင်ရှားရန် လျှပ်စီးကြောင်းကဲ့သို့ ယိမ်းယိုင်သွားခဲ့သည်။
သူသည် အေးခဲသောလေထဲတွင် လှုပ်ခတ်နေသော သန်းခေါင်ယံ လိပ်ပြာကဲ့သို့ ဖြစ်နေပေမယ့် သူ့ခန္ဓာကိုယ်တွင် သစ်ရွက်များ ဘယ်တော့မှ ကပ်မလာပေ။
ကြောက်မက်ဖွယ်ကောင်းသော ရွေ့လျားအမြင်အာရုံနှင့် ညကောင်းကင်အက၏ အပိုဆုအရှိန်အဟုန်ဖြင့် လင်ချီးယဲ့သည် ယခုအချိန်တွင် သရဲတစ္ဆေဖြစ်နေပုံရစေသည်။
လင်ချီးယဲ့သည် တစ္ဆေမျက်နှာဘုရင်ကို ဆယ်ကြိမ်ထက်မနည်း ဆက်တိုက် ရှောင်ရှားပြီး သူ့လက်ကို အမူအရာမဲ့စွာမြှောက်ကာ ဓားကို ပြင်းပြင်းထန်ထန် ဝှေ့ယမ်းလိုက်သည်။
ဤတစ်ကြိမ်တွင် သူ၏ပစ်မှတ်သည် အရေးကြီးသောခန္ဓာကိုယ်မဟုတ်ဘဲ တစ္ဆေမျက်နှာဘုရင်၏ ရင်ဘတ်ပေါ်က ဖြူဖျော့ဖျော့ရှုံ့မဲ့သောမျက်နှာဖြစ်သည်။
သူမှန်းဆတာ မှန်ရင် ဒီတစ္ဆေမျက်နှာသည် တစ္ဆေမျက်နှာဘုရင်၏ခန္ဓာကိုယ်ဖြစ်သည်။
ကျောက်ခုန်းချိန်သည် ယခင်က တစ္ဆေမျက်နှာဘုရင်ကို ဖြတ်တောက်ခဲ့သော်လည်း တစ္ဆေမျက်နှာကို မထိခိုက်စေခဲ့သဖြင့် တစ္ဆေမျက်နှာဘုရင်က ပြန်လည်ရှင်သန်ထမြောက်နိုင်သေးသည်။
လင်ချီးယဲ့၏ ခန္ဓာကိုယ်သည် တစ္ဆေမျက်နှာဘုရင်၏ တိုက်ခိုက်မှုများကြားက ကွာဟချက်တွင် ကခုန်နေပြီး သူ့လက်ထဲက ဓားဖြောင့်ကို တစ်ချက်ပြီးတစ်ချက် ဝှေ့ယမ်းကာ တစ္ဆေမျက်နှာကို အဖန်ဖန် ခုတ်ထစ်လိုက်သည်။
သူ့တွင် ခွန်အားအပိုဆု ငါးဆရှိသော်လည်း သူသည် တစ္ဆေမျက်နှာဘုရင်ထံ အမှန်တကယ် ထိခိုက်မှုကို မဆောင်ယူနိုင်သေးဘဲ သိပ်မနက်ရှိုင်းသည့် သွေးရာများကိုသာ ချန်ထားနိုင်သည်။
သို့သော် ကိစ္စမရှိပေ။
ဓားဖြင့် တစ်ချက်တည်းမသတ်နိုင်လျှင် သူ တစ်ချက်တစ်ရာ အချက်တစ်ထောင် ခုတ်နိုင်သည်။
ဒီတစ်ခါတော့…သူသည် တစ္ဆေမျက်နှာဘုရင်ကို သေသည်အထိ ခုတ်ဖြတ်ပစ်တော့မည်။
တစ်ချက်… နှစ်ချက်… သုံးချက်…
တစ္ဆေမျက်နှာဘုရင်သည် လင်ချီးယဲ့ကို မထိနိုင်သော်လည်း လင်ချီးယဲ့က တစ္ဆေမျက်နှာဘုရင်ကို ခုတ်ဖြတ်နိုင်ခဲ့သည်။ တဖြည်းဖြည်းနှင့် တစ္ဆေမျက်နှာဘုရင်၏ရင်ဘတ်ရှိ တစ္ဆေမျက်နှာပေါ်တွင် ပို၍ပို၍ဒဏ်ရာများလာပြီး ပို၍ပို၍သွေးများထွက်လာကာ အမူအရာက ပို၍ပို၍နာကျင်လာသည်။
မကြာခင်မှာပဲ တစ္ဆေမျက်နှာဘုရင်၏ထိုးစစ်က နှေးကွေးသွားသည်။
လင်ချီးယဲ့၏မျက်လုံးများသည် သတ်ဖြတ်ခြင်းရည်ရွယ်ချက်ဖြင့် တောက်ပလာကာ အခွင့်အရေးကို ဆုပ်ကိုင်ထားပြီး ဓားဖြောင့်ကို သူ့လက်ထဲတွင် ကိုင်ထားသည်။
တစ္ဆေမျက်နှာကို ဓားဖြင့်ထိုးရန် သူ၏ခွန်အားရှိသမျှကို အသုံးပြုခဲ့သည်။
စူးစူးဝါးဝါး အော်သံက ကောင်းကင်ယံမှာ ပဲ့တင်ထပ်နေသည်။
TK Team (Chapter 28)
Volume 1 (သေမျိုးနယ်မြေ ၀၂၉)
Chapter 29 (၁၀ နှစ်)
လင်ချီးယဲ့၏ဓားသည် တစ္ဆေမျက်နှာကို ထိုးဖောက်သွားသော်လည်း တစ္ဆေမျက်နှာဘုရင်အတွက် နာကျင်စွာအော်ဟစ်ရသည့် အကြောင်းရင်းမဟုတ်ပေ။
လင်ချီးယဲ့၏မျက်လုံးများသည် တစ္ဆေမျက်နှာဘုရင်ကို နှလုံးထိုးဖောက်လောက်အောင် အော်မြည်တမ်းစေခဲ့သည်။ တောက်လောင်သော ရွှေရောင်အလင်းတန်းအောက်တွင် တစ္ဆေမျက်နှာသည် မီးလျှံကြောင့် လျင်မြန်စွာ အရည်ပျော်သွားသည့် ဖယောင်းတိုင်တစ်ခုကဲ့သို့ပင်။
