Chapter 7
သူက တမင်တကာပင် အလုပ်ကို အချိန်ဆွဲပြီး လုပ်နေလေသည်။ ပုံမှန်ဆိုရင် မယ်ဒီရာက သူ့အား အိပ်ရာထဲတွင် အနေခက်စွာ စောင့်နေမည် ဖြစ်သည်။ လိုင်လ် သက်ပြင်းခပ်လေးလေးတချက်ချသည်။ မယ်ဒီရာနှင့်တညတာ ကုန်ဆုံးရသည်မှာ လွယ်ကူသောအရာ မဟုတ်ပေ။
အတူနေချိန်မှာတောင် သူမက တောင်းဆိုမှုတွေ၊ အမုန်းတရားတွေ၊ မကျေနပ်ချက်တွေ များလွန်းသူပင်။
“သူမကို ဘာလို့ ရာထူးက ဖြုတ်မချတာလဲ”
နိုင်ငံရေးကြောင့်ချည်းသက်သက်တော့ မဟုတ်။ လိုင်လ်က သူလိုချင်တာ ရဖို့ ဘယ်လို နည်းပရိယာယ် သုံးရမည်ကို သိသူဖြစ်သည်။
သူ့ရဲ့ ပါဝါ (သို့မဟုတ်) အာဏာကြောင့် မဖြုတ်ချခြင်းမဟုတ်။
ပထမဧကရီသခင်မ။
သူက သူမကို ရာထူးက မဖြုတ်ချခြင်းမှာ သူ့မယ်တော်ကြောင့်ပင်။ သူ၏မယ်တော်ကို ကိုယ်လုပ်တော် ဆယ်ရှစ်ယောက်ရဲ့ ဒုက္ခပေးပြီး အဆိပ်ခတ်ခံခဲ့ရသည်ကို ကိုယ်တွေ့မြင်ခဲ့ရခြင်းကြောင့်ပင်။
“စိတ်အနှောက်အယှက်ဖြစ်ရတော့မယ်လို့ ငါ့စိတ်ထဲ ထင်နေတယ်”
ဘုရင်မရဲ့ အိပ်ခန်းဆောင်ရှေ့တွင် ကိုယ်ရံတော်များနှင့် အပျိုတော်များက စောင့်ကြပ်ခစားနေလေသည်။ အပျိုတော်ထိန်းက ဘုရင် လိုင်လ်ကို မြင်တော့ ဒူးထောက် အရိုအသေပေးလေသည်။
“ဘုရင်မရော”
သူက ခြောက်သွေ့သောအသံဖြင့် မေးတော့ အပျိုတော်ထိန်းက ခေါင်းညွှတ်ကာ
” အရှင်မက သလွန်တော်မှာပါ ဘုရား”
မင်း အရင်အိပ်နှင့်တာတော့ မဟုတ်ဘူးမလား။ သူမ ခန်းမဆောင်ထဲ ပြေးလွှားနေသည့်မြင်ကွင်းကို သတိရမိတော့ ဖြစ်နိုင်ချေရှိတာကို တွေးမိလေသည်။ ဒါပေမဲ့ သူမက မယ်ဒီရာမလား။ လိုင်လ်က ခေါင်းထဲ ဝင်လာတဲ့ အတွေးကို ဖျောက်လိုက်လေသည်။
“ကိုယ်တော် ဝင်သွားမယ်။ နေခဲ့ကြ”
လိုင်လ်က ခစားနေတဲ့ အခြွေအရံတွေကို ထားခဲ့ပြီး အထဲဝင်သွားလေသည်။ ဧကရာဇ်အထဲဝင်သွားတာနဲ့ တပြိုင်နက် အပျိုတော်က တံခါးပိတ်လိုက်လေသည်။
ဘုရင်မရဲ့ အိပ်ခန်းဆောင်က ပကတိ တိတ်ဆိတ်နေလေသည်။ အရှင်မင်းကြီး ကြွလာမည်မို့ မီးပုံးအနည်းငယ်နဲ့ ဖယောင်းတိုင် အနည်းငယ်သာ ထွန်းထားလေသည်။
လိုင်လ် သလွန်တော်ဆီ သွားပြီး ကန့်လန့်ကာကို ဆွဲဖွင့်လိုက်ပေမဲ့ မယ်ဒီရာက ရှိမနေပေ။ ဧကရီဘုရင်မရဲ့ အရိပ်အယောင်က ဘယ်နေရာမှ ရှိမနေပေ။
“မယ်ဒီရာ?”
ထူးသံ မကြားရ။
သူမက … ပုန်းနေတာလား။
နိုး.. နိုး.. နိုး သူမက ဘုရင်မပဲ။ သူမရဲ့ လင်ယောကျ်ားလဲဖြစ်၊ ဘုရင်လဲဖြစ်တဲ့ သူ့ဆီကနေ ပုန်းနေစရာ အကြောင်းမရှိဘူးမလား။
“မယ်ဒီရာ!!”
လိုင်လ် သူမနာမည်ကို စိတ်ရှုပ်ထွေးစွာ အော်ခေါ်ရင်း စိတ်မရှည်ဖြစ်လာသည်။
သူက ကျယ်ဝန်းတဲ့ အိပ်ခန်းဆောင်တစ်ခုလုံး ပိုက်စိတ်တိုက်ရှာလိုက်လေသည်။ ဓားရေး ကျွမ်းကျင်သူတစ်ယောက်မို့ လှုပ်ရှားမှုမှန်သမျှ သူခံစားမိလေသည်။ အခန်းထဲ လူမရှိသည်မှာ သေချာသည်။
သူ ဆွံ့အသွားလေသည်။ ဘုရင်မ ထွက်ပြေးလေပြီ။ သူနဲ့ အတူမအိပ်ချင်လို့?
လိုင်လ် စိတ်အနှောက်အယှက်ဖြစ်လွန်း၍ သူ့နန်းဆောင်ကို ပြန်ဖို့ စိတ်ကူးလိုက်ပေမဲ့ မပြန်ဖြစ်။
သူ့ရင်ဆိုင်နေရတဲ့ သူက နေမကောင်းသူမလား။ သူမသေကြောင်းကြံစည်ရာကနေ အတိတ်မေ့သွားသည်ဆိုသော သတင်း ပျံ့နှံ့၍မဖြစ်ပေ။
လိုင်လ် တံခါးဖွင့်ပြီး အပျိုတော်များနဲ့ အစေခံများကို အမိန့်ပေးလိုက်သည်။
“ဘုရင်မက ခန်းဆောင်ထဲ မရှိဘူး။ ကြည့်ရတာ လေညှင်းခံထွက်သွားတယ် ထင်တယ်။ အမြန် ပြန်ရှာခဲ့ကြ”
“တင်ပါ့ဘုရား” ထိတ်လန့်နေတဲ့ အပျိုတော်က မြောက်မြားစွာသော ဆင်ခြေတွေ ရွတ်ဖို့ ပြင်သည်။
လိုင်လ် စိတ်မဝင်စားပဲ တံခါးဆောင့်ပိတ်လိုက်လေသည်။ သူက သလွန်တော်ဆီ ပြန်လျှောက်လာပြီး ထိုင်ခလိုက်၏။
“ငါက သူ့ကို စောင့်ရမယ် ..”
သူ ကိုယ်သူ သူတောင်းစားသာသာ ခံစားရလေသည်။
………..
Khin Thuzar Htwe
အပိုင်းအသစ်ဘယ်တော့လောက်လာမှာလဲဟင်
[email protected]
အပိုင်းသစ်မတင်ဘူးလား