Chapter 12
အပိုင်း ၁၂
“အခုလည်း နည်းနည်း ထူးဆန်းသလို ခံစားနေရတုန်းပဲ။”
“လေက လေးလံလာသလို ခံစားချက်မဟုတ်လား။”
“ဟုတ်တယ်။ ကွက်တိ အဲ့ဒီအတိုင်းပါပဲ။”
“အသားကျသွားတာနဲ့ အဆင်ပြေသွားလိမ့်မယ်။ ဒါပေမဲ့ ထူးဆန်းနေတယ်။ စွမ်းအားကို ထိန်းချုပ်တာက မြင်းစီးတာနဲ့ အတူတူပဲလေ။ တစ်ခါသင်ထားပြီးရင် စိတ်ထဲမှာ စွဲမြဲနေတာဆိုတော့ မေ့သွားစရာ အကြောင်းမရှိရမှာကို။”
ယူဂျင်းက ခါဆယ်ရ်၏ စကားကို မကြားချင်ယောင်ဆောင်လိုက်သည်။
“တောင်းဆိုစရာ တစ်ခုရှိပါတယ်။”
ယူဂျင်းက သူ၏ရင်ခွင်တွင် မှီထားသည့် ဦးခေါင်းကိုပင့်ပြီး မေးစေ့ကို မှေးတင်ထားလိုက်သည်။
“ဒီလိုရှိတယ်၊ ဟိုလိုရှိတယ်။ အဲ့ဒီလေသံမျိုးကို မသုံးဘဲနေလို့ မရဘူးလားဟင်။”
နန်းတွင်းဒရာမာထဲမှ ထွက်လာသလို လေသံမျိုးကို ကြားရသည့်အခါတွင် ယူဂျင်းတစ်ယောက် ကြက်သီးများပင် ထခဲ့ရသည်။ စာရေးဆရာ ကြုံတွေ့သင်ယူထားသည့် ယဉ်ကျေးမှုက ဖန်တီးထားသည့် ဤကမ္ဘာအပေါ်ကို ဘယ်လိုမှမတတ်သာဘဲ ထင်ဟပ်နေသည့်အတွက်ကြောင့်ပဲ ဖြစ်လေမလား။ မဟာတွင် အသုံးပြုပြောဆိုသည့် ဘာသာစကားမှာ တစ်ဖက်လူ၏ အဆင့်အတန်း၊ သို့မဟုတ် အသက်အရွယ်ကိုလိုက်၍ အမျိုးမျိုးကွဲပြား၏။
“ဒီအတိုင်း သက်သောင့်သက်သာပဲ ပြောပါ။ ကျွန်မထက် အသက်ပိုကြီးတာပဲမို့လို့ အဲ့ဒီလောက်ကတော့ နားလည်ပေးလို့ရပါတယ်။”
ခါဆယ်ရ်က အတန်ကြာသည်အထိ ဘာမှမပြောခဲ့ပေ။ ‘ငါက တော်တော်လေး ထူးဆန်းတာကိုများ တောင်းဆိုမိလိုက်တာလား’ ဟု ယူဂျင်း တွေးလိုက်မိသည့် အခိုက်အတန့်တွင် သူက ခပ်တိုးတိုး ရေရွတ်ပြောဆိုခဲ့သည်။
“အခု ယုံပြီ။ မင်း တကယ်ပဲ မှတ်ဉာဏ်တွေ ပျောက်သွားတာကိုး။”
“နောက်ဆုံးတော့ ယုံကြည်ပြီပေါ့လေ။ အားတက်ရပါတယ်။”
သူက ယူဂျင်းကို ဘာမှမပြောဘဲ ကြည့်နေခဲ့သည်။ သတိထား၍ စနည်းနာနေသည့်အကြည့်ပင်။
ယူဂျင်းကလည်း ဆက်လက်၍ သူနှင့် မျက်လုံးချင်းဆုံပြီး နေခဲ့သည်။ အချိန်ကုန်လာသည်နှင့်အမျှ ခါဆယ်ရ် သူ့ကို ဖက်ထားပုံ၊ သူ့ကျောပြင်ကို လက်ဖြင့်ထိန်းထားပုံတို့နှင့်ပတ်သက်ပြီး တဖြည်းဖြည်း ပူပန်စပြုလာမိတော့သည်။
စောစောကတော့ ပင်ပန်းလွန်းတာကြောင့် ဒီနာကျင်မှုကနေသာ ဆွဲထုတ်ပေးနိုင်မည်ဆိုလျှင် မည်သူ့ကိုမဆို ဖက်တွယ်ပြီး ကူညီပေးဖို့ တောင်းပန်နိုင်ခဲ့ပေသည်။ အချိန်ကိုက် ကူညီပေးခဲ့သည့် ဘုရင်မင်းမြတ်အပေါ် စိတ်ကောင်းစေတနာများ အဆုံးမဲ့ပြည့်တက်လာသည့် အခိုက်အတန့်ပင်။
