Chapter 3
ကြာသည်လည်းနှောင်း…နွေသည်လည်းဟောင်း
အခန်း ၃ (အပိုင်း ၈)
ရယ်စရာအကောင်းဆုံးအပိုင်းကတော့ အခုထိ ထွေထွေထူးထူး ပြောင်းလဲသွားတာမျိုး မရှိတာပါပဲ။ ဒီအတိုင်း မဟုတ်သေးဘူးဆိုတာကို မဟုတ်ကြောင်း သိနေရုံတစ်ခုအပြင် မရှိဘူးလေ။ ကျွန်မက ယွန်းဟျောင်းရဲ့စကားကို ထောက်ခံတာတို့ ပြန်ငြင်းတာတို့မလုပ်ဘဲ တစ်ဖက်ကိုလှည့်ပြီး သူနဲ့သူ့သူငယ်ချင်းတို့လုပ်ထားကြတဲ့ အလုပ်ကိုကြည့်ရင်း ပြောလိုက်တယ်။
“ယောက္ခမက ကူညီပေးလောက်တယ်…ကြည့်ရသလောက်။”
“သူက နင့်ကို ကူညီမယ် ဟုတ်လား။”
“အင်း။”
“ဟဲ့။ ငါက နင့်ယောက္ခမကို ကောင်းကောင်းမသိပေမဲ့…”
တိမ်ဝင်သွားတဲ့ စကားအဆုံးသတ်မှာ ဆက်ပြောမဲ့စကားကို ခန့်မှန်းကြည့်လို့ရနေသလိုပါပဲ။
“….အဲ့ဒါက ဘယ်လိုပြောရမလဲ။ အဲ့ဒီတော့က တစ်ခုလေးမြင်ရုံနဲ့ ဆယ်ခုလောက်သိနိုင်တဲ့လူစားမျိုး ရှိတယ်လေ။”
“အင်း။”
“မင်္ဂလာဆောင်မှာတုန်းက သူ နင်နဲ့စကားပြောနေတာကို တွေ့လိုက်တယ်။ အဝေးကနေ တွေ့ရတာဆိုပေမဲ့…”
အတိုင်းအတာတစ်ခုအထိ အကဲခတ်တတ်သူဆိုရင် ယောက္ခမက ကျွန်မအပေါ် လူတစ်ယောက်အနေနဲ့ ဘယ်လောက်တောင် အထင်သေးသလဲဆိုတာကို အလွယ်လေး သိနိုင်မှာပါ။ ကြင်ကြင်နာနာလေးပြုံးပြလိုက်၊ ကျွန်မလက်ကို ကိုင်ပြလိုက် လုပ်နေခဲ့ပေမဲ့လည်း လူတွေကြည့်မနေတဲ့အချိန်ဆိုရင် တခြားလူတစ်ယောက်ဖြစ်သွားသလိုမျိုး အထင်သေးလို့၊ နှာခေါင်းရှုံ့လို့ပေါ့…
ကြီးကြီးမားမား နာကျင်မိတာမျိုးလည်း မဖြစ်တော့ပါဘူး။ နေလာရင်း အဲ့ဒီထက်တောင် ပိုဆိုးသေးတဲ့ မျက်နှာတွေကို မြင်တွေ့ခဲ့ရတာမို့လို့ပါ။ အနည်းဆုံးတော့ ယောက္ခမမှာ ကျွန်မက ဝူဂျင်ဟာနဲ့ ဘယ်လိုမှမတန်ဘူးလို့ ယုံကြည်စရာ အကြောင်းရှိနေတယ်လေ။
မိုးနဲ့မြေလို ကွာခြားချက်ကြီးနဲ့ အိမ်ထောင်ရေးဆိုတော့ ဖြောင့်ဖြူးတဲ့ အိမ်ထောင်သည်ဘဝ ဖြစ်မှာမဟုတ်တဲ့အကြောင်း မှန်းကြည့်ရခက်မှာမဟုတ်ပါဘူး။ အဲ့ဒီခန့်မှန်းချက်နဲ့ယှဉ်လိုက်ရင် ကျွန်မက တော်တော့်ကို သက်သောင့်သက်သာလေး နေရတယ်လို့တောင် ပြောလို့ရပါတယ်။
“ဒီအတိုင်း နင့်လိုလူမျိုးတောင် ထွက်လာရတယ်ဆိုတော့ အဲ့ဒီအိမ်က ဘယ်လောက်များဆိုးလို့လဲဆိုပြီး တွေးမိလို့ပါ။”
“…”
“လူစိတ်တိုရလောက်အောင်ကို အရိုက်ခံရရင်တောင် ပါးစပ်ပိတ်ခံတဲ့ လူစားမျိုးမဟုတ်လား။”
ကျွန်မက ထွက်လာတာခဲ့တာမဟုတ်ဘဲ ဝူဂျင်ဟာက ကျွန်မကို ထွက်လာရအောင် လုပ်ခဲ့တာပါ။ အဲ့ဒီအတွက်ကြောင့်သာမဟုတ်ရင် ကျွန်မလည်း ဒီအတိုင်း တစ်နှစ်ဖြစ်ဖြစ်၊ ဆယ်နှစ်ပဲဖြစ်ဖြစ် အသာလေး သည်းခံပြီးနေရမလားတောင် မသိပါဘူး။ လွန်ခဲ့တဲ့ ၁၀နှစ်က ဘကြီးအိမ်မှာ တစ်နေ့တစ်နေ့ အရိုက်ခံပြီးနေရတာနဲ့ အသားကျလာသလိုမျိုးလေ။
နာခံတဲ့နေရာမှာ တော်တာပဲလား၊ ဒီအတိုင်း ရုန်းထွက်ဖို့ အင်အားမရှိတာပဲလား မသိတော့ပါဘူး။