ဤရွှေရောင်အလင်းတန်းသည် ခဏမျှသာ ပေါ်လာသော်လည်း သေလုမြောပါးနေသော တစ္ဆေမျက်နှာဘုရင်၏ အသက်ဓာတ်ကို လုံးဝဆုံးရှုံးသွားစေရန် လုံလောက်ပါသည်။
အဆုံးတွင် လင်ချီးယဲ့၏ အကြည့်အောက်မှာ တစ္ဆေမျက်နှာသည် ရှုံ့တွနေသော အစိုင်အခဲတစ်ပိုင်းအရာဝတ္ထုအဖြစ်သို့ လုံးလုံးလျားလျား ပျစ်ခဲလာပြီး တစ္ဆေမျက်နှာ၏ အစအနမရှိတော့ပေ။
တစ်ချိန်တည်းမှာပင် လင်ချီးယဲ့သည် ဓားကိုကိုင်ထားသည့် လက်တစ်လျှောက် သူ့ခန္ဓာကိုယ်ထဲသို့ စိမ့်ဝင်နေသော ပူနွေးသည့် လျှပ်စီးကြောင်းကိုသာ ခံစားလိုက်ရသည်။
သူ အနည်းငယ် မျက်မှောင်ကြုတ်ကာ ခြေထောက်ကို မြှောက်ပြီး တစ္ဆေမျက်နှာခန္ဓာကိုယ်ပေါ် တက်နင်းကာ ဓားဖြောင့်ကို ဆွဲထုတ်လိုက်သည်။
ခဏလောက်စဉ်းစားပြီးမှ ဖြူဖျော့ဖျော့ တစ္ဆေမျက်နှာကို ကောက်ယူရန် ငုံ့လိုက်တော့ သူ့မျက်လုံးများ မည်းမှောင်လာပြီး မြေပြင်ပေါ် လဲကျလုနီးပါးဖြစ်သွားသည်။
ညကောင်းကင်အကမှ ကောင်းချီးပေးခဲ့သော်လည်း ဤကဲ့သို့ ပြင်းထန်သော စိတ်လှုပ်ရှားဖွယ်ရာ တိုက်ပွဲအပြီးတွင် လင်ချီးယဲ့၏ ရုပ်ပိုင်းဆိုင်ရာခွန်အားမှာလည်း အလွန်ပင် ပင်ပန်းနွမ်းနယ်နေသည်။ အရေးကြီးဆုံးအချက်မှာ ကောင်းကင်တမန်တော်မျက်လုံးကို နှစ်ကြိမ်သုံး၍ သူ့စွမ်းအင်ကို လုံးလုံးလျားလျား ညှစ်ထုတ်ခြင်းဖြစ်သည်။ ယခုအခါ သူ လမ်းလျှောက်ရတာ နည်းနည်းခက်ခဲနေသည်။
ကျောက်ခုန်းချိန်ပြောသလို သူ၏လက်ရှိအခြေအနေအရ တစ္ဆေမျက်နှာဘုရင်ကို ရင်ဆိုင်တာက ကိုယ့်သေတွင်းကိုယ်တူးတာဖြစ်သည်။
အကယ်၍ တစ္ဆေမျက်နှာဘုရင်သည် ညကင်းစောင့်ကြောင့် ဦးစွာ ဒဏ်ရာပြင်းပြင်းထန်ထန်မရခဲ့ပါက ကျောက်ခုန်းချိန်သည် သူ့အသက်ဖြင့်လဲ၍ တစ္ဆေမျက်နှာဘုရင်ကို မသတ်ခဲ့ပါက သူ့တွင် ကောင်းကင်တမန်တော်မျက်လုံးနှင့် [ညကောင်းကင်အက] ရှိနေလျှင်တောင် တစ္ဆေမျက်နှာဘုရင်၏ ပြိုင်ဘက်မဖြစ်နိုင်ပေ။
ဤသည်မှာ ဒီကမ္ဘာပေါ် ဆင်းသက်လာခဲ့သည့် ဒဏ္ဍာရီလာသတ္တဝါဖြစ်သည်။
ဒါက ‘ချွမ်း’ နယ်ပယ်ဖြစ်သည်။
သူ့ပါးပြင်ပေါ် မိုးရွာချလိုက်ပြီး သူသည် သွေးအိုင်ထဲသို့ တစ်လှမ်းချင်း လျှောက်လာကာ ကျောက်ခုန်းချိန်၏ အလောင်းဆီသို့ ယိမ်းယိုင်စွာသွားခဲ့သည်။
သူသည် အလောင်းဆီသို့ လျှောက်သွားပြီး ဖြည်းညှင်းစွာ ထိုင်လိုက်သည်။
“သူရဲကောင်းဖြစ်ဖို့ မလွယ်ဘူးဆိုတာ ကျွန်တော် ခင်ဗျားကို ပြောခဲ့တာကြာပြီ။” လင်ချီးယဲ့သည် အေးစက်နေပြီဖြစ်သော ကျောက်ခုန်းချိန်ကိုကြည့်ကာ သူ့ကိုယ်သူရေရွတ်လိုက်သည်။ “ခင်ဗျားက ဒီနေရာမှာ ခင်ဗျားအသက်ကို စွန့်လွှတ်လိုက်ပေမယ့် ဒီကိစ္စကို လူဘယ်နှယောက်သိသွားသလဲ။
ခင်ဗျားသိလား။ အခုဆိုရင် မိုင်ပေါင်းများစွာဝေးတဲ့ မြို့လယ်မှာ ပွဲတော်တွေနဲ့ ပြည့်နှက်နေတုန်းပဲ။
သူတို့က KTV မှာ သီချင်းဆိုကြတယ်၊ ဟော့ပေါ့စားသောက်ဆိုင်မှာ အရသာရှိတဲ့အစားအစာကို ပျော်ပျော်ရွှင်ရွှင် စားသောက်ကြတယ်၊ သူတို့ ဟိုတယ်မှာ ပျော်ပါးကြတယ်၊ သူတို့က ရုပ်ရှင်ရုံမှာ ပေါက်ပေါက်စားကြတယ်…
ပြီးတော့ ခင်ဗျား… ခင်ဗျား…
ဒါပေမယ့် ခင်ဗျားကတော့ ဒီနေရာမှာ တိတ်တိတ်လေးပဲ သေခဲ့ရတယ်။
