Chapter 5
တို့နှစ်ယောက် ဘာကြောင့်ဝေးရတယ်
အခန်း ၅ (အပိုင်း ၄)
ထယ်ဝမ်က တံခါးဖွင့်ပြီး အထဲဝင်လိုက်တယ်။ အဝင်ဝဘေးမှာ ပန်းရောင် ရှူးဖိနပ်အပါးလေးတစ်ရံ သေသေသပ်သပ် ချွတ်ထားလျက်ရှိနေခဲ့တယ်။ အခု တွေးကြည့်တော့မှ သူ့အိမ်မှာ ဟာယွန်းရဲ့ဖိနပ်ကို မတွေ့ရတာ တော်တော်ကြာသွားခဲ့ပါပြီ။
အချိန်တစ်ခုအရောက်မှာ ဟာယွန်းက သူ့တိုက်ခန်းကို လာမလည်တော့ပါဘူး။ အကယ်၍များ သူ့မန်နေဂျာဆီမှာ မိသွားမလားဆိုပြီး ဟာယွန်းက လာလည်ဖို့ကို ငြင်းဆန်ခဲ့တယ်လေ။ အဲ့ဒီအတွက်ကြောင့် ဟာယွန်းနဲ့တွေ့ဖို့အတွက် အမြဲတမ်း သူကပဲ ဟာယွန်းအိမ်ကို သွားခဲ့ရတယ်။
ထယ်ဝမ်က လျှောက်လမ်းအတိုင်း လျှောက်သွားပြီး ဧည့်ခန်းထဲ ဝင်လာခဲ့တယ်။ စားချင်စဖွယ် အစားအသောက်အနံ့လေး ရလိုက်တယ်။ ထမင်းစားပွဲက အစားအသောက်တွေနဲ့ ပြည့်နေပါပြီ။ သူ့အကြိုက် mille-feuille nabe ၊ ကြက်ဥလိပ်နဲ့ အမဲနှပ်။ အားလုံးက စားချင့်စဖွယ်အနံ့လေးတွေနဲ့ အငွေ့တထောင်းထောင်းထလို့ပါ။
“ကြိုဆိုပါတယ်။”
ဟာယွန်းက ခေါင်းထောင်ကြည့်ပြီး နှုတ်ဆက်တာကို ထယ်ဝမ် တွေ့လိုက်ရတယ်။ သူက ထမင်းပေါင်းအိုးအရှေ့မှာ ပန်းကန်လုံးတစ်လုံးကို ကိုင်ထားရင်း ထယ်ဝမ့်ကို ပြုံးပြခဲ့တယ်။ ထယ်ဝမ်က ထမင်းစားပွဲ ကုလားထိုင်ကိုကိုင်ပြီး ဟာယွန်းကို ကြည့်လိုက်တယ်။
“ဒါက ဘာတွေလဲ။”
“နင်က အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆု ရခဲ့တာကို အခုထိ ဂုဏ်ပြုပွဲ မလုပ်နိုင်ခဲ့ဘူးလေ။ နောက်ကျနေမှန်း သိပေမဲ့ နင့်ကို ဂုဏ်ပြုချင်လို့။”
ဟာယွန်းက ပူပူနွေးနွေး ထမင်းကို ခူးလိုက်ပြီး စားပွဲပေါ်တင်လိုက်တယ်။ အဲ့ဒီနောက် သူက ကိတ်မုန့်တစ်လုံး ယူထုတ်ခဲ့တယ်။ ကိတ်မုန့်ပေါ်မှာ ထရိုဖီသေးသေးလေး ရှိနေပါတယ်။
ဟာယွန်းက မုန့်ဆိုင်ကိုသွားပြီး အချိန်ယူပြီးတော့ ကိတ်မုန့်ရွေးခဲ့တာပါ။ ထရိုဖီကိတ်မုန့်ကိုရှာပြီး ရွေးနေမဲ့ပုံစံလေးကို တွေးကြည့်ရုံနဲ့တင် ရယ်ချင်လာမိတယ်။ ထယ်ဝမ်က ဟာယွန်းကိုကြည့်ရင်း တခစ်ခစ်ရယ်လိုက်တယ်။
ဘာသိဘာသာနေတတ်သလို ထင်ရပေမဲ့ ဟာယွန်းက ဒီလိုအသေးစိတ်လေးတွေအထိ အမြဲတမ်း ဂရုတစိုက် ရှိတတ်သူပါ။
လက်ဆေးပြီးတဲ့နောက်မှာ ထယ်ဝမ်က ထိုင်ပြီးတော့ ဇွန်းနဲ့ ထမင်းကို ခပ်ယူလိုက်တယ်။
“ဒီနေ့ အားလုံးအဆင်ပြေရဲ့လား။”
ဟာယွန်းက သတိထားပြီး မေးခဲ့တယ်။ မန်နေဂျာနဲ့ရော၊ ဒရာမာ ဒါရိုက်တာနဲ့ပါ တွေ့မယ်လို့ ပြောလိုက်တော့ ဟာယွန်းက သူ့ကိစ္စလိုပဲ စိုးရိမ်ပြီး စိတ်လှုပ်ရှားနေခဲ့တာပါ။
“အင်း။ အားလုံး ကောင်းကောင်းအဆင်ပြေသွားတယ်။”
ထယ်ဝမ့်အဖြေကို ကြားတော့မှပဲ ဟာယွန်းလည်း လုံးဝ စိတ်တုံးတုံးချနိုင်သွားခဲ့တယ်။ ဟာယွန်းက ပြုံးလိုက်တယ်။ ကိတ်မုန့်ကို ဘူးထဲကနေထုတ်ပြီးတော့ ဖယောင်းတိုင်ထွန်းလိုက်တယ်။ အဲ့ဒီနောက် လက်ခုပ်တီးပြီး သီချင်းစဆိုပါတော့တယ်။
“ဆုရတဲ့အတွက် ဂုဏ်ပြုပါတယ်။
ဆုရတဲ့အတွက် ဂုဏ်ပြုပါတယ်။
ချစ်ရတဲ့ ထယ်ဝမ်၊ ဆုရတဲ့အတွက် ဂုဏ်ပြုပါတယ်။”
