Chapter 1
“မင်းမှာ ကိုယ်ဝန်ရှိနေပြီ.. မင်းအတွက် ဖောလစ်အက်ဆစ် ကယ်လ်စီယမ်ဆေးပြားနဲ့ ဗီတာမင်အစုံကို ငါပေးလိုက်မယ်.. မင်း သေချာပေါက် အနားယူဖို့လိုတယ်နော်”
ဆရာဝန်က တင်းရှကို ဆေးပေးလိုက်သည်
သူမ အခန်းထဲမှထွက်လာသောအခါ တင်းရှသည် သူမ၏ဖုန်းပေါ်ရှိ သနားစရာကောင်းလောက်အောင်နိမ့်ကျနေသော လက်ကျန်ငွေဂဏန်းကို စိုက်ကြည့်ရင်း သက်ပြင်းချလိုက်မိသည်..
ဆေးရုံဆေးဆိုင်ရှိ ဈေးနှုန်းများမှာ အလွန်ကောင်းမွန်လှကြောင်းကို တွေ့ရှိခဲ့ရပြီးနောက် သူမသည် ဗိုက်ကိုညင်သာစွာကိုင်လိုက်သည်
သားဖွားဆေးရုံအဝင်ဝတွင် ပျော်ရွှင်နေသောစုံတွဲများသည် တစ်ယောက်တည်းအထီးကျန်နေသော တင်းရှကို သနားသောအကြည့်များဖြင့်ကြည့်ကာ အတွဲလိုက်ဖြတ်လျှောက်သွားကြသည်
သူမကလည်းပတ်ဝန်းကျင်မှ ထိုထူးဆန်းသောအကြည့်များကို လျစ်လျူရှုထားပြီး သူမ၏ လျှပ်စစ်စက်ဘီးကိုစီးကာ အိမ်သို့ပြန်ခဲ့သည်
လမ်းတွင် လယ်သမားဈေးကို ဖြတ်ကျော်ခါနီး၌ ခနမျှတုံ့ဆိုင်းသွားပြီးနောက် သူမ၏ဗိုက်ထဲရှိ အရွယ်မရောက်သေးသော ကလေးငယ်ကို တွေးမိသွားကာ ပုဇွန်ဆိတ်တစ်ဝက်ကိုဝယ်ရန် ယွမ်နှစ်ဆယ်ကျော်သုံးလိုက်သည်
လမ်းငယ်လေးတွေကို အချိန်အတော်ကြာဖြတ်သန်းလာပြီးနောက် မြို့အစွန်တွင်ရှိသော ရွာလေးကိုရောက်လာခဲ့ကာ ဟိုဟိုသည်သည်အကြောင်းအရာမျိုးစုံပြောနေကြသော သက်ကြီးရွယ်အိုတွေကို ဖြတ်ကျော်လာခဲ့သည်
တင်းရှသည် သူမပိုင်သော ကျဉ်းမြောင်းသည့် ခြံဝင်းငယ်လေးဆီသို့ ပြန်လာလိုက်သည်
အိမ်ပြန်ရောက်ရောက်ချင်းမှာပဲ မီးဖိုချောင်ထဲသို့ ချက်ချင်းဝင်သွားပြီး အိုးတစ်လုံးကိုထုတ်ကာ ဆန်ပြုတ်ချက်ရန်အတွက် မီးမွှေးထားပြီးနောက် ရေပိုက်ခေါင်းဘေးတွင်ထိုင်ကာ ပုဇွန်အခွံများကို ဖယ်ထုတ်လိုက်သည်
ထို့နောက် အိုးထဲတွင် ဆီကိုအပူပေးပြီး သန့်စင်ထားသော ပုဇွန်များကို မွှေကြော်လိုက်ခြင်းကြောင့် အရသာကောင်းမွန်ပြီး ဆွဲဆောင်မှုရှိသည့် ပုစွန်ဆီရနံ့ထွက်ပေါ်လာသည်
တင်းရှသည် မီးခိုးများကို ဂရုတစိုက် မှုတ်ထုတ်လိုက်ပြီး ဆန်ပြုတ်ကို ပန်းကန်လုံးထဲထည့်လိုက်သည်
ဆန်တွေကလည်း ကောင်းမွန်စွာ ကျက်သွားပြီးဖြစ်သည်
ပုဇွန်ဆီနှင့် လတ်ဆတ်သောပုဇွန်များကိုပါ ပေါင်းထည့်လိုက်သည်
ထို့နောက်တစ်ခုခု လိုအပ်နေသေးသလို ခံစားလိုက်ရတာကြောင့် သူမ စဉ်းစားကြည့်လိုက်သည်..ဘာလိုနေသေးလဲ??
