Chapter 13
လိုင်လ်ရဲ့ ခန္ဓာကိုယ်က သူအရင်က တခါမှ မခံစားဖူးတဲ့ ခံစားချက်များဖြင့် ပြည့်နှက်နေလေသည်။ သူမကို မလွတ်တမ်း ဖက်ထားလိုခြင်းပင်။
သူ့ရဲ့တာဝန်ဝတ္တရားဟု သတ်မှတ်ကာ လိုင်လ်ဆုံးဖြတ်လိုက်သည်။
ဒီနေ့က အုံးစက်ရာနွှဲပွဲနေ့ဖြစ်ပြီး သူမကလဲ သူ့ရဲ့ ဘုရင်မ မလား။
ဒီနေ့မဟုတ်ရင်တောင် တနေ့နေ့တချိန်ချိန်ကျ သူတို့ဖက်ရမဲ့နေ့ ရောက်လာမည်မှာ မလွဲမသွေပင်။ နန်းမွေဆက်ခံမည့်သူ မွေးထုတ်ဖို့တာဝန်က သူတို့တာဝန်မလား။
“မယ်ဒီရာ”
သူက သူမနာမည်ကို ခေါ်လိုက်တော့ မယ်ဒီရာက လိုင်လ်ကို မော့ကြည့်သည်။
သူမရဲ့ ချစ်စရာ မျက်ဝန်းများကြောင့် လိုင်လ်မှင်သက်မိသွားသည်။
ဒီမယ်ဒီရာက ချစ်ဖို့ သိပ်ကောင်းတာပဲ။ ငါ့ခေါင်းအခြေအနေမကောင်းဘူးဆိုတာ သိပ်သိသာတာပဲ။ သူ့အတွေးကြောင့် သူကိုယ်တိုင်ပင် တုန်လှုပ်သွားရသည်။
“ကိုယ်တို့မှာ ကလေးရှိလာရင် မင်း ကိုယ်နဲ့ ထပ်အိပ်စရာမလိုတော့ဘူး။ မင်းကိုလဲ ထပ်မရှာတော့ဘူး။ ဒါကြောင့် ကိုယ့်ကို တွန်းမထုတ်ပါနဲ့။” လိုင်လ်ကိုယ်တိုင်လဲ မယ်ဒီရာကို ရှာချင်သူမဟုတ်။
လိုင်လ်ရဲ့ စကားကြောင့် မယ်ဒီရာက စဉ်းစားသလို မော့ကြည့်လာသည်။
“မင်း တကယ်ပဲ ဘာမှ မမှတ်မိဘူးပဲ”
ဒီအခြေအနေကနေ သူမ လွတ်မြောက်နိုင်မလား မယ်ဒီရာတွေးနေလေသည်။
ဒီခေတ်က မီးရော မြေအောက်ရထားလိုင်းပါ မရှိတဲ့ ခေတ်။ မှော်ပညာရှိတယ်လို့ ပြောကြပေမဲ့ သူမက မှော်ဆရာမ မဟုတ်။ သူမက ကျောထောက်နောက်ခံရှိတဲ့ မိသားစုမှာ မွေးလာတဲ့ သူတစ်ယောက်သာဖြစ်ပြီး ဘာစွမ်းရည်မှ ရှိသူမဟုတ်။ သူမ နန်းတွင်းပြင် ယူသွားနိုင်တဲ့ တခုတည်းသော အရာက သူမရုပ်ရည်သာ ရှိသည်။ ပြောရရင် သူမက ဇာတ်ဆောင်တစ်ယောက်တောင် မဟုတ်။
သူမက ဘုရင်ကို ငြင်းပြီး နန်းတွင်းက ထွက်ပြေးနိုင်ပါ့မလား။
သူမက ဝတ္ထုတွေထဲက သန်မာတဲ့ ဇာတ်ဆောင်တွေကို အားကျတာ မှန်ပေမဲ့ သူတို့မှာက စာရေးဆရာတွေပေးတဲ့ အဆုံးအစမရှိစွမ်းရည်တွေနဲ့ ကံကောင်းတာတွေ ပိုင်ဆိုင်ထားတဲ့သူ။
