NEW

စာမူကြမ်းလေး အကြွေးတင်နေတယ်(စာမူကြမ်းဖူးစာ) (One Short)

4
Your Rating
စာမူကြမ်းလေး အကြွေးတင်နေတယ်(စာမူကြမ်းဖူးစာ) (One Short) 4 (3)
11
Comments
2 Users bookmarked This

MM Title: စာမူကြမ်းလေး အကြွေးတင်နေတယ် (စာမူကြမ်းဖူးစာ) (One Shot)

English: You Owe Me Your Draft

Genre : Comedy Romance Shoujo

Tags : Office Romance Oneshot

Author : Li Mu Cuo 林无措

MM Translator : ChihiroLily

Status in COO:1 Chapter (Completed)

 

ငပျင်းဉာဏ်ကြီးရှင် အမျိုးသားစာရေးဆရာလေးနဲ့ အလုပ်ကြိုးစားတဲ့ အမျိုးသမီးအယ်ဒီတာတို့ကြားက အချစ်ပုံပြင်လေးတစ်ပုဒ်ပါ။ One Shot ဆိုသလို တကယ့်ကို တိုတိုလေးဆိုပေမဲ့ ရယ်စရာလေးနှောနေတဲ့ ချိုမြိန်ပြီး နွေးထွေးတဲ့ Short Story လေးပါ။

. . . . .

စာမူကစားလို့ရလို့လား  : မင်း ငါ့အိမ်ကို ထမင်းဘူး မှာပေးလိုက်တာလား။ ကျေးဇူး

လက်ရွေးစင်မျက်ကန်းမလေး : စာမူ!

စာမူကစားလို့ရလို့လား : နောက်တစ်ခါကျရင် အမဲသားကြွပ်ကြော်ခေါက်ဆွဲ မှာပေးနော်၊ ငါ အသီးအရွက်ချဥ်မကြိုက်ဘူး

လက်ရွေးစင်မျက်ကန်းမလေး : စာမူ!

စာမူကစားလို့ရလို့လား : ဪ မင်း ငါ့အတွက် အိမ်အကူတစ်ယောက်လောက် ငှားပေးလို့ရမလား၊ ငါ့အဝတ်အစားတွေကို မျက်နှာသစ်တဲ့ ဘာလီပုံးထဲမှာ အလကားစိမ်ထားတုန်းပဲ

လက်ရွေးစင်မျက်ကန်းမလေး : စာမူ!

စာမူကစားလို့ရလို့လား : … ဒါက အော်တိုပြန်စာပဲ ဖြစ်ရမယ်၊ မင် ပြန်လာလို့ ဒီစာကိုတွေ့ရင် ငါ့အတွက် စက်ပြင်ဆရာတစ်ယောက်လည်း ခေါ်ပေးအုံး၊ အိမ်က ငါ့အဝတ်လျှော်စက် ပျက်နေတာကြာပြီ

လက်ရွေးစင်မျက်ကန်းမလေး : ရှင် နည်းနည်းလောက် ထပ်ပြီး အရှက်မဲ့နေလိုက်ပါလား၊ လုပ်လေ၊ လုပ်လေ၊ လုပ်လိုက်လေ၊ စာမူပေးစမ်း ဟဲ့လူရဲ့!

စာမူက စားလို့ရလို့လား : ဖုန်းလေးတစ်ကောလ်လောက်ခေါ်ရတာ ဘယ်လောက်များခက်တာကျလို့၊ ငါက ငါ့စာမူတွေကို ရေးဖို့ အာရုံစိုက်ဖို့လိုသေးတယ်လေ

. . .

Genre(s)
Tags(s)