ယခုတော့ စောစောက ခံစားခဲ့ရသည့် နာကျင်မှု မှေးမှိန်ပျောက်ကွယ်သွားသည့် အတိုင်းအတာအထိ ခန္ဓာကိုယ်က လုံးဝအရှင်း အဆင်ပြေလာခဲ့ပေပြီ။ ထို့နောက်တွင် ဖြည်းဖြည်းချင်း သတိဝင်လာခဲ့သည်။ အင်မတန် နီးနီးကပ်ကပ်ရှိနေသည့် ခါဆယ်ရ်နှင့် သူ၏ကြားမှ အကွာအဝေးကြောင့် ဘာလုပ်လို့လုပ်ရမှန်းမသိ ဖြစ်ခဲ့ရ၏။
‘နည်းနည်း အရှက်မရှိ မျက်နှာပြောင်ပြီး ရင်းနှီးချင်ယောင်ဆောင်လိုက်မိတယ်ထင်ပါရဲ့။ ဘယ်လောက်ပဲ မှတ်ဉာဏ်ပျောက်သွားတယ်ဆိုပါစေ၊ လူက အရင်နဲ့ တအားကြီး ကွဲပြားနေလွန်းရင် ထူးဆန်းနေမယ်မဟုတ်လား။’
ယူဂျင်းက သဘာဝကျကျပဲ ခါဆယ်ရ်ကို တွန်းဖယ်၍ ကိုယ်ကို လူးလွန့်လှုပ်ရှားလိုက်၏။ သို့ရာတွင် ကျောပြင်ကိုထိန်းပွေ့ထားသည့် ခါဆယ်ရ်၏ လက်က ယူဂျင်း၏ခါးကို ရစ်ပတ်ကာ ဆွဲယူခဲ့သည်။
ယူဂျင်းက အလန့်တကြား ပင့်သက်ရှိုက်လိုက်၏။ သူနှင့် ပို၍နီးကပ်အောင် ဆွဲဖက်ခံလိုက်ရချိန်တွင် ခါဆယ်ရ်၏ မျက်လုံးများက ယူဂျင်း၏ အရှေ့တွင်ရှိနေခဲ့ပေပြီ။ ယူဂျင်းက အဝိုင်းသားဖြစ်နေသည့် မျက်လုံးရွဲကြီးများကို ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်သည်။
“မှတ်ဉာဏ်ပျောက်သွားတဲ့သူကို ပြောရမဲ့စကားတော့ မဟုတ်ပေမဲ့ ငါ မင်းက တခြားလူတစ်ယောက်ပါလို့ ပြောလာခဲ့ရင်တောင် ယုံကြည်ပေးနိုင်လောက်မယ်ထင်တယ်။”
‘ဟားဟား။ ထက်မြက်တာပဲ။ ဒါပေမဲ့ အဲ့ဒီလိုပြောရင်တောင်မှ ငါက တခြားလူတစ်ယောက်ပါလို့ ပြောလိုက်မယ်ဆိုရင် ရူးနေတယ်လို့ တွေးလောက်တယ်။’
ယူဂျင်းက ပြုံးလိုက်သည်။
“မင်း တော်ဝင်ရဲတိုက်ကနေ ခိုးထွက်ရတဲ့ အကြောင်းရင်း။ ငါနဲ့ထားခဲ့တဲ့ ကတိကိုဖျက်ဖို့ စီစဉ်နေတာများလားလို့ သံသယဝင်ခဲ့မိတာ။”
‘အင်း။ အဲ့ဒီလို ဖြစ်လောက်တာပဲ။’
ဂျင်က သူ၏ရည်မှန်းချက်ပန်းတိုင်ဆီ အရောက်သွားဖို့အတွက် သူ၏ ဂုဏ်သိက္ခာကို ချရင်းရန် ဆန္ဒရှိပေလိမ့်မည်။ ယူဂျင်းက အမှုမဲ့အမှတ်မဲ့ ခေါင်းညိတ်လိုက်ပြီး ထို့နောက် ထိုသို့လုပ်မိခြင်းက အမှားပဲဟု တွေးလိုက်မိသည်။
“အဲ့ဒီလို တကယ်ဖြစ်တယ်လို့ ပြောနေတာမဟုတ်ဘူးနော်။ အကျိုးသင့်အကြောင်းသင့်ရှိတဲ့ သံသယပဲလို့ ပြောချင်တာပါ။”