တဖွဲဖွဲရွာနေတဲ့ မိုးရေထဲမှာ လူတစ်ယောက်က ဒဏ္ဍာရီလာသတ္တဝါတစ်ကောင်ကို ဓားနဲ့ သတ်ခဲ့တယ်ဆိုတာ သူတို့မသိကြဘူး။ သူတို့တွေ ဘာမှပူပန်စရာမရှိဘဲ ပျော်ပျော်ရွှင်ရွှင်နေနိုင်တာဟာ… တစ်စုံတစ်ယောက်က သူတို့အတွက် အသက်တွေပေးဆပ်နေတာကို သူတို့မသိကြဘူး။
ခင်ဗျားအတွက် တကယ်ထိုက်တန်ရဲ့လား။”
လင်ချီးယဲ့သည် သူ့အဖြေကို စောင့်နေသလိုမျိုး ကျောက်ခုန်းချိန်၏ဖြူဖျော့သောမျက်နှာကို စိုက်ကြည့်နေသည်။
ကံမကောင်းစွာပဲ သူသည် စကားပြန်မပြောနိုင်တော့ရန် ကြံရွယ်ခဲ့သည်။
လင်ချီးယဲ့က ဆက်ပြောသည်။ “ကျွန်တော် သေရမှာ ကြောက်တယ်လို့ ခင်ဗျားထင်လား။
ခင်ဗျားမှားတယ်။ ကျွန်တော် သေရမှာကို လုံးဝမကြောက်ဘူး။
ငယ်ငယ်ကတည်းက တမန်တော်တစ်ပါးကိုမြင်ပြီး သူ့မျက်လုံးတွေကို ဆုံးရှုံးခဲ့ရပြီး စိတ်ကျန်းမာရေးဆေးရုံမှာ ပိတ်လှောင်ခံထားရတဲ့ ကလေးဟာ သေခြင်းတရားကို ကြောက်နေသေးတယ်လို့ ခင်ဗျားထင်လား။
အမှောင်ထဲမှာ ကျွန်တော့်ဘဝကိုအဆုံးသတ်ဖို့ အကြိမ်ပေါင်း မရေမတွက်နိုင်အောင် ကြိုးစားခဲ့ပေမယ့် အလင်းရောင်က ကျွန်တော့်ကို အကြိမ်ကြိမ် ကယ်တင်ခဲ့တယ်။
ကျွန်တော့်ကို ကယ်တင်ခဲ့တဲ့အလင်းရောင်က သူတို့ရဲ့လိုအင်ဆန္ဒအတွက် မြို့ထဲမှာ လှည့်ပတ်ပြေးလွှားပြီး ကမ္ဘာကြီးရဲ့မတရားမှုတွေကို ညည်းညူနေတဲ့ ‘သက်ရှိသတ္တဝါတွေ’ လို့ ခေါ်တဲ့ အရာတွေမဟုတ်ဘူး။
… ကျွန်တော့်မိသားစုပဲ။”
လင်ချီးယဲ့သည် သူ့ခေါင်းကို မော့ပြီး မှောင်မိုက်နေသော ညကောင်းကင်ကို မော့ကြည့်ကာ ဖြည်းညှင်းစွာ ပြောသည်။
“သက်ရှိသတ္တဝါတွေက ကျွန်တော့်ကို ဘယ်တော့မှ မကယ်ဘူး။ ဒီတော့ အဲဒီ ‘သက်ရှိသတ္တဝါတွေ’ ကို ကာကွယ်ဖို့ ကျွန်တော်က ဘာလို့ ကျွန်တော့်အသက်ကို အသုံးချရမှာလဲ။
ဒါကြောင့် ကျွန်တော် ညကင်းစောင့်မဖြစ်ချင်ဘူး။”
လင်ချီးယဲ့သည် ခေါင်းကို လှည့်လိုက်ပြီး မိုးသည်းထန်စွာရွာနေသော နိမ့်ကျသည့်အိမ်ကို သူ့မျက်လုံးများ ကျရောက်သွားပြီး သူ့မျက်လုံးထဲတွင် အနည်းငယ် ရှုပ်ထွေးမှုများ ရှိနေသည်။
“ဒါပေမယ့် ကျွန်တော်က တခြားသူတွေအပေါ် အကြွေးမတင်ချင်တဲ့ လူတစ်ယောက်ပဲ။
ခင်ဗျားက ကျွန်တော့်ကမ္ဘာတစ်ခုလုံးကို ကယ်တင်ခဲ့တယ်။
ကျွန်တော်… ခင်ဗျားအတွက် ဘာလုပ်ပေးနိုင်မလဲ။”
လင်ချီးယဲ့သည် ခေတ္တရပ်ပြီး ဆက်ပြောသည်။ “ခင်ဗျားရဲ့ ညကင်းစောင့် အကျိုးကျေးဇူးတွေက ကောင်းတာကို ကျွန်တော်သိတယ်။ ခင်ဗျားသေသွားရင်တောင် ခင်ဗျားဇနီးနဲ့ကလေးတွေက ဈာပနလုပ်ဖို့မပြောနဲ့ အကောင်းဆုံး ဆက်ဆံမှုကို ခံရလိမ့်မယ်။ ညကင်းစောင့်က ခင်ဗျားအတွက် သေချာပေါက် ကောင်းကောင်းမွန်မွန် စီစဉ်ပေးလိမ့်မယ်…
ခင်ဗျားက ပိုက်ဆံမပြတ်လတ်သလို ကျွန်တော့်မှာလည်း ပိုက်ဆံမရှိဘူး။ ဒါဆို ခင်ဗျားရဲ့ကျေးဇူးကို ကျွန်တော်ဘယ်လိုပြန်ဆပ်ရမလဲ။”
လင်ချီးယဲ့သည် ကြောင်တက်တက်ထိုင်ကာ ခဏအကြာတွင် ခပ်လှမ်းလှမ်းမှ နိမ့်ကျသောအိမ်ကို လှည့်ကြည့်လိုက်သည်…
မိုးရေထဲမှာ သူ့လက်သီးများကို ဖြည်းညှင်းစွာ ဆုပ်ထားရင်း
ပြီးတော့ ပျော့ညံ့စွာ လွှတ်ချလိုက်သည်။
သူသည် ဆုံးဖြတ်ချက်ချထားပုံရပြီး မြေပြင်ပေါ်က ဓားဖြင့် သူ့ကိုယ်သူထောက်ကန်ရင်း ခက်ခက်ခဲခဲ မတ်တတ်ထရပ်ပြီး သူ့ကိုယ်သူ ရေရွတ်လိုက်သည်။
