Chapter 2
တောသူအချစ် အပိုင်း(၂)
ခါးတမာ တဲ့လား နာမည်လေးကချစ်စရာလေး ကိုယ့်ထက်တော့ ငယ်မယ်ထင်တယ် ကလေးရယ် မင်းသိပ်ချစ်စရာကောင်းတာပဲ မင်းကိုကိုယ်မြင်မြင်ချင်းချစ်မိသွားပြီထင်တယ် ။ ရှိုင်းမာန် ဆိုတဲ့သူက ငယ်ငယ်ရွယ်ရွယ်နဲ့အောင်မြင်နေတဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက် သူ့ဘေးမှာ အချောအလှမိန်းကလေးတွေဝိုင်းဝိုင်းလည်နေတာတောင် စိတ်မဝင်စားတဲ့သူ ။
အမေဖြစ်သူက မိန်းကလေးတိုင်းနဲ့ တွေ့ပေးလဲ သူစိတ်မဝင်စား ခါးတမာနဲ့ကျမှ သူ့နှလုံးသားအရည်ပျော်သွားတော့တယ် ။ မင်းသိပ်ကိုတော်တယ်ချာတိတ် ကိုယ်စိတ်ဝင်စားအောင် မင်းလုပ်နိုင်တယ်..။
အခန်းထဲ ရောက်ရောက်ချင်း အဝတ်စားမလဲသေးဘဲ တမာ့အကြောင်းကို ရှိုင်းမာန်တွေးနေမိသည်။ ဘာလို့လဲ သူ့နှလုံးသားကိုချက်ချင်းဖမ်းစားနိုင်ခဲ့လို့လား…။ ဒီအဖြေကိုသူသာသိပေမယ့် သူမလေးကိုသူမြင်မြင်ချင်း ချစ်သွားတာကိုဝန်ခံမိသည်။
•••••••••
တမာ နိုးတာနဲ့ မျက်နှာသစ်ပြီး အောက်ဆင်းလာခဲ့သည်။မီးဖိုချောင်ထဲဝင်ပြီးကြီးကြီးနားသွားကာ
“ကြီးကြီး သမီး ဘာကူလုပ်ပေးရမလဲ ”
ဒေါ်ရွှေကြင်တစ်ယောက် တမာ့အသံကြားတော့ လှည့်ကြည့်လိုက်ပြီး
“နိုးပြီလား သမီး.”
“ဟုတ်နိုးပြီ ကြီးကြီး သမီးချက်ပေးမယ်လေ ဒီအိမ်ကလူတွေဘာကြိုက်တတ်လဲ သမီးကိုပြောပြနော်.”
ဒေါ်ရွှင်ကြင် တမာ့ ကိုဖြစ်ပါ့မလားဆိုတဲ့ ပုံစံနဲ့ကြည့်ပြီး
“သမီးက ချက်တက်လို့လား.”
ဆိုပြီး မေးလိုက်ရာ တမာက သူ့ကိုမယုံသလိုအမေးကြောင့် ပြန်ဖြေလိုက်သည်။
“ချက်တက်တာပေါ့ ကြီးကြီးရဲ့ အိမ်မှာလည်းသမီးချက်နေကျပဲ .”
ထိုအခါမှ ကြီးကြီးက ဘာမှမမေးတော့ပဲ
“ဒါဆိုချက်တော့ သမီး..ကြီးကြီး လုပ်စရာရှိတာလေး သွားလုပ်လိုက်ဦးမယ်”
တမာ ကြီးကြီးကိုရယ်ပြပြီး
“ဟုတ်ကဲ့ဲကြီးကြီး” လို့ပြောလိုက်သည်။
@@@@@@@@@
အားလုံးပြီးစီးသွားတော့ မနက်စာစားရန် အန်တီက ထမင်းစားခန်းထဲ ဝင်လာသည်။
ဒေါ်နီလာခင် သားမလာသေးတာကြောင့် ဒေါ်ကြင့်ကို ခေါ်ခိုင်းလိုက်သည်။
“မကြင် သားကိုခေါ်ပေးပါဦး ထမင်းစားရအောင်.”
“ဟုတ်”
ဆိုပြီး ပြောကာ.ဒေါ်ရွှေကြင် သူမအားတာကြောင့့် မီးဖိုချောင်ထဲဝင်လာပြီး တမာ့နားသွားကာ..
