18+

This World Has Gone Crazy

5
Your Rating
This World Has Gone Crazy 5 (2)
511
Comments
27 Users bookmarked This

“ဒီကမ္ဘာကြီး ရူးသွားပြီ” {This World Has Gone Crazy}

Author Name – A Lifetime Of Beautiful Clothes 一世华裳/ Translator – Nancy

ချီလဲ့က မွေးရာပါနှလုံးရောဂါကိုခံစားနေရသူဖြစ်ပြီး တစ်နေ့မှာတော့ ခွဲစိတ်ဖို့စီစဉ်ခဲ့ပါတယ်။ အဲဒီ‌နေ့မှာ သူ့ကို မိသားစု၊ သူငယ်ချင်းနဲ့ ချစ်သူလေးတို့က ဝန်းရံပြီး ခွဲစိတ်ခန်းကိုလိုက်ပို့ခဲ့ကြပါတယ်။ ‌ဆွေမျိုးတွေထက်တောင်ရင်းနှီးနေတဲ့ ငယ်သူငယ်ချင်းဖြစ်သူကုပိုင်က သူ့ကို တစ်ခုခုပြောချင်‌ခဲ့ပေမဲ့ သူခွဲစိတ်ခန်းကထွက်လာရင်ပြောမယ်လို့ ကတိပေးခဲ့ပါတယ်။ ချီလဲ့သတိရလာတော့ သူက တစ်ယောက်တည်းရယ်။ ဆေးရုံခန်းထဲမှာလည်း တခြားလူနာမရှိသလို သူမှတ်မိသလောက် ဒါက သူအရင်နေခဲ့တဲ့အခန်းလည်း မဟုတ်ပြန်ဘူး။ စောင်မှာရေးထားတာက သူတက်ခဲ့တဲ့ဆေးရုံနာမည်ပဲဆိုတော့ ဘာကမှားနေတာလဲ?

ခဏနေတော့ ဘယ်သူမှန်းမသိတဲ့သူရောက်လာပြီး‌ ရောက်ရောက်ချင်း သူ့ကို ရှောင်ယွမ်လို့ ခေါ်လိုက်တယ်။ အဲ့ဒီလူကပဲ သူ(ရှောင်ယွမ်)ဦးထုပ်စိမ်းဆောင်းခံရတဲ့အကြောင်းနဲ့ ဦးထုပ်စိမ်းဆောင်းတာကို ပက်ပင်းမိတဲ့အကြောင်းတွေ ပြန်ပြောပြ‌ပေးခဲ့တယ်။

နောက်ခဏနေတော့ ဘယ်သူမှန်းမသိတဲ့လူအုပ်စုလိုက်ကြီး ရောက်လာပြန်တယ်။

လက်ဖက်စိမ်းကောင်ရဲ့အစ်ကို :’ငါ့ညီက တချို့တွေလို အမှိုက်မဟုတ်ဘူးကွ၊ တချို့များ သူ့ကိုမချစ်တာတောင်လိုက်ကပ်နေတာ ဘယ်လိုတောင် အမှိုက်ဆန်လိုက်သလဲ’

လက်ဖက်စိမ်းကောင်ရဲ့gong (ချီလဲ့အမြင်မှာ မျက်လုံးမကောင်းရှာတဲ့ ဖောက်ပြန်သူမိန်းကလေးလို့ အထင်ခံရသူ ) : ငါ့အပေါ်သူ့အချစ်တွေ ဘယ်လောက်တောင်လေးနက်လိုက်မလဲ ကြည့်ကြသေးတာပေါ့ ။

ချီလဲ့ : ချီး၊ နံရံနားကလူက မောက်မာလိုက်တာ။

ချီလဲ့ : ဘယ်သူရယ်? ချီး၊ အရမ်းရွံ့ဖို့ကောင်းတာပဲ။

လက်ဖက်စိမ်းကောင်ရဲ့gong : စိုက်ကြည့်။

ားလုံးကပြောကြတယ် : မင်းက ဂေးပဲ၊‌ ဂေးတောင်မှ မင်းက ‘0’ ပဲ၊ တစ်ကမ္ဘာလုံးကဂေးတွေပြန်ဖြောင့်သွားရင်တောင် မင်းတော့မပါဘူး။

ချီလဲ့ : ဒီလောင်ဇစ်ကအဖြောင့်ကွ၊ စောင့်ကြည့်နေလိုက်။

လက်ဖက်စိမ်းနဲ့အပေါင်းအပါများ : ဟမ့်၊ ‘0’ ဖြစ်တာမကောင်းဘူးလား၊ ဘာတွေကို ရေးကြီးခွင်ကျယ်လုပ်နေတာလဲ။

[ချီလဲ့သေဆုံးသွားခဲ့ပေမဲ့ ဘုရားသခင်က နောက်ထပ်အခွင့်ရေးတစ်ခုအနေနဲ့ သူ့ကို တစ်စုံတစ်ယောက်ရဲ့ခန္ဓာကိုယ်ထဲ ကူးပြောင်းစေခဲ့ပါတယ်။ အဲ့ဒီတစ်စုံတစ်ယောက်ဟာ အမှိုက်ကောင် shou ဖြစ်နေပေမဲ့ပေါ့ ]

(t/n: ဒါလေးက တစ်ယောက်တစ်မျိုးနဲ့ သူမတူအောင်ရူးကြောင်ကြောင်နိုင်ကြသူတွေရဲ့အကြောင်းလေးပါ။ သူတို့လေးတွေရဲ့ကာရိုက်တာတွေ တဖြည်းဖြည်းတိုးတက်လာတာကိုဖတ်ကြရမှာပါ။)

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Total Chapter – 73

 

 

 

 

 

 

 

 

 

Genre(s)