Chapter 1
“မတော်တဆဆိုရင်တောင် သေသင့်ပြီ မဟုတ်လား”
လိုင်လ်တစ်ယောက် ဟိုဘက်လှည့်ပြီး စိတ်အနှောက်အယှက်ဖြစ်စွာ တွေးမိသည်။
ထိတ်လန့်နေတဲ့ အစေခံယူလာတဲ့ သတင်းကတော့ မိဖုရားခေါင်ကြီး ထပ်ပြီး သေကြောင်းကြံတဲ့ သတင်းပဲ။
ဒီအကြိမ်နဲ့ဆို ရှစ်ကြိမ်မြောက်။
အမြဲတမ်း မိဖုရားခေါင်ကြီး သေကြောင်းကြံတယ်ဆိုပြီး နောက် ပြန်ကောင်းတာပဲမလား။
ငါတော့ သူမကို တခါထဲသာ သေစေချင်လိုက်တာပဲ။
မယ်ဒီရာသာ အမှန်တကယ် သေဆုံးခဲ့ရင် ဒုက္ခအရောက်ဆုံးသူက ဘုရင်စ်စ်သလိုင်လ်ဖြစ်မှာ ဖြစ်သည်။
လှေကားပေါ်က ပြုတ်ကျတာ၊ မြင်းပေါ်ကနေ ရေကန်ထဲ မတော်တဆ ပြုတ်ကျတာ။ ခဏခဏ ပြုတ်ကျလွန်းလို့ မိဖုရားရဲ့ ဝါသနာလို့တောင် ပြောလို့ ရနေပြီဖြစ်သည်။ သွားနေတဲ့ လှည်းပေါ်ကနေတောင် ခုန်ချတာ …
အမှန်အတိုင်းပြောရရင် လိုင်လ့် အမြင်မှာ မယ်ဒီရာ ခုထိ မသေသေးတာက တော်တော်အံဩဖို့ ကောင်းတဲ့ ဖြစ်ရပ်ဖြစ်နေပြီ။
ဒီတခေါက်က ဖြစ်တာက ဒုတိယထပ်က လသာဆောင်က ပြုတ်ကျတာလို့ အစေခံက ပြောတယ်မလား။ အဲ့ကနေပြုတ်ကျရင် ဇာတ်ကျိုး မသေနိုင်ဘူးလား။
ဒီတခေါက်လဲ အစေခံက မိဖုရား သေတဲ့ သတင်း ဆက်မပြောတော့ ကြည့်ရတာ ပြန်ကောင်းသွားပြီ ထင်ပါရဲ့။ အစေခံက ဟိုဟိုဒီဒီကြည့်ရင်း
“အရှင်မင်းကြီး၊ မိဖုရားကို သွား မကြည့်သင့်ဘူးလား”
လိုင်လ်က သူ့ရဲ့ လေးတံကို စိတ်အနှောက်အယှက်ဖြစ်စွာ ကောက်ကိုင်လိုက်သည်။ တစ်စုံတစ်ခုက အဝေးက ချုံပုတ်တွေထဲမှာ လှုပ်ရှားနေပြီး ပုံစံကြည့်ရတာ ဒရယ် တစ်ကောင် ထင်ပါရဲ့။
“ငါ မိဖုရား သတင်းကို မကြားသေးဘူး”
လိုင်လ့် စကားကြောင့် အစေခံနှစ်ယောက် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်မိသွားသည်။
လိုင်လ် ကတော့ ကျောက်ရုပ်လို ထိတ်လန့်သွားတဲ့ အစေခံကို လှည့်ပင်မကြည့်တော့ချေ။
“မင်းသာ ဒရယ်နေရာ အစားမဝင်ချင်ဘူးဆိုရင် မင်းပါးစပ်ကို နည်းနည်း သတိထားမှ ဖြစ်မယ်။”
အစေခံက ချက်ချင်း ခါးညွတ်အရိုအသေပေးရင်း သူ့ပါးစပ်ကို လက်ဝါးနှင့် အုပ်လိုက်သည်။
လိုင်လ် မြှားကို လေးမှာ တပ်ပြီး အဝေးက ဒရယ်ဆီကို ချိန်ရွယ်လိုက်သည်။
********