Chapter 9.2🔞
Chapter 9.2 🔞
Warning ! Mature contents !
တစ်ဖက်လူက ထိုသို့ ပြောလာမှဖြင့် ကျိုးချီချန်းမှာ တခြား ဘာပြောနိုင်တော့မည်နည်း။သူတို့သာ အမှန်တကယ် ရန်ဖြစ်ခဲ့ပါက Gym သွားပြီး ထုဆစ်ထားသော ကြွက်သားများနှင့် လန်ဖုန်းမှာ သူ့ကို နိုင်အောင် ချနိုင်လိမ့်မည် မဟုတ်ပေ။သို့သော် လိင်ဆက်ဆံခြင်းမှာ သူတို့ ဆန္ဒရှိရှိဖြင့် လုပ်ခဲ့ကြသော တစ်စုံတစ်ရာ မဟုတ်ပေလော။သူက ဆန္ဒအလျောက် လန်ဖုန်း၏အိပ်ရာပေါ်သို့ တက်ခဲ့ပြီး တစ်ဖက်လူက သူ့ကို လုပ်လာပါရန် ဆန္ဒရှိခဲ့သည့်အပြင် အခု တစ်ဖက်လူက သူ့ကို ပွေ့ဖက်ပေးလာရန် ဆန္ဒရှိနေမိသည်။လန်ဖုန်း၏လက်မောင်းများက သူ့ပခုံးများကို ချုပ်ထားပြီး သူ့ရင်ဘတ်ပေါ်မှ ဖြတ်၍ ခါးရှေ့တွင် လက်နှစ်ဖက် ယှက်ထားရင်း သူ့ကို ထိတွေ့လိုက်၊ဖျစ်ညှစ်လိုက်၊ဆုပ်နယ်လိုက်ဖြင့် မရပ်မနား လုပ်နေခဲ့သည်။သူက အသားဆိုင်များကို ဆက်တိုက်ဖျစ်ညှစ်နေခဲ့ရာ ကျိုးချီချန်းကို အသက်ရှူမြန်လာစေတော့သည်။လန်ဖုန်းက ကျိုးချီချန်း၏အထိရှလွယ်ဆုံး နေရာများကို အခုထိ မမေ့သေးပေ။သူ ရေချိုးနေတုန်း တစ်ဖက်လူက ထိထိရောက်ရောက် လိင်ဆက်ဆံနည်း လက်စွဲစာအုပ်ကို လေ့လာထားခဲ့သလားဟုတောင် ကျိုးချီချန်း တွေးနေမိလေသည်။
ယခုပုံစံမှာ သူ့အကြိုက်ဆုံးအနေအထား မဟုတ်သော်လည်း တစ်ဖက်လူက နက်လိုက်၊တိမ်လိုက် တစ်လှည့်စီ ထိုးဆောင့်လာသဖြင့် အဝင်အထွက်က တဖြည်းဖြည်း ချောချောမွေ့မွေ့ ဖြစ်လာခဲ့သည်။သူ အတော်လေး ခံစား၍ ကောင်းနေခဲ့ပြီး တစ်ဖက်လူက သူ့ကို နောက်ကျောဘက်မှ ပွေ့ဖက်ထားပေးသဖြင့် သူ့တစ်ကိုယ်လုံး သက်တောင့်သက်သာ ဖြစ်လာတော့သည်။တစ်ချိန်တည်း၌ တစ်ဖက်လူ၏ဆောင့်ချက်များနှင့်အတူ သူ့လိင်တံသူ ပွတ်သပ်နေလိုက်သည်။ထိုမခိုက်အတန့်တွင် လန်ဖုန်းမှာ လူကြီးလူကောင်းဆန်ဆန် ဆက်မလုပ်နိုင်တော့ဘဲ တစ်ဖက်လူကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်ပြီး