“သမီး မမကြီးက သူ့သားကိုသွားခေါ်ခိုင်းတာ ကြီးကြီးမအားလို့ သမီးသွားခေါ်လိုက်နော်”
တမာ မခေါ်ရဲတာကြောင့် ကြီးကြီးကို
“ဖြစ်ပါ့မလား” ဆိုပြီးမေးလိုက်သည်။
“ဖြစ်ပါတယ် ကြီးကြီးမအားလို့ လို့ပြောလိုက်မယ် ဟုတ်ပြီလား သွားခေါ်လိုက်တော့ တော်ကြာပြောနေလိမ့်မယ် ”
တမာလည်း ထပ်ထွန့်မတတ်တော့ပဲ ခေါင်းငြိမ့်ကာ
“ဟုတ်ကဲ့ ကြီးကြီး ဒါဆို တမာသွားတော့မယ်နော်”
“အေး သမီး”
တမာလည်း ကြီးကြီးကိုပြောပြီး အပေါ်ထပ်သို့တက်လာခဲ့သည်။
အခန်းရှေ့ရောက်တော့ တံခါးခေါက်လိုက်တယ်
“ဒေါက်….ဒေါက်…ဒေါက်…ဒေါက်´´
ရှိုင်း အခန်းရှေ့က တံခါးခေါက်သံကြားတော့ အသံပြုလိုက်သည်။
“ဘယ်သူလဲ”
“တမာပါ အစ်ကိုလေး ထမင်းစားဖို့ခေါ်ခိုင်းလိုက်လို့ လာခေါ်တာ.သွားတော့မယ်နော်”
တမာလည်း ပြောပြီးတာနဲ့ ချက်ချင်းလှည့့်ထွက်သွားဖို့ပြင်တုန်း
“နေဦး ငါ့ကို အင်္ကျီလေးကူရွေးပေးသွားဦး”
အခန်းထဲကအသံကြောင့့်တမာအံ့ဩသွားသည်။
“ရှင်…..!´´
ရှိုင်း အခန်းရှေ့က ကောင်မလေးရဲ့အသံကြောင့်တံခါးဖွင့်လိုက်ပြီး
“ဘာဖြစ်တာလဲ…အင်္ကျီလေးရွေးခိုင်းတာကို….ကမ္ဘာပျက်မတက်ဖြစ်သွားတာ..”
အပေါ်ပိုင်းကအင်္ကျီမပါတာကြောင့် တောင့်တင်းကာအမွှေးလေးတွေနဲ့ရင်အုပ်ကျယ်ကြီးကို တမာ့တွေ့ပြီးရှက်ကာ မျက်နှာကိုအောက်သို့ ငုံ့ချထားလိုက်သည်။ စိတ်ထဲတွင်တော့.. ရှက်လိုက်တာနော် ဒီပုံစံနဲ့အင်္ကျီရွေးခိုင်းရတယ်လို့ ယောကျာ်းလေးတစ်ယောက်နေတဲ့ အခန်းထဲကိုမိန်းကလေးတစ်ယောက်ကအင်္ကျီဝင်ရွေးပေးဖို့ သင့်တော်ပါ့မလား မစဉ်းစားဘူးထင်တယ် လူကြီးဖြစ်ပြီးတော့ဦးနှောက်မရှိဘူး
“ဟေ့…မင်း ဘာစဉ်းစားနေတာလဲ….အင်္ကျီလေးပဲရွေးခိုင်းတာပါကွာ….မင်းကို ကိုက်မစားပါဘူး တကယ်ပဲ စျေးကိုင်နေတာ”
“စျေးကိုင်တာမဟုတ်ပါဘူး.. အစ်ကိုလေး.. မသင့်တော်လို့ပါ”
တမာခေါင်းငုံ့ထားရင်း ဖြေလိုက်သည်။ သူမှမော့မကြည့်ရဲဘဲ..။
“သင့်တော်တာတွေ မတော်တာတွေငါမသ်ိချင်ဘူး..ငါခိုင်းရင်လုပ်ပေး….”
“ဟို..အစ်ကိုလေး…တမာအောက်မှာလုပ်စရာ”
တမာ့ စကားတောင်မဆုံးသေးဘူး ကြားကနေဖြတ်ပြောကာ
“နောက်မှလုပ်…”
ဆိုပြီး အခန်းရှေ့မှာရပ်နေတဲ့ တမာ့ လက်ကိုဆွဲကာအခန်းထဲအဝင် တမာခြေခေါက်ပြီး သူ့ရင်ခွင်ထဲရောက်သွားလေသည်
ထိုအချိန် နှစ်ယောက်သား ခဏတာ အကြည့်ချင်းဆုံပြီး ရှိုင်း ထိုကောင်မလေးကိုကြည့်ရင်း ရင်တွေခုန်လာကာနှုတ်မှ
“ချစ်စရာလေး….”
