Chapter 1
ကြာသည်လည်းနှောင်း…နွေသည်လည်းဟောင်း
အခန်း ၁ (အပိုင်း ၁၀)
ဟီဂျူတစ်ယောက် ဓာတ်လှေကားဆီ ဘယ်လိုလျှောက်လို့ လျှောက်လာမိမှန်း မသိခဲ့ပါဘူး။ ဝိုင်တစ်ခွက်နဲ့ ကောင်းကောင်း လမ်းမလျှောက်နိုင်ခဲ့ဘူးလေ။ တည်ငြိမ်တဲ့လက်နဲ့ ဝူဂျင်ဟာအခန်းရဲ့ သော့ကတ်ကို ထုတ်ယူပြီး တံခါးကို ဖွင့်လိုက်တဲ့အခါ။
တံခါးဖွင့်လိုက်တယ်ဆိုရင်ပဲ တံခါးရှေ့မှာတင် ရပ်နေတဲ့ ဝူဂျင်ဟာနဲ့ ဆုံလိုက်ရတော့တယ်။
ဟီဂျူ့လက်တွေ တုန်ယင်နေခဲ့တယ်။ တစ်ခုခု မေ့ကျန်ခဲ့သလိုပါပဲ။ မပေးဖြစ်သေးတဲ့ တစ်စုံတစ်ရာကိုပေါ့…
အဲ့ဒီအချိန်မှာ သန်မာတဲ့လက်တစ်ဖက်က သူ့ကို အခန်းထဲဆွဲသွင်းပြီး တစ်ချိန်တည်းမှာပဲ ဝူဂျင်ဟာက ခေါင်းငုံ့ပြီးတော့ သူ့နှုတ်ခမ်းတွေကို ငုံခဲခဲ့တယ်။
ဝူဂျင်ဟာ ငုံ့မိုးကျလာချိန်မှာ သူက သိပ်ထွားလွန်းတာကြောင့် ဟီဂျူက သူ့ကို မနည်းနမ်းခဲ့ရတာမှ ဇက်ပါကျိုးတော့မလိုပါပဲ။
ခပ်ကြမ်းကြမ်း ဆောင့်မိတဲ့အသံ၊ လိမ်ယှက်နေတဲ့ လျှာတွေ၊ လျင်မြန်စွာ လှုပ်ရှားနေကြတဲ့ နှုတ်ခမ်းတွေ၊ ဝူဂျင်ဟာရဲ့ နှာခေါင်းကနေ ဟီဂျူ့နှာခေါင်းဆီရောက်လာတဲ့ ထွက်သက်။
“ဟင့်…အ…”
ဝတ်လစ်စားလစ် မဟုတ်ပေမဲ့ ဝတ်လစ်စားလစ် ဖြစ်ထားပြီးနှင့်သလိုမျိုး ဟီဂျူ့နားရွက်တွေမှာ ပူပြင်းတဲ့ ခံစားချက်ကို ခံစားလိုက်ရတယ်။
ဟီဂျူ့လည်ကုပ်ပေါ်က ကြီးမားတဲ့လက်ဟာ သူ့ရဲ့ လက်ချောင်းလေးတွေနဲ့ ဟီဂျူ့နားရွက်တွေကို ထိကိုင်နေပြီး သူ့နှုတ်ခမ်းတွေအောက်မှာ ဟီဂျူ့နှုတ်ခမ်းတွေကို ဖိထားရင်း ပါးစပ်ကို အတင်းဟသွားအောင်လုပ်နေတာမို့ ဟီဂျူ သိပါတယ်။
ဝူဂျင်ဟာက လျှာကို သူ့ဆီပေးထားသလိုမျိုး၊ သူက အရင်တုန်းက တစ်ခါမှ မနမ်းဖူးခဲ့သလိုမျိုး၊ ဝူဂျင်ဟာကလည်း အရင်က ဘယ်သူ့ကိုမှ မနမ်းဖူးခဲ့သလိုမျိုး ဟီဂျူ ဝူဂျင်ဟာကို နမ်းခဲ့တယ်။
ဝူဂျင်ဟာရဲ့ လည်တိုင်ကို တင်းတင်းဖက်ပြီးတော့ သူ့ဆီနီးကပ်အောင် ဆွဲယူလိုက်ပြီး ဝူဂျင်ဟာက သူ့ကို နံရံဆီတွန်းကပ်ခဲ့တယ်။
အဲ့ဒီနောက် အနည်းငယ် အရက်ရှိန်တက်နေတဲ့ အသိစိတ်နဲ့အတူ သူ့ရဲ့အလေးချိန်နဲ့ ဖိတွန်းလိုက်တဲ့ ဝူဂျင်ဟာရဲ့ အရိပ်က ဟီဂျူ့အပေါ် ကျရောက်လာတော့တယ်။ အဲ့ဒီနောက် ဝူဂျင်ဟာက ဟီဂျူ့ကို ခါးမတ်မတ်ဖြစ်သွားအောင် ဆွဲပင့်လိုက်တယ်။
