Chapter 6
“အရှင်…”
“……”
“အရှင်မင်းကြီး”
လိုင်လ်က လန့်သွားဟန် ဆစ်ခ်ကို လှည့်ကြည့်သည်။
ဆစ်ခ်က စားပွဲခုံရှေ့ရပ်ရင်း စာရွက်တွေကို လိုင်လ်ရှေ့တွင် ဖြန့်ခင်းလိုက်လေသည်။
“အရှင် ဘာတွေများ ဒီလောက်တွေးနေတာပါလဲ”
“ဘာမှမဟုတ်ဘူး။”
သူက ခပ်ညစ်ညစ်မျက်နှာနဲ့ ဖြေတော့ ဆစ်ခ်က ဘဲဥပုံရုံးခန်းထဲက အစေခံတွေကို တချက်လှမ်းကြည့်သည်။
သူတို့က ရုံးခန်းထဲက ချက်ချင်းထွက်သွားကြသည်။
“အရှင် စောနက မိဖုရားကို တွေ့လိုက်လို့လား”
သူဝန်မခံချင်ပေမဲ့ မယ်ဒီရာကြောင့် သူတကယ်ကို စိတ်အနှောက်အယှက်ဖြစ်ရလေသည်။
လိုင်လ်က သူမျက်မှောင်ကြုတ်ထားမှန်း မသိပဲ ဖြေသည်။
“ငါ မယ်ဒီရာပြေးတာ တခါမှ မမြင်ဖူးဘူး”
“ငါထင်တာက နန်းတော် မီးလောင်ရင်တောင် သူမက ပြေးမှာ မဟုတ်ဘူးပေ့ါ”
“ကျွန်တော်မျိုးထင်တာက အရှင်မက တော်ဝင်မိသားစုရဲ့ အိန္ဒြေကို အထိခိုက်ခံမဲ့ အစား အသေခံမယ်လို့ ထင်ခဲ့တာ”
လိုင်လ်ရဲ့ မျက်နှာက ဆစ်ခ်အဖြေစကားကြောင့်ပိုဆိုးသွားလေသည်။
“တကယ်ပဲ အတိတ်မေ့တာလား…”
“တကယ်ဆိုရင်ရော။ သူမကို သွားတွေ့မှာလား”
လိုင်လ်က သက်ပြင်းချသည်။
ကြည့်ရတာ မယ်ဒီရာက သူ တခါမှ မသိဘူးတဲ့ လူတစ်ယောက်လို ပြောင်းလဲ သွားခြင်းပင်။
” မသွားဘူး”
“ဒါဆို အရှင်ဘာကို စိတ်ပူနေတာလဲ။ မဟုတ်မှ လွဲရော နောက်နှစ်ရက်နေရောက်မဲ့ အုံးစက်ရာနွှဲမဲ့နေ့အတွက် ပူနေတာလား”
လိုင်လ် ခဏလောက် ဆွံ့အသွားသည်။
သူ မယ်ဒီရာ့ကြောင့် စိတ်ရှုပ်ရလွန်းသောကြောင့် နောက်နှစ်ရက်နေ ရောက်မဲ့ သူတို့ရဲ့ အုံးစက်ရာနွှဲပွဲကိုပင် မေ့နေလေသည်။
ဆစ်ခ်က စိတ်ပူနေဟန်ဖြင့် ခေါင်းညိတ်သည်။
“တကယ်လို့ သူမ မမှတ်မိရင်… ငြင်းနိုင်တယ်”
“ဒါက မိဖုရားတပါးရဲ့ တာဝန်ပဲ။ သူမ မငြင်းနိုင်ပါဘူး။”
သူက စိတ်ရှုပ်စွာဖြင့် ဖြေလိုက်သည်။
သို့သော် ဆစ်ခ်ရဲ့ မျက်နှာအမူအရာက “အဲ့လိုလား”ဟု မေးပုံပေါက်နေသဖြင့် သူ ပိုစိတ်ရှုပ်သွားရသည်။
“ဒါမဲ့ ကျွန်တော်မျိုးအမြင်ကတော့ အရှင်မက ဓလေ့ထုံးထမ်းတွေတောင် မှတ်မိပုံမပေါ်တော့ သူ့ခေါင်းထဲ မိဖုရားတပါးရဲ့ တာဝန်ဆိုတာ ရှိပါ့မလား”
“……”
