Chapter 10
“ဟင်!”
ကျောက်ရုပ်လို ငြိမ်သွားတဲ့ မယ်ဒီရာကို ကြည့်ရင်း လိုင်လ်က ခပ်ညစ်ညစ်ရယ်သည်။
“ကိုယ်တော်က ဒီလောက်အကြာကြီး စောင့်နေတဲ့ နှမတော်ကို စိတ်ပျက်အောင် လုပ်လို့ ဘယ်ဖြစ်မလဲ။ နှမတော်က လိုက်တောင်ရှာခဲ့ရတာမလား။ စိတ်မပူနဲ့။ ဒီနေ့တော့ နှမတော် ကလေးရအောင် ကိုယ်တော် ကြိုးစားပေးမယ်”
ငါ ထွက်မပြေးသင့်ဘူး။
မယ်ဒီရာ အလိုအလျှောက် နောက်ကို ခြေနှစ်လှမ်းဆုတ်လိုက်မိသည်။
သူမကို ကြည့်ရင်း လိုင်လ်က သူ့မျက်ဝန်းတွေကို သဘောတကျ ကျဉ်းမြောင်းရင်း
“ဟင်းး။ ဘာမှားလို့လဲ ဧကရီ။ ကိုယ်တော့်ဆီက ထွက်မပြေးချင်ဘူးမလား”
“အာ… ဟားဟား… မဖြစ်နိုင်တာ။ အရှင့်ရဲ့ ကျက်သရေရှိတဲ့ မျက်နှာတော်ကို အနီးကပ်မမြင်ရတာ ကြာလှပြီ။ နှမတော်က အရှင့်ရဲ့ ချောမောမှုကြောင့် နည်းနည်း မူးဝေသွားတာပါ”
လိုင်လ့်မျက်ဝန်းတွေက ပြောင်းလဲသွားပြီး သူမကို နားလည်ရခက်တဲ့ အကြည့်တွေကြည့်လာလေသည်။ ကြည့်ရတာ သူမ ပြောတာ နည်းနည်းပိုသွားပြီ ထင်ပါရဲ့။
“နှမတော် ဒီလိုပြောတာ ကိုယ်တော် ယုံတောင် မယုံနိုင်ဘူး။ ကြည့်ရတာ ဒီညတော့ ကိုယ်တော့်အကြောင်း ပြရတော့မှာပေါ့”
ပြောရင်း ရှေ့တိုးလာတဲ့ လိုင်လ်ကြောင့် မယ်ဒီရာက သတိလက်လွတ် နောက်ဆုတ်မိပြန်လေသည်။
ထို့နောက် ဘုရင်မကို ကြည့်နေတဲ့ ဧကရာဇ်ရဲ့ မျက်ဝန်းတွေက အေးစက်လာလေသည်။
“ဘုရင်မ”
“…….”
“မင်းလုပ်ရပ်နဲ့ အပြောကတော့ တခြားစီပါလား”
မယ်ဒီရာက အောက်ငုံကြည့်ရင်း အဖြေတစ်ခုကို အသဲအသန်စဉ်းစားလိုက်လေသည်။ နောက်ပြီး ချက်ချင်းပင် သူမစကားပြောင်းသွားပြန်သည်။
“ကျွန်မခန္ဓာကိုယ်က နံနေလို့ အရှင်မင်းကြီးကို စော်ကားသလို ဖြစ်မှာ စိုးလို့ပါ”
“မင်းက နံတယ်?”
လိုင်လ် အေးစက်စက်ရယ်ရင်း Medea ကို ကြည့်သည်။
ထို့နောက် သူမဆီ ခြေလှမ်းကျဲဖြင့် ထပ်လျှောက်လာလေသည်။
မယ်ဒီရာ နောက်ဆုတ်ရင်း သူမလက်နှစ်ဖက်ကို ဆန့်ထုတ်ကာ တားလိုက်၏။
“အို၊ မလာပါနဲ့”
“နံ မနံ နမ်းကြည့်မယ်လေ”
“နိုး၊ နမ်းစရာမလိုပါဘူး။ တကယ် တကယ် အရမ်းနံတာ၊ ရွံဖို့ကောင်းအောင် နံ …. အားးးးးး”
လိုင်လ် တဖြည်းဖြည်းရှေ့တိုးလာတာမို့ သည်းမခံနိုင်တဲ့အဆုံး မယ်ဒီရာ နောက်လှည့်ပြေးလေသည်။ သူ့ကို လူယုတ်မာလို ဆက်ဆံနေတာကြည့်ရင်း လိုင်လ် ဒေါသထွက်လာသည်။
ထွက်ပြေးနေတဲ့ မယ်ဒီရာ့ခါးကို လှမ်းဆွဲရင်း သူမကို သူ့ရင်ခွင်ထဲ လှမ်းထည့်လိုက်သည်။
မင်းနံ မနံ ကြည့်ရအောင် !
