စာမူကြမ်းလေး အကြွေးတင်နေတယ်(စာမူကြမ်းဖူးစာ) (One Short)
MM Title: စာမူကြမ်းလေး အကြွေးတင်နေတယ် (စာမူကြမ်းဖူးစာ) (One Shot)
English: You Owe Me Your Draft
Tags : Office Romance Oneshot
MM Translator : ChihiroLily
Status in COO:1 Chapter (Completed)
ငပျင်းဉာဏ်ကြီးရှင် အမျိုးသားစာရေးဆရာလေးနဲ့ အလုပ်ကြိုးစားတဲ့ အမျိုးသမီးအယ်ဒီတာတို့ကြားက အချစ်ပုံပြင်လေးတစ်ပုဒ်ပါ။ One Shot ဆိုသလို တကယ့်ကို တိုတိုလေးဆိုပေမဲ့ ရယ်စရာလေးနှောနေတဲ့ ချိုမြိန်ပြီး နွေးထွေးတဲ့ Short Story လေးပါ။
. . . . .
စာမူကစားလို့ရလို့လား : မင်း ငါ့အိမ်ကို ထမင်းဘူး မှာပေးလိုက်တာလား။ ကျေးဇူး
လက်ရွေးစင်မျက်ကန်းမလေး : စာမူ!
စာမူကစားလို့ရလို့လား : နောက်တစ်ခါကျရင် အမဲသားကြွပ်ကြော်ခေါက်ဆွဲ မှာပေးနော်၊ ငါ အသီးအရွက်ချဉ်မကြိုက်ဘူး
လက်ရွေးစင်မျက်ကန်းမလေး : စာမူ!
စာမူကစားလို့ရလို့လား : ဪ မင်း ငါ့အတွက် အိမ်အကူတစ်ယောက်လောက် ငှားပေးလို့ရမလား၊ ငါ့အဝတ်အစားတွေကို မျက်နှာသစ်တဲ့ ဘာလီပုံးထဲမှာ အလကားစိမ်ထားတုန်းပဲ
လက်ရွေးစင်မျက်ကန်းမလေး : စာမူ!
စာမူကစားလို့ရလို့လား : … ဒါက အော်တိုပြန်စာပဲ ဖြစ်ရမယ်၊ မင် ပြန်လာလို့ ဒီစာကိုတွေ့ရင် ငါ့အတွက် စက်ပြင်ဆရာတစ်ယောက်လည်း ခေါ်ပေးအုံး၊ အိမ်က ငါ့အဝတ်လျှော်စက် ပျက်နေတာကြာပြီ
လက်ရွေးစင်မျက်ကန်းမလေး : ရှင် နည်းနည်းလောက် ထပ်ပြီး အရှက်မဲ့နေလိုက်ပါလား၊ လုပ်လေ၊ လုပ်လေ၊ လုပ်လိုက်လေ၊ စာမူပေးစမ်း ဟဲ့လူရဲ့!
စာမူက စားလို့ရလို့လား : ဖုန်းလေးတစ်ကောလ်လောက်ခေါ်ရတာ ဘယ်လောက်များခက်တာကျလို့၊ ငါက ငါ့စာမူတွေကို ရေးဖို့ အာရုံစိုက်ဖို့လိုသေးတယ်လေ
. . .