Chapter 6.1🔞
Chapter 6.1 (ပစ္စုပ္ပန်) 🔞
Warning ! Mature contents !
《သူ၏ညာဘက်ပေါင်အတွင်းသားတွင် ခပ်သေးသေး တက်တူးတစ်ခုကို ထိုးထားခဲ့ပြီး နံပါတ်နှင့်ကိန်းဂဏန်းများက အတန်းလိုက်လေး ရှိနေခဲ့သည်။》
လန်ဖုန်းသည် တစ်ဖက်လူနှင့်ဒုတိယအကြိမ် ဆက်ဆံပြီးမှသာ ကျိုးချီချန်း၏ကိုယ်ပေါ်က တက်တူးကို တွေ့ခဲ့ရသည်။သူ၏ညာဘက်ပေါင်အတွင်းသားတွင် ခပ်သေးသေး တက်တူးတစ်ခုကို ထိုးထားခဲ့ပြီး နံပါတ်နှင့်ကိန်းဂဏန်းများက အတန်းလိုက်လေး ရှိနေခဲ့သည်။နေမထိသည့်နေရာ ဖြစ်သဖြင့် အသားအရည်မှာ အတော်ဖြူဖွေးနေပြီး ထိုပေါ်ရှိ ဆေးမှင်မှာ အနက်ရောင်ထင်းနေခဲ့၏။မြင်သာထင်သာမရှိဘဲ အလွန်ကွယ်ဝှက်သောနေရာတွင် တက်တူးက ရှိနေသဖြင့် ဆွဲဆောင်မှု အားပြင်းလွန်းလှသည်။လေယာဥ်မှူးများမှာ ခန္ဓာကိုယ်အနှံ့ ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးမှုများ ပြုလုပ်ကြရသော်လည်း အတွင်းခံဘောင်းဘီကို ချွတ်ပစ်ရသည်အထိ မရှိလေရာ ထိုတက်တူးလေးကို သူ့ပေါင်ခြံနှင့် အလွန်နီးကပ်သည့်နေရာတွင် ထိုးထားခဲ့သည်။
လိင်ဆက်ဆံမှုမှာ ခန္ဓာကိုယ်များကို တစ်နေရာမကျန် စေ့စေ့စပ်စပ် ကြည့်ရှုရသည့် ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးမှုမျိုး မဟုတ်သဖြင့် သူတို့နှစ်ယောက်လုံးက ဘယ်လိုပင် အဝတ်ဗလာဖြစ်နေသော်လည်း ၎င်းကို လန်ဖုန်း မတွေ့မိခဲ့ပေ။ပထမတစ်ကြိမ် ဆက်ဆံစဥ်က ကျိုးချီချန်းသည် သူ့ကို အနောက်မှနေ၍ ဆက်ဆံခဲ့ပြီး ထို့နောက် သူ့ကို စုပ်ပေးခဲ့သည်။သို့သော် အစမှ အဆုံးထိ ကျိုးချီချန်းက ခြေထောက်များကို ဖြန့်ကားခဲ့ရခြင်း မရှိခဲ့ပါ။ယနေ့တွင် သူက ထိုသူ၏ အနောက်မှ နေ၍ ဆက်ဆံခဲ့ပြီး ကျိုးချီချန်း၏ဒူးက အိပ်ရာပေါ်တွင် ထောက်ထားပြီး ခေါင်းကို အိပ်ရာအစွန်းတွင် ဖိချ၍ သူ့ကိုယ်တွင်းသို့ လန်ဖုန်း ဆက်ဆံနိုင်အောင် တင်ပါးများကို မြင့်မြင့် မြှောက်ပေးထားသည်။