“အခုရော။”
“ရှင်။”
“ဘာမှမမှတ်မိတော့တဲ့ မင်းအတွက် အကျိုးအကြောင်းမသင့်တဲ့ တောင်းဆိုမှုပဲလို့ မထင်မိဘူးလား။”
“ကျွန်မ အဖြေက မတူရင် တစ်ခုခု ပြောင်းလဲသွားမှာလား။”
ယူဂျင်းက မျှော်လင့်ချက်အနည်းငယ်ဖြင့် မေးလိုက်သည်။
“ပြောင်းလဲသွားမဲ့အရာ ဘာမှမရှိဘူး။”
ခါဆယ်ရ်၏ မျက်လုံးများထဲတွင် အသံတိတ် သတိပေးမှုကို တွေ့နေရသည်။ ‘ရှောင်ထွက်ဖို့ တွေးနေတာလား။ မဖြစ်နိုင်ဘူး။’ ထိုသို့ပြောနေသည့်နှယ်ပင်။ ယူဂျင်းက သက်ပြင်းချလိုက်သည်။
“အဲ့ဒါဆိုရင် မတတ်နိုင်ဘူးပေါ့။”
ခါဆယ်ရ်က အဓိပ္ပာယ်မရှိလိုက်တာဟူသည့်ပုံစံနှင့် ရယ်လိုက်သည်။
“ဒီမှာ။ ကလေး ဘယ်လိုလုပ်သလဲဆိုတာ သိလား။”
“အဲ့ဒါကို မသိဘဲနေပါ့မလား။ ဒါဆို ဘုရင်မင်းမြတ်က လုပ်ရောလုပ်နိုင်ရဲ့လား။”
“ဘာ။”
“မိန်းမက ဘယ်လိုလုပ်ပြီး လုပ်လို့ရမှာလဲ။ ဒါပေမဲ့ ယောက်ျားက ကြည့်ရတာ…”
ယူဂျင်းက သုံးနှစ်တာ အိပ်ရာတစ်ခုတည်း သုံးခဲ့သည့်အတောအတွင်း လက်ဖျားနှင့်ပင်မထိခဲ့သည့် မိန်းမနှင့် အိပ်ချင်စိတ်ပေါ်လာပါ့မလားဟူသည့် အချက်ကို ထောက်ပြလိုသည့် ရည်ရွယ်ချက်နှင့်ပြောလိုက်ခြင်းဖြစ်၏။
ခါဆယ်ရ်က ယူဂျင်း၏ လှုံ့ဆော်ရန်စမှုမှာ အင်မတန် အားပျော့လှတာကြောင့် ရယ်ခဲ့သည်။ သို့သော် ထိုကဲ့သို့ ခနော်ခနဲ့ရန်စမှုလေးကြောင့် ဘာကြောင့်များ စိတ်ထဲတွင် မသိမသာ အောင့်သက်သက်ဖြစ်ရသလဲဆိုသည်ကိုကား အဖြေရှာ၍ မရခဲ့။
သူက မိဖုရား၏ မာယာများတွင် တစ်ခါမှ ယိမ်းယိုင်ဖူးခြင်း မရှိခဲ့ပေ။ မိဖုရားက လှပကြောင်း သိရှိလက်ခံထားသော်လည်း မှန်သေတ္တာထဲတွင် ခင်းကျင်းပြသထားသည့် ကျောက်မျက်ရတနာများကို ကြည့်ရသည့်အလား စိတ်ကထုံနေခဲ့သည်။ မိဖုရားနှင့် သူက အခြေခံအားဖြင့် တစ်ယောက်နှင့်တစ်ယောက် ရှေ့သွားနောက်လိုက်မညီဘူးဟူ၍ တွေးခဲ့၏။
သို့သော် မှတ်ဉာဏ်ပျောက်သွားသည့် မိဖုရားကို တွေ့မြင်လိုက်ရတိုင်းတွင် အစိမ်းသက်သက်ဖြစ်နေသလို ခံစားခဲ့ရသည်။ မိဖုရားက သူနှင့်လုံးဝမတူသည့် မျက်နှာထားမျိုး လုပ်လိုက်တိုင်းတွင် ခါဆယ်ရ်၏ အကြည့်က ပါသွားတော့သည်။ နှာသံမပါဘဲ ကြားရသည့် မိဖုရား၏ အသံက နားဝင်ချိုလှကြောင်း ပထမဆုံးအကြိမ် သတိထားမိခြင်းပင်။
