Chapter 8
“ပြတင်းပေါက်ကနေ တွယ်ထွက်၊ အလှဆင်ထားတဲ့ နံရံကိုနင်းပြီး ဘေးအခန်းက ဝရံတာကို ဝင်ရမယ်”
ဒါမဲ့ အန္တရာယ်များတယ်မလား။
“လုံးဝမဖြစ်နိုင်ဘူး။ နိုး နိုးပဲ။ လုံးဝမဖြစ်နိုင်တဲ့ ကိစ္စကို”
သို့သော် သူမထိုအတိုင်းလုပ်ခဲ့လေ၏။
သူမ ဖြစ်နိုင်ချေအားလုံးစဉ်းစားပြီး ထိုဆုံးဖြတ်ချက်ကို ချခဲ့ခြင်းပင်။ သူမက သူမအပျိုတော်ကိုပင် အအေးမိနေသည်ဟူသော အကြောင်းပြချက်ပေးဖို့ ကြိုးစားပေမဲ့ အပျိုတော်က မယုံပေ။
သူမရဲ့ အကြောင်းပြချက်ကို လက်ခံမည်မဟုတ်မှန်း သူမသိသည်။
ထို့ကြောင့် သူမ ဒီနည်းလမ်းကို စဉ်းစားမိခြင်းပင်။
“အရှင်မင်းကြီး မလာလို့ ငါက တိတ်တိတ်လေး ခိုးထွက်ပြီး ရှာရတာ။ သူ မလာလို့”
ဒီအကြောင်းပြချက်နဲ့ လိမ်ဖို့က မလွယ်လှပေမဲ့ အခုလောလောဆယ်တော့ သူမအတွက် အဓိပ္ပါယ်ရှိလေသည်။
တခုပဲ စဉ်းစားစရာကျန်သည်က သူမခိုးထွက်ပြီး ညကျ ဘယ်မှာ ခိုးအိပ်မလဲပင်။ {ခိုးထွက်မှာတောင် အိပ်ဖို့ စဉ်းစားနေတယ်😂}
“..လောလောဆယ် အရေးကြီးတဲ့ ပြဿနာကို အရင်ရှင်းရမယ်…”
ရဲမက်တွေ ပြေးလွှားသံကြောင့် မယ်ဒီရာ တိုင်တတိုင်နောက်မှာ အမြန်ပုန်းလိုက်လေသည်။
ရဲမက်တွေ လွန်သွားတာ သေချာပြီဆိုမှ မယ်ဒီရာ တိုင်အကွယ်က ထွက်လာပြီး ကော်ရစ်ဒါအဆုံးထိ စစ်ဆေးလိုက်ရင်း ခြေဖော့လျှောက်လာလေသည်။
ဒီ နန်းတော်အကျယ်ကြီးထဲ လူဘယ်လောက်များများကင်းလှည့်နေသည်ကို မသိသော မယ်ဒီရာ့အဖို့ သတိဆိုသည်မှာ ပိုသည်မရှိ။
ခဏအကြာတွင် သူမပုန်းရပြန်သည်။ ဘာလို့ ရုတ်တရက် အစောင့် ဒီလောက်များလာတာလဲ။
“ငါကြောင့်များလား။ ငါပျောက်နေတာများ သိသွားပြီလား”
အစောပိုင်းက အိပ်ခန်းဆောင်ထဲ မယ်ဒီရာတယောက်ထဲပင်။ သူမအိပ်ဆောင်ထဲ ဘုရင်ကလွဲ ဘယ်သူမှ ဝင်မလာမည်မှာ ကျိန်းသေနေသဖြင့် ဒါဆို ဘုရင် ရောက်လာပြီး သူမ ပျောက်နေတာ သိသွားပြီလား။
မယ်ဒီရာ ပြတင်းအပြင်ဘက် လှမ်းကြည့်လိုက်လေသည်။ ညအမှောင်ထုက ကြီးစိုးနေပြီး လမင်းပင် အတော်ထွက်နေလေပြီ။
နာရီမရှိတဲ့ ခေတ်လူငယ်တစ်ယောက်အနေဖြင့်ပင် ဒီအချိန်က အတော်နောက်ကျနေလေပြီ။
“လူယုတ်မာ၊ အခုမှ ရောက်တယ်ဟုတ်လား”
အချိန်ကား ညဉ့်တစ်နာရီ ထိုးလုလေပြီ။
သူက နောက်ကျနိုင်သမျှ နောက်ကျအောင် အချိန်ဆွဲနေတာပဲ ဖြစ်မယ်။
မယ်ဒီရာက ဆိုးရွားတဲ့အနိုင်ကျင့်တတ်တဲ့သူဆိုတာ ဝန်ခံပေမဲ့ နှစ်ဦးကြားက ဆက်ဆံရေးဆိုတာ လက်ခုပ်နှစ်ဘက်တီးမှ မြည်တာမလား။
“ဘာပဲဖြစ်ဖြစ် ငါ့အတွက်တော့ အဆင်ပြေတာပဲ။ ရာထူးက ဖြုတ်ချင်လဲ ဖြုတ်ခံရမှာပေါ့”
“…. မင်းတကယ်ပဲ ဘုံကျောင်းထဲ အပိတ်ခံရချင်တာလား”
သူမက ရုတ်တရက် သူမကျောနောက်က ကြက်သီးထဖွယ်အသံကို ကြားရလိမ့်မယ်လို့ မျှော်လင့်မထားခဲ့ပေ။
မယ်ဒီရာလန့်သွားပြီး ထခုန်မိမတတ် တုန်လှုပ်သွားလေသည်။
“ဘ..ဘယ်သူ? အိုး…. သေပါပြီ။”