Part-10
ဒီဇာတ်လမ်းက မပြီးသေးဘူး
(အပိုင်း-၁၀)
မူရင်း စာရေးသူ – 정으뜸
ဘာသာပြန် – Carmen
Editor – Aurelia
*****
အိုင်းရင်းရဲ့နာမည်ကို တည်တည်ငြိမ်ငြိမ်ထုတ်ပြောလာတဲ့ သူ့လေသံကြောင့် အက်ဇလာ မျက်လုံးပြူးကျယ်သွားရတယ်။ သူက သူ(မ)ကို ဘယ်လိုလုပ်သိတာလဲ။
ဒီလူက သူ(မ)ရဲ့နာမည်ကို တစ်ကြိမ်ပဲထုတ်ပြောလိုက်ပေမဲ့ အက်ဇလာမှာ ငိုချမိတော့မတတ်ပါပဲ။ အဲ့ဒီအချိန်မှာ သူက မျက်နှာထက်မှာ ဘာမှမပြောင်းလဲသွားတဲ့အမူအရာမျိုးနဲ့ စကားဆက်ပြောလိုက်တယ်။
“မင်း ငါနဲ့စာချုပ်ချုပ်မယ်ဆိုရင် အဲဒီကလေးကို နောက်ဘဝမှာချမ်းသာပြီး အချစ်ခံရတဲ့လူတစ်ယောက်ဖြစ်လာအောင် သေချာလေး ကြည့်ရှုပေးလိုက်မယ်”
“…ဘာရယ်”
“ငါက နတ်ဘုရားမဟုတ်ဘူး။ သူ့ကို အသက်ပြန်ရှင်လာအောင်တော့ လုပ်ပေးလို့မရဘူး..။ ဒါပေမဲ့ နောက်ဘဝအတွက်တော့ စီမံပေးလို့ရတယ်။ သူကလည်း လူဝင်စားရေးသံသရာလမ်းမပေါ် မရောက်လောက်သေးဘူးဆိုတော့ ဒါက ဖြစ်နိုင်သေးတယ်။ မင်း မြန်မြန်လေး ဆုံးဖြတ်ချက်ချဖို့တော့ လိုတာပေါ့။ ဒီနေရာမှာတစ်မိနစ်ဆိုရင် အဲဒီမှာ ရက်နည်းနည်းတောင်ကြာနေပြီ”
သူက အဲ့ဒီစကားကိုပြောရင်းနဲ့ ကောင်းကင်ပေါ်ကို လက်ညိုးထိုးပြလိုက်တယ်။
သူက နောက်ဘဝမှာ အဲဒီကလေးကို ကောင်းကောင်းမွန်မွန်နေထိုင်နိုင်ပြီး အချစ်ခံရတဲ့လူတစ်ယောက်အဖြစ် ပြန်လည်မွေးဖွားခွင့်ပေးမှာလား။
ဒါကိုတွေးလိုက်မိတော့ သူ(မ) မျက်ရည်တွေစိုရွှဲသွားပြီး တုန်ယင်နေတဲ့လေသံနဲ့ မေးလိုက်တယ်။
“အဲဒါ… ဖြစ်နိုင်ပါ့မလား”
မကြာခင် သေဆုံးရတော့မဲ့ သူ(မ)ရဲ့အမူအရာက မျှော်လင့်ချက်တွေနဲ့ တောက်ပလာခဲ့တယ်။
အဲ့ဒီကလေးရဲ့အကြောင်းကို ပြောပြလိုက်တဲ့အခါမှသာ သူ(မ)က ဒီလိုအမူအရာမျိုး ဖြစ်လာခဲ့တယ်လေ။ အက်ဇလာတစ်ယောက် ကိုယ့်အတွေးထဲကိုယ်နစ်မြုပ်နေချိန် အဲ့ဒီလူရဲ့နှုတ်ခမ်းထက်မှာ ရက်စက်ကြမ်းကြုတ်ဟန်အပြုံးတစ်ခု ပေါ်ပေါက်လာခဲ့တယ်။