“ကျွန်တော် လင်ချီးယဲ့က ကျွန်တော့်ဘဝမှာ လူသုံးယောက်အပေါ်ပဲ အကြွေးတင်ခဲ့ဖူးတယ်။ ဆယ်နှစ်ကြာအောင် ကျွန်တော့်အတွက် အလုပ်လုပ်ပေးခဲ့တဲ့ ကျွန်တော့်ဒေါ်လေး၊ ဆယ်နှစ်ကြာအောင် ကျွန်တော့်ကို ဆွဲထူပေးခဲ့တဲ့ ကျွန်တော့်ညီဝမ်းကွဲ…
ပြီးတော့ ကျွန်တော်တို့မိသားစုသုံးယောက်ကို ကယ်တင်ခဲ့တဲ့ ခင်ဗျားပဲ။
ခင်ဗျားက ကျွန်တော့်ကမ္ဘာကို ကယ်တင်ခဲ့တယ်
အပြန်အလှန်အနေနဲ့
ခင်ဗျားရဲ့ကမ္ဘာကို ကျွန်တော် ဆယ်နှစ်ကြာအောင် စောင့်ရှောက်ပေးမယ်။
ဆယ်နှစ်ကြာပြီးရင် ဘယ်လိုအခြေအနေမျိုးပဲရှိရှိ ကျွန်တော်က ညကင်းစောင့်နဲ့ ဘာမှမဆိုင်တော့သလို ‘အရာအားလုံး’နဲ့ ဘာမှမဆိုင်တော့ဘူး။
ကျွန်တော် ဒီအိမ်ကို ပြန်လာပြီး ကျွန်တော့်အရင်ဘဝအတိုင်း ဆက်သွားမယ်။
ဒီသဘောတူညီချက်က… မျှတသလား။”
လင်ချီးယဲ့သည် သွေးအိုင်ထဲက ကျောက်ခုန်းချိန်ကို ငုံ့ကြည့်ကာ သူသည် အိပ်ပျော်နေသကဲ့သို့ ငြိမ်သက်စွာ လဲနေလေသည်။
“ခင်ဗျားမကန့်ကွက်တဲ့အတွက် အတည်ပြုလိုက်ပြီ။”
လင်ချီးယဲ့သည် ဓားကို မြေပြင်ထဲသို့ တည့်တည့် ထိုးသွင်းလိုက်ပြီး တစ်ဖက်ကို မျက်နှာမူကာ… ဒူးထောက်လိုက်သည်။
မိုးထဲတွင် သာမန်နိမ့်ကျသော အိမ်လေးတစ်လုံးရှိနေသည်။
“ဒေါ်လေး ရှောင်ချီးသွားပြီ။ နှုတ်မဆက်ဘဲ ထွက်သွားတဲ့အတွက် ခွင့်လွှတ်ပါ။
ကျွန်တော် ပြန်သွားခဲ့ရင်… ထွက်မသွားနိုင်မှာစိုးလို့ပါ။
ညကင်းစောင့်ရဲ့လစာက ကောင်းတယ်လို့ ကျွန်တော်ကြားတယ်။ ဒီဆယ်နှစ်အတွင်း ကျွန်တော် အလုပ်ကြိုးစားပြီး ကျွန်တော်ရတဲ့ ထောက်ပံ့ကြေးက ဒေါ်လေးတို့သားအမိအတွက် ကောင်းကောင်းမွန်မွန်နေထိုင်ဖို့ လုံလောက်ပါတယ်။ ဆယ်နှစ်ကြာပြီးရင် ရှောင်ချီးက ဒေါ်လေးတို့ကို အကောင်းဆုံးဘဝနဲ့ နေထိုင်ခိုင်းပါ့မယ်…
နှစ်ပေါင်း ၇၀ ကြာအောင် ဒေါ်လေးပေးတဲ့ ကြင်နာမှုကို ရှောင်ချီး ပြန်ဆပ်ပါ့မယ်။”
လင်ချီးယဲ့သည် မိုးရေထဲမှာ ဒူးထောက်ထိုင်ချလိုက်ပြီး သူ့ဆံပင်များ၏ အဆုံးထိ ကျဆင်းလာသော ရေစက်လေးများက သူ့မျက်လုံးများကို စိုစွတ်စေသည်။
သူသည် ငုတ်တုတ်ထိုင်ကာ အကြိမ်ပေါင်းများစွာ ဦးညွတ်လိုက်ပြီး နဖူးကို ဖြည်းညှင်းစွာ မမြှောက်မီ မြေပြင်ပေါ်တွင် အချိန်အတော်ကြာ လဲနေလိုက်သည်။
သူ ဖြည်းညှင်းစွာထရပ်ကာ နိမ့်ကျသောအိမ်ကို နောက်ဆုံးအကြိမ်ကြည့်ပြီး ဓားဖြောင့်ကို မြေပြင်ပေါ်မှ ဆွဲထုတ်လိုက်သည်…
လှည့်ပြီး ထွက်သွားခဲ့သည်။
…
“ရှန်းနန် ကျွန်မ လူနေရပ်ကွက်ဟောင်းဧရိယာကို ရောက်နေပြီ လောင်ကျောက်က ဘယ်မှာလဲ။”
မိုးသည်းထန်စွာရွာနေချိန်တွင် အနီရင့်ရောင်ဝတ်ရုံကို ဝတ်ပြီး မိုးရေစိုနေသော အမျိုးသမီးတစ်ဦးသည် လမ်းဘေးတွင်ရပ်နေကာ သူမနောက်ကျောက အနက်ရောင်သေတ္တာရှည်ဖြင့် ခါးကိုကုန်းပြီး မောဟိုက်နေသည်။
“မင်းရှေ့က အဆောက်အအုံနှစ်ခုပွင့်တဲ့နေရာမှာ။” ဝူရှန်းနန်၏အသံသည် နားကြပ်မှ ထွက်ပေါ်လာပြီး ခေတ္တရပ်လိုက်ကာ သူ့အသံ အနည်းငယ် စိတ်ဓာတ်ကျနေသည်။ “ဟုန်ယင်း… မင်းပြင်ဆင်ထားသင့်တယ်။”
“ဘာကိုပြင်ဆင်ရမှာလဲ။”
“လွန်ခဲ့တဲ့ မိနစ်ပိုင်းလောက်က ငါတို့ သူနဲ့ အဆက်အသွယ်ပြတ်သွားခဲ့ပြီး လောင်ကျောက်ရဲ့တံဆိပ်တည်နေရာက နေရာမရွေ့တာ မိနစ်အတော်ကြာပြီ…”