ကျွန်မ စောစောက မသောက်ဘဲထားထားတဲ့ဆေးကို အိတ်ထဲကနေ ယူထုတ်လိုက်တယ်။ အခု အင်အားလိုအပ်ပါတယ်။ ယွန်းဟျောင်းက သူသောက်ထားတဲ့ ရေခွက်ကို စားပွဲပေါ်ကနေ ကျွန်မဆီ တွန်းပို့ပေးခဲ့တယ်။
ဆေးသောက်ချလိုက်တော့ အခုကတည်းက ဖြည်းဖြည်းချင်း ဆေးအစွမ်းပြသလိုမျိုး မူးရိပ်ရိပ်ဖြစ်မှုက တရစ်ရစ်တက်လာခဲ့တယ်။ တစ်ခါတလေကျရင် အကိုက်အခဲပျောက်ဆေးတွေက အားပြတ်အောင်လုပ်နေသလိုလည်းရှိပေမဲ့ ရလဒ်အနေနဲ့ ဖြည်းဖြည်းချင်း သက်သာလာတတ်ပါတယ်။ ထူးဆန်းပေမဲ့ ဝူဂျင်ဟာကျေးဇူးကြောင့်လည်း ပါနေပြန်တယ်ဆိုပါတော့။
“သိလား၊ ဂျင်ဟာက တကယ်တော့ ငါ့ကို စိတ်ရှုပ်စရာလို့ မြင်တာမဟုတ်ဘူး။”
“ဟုတ်လို့လား။”
“ငါက ဘယ်မှာမှဝင်ပါတာမျိုးလည်းမလုပ်ဘူး၊ အာရုံနောက်အောင်လည်း မလုပ်ဘူးလေ။”
“…”
“အဲ့ဒါကြောင့် ငါ ရှိရှိ၊ မရှိရှိ အဲ့ဒီလူအတွက် အရေးမဟုတ်တာတောင် ဖြစ်နေမလားမသိဘူး။ လက်ထပ်လိုက်တော့ သူ့ကို မိဘအိမ်က လက်ထပ်ဖို့ ဖိအားပေးနေတာတွေလည်း မရှိတော့ဘူးလေ…ကြည့်ရတာ ငါရှိနေတာက ပိုပြီးတော့ အဆင်ပြေလို့ထင်တယ်။”
“…ဘယ်လိုသောက်ပေါက်ကရတွေ…”
“အဲ့ဒါကြောင့် အကြောင်းရင်းအမျိုးမျိုးနဲ့ အခုချက်ချင်း ငါနဲ့ ကွာရှင်းလောက်မှာမဟုတ်ဘူးထင်တယ်။”
“ဒါဆို နင့်ယောက္ခမက…”
“အဲ့ဒီပုဂ္ဂိုလ်လောက် ငါ့ကို ရှင်းထုတ်ပစ်ချင်တဲ့သူ ရှိလောက်မှာမဟုတ်ဘူး။”
“…”
“အဲ့ဒါကြောင့် ဘာမှမဖြစ်ဘူး။ ယွန်းဟျောင်းရဲ့။ အားလုံးအဆင်ပြေသွားမှာ။”
ယွန်းဟျောင်းက အခုထိ ကျွန်မစကားကို လက်မခံချင်သလို ကြည့်နေရာကနေ သူ့နောက်မှာရှိနေတဲ့ အံဆွဲဆီ နောက်ပြန်မှီပြီး ကားသော့ပေးခဲ့တယ်။
ဈေးကြီးကြီး နိုင်ငံခြားဖြစ်ကားရဲ့ လိုဂိုအစား ရင်းနှီးနေတဲ့ ပုံသဏ္ဌာန်က ကျွန်မကို နှုတ်ဆက်ခဲ့တယ်။
“ပြီးတော့ ဒီလိုမျိုး တစ်ခုချင်းစီ နောက်ကြောင်းပြန်လှည့်ကြည့်မယ်ဆိုရင်…”
အဲ့ဒီလိုကနေ တစ်ခါထပ်ပြီး ကျွန်မဆိုတာ ပြန်ပေါ်လာမှာပါ။
ဝူဂျင်ဟာ ပျောက်ကွယ်သွားတဲ့နေရာမှာပေါ့။
****
စောစောကရခဲ့တဲ့ ဧည့်သည်ဖြတ်သန်းခွင့်လက်မှတ်ကို ဒက်ရှ်ဘုတ်ပေါ်မှာ ထင်သာမြင်သာရှိအောင်တင်လိုက်ပြီး ကားထဲကနေ ထွက်လိုက်တယ်။ ဒါပေမဲ့ အဝင်အထွက်တံခါးရဲ့ အထဲအထိ ဝင်လာပြီးမှပဲ ကားကို လော့ခ်မချခဲ့မိမှန်း သတိရသွားတာကြောင့် ပါကင်ဆီ ပြန်လှည့်လာပြီး ကားသော့ကခလုတ်ကို နှိပ်ခဲ့ရတယ်။
တွီ…
ကားမီး ဖျတ်ခနဲလင်းပြီးမှိန်သွားတာကို ခပ်လှမ်းလှမ်းကနေ စစ်ဆေးပြီးလို့ တစ်ဖက်ပြန်လှည့်လိုက်တယ်ဆိုရင်ပဲ အနီးအနားကနေ ကားတံခါးပိတ်သံကို ကြားလိုက်ရတယ်။ နည်းနည်း အဓိပ္ပာယ်မရှိလိုက်တာလို့ တွေးလိုက်မိတယ်။
စောစောက ကျွန်မ ကားပါကင်ထိုးနေတုန်း ဟိုဘက်ကနေ ဝင်လာတဲ့ကားက ဝူဂျင်ဟာရဲ့ကား ဖြစ်နေတယ်လေ။
