Chapter 3
ကြာသည်လည်းနှောင်း…နွေသည်လည်းဟောင်း
အခန်း ၃ (အပိုင်း ၂)
အခုလောလောဆယ်မှာ နည်းနည်းလေး နားမလည်နိုင်ဖြစ်နေရုံပါ။ မထင်မှတ်ဘဲ အထင်သေးခဲ့တဲ့ မိန်းမဆီကနေ နောက်စေ့ ဖြတ်ရိုက်ခံခဲ့ရတာမဟုတ်လား။ အဲ့ဒီအပေါ်မှာမှ ထူးဆန်းတဲ့ စာနာစိတ်လေး ခံစားမိတယ်ထင်ပါရဲ့။ ကလေးအပေါ်မှာလည်း သမားရိုးကျ အပြစ်မကင်းစိတ်လေး နည်းနည်းလောက် ခံစားမိချင်ခံစားမိမှာပေါ့။
ဘာတွေပဲဖြစ်ဖြစ် သူ့အတွက် ဘယ်လောက်တောင် ဟန်ကျသွားလိုက်မလဲဆိုတာကို စကားနဲ့တောင် ဖော်ပြလို့ရနိုင်မှာမဟုတ်ပါဘူး။ ကျွန်မတို့အတွက် အချိန်လေးနည်းနည်းလောက် ထပ်ပြီးလိုအပ်ရုံပဲလို့သာ တွေးလိုက်မိတယ်။ အဲ့ဒီလောက်ပါပဲ။
နောက်ဆုံးတော့ အနှေးနဲ့အမြန် ဖြစ်သွားမှာပါ။ အဲ့ဒီအချိန်ရောက်ရင် ဘာမှမဖြစ်ခဲ့သလိုမျိုး သူလည်း သတိပြန်ဝင်လာပြီး တစ်ချက် အမှားလုပ်မိသွားတယ်လို့ ပြောမှာပေါ့။ ဟာအွန်းဒယ်မှာ အဲ့ဒီနေ့ မနက်တုန်းကလိုမျိုးလေ။
မနေ့ညက ကိစ္စကို ပြန်တွေးလိုက်တော့ မလိုအပ်ဘဲ အဲ့ဒီခံစားချက်တွေကို သွားဆွနေတာထက် ဒီအတိုင်း အသာလေး စောင့်နေလိုက်တာက ပိုကောင်းလောက်ပါတယ်။ သူ လုပ်ချင်သလိုသာလုပ်ဆိုပြီးတော့လေ။ သတိပြန်ဝင်လာတဲ့အချိန်အထိပေါ့။
ဒါပေမဲ့ သံလိုမျိုး မောက်မာပြီး ကြံ့ကြံ့ခံတဲ့စိတ်ကို ထိခိုက်အောင်လုပ်ပြီးတော့ သာယာချင်မိတဲ့အတွေးကလည်း ခေါင်းထောင်လာခဲ့တယ်။ မုန်းလွန်းလို့ သည်းမခံနိုင်ဘူးဆိုပြီး အော်ပစ်ချင်မိတယ်။ အလိမ်အညာစကားဖြစ်နေရင်တောင်မှလေ။
အဲ့ဒီလိုဆိုပေမဲ့လည်း နောက်ဆုံးတော့ ဘာပဲဖြစ်ဖြစ် အားလုံးက စိတ်ကူးလေးပါပဲ။ မကောင်းတာကိုလည်း မလုပ်နိုင်သလို အသာလေး ငြိမ်ငြိမ်ကုပ်ကုပ် နေဖို့ကိုလည်း မတတ်နိုင်ခဲ့ပါဘူး။ ထုံးစံအတိုင်း ခေါင်းမာလို့၊ ထုံးစံအတိုင်း လက်တွေ့ကျလို့။
ထုံးစံအတိုင်း ရှင်းဟီဂျူ ပီသလို့ပေါ့။
“အာ၊ ပြီးတော့ ဒီနေ့ အလုပ်မသွားဘူး။”
“…”