အဓိပ္ပာယ်မဲ့စွာ အရပ်အမြင့်ချင်း တူညီသွားတာကြောင့် နှစ်ဦးသား အကြည့်ချင်းဆုံသွားကြတယ်။ ဟီဂျူ့ခြေထောက်တွေက အနည်းငယ် ကားလျက်သားနဲ့ လုံးဝ လေထဲမြောက်နေပြီး သူ့ခန္ဓာကိုယ်က ဝူဂျင်ဟာနဲ့ နံရံကြားမှာ ပိတ်မိနေခဲ့တယ်။
သူ့ကို တွန်းတင်ထားတဲ့ ဝူဂျင်ဟာရဲ့ ခန္ဓာကိုယ်ကအားရယ်၊ သူ့တင်ပါးတွေကို ထိန်းပင့်ပေးထားတဲ့ ဝူဂျင်ဟာရဲ့ လက်တွေဆီက အားရယ်။
ဝမ်းဗိုက်အောက်ပိုင်းမှာ ဝူဂျင်ဟာရဲ့ ထောင်မတ်နေတဲ့ လိင်တံကို ခံစားလိုက်ရတယ်။ အစကတော့ ဝူဂျင်ဟာရဲ့ လက်ကောက်ဝတ်များလားလို့ ထင်ခဲ့မိပေမဲ့ မဟုတ်ခဲ့ပါဘူး။
ဟီဂျူ့နှလုံးက ကျယ်လောင်စွာ ခုန်နေခဲ့တယ်။ တံခါးဖွင့်လိုက်တဲ့ အခိုက်အတန့်ကစလို့ အခုအချိန်အထိ သူ့ခေါင်းကလည်း တဒုတ်ဒုတ်ထိုးနေဆဲပါ။ ဝူဂျင်ဟာရဲ့ ရင်အုပ်က သူ့ရင်သားတွေကို ထိနေခဲ့တယ်။
ဟီဂျူက ကိုယ့်ရဲ့တုံ့ပြန်မှုကိုယ် ရှက်မိပေမဲ့ သည်းမခံနိုင်တာကြောင့် မျက်လုံးလေး အုပ်ထားလိုက်ရင် ဘာမှမြင်ရတော့မှာမဟုတ်ဘူးလို့ ယုံကြည်ထားတဲ့ ကလေးတစ်ယောက်လိုမျိုး မျက်လုံးတွေကို မှိတ်ထားလိုက်မိတယ်။
ဝူဂျင်ဟာက ဟီဂျူ့မေးဖျားလေးကနေ လည်တိုင်အထိ သူ့နှုတ်ခမ်းတွေနဲ့ နယ်ချဲ့ခဲ့ပြီးတော့ တစ်ချက်ရယ်လိုက်ပြီး သွေးတို့စီးဆင်းရာနေရာကို ရှာတွေ့သွားသလို ကြမ်းကြမ်းစုပ်ခဲ့တယ်။
“အား…အ…အား…”
ဟီဂျူက အဲ့ဒါဟာ သူ့အသံမဟုတ်ပါဘူးလို့ ယုံကြည်ချင်မိခဲ့တယ်။ ထိန်းချုပ်ဖို့ ဆန္ဒရော အင်အားပါ မရှိတော့တာမို့ ဆက်ပြီး ထိန်းချုပ်ရမဲ့ သူ့အသံမဟုတ်တော့တာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါရဲ့။
သူက အဆွေးဇာတ်လမ်းထဲက ဇာတ်လိုက်မင်းသမီးလို ရှိုက်ငင်ခဲ့တယ်။ လက်လှမ်းမမီတဲ့ ဝူဂျင်ဟာကို လိုချင်မိတာကြောင့် သူ့ရဲ့ ဦးခေါင်းနဲ့ လည်တိုင်ကို နီးကပ်အောင် ဆွဲယူခဲ့မိတယ်။
သူက ဒါကိုပဲ စောင့်မျှော်နေတဲ့ မိန်းမနဲ့ တူနေလောက်မလား။ ဒါကိုပဲ မွတ်သိပ်တောင့်တနေတဲ့ မိန်းမတစ်ယောက်ပုံများ ပေါက်နေမလား…။
အပျက်သဘောဆောင်တဲ့ ဆင်ခြင်တုံတရားက သူ့စိတ်ရဲ့ ထောင့်တစ်နေရာကနေ ခေါင်းထဲကို တဒင်္ဂ တိုးဝင်လာခဲ့တယ်။ ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် စိတ်အခြေအနေ ပုံမှန်မဟုတ်တာကြောင့် အဲ့ဒီ ဝိုင်ပုလင်းလေး သုံးပုလင်းက သူ အလိုဆန္ဒပြည့်ဝအောင် လုပ်နေရခြင်းရဲ့ အကြောင်းရင်းပဲပေါ့။
ဘာပဲဖြစ်ဖြစ် ဝူဂျင်ဟာက သူ့ကို အတည်ယူမှာမှမဟုတ်တာ။