ထယ်ဝမ်က မေးထောက်ထားပြီး သူ့အတွက် ဂုဏ်ပြုသီချင်းဆိုနေတဲ့ ဟာယွန်းကို ကြည့်နေခဲ့တယ်။ ဖယောင်းတိုင်မီးရောင်လေးက သူ့ရဲ့ မျက်ဝန်းနက်နက်တွေထဲမှာ လက်ခနဲတောက်သွားခဲ့တယ်။
“ဘာလုပ်တာလဲ။”
သူက ဟာယွန်းကို ပြုံးပြရင်း မေးလိုက်တယ်။
“နင့်ကို သေသေချာချာလေး ဂုဏ်ပြုပေးသင့်တယ်ထင်လို့လေ။”
ထယ်ဝမ်က ဟာယွန်းရဲ့ဂုဏ်ပြုမှုကို လက်ခံပြီး ဟာယွန်းရဲ့မျက်နှာလေးကို ကြည့်နေခဲ့တယ်။ ဟာယွန်းက သူတို့ရဲ့ နှစ်ပတ်လည်နေ့တွေကိုလည်း အမြဲတမ်း သတိတရလုပ်လေ့ရှိတယ်လေ။ အဲ့ဒါတွေကို ရိုးအီလာဖို့ အချိန်တန်ပြီဆိုပေမဲ့ ဟာယွန်းကတော့ အမြဲတမ်း ကိတ်မုန့်ဝယ်၊ ဂုဏ်ပြုသီချင်းလေးဆို၊ ပြီးရင် ဖယောင်းတိုင်မှုတ်လေ့ရှိပါတယ်။
“ကောင်းတဲ့နေ့လေးလေ။ ကောင်းတဲ့နေ့လေးတွေက အဖိုးတန်တာမို့လို့ သတိတရ ဆင်နွှဲရမှာပေါ့။ အဲ့ဒီလိုလုပ်ရင် ပိုပြီးတော့တောင် ကောင်းတဲ့နေ့တွေ ရောက်လာလိမ့်မယ်လို့ ခံစားရလို့။”
အသက် ၂၀အရွယ် ဟာယွန်းကဖယောင်းတိုင်ကို ကြည့်နေရင်း ထယ်ဝမ့်ကို အဲ့ဒီစကားတွေ ပြောခဲ့တာပါ။ အဲ့ဒီလိုအတွေးလေးတွေက သိပ်ချစ်ဖို့ကောင်းတာပဲလို့ ထယ်ဝမ် တွေးခဲ့မိတယ်။ နာဟာယွန်းက လုံးဝပြောင်းလဲမသွားခဲ့ပါဘူး။ အဲ့ဒီတုန်းကရော အခုရော သူက အတူတူပါပဲ။
ဟာယွန်းကိုကြည့်နေရင်း ထယ်ဝမ့်မျက်လုံးတွေ ကျုံ့သွားခဲ့တယ်။
“ဘာဖြစ်လို့ ငါ့ကို အဲ့ဒီလိုကြီး ကြည့်နေတာလဲ။”
သူ့မျက်နှာမှာ တစ်ခုခုများ ပေနေတာလားလို့ ဟာယွန်းတွေးလိုက်မိတယ်။
“မင်းက အရမ်းလှလို့။”
“…”
“ပြီးတော့ အခု တွေးကြည့်လိုက်မှ မင်းမျက်နှာမှာ အဲ့ဒီလိုမျက်နှာထားမျိုး မတွေ့ရတာ တော်တော်ကြာသွားခဲ့ပြီ။”
“…”
“ငါတို့နှစ်ယောက် အမြဲတမ်း အတူတူရှိနေခဲ့တာတောင်လေ…”
သူတို့နှစ်ယောက် တစ်နေရာတည်းမှာ အတူတူရှိခဲ့ကြပေမဲ့ သူတို့မျက်နှာတွေပေါ်ကနေ တဖြည်းဖြည်း ပျောက်ကွယ်သွားတဲ့ မျက်နှာထားတွေကို တစ်ခါမှ သတိမထားမိခဲ့ကြပါဘူး။ အဲ့ဒါတင်မကသေးပါဘူး။ အမြဲတမ်း အတူတူရှိနေလို့ တစ်ယောက်နဲ့တစ်ယောက် အမြဲတမ်း တွေ့နေကြတယ်လို့ ထင်ထားခဲ့ပေမဲ့ သူတို့မှာ ဆုံးရှုံးလိုက်ရတာတွေ အများကြီးရှိပါတယ်။
အသေးအဖွဲ ဟာသလေးတွေ၊ တစ်ယောက်မျက်လုံးထဲတစ်ယောက် ကြည့်တာတွေ၊ အပြုံးတွေ ပြီးတော့ အနွေးဓာတ်အထိပါ။
အလဟဿကုန်သွားတဲ့ အချိန်တွေအားလုံးကို ပြန်တွေးရင်း ထယ်ဝမ့်မျက်လုံးတွေမှာ နှမြောတသမှုက အပြည့်နေရာယူသွားခဲ့တယ်။
“ကုန်ဆုံးသွားပြီးတဲ့ နေ့ရက်တွေထက် နှစ်ယောက်အတူတူရှိမဲ့နေ့တွေ ပိုပြီးရှိလာတော့မှာလေ။”
ဟာယွန်းရဲ့ တည်ငြိမ်တဲ့အသံကြောင့် ထယ်ဝမ့်အပြုံးက ပိုပြီးရွှန်းရွှန်းစားစားရှိလာခဲ့တယ်။ ဟာယွန်းက အဲ့ဒီစကားတွေကို ဘာရယ်မဟုတ်ပြောလိုက်တာဆိုပေမဲ့ အဲ့ဒီစကားတွေက ထုံးစံအတိုင်း ထယ်ဝမ့်ကို နှစ်သိမ့်ပေးနိုင်ခဲ့ပါတယ်။
သူ အလုပ်မှာ အရည်အချင်းကျသွားတုန်းက၊ သူ့အဘွား ဆုံးသွားတုန်းက၊ ပြီးတော့ ခက်ခဲပင်ပန်းမှုတွေကို ရင်ဆိုင်ဖြတ်သန်းရတဲ့ တခြားသော အခိုက်အတန့်အားလုံးမှာ…
“အင်း။”
ထယ်ဝမ် ခေါင်းညိတ်လိုက်တယ်။
အဲ့ဒီစကားတွေကို လက်ခံလိုက်ရုံအပြင် သူတတ်နိုင်တာ တခြားဘာမှမရှိခဲ့ပါဘူး။