ဟုန်ယင်း၏မျက်လုံးအိမ်များသည် ရုတ်တရက် ကျုံ့သွားကာ သူမ၏ ခန္ဓာကိုယ်သည် အနည်းငယ် တုန်ယင်သွားပြီးနောက် ချွန်ထက်သော မြားတစ်စင်းကဲ့သို့ ရှေ့ကို ပြေးထွက်လာသည်။
“အဓိပ္ပါယ်မရှိတာမပြောနဲ့။ သူ… သူပင်ပန်းနေတာ ဖြစ်မှာပေါ့…” ဟုန်ယင်းသည် အံကြိတ်လိုက်ပြီး သူမအသံက ငိုနေလေပြီ။
“ဟုန်ယင်း။”
“မပြောနဲ့။” ဟုန်ယင်းက အော်လိုက်သည်။
“ဟုန်ယင်း။ လောင်ကျောက်ရဲ့တံဆိပ်တည်နေရာက ရွေ့သွားပြီ။”
ထိုစကားများ ထွက်ပေါ်လာသည်နှင့် တပြိုင်နက် ဟုန်ယင်း၏ မျက်လုံးထဲတွင် အလင်းရောင်တစ်ခု ရုတ်တရက် ပေါ်လာသည်။
“ငါသိတယ်၊ ငါသိတယ်… သူ လွယ်လွယ်နဲ့မသေဘူး။ သူဘယ်မှာလဲ။”
“သူဖြည်းဖြည်းချင်း ရွေ့နေတယ်။ သူက… မင်းနဲ့နီးနေပြီ။”
ဟုန်ယင်းသည် ခဏလောက် ထိတ်လန့်သွားပြီး မသိစိတ်က ရပ်တန့်သွားကာ မဝေးလှသောထောင့်ကို သူမမျက်လုံးများ စိုက်ကြည့်နေသည်။
အဝေးက တိမ်တိုက်များတွင် မိုးခြိမ်းသံမှိုင်းမှိုင်းက ပဲ့တင်ထပ်နေပြီး မိုးရေများသည် ရေကန့်လန့်ကာကဲ့သို့ သူမအမြင်အာရုံကို ဖုံးကွယ်ထားသလိုပင်။
ပုံသဏ္ဌာန်တစ်ခုသည် မိုးရေထဲကနေ ဖြည်းဖြည်းချင်း လျှောက်လာခဲ့သည်။
အဲဒါက ကောင်လေးတစ်ယောက်
သူ့နောက်ကျောမှာ ဓားတစ်ချောင်းကို သယ်ထားပြီး
သူ့လက်ထဲမှာ လူတစ်ယောက်၏အလောင်းကို ကိုင်ထားကာ
သူ့ရပ်တန့်ပြီး ခွန်အားရှိသမျှသုံးကာ အော်ဟစ်လိုက်သည်။
အဲဒါက ကမ္ဘာကြီးကို ကြေညာလိုက်သလိုပါပဲ။
“…ဂျူနီယာလင်ချီးယဲ့က ဗိုလ်ချုပ်ကျောက်ခုန်းချိန်ကို အောင်ပွဲခံဖို့ ပို့ဆောင်လိုက်ပါတယ်။”
TK Team (Chapter 29)
Volume 1 (သေမျိုးနယ်မြေ ၀၃၀)
Chapter 30 (မိုးတိတ်သွားပြီ)
အိမ်ထဲတွင်
ဒေါ်လေးသည် နံရံပေါ်က တိုင်ကပ်နာရီကို မော့ကြည့်ရင်း မှင်တက်သွားသည်။
သူမရှေ့က ထမင်းစား စားပွဲပေါ်မှာ အေးစက်နေသော ဟင်းပန်းကန်များပြည့်နေပြီး စားပွဲက လင်ချီးယဲ့ထွက်သွားတုန်းကနဲ့ အတူတူနီးပါးပင်။
အချိန်အနည်းငယ်ကြာပြီးနောက် ယန်ကျင်သည် သူ့လက်ကို ဆန့်တန်းကာ အသားတစ်ပိုင်းကို ယူပြီး ဒေါ်လေး၏ပန်းကန်ထဲသို့ ထည့်လိုက်သည်။
“အမေ ထမင်းစားရအောင်။”
“အိုး…” ဒေါ်လေးသည် ခေါင်းယမ်းပြီး သက်ပြင်းရှည်ရှည် ချလိုက်သည်။ “နင့်အစ်ကို ထမင်းစားရင်းတန်းလန်း ပြေးထွက်သွားတာ သူဘာလို့ အခုထိ ပြန်မလာသေးတာလဲ။ ဘာမှတော့မဖြစ်လောက်ဘူးမလား။”
“စိတ်မပူပါနဲ့။ သူဘာမှမဖြစ်ပါဘူး။ သူ့မျက်လုံးပြန်ကောင်းလာတော့ အစ်ကို့ရဲ့အတန်းဖော်တွေက သူ့ကို အပြင်ထွက်စားဖို့ ခေါ်သွားတာဖြစ်မယ်။” ယန်ကျင့်က နူးညံ့စွာ နှစ်သိမ့်လိုက်သည်။
ယန်ကျင့်၏စကားကိုကြားတော့ ဒေါ်လေး၏အမူအရာက အနည်းငယ် ပြေလျော့သွားပေမယ့် နောက်တော့ သူမ စိတ်ပူလာပြန်သည်။
“ဒါပေမယ့် သူက ထီးမပါဘဲ ထွက်သွားတာလေ။”
“အမေ့…” ယန်ကျင့်သည် မတ်တတ်ထရပ်ပြီး ပြတင်းပေါက်ကို ညွှန်ပြကာ တည်ငြိမ်စွာပြောလိုက်သည်။
“မိုးတိတ်သွားပြီ။”
…
မိုးက အမှန်ပင် တိတ်သွားပြီ။
အုံ့ဆိုင်းနေသော လရောင်သည် တိမ်တိုက်များမှ ဖောက်ထွက်သွားကာ တိတ်ဆိတ်သောညတွင် ဖြာကျနေပြီး အရာအားလုံး တိတ်ဆိတ်သွားသည်။
