Explain
လွမ်းနေကြမယ် ထင်လို့ OneShort လေးတစ်ပုဒ်လာတင်တာပါ။💙
နှစ်ကုန်ပိုင်းဖြစ်တာကြောင့် အလုပ်လေးတွေနည်းနည်းရှုပ်နေတာရယ်၊ စာမူလေးတွေစစ်နေရတာရယ်ကြောင့် ဇာတ်လမ်းအသစ်ရေးဖို့ အချိန်ကြန့်ကြာနေရတာပါ။
ဒီဇာတ်လမ်းလေးကိုက Youtubeမှာ ဟိုဟိုဒီဒီလျှောက်ကြည့်ရင်း တွေ့ခဲ့တဲ့ The Lamp Storyဆိုတဲ့ ဗီဒီယိုအတိုလေးကြောင့် ရေးဖြစ်ခဲ့တာပါ။ ၂မိနစ်လောက်ပဲ ကြာတဲ့ ဗီဒီယိုလေးမို့ ကြည့်နေမိရင်း ဒီOneShortလေးကို ရေးဖို့အကြံရသွားခဲ့တယ်။
လူတစ်ယောက်ဟာ အလုပ်အင်တာဗျူးတွေကျပြီး စိတ်လေနေတဲ့အချိန်မှာ မိန်းကလေးတစ်ယောက်နဲ့ တွေ့ပြီး သူတို့ချစ်ခင်စုံမက်ခဲ့ကြတယ်။ ပြီးတော့ သူတို့ လက်ထပ်ခဲ့ကြပြီး သုံးနှစ်အကြာမှာ သားသမီးနှစ်ယောက်ရခဲ့တဲ့အပြင် သူတို့မိသားစုလေးဟာ ဘဝကို ပျော်ပျော်ရွှင်ရွှင်နဲ့ဖြတ်သန်းနေခဲ့တယ်။ ဒါပေမယ့် အဲ့ဒီလူဟာ တစ်နေ့တော့ အိပ်ရာနိုးလာတဲ့အချိန်မှာ ဧည့်ခန်းထဲမှာထိုင်နေရင်း စားပွဲခုံပေါ်ကမီးအိမ်လေးကို စိုက်ကြည့်နေခဲ့တယ်။ သူ့မိန်းမက သူ့ကိုခေါ်နေပေမယ့်လဲ သူမကြားတော့ပဲ အဲ့ဒီမီးအိမ်လေးကိုသာ စူးစိုက်ကြည့်နေခဲ့တယ်။ သူ့ယောက်ျားဟာ သူ့ကိုစကားပြန်မပြောဘဲ မီးအိမ်ကိုသာ စိုက်ကြည့်နေတာမို့ မိန်းမက စိုးရိမ်ပူပန်လာခဲ့တော့တယ်။
အဲ့ဒီလူဟာ မီးအိမ်လေးကိုစိုက်ကြည့်နေရင်း တစ်ခုကို နားလည်သဘောပေါက်သွားတယ်။ ဒီဘဝနဲ့ သူမိန်းမသူ့ကလေးတွေအားလုံးဟာ စိတ်ကူးယဥ်သက်သက်ပဲ ဆိုတာကို နောက်ဆုံးမှာ ရှာဖွေတွေ့ရှိပြီး သဘောပေါက်သွားခဲ့ပါတော့တယ်။ သူဟာ လက်တွေ့မှာ မရှိတဲ့ စိတ်ကူးယဥ်အိမ်မက်ဘဝထဲမှာ သုံးနှစ်တိတိ နေထိုင်ခဲ့တာပါ။
Youtubeမှာဖြစ်ဖြစ် Googleမှာဖြစ်ဖြစ် The Lamp Story လို့ ရိုက်ရှာရင် တွေ့နိုင်ပါတယ်။ အဲ့ဒါလေးကို ဖတ်မိပြီးရင်ထဲတစ်မျိုးလေး ခံစားသွားရတာကြောင့် ဒီဇာတ်လမ်းလေးကို ဖန်တီးဖြစ်ခဲ့တာပါ။
ဒီထဲက ဇာတ်ကောင်ဟာလဲ ထို့အတူပဲ သူ့ရဲ့စိတ်ကူးယဥ်ဘဝလေးထဲမှာ အချိန်တွေအကြာကြီး နေထိုင်ခဲ့တာပါ။
တစ်နေ့ သူသတိပြန်ဝင်လာတဲ့အချိန်မှာ သူအရမ်းပျော်ရွှင်နေရတဲ့ဘဝလေးဟာ တကယ်မဟုတ်မှန်းသိလိုက်ရချိန်မှာတော့ သူလက်မခံနိုင်တော့ပါဘူး။
သူ့ကို တာဝန်ယူထားတဲ့ ဆရာဝန်လေးဟာ သူ့ချစ်သူဖြစ်နေရတာကလဲ သူ့ရဲ့စိတ်ကူးယဥ်ဘဝလေးထဲမှာပါပဲ။ သတိပြန်ဝင်လာတဲ့အချိန်မှာတော့ လက်တွေ့ဘဝကြီးကို လက်မခံနိုင်တော့ပဲ သူ့ရဲ့စိတ်ကူးယဥ်ဘဝလေးထဲမှာ တစ်သက်လုံးနေနိုင်အောင် နောက်ဆုံးထွက်ပေါက်ကိုရွေးချယ်သွားခဲ့တာပါ။
ဖတ်ရှုပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင့်။
.
16.12.2023
ကျေးဇူးတင်ပါတယ်။
မြတ်နိုးမှုများစွာဖြင့်
မြမိုရ်