“သေချာတာပေါ့။ ဟိုးအရင်ကတည်းက လူတွေခွဲခြားထားတဲ့ ‘နတ်ဆိုး’နဲ့ ‘ကောင်းကင်တမန်တော်’တွေကြားမှာ ကွာခြားမှုမရှိဘူး။ အမှန်တော့ အဲဒါက’ငါ’ နဲ့ ‘မင်း’ လိုမျိုးပဲ။ လုပ်ကိုင်တဲ့ပုံစံတွေမတူပေမဲ့ လုပ်ရတဲ့ကိစ္စချင်းကတော့ အတူတူပဲ။ အဲဒါကြောင့် ငါက အဲဒီကလေးရဲ့ နောက်ဘဝကို လွယ်လွယ်လေးစီမံပေးနိုင်တယ်”
“ကျွန်မက ရှင့်ကို ဘယ်လိုယုံရမှာလဲ”
“ငါကရော ဘာလို့ လိမ်ပြောရမှာလဲ။ စာချုပ်တစ်ခုဆိုတာက နတ်ဆိုးအတွက်ရော လူသားတွေအတွက်ရော မြင့်မြတ်တဲ့အရာပဲ”
ဟုတ်တယ်။ အမှန်ပဲ။ မြင့်မြတ်တဲ့စာချုပ်တစ်ခုပဲ။
ဒါကိုကြားလိုက်ရချိန်မှာ အက်ဇလာ့မျက်လုံးအစုံက တောက်ပလာပြီး သူ့ကို တောက်ပစွာပြုံးပြလိုက်တယ်။
တကယ်တော့ လူသားတွေဟာ ရိုးရှင်းပြီး ရယ်စရာကောင်းကြတာချည်းပါပဲ။ မကြာသေးခင်ကအထိ သူ(မ)ရဲ့ဘဝကို ခြေကုန်လက်ပန်းကျလို့ လက်လျှော့ခဲ့ပြီး လျစ်လျူရှုထားတဲ့လူက သူဂရုစိုက်ခဲ့ရတဲ့လူအကြောင်းလည်း ပြောလိုက်ရော ချက်ချင်း အမူအရာတွေ ပြောင်းလဲသွားတော့တာပဲ။
ဒါ့အပြင် သူ(မ)အနေနဲ့ နားလည်နိုင်စရာမရှိတဲ့ သူ့ဖြစ်တည်မှုကိုတောင် သတိမထားနိုင်တော့ပါဘူး။
သူကလည်း သူ(မ)ကို မပြောင်းလဲတဲ့အကြည့်နဲ့ စိုက်ကြည့်နေတယ်။ ဟိုဟာပဲဖြစ်ဖြစ် ဒီဟာပဲဖြစ်ဖြစ် အရေးမကြီးပါဘူး။ နောက်ဆုံးမှာ သူလိုချင်တာက ငမ်းငမ်းတက်ဖြစ်နေတဲ့ အဲ့ဒီစိတ်ဝိညာဉ်ကိုပဲလေ။
“မင်း ဘယ်လိုထင်လဲ။ ငါနဲ့စာချုပ်ချုပ်ဖို့ တကယ်အဆင်သင့်ဖြစ်ပြီလား”
သူ့စကားကြောင့် သူ(မ) နည်းနည်းမှတွေဝေမနေဘဲ ခေါင်းကို မြန်မြန်ဆန်ဆန်ညိတ်ပြလိုက်တယ်။ သူ(မ)ရဲ့ဘဝက ဘယ်လိုဆက်ဖြစ်သွားမလဲဆိုတာ အရေးမကြီးပါဘူး။ သူ(မ)အနေနဲ့ ခန္ဓာကိုယ်နဲ့ စိတ်ဝိညာဉ်နှစ်ခုလုံးကို နတ်ဆိုးထံရောင်းချလိုက်တယ်လို့ ပြောရလည်း အဆင်ပြေပါတယ်လေ။ ဘာပဲဖြစ်ဖြစ် သူ(မ) သေပစ်လိုက်ချင်တဲ့ ဘဝတစ်ခုဖြစ်ပြီး အသက်ရှင်နေသေးရင်တောင် နာကျင်မှုတို့သာ ကျန်ရှိနေတော့မှာပဲလေ။