ကျွန်မက သူ့ရဲ့နောက်စေ့မှာပါ မျက်လုံးတွေပါနေသလိုမျိုး သူ့ကို စိန်းစိန်းဝါးဝါး စိုက်ကြည့်လိုက်တယ်။
“တစ်နေကုန် အိမ်မှာရှိနေမှာမို့လို့ သည်းခံကြည့်။”
“ဂျင်ဟာ။”
“ထွက်ပြေးတဲ့အတွက် အပြစ်ပေးတာ။”
ဒီတော့ အရှေ့ကနေ စောင့်ကြည့်ထောက်လှမ်းမယ်လို့ ပြောနေတာပေါ့။
အဓိပ္ပာယ်မရှိ၊ ရူးမိုက်လှတာကြောင့် သူ့ပါးစပ်ကနေ ထွက်လာတယ်ဆိုတာကို မယုံနိုင်လို့ ကျွန်မလည်း ကိုယ်တိုင်တောင် သတိမထားမိဘဲ ရယ်မိတော့တယ်။
“ထွက်မပြေးပါဘူး။ မနေ့က အဲ့ဒီလိုမျိုး လိုက်လာတာပဲမဟုတ်လား။”
“မင်းသာဆိုရင်ရော မင်းကိုယ်မင်း ယုံပါ့မလား။”
“ယုံချင်ယုံ မယုံချင်နေ ကျွန်မသာ ဂျင်ဟာဆိုရင် အဲ့ဒီလိုမျိုး အချိန်ဖြုန်းနေမှာမဟုတ်ဘူး။”
ဝူဂျင်ဟာက ကျွန်မ နားချတာကို အဖတ်မလုပ်ဘဲ မနက်စာကို မြန်မြန်ပြင်လိုက်တယ်။ ကျွန်မကို အတင်းပဲ နေရာမှာ ထိုင်စေခဲ့တယ်။ ကြက်ဥမွှေကြော်က ကျွန်မ ကြက်ဥနံ့ရရုံနဲ့ ပျို့ချင်အန်ချင်ဖြစ်တတ်တဲ့ လွန်ခဲ့တဲ့နှစ်လတုန်းကလိုမျိုး နည်းနည်း အန်ချင်စရာကောင်းနေဆဲပါ။
ဒီခန္ဓာကိုယ်က အခုထိ ဗိုက်ကြီးနာထနေသလိုမျိုး တုံ့ပြန်နေဆဲဆိုတာ မယုံနိုင်စရာပါပဲ။ ကျွန်မ ပေါင်မုန့်မီးကင်ကို တစ်ကိုက်နှစ်ကိုက်စားပြီး ချထားလိုက်တယ်။
ချက်ချင်းစားလို့ပြီးသွားတာကို သတိထားမိသွားလားမသိ၊ ဝူဂျင်ဟာက မျက်မှောင်ကြုတ်သွားခဲ့တယ်။
“နည်းနည်းထပ်စားလိုက်ဦး။”
“မစားနိုင်တော့ဘူး။”
“အဆာခံပြီး သေမလို့လား။”
“အဲ့ဒီလို အစီအစဉ်မရှိပေမဲ့ အခုလောလောဆယ်တော့ ဒါစားမဲ့အစား သေလိုက်ချင်တယ်။ ဗိုက်ကြီးနာစဖြစ်ကတည်းက ကြက်ဥကို မစားနိုင်ခဲ့တာပါ။”
“…”
“အခုထိလည်း အဲ့ဒီလိုဖြစ်နေတုန်းပါပဲ။”
သူက ဘဝမှာ ပထမဆုံးကြားဖူးတဲ့ စကားလိုမျိုး တစ်ချက်လေး အံ့ဩတဲ့မျက်နှာထားမျိုး ဖြစ်သွားပြီးမှ မျက်နှာပြန်တည်သွားခဲ့တယ်။
“မသိခဲ့ဘူး။”