အမှတ်တမဲ့ ကိုယ်တိုင်တောင်မသိလိုက်ဘဲ ဝူဂျင်ဟာကို ဝင်ပေါက်နားကနေရာကောင်း ပေးလိုက်မိတာက ရယ်စရာကောင်းလောက်အောင် စိတ်ပျက်စရာပါပဲ။ ဒီအတိုင်း စောစောကတည်းက ဝင်သွားပြီး မဆုံဖြစ်ခဲ့ကြရင် ပိုကောင်းမှာဆိုပေမဲ့ပေါ့။
ကျွန်မ သူ့ကိုတစ်ချက်ကြည့်ပြီး ဝင်ပေါက်ဘက်ကို ဦးတည်လိုက်တော့ တည်ငြိမ်အေးဆေးတဲ့ ခြေသံတွေက ကျွန်မအနောက်ကနေ ပါလာခဲ့တယ်။
“အဲ့ဒါ ဘာကားလဲ။”
ဘယ်ကား မီးပွင့်လိုက်ပိတ်လိုက်ဖြစ်သွားသလဲဆိုတာကို ကြည့်ခဲ့ပြီးသားထင်ပါရဲ့။ ကျွန်မက အဝင်တံခါးကိုဖွင့်ရင်း ဖြေလိုက်တယ်။
“ဝယ်ခဲ့တာပါ။ အသစ်။”
“ရှိနေပြီးသားပဲကို။”
ဝူဂျင်ဟာ မေးချင်နေတဲ့စကားက ‘အဲ့ဒါမျိုး ဝယ်မှဖြစ်မှာလား’ ဆိုတဲ့စကားပါပဲ။ ကြည့်ရတာ သူဝယ်ပေးထားတဲ့ကားနဲ့ ဆင်တူတဲ့ကားမျိုးကို စိတ်ကူးတည့်သလို ဝယ်ခဲ့မယ်ဆိုရင်တောင် ဘာစကားမှ မပြောဘဲနေလောက်မှာ သေချာပါတယ်။
“ပေါ့ပေါ့ပါးပါး မောင်းပြီး သွားလာလို့ရမဲ့ဟာမျိုး လိုအပ်လို့ပါ။”
“ဟိုကားက သက်သောင့်သက်သာ မရှိလို့လား။”
“ကောင်းပါတယ်။”
“ကောင်းပေမဲ့ ပေါ့ပေါ့ပါးပါးမရှိဘူးပေါ့။”
“ဟုတ်။”
“ဒါဆို စနေ တနင်္ဂနွေကျရင် ငါနဲ့ ကားသွားကြည့်ရအောင်။ ထပ်ဝယ်ကြမယ်။”
“မလိုပါဘူး။”
“သေးတဲ့ကားလေး ထပ်ရှာလိုက်ရင် ရပြီပဲကို။”
“ရပါတယ်။”
အဓိပ္ပာယ်မရှိဘဲ အပြန်အလှန် ပြောဆိုလို့ပြီးသွားတဲ့နောက်မှာ တစ်ချက်တိတ်ကျသွားတော့တယ်။ သူ ဖုန်းယူထုတ်ပြီး တစ်ခုခုကို စစ်ဆေးနေတဲ့ အခိုက်အတန့်မှာပေါ့။ ကျွန်မက ဓာတ်လှေကားနှစ်ခုကြားမှာရပ်ပြီးတော့ နံပါတ်တွေ ပြောင်းသွားတာကိုပဲ ဟိုဘက်၊ ဒီဘက် စုန်ဆန်ချည်ကြည့်ရင်း အလုပ်များနေခဲ့တယ်။ ပြီးတော့ တံခါးပွင့်သွားတာနဲ့ မြန်မြန်ဝင်လိုက်တယ်။ အနောက်ကနေ ဝူဂျင်ဟာက အေးရာအေးကြောင်း လျှောက်ဝင်လာတော့ ကျွန်မ သူ့အရှေ့မှာပဲ တံခါးပိတ်ပစ်လိုက်ချင်တဲ့ဆန္ဒကို ခံစားမိပေမဲ့လည်း သည်းခံထားခဲ့တယ်။
သူက ဓာတ်လှေကားထဲဝင်လာပြီး တံခါးပြန်ပိတ်သွားတဲ့အထိ ဖုန်းကို တောက်လျှောက်ကြည့်နေတာပါ။ တံခါးအပြည့်အဝပိတ်သွားတာနဲ့ သူက ဖုန်းစခရင်န်ကိုပိတ်ပြီး ခေါင်းမော့လာခဲ့တယ်။
“…ဒီတော့၊ ထပ်ပြီး ဂင်ယွန်းဟျောင်းပဲလား။”
အံ့ပါရဲ့နော်။
“အခု ကျွန်မကို ပေါ်တင်စောင့်ကြည့်နေပြီလား။”
“မင်း ဒီအိမ်ကနေ တစ်ခါ ပျောက်သွားပြီးတဲ့နောက်ပိုင်းပေါ့။”
“ဒီကို ပြန်ရောက်လာပြီပဲမဟုတ်လား။”
“နောက်တစ်ခါ ထပ်ပျောက်မသွားပါဘူးလို့ အာမခံချက်မရှိဘူးလေ။”
“…”
“တစ်ခါသတိလက်လွတ်ဖြစ်မိတာက အမှားပဲ။ နှစ်ခါ သတိလက်လွတ်ဖြစ်မိရင်တော့ ပါးနပ်မှုနဲ့ဆိုင်တဲ့ပြဿနာဖြစ်သွားပြီ။ ဒီတော့ ငါ့မှာလည်း ရွေးချယ်စရာမရှိဘူးပေါ့။”
“ကျွန်မနဲ့ ဒုတိယအကြိမ်အိပ်တုန်းက အဲ့ဒီလိုအတွေးမျိုး ဝင်ခဲ့ရင် ကောင်းမှာပဲ။”
ဝူဂျင်ဟာက ခစ်ခနဲရယ်ခဲ့တယ်။ ကျွန်မလည်း သူ့အတိုင်းလိုက်ပြီးတော့ ခစ်ခနဲရယ်ပြီးမှ အေးစက်စွာ ပြန်ပြောလိုက်တယ်။