မိဖုရားအား ထွေးပွေ့နှစ်သိမ့်ပေးရင်း တုံ့ပြန်မှုပြင်းလာသည့် သူ၏ ခန္ဓာကိုယ်ကို မနည်းငြိမ်အောင်ထိန်းထားရသော်လည်း မိဖုရားနှင့် စကားပြောနေရင်းကပင် သူ၏ ခန္ဓာကိုယ်အောက်ပိုင်းက တင်းလာခဲ့ပြန်သည်။ သူ၏ ဖွားဖက်တော်က တစ်ဝက်ပင် မာကျောလာခဲ့ပေပြီ။ သူ့ဆန္ဒနှင့် ဆန့်ကျင်နေသည့် သူ့ခန္ဓာကိုယ်၏ အခြေအနေကြောင့် ရှက်မိရသလို စိတ်လည်းတိုရ၏။
ခါဆယ်ရ်က မျက်ခုံးနှစ်ဖက်ကိုကျုံ့ပြီး ထို့နောက် မဲ့ပြုံးပြုံးသလို နှုတ်ခမ်းထောင့်စွန်းကို ပင့်လိုက်သည်။
“ငါ့ရဲ့ စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး သံသယရှိတယ်လို့ ပြောနေတာကိုး။ အဲ့ဒါက တော်တော်လေး အန္တရာယ်များတဲ့ စကားနော်။”
ယောက်ျားတစ်ယောက်က သူ၏ စွမ်းဆောင်ရည်အကြောင်း ထုတ်ကြွားခြင်းသည် စိတ်ပျက်ဖွယ်ရာ လုပ်ရပ်ဖြစ်ပြီး သူ၏ ယောက်ျားသိက္ခာက ထိုမျှလောက် ပါမွှားလေး မဟုတ်ပေ။
သို့သော် ခါဆယ်ရ်တစ်ယောက် ကလေးဆန်ချင်စိတ်ကို ချုပ်တည်းမထားနိုင်ခဲ့ချေ။ သူက မိဖုရား၏ လက်ကောက်ဝတ်ကိုကိုင်ပြီး သူ၏ ဝမ်းဗိုက်အောက်ပိုင်းကို ဖိစေခဲ့သည်။
သူ့လက်ကောက်ဝတ်ကို ချုပ်ကိုင်ထားသည့် ခါဆယ်ရ်ကို အကြောင်သားလေး ကြည့်နေရာက ယူဂျင်းတစ်ယောက် သူ ထိကိုင်မိနေသည့် မာကျောကျော အသားစိုင်၏ သရုပ်မှန်ကို နောက်ကျမှ သိလိုက်တော့သည်။
“အား”
ယူဂျင်းက တစ်ချက်အော်ပြီး နောက်ဆုတ်လိုက်၏။ ပတ်ဝန်းကျင် အခြေအနေက အနေခက်စရာကောင်းအောင် အေးစက်လာတော့သည်။
ယူဂျင်းက မားမားမတ်မတ် ကိုယ်နေဟန်ထားရှိနေသည့် ခါဆယ်ရ်၏ မျက်နှာထားကို ကြည့်လိုက်သည်။ ခါဆယ်ရ်က အင်မတန် တည်ငြိမ်ပြီး ဘာသိဘာသာရှိသည့်ပုံပင်။ သူကပဲ အကျယ်ချဲ့မိနေတာလားဟူ၍ ယူဂျင်း တွေးလိုက်မိသည်။
‘ဘာလဲဟ။ အဲ့ဒီမျက်နှာထားကြီးနဲ့ကို အောက်ပိုင်းက ဘာဖြစ်လို့…’
အကြည့်ချင်းဆုံနေသည့် သူ၏ မျက်လုံးများထဲသို့ ကြည့်လိုက်သည်တွင် ယူဂျင်းတစ်ယောက် ခါဆယ်ရ်က တည်ငြိမ်မနေမှန်း ခံစားလိုက်ရသည်။ သူ၏ မျက်လုံးများထဲတွင် မသိမသာ အလိုရမ္မက်ကို တဒင်္ဂ ခံစားမိလိုက်ရ၏။
အမှောင်ထု ဖုံးနေတာကြောင့် သူ့မျက်လုံးများ၏ အရောင်အား မမြင်လိုက်ရသည်ကို နှမြောမိခဲ့သည်။ အေးစက်သည့် ထိုမျက်လုံးပြာပြာများ ယခုအချိန်တွင် မည်သည့်အရောင်မျိုး ရှိလောက်မည်နည်း။
‘ဂျင်နဲ့ သုံးနှစ်နီးပါး တစ်အိပ်ရာတည်း သုံးခဲ့ပြီးတော့။’
အိမ်ရာပေါ်တွင် လဲလျောင်း၍ အိပ်ရုံသာအိပ်သည်ဟု ပြောခဲ့သည့် ယောက်ျားက တုံ့ပြန်ပါသတဲ့။ ထိုသို့ဆိုလျှင် ထိုယောက်ျား တုံ့ပြန်သည့်သူမှာ ဂျင်မဟုတ်ဘဲ ယူဂျင်းဖြစ်ပေမည်။ ဘာကြောင့်မှန်းမသိ ထိုအချက်ကြောင့် ခံစားချက်မကောင်းတာမျိုး မရှိခဲ့ပေ။
ထိုအချိန်တွင် အတွေးတစ်ခု ယူဂျင်း၏စိတ်ထဲ ပေါ်လာခဲ့သည်။
‘အဲ့ဒီလူနဲ့ အိပ်လိုက်မယ်ဆိုရင်…’
ဂျင်က အပျိုရည်ကို ထိန်းသိမ်းထားသည်မှာ အကြောင်းရင်းရှိပေသည်။ ခန့်မှန်းကြည့်ရသလောက် ဂျင်မှာ မာရာ၏ မှော်အစွမ်း ဖြန့်ကြက်မှုနှင့် အရေးကြီးသည့် ဆက်စပ်မှု ရှိပေလိမ့်မည်။
ယူဂျင်းက အခြေအနေကို နည်းလမ်းအမျိုးမျိုးဖြင့် ကြည့်ခဲ့သည်။ ဂျင်၏ ဝိညာဉ်က ပျောက်ကွယ်သွားခြင်းမဟုတ်ဘဲ ယခု ဤခန္ဓာကိုယ်အတွင်းတွင် အိပ်ပျော်နေမည်ဆိုလျှင်။ ထို့ကြောင့် တစ်ခါထပ်၍ ဤခန္ဓာကိုယ်အား ထိန်းချုပ်ရန် ကြိုးစားမည်ဆိုလျှင်။
မူလပိုင်ရှင်က အလိုရှိလျှင် ပြန်ပေးမှသာ မှန်ကန်ရာကျမည်ဆိုသော်လည်း သူက ယူဂျင်း၏ မူလခန္ဓာကိုယ်ထဲသို့ ပြန်ရောက်လိမ့်မည်ဟူ၍ကား အာမခံချက်မရှိပေ။
ဂျင်၏ ခန္ဓာကိုယ်ထဲမှ လွတ်မြောက်နိုင်ခြင်းမရှိမည့် အခြေအနေနှင့်လည်း ကြုံတွေ့ရနိုင်ပေသည်။ ဂျင်က ပျက်သုဉ်းခြင်းဆီသို့ တစ်ဆင့်ပြီးတစ်ဆင့် သွားမည်ဖြစ်ပြီး ဂျင် သေဆုံးလျှင် သူလည်း သေဆုံးပေမည်။ ထိုကဲ့သို့ အလဟဿ ပျောက်ကွယ်သွားခြင်းဟူသည့် အဆုံးသတ်ကို လုံးဝမုန်းပါသည်။
အဆိုးဆုံးကို တားဆီးပြီး ရှင်သန်ဖို့အတွက် နည်းလမ်းရှာရပေမည်။ သို့သော် ဤလူနှင့် ကာမစပ်ယှက်လိုက်ရုံဖြင့်ပင် ဂျင်၏ အစီအစဉ်က ပျက်ယွင်းသွားပြီး ဝတ္ထု၏ ဇာတ်လမ်းက ပြောင်းလဲသွားနိုင်ပေသည်။
‘လက်တွေ့ကျကျ တွေးစမ်းပါ။ အဲ့ဒီလူက ငါ့ကို သူနဲ့အတူအိပ်ခိုင်းနေပြီး လွတ်လမ်းလည်း မရှိဘူး။ ပြီးတော့ အဲ့ဒီလူနဲ့ အိပ်လိုက်မယ်ဆိုရင် ဂျင်က မာရာရဲ့ အစွမ်းတွေကို မရနိုင်ခြေ အမြင့်ကြီးရှိတယ်။’
ပြဿနာက ကိုယ်ဝန်ရနိုင်ခြေပင်။ ယူဂျင်းက သူ့ကိုယ်သူ ကလေးအမေဖြစ်လာဖို့ရန် စိတ်ကူးကြည့်၍ မရခဲ့ချေ။
‘…အခုချက်ချင်း စလုပ်လို့ရတဲ့အရာနဲ့ စလိုက်ရအောင်။ ဘာပဲဖြစ်ဖြစ် မနက်ဖြန် ငါ့ရဲ့အခြေအနေက ဘယ်လိုဖြစ်မလဲဆိုတာကို ခန့်မှန်းလို့ရတာမှမဟုတ်တာ။’