မယ်ဒီရာအကြောင်းတွေးရုံနဲ့တင် လိုင်လ်ရဲ့ခေါင်းတွေ ကိုက်လှပြီဖြစ်သည်။ အခု ထပ်ပြီး ခေါင်းကိုက်စရာ နောက်ထပ်ပြဿနာ ပေါ်လာပြန်လေပြီ။
လိုင်လ် တဖြည်းဖြည်း သက်တောင့်သက်သာမရှိသလို ခံစားလာရလေသည်။
“အရှင် ဘာလို့ သွားမကြည့်တာလဲ”
“ကြည့်ရတာ တစ်ယောက်ယောက်က ကိုယ်တော့်ကို ဘုရင်မနဲ့ ရင်းနှီးစေချင်တယ် ထင်တယ်”
“အရှင်မ ဘုရင်မက ပြောင်းလဲသွားပါပြီ။ ယင်းကပဲ ကောင်းသော အကြောင်းပြချက်ပါဘုရား”
တုံဏိဘာဝေပြန်ဖြေသော ဆစ်ခ်တစ်ယောက် လိုင်လ့်မျက်စောင်းဒဏ်ခံရလေသည်။
နယ်စားမင်း ကရစ်ခ် က လိုင်လ့်ဘက်တော်သားဟု လုံးလုံးပြော၍ မရသေးပေ။ တကယ်လို့များ လိုင်လ် နဲ့ မယ်ဒီရာ့အကြား သားတော်ရှိလာရင် လိုင်လ်က မယ်ဒီရာ့ ကို ပြင်းပြင်းထန်ထန် မနှိပ်စက်သရွေ့ နယ်စားမင်းက လိုင်လ့်အတွက် သစ္စာခံ ဘက်တော်သား ဖြစ်လာမည်ဖြစ်သည်။
လိုင်လ်ရဲ့ ဦးလေး နယ်စားမင်း ရိုဝမ်ဒယ်ကို ဆန့်ကျင်ဖို့ပင် သဘောတူနိုင်လေသည်။
“အရှင်က ဘုရင်မနဲ့ ဘယ်လိုဖြစ်ဖြစ် အတူနေမယ်မလား”
လိုင်လ်က မယ်ဒီရာ မြုံနေသလား တွေးမိပေမဲ့ သူမကို ရာထူးက ဖြုတ်ချဖို့ ဘယ်တော့မှ စိတ်မကူးထားပေ။
သူ့ရဲ့များပြားလှတဲ့ တာဝန်တွေကြားထဲ ဖောက်ပြန်ဖို့ ကိစ္စ၊ ကိုယ်လုပ်တော် ယူမည့်ကိစ္စကို ထပ်ထည့်ဖို့ ဆန္ဒမရှိပေ။
ယခင်ဘုရင်က မိဖုရားတွေ ကိုယ်လုပ်တော်တွေ များပြားလွန်းလှသဖြင့် နိုင်ငံတခုလုံး တုန်လှုပ်ခဲ့ရလေသည်။
ကံကောင်းတာတခုက အခုဘုရင်မှာ မိဖုရားခေါင်ကြီး တပါးသာ ရှိခြင်းပင်။ သို့သော် ဧကရာဇ်ဟောင်းရဲ့ အလွန်အကျူး ယူခဲ့သော မိန်းမတွေကြောင့် ယခု ဧကရာဇ် ကျိန်စာသင့်နေသည်ဟု မမှန်သတင်း ပျံ့နှံ့နေလေသည်။
“ကိုယ်တော် ငြင်းနေတာ မဟုတ်ဘူး”
လူမမာတွေ ဆေးခါးသောက်ရသလိုမျိုး လိုင်လ်က မယ်ဒီရာ့ကို မဖြစ်မနေ မျိုချပြီး သောက်ရမဲ့ ဆေးခါးသာသာ သဘောထားလေသည်။ ပြောရရင် မဖြစ်မနေ သောက်ရမဲ့ ဆေးတော့မဟုတ်။ မယ်ဒီရာက ဆေးခါးသက်သက်ပင်။
—————————
သူမ ရုတ်တရက် လက်ဖက်ရည်ပင် နင်မလိုဖြစ်သွားသည်။
မနင်အောင် မနည်းမျိုချရင်း မယ်ဒီရာမေးလိုက်သည်က:
“အုံးစက်ရာနွှဲပွဲ?”
