Chapter 2
Chapter 2 (ပစ္စုပ္ပန်)
❛သည်စကားဟာ ထောင်ပေါင်းများစွာသော လှိုင်းလုံးများကို တွန်းထုတ်သော ကျောက်တုံးနှင့်တူသည်။ တိုက်လေယာဉ်က ထုတ်လွှတ်လိုက်သော tailhook ဟာ လန်ဖုန်း၏ နှလုံးသားကို ချိတ်ဆွဲထားသလိုပါပဲ။❜
***
ကျိုးချီချန်းသည် မြင်မြင်ချင်း ချောမောသည့်လူဟု သတ်မှတ်ခံရသော လူစားမျိုးမဟုတ်ဘူး။ သူက ဆွဲဆောင်မှုရှိသောလူဆိုတာ ကောင်လေးငယ်များပင် ဝန်ခံကြပေလိမ့်မည်။ သူသည် မျက်လုံးများပေါ်တွင် လွယ်ကူသည်ဟု ယူဆရပြီး ထူထဲသော မျက်ခုံးမွှေးအောက်မှ မျက်လုံးဝိုင်းဝိုင်းလေးများဖြင့် ပြုံးရယ်ခြင်းမရှိသည့်အခါ ရိုးရိုးရှင်းရှင်းလေး ဖြစ်နေသော်လည်း သူ(sex)လုပ်သောအခါတွင် အလွန်စွဲဆောင်မှုရှိလိမ့်မည်။ လူတွေကို ဆွဲတောင်နိုင်သည့် သူ့အပိုင်းက သူ့မျက်နှာမဟုတ်ဘူး။ သူက ပေါ့ပေါ့ပါးပါးနှင့် ပျော်ပျော်နေတာကြိုက်ပြီး (sex)လုပ်နည်းကို သိသည်။ သူ့တွင် သူငယ်ချင်းများစွာရှိပြီး သူသွားလေရာတိုင်းတွင် အာရုံစူးစိုက်မှု ပေးနိုင်သည်။ သူ့ကုမ္ပဏီမှာရှိသူများကနေ အခြားလေကြောင်းလိုင်းများအထိ၊ ပြီးတော့ လေကြောင်းဝန်ထမ်းများအထိ— တရှင်း၊ ပေကျင်းမှာ သူအလုပ်လုပ်တာ တစ်နှစ်ကြာပြီးနောက် လူတိုင်းက သူ့ကို သိကြသည်။
ယခုတော့ တရှင်းလေဆိပ်ရှိ လူစည်ကားသော Terminal 3 တွင် ကျိုးချီချန်းသည် Starbucks ရှေ့မှာ ကော်ဖီတစ်ခွက်သောက်နေသည်။ သူရောက်နေသည့် ငါးမိနစ်အတွင်းမှာပဲ လူခြောက်ယောက်က သူ့ကို မှတ်မိပြီး နှုတ်ဆက်ခဲ့သည်။ စစ်တပ်ကနေ မြို့ပြလေကြောင်း၊ ရေတပ်ကနေ ဟိုင်နန်လေကြောင်းလိုင်းကို ပြောင်းရွှေ့ခဲ့သည်။ သူသည် ရေတပ်မှ ပင်လယ်သို့ ပြောင်းရွှေ့သွားကြောင်း သူ့သူငယ်ချင်းများက အရွှန်းဖောက်ပြောဆိုကြသည်။ သူ့တစ်သက်လုံး ပင်လယ်နဲ့ ဘယ်တော့မှ ခွဲမသွားခဲ့ဘူး။ ယနေ့အချိန်အထိ သူသည် သုံးနှစ်ကြာ ပျံသန်းခဲ့ပြီး သူ၏ ယူနီဖောင်းပေါ်တွင် အစင်းသုံးစင်းပါသော တွဲဖက်ကပ္ပတိန်တစ်ဦးဖြစ်ခဲ့သည်။ သူ့မှာ လုပ်သက်အများကြီးမရှိပေမယ့် သူသိသည့်လူများက T1 ကနေ T3 အထိ တန်းစီနိုင်ပါသည်။