ယူဂျင်းက သတိထားနေသည့် ခြေလှမ်းများဖြင့် ခါဆယ်ရ်ဆီ ချဉ်းကပ်လာခဲ့သည်။ သူ၏ မျက်လုံးများက ခါဆယ်ရ်၏ အောက်ပိုင်းဆီသို့ ရောက်ရောက်သွားပုံကို လျစ်လျူရှုပြီး ခေါင်းမော့ထားခဲ့၏။ ယူဂျင်း ချဉ်းကပ်လာသည်နှင့်အမျှ ခါဆယ်ရ်က တောင့်တောင့်ကြီးနှင့် လှုပ်ရှားမှု မရှိသည့်ပုံပင်။
“ဟိုလေ…၁၅ရက် လိုသေးတယ်လို့…ပြောခဲ့တယ်မဟုတ်လား။”
“…ဟုတ်တယ်လေ။”
“အဲ့ဒါဆို ဘာပဲဖြစ်ဖြစ် ဒီနေ့ပဲဖြစ်ဖြစ်…”
ယူဂျင်းက စကားမဆက်နိုင်တော့ဘဲ ပူတက်လာသည့် မျက်နှာကို လက်နှစ်ဖက်စလုံးဖြင့် အုပ်ထားလိုက်သည်။ ‘အခု ကျွန်မနဲ့ sex လုပ်ပါ’ ဟု ပြောခါနီးတွင် သူ့ပါးစပ်က ပွင့်မလာတော့ချေ။
“ဘာမှမဟုတ်တော့ပါဘူး။”
ယူဂျင်းက ကုပ်ကုပ်ကလေး နောက်ပြန်ဆုတ်လိုက်သည်။ မိုးလင်းရန် အဝေးကြီးလိုသေးပုံရသောကြောင့် ပြန်အိပ်သင့်သည့်ပုံပင်။ သက်ပြင်းချပြီး တစ်ဖက်လှည့်လိုက်သည့် အခိုက်အတန့်တွင် သူ၏ လက်မောင်းကို ကြံ့ခိုင်သန်မာသည့် အားတစ်ခုက ဆွဲယူခဲ့သည်။
ယူဂျင်း၏ ခန္ဓာကိုယ်က ဆွဲယူသည့်အတိုင်း ပါလာသည်ဆိုလျှင်ပဲ သူက ယူဂျင်း၏ နှုတ်ခမ်းလေးများကို လျင်မြန်စွာ ငုံထွေးသိမ်းပိုက်လိုက်သည်။ နှုတ်ခမ်းလေးကိုသာ ငုံထွေးစုပ်ယူခဲ့သည့် တဒင်္ဂအနမ်း၏နောက်တွင် သူက ယူဂျင်း၏ နှုတ်ခမ်းလေးများကို လွှတ်ပေးခဲ့သည်။
သူတို့နှစ်ဦး၏ နှုတ်ခမ်းနှစ်စုံကြားမှ အကွာအဝေးမှာ ရင်သပ်ရှုမောဖွယ်ရာပင်။ တစ်ဦး၏ ဝင်သက်ထွက်သက်က တစ်ဦး၏အသားကို ထိခဲ့သည်။ နှစ်ဦးသား ယင်းအနေအထားနှင့် တဒင်္ဂ ရပ်တန့်နေခဲ့ကြ၏။ ယူဂျင်းက ခါဆယ်ရ် နီးကပ်လာတာကိုကြည့်ရင်း ခေါင်းကလေး အနည်းငယ်ငဲ့ပြီး မျက်လုံးလေးများကို မှေးမှိတ်ထားလိုက်တော့သည်။
ယူဂျင်း၏ နှုတ်ခမ်းနှစ်လွှာကြားနှင့် အတွင်းဘက်သို့ စိုစိစိလျှာကြီး လျှောဝင်လာခဲ့သည်။ လက်အကြီးကြီး၏ လည်တိုင်အား ထိန်းပွေ့ထားမှုကိုခံယူရင်း ယူဂျင်း၏ ဦးခေါင်းက အလိုလို အနောက်ကို လန်သွား၏။
ဟန်ချက်ပျက်ကာ အနောက်သို့ယိုင်သွားချိန်တွင် ယူဂျင်းက အမှတ်တမဲ့ ခါဆယ်ရ်ကို ဖက်တွယ်ထားလိုက်သည်။