ဟီဂျူက အခန်းထဲကနေတောင် ထွက်မလာရသေးခင်မှာတင် တကယ် မူးနေခဲ့တာပါ။ အဲ့ဒါကို သတိမထားနိုင်လောက်အောင်တောင် မူးနေတာဖြစ်လောက်ပါတယ်။
နိမ့်ချည်မြင့်ချည်ဖြစ်နေတဲ့ အမြင်လွှာမှာ ဝူဂျင်ဟာကို မြင်လိုက်ရပြီး သူ့လက်သူ ဝူဂျင်ဟာရဲ့ ရှပ်အင်္ကျီကော်လာထဲ ထိုးထည့်လိုက်မိတယ်။ ဝူဂျင်ဟာက အသာအယာ ရယ်ခဲ့တယ်။
“ဟီဂျူ၊ မင်း သောက်ထားတာပဲ။”
ဟီဂျူက ဝူဂျင်ဟာ ရှပ်အင်္ကျီရဲ့ နောက်ထပ် ကြယ်သီးနှစ်လုံးကို ဖြုတ်လိုက်ပြီး ဝူဂျင်ဟာရဲ့ လည်တိုင်နဲ့ ပခုံးကျယ်ကျယ်တို့ကို လက်ကလေးတွေလျှောပြီး သိုင်းဖက်ခဲ့တယ်။
ဝူဂျင်ဟာကလည်း သူ့လိုပဲ ပူနေတာကို ခံစားလိုက်ရတယ်။ သူကလည်း ဟီဂျူ့လိုပဲ မူးနေခဲ့တာပါ။ ဟီဂျူကလည်း မူးနေတာဆိုပေမဲ့ သူတို့နှစ်ယောက်စလုံး တူညီတဲ့အခြေအနေမျိုးနဲ့ ရှိနေတာကို သဘောကျမိခဲ့တယ်။
“ဘာလို့လဲ။”
“…ဟား။”
“…ဘာလို့ အရက်သောက်ခဲ့တာလဲ။”
“အိုး…”
“အသိစိတ်ရှိနေရင် မင်း ဒါကို လုပ်မိမှာမဟုတ်လို့လား။”
“မပြောတတ်ဘူး။” လို့ ဟီဂျူက ပြောလိုက်တယ်။ အဲ့ဒီနောက် ဝူဂျင်ဟာက ဘရာထဲကနေ လျှံထွက်နေတဲ့ အသားလေးတွေကို ကိုက်လိုက်တာကြောင့် အမှန်အတိုင်း ခေါင်းညိတ်လိုက်ရတော့တယ်။
“ချစ်ဖို့ကောင်းတယ်၊ ပြီးတော့ နည်းနည်း…”
“ဒုဥက္ကဋ္ဌလည်း…သောက်ထားတာ…”
“ငါက အလုပ်သဘောအရ သောက်တာ၊ ဟီဂျူက တမင်သောက်ခဲ့တာမဟုတ်လား။”
“…ဟား၊ ဟင်း…”
“ငါနဲ့ ဒီလိုလုပ်ဖို့ သောက်ခဲ့တာမဟုတ်ဘူးလား။ တမင်တကာလေ။”
ဝူဂျင်ဟာက မျက်နှာထားတည်တည်နဲ့ ထောက်ပြခဲ့တယ်။ အနာပေါ်တုတ်ကျသလို မှန်သွားခဲ့ပေမဲ့ ဝူဂျင်ဟာက ရင်သားအောက်ပိုင်းကို ဖျစ်ညှစ်လာတာမို့ ဟီဂျူရဲ့ ရှက်တဲ့စိတ်က ပျောက်သွားခဲ့တယ်။
“အတတ်နိုင်ဆုံး အရက်မသောက်ရအောင် လုပ်ခဲ့တာကို…”
“ဟင်း…အား…”
ဝူဂျင်ဟာက ဘရာကို မချွတ်ဘဲ ဒီအတိုင်း အပေါ်ပင့်တင်ခဲ့တယ်။ ဘလောက်စ်လေးကတော့ ကြယ်သီးတွေ အကုန်ပြုတ်ပြီး ပခုံးကနေ လျှောကျနေပါပြီ။ ဘာတစ်ခုမှ သေသေချာချာ ချွတ်ထားရခြင်းမရှိသေးဘဲ ဟီဂျူရဲ့ ရင်သားတွေသာ ဝူဂျင်ဟာရဲ့ မျက်စိရှေ့မှာ ပေါ်နေခဲ့တာပါ။
ဝူဂျင်ဟာက သူ့ခန္ဓာကိုယ်နဲ့ ဖိတွန်းခြင်းမပြုဘဲ ဟီဂျူ့တင်ပါးတွေကို လက်နှစ်ဖက်စလုံးနဲ့ ပင့်ထိန်းထားရင်း ခေါင်းငုံ့လာပြီးတော့ ရင်သားတွေကို ကြမ်းကြမ်းစုပ်လိုက်တယ်။ ဟီဂျူတစ်ယောက် ငုံ့မကြည့်ရဲဘဲ မျက်လုံးတွေကို တင်းတင်းမှိတ်ထားလိုက်တာကြောင့် ခံစားမှု အာရုံတွေက ပိုပြီးထင်ထင်ရှားရှားရှိလာခဲ့တယ်။
