Chapter 2

ရှောင်းယီစုဆိုဖာပေါ်ပြန်ထိုင်လိုက်သောအခါ ဝမ်ဖန်သည်အဝေးထိန်းခလုတ်ကိုလှမ်းနှိပ်ပြီးအခန်းမီးကိုဖွင့်လိုက်သည်
နောက်ဆုံးတွင် သူသည်Mr.ရှောင်း၏ပုံသဏ္ဍာန်ကို ရှင်းရှင်းလင်းလင်းမြင်နိုင်ခဲ့သည်
ရှောင်းယီစုသည် နက်ကတိုင်ကြိုးကိုဖြည်ကာ ကြမ်းပြင်ပေါ်သို့ပစ်ချလိုက်သည်..အင်္ကျီကြယ်သီးနှစ်လုံးကိုထပ်ဖြုတ်လိုက်သောအခါ သုံးရက်လောက်မအိပ်ရသေးသကဲ့သို့သူ့မျက်နှာမှာပင်ပန်းနွမ်းနယ်နေသည်
“ငါ သူ့ကိုအလုပ်မခိုင်းပါဘူး..အခုသူ မင်းကို ထပ်ခေါ်လိုက်တာလား”
ဝမ်ဖန်က သူရေခွက်ကိုလှမ်းယူလိုက်သည်
“မဟုတ်ပါဘူး..ငါအလုပ်ပြီးတော့ ဘာမှလုပ်စရာမရှိလို့ ကမ္ဘာကြီးကိုလှည့်ပတ်ကြည့်ဖို့ထွက်လာတာ”
ရှောင်းယီစုသည် သူ၏ ဟာသများကို နားထောင်ပြီးနောက် နဖူးကိုလက်နှစ်ချောင်းဖြင့် ပွတ်လိုက်သည်
“ဘယ်ကမ္ဘာကိုလှည့်ပတ်ကြည့်တာလဲ..မင်းသိထားပြီးသားတွေပဲမဟုတ်ဘူးလား..ဒီကို လာဖို့လိုလို့လား”
ဝမ်ဖန်သည် သူ့ပြောစကားများကို လျစ်လျူရှုကာ မတ်တတ်ရပ်လိုက်ပြီးနောက်သူကြမ်းပြင်ပေါ်ပစ်ချလိုက်သောလည်စည်းကို ကောက်ကိုင်လိုက်သည်
“ကျွန်တော် ခင်ဗျားကိုလာကြိုတာပါဗျ !!.ကျေနပ်ပြီလား Mr.ရှောင်း?”
ရှောင်းယီစုသည် ဝမ်ဖန်ထိုသို့ပြန်ပြောကို သဘောကျသောကြောင့် ဝမ်ဖန်ကိုငေးကြည့်ရင်းစိတ်ထဲကပြန်ပြောလိုက်သည်
‘ကျေနပ်တယ်’
လူငယ်သည် ရှပ်အင်္ကျီလက်အဖြူကိုအပေါ်သို့လိပ်တင်ထားသောကြောင့် သူ၏ဖြူဖွေးတင်းရင်းနေသော လက်မောင်းများကို ပေါ်လွင်စေသည်..ဘောင်းဘီတိုကိုလည်း သပ်သပ်ရပ်ရပ်ဝတ်ဆင်ထားသည်..သူ အပေါ်သို့မြှောက်လိုက်သောအခါတွင် သူ၏ခါးသည်ပျော့ပြောင်းသောလေးကွေးသဏ္ဍာန်ကဲ့သို့ လက်တစ်ဆုပ်စာမျှသာရှိပြီး ပိန်နေပုံရသည်
‘ပိန်တယ်..ဒီလောက်ပိန်တဲ့လူကို တစ်ခါမှမတွေ့ဖူးဘူး’
ဒီနေ့ သူ့ကုတင်ပေါ်ခုန်တက်ဖို့ စီစဉ်ထားသောအမျိုးသမီးများထက်ပင်ပိန်သေးသည်
ရှောင်းယီစုသည်မထိန်းနိုင်တော့ဘဲ