ထို့နောက် သူမ၏လက်ကို သုတ်လိုက်ကာ အခန်းထောင့်တွင်ရှိနေသော အိုးကြီးတစ်အိုးထဲမှ ဆားနယ်ထားသော ဟင်းသီးဟင်းရွက်များကို ဆန်ပြုတ်ထဲသို့ ပစ်ထည့်လိုက်တော့သည်
အချိန်အတော်ကြာအောင် တည်ထားပြီးနောက် အရသာကောင်းစေရန်အတွက် ခနလောက် အအေးခံထားလိုက်သည်.. ထို့နောက် သူမသည် လက်သုတ်ဝတ်ကိုယူလိုက်ပြီး မီးဖိုပေါ်မှဆန်ပြုတ်အိုးကို ဂရုတစိုက် ချလိုက်သည်
ဒါက ဒီနေ့အတွက် ညစာပဲ
တင်းရှသည် အနည်းငယ်ကျယ်ဝန်းသော ပင်မခန်းဆောင်၏ အလင်းမှိန်မှိန်ရရှိသော နေရာတွင်ထိုင်ကာ ဆန်ပြုတ်ကို တိတ်တဆိတ် သောက်နေလိုက်သည်
ဒီနေ့က သူမဒီကမ္ဘာကိုကူးပြောင်းလာပြီး တတိယမြောက်နေ့ဖြစ်သည်
မူလဇာတ်ကြောင်းကို ဆန့်ကျင်တဲ့ ဘယ်လိုအပြုအမူကိုမျှ လုပ်ဆောင်၍မရကြောင်းကို သူမသဘောပေါက်နားလည်ပြီးသားဖြစ်သည်
ဥပမာ ကိုယ်ဝန်ဖျက်ချတာမျိုးလိုပေါ့
ကလေးရဲ့အဖေက ဘယ်သူလဲဆိုတာတောင် သူမ မသိရပေ
အကြောင်းမှာ သူမသည်ဝတ္ထုထဲတွင် သနားစရာအမျိုးသားဇာတ်လိုက်ကို မွေးဖွားရင်းဆုံးပါးသွားခဲ့သော မိခင်အဖြစ်သို့ကူးပြောင်းလညခြင်းကြောင့်ဖြစ်သည်
မူရင်းစာအုပ်ထဲတွင် သူမအကြောင်း အနည်းငယ်မျှသာ အတိုချုံး၍ဖော်ပြခဲ့သည်
အဓိကအားဖြင့် ဇာတ်လမ်းသည် အမျိုးသားခေါင်းဆောင်၏ ခက်ခဲသောဘဝနှင့် ၎င်း၏ ကံဆိုးမိုးမှောင်ကျမှုများ စမ်းသပ်ခံရမှုများကို အသေးစိတ်ဖော်ပြထားသည်
ယခုလည်း ထိုကြေကွဲဖွယ်ရာဇာတ်လမ်း၏ အမျိုးသားဇာတ်ဆောင်သည် သူမ၏ဝမ်းထဲ၌ ရှိနေဆဲဖြစ်သည်
သူမမှာ အသုံးဝင်တဲ့အချက်အလက် တစ်ခုမှ မရှိဘူး
အခုအချိန်မှာ သူမ လုပ်နိုင်တဲ့ တစ်ခုတည်းသောအရာက အမျိုးသားခေါင်းဆောင်ကို ဘေးကင်းကင်းနဲ့ မွေးဖွားနိုင်ဖို့ပဲ
ပြီးရင်တော့ သူမရဲ့ သေခြင်းတရားကို ထိုင်စောင့်နေယုံပဲရှိတယ်
ဒီအကြောင်းတွေးမိတော့ တင်းရှ ထပ်ပြီးသက်ပြင်းချလိုက်မိသည်
သူမက ဆင်းရဲပြီး မိသားစုမရှိသလို ပညာလည်းမတတ် အလုပ်လည်းမရှိပေ
သူ့မှာရှိတာဆိုလို့ သူဗိုက်ထဲရှိကလေးလေးပင်ဖြစ်သည်
ဟုတ်သားပဲ သူမမှာ ချောမောတဲ့မျက်နှာလေးလည်းရှိသေးတာပဲ
တင်းရှက သူမမျက်နှာကို ထိကြည့်လိုက်တယ်
သူမ၏မူလအသွင်အပြင်သည် ရိုးရိုးသာမန်အသွင်အပြင်သာဖြစ်သော်လည်း ကြီးကျယ်ခမ်းနားသော အလှတရားအဖြစ်သို့ ကူးပြောင်းသွားကာ သူမ၏ဒေါသစိတ်များကြားတွင် ထူးထူးဆန်းဆန်း ကျေနပ်မှုတစ်ခု ခံစားခဲ့ရသည်
ဒေါက်! ဒေါက်!…
တစ်စုံတစ်ယောက်က သူမ၏အိမ်တံခါးကို လာခေါက်သည်
“ဘယ်သူလဲ?”