အရှိန်ပြင်းပြင်းဖြင့် ခပ်နက်နက် ထိုးသွင်းလိုက်မိသည်။ငါးမိနစ်လောက် သည်းခံခဲ့ပြီး နောက်ဆုံးတွင် သူ မရတော့ပေ။ထို့ကြောင့် မဆိုင်းမတွ ဆိုသလို တစ်ဖက်လူ၏ကိုယ်ထဲမှ သူ့လိင်တံကို ကျွတ်ထွက်မသွားစေရဘဲ ကျိုးချီချန်း၏ကိုယ်ပေါ်သို့ မှောက်ချလိုက်ပြီး လေးဘက်ထောက်အနေအထားဖြင့် ဆက်ဆံသည်။ထိုရှုထောင့်မှ မြင်ရသည့် မြင်ကွင်းမှ ထူးကဲလွန်းသည်။သူ၏ဆောင့်ချက်များကြောင့် ကျိုးချီချန်း၏ခါးပေါ်ရှိ ပါးချိုင့်သဖွယ် အချိုင့်ရာလေးများမှာ မသိမသာ လှုပ်ခတ်နေသည်ကို မြင်နေရပြီး သူနှင့်ရင်းနှီးသူများသာ ခေါ်တတ်သည့် နာမည်ကို တစ်ဖက်လူက ခေါ်နေခဲ့သည်ကိုလည်း ကြားရသည်။
“အီဗန် ” ကျိုးချီချန်းက ဟောဟဲလိုက်နေသည့်ကြားမှ ပြောလာသည်။ “မင်း လုပ်တာ အရမ်းမိုက်တယ်၊ မြန်မြန်လေး … အာ့ …”
ထိုသို့ ပြောလာသည်ကို ကြားလိုက်လျှင် လန်ဖုန်းမှာ ပြီးမြောက်လုနီးနီး ဖြစ်သွားရတော့၏။တစ်ဖက်လူ၏စကားကို မည်သို့ တုံ့ပြန်ရမှန်း သူ မသိသဖြင့် “Fuck” ဟု တစ်လုံးတည်းသာ ရေရွတ်လိုက်ပြီး ကျိုးချီချန်း၏ပါးသပ်ကို လက်ဖဝါးဖြင့် အုပ်ထားပစ်လိုက်သည်။လက်ချောင်းများဖြင့် အစပျိုးပေးထားသည့် ကျေးဇူးကြောင့် ကျိုးချီချန်း၏အပေါက်အတွင်း၌ စိတ်မကူးနိုင်သည်အထိ ချောကျိနေပြီး ထိုသက်ရောက်မှုကို ခံလိုက်ရသူ လန်ဖုန်းမှာ တင်ပါးနှင့် ပေါင်တံများကို တောင့်ထားလိုက်ရ၏။သူက ခပ်မြန်မြန်နှုန်းဖြင့် တင်ပါးများကို ရွေ့လျားရန်သာ အာရုံစိုက်ထားပြီး နှစ်ယောက်လုံးအတွက် ပြောမပြနိုင်အောင် သာယာမှုကို ယူလာပေးနိုင်မည့် သုခဘုံလေးအတွင်းသို့ နက်နက်နဲနဲ ဆောင့်သွင်းနေမိသည်။တစ်ဖက်လူက လန်ဖုန်းကို အပြည့်အဝ ယုံကြည်သဖြင့် တစ်ကိုယ်လုံး ဖြေလျှော့ပေးထားသော အခြေအနေ၌ ရှိနေပြီး သူ့ထက် အသက်ငယ်သည့်လူကို သူနည်းသူ့ဟန်ဖြင့် လိုက်လျောပေးနေမှန်း လန်ဖုန်း ခံစားရပါသည်။