သူအလုပ်ကပြန်လာတဲ့အခါ အရိပ်အကဲမသိဘဲ ကျွန်မရဲ့တစ်နေ့တာအကြောင်း တွတ်ထိုးပြီးပြောခဲ့ဖူးတဲ့ ခဏတာအချိန်လေး ရှိခဲ့ဖူးပါတယ်။ ကျွန်မက သူ့ကို စားသောက်ဆိုင်မှာ ဝေးဝေးကနေ ဖြတ်သန်းသွားတဲ့ ကြက်ဥလိပ်အနံ့လေးပဲ ရလိုက်ရင်တောင်မှ စားထားသမျှ အကုန်ပြန်အန်ထွက်တဲ့အကြောင်းကို ရယ်စရာအကြောင်းအရာလေးလိုမျိုး ပြောပြခဲ့တာလေ။ ကျွန်မ အကြိုက်ဆုံးက ကြက်ဥဆိုတော့ ဒီလောက် ဝမ်းနည်းစရာကောင်းတာမျိုးဖြစ်လာတာ ယုံတောင်မယုံနိုင်ဘူးလို့ ပြောရင်းနဲ့ပေါ့။ အသာလေး နားထောင်နေခဲ့တဲ့ သူက လိုချင်တာဆိုလို့ ကျွန်မရဲ့ခန္ဓာကိုယ်တစ်ခုတည်းအပြင် မရှိသလိုမျိုး ကျွန်မဆီကို နွားသိုးကြိုးပြတ်ပြေးဝင်မလာခင်အထိပဲဆိုပါတော့။
အဲ့ဒီလိုနေ့ရက်မျိုးတွေ တော်တော်များများရှိခဲ့ပါတယ်။ အဲ့ဒီလိုနဲ့ တစ်နေ့မှာ ဘာစကားမှပြောမနေတော့ဘဲ သူ နွားသိုးကြိုးပြတ်ဝင်လာမှာကိုသာ စောင့်နေလိုက်ပါတော့တယ်။ ကျွန်မတို့တွေ sex ပဲ လုပ်ခဲ့ကြတာလေ။ သူနဲ့ sex လုပ်ရတာကို ကြိုက်ပေမဲ့ ကြိုက်တယ်ဆိုတာထက် လက်ထပ်ပြီးကတည်းက သူနဲ့ အတူတူလုပ်လို့ရတာဆိုလို့ အဲ့ဒီတစ်ခုအပြင် မရှိတာကြောင့်ပါ။
ကျိန်းသေပေါက် သူ ကျွန်မအထဲကို သတိထားပြီး တိုးဝင်လာတဲ့အခိုက်အတန့်လေးတွေကိုလည်း ကြိုက်တာပေါ့။ ကိုယ်ဝန်ရှိကြောင်း သိပြီးသွားတဲ့နောက်ပိုင်းမှာ တကယ့် ဟုတ်တိပတ်တိ sex မျိုး မလုပ်ဖြစ်ခဲ့ကြလို့လေ။
အထဲထိုးသွင်းတဲ့အဆင့်အထိ မရောက်စေဘဲ ပတ်သက်မှုတွေ အကြိမ်ကြိမ် လုပ်ဖြစ်ခဲ့ပြီး ကျွန်မက အဲ့ဒါကို နှမြောမိပေမဲ့ သာလည်းသာယာခဲ့မိပါတယ်။ ဒီအတိုင်း သူ့ဟာကို ကျွန်မကိုယ်ထဲထည့်ပြီး ပြီးလိုက်ရုံပဲ မလုပ်ခဲ့တဲ့တာကြောင့် ကျွန်မကိုတွေးပေးပြီး အလေးထားတယ် ထင်ခဲ့မိလို့။ ဆက်တိုက် ကိုက်လိုက်၊ စုပ်လိုက်လုပ်ခဲ့တာကို ဒါဟာအကြင်နာပဲဖြစ်လေမလားလို့ ထင်ခဲ့မိလို့။
တစ်ဖက်ကလည်း ကိုယ်ဝန်ရအောင် လုပ်ရတဲ့အထိ ကျွန်မကို သဘောကျနေသလို ထင်ရတာမို့လို့။ အဲ့ဒီလိုတွေးလိုက်ရင် ပျော်လွန်းလို့ သူ့အတွက် ဘာမဆို လုပ်ပေးနိုင်ခဲ့ပါတယ်။