တင်းရှက မထသေးဘဲ ကျယ်လောင်စွာအော်မေးလိုက်
“ငါပါ မင်းအတွက် တစ်ခုခုယူလာတယ် တံခါးဖွင့်ဦး!”
ထိုအသံက သူမနှင့် အိမ်နီးနားချင်းဖြစ်သည့် အဖွားကျန့်၏ အသံပင်
တင်းရှ တံခါးကို အမြန်ဖွင့်ပေးလိုက်သည်
အဖွားကျန့်က သူမအပေါ် ကြင်နာပြီး သူမ(အဖွားကျန့်)ခြံထဲမှာ စိုက်ပျိုးထားတဲ့ ဟင်းသီးဟင်းရွက် အနည်းငယ်ကို ရက်အနည်းငယ်ကြာတိုင်း ယူလာပေးလေ့ရှိသည်
“အဖွားကျန့်”
တင်းရှက အဖွားကျန့်ဝင်နိုင်ရန် တံခါးဖွင့်ကာ လမ်းဖယ်ပေးလိုက်သည်
“စားသွားပါဦး”
အဖွားကျန့် အထဲသို့ရောက်သည်နှင့်တပြိုင်နက် သင်းပျံ့သောမွှေးရနံ့ကို သူမ အနံ့ခံလိုက်ရသည်
“ဆန်ပြုတ် ချက်ထားတယ်”
တင်းရှက ခြေသလုံးမကောင်းတော့တဲ့ သက်ကြီးရွယ်အိုအမျိုးသမီးကြီးကို ကူတွဲပေးလိုက်ကာ
“အဖွား ကြိုက်လား”
မွှေးကြိုင်ပြီးစားချင်စဖွယ်ဖြစ်နေတဲ့ ဆန်ပြုတ်ရဲ့အနံ့ကြောင့် အဖွားကျန့်က မတတ်နိုင်ပဲ ခေါင်းညိမ့်လိုက်သည်
သူတို့ရဲ့ အိမ်တွေက နံရံတစ်ချပ်ပဲခြားထားတာကြောင့် တင်းရှရဲ့ မီးဖိုချောင်ထဲကရနံ့တွေက သူမကိုဆွဲဆောင်လို့နေလေသည်.. သူမ(အဖွားကျန့်)ရဲ့ အိမ်မှာ ဘာဟင်းကောင်းတွေပဲစားနေပါစေ စိတ်တိုင်မကျဖြစ်ရသည်
အဖွားကျန့်ကို ဆန်ပြုတ်တစ်ပန်းကန် ခူးပေးရန်အတွက် ပန်းကန်လုံးနဲ့ တူတစ်စုံကိုယူပြီး တင်းရှက မီးဖိုချောင်ထဲသို့ သွားလိုက်သည်
အနံ့က ထင်ထားတာထက်ပိုမွှေးတာကြောင့် အဖွားကျန့်က စိတ်အားထက်သန်စွာနဲ့ တစ်ငုံသောက်ကြည့်လိုက်သည်
အရသာက တော်တော်ကောင်းသည်.. ပါးစပ်ထဲထည့်လိုက်တာနဲ့ လျှာပေါ်မှာ နူးညံ့ပြီး ပုဇွန်ရဲ့အရသာက ချိုဆိမ့်ဆိမ့်နှင့် လတ်လတ်ဆတ်ဆတ်ရှိလှသည်
သူမသည် ပန်းကန်လုံးအတွင်းရှိ စားစရာအားလုံးကို မြန်မြန်အပြီးသတ်လိုက်သည်
“မင်းရဲ့ ဟင်းချက်စွမ်းရည်က တကယ်ကောင်းတာပဲ!”
ထို့နောက် အဖွားကျန့်
က တစ်ခုခုကို သတိရဟန်ဖြင့် သူမ၏ပေါက်ကို အသံကျယ်ကျယ်ရိုက်လိုက်ပြီး
“ဒီကိုလာရတဲ့ ရည်ရွယ်ချက်ကိုတောင် မေ့တော့မလို့!”