“ထူးထူးဆန်းဆန်းတွေ မလုပ်ပါနဲ့။ ကျွန်မတို့အိမ်ထောင်ရေးက အမည်ခံသက်သက်ပဲကို။”
အဲ့ဒီအခိုက်အတန့်မှာ ဓာတ်လှေကားတံခါး ပွင့်သွားတော့တယ်။ ဝူဂျင်ဟာက ဘာမှမပြောဘဲ ကျွန်မကို အရင်ပေးထွက်ပြီးမှ သူက အနောက်က လိုက်ထွက်ခဲ့တယ်။ အဲ့ဒီလိုနဲ့ ဆင်ဝင်ဖိနပ်ချွတ်ကို ဝင်လိုက်ချိန်မှာ ရုတ်တရက် ဒေါသက စို့တက်လာတော့တယ်။
“ကွာရှင်းလို့လည်းမရဘူး၊ သူငယ်ချင်းတွေနဲ့လည်း မတွေ့ရဘူး၊ အခု စောင့်ကြည့်တာပါခံနေရပြီ…ဝူဂျင်ဟာရဲ့ ပြဿနာက တကယ်ပဲ ဘာများလဲ။”
“သူငယ်ချင်းနဲ့တော့ ရတယ်။”
“ယွန်းဟျောင်းကလည်း ကျွန်မသူငယ်ချင်းပါရှင့်။”
“မင်းအတွက်တော့ ဟုတ်ချင်ဟုတ်မှာပေါ့။”
နားမလည်နိုင်ပါဘူး။ တကယ်သာ ကျွန်မကို နောက်ယောင်ခံလိုက်ပြီး စောင့်ကြည့်ခိုင်းထားတယ်ဆိုရင် ကျွန်မနဲ့ ဂင်ယွန်းဟျောင်းက ဘာမှမဟုတ်ကြတာကို သိပြီးသားဖြစ်လောက်မှာဆိုပေမဲ့ ဒီအတိုင်း ဂင်ယွန်းဟျောင်းရဲ့ ဖြစ်တည်မှုကို စိတ်အလိုမကျဖြစ်နေတဲ့ပုံလေ။
ကျွန်မ တစ်ဖက်လှည့်ပြီး သူ့ကို စိုက်ကြည့်လိုက်ပေမဲ့ အဲ့ဒီလိုလုပ်လိုက်ရာက ပိုလို့တောင် စိတ်တိုလာရတာကြောင့် ချက်ချင်းပဲ တစ်ဖက်ပြန်လှည့်ပြီး အဝတ်လဲခန်းထဲ ဝင်သွားလိုက်တယ်။ သူက ကျွန်မ အဲ့ဒီလိုအချိုးမျိုးချိုးတာကို နည်းနည်းလေးတောင် စိတ်ထဲမမှုသလိုမျိုး ဒီအတိုင်း အဝတ်လဲခန်းထဲကို အေးရာအေးကြောင်း လိုက်ဝင်လာပြီး သူ့အဝတ်အစားတွေ ရှိတဲ့ဘက်မှာ ရပ်ခဲ့တယ်။
အဝတ်လဲခန်းကို တံခါးနဲ့ တစ်ဝက်တိတိပိုင်းပြီး တစ်ခြမ်းစီ သုံးကြတာပါ။ သူက ဘယ်ဘက်အခြမ်း၊ ကျွန်မက ညာဘက်အခြမ်းပေါ့။ ကျွန်မတို့ တစ်ယောက်ကိုတစ်ယောက် ကျောပေးရပ်ရင်း အဝတ်အစား လဲဝတ်ခဲ့ကြတယ်။ ဘလောက်စ်အင်္ကျီကို ကြယ်သီးဖြုတ်နေရင်း ဆက်တိုက် လက်က ချော်ချော်သွားရတာကလည်း သူ့ပယောဂမကင်းသလို ဖြစ်နေတာကြောင့် ကျွန်မလည်း သည်းခံနိုင်စွမ်း ပျောက်လာတော့တယ်။
“ခြောက်လဆိုရင် ဖြစ်မလား။”
တကယ်ကိုပဲ ဒါက ကောက်ကာငင်ကာပြောလိုက်မိတာပါ။ သူနဲ့ ညှိနှိုင်းဖို့ စိတ်ကူးတောင်မရှိဘဲ အစကတည်းက အငြင်းခံခဲ့ရပြီးသား မျှော်လင့်ချက်မဲ့တဲ့ကိစ္စလေ။
ဒါပေမဲ့ အပြင်လူရဲ့အင်အားကို ငှားသုံးပြီး ဒီအိမ်ထောင်ရေးကို မဖျက်ဆီးခင် နောက်ဆုံးအကြိမ် တစ်ခါလောက် ထပ်မေးကြည့်ချင်မိပါတယ်။
ဘာပဲဖြစ်ဖြစ် ဒီလိုတွေဖြစ်လာလည်း ကျွန်မတို့ဘာသာ အရင်အဆုံးသတ်လိုက်လို့မရဘူးလားဆိုပြီးတော့ပေါ့။
“ခြောက်လ ဟုတ်လား။”
“တစ်နှစ်ဆိုရင်ရော ဘယ်လိုလဲ။”
“ဘာအတွက်လဲ။”
“မိဘအသိုင်းအဝိုင်းရဲ့ ကန့်ကွက်မှုကို ဆန့်ကျင်ပြီးတော့ ပေးသမျှ အပြစ်ပေါင်းစုံခံပြီး စိတ်ထဲက ဘယ်လိုရှိရှိ အပြင်ပန်းမျက်နှာလှအောင် လက်ထပ်ခဲ့ပေမဲ့ ခြောက်လတောင် မပြည့်သေးဘဲနဲ့ လူတွေပြောခဲ့ကြသလိုမျိုး ကွာရှင်းရတယ်ဆိုတော့ ရှက်မှာပဲပေါ့။ အဲ့ဒါကြောင့် နားလည်ပါတယ်။ ချက်ချင်း မကွာရှင်းနိုင်ဘူးဆိုတဲ့စကားကို။”