ဆိုပြီး ပြောလိုက်မိတယ် ။ တမာ သူ့ကိုပြောတာကြောင့် အံ့ဩသွားသည်။
“ရှင်….!´´
နဂိုကမှရှက်နေရာ အခု သူ့ရင်ခွင်ထဲရောက်သွားတော့ ပိုရှက်နေပါတယ်ဆို ဒီလိုပြောလိုက်တော့ တမာ့မျက်နှာ ပန်းရောင်ကနေ နှင်းဆီခင်းသဖွယ်ဖြစ်သွားလေသည်။တစ်ဆက်ထဲမှာပဲ ငါနားကြားများလွဲသွားတာလားလို့ တွေးပြီး ကြီးကြီးပြောတဲ့ စကားတွေကိုအမှတ်ရသွားကာ အစ်ကိုလေးလက်ထဲမှရုန်းလိုက်သည်။
“အစ်ကိုလေး…လွှတ်တော့လေ…”
ရှိုင်း လည်း သူမလေရှက်နေမှန်းသိတော့လွှတ်ပေးလိုက်ပါသည်။
ရှိုင်း လက်မှလွှတ်ပေးလိုက်သည်နှင့် ထောင်ခြောက်မှလွတ်သည့် ယုန်သူငယ်အလားသူမလေး ဆင်းပြေးသွားပါတော့တယ်။
ထိုပုံစံလေးကိုကြည့်ရင်း ရှိုင်းသဘောကျကာစိတ်ထဲမှ …^မင်းသိပ်ချစ်ဖို့ကောင်းတာပဲ ^
သူမလေးဒီနေ့ တကယ်ချစ်ဖို့ကောင်းပါတယ် တောသူဆိုပေမယ့် သူမလေးကအသားမညိုပဲ ဝါညက်ညက်လေးနဲ့ ခါးလောက်ရှိတဲ့ဆံပင်လေးကို ဆံကျစ်နှစ်ဖက်ခွဲကျစ်ထားပြီး သနပ်ခါးရေကျဲလေးလိမ်းထားတာက သူ့ နားမှာဝိုင်းဝိုင်းလည်နေတဲ့ ရောင်စုံကာလာခြယ်ထားတဲ့ မိန်းကလေးတွေထက်စာရင် သူမလေးက သူ့အတွက်တော့ ရိုးသားဖြူစင်ပြီး အပြစ်ကင်းတယ် သူ့ရင်ခွင်ထဲရောက်လာတဲ့ခဏမှာပဲ သူ့ရင်တွေအလိုက်မသိ ခုန်ပေါက်နေတယ် သူမလေးကတော့ ရှက်သွားလေရဲ့။ သူ့ရင်မှာသာ ရင်ခုန်သံတွေဝုန်းဒိုင်းကြဲနေတာ သူမလေးသိသွားမှာတောင်စိုးရိမ်မိတယ်..။ ဒါပေမဲ့ သူမလေးသိမှာမဟုတ်လောက်ဘူး..။
^ချာတိတ်ရယ် မင်း သိပ်ကိုရိုးသားပြီး အပြစ်ကင်းစင်တဲ့ အဖြူရောင်လေးသက်သက်ပါ ကိုယ့်ဘက်ကသာ အရောင်တွေနဲ့ မင်းလေးရိပ်မိသွားမှာ စိုးမိတယ်^
#######
တမာ မီးဖိုချောင်ထဲတွင် စဉ်းစားခန်းဝင်နေသည်။
“သမီး…တမာ…ဟဲ့…သမီး”
တမာ အတွေးထဲမြောနေတာ ကြီးကြီးခေါ်တာမကြားမိ။ နောက်မှ သတိဝင်လာပြီးဘေးနားမှာရပ်နေတဲ့ ကြီးကြီး ကိုကြည့်ကာ..
“ရှင်…ကြီးကြီး ဘာဖြစ်လိုလဲ တမာဘာလုပ်ပေးရမလဲ”
“ဘာမှလုပ်ပေးစရာမရှိဘူး…ကြီးကြီးခေါ်နေတာကြာလှပြီ ဘာတွေတွေးနေလို့မကြားတာလဲ….”