ဒါပေမဲ့ အိုင်းရင်း.. အဲဒီကလေးသာ ပြန်လည်မွေးဖွားမဲ့ ဘဝသစ်မှာ ပျော်ရွှင်နေနိုင်မယ်ဆိုရင် အက်ဇလာဟာ သူ(မ)ရဲ့လက်ရှိဘဝကို သူ့အတွက် မြှုပ်နှံထားပေးဖို့လည်း အဆင်သင့်ပါပဲ။ အဲဒါမှ မလုံလောက်သေးဘူးဆိုရင်လည်း သူ(မ)ဘဝရဲ့လက်ကျန်ဘဝတစ်လျှောက်လုံးကိုပါ ပေးနိုင်ပါရဲ့။
အက်ဇလာ စိုးရိမ်နေခဲ့တဲ့လူသားဆန်မှုနဲ့… သူ(မ) အသက်ရှင်နေထိုင်ခဲ့သမျှ အရာအားလုံးကို စွန့်ပစ်လိုက်ရရင်တောင်မှ သူ့မိသားစုလိုဖြစ်တဲ့ အိုင်းရင်းအတွက်ဆိုရင်ဖြစ်ပါတယ်..။ အဲဒီကလေးအတွက်ပေါ့…။
“ကျွန်မ ပြောခဲ့သလိုပဲ.. ရှင်သာ တကယ်နတ်ဆိုးဖြစ်နေမယ်ဆိုရင်…”
“ငါက တကယ်ပဲလေ..”
“သူတို့ရဲ့ဘဝတွေကိုနင်းခြေပစ်ဖို့ ရှင့်ကိုသုံးမယ်”
သူ(မ) ခေါင်းတဆတ်ဆတ်ညိတ်ပြနေချိန် သူကတော့ နှုတ်ခမ်းထောင့်စွန်းတွေ ကော့တက်လာပြီး ပြုံးလိုက်လေတယ်။
“ဒါဆိုရင် မင်းရဲ့ခန္ဓာကိုယ်ကို ပျံ့နှံ့သွားတဲ့အဆိပ်တွေရဲ့ အဓိကအကြောင်းရင်းကို အတူအဖြေရှာကြည့်ရအောင်”
သူက ပေါ့ပေါ့ပါးပါးပြောလိုက်ပြီး အက်ဇလာရဲ့မျက်လုံးတွေကို ကြီးမားလှတဲ့သူ့လက်တွေနဲ့ အုပ်မိုးလိုက်လေရဲ့။ မြင်ကွင်းကလည်း မှောင်စပြုလာပြီး မကြာမီမှာ အမှောင်ထုကနီးကပ်လာခဲ့တယ်။
ဘာလုပ်တော့မယ်ဆိုတာကို သူ(မ) မမေးနိုင်ခင်မှာတင် သူက သူ(မ)နားကိုချဉ်းကပ်လာပြီး သူ(မ)ရဲ့နှုတ်ခမ်းသားလေးတွေကို သူ့နှုတ်ခမ်းနဲ့ ညင်သာစွာထိတွေ့လာတယ်။ သူ့တစ်ကိုယ်လုံးမှာ ရေခဲအလား အေးစက်နေပေမဲ့ သူ့နှုတ်ခမ်းတွေကတော့ မျှော်လင့်ထားတာထက် ပိုနွေးထွေးနေခဲ့တယ်။
အက်ဇလာလည်း မရင်းနှီးတဲ့နှုတ်ခမ်းတွေက ရုတ်တရက်ထိတွေ့လာတာကြောင့် သူ့ကို ရိုက်ပုတ်ဖို့ကြိုးစားလိုက်ပေမဲ့ သူ(မ)ရဲ့ခန္ဓာကိုယ်ဟာ အကြောသေနေပြီး လှုပ်ရှားလို့လည်းမရပါဘူး။
