18+

Tailhook

0
Your Rating
Tailhook 0 (0)
6
Comments
Bookmark This

Tailhook(尾钩)

 

Status in COO: 47 Chapters + 1 Extra

 

Description—

 

သူတို့ရဲ့ဇာတ်လမ်းကတော့ sex မရောက်ခင် သုံးကြိမ်ချိန်းတွေ့ခဲ့ပြီး၊ လမ်းမခွဲခင် သုံးကြိမ် sex လုပ်ခဲ့ကာ၊ လက်မထပ်ခင် သုံးနှစ်လောက် တွဲခဲ့ကြတယ်။

 

လေယာဉ်မှူး x လေယာဉ်မှူး။

လေယာဉ်တင်သင်္ဘော အခြေစိုက် လေယာဉ်မှူးဟောင်း၊ လက်ရှိ မြို့ပြလေကြောင်း A320 လေယာဉ်များကို မောင်းနှင်နေသည့် စံပြအလုပ်သမား x A330 လေယာဉ်များကို မောင်းနှင်နေသည့် KLM တွင် အသက်အငယ်ဆုံး ကပ္ပတိန်။

ဘဝကို အပြုံးဖြင့် ရင်ဆိုင်သော ပြိုင်ပွဲဝင် x ဆင်ခြင်တုံတရားနှင့် ဖြောင့်မတ်သော ပြိုင်ပွဲဝင်

 

ကျိုးချီချန်း (周其琛) x လန်ဖုန်း (郎峰)

 

 

—ဖမ်းဆီးခြင်းချိတ်ဟုလည်း လူသိများသော tailhook သည် သယ်ဆောင်သည့်လေယာဉ်ပေါ်တွင် အရေးကြီးဆုံးအစိတ်အပိုင်းတစ်ခုဖြစ်သည်။ ဆင်းသက်သောအခါတွင် သယ်ဆောင်သူ၏ကုန်းပတ်တစ်လျှောက်တွင် ဆိုင်းငံ့ထားသောဖမ်းဆီးရမိသောဝါယာကြိုးပေါ်သို့ ကပ်လိုက်ခြင်းဖြင့် tailhook သည် ခုခံမှုကိုတိုးစေသည်။ သို့မှသာ လေကြောင်းလိုင်းသည် ပြေးလမ်းပေါ်၌ အချိန်တိုအတွင်း ဆင်းသက်နိုင်မည်ဖြစ်သည်။ တစ်ကမ္ဘာလုံးတွင် အဖွဲ့ဝင်များသည် ရေတပ်အခြေစိုက် လေယာဉ်မှူးများဖြစ်ကြသည့် အဖွဲ့အစည်းများကို Tailhook အဖွဲ့အစည်းများဟုခေါ်သည်။

 

ဤဝတ္ထုသည် ကျိုးချီချန်း၏ အတွေးအမြင်ဘက်မှ ဇာတ်လမ်းတစ်ပုဒ်ကို အဓိကအားဖြင့် ပြောပြမှာဖြစ်သည်။ အခြားဝတ္ထု “အမြင့်မီတာ 10,000 မှ ဆင်းသက်၍” (从万米高空降临)၏ Side Couple မှ ဆင်းသက်လာသည်။

 

1. 浪子:အိပ်ဖော်တစ်ယောက်မှ နောက်တစ်ယောက်သို့ပြောင်းပြီး ခြေမချနိုင်သော ယောင်္ကျား (ကျိုးချီချန်း/ ၃၂ နှစ်)

2. 君子:လူကြီးလူကောင်းပီသကာ အကျင့်စာရိတ္တကောင်းပြီး စိတ်ထားကောင်းမွန်သူ (လန်ဖုန်း/ ၂၉ နှစ်)

 

❗သတိပေးချက်: Reversible Couple လို့ပါတာကြောင့် MC နှစ်ယောက်မှာ Gong, Shou အတိအကျ ခွဲထားခြင်းမရှိပါဘူး။ တစ်ယောက်တစ်လှည့်စီ အထက်အောက်နေပါတယ်။ ဒီလို Seke type မျိုး မကြိုက်ပါက မဖတ်ပါနဲ့။❗

 

အသားကတော့ ရှယ်ပါပါတယ်🌚🌚🌚

 

❄️❄️❄️

 

Review 💜

 

ကျိုးချီချန်း x လန်ဖုန်း

 

သူတို့နှစ်ယောက်စတွေ့တာက “အမြင့်မီတာ ၁၀,၀၀၀ မှဆင်းသက်၍”ဝတ္ထုထဲမှာ အသေးစိတ်ပါတာဖြစ်ပြီး ဒီမှာက ချိန်းတွေ့နေကြပါပြီ။

 

အဲဒီဝတ္ထုထဲက အကျဉ်းချုပ်ကို ပြောပြပါ့မယ်။

 

လန်ဖုန်းက “အမြင့်မီတာ ၁၀,၀၀၀ မှဆင်းသက်၍”ထဲက Shou ဖြစ်သူ ဖန်းဟောက်ကို လိုက်တာ၊ ဖန်းဟောက်က သူမတွဲချင်ဘူးပြောပြီး လန်ဖုန်းနဲ့ မိတ်ဆက်ပေးဖို့ပြောထားတဲ့ ကျိုးချီချန်းနဲ့ ချိတ်ပေးလိုက်တာ။

 