မနီးမဝေးက ပွင့်လင်းနေရာမှာ ပျက်စီးနေသောဆိုင်းဘုတ်ကို ဖယ်ခွာပြီး မြေပြင်ပေါ်က အသွေးအသားများကိုလည်း သန့်စင်ထားပြီး မြေပြင်ပေါ်မှာ ကြောက်စရာကောင်းသော ဓားချက်များပဲ ကျန်တော့ကာ မနေ့ညက အရာအားလုံးကို တိတ်တိတ်လေး ပြောနေခဲ့သည်။
မနက်ဖြန်မနက်မှာ တစ်စုံတစ်ယောက်က ဒီလျှို့ဝှက်ဆန်းကြယ်သော အက်ကြောင်းကို တွေ့လိမ့်မည်။ သူတို့သည် မှန်းဆမှုတွေ အများကြီးလုပ်လိမ့်မည်ဖြစ်ပေမယ့် အမှန်တရားကို ဘယ်တော့မှ သိမှာမဟုတ်ဘူး။
မိုးရေစက်အနည်းငယ်သည် တံစက်မြိတ်အောက်သို့ လျှောကျကာ ရွှံ့ရေကန်ငယ်အတွင်း လှိုင်းလုံးကြီးများကို ဖြစ်ပေါ်စေသည်။
ဖတ်…
ခြေထောက်တစ်ဖက်က ရေအိုင်ပေါ်နင်းပြီး ရေစင်သွားစေသည်။
မှောင်မိုက်သောညတွင် ဓားရာများဖြင့် ပြည့်နေသော ပွင့်လင်းနေရာမှာ ရှောင်ဟေးလိုက်ခွေးလေးတစ်ကောင်သည် နားနားနေနေ လမ်းလျှောက်နေ၏။
၎င်း၏လည်ပင်းမှာ အဝတ်အိတ်သေးသေးလေး ချိတ်ထားသည်။
အက်ကွဲကြောင်းများကို ဖြတ်ကျော်သွားကာ သန့်ရှင်းသောပွင့်လင်းနေရာသို့ လျှောက်သွားပြီး ရပ်သွားခဲ့သည်။
လွန်ခဲ့သော မိနစ်ပိုင်းလောက်က ဒီနေရာမှာ လူတစ်ယောက်၏ခန္ဓာကိုယ် လဲလျောင်းနေသည်။
၎င်း၏ဦးခေါင်းကို ငုံ့ထားလိုက်သည်နှင့် ၎င်း၏နက်မှောင်သောမျက်လုံးထဲတွင် အလင်းရောင်ဖျော့ဖျော့ ပေါ်လာသည်။
ရုတ်တရက်
၎င်းသည် ပါးစပ်ကိုဖွင့်ကာ
ပြောလိုက်ပြီး
အသံက နက်ရှိုင်းပြီး ခမ်းနားသည်။
“ဝိညာဉ်ပြန်လာပြီ…”
…
ချန်းနန်မြို့၊ ဟယ်ဖျင်တံတား။
ဟယ်ဖျင်တံတားသည် ချန်းနန်မြို့ဆင်ခြေဖုံးရှိ တံတားတစ်ခုဖြစ်သည်။ တံတားအောက်တွင် ချန်းနန်မြို့တစ်ခုလုံးကိုဖြတ်ထားသော ကျန်းနန်မဟာတူးမြောင်းရှိသည်။ ဒီတံတားကို နေ့စဉ်နဲ့အမျှ လမ်းသွားလမ်းလာများနှင့် မရေမတွက်နိုင်သော ယာဉ်များ ဖြတ်သန်းနေပါသည်။ ၎င်းသည် ချန်းနန်မြို့၏ အထင်ကရနေရာထဲမှ တစ်ခုဖြစ်သည်။
ဟယ်ဖျင်တံတား၏ တံတားဦးခေါင်းထိပ်တွင် နှစ်ဖက်စလုံးမှာ သေးငယ်သောဆိုင်များရှိသည်။ အထင်ရှားဆုံး ဆိုင်များထဲမှတစ်ခုတွင် အနီရောင် ဆိုင်းဘုတ်အဟောင်းတစ်ခု ရှိသည်။
— ဟယ်ဖျင်ရုံး။ (ငြိမ်းချမ်းရေးရုံး)
ဟယ်ဖျင်တံတားဘေးရှိ တခြားဆိုင်များကဲ့သို့ ၎င်းသည် ကြီးကြီးမားမားမဟုတ်သော်လည်း ၎င်းသည် ပျမ်းမျှကျောင်းဘေးရှိ လန်ကျိုးခေါက်ဆွဲဆိုင်ထက် အနည်းငယ်ပိုကြီးသော စတုရန်းမီတာ ၂၀၀ ကျော်ရှိသည်။
နာမည်သည် အလွန်ရေပန်းစားနေတာကြောင့်သာမက အရေးကြီးဆုံးကတော့ ဆိုင်မျက်နှာစာနှစ်ဖက်စလုံးက ပေါ်လွင်လွန်းတယ်လို့ သူက မှတ်ချက်ပြုပြောဆိုခဲ့ပါသည်။
ဘယ်ဘက်တွင် ‘ငြိမ်းချမ်းရေးမင်္ဂလာ’ ဟုခေါ်သော အလွန်ပွဲလမ်းသဘင်ရှိပြီး မင်္ဂလာဆောင်ကုမ္ပဏီတစ်ခုဖြစ်သည်။
ညာဘက်တွင် ဖဲကြိုးဖြူနှင့် လွမ်းသူ့ပန်းခွေများ ချိတ်ဆွဲထားသည့် ‘ငြိမ်းချမ်းရေးဈာပနဆိုင်’ ဟုခေါ်သော အသုဘဆိုင်ရှိသည်။
ဘယ်ဘက်တွင် မင်္ဂလာဆောင်သည် ရွှင်လန်းမှုအပြည့်ရှိပြီး ညာဘက်တွင် အသုဘအခမ်းအနားသည် အသုဘအခမ်းအနားနှင့်တူသည်။
ဤအစွန်းနှစ်ဖက်ကြားတွင် ဟယ်ဖျင်ရုံးသည် ပွင့်လင်းမြင်သာသောဆိုင်တစ်ခုကဲ့သို့ဖြစ်ပြီး တခြားသူများ၏အာရုံကို လုံးဝမဆွဲဆောင်နိုင်ပါ။