ထိုအနေအထား ဖြစ်နေသည့်တိုင် လန်ဖုန်းက တက်တူးကို သတိမထားမိပေ။သူ့အာရုံက ထိုနေရာတွင် မရှိဘဲ တစ်ဖက်လူ၏ရင်ဘတ်၊ခါး၊ပခုံးနှင့် တင်ပါးတို့တွင်သာ အာရုံရောက်နေခဲ့သည်။သူတို့နှစ်ယောက် တစ်လှည့်စီ အပြန်အလှန် top ရန် သဘောတူချက်ကြောင့် လန်ဖုန်းမှာ သူ top ခွင့်ရသည့်အချိန်ကို ချစ်ခင်မြတ်နိုးပြီး အားပြင်းပြင်းနှင့် သည်းကြီးမဲကြီး ဆက်ဆံသည်။သူတို့က ယောကျ်ားများသာ ဖြစ်ပြီး လိင်ဆက်ဆံခြင်းက အံ့ဩစရာမှလွဲ၍ တခြားမရှိပါ။တစ်စုံတစ်ယောက်ကို သိမ်းပိုက်စိုးမိုးခွင့်ရခြင်းက ခံစား၍ကောင်းပြီး သန်မာသော ယောကျ်ားတစ်ယောက်ကို သိမ်းပိုက်စိုးမိုးခွင့်ရခြင်းက ပို၍ ခံစားချက်ကောင်းစေသည်။ထို့ကြောင့် ဆက်ဆံခံရနေသော ကျိုးချီချန်း၏အသံက အက်ကွဲနေပြီး သူ့ကိုယ်တွင်းသို့ ဝင်နေသော လန်ဖုန်း၏လိင်တံကို တင်းတင်းကြပ်ကြပ် ညှစ်ထားရင်း ပခုံးနှင့်လက်မောင်းရှိ ကြွက်သားများကပါ တောင့်တင်းမာကြောနေခဲ့သည်ကို လန်ဖုန်း မြင်လိုက်ရလျှင် သူ့တစ်ကိုယ်လုံးကိုပါ တိုးဝင်မိမတတ် ထိန်းမနိုင် သိမ်းမရ ဖြစ်သွားတော့သည်။ထိုအခြင်းအရာအားလုံးက လန်ဖုန်းကို သောက်ကျိုးနည်း ခံစား၍ကောင်းအောင် ပြုလုပ်ပေးနေကြ၏။
ကျိုးချီချန်းမှာ တစ်ကြိမ် ပြီးမြောက်သွားပြီးနောက် ရှေ့သို့ ငိုက်ကျသွားပြီး အိပ်ရာထက်တွင် ပစ်လဲသွားခဲ့သည်။လန်ဖုန်းက မပြီးမြောက်သေးသဖြင့် ကျိုးချီချန်းကို ပက်လက်ဆွဲလှန်လိုက်ပြီး ပခုံးများကို ဆုပ်ကိုင်၍ တစ်ဖက်လူ၏ကိုယ်တွင်းသို့ ဝင်ရောက်လိုက်ပြန်သည်။
ကျိုးချီချန်းက ခပ်တိုးတိုး ဆဲရေးလာခဲ့၏။ “Fuck …”
သူ့စကား မဆုံးလိုက်ခင် လန်ဖုန်းက သူ့ညာဘက်ခြေထောက်ကို ဆွဲမြှောက်လိုက်ပြီး ကွေးထားစေလိုက်သည်။
လန်ဖုန်းက သိမ်မွေ့စွာ ဖျောင်းဖျလိုက်သည်။ “ငါ ပြီးခါနီးပါပြီ။”
ကျိုးချီချန်းက ဘာမှ ပြန်မပြောသဖြင့် သူတို့နှစ်ယောက်လုံး ဒီတိုင်း ရပ်နေမိကြသည်။ထိုအချိန်တွင် လန်ဖုန်းက ခေါင်းကို ငုံ့လိုက်သဖြင့် သူ့ပေါင်အတွင်းသားပေါ်ရှိ ဂဏန်းအတန်းလိုက်ဆီသို့ အကြည့်ရောက်သွားခဲ့သည်။