“မင်းက ကြောင်စာလောက်ပဲစားတာလား..ငါ မင်းကိုတစ်နေ့သုံးနပ်ဝနေအောင်ကျွေးရင်သုံးနှစ်အတွင်းမင်းပြည့်လာမှာသေချာတယ်..ငါမင်းကိုမကျွေးနိုင်ဘူးထင်လား ”
ဝမ်ဖန် သူ့ကို စိုက်ကြည့်လိုက်သည်
“ငါကို မင်းတို့လိုအစားကြီးတယ်ထင်လို့လား..ငါအဲ့လောက်စားချင်စိတ်မရှိဘူး”
ထို့နောက်နက်ကတိုင်ကြိုးကို ပစ်ပေးလိုက်သည်
“ဒါကို ပြန်ဝတ်လိုက်..ပြီးရင် မင်းရဲ့ကိစ္စတွေကိုအပြီးသတ်ပြီးအိမ်ပြန်အိပ်လိုက်တော့..သူတို့အလုပ်ပျက်သွားတဲ့အတွက် သူဌေးကသူ့ကိုလစာဖြတ်တော့မှာပဲ”
ရှောင်းယီစုသည် မကျေမနပ်နှင့်ကြိုးကိုယူလိုက်သည်
“ဘာလို့စိတ်ဆိုးနေတာလဲလို့ မမေးတော့ဘူးလား”
ရှောင်းယီစု၏အဖွားမှာ ရုရှားလူမျိုးဖြစ်ပြီး သူ့တွင် ရုရှားသွေး လေးပုံတစ်ပုံပါသည်.. သူ၏မျက်နှာအသွင်အပြင်သည် သူ့ဗီဇကြောင့် အခြားသူများထက် ပိုမိုနက်ရှိုင်းစွာ ပေါ်ထွက်နေပြီး သူ့မျက်လုံးများတွင် သံသယအရိပ်များအမြဲရှိနေတတ်သည်..နှစ်ပေါင်းများစွာ ရှောင်းမိသားစု၏ ဖိအားများကြောင့်ဖြစ်နိုင်သည်..သူ့မျက်ခုံးများသည် အဆက်မပြတ် မျက်မှောင်ကြုတ်ကာ ဒေါသကြီးသောအသွင်အပြင်ကိုဖြစ်ပေါ်စေသည်..သူ့လေသံအနည်းငယ်ပြောင်းသွားသောအခါတွင် သူသည်တစ်စုံတစ်ယောက်ကိုစိတ်တိုနေခြင်းဖြစ်ပြီး အခြားသူများကို ကြောက်ရွံ့တုန်လှုပ်စေသည်
သို့သော် ဝမ်ဖန်သည်အလွန်စိတ်ရှည်သည်းခံကာသူ၏ဦးဆောင်မှုကိုလိုက်နာခဲ့သည်
“အခုမေးဖို့ နောက်ကျနေပြီလား”
“တအားတော့နောက်မကျသေးဘူး”
“ဒါဆို ငါ့ကိုပြော..မင်းဘာလို့စိတ်မကြည်နေတာလဲ”
ရှောင်းယီစုသည် လက်ကို မြှောက်လိုက်ကာ ခဏရပ်သွားပြီးနောက် ဝမ်ဖန်အားရုတ်တရက်လှမ်းဆွဲလိုက်သည်
ဘာမှပြင်ဆင်ချိန်မရလိုက်သောဝမ်ဖန်သည် ရှောင်းယီစု၏ပေါင်ပေါ်ထိုင်မိလုနီးပါးဖြစ်သွားသောကြောင့် ရုတ်တရက်နှလုံးခုန်သွားတော့သည်
တခဏချင်းမှာပဲ ဆိုဖာနောက်ကျောကို အမြန်လှမ်းကိုင်လိုက်သည်
ထို့နောက်အသံမာမာဖြင့်ပြောလိုက်သည်
“မင်း ဘာလုပ်တာလဲ !!”
