18+

Wild Nights

4.2
Your Rating
Wild Nights 4.2 (5)
817
Comments
24 Users bookmarked This

အရိုင်းဆန်သော ညများ

Type – Web Novel (KR)
Genre – Romance Mature Historical
Author – Jin soye
Translator – Leilani

Description

” မင်းလိုချင်တဲ့ အရာမှန်သမျှကို ငါ လုပ်ပေးနိုင် တယ်။ မင်း အလိုချင်ဆုံး အရာက ဘာများလဲ ”
သူ သူ(မ)ရဲ့ နဖူးမှ ဆံနွယ်လေးတွေကို သပ်တင် ပေးရင်း တိုးညှင်းတဲ့ လေသံနဲ့အတူ မေးလိုက်တယ်။

“မင်းလိုမျိုး ဘာမှ အရေးမပါတဲ့ လူတစ်ယောက် ကို ငါက စိတ်ရင်းအမှန်နဲ့ ထွေးပွေ့ထားမယ်လို့ မင်း တကယ်ထင်ခဲ့တာလား”

သူ(မ)လည်း ကသိကအောက်ဖြစ်စွာနဲ့ သူ့အကြည့် ကို ရှောင်လိုက်ပြီး သွေးရောင်ပျောက်သွားတဲ့အထိ လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ထားမိတယ်။
“မင်းရဲ့ အတွေးတွေက မိုက်မဲနေခဲ့ရင်တောင် ငါ ဘယ်သူဖြစ်ကြောင်းကိုတော့ မင်း… သတိရအုံး မှာပေါ့”

” ဟုတ်ပါတယ်၊ ကျွန်မ သိပါတယ် ”

” အဲ့ဒါဆိုရင် ပြောစမ်း၊ ငါက ဘယ်သူလဲ”

သူ(မ)ရဲ့ ဆံပင်ကို ကစားနေတဲ့ သူ့ရဲ့လက်က ရပ်တန့်သွားပြီး အောက်ဘက် မေးစေ့ဆီကို ဆင်းသွား ကာ သူ(မ)ရဲ့လည်ပင်းတစ်ဝိုက်မှာ အဆုံးသတ် သွား တယ်။ သူ(မ)ရဲ့ ခြေဖနောင့်တောင်မှ ကြမ်းပြင်ကနေ လွတ်သွားတဲ့အထိ သူက အားသုံးကာ သူ(မ)ရဲ့ လည်ပင်းကို ဆုပ်ကိုင်ပြီး သူ့ကို ကြည့်စေတယ်။ သူ(မ) အသက်တောင် ရှူမရတော့ဘူး။

“မင်း အစ်မရဲ့ ကံကြမ္မာက.. ငါ့လက်ထဲမှာ ဆိုတာ သတိရဦး”

သူ(မ)ရဲ့ မျက်လုံးထဲမှာ တစ်စုံတစ်ခုက ကျိုးပဲ့သွားတာကို သူမြင်နေရတယ်။

တစ်ချိန်က ညကောင်းကင်ယံမှာ တောက်ပတဲ့ ကြယ်လေးတွေနဲ့ တူတဲ့ သူ(မ)ရဲ့ မျက်လုံးတွေက အခုတော့ မှိန်ဖျော့နေတယ်။

သူ သူ(မ)ရဲ့ မျက်လုံးထဲက မှိန်ဖျော့ဖျော့ အလင်းရောင်ကို ကြည့်ရင်း သူ့ရဲ့ လက်ကိုဖြေလျော့ပေးလိုက်တယ်။

သူ(မ)က သူ့ဆီက လွတ်မြောက်ဖို့ ကြိုးစားမှာ မဟုတ်ဘူးဆိုတာ သူ့စိတ်က အလိုလို သိနေတယ်။

ဒီခံစားချက်က ရေနွေးပူပူနဲ့ အလောင်းခံလိုက် ရသလိုပဲ။ သူ ပူလောင်လာပြီး သူ့ခန္ဓာကိုယ်က သူ(မ)ကို တောင့်တနေတယ်။

တပ်မက်တာနဲ့ တူတဲ့ အရာလိုမျိုးလို့ သူဝန်မခံချင် ပေမယ့်…

ဟုတ်ပါတယ်.. ၊ အဲ့ဒါက သေချာပေါက်ကို ဆန္ဒပြင်းပြနေတာ။

သူ့ခံစားချက်တွေကို သတိထားမိလာတဲ့ အခါမှာ တော့ သူ(မ)ရဲ့ ကမ္ဘာတစ်ခုလုံးကို သူပိုင်ဆိုင်ချင် လာတယ်။ သိမ်းပိုက်ချင်လာတယ်။

“ကိုယ်သာ မင်းကို မပိုင်ဆိုင်ရဘူးဆိုရင်၊ မင်းကို ဖျက်ဆီးရလိမ့်မယ်”

****

Swara Webnovel Translation

Genre(s)
Tags(s)