“အထဲကို ထည့်လိုက်လေ” နောက်ဆုံးတွင် ကျိုးချီချန်းက ပျင်းရိပျင်းတွဲနှင့် ဘာမှမဖြစ်သလို ပြောလာခဲ့သည်။သူက လန်ဖုန်းကို ဆက်ဆံရသည်ဖြစ်စေ၊စုပ်ပေးရသည် ဖြစ်စေ၊သို့မဟုတ် သူက တစ်ဖက်လူ၏ ဆက်ဆံခြင်းခံရသူ ဖြစ်နေပါစေ သူ့အတွက်တော့ အမြဲတမ်း ခံစား၍ ကောင်းနေသည်သာ။လန်ဖုန်းက လက်ရှိအနေအထားအတိုင်းသာ လိင်တံကို ထိုးသွင်းလာခဲ့၏။လန်ဖုန်းက လက်ကို နေရာရွေ့၍ တက်တူးရှိနေသော ကျိုးချီချန်း၏ပေါင်အတွင်းသားကို ဆုပ်ကိုင်လိုက်ပြီး ကြွက်သားများ ကျုံ့သွားလိုက်၊တောင့်တင်းသွားလိုက်နှင့် တုန်ယင်နေသည်ကို ကြည့်နေခဲ့သည်။ကျိုးချီချန်းဘက်မှ တစ်နည်းတစ်ဖုံ သက်တောင့်သက်သာ ဖြစ်လာပြီး တင်ပါးများ ပင့်တင်ပေးလာသည်ကို သူ ခံစားမိလိုက်ပြီးနောက် ချောချောမွေမွေ့ဖြင့် အတွင်းနက်နက်အထိ သွားနိုင်ခဲ့သည်။လန်ဖုန်းက ကျိုးချီချန်း၏ထိရှလွယ်သော နေရာတစ်ခုကို ရှာတွေ့သွားခဲ့ပြီး လက်ဖဝါးဖြင့် ကြင်နာယုယစွာ ထပ်တလဲလဲ ပွတ်သပ်ပေးခဲ့သည်။ထို့နောက် သူ့လိင်တံကို ဆွဲထုတ်လိုက်ပြီး ကျိုးချီချန်း၏ကိုယ်ထဲသို့ လက်ချောင်းများကို ထည့်၍ တစ်ဖက်လူ၏ဆီးကျိတ်ကို ထိနိုင်ရန် လက်များကို ကွေးလိုက်သည်။တစ်ချိန်တည်းတွင် တခြားလက်တစ်ဖက်ကကျိုးချီချန်း၏တက်တူးကို ဆုပ်ကိုင်ထားပြီး အားအနည်းငယ် ထည့်ထားသဖြင့် လက်ပြန်လွှတ်လိုက်ချိန်တွင် နီရဲရဲ လက်ရာအမှတ်အသားတစ်ခု ပေါ်လာခဲ့သည်။
ရုတ်တရက် ကြီးမားတုတ်ခိုင်သော လိင်တံကို ပြန်ဆွဲထုတ်သွားပြီး လက်ချောင်းများကို အစားထိုးလိုက်သဖြင့် ကျိုးချီချန်းမှာ အမှန်ပင် မကျေနပ်နိုင်တော့ပေ။သူက ကိုယ်အပေါ်ပိုင်းကို မတ်လိုက်ပြီး လန်ဖုန်းကို မေးလိုက်တော့၏။”မင်း လုပ်မှာလား၊ မလုပ်ဘူးလား။မင်း မလုပ်တော့ဘူးဆို ငါ့အလှည့် …”
လန်ဖုန်းကမူ သူ့ထဲသို့ လက်ချောင်းများ ထိုးထည့်နေခြင်းကိုသာ အာရုံစိုက်ထားပြီး တုံ့ပြန်မလာခဲ့ပေ။သိပ်မကြာခင် လန်ဖုန်းက ထိုနေရာလေးကို ရှာတွေ့သွားလေရာ ကျိုးချီချန်းမှာ ညည်းတွားမိလုနီးပင်။ “အင်း ….”
