Chapter 9
” နင့်မေကလွှား?”
လိုင်လ်အံ့ဩသွားလေသည်။
သူသလွန်တော်မှာ ထိုင်ရင်း အစေခံတွေ မယ်ဒီရာကို ပြန်ခေါ်လာမှာ စောင့်ရင်း စိတ်တိုလာလေသည်။
ဘုရင်မ ပျောက်နေမှန်း အပျိုတော်နဲ့ အစေခံတွေ မသိတာကို ကြည့်တာနဲ့ သူမ အိပ်ခန်းဆောင်တံခါးက ထွက်မသွားမှန်း သိသာလေသည်။ အတိုပြောရရင် ပြတင်းပေါက်ကနေပေါ့။
ပြတင်းပေါက်၊ ဘေးအကာနံရံနောက်ပြီး လေသာဆောင်ထိ အလွယ်တကူ ထွက်လို့ ရတဲ့ လမ်းကြောင်းမြင်တော့ လိုင်လ်လဲ မယ်ဒီရာ့လမ်းကြောင်းအတိုင်း နောက်က လိုက်လာလေသည်။
မယ်ဒီရာတယောက် အန္တရာယ်များတဲ့ ဒီလမ်းကြောင်းကို သုံးပြီး ထွက်သွားတာ၊ ပိုဆိုးတာက ဂါဝန်နဲ့မို့ သူ့စိတ်အခြေအနေက ပိုဆိုးလာလေသည်။
“ဟုတ်တယ်၊ ငါ စိတ်ပူနေတာ မဟုတ်ဘူး။ သူ သေသွားလဲ ငါ့အတွက်ဘာမှ မဖြစ်ဘူး။ ဒါကို ဘာလို့ ငါက စိတ်တိုနေတာလဲ”
ငါ့စိတ်အထင်တော့ ထွက်ပြေးသွားတဲ့ ဘုရင်မကို နန်းတော်တခုလုံးအနှံ့လိုက်ရှာရတဲ့ ရှက်စရာ အခြေအနေထဲ ရောက်လို့ စိတ်အနှောက်အယှက်ဖြစ်တာ ထင်ပါရဲ့။
………….
“ကြည့်ရတာ မင်းက ခုထိ လမ်းရှာပြီး ထွက်ပြေးမလို့လား”
လိုင်လ် အံ့ဩလွန်းလို့ သူ့ဝိဉာဉ်က ကောင်းကင်ဘုံ တက်တော့မလိုပင်။
“ငါ့ဘုရင်မက ဘာလို့ ဒီနေရာမှာ တယောက်ထဲလဲ။ ကိုယ့်ဂုဏ်ပုဒ်ကို ကိုယ်မေ့ပြန်ပြီလား”
မယ်ဒီရာက ရှက်လွန်းသဖြင့် သေချင်စိတ်ပင် ပေါက်သွားရသည်။ သို့သော် လိုင်လ်ရဲ့ ဒေါသထွက်နေတဲ့ မျက်နှာမြင်တော့ သူမ အစောကြီးကတည်းက ပြင်ဆင်ထားတဲ့ ဆင်ခြေကို ထုတ်သုံးဖို့ စိတ်ကူးလိုက်သည်။
အစောကတည်းက သူမလေ့ကျင့်ထားတဲ့ ဆင်ခြေကို ထုတ်သုံးလိုက်သည်။
“ငါဘယ်လောက်စောင့်စောင့် အရှင်မင်းကြီး မလာသေးလို့ အရှင်မင်းကြီးကို ထွက်ရှာတာပါ”
“တစ်ယောက်ထဲ? ညသန်းခေါင်မှာ?”
“အရှင်မင်းကြီး မလာတာလဲ ဖြစ်နိုင်တာမို့ အရှက်ကွဲမဲ့ သတင်းတွေ မထွက်စေချင်လို့ပါ။ ဒါကြောင့် အစေခံတွေ၊ အပျိုတော်တွေမပါပဲ တယောက်ထဲ ခိုးထွက်လာတာပါ”
ဒါက မယ်ဒီရာ ပြင်ဆင်ထားတဲ့ ဆင်ခြေတခုပင်။ သူ့အပေါ်အပြစ်ပုံချတဲ့ ဆင်ခြေမို့ လိုင်လ်တော့ စိတ်မဆိုးနိုင်ဟု သူမတွက်ထားလေသည်။
“ဒါက ငါ့ရုံးခန်းသွားတဲ့ လမ်းမဟုတ်ဘူး”
“အိုး၊ ဟုတ်လား။ ငါ့မှတ်ဉာဏ်က သိပ်မမှတ်မိလို့ လမ်းပျောက်သွားတာ ဖြစ်မယ်။ နေ့ခင်းဘက် နန်းတွင်းနဲ့ ညဘက် နန်းတွင်းက ကွဲပြားတယ်လေ”
ဘယ်လောက်များ အရှက်မရှိ မျက်နှာပြောင်တိုက်တဲ့ အဖြေလဲ။
ဒီအချက်ကတော့ သူမ အတိတ်မမေ့ခင်ကရော အတိတ်မေ့ပြီးတော့ပါ မပြောင်းလဲတဲ့ အချက်ပဲ။
လိုင်လ် က မျက်မှောင်ကုတ်ကြည့်ရင်း
“မင်း လမ်းမေးလို့ ရတာပဲ”
“ဒါမဲ့ လမ်းမေးလိုက်ရင် အကျယ် အကျယ်တွေ ဖြစ်ကုန်မှာပေါ့။ သူများအာရုံစိုက်ခံရတာမျိုး ရှောင်ချင်တယ်”
“ညဘက်မဟုတ်ဘူးလား”
သူ့မေးခွန်းကို တခွန်းမကျန်ပြန်ဖြေနေတဲ့ Medea ကို ကြည့်ရင်း လိုင်လ် ဒေါသထွက်လာလေသည်။
“အရှင်မင်းကြီးကို စိတ်အနှောက်အယှက်ဖြစ်အောင် မတော်တဆလုပ်မိခဲ့တယ်ဆိုရင် ကျွန်မ တောင်းပန်ပါတယ်”
မယ်ဒီရာ ခေါင်းငုံတောင်းပန်တာကို လိုင်လ်တယောက် စိုက်ကြည့်နေလေသည်။
လိမ်နေတာ သိသာနေပင်မဲ့ သူမ စကားတစ်ချက်မထစ်ပဲ ငြင်းနေတာကို ကြည့်ရင်း လိုင်လ်က ခဏတော့ လွှတ်ထားပေးမည်ဟု တွေးလိုက်လေသည်။
“အရမ်းနောက်ကျနေပြီ”
လိုင်လ်က အေးစက်စက်ဆိုသည်။ အနားရောက်လာတဲ့ အစေခံတွေရဲ့ လှုပ်ရှားမှုကို ခံစားမိတာကြောင့် သူတို့ကို သူလှည့်ကြည့်လိုက်လေသည်။
“အိပ်ခန်းဆောင်တစ်ခန်းအသင့်ပြင်လိုက်။ ဘုရင်မနဲ့ ကိုယ်တော် အနားယူမယ်”