****
ထယ်ဝမ်က စားပွဲပေါ်မှာရှိသမျှ ဟင်းပွဲတိုင်းကို တစ်ပွဲမကျန် ကုန်အောင်စားခဲ့တယ်။ သူက ရိုက်ကူးရေးတစ်ခုခု ရှိနေဆဲတန်းလန်းမှာ ခန္ဓာကိုယ်ကို ထိန်းသိမ်းရမှာဖြစ်တဲ့အတွက် ဘယ်တော့မှ ဒီလောက်အများကြီး စားလေ့မရှိပါဘူး။
လန့်သွားတဲ့ဟာယွန်းက သူ့ကို တားဖို့ပြင်လိုက်တယ်။ ဒရာမာရိုက်နေတုန်းတန်းလန်းကြီးမှာ ဒီလောက်အများကြီးစားလို့ ဖြစ်ရဲ့လားဆိုပြီး မေးလိုက်တဲ့အခါ ထယ်ဝမ်က ခေါင်းညိတ်ခဲ့တယ်။
“ငါ့ရဲ့ ဦးစားပေးတွေကို ပြောင်းလဲပစ်ဖို့ ဆုံးဖြတ်ပြီးပြီ။ နာဟာယွန်း ငါ့အတွက် လုပ်ပေးသမျှတွေရယ်၊ နာဟာယွန်းနဲ့အတူတူ လုပ်သမျှတွေရယ်ကို ထိပ်ဆုံးမှာထားဖို့ ဆုံးဖြတ်ထားတယ်။”
ထယ်ဝမ်က ချာတိတ်လေးလို ပြုံးဖြီးဖြီးလုပ်ပြပြီး အစားဆက်စားခဲ့တယ်။
“မင်းလုပ်ပေးတဲ့ အစားအသောက်တွေက အမြဲတမ်း အရသာရှိနေတာပဲ။”
ဒီစကားကြားတဲ့အခါ ဟာယွန်းလည်း သူ့ကို ဆက်ပြီးမတားရက်တော့ပါဘူး။ သူက တကယ်ပဲ ကမ္ဘာပေါ်မှာ အရသာအရှိဆုံး အစားအသောက်ကို စားနေတဲ့အလား စားခဲ့တာပါ။ ခေါင်းတောင်မဖော်ဘဲနဲ့လေ။ စားသောက်လို့ပြီးသွားတဲ့အခါ ထယ်ဝမ်က ပန်းကန်တွေဆေးပြီး ဟာယွန်းက စားပွဲရှင်းခဲ့တယ်။
ဟာယွန်း ရေချိုးခန်းထဲက ထွက်လာတဲ့အခါ အရင်ရေချိုးပြီးသွားတဲ့ ထယ်ဝမ်က အိပ်ရာခေါင်းရင်းကိုမှီပြီး ထိုင်နေနှင့်ပါပြီ။ ဆံပင်စိုစိုတွေကို သုတ်ပြီးတဲ့နောက်မှာ ဟာယွန်းက မှန်ထဲက ထယ်ဝမ့်ပုံရိပ်ကို တစ်ချက်ကြည့်လိုက်တယ်။
သူက sweatpants ဝတ်ထားတဲ့ ဟာယွန်း ဆံပင်အခြောက်ခံနေတာကို ငေးကြည့်နေခဲ့တယ်။ ဟာယွန်း ဟိုလုပ်ဒီလုပ် လုပ်နေတာကို ကြည့်နေတဲ့ သူ့မျက်နှာက အထက်တန်းကျောင်းသားဘဝတုန်းကအတိုင်းပါပဲ။
“လွန်ခဲ့တဲ့သုံးနှစ်က ငါ့အဖေနဲ့ တွေ့ခဲ့တယ်ဆို။ ဘာဖြစ်လို့ ငါ့ကို မပြောပြခဲ့တာလဲ။”
ဟာယွန်းက တိုးတိုးလေး မေးလိုက်တယ်။
“…ဘယ်လိုလုပ် သိသွားတာလဲ။”
ထယ်ဝမ်က တိုးညင်းညင်းအသံနဲ့ မေးခဲ့တယ်။
“ဒီနေ့ ငါ့အဖေ လာတွေ့သွားတယ်။ သူ ပြောပြတာ။ လွန်ခဲ့တဲ့သုံးနှစ်က သူနဲ့တွေ့ခဲ့တဲ့အကြောင်း ဘာဖြစ်လို့ ငါ့ကို မပြောပြရတာလဲ။”
“ကောင်းကောင်းကန်းကန်းကိစ္စမဟုတ်လို့ မပြောပြတာ။ ဒီနေ့ မင်းအဖေက ဘာပြောသွားလဲ။”
“ရှေ့လျှောက်ကို အဖေနဲ့ သိပ်ပြီးတွေ့ဖြစ်လောက်မယ်မထင်ဘူး။ သူက ဘယ်လိုလူမျိုးလဲ သိတယ်မဟုတ်လား။ ထူးပြီးတော့လည်း မအံ့ဩတော့ပါဘူး။”
“…”
ဟာယွန်းရဲ့ တည်ငြိမ်တဲ့အသံကို ကြားရတဲ့အခါ ထယ်ဝမ်က ဘာမှမပြောခဲ့ပါဘူး။ လက်ရှိမှာ သိပ်ပြီးတော့ မကြာမကြာ မတွေ့ဖြစ်ကြဘူးဆိုတော့ ဟာယွန်း ဒီစကားပြောတယ်ဆိုတာ ဆွေခန်းမျိုးခန်း လုံးဝအဖြတ်ခံလိုက်ရတာနဲ့ ဘာမှမခြားသလောက်ပဲပေါ့။
“သူနဲ့ သွားတွေ့ရအောင်။ မင်းရဲ့မိသားစုနဲ့ တရားဝင် တွေ့ဆုံနှုတ်ဆက်ပြီး သေသေချာချာလေး စကားပြောကြည့်ဖို့ ကြိုးစားရအောင်။ မင်းအဖေရဲ့ လက်ခံမှုကို ရအောင်လုပ်ကြမယ်လေ။”
ထယ်ဝမ်က ခိုင်မာပြတ်သားတဲ့မျက်နှာထားနဲ့ ပြောခဲ့တယ်။
“မလုပ်ချင်ဘူး။”
“ဟာယွန်း။”
ထယ်ဝမ်က မေတ္တာရပ်ခံသလိုအသံနဲ့ ဟာယွန်းရဲ့နာမည်ကို ခေါ်ခဲ့တယ်။