“မင်းနဲ့လက်ထပ်လို့ အပြစ်ပေးခံရတာမျိုး မရှိဘူး။”
“ကျွန်မကို အရူးများမှတ်နေတာလား။”
ကျွန်မ စကားတွေ ရှည်ရှည်ဝေးဝေးပြောနေတုန်းမှာ ဘယ်တုန်းကမှန်းမသိ အဝတ်အစားကို ပေါ့ပေါ့ပါးပါး လဲဝတ်လိုက်တဲ့ ဝူဂျင်ဟာက အရေးမစိုက်သလို ပခုံးသာတွန့်ပြခဲ့ပြီး တံခါးဘက်ကို သွားလိုက်တယ်။ အဲ့ဒီအတိုင်း အဝတ်လဲခန်းထဲကနေ ထွက်သွားတော့မှာလားလို့ တွေးလိုက်မိပေမဲ့ သူက သူ့အရှေ့မှာရှိတဲ့တံခါးကို ပိတ်ခဲ့တယ်။ ပြီးတော့ တံခါးကိုမှီရင်း လက်ပိုက်ပြီးရပ်လိုက်တယ်။
သူက အနည်းငယ် ဘာသက်ရောက်မှုမှမရှိသလိုထင်ရတဲ့ အကြည့်မျိုးနဲ့ ပွင့်နေတဲ့ ဘလောက်စ်အင်္ကျီရဲ့ကြားကို ကြည့်ခဲ့တယ်။ ဘာကြောင့်မှန်းမသိ လည်ချောင်းထဲမှာ တင်းကျပ်ပြီး အပူရှိန်မြင့်တက်လာတော့တယ်။ တခြားအချိန်တွေလို ဖမ်းစားတော့မလိုမျက်လုံးမျိုးနဲ့ ကြည့်တာလည်းမဟုတ်ဘဲနဲ့လေ။
ကျွန်မက တည်ငြိမ်စွာ တစ်ဖက်ပြန်လှည့်ပြီးတော့ နောက်ဆုံးကျန်တဲ့ ကြယ်သီးကိုဖြုတ်ပြီး ဘလောက်စ်ကိုချွတ်လိုက်တယ်။ စကပ်ရဲ့အပေါ်ဘက်မှာ ဘရာတစ်ခုပဲ ကျန်တော့တာပေါ့။
ဝူဂျင်ဟာက ရုတ်တရက် ရယ်ခဲ့တယ်။
“မပြောတတ်ဘူး။ လှတာပဲ သိတယ်။”
“ဂျင်ဟာရှင့်။”
” ‘ချက်ချင်း’ မဟုတ်ဘူး၊ ဒီအတိုင်း ဖြစ်ကိုမဖြစ်တာ။ ပြောပြီးပြီလေ။”
“…”
“မှတ်ဉာဏ်က အဲ့ဒီလောက်တောင် မကောင်းဘူးလား။ မင်းလက်နဲ့ ကိုယ်တိုင် လက်မှတ်ပါထိုးခဲ့တာကို။”
“ဘယ်လောက်ပဲ လက်မထပ်ခင် သဘောတူစာချုပ် ရှိထားတယ်ဆိုပါစေ ရှင်က ကျွန်မလိုမိန်းမကို ဘာဖြစ်လို့ ဒီလိုတွေအထိပါ ဆွဲထားမှဖြစ်မှာလဲဆိုတာ နားမလည်…”
“Sex လုပ်ချင်တယ်၊ ဟီဂျူလေး။”
“…”
“အဲ့ဒါကြောင့် အမှန်အတိုင်းပြောရရင် မင်း အခု ဘာစကားပြောလို့ပြောနေမှန်း သေချာမကြားလိုက်ဘူး။”
ကျွန်မလည်း တအားဒေါသထွက်ပြီး ကိုင်ထားတဲ့ ဘလောက်စ်အင်္ကျီနဲ့ သူ့ကို ပစ်ပေါက်မိတော့တယ်။ အံ့ဩလွန်းလို့ ဆဲတောင်မဆဲနိုင်ခဲ့ဘူးလေ။ ဒါပေမဲ့ ဝူဂျင်ဟာက မဖြုံသလိုပဲ သူ့ခြေထောက်ရှေ့ကို ကျလာတဲ့ ဘလောက်စ်အင်္ကျီကို ကောက်ယူပြီး ကျွန်မဆီကို ကမ်းပေးခဲ့တယ်။
နောက်ဆုံး တံခါးအရှေ့မှာ နေရာလွတ်သွားတော့ ကျွန်မလည်း မြန်မြန်လျှောက်သွားပြီး အဝတ်လဲခန်းထဲကနေ ထွက်သွားဖို့ပြင်လိုက်တယ်။
ဒါပေမဲ့ သူက ကျွန်မရဲ့ခါးကို ဖမ်းဆွဲခဲ့တယ်။ ကျွန်မ သူဆွဲယူတာကို ခံလိုက်ရပြီး တံခါးနဲ့ ပိုနီးသွားပေမဲ့ အပြင်ကို မထွက်နိုင်ခဲ့ပါဘူး။ နားပန်လေးကို ဖိကိုက်ရင်း သူက ကြမ်းရှရှအသက်ရှူသံနဲ့ တီးတိုးပြောခဲ့တယ်။
“ဒီနေ့ စိတ်က နည်းနည်း ချီးလိုဖြစ်နေလို့ နားမထောင်ချင်ဘူး။”
“ဘာကိစ္စရှိလို့၊ ခဏလေး၊ ဒါကို တစ်ချက်လွှတ်ပြီး…”