ရှောင်းယီစုသည်သူ့ကိုကြည့်လိုက်ကာ
“ဘာမှမဟုတ်ပါဘူး..မင်းနဲ့ပိုနီးနီးကပ်ကပ်နေချင်လို့”
ရှောင်းယီစုသည်straightစစ်စစ်..အထူးသဖြင့်လိင်တူချင်းအပြန်အလှန် ဆက်ဆံခြင်းကို အမြဲတမ်းရှုံ့ချတတ်သည်..ဝမ်ဖန်သည် လိင်တူနှစ်သက်ကြောင်းကိုမည်သူ့ကိုမျှမပြောပြခဲ့ဖူးသောကြောင့် ရှောင်းယီစုသည် ဝမ်ဖန်ကလိင်ကွဲကိုသာနှစ်သက်သည်ဟုယူဆခဲ့သည်.. ဝမ်ဖန်၏မျက်နှာသည် အလွန်နူးညံ့ဖြူစင်ကာ နမ်းချင်စရာကောင်းသည်ဟုရှောင်းယီစုထင်မိသည်..အမှန်တော့ ယခင်ကလည်းဝမ်ဖန်ကို သူနမ်းခဲ့ဖူးသည်
သို့သော် ရှောင်းယီစု၏လုပ်ရပ်ကဝမ်ဖန်ကိုတစ်ခုခုခံစားစေခဲ့သည်ကိုတော့သူ(ရှောင်းယီစု)မသိခဲ့ပေ
ဝမ်ဖန်းသည် အကြောင်းပြချက်မရှိဒေါသထွက်ကာ သူ့ပခုံးပေါ်လက်တင်လိုက်ရင်း
“ဒီအသက်အရွယ်မှာ မင်းစရိုက်အဲ့လောက်မဆိုးသေးဘူး ပြင်လို့ရသေးတယ်နော်”
ရှောင်းယီစုသည်စိတ်အခြေအနေပြန်ကောင်းလာကာ ခပ်ဟဟရယ်လိုက်ပြီး သူ့ပခုံးကို ပွေ့ဖက်ကာ နောက်ဆုပ်၍ထိုင်လိုက်သည်
“မင်းက ဘာလို့မယားငယ်ပုံစံပေါက်နေရတာလဲ”
ဝမ်ဖန်သည် သူ၏သေးသွယ်ရှည်လျားသောခြေထောက်များကို ကန်ပစ်လိုက်သည်
ထို့နောက် သူ့ကိုလျစ်လျူရှုလိုက်တော့သည်
နှစ်ယောက်သား ပျော့ပျောင်းသော ဆိုဖာပေါ်တွင် ခဏထိုင်ကာ သူတို့ကြားတွင် တိတ်တဆိတ် နားလည်မှုယူနေကြသည်
“မင်း ဘာဖြစ်လို့လဲ?”
ဝမ်ဖန်ကမေးလိုက်သည်
“မင်းဘယ်တော့လက်ထပ်ဖို့အစီအစဉ်ရှိလဲ”
ဝမ်ဖန်သည် ဤမေးခွန်းအတွက် ခဏမျှတုံ့ဆိုင်းသွားကာ
“ခါတိုင်းလိုပဲပေါ့..အိမ်ကတော့ငါ့ကိုခနခနဖုန်းဆက်ပြီးလက်ထပ်ဖို့ပြောနေကြတုန်းပဲ..မင်းရော ဘယ်လိုလဲ..ဦးလေးရော အဒေါ်ရော မင်းကိုထပ်ပြီးတိုက်တွန်းနေကြပြန်ပြီလား”
ရှောင်းယီစုသည် ဤအကြောင်းအရာကိုသူအရင်စပြောသော်လည်း..ထိုစကားကိုကြားသည်နှင့်စိတ်မကြည်တော့ချေ..သူ့အိတ်ကပ်ထဲက စီးကရက်တစ်လိပ်ကိုယူပြီးမီးညှိဖို့ပြင်လိုက်သော်လည်း ဝမ်ဖန်ကကြားဖြတ်ယူသွားခဲ့သည်
“ဆေးလိပ်လျှော့သောက် !!”