လှပသေသပ်စွာ ပြေဆင်းနေသော ကျိုးချီချန်း၏ပခုံးများ၊နောက်ကျောပေါ်မှ ကြည်လင်တောက်ပသော ချွေးစက်များ၊လက်ပြင်ရိုးပေါ်ရှိ ကြွက်သားလိုင်းများက တင်းကြပ်သွားလိုက်၊ပြေလျော့သွားလိုက် ထပ်တလဲလဲ ဖြစ်နေပုံများကို သူ ကြည့်နေခဲ့သည်။ကျိုးချီချန်း၏ ခါးပေါ်ရှိ အချိုင့်ရာလေးများက ခွက်နေပြီး တင်ပါးမို့မို့များကလည်း လန်ဖုန်း၏ ဖြစ်နိုင်ချေမရှိအောင် မြန်ဆန်သွက်လက်သော ထိုးနှက်မှုများကြောင့် ခပ်သွက်သွက်ကလေး တုန်ခါနေကြသည်။လန်ဖုန်းမှာ ချက်ချင်းပင် မရပ်မနား တိုက်ခိုက်လိုက်ပြီး ဆောင့်သွင်းလိုက်ချိန်တိုင်း၌ သူ၏လိင်တံထိပ်ဖျားက သူ့အောက်တွင်ရှိသော တစ်ဖက်လူ၏ဆီးကျိတ်ရှိရာသို့ တည့်တည့် သွားထိနေသဖြင့် သာယာမှုများကို တလိပ်လိပ် တက်လာစေတော့သည်။သူ သွင်းလိုက်ချိန်တိုင်း ကျိုးချီချန်းထံမှ အလွန်ရမ္မက်ကြွစေသော အသံများ ထွက်နေတော့သည်။သူက လန်ဖုန်း၏တင်ပါးကို လှမ်းဆွဲလိုက်ပြီး တစ်ဖက်လူအား သူ့ကို ဤအတိုင်း ဆက်လုပ်ပေးပါရန် တိုက်တွန်းသလို တိုက်ရိုက်အချက်ပြသည့်အနေဖြင့် လက်ငါးချောင်းလုံး ဖြန့်ကား၍ လန်ဖုန်း၏တင်ပါးထက်သို့ ဖိတွန်းပေးလိုက်သည်။ ‘ငါ ဒီနေ့ တကယ်ကို အကောင်းဆုံး အခြေအနေမှာ ရှိမနေရုံပါဘဲလား။ ‘ သူ တွေးလိုက်သည်။ ‘မဟုတ်ရင်တော့ သူ ငါ့ကို လုပ်နေရင်းမထိတွေ့ပေးရင်တောင် ငါ ပြီးသွားနိုင်လောက်တယ်။’ သူတို့က ထိုသို့ အချိန်အနည်းငယ်ခန့်ပေး၍ စမ်းကြည့်သင့်သည်။ထိုမတိုင်ခင် လန်ဖုန်းကို လေးကြိမ် လုပ်ရန် ရှိသေးသည်။အကြွေးတင်နေသည့်အရာကို ပြန်မယူပါက သူ ကျိုးချီချန်း မဖြစ်သင့်တော့ပေ။
လန်ဖုန်းမှာ သူ့အသံက လွဲ၍ ဘာကိုမှ မကြားနိုင်လေရာ သဘာဝကျစွာဖြင့် ကျိုးချီချန်း၏စိတ်ထဲတွင် ဖြစ်ပျက်နေသည့် တွက်ချက်မှုများကို မသိနိုင်ပေ။ရည်ရွယ်ချက်မရှိဘဲ ညှို့ဓါတ်များ စိမ့်ထွက်နေပါသော တစ်ဖက်လူကို သူ ကြည့်နေရင်း တစ်ဖက်လူ၏ပြုစားခံလိုက်ရပြီဟု ခံစားလိုက်ရ၏။ထိုသူ ဒုတိယတစ်ခါ ရောက်လာခဲ့ချိန်မှ သူ့ဘဝတွင် ပထမဆုံးအကြိမ်အဖြစ် တစ်စုံတစ်ရာကို ဖျက်ဆီးပစ်လိုသော စိတ်ဆန္ဒတစ်ခု ရှိနေခဲ့ကြောင်း သူ့ကိုယ်သူ ရှာတွေ့ခဲ့သည်။နောက်ဆုံး၌ ကျိုးချီချန်း အဝတ်အစား ဝတ်ထားချိန်တွင် လူမမြင်ရလောက်မည့် လည်ကုပ်အောက်ဘက်တစ်နေရာကို အသေအချာ တွက်ချက်ကြည့်ပြီးမှ သူ ထိုနေရာကို ကိုက်ပစ်လိုက်၏။ထိုကိစ္စနှင့် ပတ်သက်လျှင် ကျိုးချီချန်း စိတ်ရှိမှန်း သူ သိသည်။
ယခုတစ်ခေါက်တွင် ကျိုးချီချန်းက တစ်ဖက်လူနှင့်အတူ ပြီးမသွားခဲ့ပေ။သူက သူ့ခန္ဓာကိုယ်ကို သေချာသိသည်။ပင်ပန်းနေချိန်နှင့် အရက်မူးနေချိန်တွင် သူက ထိရှလွယ်ခြင်း ဖြစ်လေ့မရှိဘဲ ပြီးမြောက်ရန် အချိန်ပိုယူရတတ်သည်။လန်ဖုန်းမှာ စိတ်ခံစားမှာ အထွတ်အထိပ်မှ ပြန်လည်ငြိမ်သက်လာပြီးနောက် ကျိုးချီချန်း အခုထိ မပြီးရသေးမှန်း သိသွားပြီး အနည်းငယ် အားတုံ့အားနာ ဖြစ်သွားလေသည်။
ကျိုးချီချန်းက သတိထားမိသဖြင့် အရင်ဆုံး ပြောလိုက်သည်၊ “ခံစားလို့ ကောင်းပါတယ်။ဒါပေမဲ့ ဒီနေ့ ငါ့ခန္ဓာကိုယ်က အကောင်းဆုံးအခြေအနေမှာ မရှိဘူးလေ။”
လန်ဖုန်းက ဘာမှ ပြန်မပြောပေ။သူက ကျိုးချီချန်းကို အိပ်ရာပေါ် တွန်းလှဲလိုက်ပြီး သူ့ဘာသာ အောက်ဘက်သို့ ဆင်းသွားကာ တစ်ဖက်လူ၏ထောင်မတ်နေသော လိင်တံကို သူ့ပါးစပ်ထဲ ထည့်လိုက်၏။
ကျိုးချီချန်း မျှော်လင့်ထားသည်ထက် နောက်တစ်ကြိမ် ကျော်လွန်သွားခဲ့ပြီး လန်ဖုန်းက ပါးစပ်နှင့်ပြုစုပေးသည့်နေရာတွင်လည်း တော်လေသည်။အနည်းဆုံးတော့ သူ စိတ်ကူးထားသည်ထက်ပင် ပိုကောင်းနေသေး၏။ထိုသို့ကောင်းရသည်မှာ ရုပ်ပိုင်းဆိုင်ရာ လှုံ့ဆော်မှုကြောင့်လား၊ဇီဝကမ္မဆိုင်ရာ အကြောင်းရင်းများကြောင့်လား ခွဲခြားကြည့်ရန် ခက်ခဲလှသည်။ကျိုးချီချန်းက ကုတင်ခေါင်းရင်းကို မှီ၍ သူ့တင်ပါးများကို ပင့်လိုက်ပြီး လန်ဖုန်း၏ပါးစပ်ကို လုပ်နေလိုက်သည်။တစ်ဖက်လူက သူ့ကို အလျော့မပေးပဲ ပြုစုနေသည်ကို ကြည့်ရင်း သူ ကြာကြာထိန်းမထားနိုင်တော့မှန်း သိလိုက်သည်။သူ မပြီးမြောက်ခင်၌ လန်ဖုန်း၏ခေါင်းကို တွန်းဖယ်ပစ်လိုက်သော်လည်း တစ်ဖက်လးက သူ၏လိင်တံကို ဆုပ်ကိုင်လာလေသည်။နောက်ဆုံးတွင် သူ၏အရည်များကို လန်ဖုန်း၏လက်ထဲသို့ ထုတ်လွှတ်လိုက်တော့၏။