အခြားတစ်ယောက်ယောက်ကို စောင့်နေရင်းနဲ့ သည်နေ့ ဘာမှမလုပ်ဘဲ စကားစမြည်ပြောဖို့ သူစိတ်မဝင်စားဘူး။ 15 မိနစ်ခန့်ကြာပြီးနောက် အချိန်မှားနေသလားဟု သူ သံသယဖြစ်လုနီးပါး ဖြစ်နေသည်။ အခြားလူက သူ့ဆီပို့လိုက်သည့် လန်ဖုန်း၏အဆိုင်းအချိန်ဇယားကို သူ့ဖုန်းဖွင့်ပြီး အချိန်စစ်ကြည့်လိုက်တော့ ယခုအချိန်ပဲဖြစ်သည်။ ပြီးနောက် သူတကယ်ပျင်းနေ၍ လျှပ်စစ်ဖန်သားပြင်တွေဆီ ဦးတည်သွားပြီး ဘရန်ဒင်ဘော့ဂ်လေဆိပ်၊ ဘာလင်ကနေ တရှင်းလေဆိပ်၊ ပေကျင်းကို လေယာဉ်နံပါတ် KLM553၊ Gate G8 ဟူသော လန်ဖုန်း၏လေယာဉ်ကို ကြည့်လိုက်သည်။ ဆိုက်ရောက်ရန် မိနစ် 20 နှောင့်နှေးခဲ့ကြောင်း ဖန်သားပြင်တွင် ပြသထားသည်။ သူ့မှာ စောင့်ရုံကလွဲလို့ ဘာမှလုပ်စရာမရှိတော့ဘူး။ ဘာပဲဖြစ်ဖြစ် သူ့ခရီးဆောင်အိတ်ကို သူနှင့်အတူ ယူလာတာကြောင့် Gate G8 သို့မသွားခင် သူ့အဝတ်အစားများပြောင်းကာ လန်ဖုန်း လေယာဉ်ဆိုက်မည့်အချိန်ကို စောင့်နေခဲ့သည်။
သူတို့သည် အချင်းချင်း တိုက်ဆိုင်စွာ သိလာခဲ့ကြသည်။ သူတို့သူငယ်ချင်း ဖန်းဟောက်၏ အိမ်မှာကျင်းပသော မွေးနေ့ပါတီပွဲမှာ တွေ့ဆုံခဲ့ကြသည်။ ကျိုးချီချန်းသည် အချိန်နှင့် လေထု မှန်ကန်သည်ဟု တွေးကာ လန်ဖုန်းကို ဧည့်ခန်းထဲသို့ ဆွဲသွင်းလိုက်သည်။ လန်ဖုန်းမှာ သူ့ကိုယ်ပိုင်မူများရှိတာကြောင့် ကျိုးချီချန်းအား သူ့ကို တစ်ကြိမ်ပဲ နမ်းခိုင်းပြီး အနည်းငယ်ထိခိုင်းခဲ့သည်။ ထို့ကြောင့် ကျိုးချီချန်းသည် ထိုအချိန်ကတည်းက အစပြုခြင်းမရှိခဲ့သော်လည်း လန်ဖုန်း ချမှတ်ထားသော ခြေလှမ်းအတိုင်း လိုက်နာခဲ့သည်။ လန်ဖုန်းသည် ပေဂျင်းရှိ အကောင်းဆုံး အီတလီစားသောက်ဆိုင်နေရာတစ်ခုတွင် ချိန်းတွေ့သည့်နေရာတစ်ခုအဖြစ် သူ့ကို ဧည့်ခံကျွေးမွေးခဲ့သည်။ ကျိုးချီချန်းသည် သူ့အတွက် အခြားလူများကို ပေးဆောင်စေမည့်သူမဟုတ်သော်လည်း လန်ဖုန်းကို ငွေတောင်းခံလွှာအား လွှဲပေးခဲ့သည်။ ဤအရာအားလုံးသည် ဖန်တစ်ရာတေနေသည့် လုပ်ရိုးလုပ်စဉ်၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။ နောက်နှစ်ပတ်အကြာတွင် နောက်ထပ်ထမင်းတစ်နပ်အတွက် သူပေးချေမည်ဟု လန်ဖုန်းအားပြောခဲ့သည်။ သည်တစ်ခေါက်တော့ တရုတ်အစားအသောက်ဖြစ်သည်။ အပြန်ပြန်အလှန်လှန် သွားကြပြီးနောက် သူတို့တွေ ယနေ့တွင် ဆုံးဖြတ်ခဲ့ကြသည်။