ဝူဂျင်ဟာရဲ့ လျှာထိပ်ဖျားနဲ့ ဖိခြေပြီး ကြမ်းကြမ်းတမ်းတမ်း အစုပ်ခံနေရတဲ့ ချယ်ရီသီးလေးတွေဆီက စိုစွတ်မှု၊ ဝူဂျင်ဟာရဲ့ ပါးစပ်ထဲမှာ ထောင်ကြွလာကြတာ၊ အားလုံးကို ထင်ထင်ရှားရှား သိရှိခံစားနေရတော့တယ်။ သည်းမခံနိုင်စရာပါပဲ။ ခန္ဓာကိုယ်ရဲ့ အာရုံကြောလေးတွေအားလုံး သူ့နှုတ်ခမ်းတွေနဲ့ ထိကုန်ကြတယ်။ နောက်ဆုံးတော့ ဟီဂျူလည်း ဘာလုပ်လို့လုပ်ရမှန်းမသိဘဲ အကြောင်သား မျက်လုံးဖွင့်ထားလိုက်မိတော့တယ်။
ဝူဂျင်ဟာ မျက်လွှာချထားတဲ့အခါ ပုံမှန်ထက်ပိုပြီး ရီဝေဝေရှိနေခဲ့တယ်။ ဟီဂျူရဲ့ အသီးလေးတွေကို စုပ်ပြီးမျိုလိုက်ချိန်တိုင်းမှာ သူ့ရဲ့ ဖမ်းစားနိုင်တဲ့ ပါးပြင်တွေက နက်နက်ရှိုင်းရှိုင်း ချိုင့်ဝင်သွားခဲ့တယ်။ ဝူဂျင်ဟာရဲ့ ပခုံးပေါ်ကကျော်ပြီးမြင်ရတဲ့ နံရံကိုပဲဖြစ်ဖြစ် အာရုံစိုက်ထားဖို့ ကြိုးစားခဲ့ပေမဲ့ ဟီဂျူ့မျက်လုံးတွေက ဝူဂျင်ဟာဆီကိုပဲ ပြန်ပြီး စုစည်းကျရောက်သွားတတ်ပါတယ်။
ဒါကိုသတိထားမိတဲ့အလား ဝူဂျင်ဟာက ဦးခေါင်းကို အနည်းငယ်မော့ပြီး သူ့နှုတ်ခမ်းတွေသူ အရသာခံသလိုမျိုး လျှာနဲ့သပ်လိုက်တယ်။ အေးစက်တဲ့လေကြောင့် သွားရည်တို့စိုနေတဲ့ ဟီဂျူရဲ့ ရင်သားထိပ်ပိုင်းလေးတွေက ခံစားနိုင်စွမ်းမြင့်စွာ တုံ့ပြန်ခဲ့တယ်။ နှစ်ယောက်သား မျက်လုံးချင်းဆုံသွားခဲ့ကြတယ်။
အမြဲတမ်း သေသေသပ်သပ်ရှိနေတတ်တဲ့ ဟီဂျူ့သူဌေးက အခုတော့ ဟီဂျူ့အရှေ့မှာ ဖရိုဖရဲပုံစံနဲ့ ရပ်နေခဲ့တာပါ။ သူ့ဆံပင်တွေက ဟီဂျူ့လက်ထဲမှာ ရှုပ်ပွနေပြီး သူ့ရဲ့ ရှပ်အင်္ကျီကော်လံက ပခုံးအထိ ဆွဲလှန်ခံထားရတယ်။ သူ့ရဲ့ ကြွက်သားတောင့်တောင့်ရင်အုပ် လှုပ်ရှားနေတာကို ရှပ်အင်္ကျီကနေတစ်ဆင့် ခံစားနေရတယ်။ တစ်ချိန်က သေသပ်ပြီး သွေးအေးတဲ့မျက်နှာမှာ သာယာမှုကိုရှာတဲ့ အပူဓာတ်တစ်မျိုး ရှိနေခဲ့တယ်။
သူက တကယ်ကို ဟီဂျူမသိတဲ့ လူတစ်ယောက်ပါပဲ။ ရင်းနှီးအသားကျပြီးသားလို့ ထင်ထားခဲ့တဲ့မျက်နှာက အစိမ်းသက်သက် ဖြစ်သွားခဲ့တယ်။
သူတို့နှစ်ယောက်စလုံး တူညီတဲ့အခြေအနေမှာ ရှိနေတယ်လို့ ထင်ထားခဲ့ပေမဲ့ ဆန္ဒနဲ့တောက်လောင်နေတဲ့ မျက်လုံးတွေကို အခုထိ အဓိပ္ပာယ်မဖော်နိုင်သေးပါဘူး။ ဝူဂျင်ဟာ ဘာတွေတွေးနေသလဲဆိုတာကိုတောင် မပြောနိုင်ခဲ့ပါဘူး။ ဟီဂျူက မှင်တက်နေတဲ့အလား ဝူဂျင်ဟာရဲ့ မျက်လုံးတွေထဲ ကြည့်နေမိပြီး ဝူဂျင်ဟာက သွားရည်တို့စိုနေတဲ့ ဟီဂျူရဲ့ ချယ်ရီသီးလေးတွေကို ကျီစယ်သလိုမျိုး လှိမ့်ကစားနေခဲ့တယ်။