လန်ဖုန်းက လက်သုတ်စရာ သဘက်တစ်ထည် သွားရှာပြီး သူ့လက်ကို သန့်ရှင်းလိုက်သည်။ပြီးနောက် မောဟိုက်နေသော ကျိုးချီချန်း၏ဘေးတွင် ခဏကြာအောင် လှဲနေမိသည်။
ကျိုးချီချန်းမှာ အချိန်အတော်ကြာအောင် မျက်လုံးမှိတ်နိုင်ပြီ ဖြစ်၍ ဝမ်းသာသွားခဲ့သည်။သူ့အသိစိတ်က တဖြည်းဖြည်း မျောလွင့်လာသည်ဟု သူ ခံစားလာရသော်လည်း လန်ဖုန်းက ရုတ်တရက်ကြီး မေးလာခဲ့၏။ “ငါ မေးသင့်၊မမေးသင့် မသိတဲ့ တစ်ခုခု ရှိတယ်။
“မင်း စကား စထားပြီးပြီလေ၊ဒီတော့ ဒါကို ဆက်ပြောရမှာပေါ့။မေးကြည့်လေ။” ကျိုးချီချန်းက မျက်လုံးမှိတ်ရက်သားဖြင့် ပြောသည်။
ထို့နောက် လန်ဖုန်းက မေးခွန်းကို မေးချပစ်လိုက်၏။ “ငါတို့ ဒါကို လုပ်နေတုန်း မင်း တခြားသူတစ်ယောက်ကို မြင်နေမိလား။”
ယခုမှ ကျိုးချီချန်း မျက်လုံးဖွင့်လာတော့သည်။သူတို့ ဆက်ဆံကြသည့် အကြိမ်တိုင်းတွင် လေထုက ကောင်းမွန်ခဲ့ပြီး အမြဲတမ်းခံစား၍ ကောင်းခဲ့သော်လည်း တတိယအကြိမ် ဆက်ဆံပြီးချိန်တွင် လန်ဖုန်းက ထိုသို့မေးလာမည်ဟု သူ မမျှော်လင့်ထားပေ။လန်ဖုန်းက သူ၏အတိတ်အကြောင်း တစ်စုံတစ်ရာနှင့် ပတ်သက်၍ များများစားစား မပြောလာသဖြင့် ထိုအတိုင်းသာ ဆက်ဖြစ်သွားလိမ့်မည်ဟု သူ ထင်ထားမိခဲ့ပုံပင်။တံခါးမှ ကျိုးချီချန်း ဝင်လာသည့် အခိုက်အတန့်မှာကတည်းက ထိုသို့ ဖြစ်နေခဲ့ပြီး ခြုံပုတ်ပတ်ပတ်လည်ကို တစ်ကြိမ်ပင် မရိုက်ကြည့်တော့ဘဲနှင့် ယဥ်ကျေးသည့်အတိုင်းအတာအတွင်း၌သာ သူ သိချင်သည့်အရာတိုင်းအတွက် အဖြေများကို မေးလာတော့သည်။
ကျိုးချီချန်း သူ ဘာကို သွယ်ဝိုက်၍ ပြောရန် ကြိုးစားနေမှန်း ကြားလိုက်သော်လည်း သူ ၎င်းကို တုံ့ပြန်ရန် အခုထိ အဆင်သင့်မဖြစ်သေးပေ။အခိုက်အတန့် တစ်ခုကြာအောင် တိတ်ဆိတ်နေပြီးမှ သူ ပြောလိုက်သည်။ “အခုတော့ မဟုတ်ပါဘူး။ဘာလဲ၊ မင်းက ငါ့ရဲ့