သူမလေသံက သုံးလေးဆင့်လောက်မြင့်သွားသဖြင့် အခန်းတခုလုံး ပျံ့နှံ့သွားလေသည်။
အပါးတော်စောင့် အပျိုတော်က ဓလေ့ထုံးထမ်းကို ထောက်ပြပေးချင်သော မျက်နှာပေးဖြင့် မယ်ဒီရာ့ကို လှမ်းကြည့်လေသည်။
သူမ မှတ်ဉာဏ်တွေ ပျောက်ဆုံးပြီးနောက် သူမက ကလေးနှင့် တူလာလေသည်။
သူမက တိုင်းပြည်တွင် အမြင့်ဆုံးရာထူးနှင့် အမျိုးသမီး၊ တော်ဝင်မိသားစုရဲ့ မိခင်ပင်။ ထပ်ပြောရရင် သူမသာ မှတ်ဉာဏ်ပြရခဲံရင် အပျိုတော်တွေ လုပ်သမျှ မျက်စိဒေါက်ထောက်ကြည့်ပြီး စည်းကမ်းထိန်းတတ်သူလဲ ဖြစ်သည်။
“အရှင်မက နန်းတွင်းရဲ့ မိခင်ဖြစ်သည့်အတွက် တော်ဝင်မိသားစုရဲ့ နန်းသက်ကို ဆက်ခံဖို့ သားတော် မွေးဖွားရန် တာဝန်ရှိပါသည် ဘုရား”
ဝတ္ထုထဲမှာက မယ်ဒီရာ့ကို သေဆုံးသွားသော ဧကရီဘုရင်မအနေနဲ့သာ ဖော်ပြထားတာ ဖြစ်ပြီး အုံးစက်ရာ နွှဲပွဲအကြောင်း တစိုးတစိပင် မပါချေ။
လိုင်လ် နဲ့ သူမကြားက တစိမ်းဆန်ဆန် ဆက်ဆံရေးကြောင့် သူမအိပ်ခန်းဆောင်ကို သူ ဘယ်တော့မှ လာမည်မဟုတ်ဟု တွေးထင်ထားသော မယ်ဒီရာကတော့ ရုတ်တရက် ဆွံ့အသွားမိသည်။
“ဒါမဲ့ … ဒါမဲ့ ငါ အရှင်မင်းကြီးကို မမှတ်မိဘူးလေ။”
“အရှင်မအတွက် မင်္ဂလာဦးသာအဖြစ် သဘောထားနိုင်ပါသည် ဘုရား”
ပြောရရင် ဒါက အရာတော်တော်များများအတွက် ပထမဆုံးအကြိမ်ပင်။
သို့သော် မယ်ဒီရာက ခေါင်းခါလေသည်။
.
“မဟုတ်ဘူး။ ငါက အဲ့လိုအခြေအနေ မဟုတ်ဘူး။ ငါက ဒုတိယထပ် လသာဆောင်ကနေ ပြတ်ကျပြီး ဒဏ်ရာရထားတာ မလား”
“အရှင်မင်းကြီး ခန်းမထဲ သခင်မပြုတ်ကျတာလဲ မြင်သွားပါတယ် ဘုရား”
ပါးစပ်ဟပြီး အံ့အားတကြီး ကြည့်နေတဲ့ အရှင်မကြီးပုံကို အပျိုတော်မျက်လုံးထဲ ပြန်မြင်မိတော့ ပိုရှက်ရွံ့သွားလေသည်။
“သူမက အဲ့လို မဟုတ်…”
“သေပါတော့။ တခြားနည်းလမ်းမရှိဘူးလား”
တကယ်လို့ အတိတ်မမေ့ခင်က မယ်ဒီရာသာဆိုလျှင် သူမက အုံစက်ရာနွှဲပွဲကို စိတ်လှုပ်ရှားစွာဖြင့် စောင့်နေမည်ဖြစ်သည်။ သူမရဲ့ စိတ်လှုပ်ရှားမှုတွေကို အပျိုတော်တွေကို ဆွဲလားရမ်းလားလုပ်ပြီး ဖြေလျှော့ဦးမည် ဖြစ်သည်။
“အရှင်မကြီးက ယဉ်ကျေးတဲ့ သူတစ်ယောက်မို့ စိတ်မပူပါနဲ့ဘုရား။ အရှင်မင်းကြီး ဦးဆောင်မှုနောက် လိုက်…”
“…..”