“အ…”
“ဟီဂျူက အမြဲတမ်း အတွေးလွန်တယ်နော်။”
တကယ်သာ အတွေးလွန်ရင် အစကတည်းက ဒါမျိုးလုပ်ဖြစ်မှာ မဟုတ်ပါဘူး။ ဟီဂျူက ကိုယ့်ကိုယ်ကိုယ် ပြန်ခနဲ့လိုက်တယ်။
“မူးနေတယ်ဆိုတဲ့ ခေါင်းစဉ်နဲ့။”
“ဟင့်…အင်း…”
“ထပ်ပြီးဒီလိုဖြစ်ဦးမယ်ဆိုရင် ရှောင်ပြေးမှာလား။”
နားလည်နိုင်စရာမရှိတဲ့ စကားတွေပါပဲ။ သူ့စကားတွေကို အမီလိုက်ဖို့ကြိုးစားပြီး ရိပ်တိတ်တိတ်ဖြစ်လာတဲ့ အသိစိတ်ကို တည့်မတ်ဖို့ကြိုးစားခဲ့ပေမဲ့ မလွယ်ကူခဲ့ပါဘူး။
ဝူဂျင်ဟာက စိုစွတ်နေတဲ့ ချယ်ရီသီးလေးတွေကို လက်ချောင်းလေးတွေနဲ့ လှိမ့်လိုက်၊ ဖိခြေလိုက်လုပ်နေပြီး အဲ့ဒီနောက် ကြီးမားတဲ့လက်ကြီးတွေနဲ့ ရင်သားတွေကိုကိုင်ပြီးတော့ ဆုပ်နယ်ခဲ့တယ်။ အဲ့ဒီနောက် သူက တခြားရင်သားတစ်ဖက်ဆီ ခေါင်းငုံ့လိုက်ပြီး တစ်ချိန်တည်းမှာပဲ စတင်စုပ်ယူခဲ့ပြန်တယ်။
“…အင်း…ဟင့်…အင်း…”
ရင်သားကိုဆုပ်နယ်နေတဲ့ လက်ချောင်းတွေကြားမှာ ချယ်ရီသီးလေးကိုပါဖမ်းပြီး အကုန်သိမ်းကျုံး ဖျစ်ညှစ်လိုက်ပြီးတော့ ပါးစပ်ထဲက အသီးလေးကို လျှာနဲ့လှိမ့်ခြေပြီးကစားခဲ့တယ်။
ဟီဂျူ့အဝတ်အစားတွေက အခုထိ တစ်ဝက်တောင် မကျွတ်သေးဘဲ ရင်သားတွေသာ အထိခံရသေးပေမဲ့ အခု သူ့ရဲ့အောက်ပိုင်းက လုံးဝစိုရွှဲနေပါပြီ။ ဝူဂျင်ဟာက အင်မတန်ကို တင့်တယ်ညင်သာတဲ့ မျက်နှာထားမျိုးလုပ်ပြီး အဲ့ဒီနောက် မျက်နှာကို အောက်ဘက်ဆီ လှည့်ပြီးတော့ ဟီဂျူ့ဝမ်းဗိုက်နဲ့ ပွတ်သပ်နေခဲ့တယ်။
ပထမဆုံးအကြိမ် sex လုပ်ဖူးတာလည်း မဟုတ်ပေမဲ့ ဝူဂျင်ဟာနဲ့အတူ လူးလှိမ့်ချစ်တင်းနှောတဲ့ ရှက်စရာအိပ်မက်တွေထဲမှာ ဒီလိုမြင်ကွင်းမျိုး တစ်ခါမှ မရှိဖူးပါဘူး။ အဆင့်အတန်းမီ ရုပ်ရှင်တွေထဲမှာ sex ကို ဒီလိုမျိုး ပုံဖော်ပြလေ့ရှိတဲ့အတိုင်း အနမ်းလေး နည်းနည်းပါးပါး ဖလှယ်၊ တစ်ယောက်ကိုတစ်ယောက် နည်းနည်းပါးပါးထိတွေ့၊ အိပ်ရာပေါ် ပစ်လဲကျသွားပြီးတော့ အရေးကြီးတဲ့အပိုင်းတွေကို စောင်ခြုံပြီးဖုံးထားတာလောက်ပါပဲ။ အကြောင်းရင်းကတော့ ရှင်းရှင်းလေးပါ။ ဝူဂျင်ဟာအရှေ့မှာ ရပ်လိုက်တဲ့အခါ ဘာမှမသိတဲ့ ကလေးလေး ဖြစ်သွားသလို ခံစားချက်မျိုး ခံစားရလို့ပါပဲ။