ဆေးစစ်ချက်မှတ်တမ်းကို ကြည့်ချင်လို့လား။”
၎င်းက လန်ဖုန်းကို နောက်တစ်ခါ အားတုံ့အားနာ ဖြစ်သွားစေခဲ့သည်။ “ငါတို့က အန္တရာယ်ကင်းကင်း ဆက်ဆံဖို့အတွက် လေ့ကျင့်ထားပြီးသားပါ။ငါ ဒီလိုမျိုး ဆိုလိုချင်တာ မဟုတ်ပါဘူး။”
ကျိုးချီချန်းက “အမ်း” ဟု တုံ့ပြန်သည်။သူက စကားစကို မဆက်ခဲ့ပါ။ကွေ့ဝိုက်နေပါက ထိုသူ သဘောမပေါက်နိုင်ဟု လန်ဖုန်း တွေးလိုက်မိပြီး ချက်ချင်းဆိုသလို ပထမမေးခွန်းထက် ပို၍တည့်ကျသော နောက်ထပ်မေးခွန်းကို ဆက်မေးလိုက်တော့သည်။ “ငါ မင်းကို မေးလို့ ရနိုင်မလား။မင်း ဘယ်တုန်းက နောက်ဆုံး ချိန်းတွေ့ခဲ့တာလဲ။”
၎င်းကိုတော့ ကျိုးချီချန်း မသိဘဲ မနေပါ။သို့သော် လန်ဖုန်းက တည့်မေးလာပြီးနောက် သူ့အနေဖြင့် ဝတ်ကျေတမ်းကျေ ပြန်မဖြေလိုက်နိုင်ရုံသာ။ထို့ကြောင့် သူ အမှန်အတိုင်း ပြောလိုက်သည်။ “လွန်ခဲ့တဲ့နှစ်နှစ်က ရှန်းကျန့်မှာ။ငါ ပေကျင်းရောက်လာတော့ လမ်းခွဲလိုက်ကြတယ်။”
“အဲ့ဒါ ပြီးတော့ရော။”
“အဲ့ဒါပြီးတော့ ငါ တကယ်ကို ဘယ်သူနဲ့မှ ထပ်မတွဲဖြစ်ဘူး။”
နောက်ဆုံးတွင် လန်ဖုန်းက အနိုင်ကတ်ကို ပစ်ချလာတော့သည်။” နောက်ထပ် ဆက်ဆံရေးတစ်ခုကို စဖို့ အတွက် ဘယ်အချိန်ကျမှ မင်းအနေနဲ့ အဆင်သင့်ဖြစ်မယ်လို့ တွေးထားလဲ။”
အမှန်စင်စစ် ကျိုးချီချန်းမှာ လန်ဖုန်း၏ယခင်မေးခွန်းများထဲမှ သွယ်ဝိုက်ဆိုလိုနေသည့် အဓိပ္ပါယ်ကို ကောက်နုတ်ထားပြီး ဖြစ်လေသည်။အကြိမ်အနည်းငယ် လိင်ဆက်ဆံပြီးနောက် လန်ဖုန်း တစ်ယောက်တည်းသာ ထိုသို့ ဖြစ်နေသည်ဟု သူ့ကိုယ်သူ ဆက်၍ မလိမ်နိုင်တော့ပေ။သူ၏ကြိုတင်ခန့်မှန်းချက်မှာ မှန်ကန်ခဲ့၏။တစ်ဖက်လူက သူ့ကို အမှန်တကယ်ပင် စိတ်ဝင်စားနေလေသည်။ထိုအတွေးက သူ့နှလုံးသားကို ထပ်၍ အရိုင်းဆန်ဆန် ခုန်ပေါက်လာစေသည်။သို့သော် သူတို့နှစ်ယောက်က အလွန်အမင်း