“အဲ့ဒါတွေ မလိုဘူး။ သူနဲ့လည်း မတွေ့ချင်ဘူး။ သွားတွေ့ကြရင်တောင် ဘာမှကောင်းတာရှိလာမှာမဟုတ်ဘူး။ ဒါတွေဒါတွေချည်းပဲ အခွန်းထပ်အောင် ကြားရမှာ။ အဲ့ဒီစကားတွေကြောင့် ငါ စိတ်ထိခိုက်ရမယ်၊ နင်လည်း စိတ်ထိခိုက်ရမှာပဲ။ အဲ့ဒါကို မလိုချင်ဘူး။ နောက်တစ်ခါထပ်ပြီး ဒဏ်ရာမရချင်တော့ဘူး။ အထူးသဖြင့် တခြားသူတွေကြောင့် စိတ်ထိခိုက်ရမှာ မလိုချင်ဘူး။”
ဟာယွန်းက ခိုင်မာပြတ်သားစွာ ပြောခဲ့တယ်။
“ကြည့်ရတာ အခုထိ ငါ့ကို လက်မခံသေးဘူးထင်တယ်။”
ဟာယွန်းက ပါးစပ်ပိတ်နေခဲ့တယ်။ ထယ်ဝမ်က ပါးစပ်ဖွင့်လိုက်တယ်။ တစ်ခုခုပြောဖို့ပြင်ပြီးမှ ပါးစပ်ပိတ်လိုက်ပြန်တယ်။ ဒီအထိရောက်အောင် ပြေးလာခဲ့ပြီးတာတောင် ဘာမှပြောင်းလဲမသွားခဲ့ပါဘူး။
ထယ်ဝမ့်ပုံစံက မျှော်လင့်ချက်မဲ့နေသလိုပါပဲ။ ဘယ်သူမှ စကားမပြောခဲ့ကြပါဘူး။ ဟာယွန်း ဒရိုင်ယာ ပိတ်လိုက်တယ်ဆိုရင်ပဲ လေးလံတဲ့တိတ်ဆိတ်မှုက အခန်းထဲမှာ နေရာအပြည့်ယူသွားတော့တယ်။
ဟာယွန်း တစ်ခုခုပြောဖို့ နှုတ်ခမ်းဟလိုက်ချိန်မှာ…။
“…တောင်းပန်ပါတယ်။”
ထယ်ဝမ်ရဲ့ တိုးရှရှအသံက တိတ်ဆိတ်မှုကိုခွင်းပြီး တောင်းပန်လာခဲ့တယ်။
“ဘာအတွက်လဲ။ နင့်မှာ ဘာများတောင်းပန်စရာရှိလို့လဲ။”
ဟာယွန်းက မေးလိုက်တယ်။ ထယ်ဝမ်က ကြမ်းပြင်ကို စိုက်ကြည့်နေရင်း မှောက်လှဲလိုက်တယ်။
“ငါ ဘယ်လောက်ပဲကြိုးစားပါစေ မင်းရဲ့မိသားစုက ငါ့ကို ဘယ်တော့မှ လက်ခံမှာမဟုတ်ဘူးထင်တယ်။”
“အဲ့ဒါက ဘာလို့ နင့်အမှားဖြစ်ရမှာလဲ။ ဒီအတိုင်း ငါ့အဖေရဲ့ စံနှုန်းသတ်မှတ်ချက်တွေက ထူးဆန်းနေတာပဲပေါ့။”
ဟာယွန်းက တစ်ဖက်လှည့်ပြီး ထယ်ဝမ့်ကို ကြည့်လိုက်တယ်။ သူ့မျက်လုံးတွေက ကြမ်းပြင်ကနေ မခွာတမ်းရှိနေဆဲပါ။
“ပြီးတော့ အရင်ကပဲဖြစ်ဖြစ်၊ အခုပဲဖြစ်ဖြစ်၊ ငါက အတ္တကြီးနေမိတုန်းပဲမို့လို့။”
“…”
“အမြဲတမ်းပဲ၊ ငါ့ကိုကျော်ပြီး မင်းရဲ့မိသားစုကို ရွေးချယ်ပါဆိုပြီးတော့ ပြောလို့မထွက်ဘူး။”
ထယ်ဝမ့်ဦးခေါင်းက ပိုပြီးတော့တောင် ငိုက်စိုက်ကျနေခဲ့တယ်။
မိဘမဲ့တစ်ယောက်ဖြစ်တာကြောင့် မိသားစုက ဘယ်လောက်အထိ အရေးပါမှန်း သူ သိပါတယ်။ မိသားစုက ဆောင်ယူလာပေးတဲ့ လုံခြုံမှု…
ဖခင်က ဆေးရုံကြီးတစ်ခုရဲ့ ဥက္ကဋ္ဌ၊ ချမ်းသာတဲ့မိသားစု…
ဟာယွန်းသာ အလိုရှိတယ်ဆိုရင် ဘာမှလိုလေသေးမရှိတဲ့ဘဝနဲ့ နေနိုင်မှာပါ။ ဒါပေမဲ့ ဟာယွန်းက သူ့အတွက်နဲ့ အဲ့ဒါတွေအားလုံးကို စွန့်လွှတ်ခဲ့တယ်လေ။ ပြီးတော့ သူ့ကြောင့်ပဲ အခုထပ်ပြီး သူ့မိသားစုကို ဆန့်ကျင်ရပြန်ပါပြီ။
ဟာယွန်းအတွက် တခြားအရာတွေအကုန် လုပ်ပေးနိုင်ပေမဲ့ မိသားစုကိုတော့ အသစ်ပြန်မပေးနိုင်ပါဘူး။ ပြီးတော့ တစ်ချိန်ကျရင် ဟာယွန်းကို သူ့မိသားစုဆီ ပြန်လွှတ်ရမယ်ဆိုတာ သိနေပါတယ်။ ဒါပေမဲ့ ထယ်ဝမ်က ဟာယွန်းကို လက်လွှတ်ဖို့ ဘယ်လိုမှ မတတ်နိုင်ခဲ့ပါဘူး။ အဲ့ဒီလို ဘယ်တော့မှလုပ်နိုင်မယ်မထင်ပါဘူး။
ထယ်ဝမ့်လက်ချောင်းလေးတွေ စပြီးတုန်ယင်လာခဲ့တယ်။ သူ့ရဲ့ ဒီလိုပုံစံကို ဟာယွန်းမမြင်နိုင်အောင် လက်သီးဆုပ်ထားလိုက်တယ်။
“ထယ်ဝမ်။”