ထို့နောက် သူက တခြားသူကို ဖိအားပေးလိုက်သေးသည်။ “မင်း ငါ့ကို လုပ်ချင်တာလား၊မလုပ်ချင်ဘူးလား။”
“ငါ လုပ်ချင်ပါတယ်။”
ထိုမေးခွန်းအတွက် လန်ဖုန်းတွင် အဖြေရှိထားပြီးသားဆိုသည့် အမှန်တရားက ကျိုးချီချန်းကို အော်ရယ်မိလုနီးပါး ဖြစ်စေခဲ့သည်။
ဒီလူက ဘာဖြစ်လို့ အရမ်းချစ်ဖို့ကောင်းနေတာလဲ။ချစ်စရာကောင်းလွန်းလို့ ကြက်သီးထမိမတတ်ပဲ။
၎င်းမှာ အံ့ဩလောက်စရာဖြစ်ပြီး ယခု လန်ဖုန်းက ထိုအကြောင်းကို တွေးနေခဲ့သည်။သူ့ဘဝသက်တမ်း၏ ၂၉နှစ်တာလုံးတွင် အိပ်ရာပေါ်၌ တရုတ်စကားပြောခဲ့သည့် အကြိမ်အရေအတွက်မှာ အလွန်နည်းလွန်းသဖြင့် လက်တစ်ဖက်နှင့်ပင် ရေတွက်၍ ရသည်။အတိတ်က သူ၏ရွေးချယ်မှုမှာ ဆံပင်ရွှေရောင်နှင့် မျက်ဆန်ပြာပြာ ဒတ်ချ်ကောင်လေးများ ဖြစ်နေခဲ့သည်ကတစ်ကြောင်း၊တရုတ်စကားကို ကျွမ်းကျင်စွာ ပြောတတ်သည့်တိုင် သူ့မိသားစု၊ ရံဖန်ရံခါ သူငယ်ချင်းများကဲ့သို့ ရင်းနှီးသူများနှင့် စကားပြောသည့်အချိန်မှသာ ထုတ်ပြောလေ့ရှိသည်က တစ်ကြောင်းကြောင့်ပင်။ယခင်က သူ့ကိုယ်ပိုင်အိပ်ရာပေါ်တွင် ဆံပင်နက်နက်၊မျက်ဆန်နက်နက်ဖြင့် ယောကျ်ားတစ်ယောက်ကိုမှ မတွေ့ဖူးခဲ့ပေ။ထိုသူက သက်တောင့်သက်သာ အမူအရာဖြင့် ခြေထောက်များကို ကားပေးထားပြီး သူနှင့် အတွင်းကျကျ အရင်းနှီးဆုံး မိခင်ဘာသာစကားဖြင့် ပြောလာပါ၏။ “လန်ဖုန်း … ငါ့ကို လုပ်ပေးပါ။”
သူသည် ထိုသို့သော အမျိုးသားများကို စိတ်ဝင်စားမှု မရှိသဖြင့် မကြိုက်လောက်ဟု ထင်ထားမိသည်။သို့သော် ကျိုးချီချန်းက အဝတ်အစားများကို ချွတ်လိုက်ချိန်တွင် သူ့ဦးနှောက်ပတ်လမ်းက တိုတောင်းစွာဖြင့် အဆုံးသတ်သွားတော့သည်။လန်ဖုန်းမှာ သူ့ဘဝ၏ ၂၉နှစ်တာတွင် အမှားအကြီးကြီး လုပ်လိုက်မိသလို ခံစားရပြီး ထိုအမှားကို နားလည်သဘောပေါက်သွားပြီးနောက် သူ မြန်မြန်ဆန်ဆန် အစားထိုးပစ်ရတော့မည်။
ခဏအကြာတွင် ကျိုးချီချန်း၏ထိရှလွယ်သော ဒုတိယနေရာမှာ ခါးဘေးနားတစ်ဝိုက် ဖြစ်သည်ကို လန်ဖုန်း ရှာတွေ့သွားတော့သည်။ထိုသူ၏ခါးမှာ လွန်စွာ လှပသည်။ပန်းပုထုထားသကဲ့သို့ သွယ်လျနေပြီး ခွန်အားအပြည့် ရှိသည်။ထိုနေရာတွင် အမာရွတ်များ ရှိနေသော်လည်း ထိုသို့ အပြစ်အနာအဆာများက လှပမှုကို ဆောင်ကြဥ်းပေးလေသည်။လန်ဖုန်းက သူ့ကို လုပ်နေရင်း ခါးကို ဆက်တိုက် ထိတွေ့ပေးနေခဲ့သည်။ကျိုးချီချန်းက တိုက်တွန်းလာခဲ့၏။ “ကြမ်းကြမ်းလေး”