တကယ်လို့ သူသာ တာဝန်သိတဲ့သူဆိုရင် သူမဆီကို သတင်းမေးဖို့ တစ်ခေါက်လောက်တော့ ရောက်မည်ပင်။ သို့သော် သူမက မကျေနပ်မှုများကို မြိုချလိုက်သည်။
သူမ မယ်ဒီရာ့ရဲ့ခန္ဓာကိုယ်တွင်း ရှိနေသောကြောင့် လိုင်လ် မလာခြင်းသည်ပင် ခပ်ကောင်းကောင်းပင်။
“အား.. ငါ ထွက်ပြေးရမလား”
မယ်ဒီရာက ဆိုဖာပေါ် ပင်ပန်းနွမ်းနယ်စွာ ထိုင်ချလိုက်လေသည်။ တကယ်လို့ ထွက်ပြေးရင်တောင် ဘယ်ကို ပြေးရပါ့မလဲ။
သူမက နန်းတွင်းထဲကနေပြီး အပြင်လောက ဘယ်လိုအလုပ်လုပ်မှန်း သူမ မသိချေ။
သူမက ဘုရင်မမို့ အကာအကွယ်အစောင့်အရှောက်ခံနေရမှန်း သူမသိသည်။
ဒီလောကရဲ့ လုံခြုံရေး ဘယ်လိုရှိလဲ သူမ မသိ။ လမ်းမပေါ် လျှောက်သွားလို့ အဆင်ပြေလား။ တကယ်လို့ ထွက်ပြေးပြီး အလုပ်ရှာရင် ဘယ်အလုပ်လုပ်လို့ ရမလဲ။ အိုင်ဒီကတ်ကရော။ သူတို့က အိုင်ဒီကတ်တောင်းမှာလား။
စိတ်ပူစရာ အတွေးပေါင်း သောင်းခြောက်ထောင် သူမ ခေါင်းထဲ ဝင်လာလေသည်။
တနေကုန် ဝတ္ထုပဲ ဖတ်နေတဲ့ သူမအဖို့ စိတ်ကူးယဉ်စရာပင်။ ဘယ် အခြေအနေမျိုးမှာ ဘယ်လိုဖြစ်မယ်ဆိုတာမျိုးကိူ အခြေအနေအမျိုးမျိုးပေါ် မူတည်ပြီး တွေးနေမိလေသည်။
“နေပြည်တော်ကရော ဘယ်လောက်လုံခြုံလဲ။ မိန်းမပျိုတစ်ယောက်က အခြွေအရံမပါပဲ အပြင်ထွက်လို့ရလား”
မယ်ဒီရာတစ်ယောက် ဒီစကားကို မေးလိုက်တဲ့အခါ ဘေးက အပျိုတော်မျက်နှာက ဖြူဖျော့သွားလေသည်။
ဘုရင်မက သူမရဲ့ အကျင့်စရိုက်ပြောင်းလဲသွားတယ် ဆိုပေမဲ့ သူမဘာတွေးနေလဲဆိုတာ ခက်ခက်ခဲခဲတွေးနေစေရာပင်မလိုပေ။
“မလုံခြုံပါဘူး အရှင်မ။ အချိန်မရွေး ပြန်ပေးဆွဲခံရပြီး လူကုန်ကူးတဲ့သူတွေဆီ ရောင်းစားခံရနိုင်ပါတယ် ဘုရား”
“….. တော်ဝင်မိသားစုကို လိမ်ရင် အပြစ်ကြီးကြီးပေးလို့ ရတယ်မလား”
“အရှင်မက သာမာန်လူဆိုရင်တော့ လုံခြုံပါလိမ့်မယ်။ ဒါပေမဲ့ အရှင်မက တိုင်းပြည်မှာ အလှဆုံးအမျိုးသမီးပါ ဘုရား”
အပျိုတော်က တုန်လှုပ်နေတဲ့ မျက်နှာနဲ့ အဆက်မပြတ်ခုန်နေတဲ့ နှလုံးခုန်သံကို တည်ငြိမ်အောင် ကြိုးစားရင်း တည်ငြိမ်သောမျက်နှာဖြင့် ဖြေသည်။