ဖြည်းဖြည်းမှန်မှန်ခြေလှမ်းတွေ သူ့ဆီချဉ်းကပ်လာတာကို ကြားလိုက်ရတယ်။ မော့ကြည့်လိုက်တဲ့အခါ ဟာယွန်းက သူ့ကို ငုံ့မိုးကြည့်နေခဲ့တယ်။ ကြည်လင်တဲ့ ဟာယွန်းရဲ့ မျက်လုံးလေးတွေက သူ့မျက်လုံးတွေထဲကို ကြည့်နေလျက်ရှိခဲ့တယ်။
“နင်က သွားခိုင်းရင်တောင် ငါ သွားမှာမဟုတ်ဘူး။ ငါက နင့်ကို ရွေးချယ်ခဲ့တာမို့လို့။”
“…”
“မိသားစုကို စွန့်လွှတ်ဖို့ ရွေးချယ်ခဲ့တာမဟုတ်ဘူး။ နင့်ကို ရယူဖို့ ရွေးချယ်ခဲ့တာ။”
အဲ့ဒါကြောင့် တုန်လှုပ်မနေနဲ့။ အားနာမနေနဲ့။
ဟာယွန်းက သူ့ရဲ့ လက်မောင်းသွယ်သွယ်လေးတွေကို ဆန့်တန်းပြီး ထယ်ဝမ့်လည်တိုင်ကို ပွေ့ဖက်ခဲ့တယ်။ ခေါင်းလေးငုံ့ပြီးတော့ ထယ်ဝမ့်နဖူးကို သူ့နှုတ်ခမ်းလေးတွေနဲ့ ဖိလိုက်တယ်။
“ငါကမှ တောင်းပန်ရမဲ့သူပါ။ ငါက နင့်တစ်ယောက်တည်းကိုပဲ လိုအပ်တာ။ စောစောကတည်းက ဒါကို ပြောပြခဲ့ရမှာ…”
ထယ်ဝမ့်နဖူးကို နှုတ်ခမ်းတွေနဲ့ ဖိထားရင်းကနေ ဟာယွန်း တီးတိုးပြောခဲ့တယ်။ သူသာ ဒါကို ပြောပြခဲ့မယ်ဆိုရင် ထယ်ဝမ်တစ်ယောက် အောင်မြင်မှုအပေါ် အစွဲအလမ်းထားလောက်မှာမဟုတ်ပါဘူး။ သူတို့တွေ လမ်းပျောက်ခဲ့ကြမှာ မဟုတ်ပါဘူး။
ဟာယွန်းရဲ့ ဝင်သက်ထွက်သက်နွေးနွေးကို ထယ်ဝမ့်အသားမှာ ခံစားလိုက်ရတယ်။ ဟာယွန်းရဲ့နှုတ်ခမ်းတွေက အောက်ကိုဆင်းလာပြီး ထယ်ဝမ့်နှာခေါင်းမှာ အနမ်းလေးတွေ ခြွေခဲ့တယ်။ နောက်ဆုံးမှာတော့ ထယ်ဝမ့်နှုတ်ခမ်းတွေဆီ ရောက်လာပါတော့တယ်။ အကြိမ်ရာနဲ့ချီပြီး အနမ်းဖလှယ်ဖူးခဲ့ကြပေမဲ့ ထယ်ဝမ့်နှလုံးက စပြီးခုန်လာခဲ့တယ်။
နွေမှာရွာတဲ့မိုးရဲ့ရနံ့ကို ရနေသလိုပါပဲ။
နွေရာသီ မိုးပြေးလေးရွာနေတုန်း သူတို့နှစ်ယောက် ထီးအောက်မှာ နမ်းခဲ့ကြတဲ့အချိန်တုန်းလိုပေါ့။
ကြီးမားတဲ့ ထယ်ဝမ့်လက်က ဟာယွန်းရဲ့ပါးလေးကို ထွေးဆုပ်ခဲ့တယ်။ ရေချိုးပြီးခါစဖြစ်တာကြောင့် ဟာယွန်းရဲ့အသားလေးတွေက အနည်းငယ် စိုထိုင်းထိုင်းဖြစ်နေခဲ့တယ်။ ထယ်ဝမ်က ဟာယွန်းရဲ့ လက်မောင်းတွေကို ဆွဲလိုက်တယ်။
ဟာယွန်း ဟန်ချက်ပျက်သွားပြီး အိပ်ရာပေါ်လဲကျသွားခဲ့တယ်။ ထယ်ဝမ်က ထိခိုက်မိခြင်းမရှိရအောင် ဟာယွန်းရဲ့ ဦးခေါင်းအနောက်မှာ သူ့လက်ကို ခံထားပေးခဲ့တယ်။ အဲ့ဒီနောက် သူက ဟာယွန်းရဲ့အပေါ်မှာ နေရာယူလိုက်တယ်။
“ထပ်ပြောပါဦး။”
ထယ်ဝမ်က တိုးတိုးလေးပြောခဲ့တယ်။
“ဘာကိုပြောရမှာလဲ။”
“ငါ့တစ်ယောက်တည်းကိုပဲ လိုအပ်တယ်ဆိုတဲ့စကား။”
ထယ်ဝမ်က ပြောရင်းနဲ့ ဟာယွန်းကို တင်းတင်းကျပ်ကျပ် ဖက်လိုက်တယ်။ သူ့မျက်နှာမှာ စိုးရိမ်ကြောင့်ကြမှု အပြည့်လွှမ်းနေခဲ့တယ်။
နင်က ဒီစိုးရိမ်ကြောင့်ကြမှုကို ဖယ်ရှားပစ်ဖို့ တအားကြိုးစားခဲ့တာပဲ။ အဲ့ဒါကို ငါက လုံးဝ ရိပ်တောင်မရိပ်မိခဲ့ဘူးတဲ့လား။
ဟာယွန်းက လက်မြှောက်ပြီး ထယ်ဝမ့်လက်ကောက်ဝတ်ကို ကိုင်လိုက်တယ်။ သူ့ကို နည်းနည်းလောက် ထပ်ပြီးထိတွေ့ချင်ပါတယ်။ သူ့ရဲ့တောင်းဆိုမှုကို ဟာယွန်း ငြင်းလိုက်မှာစိုးတဲ့အလား ထယ်ဝမ်က ဟာယွန်းကို ငုံ့မိုးကြည့်နေခဲ့တယ်။ ဟာယွန်းက သူ့မျက်လုံးတွေထဲကို တည့်တည့်ကြည့်ပြီး နှုတ်ခမ်းတွေကို ဖွင့်ဟလိုက်တယ်။
“နင့်တစ်ယောက်တည်းကိုပဲ လိုအပ်တာ။”
“…”