ငါးမိနစ်အကြာတွင် A330-300 လေယာဉ်သည် ကောင်းကင်အပြာရောင်ခြယ်ထားသော ပါကင်နေရာသို့ လျှောကျလာကာ လေယာဉ်လမ်းကြောင်းနှင့် ချိတ်ဆက်ထားတာကို သူတွေ့လိုက်ရသည်။ Terminal အဆောက်အဦး၏ မှန်ပြတင်းပေါက်များနှင့် လေယာဉ်၏ မှန်လေကာမှန်များကြားတွင်ပင် လန်ဖုန်း၏တောက်ပသောမျက်လုံးများကို သူမြင်နေရဆဲဖြစ်သည်။ ကျည်ဆန်ခံနိုင်သော အလွှာနှစ်လွှာသည် သူ၏ စွမ်းအင်နှင့် တက်ကြွမှုကို အကာအကွယ်မပေးနိုင်သေးပါ။
လန်ဖုန်းသည် တော်ဝင်ဒတ်ခ်ျလေကြောင်းလိုင်း (KLM) လက်အောက်ရှိ ကိုယ်ထည်ကျယ်အဲဘတ်စ်များကို မောင်းနှင်ခဲ့သည်။ ကပ္ပတိန်များဖြစ်ကြသော အဲဘတ်စ်လေယာဉ်မှူးများ ကျယ်ကျယ်ပြန့်ပြန့် ရှိကြသည်။ KLM မှာဆိုရင် ဆံပင်အနက်ရောင်နဲ့ မျက်လုံးအညိုရောင်ရှိသည့် အာရှလေယာဉ်မှူးများတောင် နည်းပါးပါသည်။ သူ၏အသွင်အပြင်များ အားလုံးကြောင့် လန်ဖုန်းကို တရှင်းလေဆိပ်တွင် လူသိများသည်။ အထူးသဖြင့် သူဘယ်လိုမျိုး လူသိရှင်ကြားထွက်ခဲ့တာလည်းဆိုတာပါ ပါသည်။ သူ လေဆိပ်ထဲဝင်ပြီး ထွက်ခွာတိုင်း KLM က တန်းတူညီမျှမှုအတွက် အထောက်အကူဖြစ်စေသည့် သက်တန့်ရောင်ကြိုးလေးပေါ်မှာ သူ့အလုပ်ကတ်ကို ဝတ်ဆင်ထားခဲ့သည်။
လန်ဖုန်းသည် တံတားမှ ထွက်လာသောအခါ ပထမအကြည့်တစ်ချက်တွင် ကျိုးချီချန်းကို မတွေ့ခဲ့ရပေ။ သူတို့တွင် ခရီးဝေးလေကြောင်းခရီးအတွက် အလှည့်ကျအဖွဲ့သားများ အမြဲရှိကြပြီး လန်ဖုန်းက တွဲဖက်လေယာဉ်မှူးအဖွဲ့နှင့် လမ်းလျှောက်ရင်း စကားပြောနေသည်။ ရွှေရောင်နဲ့ အညိုရောင်ဆံပင်များကြားက အာရှမျက်နှာသည် တကယ့်ကို မျက်စိကျစရာပါပဲ။
ကျိုးချီချန်းသည် တံခါးတစ်ဖက်ကနေ သူ့ကို လက်ပြလိုက်သည်။ လန်ဖုန်း၏ လုပ်ဖော်ကိုင်ဖက်က သူ့ကို မြင်လိုက်ပြီး သူက လန်ဖုန်းကို “အီဗန်”ဟုခေါ်ကာ သူတို့ကနေဖြတ်ပြီးမညွှန်ပြမီ ဒတ်ခ်ျဘာသာဖြင့် တစ်ခုခုပြောခဲ့သည်။ ထို့နောက်တွင်မှ လန်ဖုန်းက သူ့ကိုကြည့်လာပြီး လေဆိပ်ရှိ KLM မှ အခြားလေယာဉ်မှူးများကို နှုတ်ဆက်စကားမပြောကြားမီ သူ့ကို ပွင့်ပွင့်လင်းလင်း နှုတ်ဆက်ခဲ့သည်။