ဒါပေမဲ့ ဖန်းဟောက်က လန်ဖုန်းကို ကျိုးကျီချန်းရဲ့ အကောင့်ပဲပေးလိုက်တာဖြစ်ပြီး လူကိုယ်တိုင်မိတ်ဆက်ပေးတာမဟုတ်ဘူး။

 

လန်ဖုန်းစရိုက်က လူကြီးလူကောင်းပီသသူဆိုတော့ တစ်ဖက်လူကို ဖုန်းထဲကနေ ချက်ချင်းကြီးချိန်းတွေ့ဖို့ ပြောတာက အဆင်မပြေဘူးလို့ တွေးခဲ့တာ။ အဲဒါနဲ့ ကျိုးကျီချန်းကို ဖန်းဟောက်ဘာကြိုက်တတ်လဲမေးပြီး ဖန်းဟောက်ကြိုက်တာကိုပြောပြတဲ့အတွက် ကျိုးကျီချန်းကို အပြင်မှာတစ်ခုခုကျွေးဖို့ ချိန်းတွေ့မယ်ဆိုပြီး တွေးထားခဲ့တာ။

 

ဒါပေမဲ့ စိတ်က လက်တစ်ဆစ်ဖြစ်ပြီး သူ့ကိုလာကျောရင် ငြိမ်မခံတဲ့ ကျိုးကျီချန်းကတော့ လန်ဖုန်းက ဖန်းဟောက်ကို လိုက်ချင်တာကြောင့် သူ့ကို တတိယဘီးအနေနဲ့ အသုံးချတယ်ထင်ပြီး လန်ဖုန်းက ချိန်းတွေ့ရအောင်လို့ ပြောတဲ့အခါ စိတ်ပေါက်ပေါက်နဲ့ လုံးဝငြင်းလိုက်ပြီး နှစ်ယောက်သား အချင်းချင်းတောင် တစ်ခါမှမမြင်ဖူးဘဲ အပိုင်း ၁ ဇာတ်သိမ်းသွားလေရဲ့။

 

ကျိုးကျီချန်းက သူ့ကို တတိယဘီးအနေနဲ့ အသုံးချတဲ့ကိစ္စကို ဖန်းဟောက်ဆီသွားပြောပြတော့ ဖန်းဟောက်က အားနာပြီး ကျိုးချီချန်းနဲ့ လန်ဖုန်းကို သူကိုယ်တိုင်ချိတ်ပေးမယ်တွေးပြီးတော့ သူ့မွေးနေ့မှာ လန်ဖုန်းကို တမင်ဖိတ်လိုက်တယ်။

 

လန်ဖုန်းက အပြည်ပြည်ဆိုင်ရာလေကြောင်းလောကမှာ အရမ်းနာမည်ကြီးတဲ့ လေယာဉ်မှူးပါ။ သူ့ကိုမသိတဲ့သူမရှိတာကြောင့် ကျိုးကျီချန်းက လန်ဖုန်းရုပ်ကိုသိပေမဲ့ လန်ဖုန်းကတော့ ကျိုးချီချန်းကို တစ်ခါမှမမြင်ဖူးပါဘူး။

 

ဖန်းဟောက်က လန်ဖုန်းကို ကျိုးချီချန်းနဲ့ မိတ်ဆက်ပေးချင်ပေမဲ့ လန်ဖုန်းကတော့ ကျိုးချီချန်းကို မြင်မြင်ချင်းကြွေသွားလေရဲ့။ အဲဒီလိုနဲ့ ဖန်းဟောက်ကောင်းမှုကြောင့် လန်ဖုန်းနဲ့ ကျိုးချီချန်းက အပိုင်း ၂ ဆက်ရန် ဖြစ်သွားခဲ့ပါတယ်။

 

နှစ်ယောက်သား အချင်းချင်း နားလည်မှုလွဲသွားမှန်း သဘောပေါက်သွားပြီး ဖန်းဟောက်အိမ်ရဲ့ဧည့်ခန်းမှာ first kiss ခြွေခဲ့ကြပါတယ်။

 

လက်ရှိဝတ္ထုထဲမှာ လန်ဖုန်းနဲ့ ကျိုးချီချန်းက တတိယမြောက်ချိန်းတွေ့တဲ့နေရာကနေ စထားတာဖြစ်ပါတယ်။

 

လန်ဖုန်းနဲ့ ကျိုးချီချန်းတို့က တကယ့်ကိုအစွန်းနှစ်ဖက်စရိုက်ရှိတဲ့ လူနှစ်ယောက်ပါ။

 

လန်ဖုန်း (လူကြီးလူကောင်းပီသတယ်၊ စိတ်ရှည်တယ်၊ နားလည်ပေးတယ်၊ လူတစ်ယောက်ကို အလေးအနက်ထားတယ်)

 

ကျိုးချီချန်း (ပေါ့ပျက်ပျက်နိုင်တယ်၊ စိတ်တိုလွယ်တယ်၊ ကိုယ့်ဘက်ကအတွေးကိုပဲ စဉ်းစားတတ်တယ်၊ ဘယ်အရာကိုမှ အလေးအနက်မထားဘူး)

 

“ကျိုးကျီချန်းရဲ့ဘဝမှာ ကံအကောင်းဆုံးကတော့ လန်ဖုန်းနဲ့တွေ့ခဲ့တာပဲ”

 

 

TK Team

 

 

Genre(s)
Tags(s)