သူ ကျွန်မရဲ့အပြုအစုမှာ ကျေနပ်တယ်ဆိုရင် အဲ့ဒါက အကြီးအကျယ်ပဲ တန်ဖိုးရှိနေသလိုမျိုး ဂုဏ်ယူမိခဲ့တယ်လေ။ ဒီအိမ်ထောင်ရေးအတွက် စိတ်အေးမိသွားပြီး စိုးတထိတ်ထိတ်ဖြစ်နေတဲ့ ခံစားချက်တွေကို လွှတ်ချမိတော့တာပါပဲ။ ခင်ပွန်းဖြစ်သူရဲ့လိင်တံကို စုပ်ပေးရာကနေ ရလာတဲ့ စိတ်ချလုံခြုံမှုက ကျိန်းသေပေါက် တစ်ညတာမကုန်လွန်ခင်မှာ ပျောက်ကွယ်သွားမဲ့ ထင်ယောင်ထင်မှား ပုံရိပ်ယောင်တစ်ခုပါပဲ။
ကျွန်မက ကြောင့်ကြနေတဲ့စိတ်ကို ဖြည့်ဆည်းဖို့အတွက် ခြေတံတွေကိုကားပြီး ရင်သားတွေကို လှစ်ဟပြသရင်း ရူးမိုက်တဲ့လုပ်ရပ်တွေကို ထပ်ပြန်တလဲလဲ လုပ်ခဲ့မိတာပါ။ အဲ့ဒီအိပ်မက်လေးထဲမှာ ဆက်ပြီးနေချင်မိလို့လေ။
အဲ့ဒီလို ရူးရူးမိုက်မိုက်အိပ်မက်ကိုမက်ပြီး ခန္ဓာကိုယ်ကိုပေးခဲ့တဲ့ ကျွန်မက သူ့ရဲ့ကျောပြင်ကိုကြည့်ရင်း အလုပ်လုပ်ခဲ့တဲ့ ကုမ္ပဏီက ကျွန်မထက် ပိုသာတယ်ဆိုပြီးတော့ တစ်ချိန်က တွေးခဲ့ဖူးတာကို ယုံတောင်မယုံနိုင်ပါဘူး။
အခုတော့ ဘာကိုမှ မသိပါဘူးဆိုတဲ့ အဖြေကိုပဲ နားထောင်ရင်းနဲ့ပေါ့။
အဲ့ဒါက ပထမဆုံးအကြိမ် ကြားဖူးတဲ့စကား မဟုတ်ပေမဲ့ အဲ့ဒီအချက်ကို အလုပ်ရှုပ်ခံပြီး ပြောပြမနေတော့ပါဘူး။
ကျွန်မက ရှင့်အတွက် ဘာမှမဟုတ်ခဲ့ဘူးဆိုတာကို အသိပေးရတာက ကျွန်မအတွက် ပျော်စရာကိစ္စမှမဟုတ်ဘဲ။
“ကျွန်မ နည်းနည်းလောက် သန့်ရှင်းရေးလုပ်လိုက်ဦးမယ်။”
“ဟုတ်ပြီ။”
တစ်နေ့က အန်ထားတာကို မြင်ခဲ့လို့လားမသိ၊ သူက မကျေနပ်ပေမဲ့လည်း ကျွန်မ ထသွားတာကို မတားခဲ့ပါဘူး။
တစ်ညလုံး တစ်မှေးတောင်မအိပ်ရသေးတဲ့ ကျွန်မရဲ့ခန္ဓာကိုယ်က ပြင်းပြင်းထန်ထန် ပင်ပန်းနွမ်းနယ်နေပေမဲ့ အိပ်ငိုက်ခြင်း မရှိခဲ့ပါဘူး။ ဆေးအရှိန်တက်လာတာကြောင့် မနာတော့ဘဲ ထုံထုံထိုင်းထိုင်း ဖြစ်နေပေမဲ့ အိပ်ပျော်ဖို့ခက်မဲ့ပုံပါပဲ။