“ဒီနေ့ အဝင်ပျံသန်းတာကို ထိန်းချုပ်လိုက်တာ၊ မင်းသိလိုက်လား?” ကျိုးချီချန်းကို တွေ့တာနဲ့ လန်ဖုန်းက မေးလိုက်သည်။ မေးပြီးသောအခါ တစ်ခုခုကို သူ့ဘာသာသူ သဘောပေါက်သွားတဲ့အတွက် သူက ထပ်ပေါင်းပြောလိုက်သည်။ “မင်းက အဝတ်အစားလဲဖို့တောင် အချိန်ရခဲ့တာဆိုတော့ အချိန်အကြာကြီးစောင့်ခဲ့ရမှာပေါ့…”
ကျိုးချီချန်းက ပြောသည်။
“သိပ်မကြာပါဘူး… မင်းရဲ့လေယာဉ်ကိုကြည့်ဖို့ ငါအခွင့်အရေးရခဲ့တယ်…”
သူ ထိုသို့ပြောလိုက်သောအခါ လန်ဖုန်းက လှည့်ကြည့်လိုက်သည်။ A330-300 လေယာဉ်သည် Gate G8 ရှေ့တွင် ရပ်ထားဆဲဖြစ်ပြီး ဆီဖြည့်ခြင်းနှင့် စွန့်ပစ်ရေများကို စွန့်ထုတ်နေခဲ့သည်။ လေယာဉ်အမှုထမ်းအသစ်တစ်ဦးရောက်ရှိလာပြီး ပြည်သူ့လေကြောင်းသည် ခရီးသည်များနှင့် လေယာဉ်များဖြင့် အမြဲအလုပ်ရှုပ်နေပါသည်။
“ဒါက A330-300 ပဲ၊ မနှစ်ကမှ ဝယ်ထားတာ… မင်း အရင်က ဒါမျိုးမောင်းဖူးလား?” လန်ဖုန်းက မေးလိုက်သည်။ ကျိုးချီချန်းသည် A320 နှင့် 321 စီးရီးများကို မောင်းနှင်ခဲ့ပြီး အလယ်အလတ်ခရီးတို ပျံသန်းမှုများ မကြာခဏ ပြုလုပ်ခဲ့ကြောင်း သူသိသည်။ သူသည် ကိုယ်ထည်ကျယ် A330 လေယာဉ်ကို စမ်းသပ်မှုတွင်သာ မောင်းနှင်ခဲ့သည်။ သို့သော် တကယ်လက်တွေ့မှာတော့ မဟုတ်ဘူး။ 330 နှင့် 320 လေယာဉ်များကို မောင်းနှင်သည့် နိုင်ငံအတွင်း လေယာဉ်မှူးအနည်းငယ်သာရှိသည်။
“မမောင်းဖူးဘူး… အဲဒါက 200 စီးရီးနဲ့ ဘယ်လိုကွာလဲ? ပြောပြပါဦး…”
“ခံစားရတာတော့ အတူတူပါပဲ… တာယာပေါက်ကွဲရင် လေထွက်ကုန်မှာပေါ့…” လန်ဖုန်းက အရွှန်းဖောက်သည်။
လန်ဖုန်းကို စက်တင်ဘာလတွင် ကပ္ပတိန်အဖြစ် ရာထူးတိုးခဲ့သည်။ အဲဒီနောက် သူ၏ပထမဆုံး ပျံသန်းစဉ်အတွင်း သူ၏လေယာဉ်တာယာက ပေါက်ကွဲသွားပြီး အတင်းဆင်းသက်ခဲ့ရသည်။ ဒါက သူတို့ အချင်းချင်း ရင်းနှီးမှု၏ ရှေ့ပြေးနိမိတ် တစ်မျိုးပါပဲ။ ထိုအဖြစ်အပျက်အပြီးတွင် လုယန်၏ ညစာစားပွဲ၌ “ငါတို့ကို မိတ်ဆက်ပေဦး”ဆိုသော ကျိုးချီချန်း၏ အမှတ်မထင်စကားကို ဖန်းဟောက်က မှတ်ထားခဲ့ပြီး သူတို့ကို အမှန်တကယ် ချိတ်ဆက်ပေးရန် ကူညီခဲ့သည်။ ယခုအခါ T3 မှာ နှစ်ခါလောက်တွေ့ဖူးသည့် လေတိုက်သလို ခပ်သွက်သွက် ဖြတ်လျှောက်တတ်သော သည်လူက သူ့ဘေးမှာ ထိုင်နေလေသည်။