သူက အင်မတန်ကို ပြီးပြည့်စုံစွာ တင့်တယ်လှပြီး ဟီဂျူနဲ့ ကမ္ဘာတစ်ခုတည်းမှာ နေတဲ့သူလို့ မထင်ရတာမို့ ရည်းစားရဲ့ငှားထားတဲ့ အခန်းထဲက တကျွီကျွီမြည်နေတဲ့ တစ်ယောက်အိပ်မွေ့ရာပေါ်မှာ လှဲအိပ်ပြီး ယိမ်းထိုးလှုပ်ခါရသလို sex မျိုး ရာရာစစ မတွေးကြည့်ဖူးခဲ့ပါဘူး။
သူက သာမန်ယောက်ျားတစ်ယောက်လို ရင်သားတွေကို အငမ်းမရစုပ်ပြီး ဆုပ်နယ်ခဲ့တုန်းကရော၊ အောက်ပိုင်းကို ကြမ်းကြမ်းတမ်းတမ်း နေရာပြင်ပြီး ခါးကို လှုပ်ခါလိုက်တုန်းကရော အတူတူပါပဲ။
ဝူဂျင်ဟာရဲ့လက်ကြောင့် သူ့အဝတ်တွေ ကျွတ်သွားချိန်မှာရော၊ သူ့လက်ကြောင့် ဝူဂျင်ဟာရဲ့အဝတ်တွေ ကျွတ်သွားချိန်မှာပါ ဝူဂျင်ဟာနဲ့ sex လုပ်ဖြစ်တော့မှာပါလားဆိုတာကို ဟီဂျူ မယုံနိုင်ခဲ့ပါဘူး။
နောက်ဆုံးမှာ ဒီလိုမျိုး လှဲအိပ်လိုက်မိတာတောင်မှပေါ့။
“အ…”
သူ့ကို ချီထားရင်း လျှောက်သွားတဲ့ ခြေလှမ်းတွေက အနည်းငယ် မတည်မငြိမ်ဖြစ်နေတယ်ဆိုတာရယ်၊ သူ့အပေါ် လဲကျလာတဲ့ အလေးချိန်ရယ်ကြောင့် ဝူဂျင်ဟာ တော်တော်လေး မူးနေမှန်း ဟီဂျူ ပြောနိုင်ပါတယ်။ သူက အရင်တုန်းက တစ်ခါမှ ဒီလောက်အထိ မမူးဖူးပါဘူး။
အဲ့ဒီအတွက်ကြောင့် သူ ဟီဂျူ့ခြေထောက်တွေကို အသာအယာကားပြီး တိုးဝင်လာတဲ့အခိုက်အတန့်မှာ ဒီအတွေးကို တစ်ချက်လေး တွေးလိုက်မိတယ်။ ဝူဂျင်ဟာ ဒါကို မှတ်ရောမှတ်မိပါ့မလားဆိုပြီးတော့လေ။ ဒါပေါ့၊ စိတ်အေးလက်အေးဖြစ်နေတာရယ်၊ တော်တော်လေးကြာပြီးမှ sex လုပ်ဖြစ်တော့လည်း သူနဲ့က တစ်ခါမှမကြုံဖူးတဲ့ အတွေ့အကြုံဖြစ်နေတာရယ်ကြောင့် ဟီဂျူ့အတွေးတွေက မြန်မြန်ပဲ ပျောက်သွားခဲ့တယ်။
အတွင်းခံဘောင်းဘီ စိုရွှဲသွားတဲ့အထိ စိတ်ကြွခဲ့ပေမဲ့ အစပိုင်းမှာ နာကျင်မှုခပ်လေးလေးကို ခံစားလိုက်ရတယ်။ နာကျင်မှုကိုလည်း တင်းမခံနိုင်တာကြောင့် ခြေထောက်တွေ ကားထားလျက်သားနဲ့ တင်းခနဲဖြစ်သွားခဲ့ပြီး ဝူဂျင်ဟာက နောက်ဆုံးတော့ တစ်ဝက်တောင် ဝင်အောင်မသွင်းနိုင်ခဲ့ဘဲ ဟီဂျူရဲ့တင်ပါးတွေကို ပွတ်လိုက်တယ်။
“လျှော့ထား။”
“…ဟင်း…”
“အတင်းကြီး ထည့်မှာမဟုတ်လို့။”
ဟီဂျူ့အမြင်လွှာက ရိပ်တိတ်တိတ် ဖြစ်နေခဲ့တယ်။ ဆက်တိုက် ကြောင်တောင်တောင်ဖြစ်နေခဲ့ပေမဲ့ အခုမှလာပြီး နောက်ကျမှ မူးလာသလိုမျိုး ပိုပြီးတော့ အကြောင်သား ဖြစ်လာတော့တယ်။ တဏှာရူးလိုမျိုး နာပေမဲ့လည်း စိတ်ကကြွနေခဲ့တယ်။ ဝူဂျင်ဟာက သူ့အတွင်းထဲကို အတင်းတိုးပြီး ဝင်လာတော့ လွှမ်းမိုးနိုင်လွန်းတဲ့ ခံစားချက်က ရီဝေဝေဖြစ်နေတဲ့စိတ်မှာ ထင်ထင်ရှားရှားရှိနေတာကို သဘောကျတဲ့အတွက်ကြောင့်ပါ။