“ဘာမှမတွေးပါဘူး ကြီးကြီးရဲ့…တမာ့ မေမေ့ကို သတိရသွားလို့ပါ”
တမာ ကြီးကြီးကို လိမ်လိုက်မိသည် အမှန်တိုင်းပြောလို့ဖြစ်တဲ့ဟာမှမဟုတ်ဘဲ..။ ကြီးကြီးသိသွားရင် တမာသေချာပေါက်ပြောခံရမှာ
“ဟုတ်ပါပြီ သမီးရယ် သိပ်လဲခံစားမနေနဲ့တော့….အခုကြီးကြီးနဲ့ စျေးလိုက်မှာလား အိမ်မှာ ဟင်းချက်စရာသိပ်မကျန်တော့လို့. .နောက်ရက်အတွက် တစ်ခါထဲဝယ်ရအောင် စျေးသွားမလို့”
“ဟုတ်….ကြီးကြီး.တမာ လိုက်မယ်”
“အင်း…ဒါဆို သွားမယ် လာ”
####
“ဟို ကောင်လေးလဲ ခုထိမလာသေးဘူး စောင့်နေတာကြာလှပြီ သွားခေါ်ဦးမှ”
ဒေါ်နီလာခင် ရှိုင်းကို ပြောစရာရှိ၍စောင့်နေတာ ကြာတော့ စိတ်မရှည်သဖြင့်သွားခေါ်ရာ ရှိုင်းနှင့် လှေကားထိပ်မှာ ဆုံလေသည်
“ဪ!…သားဆင်းလာပြီလား….မေမေအခုပဲ သားကိုလာခေါ်တော့မလို့”
” မေမေ သားကို ဘာပြောစရာရှိလို့လဲ”
“လာ…သားမနက်စာ စားရင်းနဲ့ပြောမယ်”
မေမေ ငါ့ကိုယ်ဘာပြောဦးမလဲမသိဘူး ဧကန်န မိန်းကလေးကိစ္စပဲနေမှာ သက်ပြင်းတချက် မသိမသာခိုးရှိုက်ရင်း
ရှိုင်းစိတ်ထဲက တွေးလိုက်မိသည်။ သည်လိုတွေစလာပြီဆို ကတည်းက သူ့အမေမှာပြောစရာ ဒီတစ်ခုထဲဆိုတာကို သိလိုက်ရတော့စိတ်ထဲ မသက်သာပေမယ့်…နားထောင်ပေးရုံကလွဲ သူဘာတက်နိုင်မလဲ..။
“သား..ထိုင်”
ရှိုင်းလည်း ထိုင်လိုက်ပြီး စကားစလိုက်သည်။
“မေမေ. သားကိုပြောစရာရှိတယ်ဆို ပြောလေ”
“သား ဒီနေ့ ဘယ်သွားစရာရှိသေးလဲ”
“ဘယ်မှသွားစရာမရှိပါဘူး….အစည်းဝေးတော့ရှိတယ် မေမေ”
“အစည်းဝေးက ဘယ်ချိန်လောက်လဲသား ”
“အဲ့တာတော့သားလဲမသိသေးဘူး…ဘာဖြစ်လို့လဲ”
“အဲ့တာဆိုသား အစည်းဝေးပြီးရင် သမီးနှင်းဆီလေးနဲ့ သွားတွေ့ပါလား”
နှင်းဆီဆိုတာက ကိုမိုးသောက်နဲ့ မမေမိုးကလျာတို့ရဲ့သမီးလေးပါ ကိုမိုးသောက်က ခင့်ယောကျာ်း ကိုရှိုင်းတမန်ရဲ့သူငယ်ချင်း အဆက်သွယ်ပြတ်သွားတာကြာပြီ ဟိုတလောကမှ မထင်မှတ်ပဲပြန်တွေ့ကာ ကိုတမန်ဆုံးတဲ့ကိစ္စပြောရင်း ကိုမိုးသောက်နဲ့ ကိုတမန်တို့ကလေးတွေငယ်ငယ်တုန်းက ကြီးလာရင်ပေးစားမယ်ဆိုတဲ့ ကတိတွေထားခဲ့ကြတာကိုသတိရပြီး ကိုယ့့်သားကလဲ ချစ်သူမရှိသေး သူ့သမီးကလဲယောကျာ်းတွေနဲ့ကင်းတော့ စကားစပ်ရင်း လူကြီးချင်း ပြောခဲ့ကြတာဖြစ်သည်။