ကွာခြားနေခဲ့သည်။သူတို့၏မိသားစုနောက်ခံ၊ဘဝကို နေထိုင်ပုံ သာမက တွေးပုံတွေးနည်းပထိ အစစအရာရာ ခြားနားလွန်းသည်။ထို့အပြင် သူတို့ကြားတွင် ဘာပဲဖြစ်ခဲ့ဖြစ်ခဲ့ သင့်လျော်သော အစပြုခြင်း မရှိခဲ့ပါ။လန်ဖုန်းနှင့် သူသာ အတူတူ ရှိနေပြီဆိုလျှင် ဘာနှင့်တူမည်နည်း။ထိုမေးခွန်းအတွက် အဖြေတစ်ခုပင် သူ မစဥ်းစားမိပေ။သူတို့က မတူညီသော မြို့များတွင် အခြေချနေကြသည်ဆိုသော အရှိအရှိအတိုင်း အခြေအနေကို ထည့်မတွက်လျှင်တောင်မှ လန်ဖုန်းမှာ စဥ်းစားချင့်ချိန်နိုင်လွန်းနေသည်။ထို့အပြင် စဥ်းစားချင့်ချိန်လွန်းသူများနှင့် တွေ့လျှင် သူက မလိုမုန်းထားစိတ် ဖြစ်လာတတ်သေး၏။ချစ်ရသည်မှာ အလွန်အမင်း အရဲစွန့်ရပြီး မာန်မာနကို ချိုးနှိမ်ရသည့် နည်းတစ်မျိုး ဖြစ်လေရာ စဥ်းစားချင့်ချိန်တတ်လွန်းသူများသည် အချစ်တွင် လုံးလုံးလျားလျား ပျော်ဝင်သွားလေ့ မရှိကြပေ။ကျိုးချီချန်းတောင်မှ ထိုအတွေးမျိုး ရှိနေခဲ့သည်။လန်ဖုန်း၏အရာရာတိုင်းကို တွေးခေါ်ရှုမြင်ပုံနှင့် ဆိုလျှင် သူ့အတိတ်အကြောင်းကို ပြောပြလိုက်ရုံနှင့် ထပ်ရှင်းပြစရာမလိုအောင် တစ်ယောက်နှင့် တစ်ယောက် မသင့်တော်မှန်း တစ်ဖက်လူ နားလည်နိုင်လောက်ပါသည်။
အဆုံးတွင်တော့ သူ ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။ “အာ … ငါ ဒါကို မတွေးထားမိဘူး။ငါက ဆက်ဆံရေးတစ်ခုကို လွယ်လွယ်နဲ့ မစတတ်ဘူး။ငါ စဥ်းစားလိုက်မယ်။” ထို့နောက် သူက လန်ဖုန်း၏မျက်နှာကို မကြည့်ဘဲ အကြည့်လွှဲလိုက်သည်။
လန်ဖုန်းက ပုံမှန်အတိုင်းသာ ဖြေလာခဲ့သည်။ “သိပြီ”
၎င်းက သူ စီစဥ်ထားသော ဦးတည်ချက် မဟုတ်ခဲ့ပေ။ “လူမှန်သူမှန်နဲ့ဆိုရင်တော့ ငါ ဆက်ဆံရေးတစ်ခု စဖြစ်မယ် ” ကဲ့သို့ အဖြေတစ်ခုခုကိုသာ သူ မျှော်လင့်ထားမိသည်။အတန်ငယ် လူးသာလွန့်သာရှိသော တစ်စုံတစ်ခု ဖြစ်မည်ဟူ၍။ ထို့သို့သာ ဖြစ်ပါမူ သူက “မင်း ငါ့ကို ဘယ်လိုမြင်လဲ။” ဆိုသည့် မေးခွန်းကို ဆက်မေးလိုက်မည်ပင်။ တစ်ဖက်လူ ဘာကို သဘောပေါက်သွားမှန်း သူ နားလည်သွားသဖြင့် တွန့်ဆုတ်နေမိသည်။ထို့နောက်မှ ထပ်မေးနေပါလျှင် အဓိပ္ပါယ် မရှိတော့ပေ။