အိပ်လို့ရခဲ့ရင် သိတော့မှာမဟုတ်ပေမဲ့ နိုးကြားနေရင်း သူနဲ့ တစ်နေကုန်ရှိနေရမဲ့အဖြစ်ကို တွေးကြည့်လိုက်တော့ ဘာလုပ်လို့လုပ်ရမှန်းမသိ ဖြစ်ရပါတယ်။ ကျွန်မ ရေချိုးကြွေကန်ကို ရေစဖြည့်လိုက်တယ်။ အတတ်နိုင်ဆုံး အချိန်ဆွဲရင်းနဲ့ပေါ့။ ပြီးတော့ အဝတ်အစားတွေ ချွတ်ချင်စိတ်မရှိတာကြောင့် အဝတ်ဝတ်ထားလျက်နဲ့ပဲ ကြွေကန်ဘေးမှာ ထိုင်ချပြီး ရေချိုးကန်ပေါင်မှာ ခေါင်းလေးမှီထားလိုက်တယ်။
အဲ့ဒီလိုဆိုမှ ဘယ်တော့မှ ရေချိုးလို့ရမှာပါလိမ့်…ရေချိုးကန်ထဲ ရေတတောက်တောက်ကျသံတောင် ကြားနေရပြီကို ကျွန်မလည်း အလကားသက်သက် လိုက်တွေးမိတာပါပဲ။ အဲ့ဒီနောက် ဆေးအရှိန်ကြောင့် မတည်မငြိမ်ဖြစ်နေတဲ့စိတ်နဲ့ အကြမ်းဖျင်း ခန့်မှန်းလိုက်တယ်။ သွေးမဆင်းတော့ အဆင်ပြေလောက်တယ်ဆိုပြီးတော့ပေါ့။
အခု ချိုးလို့မဖြစ်သေးဘူးဆိုရင်တောင်မှ အဲ့ဒီအချက်ကို အတည်ပြုပြီး ရေချိုးလို့မရဖြစ်မှာကို မလိုချင်ပါဘူး။ ဘာပဲဖြစ်ဖြစ် ကိုယ့်စိတ်တိုင်းကျဖြစ်တဲ့အရာရယ်လို မရှိတော့ ထိခိုက်စေမဲ့အရာကိုပဲဖြစ်ဖြစ် လုပ်ချင်မိပါတယ်။ စိတ်ကျေနပ်မှု ပိစိလေးရဖို့အတွက်ပဲဖြစ်ဖြစ်ပေါ့။ အဲ့ဒါကြောင့် ဒီအတိုင်း မြန်မြန်လေး ရေထဲမှာ စိမ်ပြီးနေချင်လာခဲ့တယ်။ အဲ့ဒီထဲမှာ ပြန်ပြီးနိုးမလာတော့ရင်လည်း ကောင်းမဲ့ပုံပဲလေ….
အဲ့ဒီလိုနဲ့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့ပါတယ်။
မျက်လုံးပြန်ဖွင့်လိုက်တော့ ရေနွေးနွေးလေးထဲမှာ ရှိနေခဲ့တာပါ။ ဘယ်တုန်းက ရေချိုးကန်ထဲရောက်သွားမှန်း မမှတ်မိတာကြောင့် တစ်ချက်လေး ကြောင်နေတုန်းမှာ ကျွန်မရဲ့ကျောပြင်ကို ညင်ညင်သာသာလေး ပွတ်နေတဲ့လက်ကြောင့် နိုးသွားတော့တယ်။
သူက ရေချိုးကန် အပြင်ဘက်ကနေ ကိုယ်ကိုကိုင်းပြီး ကျွန်မကို သုတ်သင်ဆေးကြောပေးနေခဲ့တာပါ။ အခြေအနေကို သိပြီးတဲ့နောက်မှာလည်း နားမလည်နိုင်ဖြစ်ရတာက အရင်အတိုင်းပါပဲ။ ကျွန်မတို့တွေ ဒီလိုမျိုး အတူတူရေချိုးဖူးတာမျိုး အကြိမ်အနည်းငယ်ရှိပါတယ်။ အများစုက ကျွန်မမှာ ကိုယ်ဝန်ရှိနေမှန်း မသိသေးခင် လက်မထပ်ရသေးခင်တုန်းကဖြစ်ပြီး…အဲ့ဒီတုန်းက အခုနဲ့မတူတာဆိုရင် ဝူဂျင်ဟာကလည်း ရေချိုးကန်ထဲမှာ အတူတူထိုင်ခဲ့တာပဲရှိပါတယ်။ ကျိန်းသေပေါက် sex နဲ့ အဆုံးသတ်မဲ့နိဂုံးဆီ ဦးတည်ပြီးတော့ပေါ့။