“အရှင်မရဲ့ အလှတရားက ဘယ်လို ရုပ်ဖျက်မှုမှ လုပ်လို့မရပါဘူးဘုရား။ အရှင်မဘေးက ခစားနေတဲ့သူတွေရဲ့ အခက်အခဲကို ကြည့်ပေးပါဘုရား”
မယ်ဒီရာက ရိုရိုကျိုးကျိုးခစားနေတဲ့ အပျိုတော်ကို ကြည့်ရင်း မျက်မှောင်ကြုတ်သည်။
“မင်းကြည့်ရတာ ငါက အိမ်က ထွက်ပြေးမှာ ကျိန်းသေနေတဲ့ လေသံနဲ့။ တကယ်လို့ မိန်းကလေးအနေနဲ့က အန္တရာယ်များရင် ယောကျာ်းလေးဟန်ဆောင်လို့ ရတာပဲ”
အပျိုတော်က မယ်ဒီရာ့ရဲ့ တလက်လက်တောက်ပနေတဲ့ မျက်လုံးတွေကို ကြည့်ရင်း ထိတ်လန့်နေမိသည်။ သူမက ဧကရီလုပ်ခဲ့သမျှ အမှားတွေကို ကြည့်ရင်း စိတ်ပူနေမိသည်။ သူမကို ခစားနေတဲ့ အပျိုတော်တွေ ထပ်တိုးရတော့မည်လား။
“အရှင်မင်းကြီးကို လျှောက်တင်ပြီး အရှင်မရဲ့ ကိုယ်ရံတော်နဲ့ အပျိုတော်အရေအတွက်ကို ထပ်တိုးရမှာပဲ”
အပျိုတော်က ထိုအတွေးများ တွေးရင်း ဘုရင်မကို ရေချိုးဖို့ အသင့်ဖြစ်ပြီဖြစ်ကြောင်း လျှောက်တင်လိုက်လေသည်။
အုံးစက်ရာနွှဲပွဲက မနက်ဖြန်မှ ဖြစ်သည်။ သို့သော် မူလ မယ်ဒီရာ ကတော့ သူမရဲ့ အလှပြင်ခြင်းလုပ်ငန်းကို တရက်အလိုတွင် စတင်လေ့ရှိသည်။
“နက်ဖြန်က တကယ့်ပြဿနာပဲ။ ငါတို့ ဘယ်လိုရှောင်ကြမလဲ။ တကယ်လို့ ငါငြင်းရင် အသတ်မခံရမှာ သေချာလား။ ဒါမှမဟုတ် ငါ မျက်လုံးမှိတ်ပြီး ဖြစ်ချင်ရာ ဖြစ်ပါစေ ထားရမလား။ တကယ်လို့ မှားခဲ့ရင်တောင် သူက တအားချောတာမလား။ ပြီးတော့ တကယ့် မင်းသားဇာတ်ဆောင်လေ”
ဟမ်!! ငါ့ ဂုဏ်သိက္ခာကရော။ ငါက ဒီကမ္ဘာရဲ့ အမြင်အတိုင်း မိန်းမတွေက အားနည်းတယ်လို့ တွေးနေမိတာ မယုံနိုင်ဘူး။
ဒီဘဝက ဆိုးလိုက်တာ။
ငါက တစ်ယောက်ယောက်ရဲ့ ဘဝထဲ ဝင်စားမယ်ဆိုလဲ ဘာလို့များ အစွမ်းရှိတဲ့ ခန္ဓာကိုယ်ကို မရွေးရတာလဲ။
သူမရဲ့ မေးခွန်းတွေအတွက် အဖြေတော့ မရှိပေ။
ဟင်းး၊ ငါ ဘာမှ လုပ်ဖို့ ဆန္ဒတောင်မရှိတော့ဘူး။
မယ်ဒီရာက သက်ပြင်းချရင်း သူမအပျိုတော်တွေနဲ့အတူ ရေချိုးဆောင်ဆီ သွားလေသည်။
………….