ထူးခြားမှုတစ်ခုခုရှိလျှင် ၎င်း၏အမည်ဖြစ်နိုင်သည်။ အထွေထွေလုပ်ငန်းများတွင် ကွဲပြားသောအထူးပြုမှုများရှိသည်။ တရားစွဲဆိုမှုများတွင် အထူးပြုသည့် ဥပဒေကုမ္ပဏီများ၊ အမှုတွဲများကို ဖြေရှင်းရာတွင် အထူးပြုသော စုံထောက်ကုမ္ပဏီများနှင့် စာရင်းကိုင်ကိစ္စများကို အထူးပြုသည့် ကျွမ်းကျင်စာရင်းကိုင်ကုမ္ပဏီများ ရှိပါသည်…
သို့သော် ဤဆိုင်တွင် မည်သည့်ရှေ့ဆက်ပုဒ်မှမရှိဘဲ ‘ဟယ်ဖျင်’ ဟူသော စကားလုံးသာ ပါရှိပြီး ၎င်းသည် ဘာအတွက်ကြောင့်ဖြစ်သည်ကို နားလည်ရန် မဖြစ်နိုင်ပေ။
ယခုအချိန်တွင် ဟယ်ဖျင်ရုံး၏ မြေအောက်၌
ကျယ်ဝန်းပြီး တောက်ပသောခန်းမထဲတွင် ဆယ်ကျော်သက်တစ်ဦးသည် ဆိုဖာပေါ်တွင် ခေါင်းငုံ့လျက် ထိုင်နေကာ ခြေဖဝါးအောက်ရှိ ကြမ်းခင်းကြွေပြားများကို စိုက်ကြည့်ရင်း တိတ်ဆိတ်နေသည်။
ဒီခန်းမထဲမှာ လူခြောက်ယောက် ထိုင်နေသေးသည်။
“ဒီတော့ မင်းက လောင်ကျောက်ရှာဖို့ တာဝန်ယူထားတဲ့ ကောင်းကင်တမန်တော်ရဲ့ ကိုယ်စားလှယ်ပေါ့။” ဝူရှန်းနန်သည် တစ်ဖက်က ဆိုဖာပေါ်မှာ ထိုင်ရင်း လင်ချီးယဲ့ကို ကြည့်ပြီး မေးလိုက်သည်။
“မှန်တယ်။”
ခဏတာ တိတ်ဆိတ်ပြီးနောက် ဝူရှန်းနန်က ဖြည်းညှင်းစွာပြောလိုက်သည်။
“ငါ့နာမည်က ဝူရှန်းနန်ဖြစ်ပြီး ငါက ချန်းနန်မြို့ရဲ့ ညကင်းစောင့်တပ်ဖွဲ့ ၁၃၆ ရဲ့ လက်ထောက်ခေါင်းဆောင်ပါ။ အနက်ရောင်အဝတ်အစား ဝတ်ထားပြီး တိုင်မှာမှီနေတဲ့တစ်ယောက်က ခေါင်းဆောင် ချန်မုရယ်ပါ။”
လင်ချီးယဲ့သည် ဝူရှန်းနန်၏အကြည့်နောက်လိုက်ပြီး တိုင်ဘေးက မနီးမဝေးတွင် အိတ်ကပ်ထဲကို လက်ထည့်ရင်း သူ့ကို တိတ်တဆိတ်ကြည့်နေသော လူတစ်ယောက်ရှိသည်။
လင်ချီးယဲ့၏အကြည့်ကို အာရုံခံမိတော့ ချန်မုရယ်က အနည်းငယ် ခေါင်းညိတ်လိုက်သည်။
ဝူရှန်းနန်သည် ခေါင်းလှည့်ပြီး ကျန်ရှိသောလူလေးယောက်ကို ကြည့်လိုက်သည်။ “ဒီအတိုင်းရပ်မနေဘဲ ကိုယ့်ကိုကိုယ် မိတ်ဆက်ကြလေ။”
ထိုအချိန်တွင် ဆံပင်စိုနေသော အမျိုးသမီးသည် ဆိုဖာတစ်ခုတည်းပေါ်တွင် တစ်ယောက်တည်းထိုင်ကာ သူမ၏ခြေထောက်များကို ပွေ့ဖက်ထားပြီး ခေါင်းကို အနည်းငယ်မော့ကာ အနီရောင်မျက်လုံးတစ်စုံကို ပေါ်လွင်စေခဲ့သည်။
“ညကင်းစောင့်တပ်ဖွဲ့ ၁၃၆၊ ရုပ်ပိုင်းဆိုင်ရာတိုက်ခိုက်ရေးအင်အား၊ ဟုန်ယင်း။”
လင်ချီးယဲ့သည် သူမကို သိပြီး သူ ဒီမှာပေါ်လာရသည့် အကြောင်းရင်းက ဟုန်ယင်းက သူ့ကို ဒီကို ခေါ်လာလို့ပဲဖြစ်သည်။
ဟုန်ယင်း ပြောပြီးသောအခါ သူမဘေးမှာရပ်နေသောလူက လက်ထဲကမျက်နှာသုတ်ပုဝါဖြင့် ပြုံးပြီး ပြောသည်။
“ညကင်းစောင့်တပ်ဖွဲ့ ၁၃၆၊ ရုပ်ပိုင်းဆိုင်ရာတိုက်ခိုက်ရေးအင်အား၊ ဝမ်းချီမော့။”
ထို့နောက် ချက်ချင်းပင် ဘေးမှာ သူမကိုယ်သူမ ပွေ့ဖက်ပြီး မျက်ရည်ကျနေသော မိန်းကလေးသည် သူမခေါင်းကို အနည်းငယ်မော့ကာ နူးညံ့စွာ ပြောလိုက်သည်။ “ညကင်းစောင့်တပ်ဖွဲ့ ၁၃၆၊ တိုက်ခိုက်ရေးပံ့ပိုးသူနဲ့ အချိန်ပိုင်းစစ်ဆရာဝန်၊ စစ်းရှောင်နန်။”
“ညကင်းစောင့်တပ်ဖွဲ့ ၁၃၆၊ အဝေးပစ်ပံ့ပိုးသူ၊ လန်ရွှမ်း။” စနိုက်ပါရိုင်ဖယ်ကို ကိုင်ရင်း ဘေးတွင် ထိုင်နေသော အမျိုးသားက အေးစက်စက် ပြောလိုက်သည်။
အားလုံး ကိုယ့်ကိုကိုယ် မိတ်ဆက်ပြီးတာကိုမြင်တော့ ဝူရှန်းနန်က ထပ်ပြောလိုက်သည်။
“ကျောင်းသားလင်ချီးယဲ့ ဟုတ်တယ်မလား။ တိုက်ပွဲမှာ ကျောက်ခုန်းချိန်ရဲ့ သေဆုံးမှုနဲ့ ပတ်သက်ပြီး… မင်းမှာ ထပ်ထည့်စရာ ရှိသေးလား။”