ပွင့်ဟသွားတဲ့ သူ(မ)ရဲ့နှုတ်ခမ်းလွှာတွေကြားထဲကို သူက ပြင်းထန်စွာ တိုးဝင်လာခဲ့တယ်။ သူ့အသက်ရှူသံငွေ့ငွေ့လေးနဲ့ အက်ဇလာရဲ့ ဝင်သက်ထွက်သက်တို့ ရောထွေးသွားပြီး မကြာခင်မှာတော့ တစ်သားတည်းဖြစ်သွားခဲ့တယ်။ သူ(မ)ရဲ့လျှာဖျားမှာ ခံစားခဲ့ရတဲ့ ခါးသက်သက်နာကျင်မှုက ခန္ဓာကိုယ်အနှံ့ကို ဖြည်းဖြည်းချင်းပျံ့နှံ့သွားပြီး တစ်ချိန်တည်းမှာပဲ ချိုမြိန်မှုကိုခံစားလိုက်ရတယ်။
သူ(မ)ရဲ့ဘဝမှာ ပထမဆုံးအကြိမ်အဖြစ် မြည်းစမ်းလိုက်ရတဲ့ ချိုမြိန်မှုအရသာကြောင့် သတိလက်လွတ်ဖြစ်ပြီး သူ့လျှာကို ရစ်ပတ်ထားလိုက်မိပါတော့တယ်။ ဒီလူဟာ ချိုမြလွန်းလှတာကြောင့် သူ(မ)မှာ ဘာမှစဉ်းစားဆင်ခြင်နိုင်စွမ်းမရှိတော့ပါဘူး။
အဲ့ဒီအခိုက်အတန့်မှာ သူ(မ)ဟာ အိုင်းရင်း၊ ဒန်နီရယ်နဲ့ စလေဗီယာတို့အားလုံးကို သတိမရတော့ပါဘူး။
ဖြစ်နိုင်မယ်ဆိုရင် ဒီချိုမြိန်မှုမျိုးကိုသာ ခံစားနေချင်တော့တာပါပဲ။ အကယ်၍ အကြောသေမနေဘူးဆိုရင် သူ(မ) သူ့လည်ပင်းကို လက်နဲ့ချိတ်၊ အနားကိုဆွဲခေါ်ပြီး မျိုချမိပါလိမ့်မယ်။
ရှည်လျားလှတဲ့ သူ့လက်ချောင်းတွေဟာ သူ(မ)ရဲ့အဝတ်အစားထဲကို တိုးဝင်လာတယ်။
အက်ဇလာခမျာ ရုတ်တရက်ဆန်ပြီး မရင်းနှီးတဲ့ထိတွေ့မှုကြောင့် ထိတ်လန့်သွားရပြီး ပခုံးတွေကို တောင့်ထားလိုက်မိတယ်။ သူ(မ)ဆီက အဲ့ဒီလိုတုံ့ပြန်မှုကို မျှော်လင့်ထားသလိုမျိုး သူ့လျှာက ပါးစပ်ထဲကို မွှေနှောက်ရစ်ပတ်လိုက်လေတယ်။ သူ(မ)ရဲ့ခေါင်းထဲမှာလည်း အချက်ပေးသံတွေမြည်ဟည်းလာတယ်။
‘…တကယ်ပဲ ဒီလိုလုပ်လို့အဆင်ပြေပါ့မလား’
ဘဝကို အမြဲလိုလိုဖြောင့်မတ်ပြီး ရိုးရိုးသားသားဖြတ်သန်းခဲ့ရတဲ့ အက်ဇလာဟာ သူ(မ)ရဲ့ခင်ပွန်းမဟုတ်တဲ့ လူတစ်ယောက်နဲ့ နမ်းရှိုက်နေပြီး အဲ့ဒါထက်ပိုတဲ့ကိစ္စတွေကိုလုပ်ရတာ သူ(မ)အတွက်တော့ သည်းမခံနိုင်စရာပါပဲ။
