Chapter 11
“အဆင်..သင့်ဖြစ်ပါပြီ အရှင်။ ဒီဘက်မှာပါ…”
အစေခံက အရှေ့ကနေဦးဆောင်ခေါ်သွား၏။ လိုင်လ်က ရှက်နေတဲ့ မယ်ဒီရာကို ဖက်ရင်း အနောက်က လိုက်လာသည်။
“ကျွန်..ကျွန်မ၊ အရှင်မင်းကြီး!!”
“တိတ်တိတ်နေ”
အေးစက်စက်လေသံနဲ့ အမိန့်ပေးရင်း လိုင်လ်က သူခံစားနေရတဲ့ ခံစားမှုပေါ် အာရုံစိုက်လိုက်သည်။ သူမတကယ်လို့များ ကလေးရသွားခဲ့ရင် သူနောက်ဆို ဒီမလိုအပ်တဲ့ ထုံးထမ်းစဉ်လာကို လုပ်စရာမလိုတော့ဘူးမလား။
အစေခံက အနီးဆုံး အိပ်ခန်းဆောင်ဆီ သူတို့ကို ခေါ်လာသည်။ ခန်းဆောင်တံခါးကို အဆင်သင့်ဖွင့်ထားပြီး အပျိုတော်တွေနဲ့ ရံရွှေတော်တွေက တံခါးရှေ့တွင် အသင့်စောင့်ဆိုင်းနေသည်။ မယ်ဒီရာ သူတို့ကို မျက်နှာချင်းမဆိုင်ရဲပဲ မျက်နှာဝှက်လိုက်သည်။
ထွက်ပြေးတဲ့ အခြေအနေက မဆိုးသေးလို့လားမသိ၊ လိုင်လ် ဖက်ထားတာ ခံနေရတာကပင် သူမကို ရှက်လို့ သေချင်စိတ်ပေါက်လာသည်အထိ။
လိုင်လ်က သူမကို ဖက်လျက်ပင် အစေခံတွေကို တချက်ပင် စောင်းငဲ့မကြည့်ပဲ အခန်းထဲ ဝင်သွားသည်။
“ဟင်”
အခန်းတံခါးပိတ်သွားသည်ကို ကြည့်ရင်း မယ်ဒီရာ့မျက်နှာ ဖြူဖျော့သွားသည်။ သူမကို တရွတ်တိုက်ဆွဲရင်း လိုင်လ်က သလွန်တော်ဆီ လျှောက်သွားသည်။
“အ..အရှင်မင်းကြီး”
လိုင်လ်က မယ်ဒီရာ့ကို မျက်မှောင်ကြုတ်ကြည့်ရင်း သူမကို အိပ်ရာပေါ်ပွေ့တင်လိုက်၏။
အိပ်ရာပေါ် ပစ်အတင်မခံရတာမို့ သက်ပြင်းချမိပေမဲ့ လိုင်လ့်မျက်နှာ တဖြည်းဖြည်းနီးကပ်လာတာကို ကြောင်ကြည့်နေမိလေသည်။
သူမ သူ့မျက်နှာကို လက်နှစ်ဖက်နှင့် အလိုအလျှောက်လှမ်းကိုင်လိုက်မိသည်။
နီရဲနေတဲ့ လိုင်လ်ါမျက်လုံးထဲ မီးတောက်သွားသလို။
“ဘုရင်မ…. မင်းအခုဘာလုပ်နေတာလဲ”
“အိုး၊အမ်.. အရှင်မင်းကြီးက ဒီနေ့လဲ ထပ်ကြည့်ကောင်းနေတာပဲ”
ဝေခွဲရခက်တဲ့ ခံစားချက်က တဖြည်းဖြည်းတိုးလာတာမို့ သူ သူမကို မနမ်းနိုင်အောင် မယ်ဒီရာက လိုင်လ့်လည်ပင်းကို လှမ်းဖက်လိုက်သည်။
“…ဘုရင်မက အနမ်းထက် အဖက်ခံရတာကို ပိုသဘောကျတာလား”
သူက သူမကို တင်းကျပ်စွာဖက်ထားလိုက်သည်။ သူရဲ့လက်မောင်းတွေက သူမရဲ့ပခုံးတွေ၊ ခါးတွေကိုဖက်ရင်း သူ့ခန္ဓာကိုယ်က သူမနဲ့ ကြားလေမသွေးနိုင်အောင်ပင်။
“အင့်…”
မယ်ဒီရာ ရှက်ရှက်ဖြင့် လိုင်လ့်လက်ထဲ တွန်းထိုးပြီး ရုန်းလာပြန်သည်။
“ကျေး…ကျေးဇူးပြုပြီး”
“မင်းက အခု ကိုယ့်ကို ထွက်သွားခိုင်းနေတာလား”
လိုင်လ် ခပ်တိုးတိုး မေးသည်။
မယ်ဒီရာ တွန်းထိုးနေတာတွေကို ရပ်ပြီး သူမကို ကုတင်ပေါ်ချပြီး ခပ်လှမ်းလှမ်းက ရပ်ကြည့်နေတဲ့ လိုင်လ့်ကို တွေ့လိုက်ရသည်။
သူမကို ငုံကြည့်နေတဲ့ ဘုရင်ကို မယ်ဒီရာ မျက်တောင်မခတ်တမ်း ငေးကြည့်နေမိ၏။ နက်မှောင်တဲ့ ဆံကေသာနဲ့ ဘုရင်က မယ်ဒီရာလို ချောမောပြီး ယောကျာ်းပီသသူပင်။
သူ့ရဲ့ မဟာနဖူး၊ စင်းနေတဲ့ နှာတံ၊ ခပ်ရဲရဲနှုတ်ခမ်းတွေက မိန်းကလေးတွေပင် မနာလိုရလောက်အောင်ပင်။ ထပ်ပြောရရင် သူ့ရဲ့ ယောကျာ်းပီသမှုကို ဦးဆောင်နိုင်စွမ်းကို ခံစားမိစေသည်။
“ဝိုး… ဝိုး”
လိုင်လ်ရဲ့ ချောမောမှုကို မပြတ်ငေးနေရင်း အန္တရာယ်များတဲ့ အခြေအနေမှာတောင် မယ်ဒီရာတစ်ယောက် အသက်ရှုမမှန်ဖြစ်လာသည်။
လိုင်လ်က တည်ငြိမ်နေတဲ့ မယ်ဒီရာ့မျက်နှာကို ကြည့်ရင်း သူမ မေးစေ့ကို ဆွဲယူကာ သူ့လက်မနဲ့ သူနှုတ်ခမ်းတွေကို ပွတ်သပ်နေမိသည်။ “သူမ အိပ်ပျော်သွားပြီလား”
သူမနှုတ်ခမ်းလွှာတွေထဲ လျှာဖျား တိုးဝင်လာသည်။