ကျိုးချီချန်းသည် ဤတစ်ကြိမ်တွင် ငွေပေးချေမည်ဖြစ်သောကြောင့် နေရာကို ရွေးချယ်ခဲ့သူဖြစ်သည်။ သူတို့နှစ်ဦးသည် ပေကျင်းရှိ အရည်အသွေးအမြင့်ဆုံး ဘဲကင်ဆိုင်တစ်ခုဖြစ်သည့် 1979 တွင် ထိုင်ခဲ့ကြသည်။ ရှန်ဟိုင်းမှလာသော လန်ဖုန်းသည် ယခင်က ဒေသန္တရ ဘေဂျင်းဟင်းလျာကို မမြည်းစမ်းဖူးသောကြောင့် ကျိုးချီချန်းက သူ့ကို ဤနေရာသို့ ခေါ်သွားခဲ့သည်။ ကျိုးချီချန်းသည် ထိုကဲ့သို့သောနေရာများသို့ တစ်နှစ်လျှင် တစ်ကြိမ်ထက်မနည်း မကြာခဏသွားရောက်လည်ပတ်လေ့ရှိပြီး သူလာသည့်အခါတိုင်း ငွေစာရင်းသည် ယွမ်ငွေတစ်ထောင်ကျော်ရှိမည်ဖြစ်သည်။ လန်ဖုန်းက သူနဲ့ချိန်းတွေ့နေပေမယ့် 1979 မှာတောင် သည်လူကို တိုင်းတာလို့ မရဘူး။
လန်ဖုန်းက သူ့အဝတ်အစားတွေပြောင်းဖို့ အချိန်မရှိတာကြောင့် သူ့ယူနီဖောင်းကို ဝတ်ထားဆဲဖြစ်သည်။ ကျိုးချီချန်းနှင့်အတူ သူနှင့်အတူ လျှောက်လာစဉ် ဤနေရာ၏ ပတ်ဝန်းကျင်က အနည်းငယ်မကောင်းသလို ခံစားလိုက်ရသည်— သူတို့ပတ်ဝန်းကျင်က လူများသည် ကျယ်လောင်စွာ ပြောဆိုနေကြ၏။ အဝင်ဝတွင် ဆေးလိပ်နံက ပြင်းထန်လွန်းပြီး စားပွဲခင်းပေါ်တွင် ဆီစွန်းထင်းနေသည်။ ဒါတွေအားလုံးကို သူတစ်ယောက်တည်းလာသည့်အခါတိုင်း သူသတိမထားမိခဲ့သည့်အသေးစိတ်အချက်အလက်များဖြစ်ပြီး ယခုအချိန်မှာတော့ သူ အားလုံးကိုတွေ့လိုက်ရသည်။
သို့သော်လည်း လန်ဖုန်းကတော့ ဘာမှမတွေးခဲ့ပေ။ မီနူးကို စဥ်းစားဖတ်ကြည့်ဖို့ ခေါင်းမငုံ့ခင် သည်ပတ်ဝန်းကျင်က ဘယ်လောက်ကောင်းလဲလို့တောင် အော်ပြောခဲ့သည်။ မီနူးမှာ သူတွေ့ခဲ့ရသည့် ခက်ခဲသော တရုတ်စာလုံးများကို ဘယ်လိုအသံထွက်ရမလဲဆိုတာ ကျိုးချီချန်းအား အခါအားလျော်စွာ မေးတတ်ပါသည်— သူက တရုတ်ကျောင်းတက်ပြီး အိမ်မှာသုံးသည့် တရုတ်ဘာသာစကားကို ကောင်းကောင်းပြောတတ်ပေမယ့် တရုတ်ဘာသာစကားကို စနစ်တကျ သင်ကြားပြီး တရုတ်လို ရေးတတ်ဖတ်တတ်ရန် ခက်ခဲကြောင်း သူတွေ့ရှိခဲ့သည်။
သူတို့တွေမှာပြီးနောက် ကျိုးချီချန်းသည် တာယာပေါက်ကွဲသည့် အဖြစ်အပျက်ကို ပြန်ပြောင်းသတိရကာ စတင်မေးမြန်းခဲ့သည်။
“ဟုတ်သား၊ သူတို့တွေ စုံစမ်းမှုကို အဆုံးထိ လုပ်ခဲ့ကြလား?”