သူမရဲ့ တကယ့်ကမ္ဘာကတော့ ကွဲပြားသည်။ အေးစက်ပြီး ခွင့်မလွှတ်ခြင်း၊ ရက်စက်ခြင်းတွေနဲ့ ပြည့်နေတာမို့ သူမကိုယ်တိုင်ပင် ကြက်သီးထလောက်သည်။
သူမက ကံကောင်းခြင်းတွေကို ယုံတဲ့ ကလေးလေးတစ်ယောက် မဟုတ်တော့။
“ငါက ဇာတ်ဆောင်မဟုတ်ဘူး” သူမရဲ့ အတွေး။
သူမဘဝက သူမအဖေ နယ်စားမင်း၊ ဒါမှမဟုတ် ဘုရင်ရဲ့ ကာကွယ်မှု မရှိရင် ကျွန်းပေါ်မှာ ပစ်ခံထားရတဲ့ ကလေးတစါယောက်သာသာပင်။
သူမ နန်းတွင်းအပြင်ထွက်တာနဲ့ သူမရုပ်ရည်ကြောင့် လူအများ အာရုံစိုက်တာ ခံရပြီး သိပ်မကြာလှပဲ ပြန်ပေးဆွဲပြီး ရောင်းစားခံရမည်မှာ တွေးကြည့်စရာပင်မလို။
သူမရဲ့ ဘဝအခြေအနေကို စဉ်းစားရင်း မယ်ဒီရာ့မျက်နှာ မဲ့တဲ့တဲ့ဖြစ်လာသည်။
ငါက ဘုရင့်အချစ်ကို မလိုချင်ပေမဲ့ ဒီမှာ နေတာ ငါ့အတွက် အကျိုးမယုတ်ဘူး။
နန်းတွင်းက သက်တောင့်သက်သာနေရတဲ့အခြေအနေ၊ လိုင်လ်ရဲ့ ချောမောခန့်ညားမှု၊ နောက်ပြီး ဝတ္ထုထဲမှာ ရေးထားတဲ့ လိုင်လ့်ကို ပုံဖော်တဲ့ “ကိုယ် သိပ်မကြမ်းပါဘူး” ဆိုတဲ့ စကားလုံးတွေ။
ငါ ဒီတည သည်းခံလိုက်ရင် ငါ တဘဝလုံး အေးဆေးနေလို့ ရပြီ။
“ဒါက တကယ်ပဲ အဆင်ပြေရဲ့လား” သူမရဲ့ ကိုယ်ကျင့်တရားက ခွင့်မပြု။
တဖက်မှာလဲ သူမ သိချင်နေမိသည်။
ဒီမှာက ဝတ္ထုထဲ ချီးကျူးခံထားရတဲ့ ဇာတ်ဆောင်၊ ဒီလိုတွေးတော့ အဆိုးဆုံးညတညတော့ မဖြစ်နိုင်ဘူးမလား။
သူမက အရှက်မရှိခြင်းတော့ မဟုတ်။ ပြောရရင် ဒီအခြေအနေက အစောထဲက ဆုံးဖြတ်ပြီးသားမလား။
ကံကောင်းတာတခုက လိုင်လ်က သူမကို အတင်းလုယူမဲ့အစား ဖြောင်းဖျနေခြင်းပင်။
“ဒါဆို… ကျေးဇူးပြုပြီး နာအောင်မလုပ်ပါနဲ့…”
မျက်လုံးချင်းပင် မဆိုင်ပဲ တွန့်ဆုတ်တွန့်ဆုတ်ဖြေတဲ့ မယ်ဒီရာကို ကြည့်ရင်း လိုင်လ် အသက်ခပ်ပြင်းပြင်းရှူမိသည်။
သူမက လုံးဝကွဲပြားခြားနားတဲ့ မိန်းကလေးတစ်ယောက်ပင်။
သူသိခဲ့တဲ့ မယ်ဒီရာက ဒါမျိုးအမူအရာကို ဘယ်တုန်းကမှ ပြခဲ့သူမဟုတ်။
“အင်း”
လိုင်လ်က မယ်ဒီရာဆီလက်လှမ်းပြီး
“ကိုယ် ကတိပေးတယ်” တိုးတိုးဆိုရင်း ခပ်ဖြည်းဖြည်းနမ်းသည်။
***********