သူကို ပို၍ ကြမ်းကြမ်းလုပ်ပေးရန် တောင်းဆိုလာသည်ဟု လန်ဖုန်း ထင်လိုက်မိသည်။ထို့ကြောင့် ခါးပေါ် ဆုပ်ကိုင်ထားသည်ကို လျှော့
လိုက်ပြီး ထိုသူ၏ကိုယ်အတွင်းသို့ ခပ်ပြင်းပြင်းလေး ဝင်ရောက်နိုင်ရန်အတွက် သူ့ကိုယ်သူ ထောက်ကန်ထားစရာ နေရာကို ရှာလိုက်သည်။
ကျိုးချီချန်းက ပြောလာခဲ့သည်။ “မင်းရဲ့လက်”
လန်ဖုန်းက သူ့လက်ကို ကျိုးချီချန်း၏ခါးပေါ် ပြန်တင်လိုက်ပြီး ခပ်ကြမ်းကြမ်းလေး ဆုပ်ညှစ်ပေးလိုက်လျှင် တစ်ဖက်သူ၏ကျေနပ်အားရသွားသော တုံ့ပြန်ပုံကို မြင်လိုက်ရသည်။ကျိုးချီချန်း၏သာယာလှိုက်မောနေသည့် ပုံစံက အလွန်တရာ ညှို့ယူဖမ်းစားနိုင်သည်။ညည်းတွားလိုက်သော အက်ရှရှအသံ၊တင်းကြပ်နေသော ကြွက်သားများ၊တင်းတင်းစေ့ပိတ်ထားသော နှုတ်ခမ်းလွှာများဖြင့် ယောကျ်ားပီသသော ညှို့ဓါတ်တစ်ခုကို ပြင်းပြင်းထန်ထန် ထုတ်လွှတ်နေခဲ့၏။
လန်ဖုန်းသည် ဆဲရေးသည့်နေရာ၌ အမှန်ပင် မတော်ပါချေ။ထို့အပြင် သူက ညစ်တီးညစ်ပတ် စကားလေးများကိုလည်း ကောင်းကောင်း မပြောတတ်ပေ။သူက ကိုယ်ကို ငုံ့ကိုင်းလိုက်ပြီး ကျိုးချီချန်း၏နားသန်သီးလေးကို ပါးစပ်ထဲတွင် ငုံ၍ တီးတိုးပြောလိုက်သည်။ “ခံစားလို့ ကောင်းလား။”
“Fuck … သောက်ရမ်း ခံစားလို့ကောင်းတယ်။” ကျိုးချီချန်းက အမောတကော အသက်ရှူနေရင်းမှ ပြောလာသည်။ထပ်တလဲလဲ ထိုးဆောင့်မှုများကြောင့် သူ၏ G-spot မှာ ပေါက်ကွဲလုမတတ်ပင်။လန်ဖုန်းက သူ့ကို ပွေ့ဖက်ထားပြီး ထိုနေရာလေးကို ထောင့်ပေါင်းစုံမှ တိုက်ခိုက်နေခဲ့၏။သူက G-spot ဘယ်နားတွင် ရှိနေသည်ကို လက်ချောင်းများဖြင့် စမ်းသပ်ကြည့်ပြီးနောက် ယခုတွင် ထိုနေရာကိုသာ ဦးတည်၍ မညှာမတာနှင့် အဆက်မပြတ်လုပ်နေခဲ့၏။ကျိုးချီချန်းမှာ ဒုတိယအကြိမ် မပြီးမြောက်ခင် တွေးနေမိသည်။
လန်ဖုန်းက ထိထိရောက်ရောက် လိင်ဆက်ဆံနည်းလမ်းညွှန် ဆိုပြီး လမ်းညွှန်တစ်စောင်လောက်တော့ တကယ်ရေးသင့်တယ်။Airbus ပေါ်က တစ်ခုခုကို တစ်မိနစ်အတွင်းမှာ ချက်ချင်းရှာတွေ့အောင် လုပ်ပေးနိုင်တဲ့ သောက်ကျိုးနည်း QRH လိုပေါ့။
[QRH , Quick Reference Handbook – အမြန်လေ့လာနည်းလက်စွဲစာအုပ်၊ အရေးပေါ်အခြေအနေတွင် လေယာဥ်မှူးများ မြန်မြန်ဆန်ဆန် ရှာဖွေလှန်လှောကြည့်နိုင်သော စာအုပ် ]