“အဲဒါက မြေပြင်ထိန်းချုပ်မှု အပျက်အစီးကြောင့်ပါ… တာယာရဲ့ဖိအားက အရမ်းနိမ့်ပါတယ်… သူတို့က လေကို လုံလောက်အောင် မဖြည့်ခဲ့ကြဘူး…” လန်ဖုန်းက ပြောသည်။ “ငါတို့အဖွဲ့သားတွေကိုလည်း ဆုငွေတချို့ ချီးမြင့်ခဲ့တယ်… သူတို့က ဒီကိစ္စကို သင့်လျော်သလို ဖြေရှင်းပေးမယ်လို့ ပြောတယ်… ဒီဆုနဲ့ထိုက်တန်သူတွေက ပေကျင်းမှာရှိတဲ့ ATC တွေပါပဲ၊ ဒါပေမယ့် ကံမကောင်းစွာပဲ ငါတို့ကုမ္ပဏီက သူတို့ကို မပေးနိုင်ဘူး…”
[TK: ATC(Air Traffic Controller)၊ ATC ဆိုတာ ဖန်းဟောက်တို့ အလုပ်လုပ်တဲ့နေရာကို ပြောတာပါ။ လန်ဖုန်းရဲ့လေယာဉ်ဘီးပေါက်နေတာကိုလည်း ဆင်းသက်လို့ရအောင် ကူညီပေးခဲ့သူက ဖန်းဟောက်ကိုယ်တိုင်ပါပဲ။]
ကျိုးချီချန်းက ခေါင်းငြိမ့်သဘောတူသည်။ သူတို့ စားသောက်နေစဉ်တွင် သူတို့၏ စကားဝိုင်းသည် လေကြောင်းနှင့် ပတ်သက်၍ အဓိကအားဖြင့် လှည့်ပတ်နေသေးသည်။ လန်ဖုန်းသည် အဲဘတ်စ်များက ကောင်းနေသော်လည်း သူက လေယာဉ်သေးသေးလေး မောင်းရသည့် ခံစားချက်ကို သဘောကျတုန်းပဲလို့ ပြောခဲ့သည်။ အဲဘတ်စ်လေယာဉ်မှူးများသည် လေယာဉ်ပေါ်ရှိ လေကြောင်းဆော့ဖ်ဝဲမန်နေဂျာများနှင့် ပို၍တူသည်။ အဲဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး သူက ကျိုးချီချန်းကို မေးလိုက်သည်။
“မင်း နောက်ထပ် ဘယ်လေယာဉ်တွေ မောင်းလို့ရလဲ?”