သူက ဟီဂျူ့ကိုယ်ထဲမှာ ရှိနေပြီလေ။ မူးနေတယ်ဆိုတဲ့ ခေါင်းစဉ်အောက်မှာ အတင်းအကျပ်မလုပ်တဲ့ ညင်သာမှုကို သဘောကျပေမဲ့ အဲ့ဒီလို အေးအေးဆေးဆေးရှိတာကို မကြိုက်ပါဘူး။ ဒီလူရဲ့ ကိုယ်ထဲက သည်းခံချုပ်တည်းနိုင်စွမ်းဟာ အရည်အချင်းတစ်ခုလိုပါပဲ။ သူများအတွက် စဉ်းစားပေးနိုင်စွမ်းရှိတယ်ဆိုတဲ့ အဓိပ္ပာယ်ပေါ့။
ပတ်သက်တဲ့မိန်းမ မရှိဘူးလို့ သိထားတာကို…နိုင်ငံခြားမှာ ကျောင်းတက်တုန်းက ဖြစ်လောက်မလား…ရုတ်တရက် ရှုပ်ထွေးလာတဲ့ အတွေးတို့နဲ့အတူ သေးသိမ်တဲ့ သဝန်တိုစိတ်က လျှံတက်လာခဲ့တယ်။ ဝူဂျင်ဟာရဲ့ခါးမှာ ခြေထောက်တွေ သိုင်းယှက်ထားပြီး သူ့လည်တိုင်ကို ဖက်ထားရင်း ဟီဂျူ မျက်မှောင်ကြုတ်လိုက်တယ်။
ဝူဂျင်ဟာရဲ့ အဝတ်မဲ့ ခန္ဓာကိုယ်အပေါ်ပိုင်းနဲ့ ဟီဂျူရဲ့ အဝတ်မဲ့ ခန္ဓာကိုယ်အပေါ်ပိုင်းတို့က လုံးဝထိစပ်ခြင်းသို့ ရောက်သွားတော့တယ်။ ထင်မှတ်မထားတဲ့ လှုံ့ဆော်မှုကြောင့် ဝူဂျင်ဟာက ခပ်တိုးတိုး ညည်းလိုက်ပြီး သူ့မျက်နှာထားက ပျက်ယွင်းသွားခဲ့တယ်။
ဒါပေမဲ့လည်း ကိုယ့်ဆန္ဒအတိုင်း မလိုက်ဖို့ အသိစိတ်ဝင်လာတာကြောင့် သူ့ခါးက တောင့်တောင့်ကြီး ဖြစ်သွားခဲ့တယ်။ ဟီဂျူက ဝူဂျင်ဟာရဲ့ တင်ပါးမှာချိတ်နေတဲ့ ဘောင်းဘီကို သူ့ခြေချောင်းလေးတွေနဲ့ တွန်းချရင်း တီးတိုးပြောလိုက်တယ်။
“…ဒီအတိုင်း လုပ်လိုက်ပါ။”
ဟီဂျူက တကယ်ကို လွယ်လွန်းတဲ့ မိန်းမပါပဲ။ ငါ ိုး…ဝူဂျင်ဟာ တိုးတိုးလေး ဆဲလိုက်တာကို ကြားလိုက်ရတယ်။ လေးနှစ်လုံးလုံး ဝူဂျင်ဟာက အဲ့ဒီလို ဆဲလိမ့်မယ်လို့ မတွေးနိုင်ခဲ့ပေမဲ့ တော်တော်လေး ကျေနပ်မိရပါတယ်။ သူ့ရဲ့ စုစည်းတည်ငြိမ်မှု ပျောက်သွားခဲ့ပြီလေ။ အခု သူ့ ရဲ့ နောက်ဆုံးလက်ကျန် စုစည်းတည်ငြိမ်မှုလည်း ပျောက်သွားဖို့ မျှော်လင့်ခဲ့မိတယ်။
ဖြည်းဖြည်းချင်း တစ်ခါပြန်ပြီး စတင်တိုးဝင်လာတဲ့ ဝူဂျင်ဟာကို ခံစားရင်း အဆုံးထိသွင်းလို့ တိုးတိုးလေးပြောလိုက်တော့ သူက ခါးကို ခပ်ကြမ်းကြမ်းပင့်ပြီး အသက်ရှူမြန်လာတော့တယ်။
