Prologue
တူမြောင်ဖူ က ပျောက်ကွယ်သွားရမဲ့ လူတစ်ယောက်။
သူမသွားမေးတဲ့ ဗေဒင်ဆရာစကားအတိုင်းဆို သူမမွေးတဲ့အချိန်ကပဲ သူမဘဝကို ဆုံးဖြတ်ပေးခဲ့တာ။
သူမရဲ့ ခပ်ဝိုင်းဝိုင်းမျက်နှာက ပိန်သွယ်သွယ် : သူမဘဝက အထီးကျန်မဲ့သူတစ်ယောက်။ သူမက သူမနဲ့ ရင်းနှီးတဲ့သူတိုင်းအတွက် ကံဆိုးစေမဲ့သူ။
သူမနားရွက်တွေက သေးငယ်ပြီး ပါးလျပ်လျပ် : သူမအသက်သုံးဆယ်ထက် ပိုအသက်မရှင်နိုင်။
သူမနှာရိုးက ခပ်တိုတိုနဲ့ အသားမရှိဟန် : သူမက ဆင်းရဲဇာတာနဲ့ မွေးလာသူ၊ စားဖို့နဲ့ ဝတ်ဖို့ရှိတာပင် ကံကောင်းလှပြီ။
ဒီလို သနားစရာ ကောင်းတဲ့ ဘဝမျိုးက အတော်ရှားပါးလှပြီး နှစ်ရာပေါင်းများစွာမှ တစ်ယောက်သာ ရှိတတ်သည်။ ဗေဒင်ဆရာက ခေါင်းတခါခါဖြင့် သူမဆီက ဗေဒင်ဟောခပင်မယူပဲ ထွက်သွားရန် မောင်းထုတ်သည်။ သူ့ဆီ ကံဆိုးမှုတွေ ယူလာမှာ စိုး၍ပင်။
သူ့စကားကို ကြားပြီးတဲ့နောက် သူမ စိတ်ဓါတ်အကျကြီးကျသွားပေမဲ့ ငိုတော့မငိုပေ။ သူမနဲ့ အတူသွားတဲ့ ကျန်းခြူးဝေကတော့ ဒေါသပုန်ထသည်။ ဒေါသနဲ့အတူ ဗေဒင်ဆရာရဲ့ စားပွဲခုံကိုပါ ရိုက်ချိုးပစ်လိုက်သေးသည်။
“ကံဆိုးမယ်ဟုတ်လား။ ဒါက ဘာသောက်ကျိုးနည်းစကားလဲ? အသက်ရှည်ရှည်မနေရဘူးဟုတ်လား? ဒီက မိန်းမက ရှင့်ကို တမလွန်ရောက်အောင် တခါထဲ ပို့ပေးလိုက်မယ်”
ဗေဒင်ဆရာကို ရန်မလုပ်နိုင်အောင် မြောင်ဖူက သူမသူငယ်ချင်းခါးကို ဆွဲဖက်ထားလိုက်သည်။ နှစ်များစွာ တွဲလာတာမို့ ခြူးဝေရဲ့ လက်ဆကို သူမကောင်းကောင်းသိသည်။
ဗေဒင်ဆရာကို တောင်းပန်စကားဆိုကာ ဒေါသပုန်ထနေတဲ့ သူမသူငယ်ချင်းနဲ့ ပြန်ဖို့ ပြင်သည်။
“မြောင်ဖူ နင် ဒီငလိမ်ကောင်ကို ဘာလို့ တောင်းပန်နေတာလဲ? လူယုတ်မာ၊ ငါ သူ့ရဲ့ ညစ်ပတ်တဲ့ ပါးစပ်ကို ဆွဲဖြဲပစ်မယ်”
ခြူးဝေက အော်ဟစ်ရင်း သူမခြေထောက်ကို ကန်ထုတ်လိုက်တာကာ သူမရဲ့ ၇လက်မမြင့်တဲ့ ဒေါက်ဖိနပ်က ဗေဒင်ဆရာ ခေါင်းတည့်တည့်ထိသွားရပြီး ဗေဒင်ဆရာက အော်ဟစ်လိုက်သည်။
သောက်ကျိုးနည်း၊ ဒီဖိနပ်တွေက သိပ်စျေးကြီးတာ။
မြောင်ဖူ ဖိနပ်ကို ခပ်မြန်မြန်ကောက်ယူလိုက်ပြီးနောက် ဘုရင်မတပါးလိုမျိုး သူမသူငယ်ချင်းဆီ ပြန်ပေးလိုက်သည်။ ပြုံးပြဖို့ပင် မမေ့လိုက်သေး၊ ဝေဝေရေ စိတ်မဆိုးနဲ့တော့နော်။
သူမကိုယ်စား သူငယ်ချင်းက အစွမ်းကုန်ဒေါသထွက်နေတာမို့ မြောင်ဖူ့စိတ်ဓါတ်ကျတာက အနည်းငယ်သက်သာသွားဟန် ခံစားရသည်။ တကယ်ပဲ သူမက ကံဆိုးမှုနဲ့ အတူ မွေးဖွားလာရရင်တောင် သူမမှာ ကျန်းခြူးဝေလို သူငယ်ချင်းကောင်းရှိသေးသည်။
ခြူးဝေ တကယ့်ကို မြောင်ဖူရဲ့ နူးညံ့တဲ့ စိတ်ထားကို လက်မခံဟန်ဖြင့် သက်ပြင်းချကာ သူမဖိနပ်ကို ပြန်ဝတ်လိုက်သည်။ သူမထလိုက်ပြီးနောက် သူမသူငယ်ချင်းနှာဖူးကို တောက်ကာ
“ဒီညစ်ပတ်တဲ့စကားတွေကို နားထောင်မနေနဲ့တော့။ ဘာအဖေ၊ ဘာအနီးကပ်တဲ့သူလဲ? ငါတို့သိလာတာပဲ ဆယ်နှစ်ရှိပြီ။ တအိမ်ထဲလဲ တူတူနေသေးတာကို၊ ငါ အခု ကောင်းကောင်းမနေရလို့လား?”