ဒါပေမဲ့ အခုတော့ သူက လူမမာ ပြုစုနေတဲ့သူလိုပါပဲ။ အဲ့ဒါကြောင့် ကျွန်မက အဲ့ဒီအချက်ကို နားမလည်နိုင်ဖြစ်ခဲ့ရတယ်။ မျက်လုံးဖွင့်ကြည့်လိုက်ချိန်မှာ ဝတ်လစ်စားလစ်နဲ့ရှိနေတယ်ဆိုတဲ့ အချက်ထက်ကိုပိုပြီးတော့လေ။
“…ဘာလုပ်နေတာလဲ။”
“ဒီအတိုင်း အိပ်ရာထဲမှာ ပေးအိပ်မလို့ကို ရေချိုးချင်နေတဲ့ပုံပဲမို့လို့။”
“…အဲ့ဒီလို ပြုစုပေးတာကို လက်ခံရလောက်တဲ့အတိုင်းအတာအထိ မဟုတ်ပါဘူး။ လက်လွှတ်ပေးပါ။”
ကျွန်မစကားအတိုင်း ကျွန်မလက်မောင်းကို လွှတ်လိုက်တဲ့လက်က လျှောဆင်းလာသလိုမျိုး လက်မောင်းအတွင်းဘက်ကို ဆေးကြောသန့်စင်ပေးပြီး ရင်ဘတ်အောက်ကို သွားပါတော့တယ်။ ကျွန်မလည်း အလိုလို ဆတ်ခနဲတွန့်သွားပေမဲ့ သူက ကျန်တဲ့လက်တစ်ဖက်နဲ့ ရေထဲမှာရှိနေတဲ့ ကျွန်မရဲ့ခါးကို တင်းတင်းကျပ်ကျပ်ချုပ်ကိုင်ပြီး နေရာကနေ မရွေ့အောင် ထိန်းထားခဲ့တယ်။ မနည်းထွက်ပြေးလာခဲ့ရတာက ဒီနေရာလေးကို လွတ်လမ်းမရှိအောင် ချောင်ပိတ်ခံလိုက်ရသလိုပါပဲ။
သူက ကျွန်မ စိုးတထိတ်ထိတ် ဖြစ်နေတာကို တွေ့တာတောင်မှ ဒီအတိုင်း ကျွန်မခန္ဓာကိုယ်ကို အကြိုအကြားမကျန်အောင် ကြိုးစားပမ်းစား ဆေးကြောသန့်စင်ပေးခဲ့တယ်။ ခံစားတုံ့ပြန်နိုင်စွမ်းမြင့်တဲ့ နေရာတွေကိုပါ တခြားနေရာတွေနဲ့ ဘာမှမကွာသလိုမျိုး စိမ်ပြေနပြေ ဆေးကြောပေးရင်းနဲ့ပေါ့။
ရေချိုးခန်းသုံးရေမြှုပ်ဖတ်က ယောနိကိုလာထိတော့ ယားကျိကျိဖြစ်ရပါတယ်။ အကျင့်ပါနေသလိုမျိုး အတွင်းသားတွေ တင်းသွားတာက ရှက်စရာပါပဲ။ သူများရိပ်မိသွားမလားလို့ ကြောက်မိခဲ့တယ်လေ။ ကျွန်မက အားမပါစွာနဲ့ သူ့လက်မောင်းကို ဆွဲဖမ်းလိုက်တယ်။
“ဂျင်ဟာ။”
“ဆေးကြောရမှာပေါ့၊ သန့်သန့်ရှင်းရှင်းလေး။”
“ဒီလိုလုပ်ပေးစရာ မလိုတာမို့လို့…”
“….မင်းက လိုချင်တယ်ဆိုရင် နားထောင်ချင်ပေမဲ့ ဒီလိုမျိုး မလုပ်နဲ့လို့ တောင်းဆိုတော့ လုပ်ချင်တယ်….”