ဒါတွေအားလုံးက ဟီဂျူ ကိုယ့်ဘာသာ စက်ဆုပ်မိရုံအပြင်မရှိတဲ့ စကားတွေပါပဲ။ ပိုပြီးတော့ ကြမ်းကြမ်းလေး၊ ပိုပြီးတော့နက်နက်လေး၊ ဒီအတိုင်း လုပ်ချင်သလိုသာလုပ်ပါဆိုပြီးတော့ ပြောတဲ့စကားတွေလေ။ သူက ကြောက်စရာကောင်းလောက်အောင် ကြီးရင်လည်း ကိစ္စမရှိပါဘူး။ ဘယ်လိုပဲလုပ်လုပ် ကောင်းပါတယ်။
လိင်တံတုတ်တုတ်ကြီးက အပေါက်ကလေးထဲ တိုးဝင်လာခဲ့တယ်။ တကယ်တော့ အကုန်လုံးတောင် မဝင်ခဲ့ပါဘူး။ ဒါပေမဲ့ ထိပ်ပိုင်းက နက်ရှိုင်းတဲ့ အတွင်းပိုင်းအထိ တိုးဝင်လာတိုင်းမှာ သူဝင်လာတဲ့အတိုင်း ကိုက်ညီအောင် ဟီဂျူ့အတွင်းသားလေးတွေက ပွင့်သွားပြီး သူပြန်ထွက်သွားတိုင်းမှာ အတွင်းသားလေးတွေက ပြန်စေ့သွားခဲ့တယ်…ခေါင်းပေါက်ထွက်တော့မတတ် သာယာမှုက ဟီဂျူ့တစ်ကိုယ်လုံးကို ထုံသွားစေခဲ့တယ်။
ဟီဂျူ ထိန်းချုပ်နိုင်တာထက်ကိုပိုတဲ့ စိတ်လှုပ်ရှားမှုပါပဲ။ အရမ်းကြိုက်လို့ ကြောက်မိခဲ့တယ်။ နောက်ဆုံးမှာ ဒီလောက်အပြင် မရှိတော့ရင်တောင် ကောင်းပါတယ်။
အဲ့ဒါကြောင့် အခု ဒီအခိုက်အတန့်လေးကို ဝူဂျင်ဟာ မေ့သွားခဲ့ရင်လည်း ကောင်းတာပဲလို့ တွေးလိုက်မိတယ်။ ဟီဂျူသာ သတိရနေမယ်ဆိုရင်ပေါ့။
တစ်ခဏလေးပဲဖြစ်ဖြစ် အခုလိုမျိုး ပြီးပြည့်စုံစွာ တစ်သားတည်းဖြစ်နိုင်မယ်ဆိုရင်လေ။
သူ့အချစ်က အပြန်အလှန်အနေနဲ့ ဘာကိုမှမမျှော်လင့်ဘဲ ဘယ်လောက်အထိ စုံလုံးကန်းသလဲဆိုတာကို ကိုယ့်ကိုယ်ကိုယ် သက်သေပြချင်မိတဲ့ တဒင်္ဂရဲ့ ထင်ယောင်ထင်မှားပုံရိပ်။ ဒါပေမဲ့ အဲ့ဒီလိုကိစ္စမျိုး ပေါ်မလာစေဖို့ ကိုယ့်ဘာသာ မျှော်လင့်ခဲ့မိပြီး အဲ့ဒီအတွက်ကြောင့်ပဲ အဆင်အခြင်မဲ့စွာ ပြုမူနိုင်ခဲ့တာပါ…ဖြစ်ချင်ဖြစ် ဟီဂျူ အပြစ်ပေးခံရမှာ မလွဲမသွေပါပဲ။
နတ်သမီးပုံပြင်တွေထဲမှာ စကားမှားပြောမိရင် ဘယ်တော့မှ ပြန်နုတ်လို့မရဘဲ ပြင်းထန်လွန်ကဲတဲ့ အပြစ်ဒဏ်ကို ခံရသလိုမျိုး။
ဝူဂျင်ဟာက တကယ်ပဲ ဘာကိုမှ မမှတ်မိခဲ့ပါဘူး။ ပြီးတော့ သူနိုးလာတဲ့အခါ ဖြစ်သွားတဲ့ မျက်နှာက ဟီဂျူ့မေးခွန်းတွေအားလုံးအတွက် အဖြေဖြစ်လာတော့တယ်။ ဧကန္တများ ငါ့အပေါ် ခံစားချက်လေး နည်းနည်းလောက် ရှိနေမလား။ ငါ့ကို နည်းနည်းလေးပဲဖြစ်ဖြစ် သဘောကျလောက်မလား။ အကယ်၍များ သူက ငါ့ကို နည်းနည်းလောက်လေး…
ခြေတံတွေကြားမှာ စီးကျနေတဲ့ သုက်ရည်တို့ရဲ့ မနှစ်မြို့စရာ ခံစားချက်က သူတို့တွေ ဘယ်လောက်တောင် မလိုအပ်တဲ့အမှားကို လုပ်ခဲ့မိကြကြောင်း ပြောပြနေခဲ့တယ်။
စက်ဆုပ်ဖွယ် မနက်ခင်းပါပဲ။
****
Translated by D