“ဟာ…ဘယ်က နှင်းဆီလဲမေမေရာ မေမေ့ကို သားပြောပြီးပြီလေ နောက်အဲ့လိုတွေမလုပ်ပါနဲ့တော့လို့”
မေမေ့ကို ပြောနေပေမယ့်ရှိုင်းစိတ်ထဲကတော့စိတ်ပူကာ စကားဆိုနေမိသည်။
ကလေးရယ် ကိုယ်ထင်တဲ့အတိုင်းပဲ ကိုယ့်မေမေကတော့ဇာတ်လမ်းစပြီ
“သားရယ် သမီးလေးနှင်းဆီကို တွေ့ကြည့်ပါနော် နောက်ဆုံးပဲဟုတ်ပြီလား ”
“မတွေ့ချင်ပါဘူး မေမေရာ သားကိစ္စ သားဘာသား လုပ်လို့မရဘူးလား အချစ်မပါဘဲ အိမ်ထောင်ရေးမတည်ဆောက်ချင်ဘူး”
ဒေါ်နီလာခင် သားဖြစ်သူရဲ့နှုတ်ကထွက်လာတဲ့ အချစ်ဆိုတာကြောင့် ဒေါသထွက်သွားသည်။
“အချစ်တွေ ဘာတွေ ပြောရအောင် မင်းမှာ ချစ်သူရှိလို့လား ရှိုင်းမာန်”
မေးနေပြီ။ သူဘယ်လိုဖြေရမလဲ..။ သူ့မှာဖြေစရာ အဖြေမှအသင့်မရှိသေးပဲ…။ စိတ်ထဲကတော့တိုးတိတ်စွာ ပြောဆိုလိုက်တယ်။ မင်းကို ကိုယ်မြင်မြင်ချင်းချစ်ခဲ့မိတာ ကိုယ်ဘယ်လိုပြောရမလဲ ချာတိတ် ကိုယ်ပြောလိုက်ရင်လဲ မေမေကစိတ်ဆိုးပြီးသဘောတူမှာမဟုတ်ဘူး မင်းကကိုယ့်အိမ်က အလုပ်သမားဖြစ်နေတော့ ကိုယ့်မေမေက အဆင့်တန်းခွဲခြားတာနဲ့ပိုဆိုးပြီပေါ့ ကိုယ်ဘယ်လိုလုပ်ရမလဲ
“သား…မေမေ မေးနေတယ်လေ ချစ်သူရှိလားလို့ ရှိရင်လဲခေါ်ခဲ့ မျိုးရိုးကဘာလဲ အဆင့်တန်းရော”
မေမေနှုတ်မှ အဆင့်တန်းဆိုတာတွေကိုသူမလိုလား အချစ်တစ်ခုမှာအဆင့့်တန်းတွေကလိုမှမလိုဘဲ..။
“ကျစ်.!.မေမေရာ ဘာတွေမေးနေတာလဲ အဲ့တာတွေက ဘာလုပ်လို့ရမှာလဲ”
“ဘာလုပ်လို့ရမှာလဲ ဟုတ်လား…”
ရှိုင်း မဖြေပဲနှုတ်ဆိတ်နေလိုက်သည်။
“အေး..ကိုယ့်အဆင့်တန်းလဲကိုယ်ပြန်ကြည့့်ဦး….ရှိုင်း မြန်မာနိုင်ငံမှာ အချမ်းသာဆုံးစာရင်းဝင် `SunShine´ လုပ်ငန်းစုရဲ့ တစ်ဦးတည်းသောသား ရှိုင်းမာန်ရဲ့မိန်းမက သူနဲ့အဆင့်တန်း သိပ်မတူရင်တောင် အဆင့့်ရှိပြီး ဂုဏ်ရှိရမယ် ငါဘာစကားမှ မကြားချင်ဘူး အစည်းဝေးပြီးရင်သာသမီးလေးနှင်းဆီနဲ့သွားတွေ့ ဒါပဲပြောမယ်”