“ကျွန်တော် အဲဒါကို ရှင်းရှင်းလေးပြောပြီးပြီ။” လင်ချီးယဲ့က တည်ငြိမ်စွာ ပြောသည်။ “ကျောက်ခုန်းချိန်က [ဝူကျဲ့လေဟာနယ်] ကို ဖွင့်ပြီး တစ္ဆေမျက်နှာဘုရင်ကို တစ်ယောက်တည်း သေတဲ့အထိ တိုက်ခိုက်ခဲ့ပြီး နောက်ဆုံးမှာတော့ အတူသေဆုံးသွားခဲ့တယ်။”
“သူတို့တိုက်ခိုက်တုန်းက မင်းဘယ်မှာရှိနေတာလဲ။”
“ကျွန်တော် အဲဒီမှာပဲရှိတယ်။”
“မင်း [ဝူကျဲ့လေဟာနယ်] ထဲကို ဘယ်လိုဝင်သွားတာလဲ။”
“အဲဒါကိုကြည့်လိုက်တာနဲ့ ပွင့်သွားတာ။”
ဝူရှန်းနန်သည် ပါးစပ်ကိုဖွင့်ပြီး အနည်းငယ် မျက်မှောင်ကြုတ်ကာ “သူတို့ရဲ့ တိုက်ခိုက်ပုံကို အသေးစိတ် ပြောပြနိုင်မလား။ ဥပမာအားဖြင့် ကျောက်ခုန်းချိန်က တစ္ဆေမျက်နှာဘုရင်ကို ဘယ်လိုသတ်ခဲ့တာလဲ။”
“သူက သူ့ဓားကိုဝှေ့ယမ်းပြီး အနက်ရောင်လခြမ်းကြီးနဲ့ တစ္ဆေမျက်နှာဘုရင်ရဲ့ခေါင်းကို ဖြတ်လိုက်တယ်။” လင်ချီးယဲ့က ပြောလိုက်သည်။
“အနက်ရောင်လခြမ်း…” ဝူရှန်းနန်က မျက်မှောင်ကြုတ်ပြီး စဉ်းစားသည်။
ဤအခိုက်အတန့်တွင် အချိန်အတော်ကြာ တိတ်ဆိတ်နေခဲ့သော ချန်မုရယ်က ရုတ်တရက် ပြောလိုက်သည်။ “အဲဒါက [တောက်ပသောလ] ပဲ။ လောင်ကျောက်က ဝိညာဉ်ဆွဲထုတ်ခြင်းကို အသုံးပြုပြီး… သူ့တားမြစ်အပျက်အစီးကို အသက်သွင်းခဲ့တာပဲ။”
ဝမ်းချီမော့က အံ့အားသင့်စွာ ဆိုသည်။ “နံပါတ်စဉ် ၀၈၃ ရဲ့ [တောက်ပသောလ]လား။ အဲဒါက အန္တရာယ်များတဲ့ တားမြစ်အပျက်အစီးပဲ။”
“မထင်ထားဘူး… ဦးလေးကျောက်က တကယ်လုပ်ခဲ့တာပဲ။ ကျွန်မ သူ့ကို ရူးသွပ်တာလို့ပဲ ထင်ခဲ့တာ…” စစ်းရှောင်နန်က သူမနှုတ်ခမ်းကိုကိုက်ပြီး အားပျော့စွာ ပြောလိုက်သည်။
“မဟုတ်ဘူး၊ သူက ရူးသွပ်တယ်။” ချန်မုရယ်၏ နှုတ်ခမ်းထောင့်က အနည်းငယ် မြင့်တက်လာပြီး သူ့မျက်လုံးများတွင် အောက်မေ့ဖွယ် အရိပ်အယောင်များ တောက်ပလာကာ “ဒီကောင်က သူ့တားမြစ်အပျက်အစီးကို မြင်လိုက်တဲ့အချိန် ယုံနိုင်မှာမဟုတ်ဘူးလို့ ငါထင်တယ်။”
“ငါတို့အဲဒီမှာရှိနေရင် သူက ငါတို့ကို သေချာပေါက် နှောင့်ယှက်ပြီး သူ့ရဲ့တားမြစ်အပျက်အစီးက အားလုံးထဲမှာ အမိုက်ဆုံးလို့ ပြောလိမ့်မယ်…” ဟုန်ယင်းသည် စိတ်ဝင်စားစရာမြင်ကွင်းတချို့ကို တွေးနေပုံရပြီး သူမ၏နှုတ်ခမ်းထောင့်များသည် အနည်းငယ် မြင့်တက်လာသော်လည်း မကြာခင် သူမမျက်လုံးများထဲက အလင်းရောင်သည် မှိန်ဖျော့သွား၏။
ဝူရှန်းနန်သည် လင်ချီးယဲ့၏ မျက်လုံးများကို ကြည့်ကာ ထပ်ပြောပြန်သည်။ “နောက်ထပ် ပြဿနာတစ်ခုရှိသေးတယ်။ တစ္ဆေမျက်နှာဘုရင်ရဲ့ ခန္ဓာကိုယ်ကနေ ပြင်းထန်တဲ့ ဓားဒဏ်ရာတွေရှိပြီး နားမလည်နိုင်တဲ့ မီးလောင်ဒဏ်ရာတွေ ဆက်တိုက်ရှိနေတယ်… ဒါပေမယ့် [တောက်ပသောလ] မှာ ဒီလိုလက္ခဏာရှိပုံမပေါ်ဘူး။
အဲဒါက ဘယ်လိုဖြစ်တာလဲ။”
လင်ချီးယဲ့သည် မျက်မှောင်ကြုတ်ကာ ဝူရှန်းနန်၏ မျက်လုံးများကို ကြည့်ပြီး တစ်လုံးချင်းပြောလိုက်သည်။
“ကျွန်တော် ရှင်းရှင်းလင်းလင်း ပြောပြီးပြီ။ ကျောက်ခုန်းချိန်က တစ်ယောက်တည်း တစ္ဆေမျက်နှာဘုရင်ကို ရင်ဆိုင်ပြီး အဆုံးထိတိုက်ခိုက်ခဲ့တယ်…
နောက်ဆုံးတော့ သူက တစ္ဆေမျက်နှာဘုရင်ကို တစ်ယောက်တည်း သတ်ပစ်ခဲ့တယ်။”
TK Team (Chapter 30)