ကျိုးချီချန်းက ခဏရပ်လိုက်သည်။
“… လောလောဆယ် A320 နဲ့ 321 မော်ဒယ်တွေပဲရှိတယ်… ငါ့ကုမ္ပဏီက အဲဒီအဲဘတ်စ်နီယို မော်ဒယ် 20 ကျော်ကို ဝယ်ယူခဲ့တယ်… ဒါကြောင့် ငါ သူတို့ကို လာမယ့်နှစ်မှာ စတင်စမ်းသပ်ဖို့ လိုအပ်လာလိမ့်မယ်…”
လန်ဖုန်းက ပြောသည်။
“ငါက အခြားမော်ဒယ်တွေအကြောင်း စဉ်းစားနေတယ်… ဥပမာ: cessna ပေါ့… ငါ 172 ကို လေယာဉ်မောင်းလို့ရတယ်… အခွင့်အရေးရရင် မင်းကို ဥရောပဆီ လှည့်ပတ်ခေါ်သွားမယ်…”
ကျိုးချီချန်းသည် သူတကယ်မကျွမ်းကျင်သော ကိုယ်ပိုင်ဂျက်လေယာဉ်များအကြောင်း မေးနေတာလို့ တွေးလိုက်မိသည်။ ဘယ်လိုပျံသန်းရမလဲဆိုတာ သူသိသည့် လေယာဉ်များက ကိုယ်ပိုင်ဂျက်လေယာဉ်များထက် ပိုမိုက်သည်။ သူက ခေါင်းငုံ့ပြီး ခဏလောက် စဉ်းစားကာ တည်ငြိမ်စွာ ပြောလိုက်သည်။
“အိုး၊ ငါ J-15 လေယာဉ်ကိုလည်း မောင်းနိုင်တယ်…”
ထိုသို့ပြောသောအခါ လန်ဖုန်းသည် စားပွဲပေါ်မှ တူများကို ရိုက်လုနီးပါး ဖြစ်သွားသည်။ “စစ်လေယာဉ်လား? လေတပ်လား?” သူသည် တိုင်းပြည်၏ စစ်တပ်နှင့် အသုံးပြုနေသော တိုက်လေယာဉ် မော်ဒယ်များအကြောင်း ဗဟုသုတအနည်းငယ်ရှိသည်။
“ရေတပ်ပါ… အဲဒါက လေကြောင်းလိုင်းအခြေစိုက် လေယာဉ်ဖြစ်တယ်…” ကျိုးချီချန်းက ပြောလိုက်သည်။
လန်ဖုန်းသည် သူ့ကို အပေါ်အောက် ငုံ့ကြည့်နေပုံရပြီး ပုံမှန်အားဖြင့် အရှက်အကြောက်မရှိသော ကျိုးချီချန်းကို အနည်းငယ်ရှက်သွားစေသည်။ လန်ဖုန်း၏ စိတ်ထဲတွင် ပထမဆုံးအတွေးမှာ တစ်ဖက်လူ၏ အသက်အရွယ်နှင့် ပတ်သက်၍ဖြစ်သည်။ တစ်ဖက်လူက သူ့ထက် သုံးနှစ်လောက် ပိုကြီးတယ်ဆိုတာ သူသိသည်။ သူ့အသက်အရွယ်အရ ကပ္ပတိန်ဖြစ်မလာသေးတာဟာ ယုတ္တိမရှိဘူး။ ဒါကြောင့်မို့လို့ လန်ဖုန်းသည် တက္ကသိုလ်ကနေ ဘွဲ့ရပြီးရင် လေယာဉ်မှူးဖြစ်လာမယ်လို့ အမြဲယူဆထားပေမယ့် ကျိုးချီချန်းအလုပ်လုပ်နေရင်တောင် နှစ်နဲ့ချီပြီးနီးပါးလောက်တော့ရှိမှာပဲ။ သို့သော်လည်း တရုတ်နိုင်ငံတွင် ယဉ်ကျေးမှုနှင့် စနစ်အကြောင်း နားလည်မှုအား သူ၏အားနည်းခြင်းကြောင့် တစ်ဖက်လူကို တိုက်ရိုက်မေးမြန်းခြင်း မပြုခဲ့ပေ။ ယခု သူနားလည်သွားပြီ။ တစ်ဖက်လူသည် လွန်ခဲ့သော သုံးနှစ်ခန့်ကမှ ပြည်သူ့လေကြောင်းသို့ ပြောင်းရွှေ့ခဲ့သည်။