“အောင်မြင်သည်ဖြစ်စေ၊ မအောင်မြင်သည်ဖြစ်စေ၊ နင် ဘယ်လိုပဲဖြစ်လာပါစေ…ငါလိုအပ်သမျှက နင်ပဲ၊ ထယ်ဝမ်။ အဲ့ဒီ ချယ်ရီပွင့်ချပ်လေးတွေကိုစုပြီး ငါ့ကို ပေးခဲ့ကတည်းက အမြဲတမ်း အဲ့ဒီလိုပဲဖြစ်ခဲ့တာ။”
ဟာယွန်း ဘယ်လိုမှ မတတ်သာခဲ့ပါဘူး။ ချယ်ရီပွင့်ချပ်လေးတွေ မြေပေါ်ကြွေကျကြသလိုပဲ ဟာယွန်းရဲ့နှလုံးသားကလည်း ထယ်ဝမ့်ဆီကို ကြွေခခဲ့ပါတယ်။ ပြီးတော့ အဲ့ဒီလိုနဲ့ သူတို့ရဲ့ နှလုံးသားတွေက အချင်းချင်း သက်ဆိုင်ခဲ့ကြတယ်။
“နင့်အတွက် ငါ့ရဲ့အချစ်တွေက ဘယ်တော့မှ ပြောင်းလဲမသွားဖူးဘူး၊ ဂန်ထယ်ဝမ်။”
ဟာယွန်းက စိတ်ရင်းအပြည့်နဲ့ ညင်ညင်သာသာ တီးတိုးပြောခဲ့တယ်။ ဒီစကားတွေပြောရင်း သူက ဆုတောင်းခဲ့တယ်။
ကျေးဇူးပြုပြီး ဒီစကားတွေ ထယ်ဝမ့်နှလုံးသားထဲအထိ ရောက်သွားပါစေဆိုပြီးတော့ပေါ့။
ထယ်ဝမ့်မျက်လုံးတွေက ဟာယွန်းရဲ့မျက်လုံးတွေထဲကို ကြည့်နေခဲ့တယ်။ အဲ့ဒီစကားကို မယုံနိုင်သလိုပုံစံမျိုးနဲ့ပါ။ ဟာယွန်းပြောခဲ့သမျှ စကားတိုင်းကို ကြိတ်ဝါးပြီး သူ့အပိုင်ဖြစ်အောင် လုပ်ပစ်ချင်နေသလို ပုံစံမျိုးပါပဲ။
အတန်ကြာအောင် သူ့နှုတ်ခမ်းသူ ဖိကိုက်ထားပြီးတဲ့နောက်မှာ ထယ်ဝမ်က ခေါင်းငုံ့လိုက်တယ်။
“ငါရောပဲ။”
“…”
“…ငါလည်း မင်းလိုပါပဲ၊ နာဟာယွန်း။”
သူက ဟာယွန်းရဲ့နာမည်ကို အမြတ်တနိုး ခေါ်ခဲ့တယ်။ အဲ့ဒီနောက် သူ့နှုတ်ခမ်းတွေက ဟာယွန်းရဲ့နှုတ်ခမ်းတွေကို ထိလာခဲ့တယ်။ သူတို့ရဲ့ အနမ်းဖွဖွလေးက ချက်ချင်းပဲ ပြင်းထန်လာတော့တယ်။
“ဟင်း”
ဟာယွန်းရဲ့ လည်ချောင်းထဲကနေ ညည်းသံခပ်သဲ့သဲ့လေး ထွက်လာခဲ့တယ်။ အဲ့ဒါဟာ အချက်ပြမှု ဖြစ်တဲ့အလား ထယ်ဝမ့်မျက်လုံးတွေက ဖြည်းဖြည်းချင်း ပြောင်းလဲသွားခဲ့တယ်။
သူက ဟာယွန်းရဲ့ ညဝတ်အင်္ကျီနဲ့ ဘရာကို ခေါင်းပေါ်ကနေ မြန်မြန်ဆွဲချွတ်လိုက်တယ်။ လှစ်ဟပေါ်လွင်လာတဲ့ ရင်သားတွေကို ဆုပ်ညှစ်ပြီးတဲ့နောက် ဟာယွန်းရဲ့လည်တိုင်ကို ဖိနမ်းလိုက်တယ်။
သူ့လက်ချောင်းတွေက မာကျောထောင်ကြွလာတဲ့ အသီးလေးတွေကို ကိုင်ကစားနေခဲ့တယ်။ လည်တိုင်က သူ့ရဲ့ ဝင်သက်ထွက်သက်နဲ့ ပြင်းပြထက်သန်တဲ့ သူ့ရဲ့အထိအတွေ့ကို ခံစားရတဲ့အခါ ဟာယွန်းရဲ့ တင်ပါးတွေ တင်းသွားခဲ့တယ်။
ထယ်ဝမ်က ဟာယွန်းရဲ့ ညဝတ်ဘောင်းဘီနဲ့ အတွင်းခံကို တစ်ချက်တည်း လှစ်ခနဲ ဆွဲချွတ်လိုက်တယ်။
“အ”
သူ့လက်က ဟာယွန်းရဲ့ ခြေတံတွေကြားထဲ ဝင်လာခဲ့တယ်။ သူ့လက်ချောင်းတွေ လှုပ်ရှားသွားတိုင်း တဇွက်ဇွက်အသံတွေ အခန်းထဲမှာ မြည်နေတာကို ကြားနေရတယ်။
“အ…”
ဟာယွန်းက ထယ်ဝမ့်အင်္ကျီကို ဆုပ်ကိုင်ထားခဲ့တယ်။ သူ့လက်ချောင်းက ဟာယွန်းရဲ့ အတွင်းထဲကို နက်နက်ရှိုင်းရှိုင်းဝင်သွားပြီး အဲ့ဒီနောက် ပြန်ထွက်လာခဲ့တယ်။ လက်ချောင်းတစ်ချောင်းကနေ နှစ်ချောင်းဖြစ်လာပြီး၊ အဲ့ဒီလက်ချောင်းနှစ်ချောင်းက အလျင်အမြန် အသွင်းအထုတ် စလုပ်ပါတော့တယ်။
“ဟ…ဟင်း…”
ဟာယွန်းရဲ့ ညည်းသံတွေကို သူ့နှုတ်ခမ်းတွေက မျိုချသွားခဲ့တယ်။ ရေလိုအရည်တွေ ဟာယွန်းရဲ့ အပေါက်ကလေးကနေ စတင်စီးထွက်လာတော့တယ်။