“ကောင်းပြီ၊ ငါ သိပါတယ်” မြောင်ဖူ အပြုံးတချက်နဲ့ ပြန်ဖြေလိုက်သည်။ သို့သော် နဖူးတောက်ခံရတာက အတော်လေးနာပြီး နီပင်နီလာလေပြီ။ ခြူးဝေစကားကို နားထောင်ပြီး ဗေဒင်ဆရာ စကားကို မေ့ပစ်လိုက်သည်။
နောက်တလအကြာမှာတော့ ကျန်းခြူးဝေရဲ့ အစ်ကိုက ပဲရစ်ကို သွားလည်ဖို့ ခရီးစဉ်မဲပေါက်ပြီး မြောင်ဖူလဲ အတူလိုက်ခဲ့ဖို့ ဖိတ်ခြင်းခံရသည်။ သို့သော် ဝမ်းနည်းစရာကောင်းစွာနဲ့ပဲ အဆုံးသတ်က လေယာဉ်ပျက်ကျကာ သေဆုံးခဲ့ရခြင်းပင်။ ခြူးဝေခမျာ ဒေါသထွက်လွန်းသဖြင့် လေယျာဉ်အောက်ကို ထိုးဆင်းနေချိန်မှာတောင် သူမအစ်ကိုကို လည်ပင်းညှစ်လိုက်သည်။ မြောင်ဖူ ငိုကြွေးလေပြီ။
“ခြူးဝေ၊ အားဟောင် ငါတောင်းပန်ပါတယ်၊ ငါ့အပြစ်တွေပါပဲ၊ ငါ့ကြောင့် ငါတို့အားလုံးသေရတော့မယ် ဝူး ဝူး”
ဗေဒင်ဆရာရဲ့ စကားတွေက နောက်ဆုံးတော့မှန်နေခဲ့သည်။
သို့ရာတွင်…
ထူးဆန်းတာ တခုဖြစ်ပေါ်လာခဲ့သည်။
လေယျာဉ်ပျက်ကျသွားပေမဲ့ သူမ မသေခဲ့။
တူမြောင်ဖူက ကြေးဝါမှန်တချပ်ရှေ့ မတ်တပ်ရပ်နေသည်။ တရုတ်ရှေးဟောင်းကားတွေထဲ ပါလေ့ရှိတဲ့ ကြေးဝါရောင်မှန်မျိုးပင်။ သိပ်မကြည်လင်လှပေမဲ့ သူမပုံစံကိုတော့ မြင်နိုင်သေးသည်။
သူမမျက်မှာကို ထိတွေ့လိုက်ပြီး မှန်ထဲက ပုံရိပ်ကလဲ သူမကို အတုလိုက်ခိုးသည်။ မျက်နှာပုံစံက တူတူဖြစ်သော်လည်း ခပ်ဖောင်းဖောင်းပါးလေးတွေ မရှိတော့။ မေးစေ့နှစ်ထပ်ပင် ပျောက်ကွယ်သွားလေပြီ။
သူမလက်တွေကို ပွတ်သပ်ကြည့်လိုက်တော့ လက်ချောင်းတွေက ပို၍ သွယ်လျလျက်။
သူမရဲ့ ဂုဏ်ယူရတဲ့ F-Cup လဲ မရှိတော့ပေ။ သူမလက်ဖဝါးတွနဲ့ စမ်းကြည့်ရသလောက်တော့ B-cup သာ ကျန်မည်ထင်သည်။
သူမရဲ့ ခပ်ပြည့်ပြည့်ခန္ဓာကိုယ်ကား မရှိတော့၊ ဗိုက်ပေါ်က သုံးထပ်သားအဆီတွေလဲ ပျောက်ကွယ်သွားပြီး တင်ပါးတွေက ပိုကျစ်လစ်လာကာ အရပ်လဲ ပိုရှည်လာသည်။
အရင်က အထက်တန်းကျောင်းပြီးကတည်းက 155cm သာ ရှိခဲ့သော အရပ်က အခုတော့ အနည်းဆုံး 170cm ပင်။
ဒီလူပုံစံက သူမနှင့်ဆင်တူပေမဲ့ သူမ မဟုတ်ပေ။ တူမြောင်ဖူ အံ့အားသင့်သွားလေသည်။
သောက်ကျိုးနည်း ဘာတွေ ဖြစ်နေတာလဲ?
*****