ဒါပေမဲ့ ထူးဆန်းစွာနဲ့ပဲ သူ(မ) မရပ်တန့်နိုင်ခဲ့ပါဘူး။ အကြောသေတာပျောက်ကင်းသွားပြီး သူ(မ)ရဲ့လက်တွေလည်း လွတ်လွတ်လပ်လပ် လှုပ်ရှားသွားနိုင်ပေမဲ့ သူ့ကိုတော့ တွန်းမထုတ်နိုင်ခဲ့ဘူး။ တုန်ရီနေတဲ့ သူ(မ)ရဲ့လက်တွေကိုမြှောက်ပြီး သူ့ရင်ဘတ်ပေါ်ကို ညင်ညင်သာသာ တင်ထားလိုက်တယ်။
သူ(မ)ရဲ့နှုတ်ခမ်းထောင့်တွေနဲ့ ခံတွင်းထဲကို အချိန်အတော်ကြာအောင် အငမ်းမရသုံးဆောင်ပြီးတဲ့နောက် သူဟာ နှုတ်ခမ်းကို ဖြည်းညင်းစွာပြန်လည်ဆုတ်ခွာသွားပြီး ထွက်သက်တချို့ကိုတော့ ချန်ထားရစ်ခဲ့တယ်။
ကြမ်းရှနေခဲ့တဲ့ အက်ဇလာရဲ့နှုတ်ခမ်းအစုံဟာ တံတွေးတွေစိုရွှဲပြီး တောက်ပနူးညံ့လာတယ်။
“အခု အကြောသေတာပျောက်သွားပြီ။ မင်း လှုပ်ရှားလို့ရလာလိမ့်မယ်”
သူက အက်ဇလာရဲ့ညှပ်ရိုးတွေကို နှုတ်ခမ်းအစုံနဲ့ထိတွေ့ရင်း ဖြည်းဖြည်းချင်းဆင်းသက်သွားတယ်။ သူ(မ)ရဲ့အဝတ်အစားမှာ တပ်ဆင်ထားတဲ့ ကြယ်သီးတွေအားလုံးကလည်း တဒေါက်ဒေါက်မြည်သံနဲ့အတူ ကြမ်းပြင်ပေါ်ကိုပြုတ်ကျသွားလေရဲ့။
“နေ…နေဦး”
ဒီလိုလင်းထိန်နေတဲ့နေရာမျိုးမှာ မကြာသေးခင်ကမှတွေ့ခဲ့တဲ့ ယောက်ျားတစ်ယောက်ကို သူ(မ)ရဲ့ ကိုယ်လုံးတီးခန္ဓာကိုယ်ကို ပြသဖို့ဆိုတာ…။
အက်ဇလာခမျာ အဲ့ဒီအတွေးကြောင့် အံ့ဩထိတ်လန့်သွားပြီး မျက်လုံးတို့ ပြူးကျယ်သွားရတယ်။ ဒါပေမဲ့ သူကတော့ သူ(မ)ရဲ့တုံ့ပြန်မှုကို နည်းနည်းလေးမှမတုံ့ပြန်လာခဲ့ပါဘူး။ သူက သူ(မ)ကို နဖူး၊ နှာခေါင်း၊ နှုတ်ခမ်း၊ လည်ပင်းနဲ့ ညှပ်ရိုးတို့ကို အစဉ်လိုက်နမ်းရှိုက်လာပြီး သူ(မ)ကို နှစ်သိမ့်ပေးခဲ့တယ်။
သူ့နှုတ်ခမ်းနဲ့ ထိတွေ့ရုံလေးပဲဆိုပေမဲ့ သူ(မ)ခံစားလိုက်ရတဲ့ လိင်ပိုင်းဆိုင်ရာလှုံ့ဆော်မှုက ကြောက်မက်ဖွယ်ရာပါပဲ။ သူ(မ) ဒန်နီရယ်နဲ့ ခဏခဏအိပ်လေ့ရှိပါတယ်။ အဲ့ဒီအချိန်မျိုးမှာ သူ(မ)အနေနဲ့ ခုတင်ပေါ်လဲလျောင်းပြီး ဂါဝန်ကိုမြှောက်ထားရင်း မာတောင်နေတဲ့ သူ့ရဲ့လိင်အင်္ဂါကို အသင့်ကြိုနေရမယ်။ ဒါပါပဲလေ။