လျှာထူထူက သူ၏ ခံတွင်းထဲတွင် လှည့်ပတ်ပြီး သူ၏ နှုတ်ခမ်းလေးများကို လျက်ခဲ့သည်။ ယူဂျင်း သတိဝင်လာချိန်တွင် အမြင်လွှာက တစ်ပတ်လည်သွားပြီး သူ့ကိုယ်သူ အိပ်ရာပေါ်တွင် လဲလျောင်းနေမိမှန်း တွေ့လိုက်ရတော့သည်။ ယူဂျင်းက သူ့အပေါ်တွင် အုပ်မိုးထားသည့်လူကို အကြောင်သား မျက်လုံးပင့်ကြည့်လိုက်မိ၏။
“မှတ်ဉာဏ်ပျောက်သွားပြီးတော့ အရည်အချင်းအသစ် ရလာတာပဲ။ လူကို စိတ်ရှုပ်ရအောင်လုပ်တာ။”
ထိုလူ၏ အင်မတန် တိုးရှသောအသံက ကြက်သီးထမိသည့် အတိုင်းအတာအထိ ယူဂျင်း၏ နားထဲသို့ ပဲ့တင်ရိုက်ခတ်ခဲ့သည်။
“ဒီနေ့ပဲဖြစ်ဖြစ်၊ နောက်ရက်ပိုင်းလောက်လွန်ရင်ဖြစ်ဖြစ်။ အဲ့ဒီလိုလား။”
ခါဆယ်ရ်က ယူဂျင်း ပြောဖို့ကြိုးစားခဲ့သည့် စကား၏ နောက်ကွယ်မှ အဓိပ္ပာယ်ကို အတိအကျ ဖော်ထုတ်ပြီး ပြန်မေးခဲ့သည်။ ယူဂျင်းတစ်ယောက် တံတွေးမျိုချလိုက်မိ၏။ သူက ဖြည်းဖြည်းချင်း ခေါင်းညိတ်ပြလိုက်သည်။ နားရွက်တွေပါ ထူပူလာတော့သည်။
“ဒါပေမဲ့။ ဒုတိယတစ်ခုကိုတော့ ငြင်းဆန်ပိုင်ခွင့် သုံးပါမယ်။”
ယူဂျင်းက ခါဆယ်ရ်၏ အေးစက်သည့်အကြည့်ကို ကြည့်ရင်း မြန်မြန်ပြောလိုက်သည်။
“ဒီနေ့ ပေါက်ကရလုပ်မယ်ဆိုရင် နောက်တစ်ခါ ထပ်လုပ်တော့မှာမဟုတ်ပါဘူး။ သူများမေးရင် ရှင်က တော်တော်လေး ဆိုးဝါးလို့ဆိုပြီး ပြောမှာပါ။”
ကိုယ်ချစ်ရသူနှင့်အတူ အကြင်နာတွေဝေမျှသည့် ရိုမန့်တစ်ဆန်ဆန် sex မျိုးတော့ ဖြစ်လောက်မည်မဟုတ်။ ရက်ပိုင်းလောက်သာ တွေ့ဖူးသည့် ဤလူက မည့်သို့သော လူစားမျိုးဖြစ်သည်ကိုပင် သိရသည်သေးမဟုတ်ပေ။ ဝတ္ထုထဲတွင် ဖော်ပြထားသည့် စတုတ္ထဘုရင်၏ပုံစံမှာ အပေါ်ယံမျှသာဖြစ်၏။
ထို့အပြင် သူများခန္ဓာကိုယ်ကို ဝင်သုံးသည့်အခြေအနေဖြင့် ဝတ္ထုထဲဆွဲသွင်းခံခဲ့ရသော ယူဂျင်း၏ ကံကြမ္မာကား လုံးဝ ခန့်မှန်းမရသည့်အရာပင်။
ထိုလူ၏ ပန်းတိုင်ကား လက်ထပ်ထိမ်းမြားမှု တရားမဝင် မဖြစ်စေရန် မင်္ဂလာဦးညကို ကုန်ဆုံးခြင်းနှင့် အာနီခါဆီမှတစ်ဆင့် ဆက်ခံသူကို မျက်နှာမြင်ရရန်ဖြစ်၏။
သို့သော် မျိုးဆက်ဖွားမြင်ရေးအတွက်သာလုပ်သည့် တိရစ္ဆာန်တွေ မိတ်လိုက်သလို sex မျိုးကိုတော့ မကြိုက်ပေ။ နဂို ‘ယူဂျင်း’ အနေနှင့်ဖြစ်ဖြစ်၊ ဂျင်၏ ခန္ဓာကိုယ်ထဲမှ ‘ယူဂျင်း’ အနေနှင့်ဖြစ်ဖြစ် သူ့အတွက်တော့ ပထမဦးဆုံး အတွေ့အကြုံဖြစ်၏။ ထိုအရာကို အဆိုးဝါးဆုံး အမှတ်တရအဖြစ် ချန်မထားခဲ့ချင်ပေ။