မယ်ဒီရာ့ခန္ဓာကိုယ်ကနေ သင်းပျံ့ပျံ့ပန်းအနံ့ကို ရနေလေသည်။ ကြည့်ရတာ နယ်စားမင်းက အကောင်းဆုံးမွှေးရနံ့ကို သူမဆီ ပို့ပေးသည်ထင်သည်။ သို့သော် တခုခုက သိသိသာသာ ကွဲပြားနေ၏။ မယ်ဒီရာရဲ့ ကိုယ်သင်းနံ့က ရောနှောနေပြီး ထူးဆန်းပြီး ချိုမြိန်တဲ့ အနံ့ကို ခံစားနေရလေသည်။ တခုခုတော့ ပြောင်းလဲနေပြီ။
နှစ်ပတ်တခါ လိုင်လ်က မယ်ဒီရာ နှင့်အတူအိပ်လေ့ရှိသည်။ ဘယ်လောက်ပဲ နေရခက်ပါစေ၊ စိတ်အနှောက်အယှက်ဖြစ်ပါစေ၊ မယ်ဒီရာနှင့် အတူနေလေ့ရှိသည်။
သို့သော် ဒီရနံ့ကို ရတာ ပထမဆုံးအကြိမ်ပင်။ သူ့ခန္ဓာကိုယ် အပူချိန်တက်လာပြီး ရှက်သွေးဖြာလာသည်ကို လိုင်လ်ခံစားနေရသည်။
“အရှ..ရှင်မင်းကြီး” နေရခက်နေတဲ့ မယ်ဒီရာက သူ့လက်ထဲတွင် ရုန်းကန်နေလေသည်။ စိတ်တိုင်းမကျတဲ့ ခံစားချက်က သူ့ခန္ဓာကိုယ်တွင် ပျံ့နှံ့လာသည်။ ရုတ်တရက်ခံစားရတာမို့ အသက်ရှူပင် အောင့်မိသည်အထိပင်။ ဒီမိန်းမက မယ်ဒီရာ မဟုတ်ဘူးလား။ ဒါဆို ဘာလို့…. သူသိလိုက်သည်။
“မင်း လိင်စိတ်ကြွဆေးတွေ ထပ်သုံးပြန်ပြီလား”
မယ်ဒီရာက အရင်က လိုင်လ်ရဲ့ တုံပြန်မှုကို မကြိုက်ဟုဆိုကာ လိင်စိတ်ကြွဆေးကို တကြိမ်ထက်မက သုံးဖူးလေသည်။
သူမ သုံးမှန်းဖမ်းမိတော့ လိုင်လ် က အုံးစက်ရာနွှဲပွဲကို သုံးလေးခါ ရွှေ့ပစ်ခဲ့၏။ ထိုအခါမှသာ သူမက ဆက်မသုံးတော့ခြင်းပင်။ ဒါမှမဟုတ် မသုံးတော့ဟု သူထင်ခဲ့ခြင်းလား။
သို့သော် မယ်ဒီရာရဲ့မျက်ဝန်းတွေထဲတွင် အစစ်အမှန် မသိနားမလည်ခြင်းတွေကို လိုင်လ် မြင်နေရသည်။ သူ့ရှေ့မှာ ရှိတဲ့ မိန်းမက သူမယောကျ်ားဖက်တာပင် မခံချင်သည့်သူပင်။
“… ဘုရင်မ၊ မင်းအခု ကိုယ့်ရင်ဘတ်ကို တံတောင်နဲ့ တွတ်နေတယ်ဆိုတာ သိရဲ့လား”
“ကျွန်မမှာ ကြည့်ဖို့ မျက်စိပါတယ်။ ဖယ်ပေး…. ဘုရားရေ”
လိုက်င် က မယ်ဒီရာ့ကို စိတ်ပျက်လက်ပျက်ငုံကြည့်ရင်း သူမကို ဖက်ထားဆဲပင်။
အပျိုတော်တွေ လူနှစ်ယောက်ကို ကြည့်ရင်း မျက်ဝန်းများ ပြူးကျယ်သွားရ၏။
လိုင်လ် အစေခံတွေကို စိတ်ရှုပ်စွာကြည့်ရင်း မေးလိုက်သည်။
“အိပ်ခန်းဆောင်က ဘယ်မှာလဲ”