တ၀်ခါတစ်ရံမှာ သူ(မ) အဆင်သင့်တောင်မဖြစ်သေးပါဘူး။ အဲ့ဒီကိစ္စလုပ်ပြီးသွားရင် သူ(မ)ရဲ့အင်္ဂါကစူးအောင့်နေပြီး ရောင်ရမ်းလာတတ်ပါတယ်။ တချို့အချိန်တွေမှာ သူ(မ) လမ်းတောင်ကောင်းကောင်းမလျှောက်နိုင်ပါဘူး။ အက်ဇလာအနေနဲ့ အဲ့ဒီလိုချစ်ခင်ကြင်နာစွာနမ်းရှုံ့ခြင်းကိုမခံရတာ တစ်နှစ်နီးပါးရှိနေပါပြီလေ။
အတွေးထဲမျောနေချိန်မှာ သူက သူ(မ)ရဲ့အဝတ်အစားတွေအားလုံးကို ချွတ်ပစ်လိုက်ပြီးပါပြီ။
အက်ဇလာလည်း ရှက်ကိုးရှက်ကန်းဖြစ်သွားရပြီး မျက်နှာတွေလည်းနီရဲလာလို့ သူ(မ)ရဲ့ရင်သားတွေကို လက်နဲ့ခပ်မြန်မြန်ဖုံးအုပ်ထားလိုက်မိတယ်။ ဒါကိုမြင်တော့ သူက သူ(မ)ရဲ့နှုတ်ခမ်းလွှာကို ဖျတ်ခနဲနမ်းလာပြီး ပြုံးလိုက်တယ်။
“သိပ်လှတယ်”
လှတယ်တဲ့။
ဒါကိုကြားလိုက်ရတဲ့အခိုက် အက်ဇလာမှာ သတိမထားမိဘဲ မျက်ရည်ကျလုမတတ်ပါပဲ။ ဒီစကားကို နောက်ဆုံးကြားခဲ့ဖူးတာ ဘယ်လောက်ကြာပြီလဲဆိုတာ သူ(မ)မမှတ်မိတော့ပါဘူး။
‘လှတယ်လား။ ငါကတကယ်လှတာလား…’
သူ(မ) နာမည်တောင်မသိရသေးတဲ့ အဲ့ဒီလူကို ဒီလိုထုတ်မေးမိမတတ်ဖြစ်သွားတာကြောင့် အောက်နှုတ်ခမ်းကို ကိုက်ထားလိုက်မိတယ်။
သူက သူ(မ)ရဲ့လက်တွေကို ညင်သာစွာဖြေချလိုက်တဲ့အချိန် သူ(မ)ရဲ့ပန်းနုရောင်ရင်သားတွေဟာ သူ့ကို အသင့်ကြိုနေပုံရလေရဲ့။ သူ(မ)ရဲ့အရှေ့ကလူဟာ သူ့ကိုစောင့်ကြိုနေတဲ့ ရင်နှစ်မြွှာကို နည်းနည်းမှတွေဝေမနေဘဲ ခေါင်းငုံ့ပြီး အားပါးတရကိုက်လိုက်တယ်။
နူးညံ့လှတဲ့သူ့လျှာဖျားလေးဟာ သူ(မ)ရဲ့ရင်သားကို ပွတ်တိုက်မိသွားချိန် အက်ဇလာခမျာ အစွမ်းကုန်လှုံ့ဆော်နေတဲ့ ခံစားချက်တွေကြောင့် ခြေထောက်နှစ်ချောင်းကိုယှက်လို့ အသည်းအသန်စေ့ထားလိုက်မိလေရဲ့။ အချိန်အတော်ကြာပြီးနောက်မှသာ သူ(မ) ခံစားလိုက်ရတံ့ ခံစားချက်ဟာအသစ်အဆန်းဖြစ်ပြီး စိတ်ကျေနပ်စရာကောင်းနေတာကြောင့် မထိန်းချုပ်ထားနိုင်တော့တဲ့အထိပါပဲ။
“ဟာ့…”