ကျွန်မခန္ဓာကိုယ်ကို တံခါးနဲ့ဖိကပ်ပြီး အရှေ့ကို ဆွဲလှည့်ခဲ့တယ်။ နှုတ်ခမ်းချင်း ကြမ်းကြမ်းတမ်းတမ်း ထိစပ်တေ့ဆိုင်သွားကြတယ်။ တစ်ချိန်တည်းမှာပဲ သူ့ရဲ့လက်က ကျွန်မရဲ့ ဘရာအုံထဲကို ဝင်လာပြီး မာတောင်နေတဲ့ လိင်တံက ကျွန်မရဲ့ဝမ်းဗိုက်မှာ ထောက်လို့ပေါ့။ သူ အခုကတည်းက မာနေတယ်ဆိုတာကို ယုံတောင်မယုံနိုင်ပါဘူး။
တင်ပါးကို တင်းတင်းကျပ်ကျပ် ချုပ်ကိုင်ထားတဲ့အားက ဇွတ်တရွတ်ဆန်လှပါတယ်။ ကျွန်မ သူ့ကို တွန်းဖယ်ဖို့ ကြိုးပမ်းတာကိုတောင် ဘာမှမဟုတ်သလိုဖြစ်သွားအောင် လုပ်နိုင်တဲ့ အတိုင်းအတာအထိပါပဲ။
အခု လုပ်ရင်းလုပ်ရင်းနဲ့ တံခါးမှာ မှီရပ်ရင်း ဒီလုပ်ရပ်ကို လုပ်တဲ့အထိတောင် ဖြစ်လာပါပြီ။ ကျွန်မအပေါ်မှာ ဘယ်လောက်အထိ လေးစားမှုမရှိသလဲဆိုတာ ကြည့်ပါတော့…ကျွန်မ အံတင်းတင်းကြိတ်ရင်း ရုန်းကန်နေတာကို ရပ်လိုက်တယ်။ နောက်ဆုံးမှာ ဝူဂျင်ဟာ လိုချင်တဲ့အတိုင်း sex လုပ်ဖြစ်သွားမှာမို့လို့ပါ။ ကျွန်မလက်ကနေ အားလျော့သွားချိန်မှာ သူ့ရဲ့လက်ချုပ်ကိုင်အားကလည်း နည်းနည်း အားလျော့လာခဲ့တယ်။ ဟာကွက်ကို ခံစားမိလိုက်တဲ့ ကျွန်မလည်း ကိုယ်တိုင်တောင်သတိမထားဘဲ သူ့ဆီကနေ ဖယ်ခွာဖို့ ကြိုးစားလိုက်ပေမဲ့ အပြည့်အဝ အကောင်အထည်မဖော်နိုင်ဘဲ အင်မတန် နီးကပ်နေတဲ့ ခန္ဓာကိုယ်ကိုသာ ဟတယ်ဆိုရုံလေး ခွာနိုင်လိုက်ပါတယ်။
သူက ခါးအနောက်ကနေ တင်းတင်းကျပ်ကျပ် အားနဲ့ချုပ်ကိုင်ထားမဲ့အစား နောက်လက်တစ်ဖက်နဲ့ ကျွန်မရဲ့ လက်ကောက်ဝတ်ကို ဆုပ်ကိုင်ပြီး ဆွဲယူခဲ့တယ်။ သူ့ဘောင်းဘီထဲ ကျွန်မလက်ကို ကိုင်ထားရင်း ဝင်သွားတဲ့ သူ့ရဲ့ လက်ကြီးက ကျွန်မလက်ကိုချုပ်ပြီး လိင်တံကို ဆုပ်ကိုင်စေခဲ့တယ်။ သူ့ရဲ့လိင်တံက ကျွန်မလက်တစ်ဖက်တည်းနဲ့ အပြည့်အဝ ဆုပ်ကိုင်လို့မမိလောက်အောင် တုတ်ခိုင်လှပါတယ်။ သူ့လှုပ်ရှားမှုအတိုင်း ကျွန်မလက်က လိင်တံကို အလျားလိုက် ပွတ်သပ်မိတော့ တဆတ်ဆတ် တုန်နေတာကို ခံစားလိုက်ရတယ်။
ကျွန်မက ‘ဒီလောက်လေးပဲလုပ်မှာပေါ့လေ’ ဆိုတဲ့ သဘောနဲ့ လှောင်ပြုံးပြုံးသလို မျက်နှာထားမျိုးလုပ်ပြီး သူ့ကို ကြည့်လိုက်တယ်။ ဝူဂျင်ဟာက လှောင်ပြုံးပြုံးနေတဲ့ နှုတ်ခမ်းကို တည်ငြိမ်စွာနမ်းပြီး တောင်းပန်ခဲ့တယ်။
“အခုအထိ အထဲမှာထည့်ဆောင့်လို့ မဖြစ်သေးတာကို မေ့သွားတော့မလို့။ ဆောရီး။”
အထဲမှာထည့်ဆောင့်မယ်တဲ့လား၊ သူနဲ့လုပ်ခဲ့သမျှ မရေမတွက်နိုင်အောင် များပြားလှတဲ့ ပတ်သက်မှုတွေထဲမှာ အဲ့ဒီလောက် ပွင့်လင်းပြီးတဲ့တိုးဆန်တဲ့စကားကို ကြားရတာ ပထမဆုံးအကြိမ်ပါပဲ။ ကျွန်မက ဒေါသကြောင့်ဖြစ်လာတဲ့ ခေါင်းမာမှုနဲ့ ပြုံးရင်း ပြန်ပြောလိုက်တယ်။
“အထဲမှာလုပ်လည်း ကိစ္စမရှိပါဘူး။”
“ထိခိုက်သွားမှာကို မလိုချင်လို့။”
“အဲ့ဒါကြောင့် ကိစ္စမရှိဘူးလို့။”
ဝူဂျင်ဟာက ဖြစ်ချင်ဖြစ် သူပြောခဲ့တဲ့စကားအတိုင်း ကျွန်မအထဲကို ဆောင့်သွင်းပြီးတော့ ကျွန်မကို ဖြစ်ချင်ရာဖြစ် သဘောထားပြီး ဆက်ဆံသင့်တာပါ။ အဲ့ဒီလိုမျက်လုံးတွေနဲ့ ကျွန်မကို ကြည့်နေတာမျိုး မဟုတ်ဘဲနဲ့ပေါ့။