ထိုအကြောင်းအရာက ပြီးဆုံးသွားလောက်ပြီဟု ကျိုးချီချန်း တွေးမိသည်အထိ အချိန်အတော်ကြာပြီးနောက် လန်ဖုန်းက ထပ်မေးလာပြန်သည်။ “ဒါဆို ငါတို့အကြောင်းကို မင်း ဘယ်လိုမြင်လဲ။”
ကျိုးချီချန်းက ပြန်မဖြေခင် အကြာကြီး စဥ်းစားနေခဲ့သည်။ “အခုတော့ ငါတို့ ဘာပဲလုပ်ခဲ့လုပ်ခဲ့ အတော်လေး အဆင်ပြေတယ်လို့ ထင်တယ်။”
သူက လန်ဖုန်းကို ကြည့်မနေသဖြင့် လန်ဖုန်း၏အကြည့်မှာ စောစောကထက် သေသေချာချာ ဖြစ်မနေမှန်း သူ မသိနိုင်ပေ။ထိုအစား ပို၍ သိမ်မွေ့ညင်သာမှုများနှင့် အနည်းငယ် တမ်းတမှုများနှင့် ပြည့်နှက်နေခဲ့၏။
ထိုည လန်ဖုန်း ရေချိုးနေစဥ် ကျိုးချီချန်းမှာ အလွန်ပင်ပန်းလွန်းသဖြင့် လန်ဖုန်း၏အိပ်ရာပေါ်တွင် အိပ်ပျော်သွားခဲ့သည်။လန်ဖုန်းကပဲ သူ့ကို စောင်ခြုံပေးပြီး တစ်ယောက်၏လက်ကို တစ်ယောက် မထိစေရဘဲ ဘေးချင်းယှဥ်ရက် လဲလျောင်းကာ အိပ်ရာတစ်ဝက်စီကို နေရာယူထားလိုက်ကြသည်။မနက် လေးနာရီကျော်ကျော်တွင် jet lag မှ သက်သာသွားပြီဖြစ်သော ကျိုးချီချန်းက နိုးလာခဲ့သည်။သူက အဝတ်အစားများ ပြန်ဝတ်ပြီး အောက်ဆင်းမသွားခင်၌ လန်ဖုန်းကို Goodbye ဟု ပြောသွားသေးသည်။
သူ နိုးလာပြီးနောက် လန်ဖုန်းလည်း နိုးသွားသည်ကို သူ သတိမထားမိခဲ့ပေ။လန်ဖုန်းက ရီဝေသောမျက်လုံးများဖြင့် ထထိုင်လိုက်ပြီး ကျိုးချီချန်း ပစ္စည်းများ ထုပ်ပိုး၍ တံခါးတွန်းဖွင့်လိုက်သည်ကို ကြည့်နေခဲ့သည်။လန်ဖုန်းက သူ ကောင်းကောင်းကြီး ဘောင်ကျော်လိုက်မိမှန်း သေချာသိသည်။သူတို့က အမြင်ချင်း မတူကြပါ။၎င်းမှာ ကျိုးချီချန်းကိုကြည့်ခွင့်ရသည့် နောက်ဆုံးအကြိမ်လည်း အလွန်ဖြစ်နိုင်ချေရှိပါသည်။သူ့အတွက် ရပ်တန့်ရမည့်အချိန် ရောက်လာခဲ့သည်။
TK Team (Chapter 9.2)
++++++++