ဤတစ်ကြိမ်တွင် လန်ဖုန်း ကောင်းမွန်စွာ ပြီးမြောက်သွားခဲ့သည်။နောက်ဆုံးတွင် သူ့တစ်ကိုယ်လုံး ဖြေလျှော့ပေးလိုက်တော့သည်။သူက ကျိုးချီချန်း၏မျက်နှာပေါ်သို့ လက်ဖဝါးတစ်ဖက် တင်၍ မျက်လုံးနှင့်ပါးစပ်ကို အုပ်ထားလိုက်ပြီး အတွင်းကျကျ အနက်ဆုံးဆုံးနေရာအထိ ထိုးသွင်းပစ်လိုက်ကာ ကွန်ဒုံးထဲ လွှတ်ထုတ်လိုက်တော့သည်။ပြီးမြောက်သွားသော အခိုက်အတန့်တွင် ကျိုးချီချန်း၏ကိုယ်ပေါ်သို့ သူ လှဲချလိုက်ပြီး အုပ်ထားမိသော လက်ကို ဖြေလျှော့ပေးလိုက်၏။ထိုအခါမှသာ ကျိုးချီချန်းက မျက်လုံးပွင့်လာတေ့သည်။အစပိုင်းတွင် ထိုသူက ဝေဝေဝါးဝါး ဖြစ်နေပြီး လန်ဖုန်းကိုသာ ကြည့်နေခဲ့သည်။
လန်ဖုန်းသည် တစ်မိနစ်ခန့် ဘာမှ မပြောခဲ့ပေ။သူ ရုတ်တရက်ကြီး တစ်ဖက်လူကို နည်းနည်းလောက် နမ်းချင်လာမိသည်။ကျိုးချီချန်း သူ့ကို ပထမတစ်ခါ ဆက်ဆံစဥ်ကတည်းက သူ ထိုသို့ လုပ်ချင်သော်လည်း တစ်ဖက်လူက သူ့ကို တစ်ချိန်လုံး နံရံနှင့် ဖိကပ်ထားခဲ့သဖြင့် နောက်ပြန်မလှည့်နိုင်လေရာ ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာအရပါ နမ်းရန် အခွင့်မသာခဲ့ပေ။သို့သော် လန်ဖုန်းက ငုံ့ကိုင်းထားခဲ့ပြီး သူ့မျက်နှာက ကျိုးချီချန်းနှင့် နီးကပ်နေခဲ့သည့်တိုင် လန်ဖုန်းမှာ ဘာလုပ်ရမှန်း မသိတော့ဘဲ မျက်နှာလွှဲလိုက်မိ၏။ထို့နောက် လက်ထောက်၍ သူ့ကိုယ်သူ ပင့်မလိုက်ပြီး ဩရှရှအသံဖြင့် ပြောသည်။ “ငါ ရေသွားချိုးတော့မယ်။”
သို့သော် လန်ဖုန်း မလှုပ်ရှားသေးပေ။ကျိုးချီချန်း၏ ဘေးတိုက်မျက်နှာကျကို ကြည့်နေခဲ့သည်။ထိုသူ့နှုတ်ခမ်းများက အတော်ကို ပြည့်ဖောင်းသည်။မွေးနေ့ပါတီတွင် ထိုနှုတ်ခမ်းများကို ပြန်နမ်းမိခဲ့သော်လည်း သူက အလွန်အကျွံ အရက်မူးမနေခဲ့ပါ။အခန်းက ပိန်းပိတ်အောင် မည်းမှောင်နေကာ မတော်တဆ တစ်ယောက်ယောက် ဝင်လာပြီး သူတို့ကို ရှာတွေ့သွားမှာကို ကြောက်နေခဲ့သည်။အားပြင်းသော ထိုအနမ်း၏ ပူနွေးမှုကို သူ မမှတ်မိခဲ့ဆိုသော အမှန်တရားကြောင့် ယခု သူ နောင်တရနေတော့သည်။ ‘အဲ့ဒါက ဘာနဲ့တူလဲ၊သူက သူ့ကို ထပ်ပြီး နမ်းရင်ရော။’ လန်ဖုန်း ထိုအကြောင်း တွေးမိသည့်တိုင် အတွေးကိုတော့ လက်တွေ့ အကောင်အထည်မဖော်ခဲ့ပေ။
TK Team (Chapter 6.1)
++++++++