“တစ်လနဲ့ မဖြစ်သေးဘူး။”
“ရပါတယ်ဆို။ ကိုယ်ဝန်ထပ်ရမှာမဟုတ်လို့။”
သူက အေးစက်တဲ့မျက်လုံးတွေနဲ့ ငုံ့မိုးကြည့်လာတာကို ခံစားလိုက်ရတယ်။
ဒီစကားက ဘာဖြစ်လို့ သူ့ကို ဒေါသထွက်သွားစေမှန်း မသိပေမဲ့ သူ့ရဲ့ စုစည်းတည်ငြိမ်မှု ပျောက်သွားတာကိုတော့ ကျေနပ်မိပါတယ်။ ကျွန်မက ဝူဂျင်ဟာ လှုပ်ရှားနေတဲ့အတိုင်း သူ့အရာကို တင်းတင်းဆုပ်ကိုင်ရင်း သူနဲ့ မျက်လုံးချင်းဆုံအောင် ကြည့်လိုက်တယ်။ ဒီလိုအရာမျိုးလေးကြောင့်လည်း ညည်းသံထွက်လာတဲ့လူကိုပေါ့။
ကျွန်မ သူ ဖီးလ်တက်နေတာကို အံ့ပါရဲ့ဆိုတဲ့သဘောနဲ့ ခနဲ့ပြုံးပြုံးရင်း ပြောလိုက်တယ်။
“ဒီလိုဖြစ်နေမယ်ဆိုရင် ဒီအတိုင်း လုပ်လိုက်ပါ။”
“မင်း ကိုယ်ဝန်ထပ်ရမှာ၊ ဟီဂျူရဲ့။”
ဝူဂျင်ဟာက ကျွန်မမျက်လုံးထဲကို တည့်တည့်စိုက်ကြည့်ပြီး လေးလေးလံလံ ကြမ်းကြမ်းတမ်းတမ်း အသက်ရှူရင်း ပြောခဲ့တယ်။ ကျွန်မလက်နဲ့ အာသာဖြေနေတဲ့ ခင်ပွန်းဖြစ်သူရဲ့ မေးရိုးက ပိုပြီးတော့ ထင်ရှားပေါ်လွင်လာပြီး ချောမွတ်စွာ ဆွဲဆောင်မှုရှိတဲ့ မျက်နှာက ရုတ်တရက် ရမ္မက်အရှိန်တက်လာပါပြီ။ တစ်ချိန်တည်းမှာပဲ ပင့်သက်တွေကလည်း ပူပြင်းလာတော့တယ်။ အဲ့ဒီလိုဆိုပေမဲ့လည်း ခံစားချက်ကင်းမဲ့နေတဲ့စိတ်က မေးခဲ့မိတယ်။
“ဒီတော့ တင်းခံထားမလို့လား။ ကျွန်မလိုမိန်းမကို ရှင့်ကလေးမွေးရအောင် လုပ်မယ်ပေါ့လေ။”
သူက အပေါ်တက်သွားတဲ့ ဘရာစီယာအောက်မှာ ထွက်နေတဲ့ ရင်သားတွေကို အကုန်လုံးထွက်လာအောင် ဆုပ်ကိုင်ယူထုတ်ပြီးတော့ ညစ်ကျယ်ကျယ် ရယ်ခဲ့တယ်။
“မြင်တဲ့အတိုင်း လုံးဝ တင်းမခံဘဲ နေနေတာကို…”
“အာ၊ ဒါဆို ကျွန်မလက်ကို ခဏငှားသုံးရုံပဲပေါ့။”
“မင်းလက်က လျှော့ပေးသွားမှာမို့လို့။”
“ရွံစရာ။”
“Sex ဆိုတာ နဂိုကတည်းက ရွံစရာပဲလေ။”
မထီတရီ ကြည့်နေတာတောင်မှ ဝူဂျင်ဟာက ကျွန်မရင်သားပေါ်က ထိပ်သီးလေးတွေကို လှိမ့်ခြေရင်း ရယ်ခဲ့တယ်။
“ငါတို့တွေ အခုအထိ လုပ်ခဲ့ကြတဲ့ ရွံစရာကိစ္စတွေကို တွေးကြည့်စမ်းပါ။”
“မတွေးပါဘူး။”
ဝူဂျင်ဟာက ပြန်မပြောဘဲ ကျွန်မရဲ့ အောက်နှုတ်ခမ်းကို မြှူဆွယ်ပြီး ကိုက်တော့မလိုမျိုး ငုံ့ကိုင်းလာပြီးတော့ မျက်ခွံတွေကို မှေးစင်းခဲ့တယ်။
မျက်လုံးဖွင့်ထားချိန်မှာ စူးရှပြီး တိကျပြတ်သားပေမဲ့ ဒီလိုမျိုး မှိတ်ထားလိုက်ရင် နူးညံ့ပြီး အားနည်းပျော့ညံ့တဲ့အကြည့်ကို အထဲမှာ ဖုံးဖိကွယ်ဝှက်ထားသလို ထင်ယောင်ထင်မှားပုံရိပ်ကို ဖန်တီးပေးနေတယ်လေ။
တစ်ချိန်ကတော့ အဲ့ဒီအနှစ်ကို ပိုင်ဆိုင်နိုင်လိမ့်မယ်ဆိုပြီး တွေးခဲ့ဖူးပေမဲ့ ကျွန်မသိတာက အခုအထိလည်း သူ့ရဲ့အပြင်ပန်းပုံစံအပြင် မရှိပါဘူး။
အပူဓာတ်က ကျွန်မလက်ကို ကူးစက်လာခဲ့တယ်။ မြန်မြန်နဲ့ ပူနွေးစွာ ပွတ်နေတဲ့ လက်နှစ်ဖက်ထဲမှာ နောက်ဆုံးတော့ ဝူဂျင်ဟာတစ်ယောက် ပြီးမြောက်သွားခဲ့တယ်။