ထယ်ဝမ်က ထလိုက်ပြီး သူ့အဝတ်အစားတွေကို စချွတ်ပါတော့တယ်။ ခဏနေတော့ သူ့ရဲ့ခန္ဓာကိုယ်က ဟာယွန်းရဲ့မျက်စိရှေ့မှာ ပေါ်လာခဲ့တယ်။ ချောမွတ်တဲ့ သူ့ရဲ့ခန္ဓာကိုယ်က မီးရောင်အောက်မှာ ဝင်းလက်နေခဲ့တယ်။ ဟာယွန်းရဲ့ခြေတံတွေကို ဆွဲကားပြီးတဲ့နောက်မှာ ထယ်ဝမ်က သူ့ကိုယ်သူ ဟာယွန်းရဲ့အတွင်းထဲကို တွန်းဝင်ခဲ့တယ်။
“…အ”
ဟာယွန်း ခေါင်းလေး နောက်ပြန်လန်သွားခဲ့တယ်။
“ဟား”
ထယ်ဝမ့်နှုတ်ဖျားကနေ သက်ပြင်းဖွဖွလေးတစ်ချက် ထွက်လာခဲ့တယ်။ သူက အသက်ပြင်းပြင်းရှူသွင်းပြီး သူ့အသက်ရှူနှုန်းသူ ပုံမှန်ဖြစ်အောင်လုပ်လိုက်တယ်။ အဲ့ဒီနောက် သူ့အောက်မှာ မျက်လုံးလေးတွေမှိတ်ထားတဲ့ ဟာယွန်းကို ငုံ့မိုးကြည့်လိုက်တယ်။
ဖြူဖျော့တဲ့ ပါးပြင်လေးတွေက မက်မွန်သီးလို နီမြန်းနေခဲ့တယ်။ သူ့မျက်ခွံလေးတွေက တုန်ယင်နေခဲ့တယ်။ ပင့်သက်ရှိုက်ရင်း ဟာယွန်းက သူ့ရဲ့ခြေတံတွေကို ထယ်ဝမ့်ခါးမှာ ရစ်သိုင်းထားလိုက်တယ်။
“ဟား”
ဟာယွန်းကို ဒီလိုမျိုး မြင်တွေ့ရတာနဲ့တင် ခံစားချက်ကောင်းလှတာကြောင့် သူ့ရဲ့အမြင်လွှာတောင် မှောင်မိုက်သွားသလိုပါပဲ။ ထယ်ဝမ်က ဖြည်းဖြည်းချင်း စတင်လှုပ်ရှားပါတော့တယ်။
“ဟင်း”
ဟာယွန်းက ညည်းခဲ့တယ်။ သူက ဟာယွန်းရဲ့အတွင်းကို ခပ်နက်နက် ဆောင့်သွင်းပြီး ပြန်ထုတ်လိုက်တယ်။ ဟာယွန်း တုန်ယင်လာပါတော့တယ်။ အစကတော့ အရှိန်ထိန်းဖို့ ကြိုးစားခဲ့သေးပေမဲ့ ဆက်ပြီးထိန်းမထားနိုင်တော့ဘဲ ထယ်ဝမ်က စတင်ပြီး အရှိန်မြှင့်ခဲ့တယ်။ သူ့ရဲ့ လျင်မြန်တဲ့လှုပ်ရှားမှုတွေနဲ့အတူ အိပ်ရာက လှုပ်ခါသွားခဲ့တယ်။
“အ…ဟား…အား…”
ဟာယွန်းက ထယ်ဝမ့်လက်မောင်းကို ဆုပ်ကိုင်လိုက်တယ်။ သူ့ခန္ဓာကိုယ်က လှုပ်ခါသွားခဲ့တယ်။ သူ့ဦးခေါင်းက ခါယမ်းနေပြီး သူ့ကျောပြင်က စိမ့်ခနဲကျဉ်သွားခဲ့တယ်။ ကျောရိုးတစ်လျှောက်မှာ လျှပ်စီးကြောင်း ဆက်တိုက်စီးနေသလိုပါပဲ။ သူ့ရဲ့အပေါက်ကလေး တင်းခနဲကျုံ့သွားချိန်မှာ အဲ့ဒီအရာက စတင်တုန်ယင်လာတော့တယ်။ အထွတ်အထိပ်ဆီကနေ ဆင်းသက်လာပြီးတဲ့နောက်မှာ သူ့ခန္ဓာကိုယ်က ပျော့ခွေသွားခဲ့တယ်။
ထယ်ဝမ်က ခဏကြာမှ သူ့ရဲ့လိင်တံကိုထုတ်ပြီး ဟာယွန်းရဲ့ ဝမ်းဗိုက်ချပ်ချပ်လေးပေါ်မှာ ပြီးလိုက်တယ်။ သူက မောဟိုက်စွာ အသက်ရှူနေပြီး ဟာယွန်းရဲ့ အသားလေးတွေပေါ်မှာ အနမ်းလေးတွေ ခြွေပါတော့တယ်။
ဟာယွန်းရဲ့ဗိုက်ပေါ်ကနေ သူ့ရဲ့သုက်ရည်တွေကို သုတ်သင်ရှင်းလင်းပြီးတဲ့နောက် သူက ဟာယွန်းရဲ့ဘေးမှာ ဝင်လှဲလိုက်တယ်။ ဟာယွန်းက သန့်ရှင်းရေးသွားလုပ်ဖို့အတွက် ထဖို့ပြင်လိုက်ပေမဲ့ ထယ်ဝမ်က သူ့ကို တင်းတင်းကျပ်ကျပ် ဖက်ထားခဲ့တယ်။ ခဏကြာအောင် လူးလွန့်ရုန်းကန်နေပြီးတဲ့နောက်မှာ ဟာယွန်းလည်း လက်လျှော့ပြီး ငြိမ်ငြိမ်လေး နေလိုက်တော့တယ်။
****
“အိမ်ပြောင်းဖို့ စိတ်ကူးရှိလား။”
ထယ်ဝမ်က အိပ်ရာထဲမှာ ဟာယွန်းရဲ့ ဆံပင်လေးတွေကို ပွတ်သပ်ပေးရင်း မေးခဲ့တယ်။ သူ့ရဲ့ လက်ချောင်းရှည်ရှည်တွေက ဟာယွန်းရဲ့ အညိုရောင်ဆံနွယ်လေးတွေကြားထဲ အသာလေး ထိုးဖွသွားခဲ့တယ်။
“ဘယ်ကိုပြောင်းရမှာလဲ။”
ဟာယွန်းက အိပ်ချင်မူးတူးအသံနဲ့ ပြန်မေးခဲ့တယ်။
“အရင်တိုက်ခန်းဟောင်းကိုလေ။”
သူ့အောက်ထပ်က တိုက်ခန်းကိုပြောနေတာမှန်း ဟာယွန်း သိလိုက်တယ်။ ဟာယွန်းက ဖြည်းဖြည်းချင်း မျက်လုံးဖွင့်ပြီး သူ့ကို မျက်လုံးပင့်ကြည့်လိုက်တယ်။