ခါဆယ်ရ်က ခိုင်မာပြတ်သားသည့် မျက်နှာထားနှင့် ပြောနေသည့် ယူဂျင်းကိုကြည့်ပြီး ရယ်သံစွက်နေသည့်အသံနှင့် မေးခဲ့သည်။
“ပေါက်ကရမဖြစ်အောင် ဘယ်လိုလုပ်ရမှာလဲ။”
“…ညင်ညင်သာသာနဲ့ ကြင်ကြင်နာနာလေး လုပ်ပေးပါ။”
ခါဆယ်ရ်က ညစ်ကျယ်ကျယ်ပြုံးခဲ့သည်။ တစ်ခါမှမမြင်ဖူးသော ကြည့်ကောင်းသည့်အပြုံးကြောင့် ယူဂျင်း၏ မျက်လုံးများ ပြူးသွားတော့သည်။
“အကောင်းဆုံး လုပ်ရမှာပေါ့။”
အနမ်းက တစ်ဖန်ပြန်၍ စတင်ခဲ့သည်။ ပထမတော့ နှစ်သိမ့်ချော့မြှူနေသလို နူးညံ့သည့် အနမ်းပင်။ ခါဆယ်ရ်က သူ့နှုတ်ခမ်းလေးများကို အသာလေး စုပ်ယူပြီး လျက်ခဲ့သည်။ နှစ်ယောက်သား၏ တံတွေးများ တဖြည်းဖြည်း ရောနှောသွားသည်တွင် တပြွတ်ပြွတ် အသံများ ထွက်လာတော့သည်။ ခန္ဓာကိုယ်ပေါ်တွင် ဖိထားသည့် ယောက်ျားတစ်ယောက်၏ အလေးချိန်က ခံစား၍ ကောင်းလှ၏။
‘ဆန်းကြယ်လိုက်တာ။’
ယူဂျင်းက ကန္တာရထဲတွင် မျက်လုံးဖွင့်ခဲ့သည့် အချိန်တုန်းကထက် ယခုက ပို၍လက်တွေ့မဆန်သလို ခံစားခဲ့ရသည်။ ယခင်က ရက်ပိုင်းလောက်လေးသာ တွေ့ဖူးထားသည့်လူနှင့် ယခုကဲ့သို့ အတွင်းကျကျ လုပ်ရပ်များ လုပ်နေသည်ကို မယုံနိုင်ခဲ့ပေ။ လုံးဝ စိတ်မဆိုးမိသည်ကိုလည်း အံ့ဩမိရသည်။
‘အာ…’
ခါဆယ်ရ်၏ လျှာထူထူက ယူဂျင်း၏ ခံတွင်းထဲသို့ မဆိုင်းမတွ ဝင်လာခဲ့သည်။ သူက လျှာကိုအပေါ်သို့လိပ်၍ အတွင်းက အသားနုနုလေးများကို ပွတ်ခဲ့၏။ ယူဂျင်း၏ လျှာကို စုပ်ယူလိုက်ချိန်တွင် လက်ဖျားကလေးများ ကျဉ်သွားရတော့သည်။
ယူဂျင်း ဟိုးပဝေသဏီက တွေ့ကြုံခဲ့ဖူးသည့် ပထမဆုံး အနမ်းမှာ မနူးမနပ်နှင့် နမော်နမဲ့နိုင်လှ၏။ Sex လုပ်သလိုမျိုး သိသာထင်ရှားသည့် ရမ္မက်ဆန္ဒများအပြည့်နှင့် ရှည်လျားနက်နဲသော အနမ်းမျိုးကို ယခုမှ ပထမဆုံးအကြိမ် ကြုံတွေ့ဖူးခြင်းဖြစ်သည်။
လျှာက သည်မျှအထိ တုံ့ပြန်ခံစားနိုင်စွမ်းမြင့်သော အာရုံခံအင်္ဂါဖြစ်နေမှန်း မသိခဲ့ပေ။ ခါဆယ်ရ်၏ လျှာက သူ၏လျှာကို ပွတ်လိုက်၊ လိမ်လိုက်၊ စုပ်လိုက် လုပ်နေသည့် ခံစားချက်ကို သိသာထင်ရှားစွာ ခံစားနေရသည်။ ခံတွင်းတစ်ခုလုံး နေရာလပ်မကျန်အောင် သူ့ကို ပေးထားရသည့် ခံစားချက်က ရှက်စရာကောင်းသော်လည်း ရင်ခုန်စိတ်လှုပ်ရှားရပြန်၏။
~~~~~
Miel’s Translations