“…”
“ငါ တစ်ခါတလေကျရင် မင်းကိုကြည့်ပြီး ဘယ်လိုလုပ်ရကောင်းမလဲမသိဘူး။”
ရှင့်ကိုကြည့်ပြီး ဘယ်လိုလုပ်ရကောင်းမလဲမသိတဲ့သူက ကျွန်မပါ။ ရှင်က တကယ်တော့ ဘာမှမသိဘူးဆိုတာမျိုး မရှိတဲ့သူလေ။
သူက မျက်နှာကိုမဲ့လိုက်တယ်။
“ခေါင်းက ဘယ်လိုဖြစ်သွားပြီလဲမသိတော့ဘူး။ နှောင့်ယှက်ချင်ပြီး ငိုအောင်လုပ်ချင်ပေမဲ့ ရယ်လည်းရယ်စေချင်တယ်…”
“…အင့်…”
ရေမြှုပ်မဟုတ်ဘဲ လက်က ခြေတံတွေကြားထဲကနေ ပွတ်သပ်ရင်းအပေါ်ကိုတက်လာပြီးတော့ ဝမ်းဗိုက်အောက်ပိုင်းကို ပွေ့ဖက်လာခဲ့တယ်။ ဝူဂျင်ဟာက အဲ့ဒီအခိုက်အတန့်မှာ အလိုဆန္ဒကိုမချုပ်တည်းနိုင်တဲ့အလား ကျွန်မရဲ့နှုတ်ခမ်းတွေကို မျိုချသုံးဆောင်ခဲ့တာပါ။
ယောနိကို ထိတော့မတတ် ဝမ်းဗိုက်အောက်ပိုင်းကို ထိန်းထားတဲ့လက်ကနေ အန္တရာယ်ကို ခံစားမိနေရတယ်။ ကျွန်မက အဲ့ဒီလက်ကို လှုပ်ရှားလို့မရအောင် ချုပ်ကိုင်ထားရင်း နက်နက်ရှိုင်းရှိုင်း တွယ်ယှက်နေတဲ့လျှာကို လက်ခံခဲ့တယ်။ နွေးနွေးလေးနဲ့ အပူရှိန်တက်လာတဲ့ခေါင်းက တရိပ်ရိပ်မူးလာတော့တယ်။
အနမ်းက နက်ရှိုင်းပြီး တိုတောင်းလှပါတယ်။ အဲ့ဒါပြီးသွားတော့ သတိပေးခြင်းမရှိဘဲ ခန္ဓာကိုယ်က ရုတ်တရက် အပင့်ခံလိုက်ရပြီး ကျွန်မလည်း နွေးထွေးတဲ့ရေထဲကနေ ကြွတက်သွားခဲ့တယ်။ ပထမတော့ တြိဂံပုံရေချိုးကန်ရဲ့ အတွင်းဘက်ပေါင်အစွန်းမှာ တင်ပါးလေးတင်တယ်ဆိုရုံသာရှိခဲ့ပေမဲ့ အဲ့ဒီနောက်မှာ အပြည့်အဝ ထိုင်နိုင်လောက်တဲ့အထိ အနောက်ကို တွန်းပို့ခံလိုက်ရတော့တယ်။
အဲ့ဒီနောက် ဝူဂျင်ဟာက အဝတ်အစားတွေ ဝတ်ထားလျက်သားနဲ့ ရေချိုးကန်ထဲ ဝင်လာခဲ့တယ်။ ရေက ပြင်းပြင်းထန်ထန် ဘောင်ဘင်ခတ်သွားတော့တာပေါ့။ ရေချိုးကန်ထဲမှာရှိနေတဲ့ ရေတွေက လှိုင်းလေးတွေလိုမျိုး ကျွန်မဆီကို လိမ့်တက်လာခဲ့တယ်။ သူက ရေထဲမှာ ဒူးထောက်လိုက်တယ်။ တီရှပ်အဖြူရောင်က အောက်ကနေစပြီးတော့ တဖြည်းဖြည်းနဲ့ အပေါ်ကို စိုလာပြီး ထွားထွား တောင့်တောင့် ခန္ဓာကိုယ်မှာ ကပ်သွားတော့တယ်။
သူက တစ်ဝက်ကားထားတဲ့ ကျွန်မရဲ့ ခြေတံတွေကြားမှာ ကျောပြင်ကျယ်ကိုကိုင်းပြီး ခေါင်းမော့လာခဲ့တယ်။ ခြေတံတွေကြားကနေ ပင့်ကြည့်နေတဲ့ အနက်ရောင်မျက်လုံးတွေနဲ့ ဆုံသွားခိုက်မှာ ကျွန်မရဲ့အောက်ပိုင်းက အကျင့်ပါနေသလိုမျိုး စိုလာပါတော့တယ်။ မွေးညင်းလေးတွေ ထောင်သွားတာတောင်မှ ကူကယ်ရာမဲ့တဲ့ ခံစားချက်မျိုးပါပဲ။
အဲ့ဒီအခိုက်အတန့်မှာ ကျွန်မရဲ့ခြေတံတွေက သူ့ရဲ့မျက်နှာရှေ့မှာ လုံးဝ ကားသွားပါတော့တယ်။
****
Translated by D