သုက်ရည်တွေ ပေကျံနေတဲ့ကျွန်မရဲ့လက်ကိုကိုင်ရင်း လိင်တံတစ်လျှောက် တကယ့်ကို ဖြည်းဖြည်းချင်းပွတ်ဆွဲသွားရာက နောက်ဆုံးတစ်ခေါက် အပေါ်ကို ပြန်ပွတ်ဆွဲသွားပြီး ဝူဂျင်ဟာက နောက်ဆုံးမှာ ကျွန်မလက်ကို လွှတ်ပေးခဲ့တယ်။ ရင်းနှီးနေတဲ့အနံ့က ချက်ချင်းပဲ ကျွန်မကို လာရောက်ရိုက်ခတ်ပါတော့တယ်။ သူ့ကို တွန်းဖယ်ပစ်ဖို့ လုပ်လိုက်ပေမဲ့ သူက ကျွန်မခါးကို ထိန်းထားတဲ့ သန့်ရှင်းတဲ့လက်နဲ့ ကျွန်မကို ဖွဖွလေး ဖက်ထားခဲ့တယ်။
ရေချိုးခန်းဆီသွားမှာ သေချာနေပြီး ကျွန်မရဲ့အောက်ပိုင်းမှာ စိုနေတာကို မိသွားမှာစိုးတာကြောင့် ကျွန်မလည်း သူ့ကို အကြောက်အကန် တွန်းဖယ်မိတော့တယ်။ သူက အကုန်သိနေသလိုမျိုး ရယ်ရုံသာရယ်နေခဲ့တာပါ။
စိတ်တိုတိုနဲ့ ကျွန်မလည်း သုက်ရည်တွေ ပေနေတဲ့လက်နဲ့ သူ့ရဲ့ဦးခေါင်းအနောက်ခြမ်းကို ထိုးဖွရင်း ကြံ့ခိုင်တောင့်တင်းတဲ့ ကုပ်ပိုးအထိပါ အဲ့ဒါတွေနဲ့ ပွတ်ပစ်လိုက်တယ်။ သူက ရှောင်ဖယ်ဖို့အရိပ်အယောင်မရှိဘဲ ကျွန်မကိုသာ နမ်းခဲ့တယ်။ ပြီးတော့ ကျွန်မကို ဘေစင်နဲ့ဆက်နေတဲ့ စကျင်ကျောင်ကောင်တာပေါ် တင်ခဲ့တယ်။
အဲ့ဒီနောက် သုက်ရည်တွေပေနေတဲ့လက်နဲ့ စကတ်ထဲက ပန်တီကို ချွတ်ပါတော့တယ်။ ယောနိအပြင်နှုတ်ခမ်းကို အသာလေးပွတ်လိုက်တဲ့လက်က အဝင်ဝလေးကို သုက်ရည်တွေပေကျံသွားအောင်လုပ်သလိုမျိုး ပွတ်ခဲ့တယ်။ အထဲမထည့်ဘူးလို့ပြောပေမဲ့ ရည်ရွယ်ချက်က ရှင်းလင်းသိသာလှပါတယ်။ ကိုယ်ဝန်နဲ့ပတ်သက်ပြီး စိတ်ပြောင်းမှာမဟုတ်ဘူးဆိုတဲ့ အဖြေပါ။
“မင်း ငါ့ဟာကိုင်ရုံနဲ့တင် စိုနေပြီလေ။ ထိပ်ဖျားလေးကိုက်ရရုံနဲ့ အရည်ထွက်နေတာကို။”
“ဟင်း…အင်း…”
“ဒီခန္ဓာကိုယ်နဲ့ ဘယ်များသွားဦးမလို့လဲ၊ မင်းက။”
ခြေတံတွေ အကျယ်ကြီးကားသွားပြီး ဆွဲပင့်ခံလိုက်ရတော့တယ်။ ဝူဂျင်ဟာက တည်ငြိမ်အေးဆေးစွာပဲ လက်တစ်ဖက်နဲ့ ကျွန်မကို ဖက်ထားတဲ့အတိုင်း နောက်လက်တစ်ဖက်ကို ဘေစင်ဆီ ဆန့်တန်းဆေးကြောလိုက်ပြီး သန့်ရှင်းသွားတဲ့ လက်ချောင်းကို အသာလေး အထဲသွင်းခဲ့တယ်။ စိုနေပြီးသား အတွင်းသားတွေက ရင်းနှီးအသားကျစွာပဲ အဲ့ဒါကို လက်ခံခဲ့ပါတယ်။
ဝူဂျင်ဟာက ကျွန်မခေါင်းထဲမှာရှိသမျှ အတွေးတိုင်းကို ဖျက်ဆီးပစ်ချင်နေတာ ကျိန်းသေပါပဲ။ အခု နည်းနည်းပိုပြီးတော့ သေချာလာပါပြီ။ လုပ်လို့ရသမျှ ဘာမဆိုအကုန်လုပ်…သူ့ရဲ့ ခပ်တိမ်တိမ် ဆင်ခြင်တုံတရားကြောင့် ကျွန်မကို တကယ်ဖျက်ဆီးဖို့ဆိုတာကိုပဲ ဖယ်ထားပြီးတော့လေ။
ကျွန်မက သူ့ပခုံးကိုကျော်ပြီး နံရံကိုစိုက်ကြည့်ရင်း သူ့ရဲ့စောင့်ကြည့်မှုတွေကြားထဲကနေ ဘယ်တော့လောက် ယောက္ခမကိုသွားတွေ့ရင် ကွက်တိအဆင်ပြေမလဲလို့ တွေးလိုက်တယ်။ သူ့ရဲ့ လှုပ်ရှားမှုတွေအတိုင်း ညစ်ညစ်ညမ်းညမ်း ညည်းသံတွေထွက်နေရင်းနဲ့ပေါ့။
****
Translated by D