“မနေ့ကတောင် အဲ့ဒီလိုတွေးမိပြီး အိမ်ခြံမြေအကျိုးဆောင် အေဂျင်စီကို ဖုန်းဆက်လိုက်သေးတယ်။ အဲ့ဒီတိုက်ခန်းကို ရောင်းလိုက်ပြီတဲ့။”
ဟာယွန်းက အရင်တိုက်ခန်းဟောင်းကို ငှားနေခဲ့တာပါ။ ထယ်ဝမ်က အတင်းပဲ သူ့အတွက်ဝယ်ပေးဖို့ လုပ်ခဲ့ပေမဲ့ ဟာယွန်းက သူ့ရဲ့ကမ်းလှမ်းမှုကိုငြင်းပြီး ကိုယ့်ပိုက်ဆံနဲ့ကိုယ် အိမ်ငှားခပေးနေခဲ့တယ်။
ဟာယွန်း အိမ်ပြောင်းတော့မယ်လို့ အိမ်ရှင်ကို ပြောလိုက်တော့ အိမ်ရှင်က သူတို့ ဒီအိမ်ကို ရောင်းမှာဆိုပြီး ပြောခဲ့တယ်။ တော်သေးလို့ ဟာယွန်း အိမ်မပြောင်းခင်မှာ ဘယ်သူမှ မဝယ်ခဲ့ပါဘူး။ အဲ့ဒီအိမ် ဘာဖြစ်သွားပြီလဲလို့ သိချင်တာကြောင့် ဖုန်းဆက်ကြည့်လိုက်တော့ မကြာခင်ကပဲ ရောင်းထွက်သွားပြီလို့ ပြောခဲ့ပါတယ်။
“ကောင်းသွားတယ်ပဲ ထင်ပါရဲ့။ အခု နေနေတဲ့တိုက်ခန်းကို ပြောင်းထားတာလည်း ဘယ်လောက်မှ မကြာသေးဘူးဆိုတော့ ဘယ်လိုလုပ်ပြီး အိမ်ထပ်ပြောင်းနိုင်မှာလဲ။ ပြီးတော့ စကင်န်ဒဲလ်ကြောင့် ငါတို့ကို စောင့်ကြည့်နေကြတဲ့ မျက်လုံးတွေကလည်း အများကြီး…ဒီအတိုင်းပဲ ဆက်နေဖြစ်သွားမယ်ထင်တယ်။ ပြီးတော့ အဲ့ဒီအိမ်က ရောင်းထွက်သွားပြီလေ။”
“ရောင်းထွက်သွားပြီ။ ဒါပေမဲ့ အလွတ်ကြီးဖြစ်နေတုန်းပဲ။”
“ဟင်။”
ထယ်ဝမ့်စကားက ထူးဆန်းနေခဲ့တယ်။ ဟာယွန်းက အဲ့ဒါ ဘာစကားလဲဆိုပြီး မေးလိုက်တယ်။ ထယ်ဝမ် ပြန်မဖြေတဲ့အခါ ဟာယွန်းက ခေါင်းမော့ပြီး သူ့မျက်နှာကို ကြည့်လိုက်တယ်။ ဒါကိုပဲ စောင့်နေတဲ့အလား သူက ခေါင်းငုံ့ပြီး ဟာယွန်းရဲ့နှုတ်ခမ်းလေးတွေကို ဖိနမ်းခဲ့တယ်။
“ငါ ဝယ်လိုက်တာ။”
“…”
“မင်းလုပ်ထားတဲ့ အတွင်းပိုင်းအပြင်အဆင်တွေ သူများကြောင့် ပျက်စီးသွားမှာ မလိုချင်လို့။”
“…”
“ငါတို့ရဲ့ အမှတ်တရတွေအားလုံး အဲ့ဒီမှာရှိနေတာလေ။ အဲ့ဒါကြောင်း ပြန်လာချင်တဲ့အချိန်သာ ပြန်လာခဲ့။ မင်းပြန်လာတဲ့အချိန်အထိ အလွတ်အတိုင်း ရှိနေမှာ။ ဒါမှမဟုတ်လည်း ဒီအတိုင်း ငါ့အိမ်ကိုပဲ ပြောင်းလာလို့ရတယ်။”
ထယ်ဝမ်က ဟာယွန်းကို တစ်ချက်ကြည့်လိုက်တယ်။ အဲ့ဒီနောက် သူက ပြုံးခဲ့တယ်။
“ဒီအတိုင်း ငါနဲ့ အတူတူပြောင်းနေလိုက်တာ ပိုကောင်းမယ်ထင်တယ်။”
ခဏနေတော့ ဟာယွန်းက ခစ်ခနဲရယ်လိုက်တယ်။
“စဉ်းစားကြည့်လိုက်ပါဦးမယ်။”
ဟာယွန်းရဲ့အဖြေကို ကြားတဲ့အခါ ထယ်ဝမ်က ဟာယွန်းဆီကို ခေါင်းငုံ့လာခဲ့တယ်။
“အင်းပါ။ မင်း အဖြေကောင်းလေး ပေးတဲ့အထိ စောင့်နေမယ်။ လိမ္မာတဲ့ကောင်လေးလိုမျိုး၊ နာနာခံခံနဲ့။”
သူ့နှုတ်ခမ်းတွေက ဟာယွန်းရဲ့နဖူးလေးကို ဖွဖွလေးထိသွားခဲ့တယ်။ ဟာယွန်း သူ့ကို လုပ်ခဲ့သလိုမျိုးပဲ ထယ်ဝမ်က ဟာယွန်းရဲ့မျက်နှာတစ်လျှောက် အနမ်းတွေခြွေဆင်းခဲ့တယ်။ ဟာယွန်းက မျက်လုံးလေးတွေ မှိတ်ထားလိုက်တယ်။ သူ့နှုတ်ခမ်းတွေက ဟာယွန်းရဲ့ မျက်နှာအနှံ့ကို ဖိနမ်းနေတာပါ။
ဟာယွန်း တွေးလိုက်မိတယ်။
သူ့မျက်နှာကို ထိပါးကျီစယ်နေတဲ့ ထယ်ဝမ့်နှုတ်ခမ်းတွေရဲ့ အထိအတွေ့က နွေးထွေးတဲ့ နှင်းပွင့်တွေလိုပဲ ဆိုပြီးတော့ပေါ့။
****
Translated by D