နောက်ဆုံးအချိန်အထိ သူ(မ) ထိန်းချုပ်ထားရတဲ့ညည်းသံက ပါးစပ်ဖျားကနေ လွှတ်ခနဲထွက်သွားလေတော့တယ်။ အဲ့ဒါကြောင့် နှုတ်ခမ်းကို ပြင်းပြင်းထန်ထန်ဖိကိုက်ထားလိုက်မိတာပေါ့။ သူ(မ) မျိုသိပ်ထားရတဲ့ညည်းသံတွေကြောင့် သူ(မ)ရဲ့ရင်နှစ်မြွှာက ပိုဆွဲဆောင်နိုင်စွမ်းမြင့်လာမှန်းမသိဘဲနဲ့ပေါ့။
ကြမ်းတမ်းလှတဲ့လက်တွေက သူ(မ)ရဲ့ရင်သားကို ညင်သာစွာ ဆုပ်ကိုင်လာတယ်။
သူ့လက်ချောင်းထိပ်တွေနဲ့ ရစ်ပတ်ပွတ်သပ်ခံနေရတာကြောင့် အက်ဇလာလည်း သူ(မ)ရဲ့ခန္ဓာကိုယ်ကို တောင့်ထားလိုက်မိလေတယ်။ သူ့ခေါင်းကတော့ စက်ဝိုင်းတစ်ခုလို ချာချာလည်နေတော့တာပေါ့။
“နေ…နေပါဦး.. ရှင် အဲလိုလုပ်နေရင်”
တုန်ရီနေတဲ့ သူ(မ)ရဲ့အသံကို တားဆီးဖို့အတွက် သူက ထိပ်ဖူးလေးတွေကို သွားနဲ့ခပ်ဖွဖွကိုက်လိုက်တယ်။ ပြင်းထန်လှတဲ့နှိုးဆွမှုကြောင့် အက်ဇလာ ပေါင်တံတွေကို အသည်းအသန်စေ့ပိတ်ထားမိပေမဲ့ အကူအညီမဖြစ်ပါဘူး။ သူ့လက်တွေက မြွေတစ်ကောင်လို လိုက်လျောညီထွေဖြစ်နေပြီး သူ(မ)ရဲ့ခန္ဓာကိုယ်ပေါ်မှာ ချောချောမွေ့မွေ့ကခုန်နေတယ်။ သူ(မ)ကတော့ ဒါကိုမသိခဲ့ရှာဘူး။
သူဟာ စေ့ပိတ်ထားတဲ့ သူ(မ)ရဲ့ပေါင်တံနှစ်ချောင်းကို ဂရုတစိုက်ဆွဲခွာလိုက်တယ်။
သူ(မ)ရဲ့ပေါင်တံတွေက အဆင်သင့်စောင့်ကြိုနေတဲ့အလား အားနည်းနည်းလောက်သုံးလိုက်ရုံနဲ့ ကူကယ်ရာမဲ့စွာ ပွင့်ဟသွားခဲ့တယ်။ ကြီးမားပြီးတုတ်ခိုင်တဲ့ သူ့လက်ချောင်းတွေက အက်ဇလာရဲ့အတွင်းခံဘောင်းဘီပေါ်ကနေ ညင်သာစွာပွတ်သပ်နေလေရဲ့။
အဲ့ဒီအခိုက်မှာ အေးစက်စက်ခံစားချက်တစ်ခုက သူ(မ)ရဲ့တစ်ကိုယ်လုံးကို ဖြတ်ပြေးသွားခဲ့တယ်။ သူ(မ) ဘာမှတောင် သေသေချာချာမစတင်ရသေးခင်မှာပဲ အနမ်းတချို့နဲ့ ညင်သာတဲ့ပွတ်သပ်မှုတို့ကြောင့် အတွင်းခံဘောင်းဘီလေးခမျာ စိုရွှဲနေတော့တာပေါ့။
“စိုရွှဲနေပြီ”
“ရှင်မပြောရင်တောင် ကျွန်မသိပါတယ်”
*******
SWARA WEBNOVEL TRANSLATION