“မင်း ဘာလို့ ပြည့်သူလေကြောင်းလိုင်းဆီ ပြောင်းလိုက်တာလဲ?” လန်ဖုန်းက သူ့ကို မေးသည်။
ကျိုးချီချန်းက တိုက်ရိုက်အဖြေမပေးခဲ့ဘူး။ သူက လန်ဖုန်းကို ပြောလိုက်သည်။ “မင်းရဲ့အလုပ်ကတ် ငါ့ကိုပေး…”
လန်ဖုန်းက သူ ဘာလိုချင်မှန်း မသိပေမယ့် ကျိုးချီချန်းသည် သူ့ဆီကနေ တောင်းပြီးနောက်မှာ သူ့မသိစိတ်က သူ့အိတ်ကပ်ထဲက ကတ်ကိုထုတ်ပြီး တစ်ဖက်လူကို ပေးလိုက်သည်။
ကျိုးချီချန်းက ကတ်ကို မကြည့်ဘဲ သက်တံကြိုးချည်ကို သူ့လက်ချောင်းများဖြင့် ချည်လိုက်သည်။ ၎င်းက “Pride” ဟူသော စကားလုံးမှန်း လွဲမှားရန် မဖြစ်နိုင်ပေ။
သူစကားမပြောလင် လန်ဖုန်းက နားလည်သွားသည်။ သည်မေးခွန်းက မခက်ပါဘူး။ အဖြေက “လွတ်လပ်မှု” ဖြစ်ကောင်းဖြစ်နိုင်ပါသည်။
ကျိုးချီချန်းသည် ဤအကြောင်းကို မပြောချင်ခဲ့ဘဲ တကယ်တော့ အဲဒါက အတိတ်က အရာတစ်ခုမလို့ပဲဖြစ်သည်။ လွန်ခဲ့သည့် အကြိမ်အနည်းငယ်အတွင်း အချင်းချင်း ဆုံတွေ့ခဲ့ကြရာ ဤခေါင်းစဉ်ကို ရှောင်လွှဲနိုင်ခဲ့သည်။ သို့သော် လန်ဖုန်းက မေးလာသည်။ သူ့ဘေးမှာထိုင်နေသည့် ပွင့်လင်းသောလူအပေါ် သူ ဘာကိုမှ မဖုံးကွယ်ချင်ဘူး။ ဘာပဲဖြစ်ဖြစ် ဖုံးကွယ်ထားစရာ မရှိပါဘူး။
သူမသိခဲ့တာက သူပြောခဲ့သည့် သည်စကားဟာ သည်စကားဟာ ထောင်ပေါင်းများစွာသော လှိုင်းလုံးများကို တွန်းထုတ်သော ကျောက်တုံးနှင့်တူသည်။ တိုက်လေယာဉ်က ထုတ်လွှတ်လိုက်သော tailhook ဟာ လန်ဖုန်း၏ နှလုံးသားကို ချိတ်ဆွဲထားသလိုပါပဲ။
TK: လန်ဖုန်းတို့မိသားစုက နိုင်ငံခြားမှာနေတဲ့ တရုတ်စစ်စစ်လူမျိုးတွေပါ။ သူ့အဖေက အိမ်မှာနေရင် တရုတ်လိုပဲပြောရမယ်လို့ စည်းကမ်းချထားတာကြောင့် လန်ဖုန်းတို့က တရုတ်စကားတတ်နေတာပါ။ လန်ဖုန်းက တရုတ်၊အင်္ဂလိပ်၊ဒတ်ခ်ျ၊ဂျာမန် ဘာသာစကားလေးမျိုးတတ်ပါတယ်။ “ဖန်းဟောက်”က “မီတာ 10,000 မှ ဆင်းသက်၍”ဝတ္ထုထဲက Shou ဖြစ်ပြီး လန်ဖုန်းနဲ့ ကျိုးချီချန်းတို့ရဲ့ အောင်သွယ်တော်ပေါ့။
TK Team (Chapter 2)