လူငယ်သည်စီးကရက်ကိုယူလိုက်ပြီးရှောင်းယီစုကိုစိတ်ဖြေခိုင်းလိုက်သည်
ရှောင်းယီစုကစိတ်ညစ်ညစ်နှင့်ပြောလိုက်သည်
“ငါစိတ်ညစ်တယ်ဆိုတာထက်..ဒီနေ့ငါ့အတွက်ပွဲကြီးတစ်ခုစီစဉ်ပေးတယ်”
ဝမ်ဖန်သည် ဘေးမှ ငြိမ်သက်စွာ နားထောင်ပြီး ဆယ်မိနစ်အကြာတွင် သူနားလည်သွားတော့သည်
ယနေ့ပွဲသည် ရှောင်းယီစု၏မိဘများက မီးထဲသို့ လောင်စာထည့်ခြင်း၏ရလဒ်ဖြစ်သည်.. ‘စု’မိသားစု၏အကြီးဆုံးသမီးသည် ရှောင်းယီစုကို သဘောကျနေပြီး မွေးနေ့ပါတီကို အကြောင်းပြ၍ သူ့အား ချစ်ကြည်ရေးပြလိုသောကြောင့် သူမသည်လူအများရှေ့တွင်သူ့ကိုကမ်းလှမ်းခဲ့သည်
Mr.ရှောင်းသည်ထိုအမျိုးသမီးကို ခံစားချက်မရှိဘူးဟု ရှင်းရှင်းလင်းလင်းပြောပြခဲ့သော်လည်း မိဘများကထပ်ပြီး လှုံ့ဆော်ပေးခဲ့သည်..နားလည်ပါတယ်..အဖေနဲ့အမေသည် သူ့အိမ်ထောင်ရေးနှင့်ပတ်သက်၍နှစ်အတော်ကြာစိတ်ပူနေခဲ့ကြပြီး သူနိုင်ငံခြားတွင်ရှိနေစဉ်ကတည်းက သူ့အတွက်လက်တွဲဖော်စီစဉ်ပေးခြင်းကိုအမြဲလိုလိုလုပ်ခဲ့ကြသည်
သူ့လက်တွဲဖော်သည် မည်သူဖြစ်မည်ဆိုတာကိုတော့အခုထိမသိကြသေးပေ..Mr.ရှောင်းတွင်ရွေးချယ်စရာအမျိုးသမီးသည် စုမိသားစုမှမဟုတ်..လီမိသားစု.ကျောင်းမိသားစုနှင့်အခြားအမျိုးသမီးများစွာရှိသည်
ဝမ်းဖန် – “ဒါဆို မင်းဘယ်လိုထင်လဲ”
ရှောင်းယီစု -“ငါ?”
ရှောင်းယီစုသည်စိတ်ထဲမှာသာ တွေးနေပြီး သူ့ကိုဘာမှပြန်မပြောခဲ့ပေ..ထို့ပြင် နူးညံ့ပြီး စိတ်ဝင်စားစရာကောင်းသောအရုပ်လေးနှင့်ကစားနေသကဲ့သို့ ဝမ်ဖန်၏နားရွက်ကိုညင်ညင်သာသာကစားနေခဲ့သည်
ဝမ်ဖန်သည် သူ့ကိုစိုက်ကြည့်ကာ သူ့လက်ကို လှမ်းဆွဲလိုက်သည်..ထို့နောက်ပြောလိုက်သည်
“မင်းလက်ထပ်မှရမယ်လို့ ငါထင်တယ်”
“ငါလက်ထပ်ရင် သူတို့က ငါ့ကို တစ်ချိန်လုံး အနှောင့်အယှက်ပေးတော့မှာ..Mrs.စု မှမဟုတ်ဘူး တခြားဘယ်သူပဲဖြစ်ဖြစ် အတူတူပဲ”
ဒါကိုတော့ ဝမ်ဖန်လည်းသိသည်
“ဖန်ဖန်..အဲ့လိုဆိုရင်တောင် ငါလက်ထပ်ရမှာလား”
ဝမ်ဖန်က ခေါင်းညိတ်လိုက်သည်
ရှောင်းယီစုသည်လက်မထပ်ရသေးသောကြောင့် သူလူရွေးမှားမှာကြောက်မှန်းဝမ်ဖန်ကောင်းကောင်းသိသည်
သူသည်သူငယ်ချင်းတစ်ဦးအနေဖြင့် ရှောင်းယီစုကိုအသင့်တော်ဆုံးအကြံတစ်ခုပေးခဲ့သည်
“ယခုချိန်ထိ မင်းကြိုက်တဲ့သူတစ်ယောက်မှလည်းမတွေ့သေးဘူး..စီးပွားရေးအရတစ်ယောက်ယောက်နဲ့ပူးပေါင်းဖို့လည်းစိတ်ကူးမရှိဘူးဆိုရင်တော့ အမျိုးသမီးတစ်ယောက်ကိုရှာပြီးစာချုပ်သက်တမ်းနဲ့လက်ထပ်လိုက်တာအကောင်းဆုံးဖြစ်လိမ့်မယ်.. မင်းလိုပဲ သူမ.လိုချင်တာပေးပြီးတော့သဘောတူညီချက်တွေနဲ့လက်ထပ်လိုက်ပေါ့..ဒါဆိုမင်းတို့နှစ်ယောက်လုံးအတွက်မျှတလိမ့်မယ်”
ရှောင်းယီစုအံ့သြသွားမိသည်
သဘောတူညီမှုစာချုပ်နဲ့သက်တမ်းပါတဲ့လက်ထပ်ခြင်းလား..