SunShine လုပ်ငန်းက မြန်မာနိုင်ငံရဲ့ စီးပွားရေးလုပ်ငန်းတွေကို အများဆုံးပိုင်ဆိုင်ထားတာဖြစ်ပြီး အခုဆို စီးပွားရေးလုပ်ငန်းတွေက ကိုတမန်ရှိစဉ်ကထက် သားလက်ထက်မှာ ပို၍အောင်မြင်လာခဲ့သည်။ ဒါကိုသိရက်သားနဲ့ သူမသားကသူစီစဉ်ပေးတာကိုလက်မခံဘဲ ဘယ်မိန်းကလေးကိုစိတ်ဝင်စားနေလဲမသိဘူး ဘာပဲဖြစ်ဖြစ်သူရှေ့ကရွေးချယ်ပေးခဲ့တဲ့ မိန်းကလေးတွေထက်စာရင် သမီးလေးနှင်းဆီက သားနဲ့ပိုသင့်တော်မယ်လို့ထင်တယ်ဒါကိုသားဖြစ်သူက ငြင်းဆန်နေတာကို ဘယ်လိုပဲဖြစ်ဖြစ် သူမကတော့ ရအောင်စီစဉ်မှာပဲ
ရှိုင်း စိတ်ထဲကတော့
ဘယ်လိုလုပ်ရမလဲ?..။ အဲ့အဆင့်အတန်းတွေကို ဘယ်သူချမှတ်ခဲ့တာလဲ? လူလူချင်းအတူတူ ဘာလို့ခွဲခြားနေရတာလဲ? စိတ်ညစ်တယ်ကလေးရယ် မင်းနဲ့ကိုယ်ရဲ့ဇာတ်လမ်းက စတောင်မစရသေးဘူး အဆုံးသတ်ရတော့မယ်ထင်တယ် ဘာပဲဖြစ်ဖြစ်ကိုယ်ကတော့ ရှေ့ဆက်တိုးရမှာပဲ
••
`SunShine Company´
“ခင်ခင် အစ်ကိုလေးဘမရောက်သေးဘူးလား”
“ဟုတ်..မလာသေးဘူး ကိုဇင်”
ကိုဇင် ဆိုတာရှိုင်းမာန်တို့ ကုမ္ပဏီတွင်ရှိုင်းမာန်ရဲ့ အတွင်းရေးမှူးဖြစ်သည်
“အေး..အေး.”
`တူ…တူ…..တူ…..´
စကားပြောပြီးလှည့်အထွက် ဖုန်းလာတာကြောင့် ဇင်မင်းကိုင်လိုက်သည်။
“ဟယ်လို…..အစ်ကိုလေး”
“အေး….ဇင်မင်း ငါလာနေပြီ လမ်းမှာကားတွေပိတ်နေလို့…အစည်းဝေးတွက်လိုမယ့့်စာရွက်စာတမ်းတွေ စီစဉ်ထားလိုက်”
“ဟုတ်…အစ်ကိုလေး”
•••
ကားပါကင်တွင် ကားထိုးပြီး ရှိုင်း ကုမ္ပဏီထဲဝင်လာခဲ့သည်
” မင်္ဂလာပါ..ဆရာ”
“အင်း”
“ဪ.!.သန္တာ ဇင်မင်းကို စာရွက်စာတမ်းတွေယူပြီး ငါ့ရုံးခန်းထဲ လာခဲ့လို့ပြောလိုက်”
“ဟုတ်….ဆရာ”
“ရပြီ…သွားတော့”
••
“ကိုဇင်….”
“ဪ.!..သန္တာပြောလေ ဘာဖြစ်လို့လဲ”
“ဆရာက စာရွက်စာတမ်းယူပြီးရုံးခန်းထဲလာခဲ့ပါတဲ့”
“ဪ! အေးအေး….ကျေးဇူးပဲသန္တာ…ငါအခုပဲသွားလိုက်မယ်”
“ဟုတ်..ဒါဆို ကျွန်မသွားပြီနော်…လုပ်စရာရှိသေးလို့….”
“အင်း….”
••
“.အစ်ကိုလေး”
ရှိုင်း အသံကြောင့် မော့ကြည့်လိုက်သည်။
“ဪ!…ဇင်မင်းလာ စာရွက်စာတမ်းတွေပါလား”
“ဟုတ်…ပါတယ်အစ်ကိုလေး”
“အစည်းဝေး ဘယ်ချိန်စမှာလဲ”
“၁၀နာရီခွဲ စမှာအစ်ကိုလေး…”
“အေးးအေးး”
ဒူ….ဒူ…….ဒူ….
ဖုန်းသံကြောင့် ရှိုင်းစကားစကို ခဏရပ်လိုက်ပြီး ဖုန်းပြောဖို့ထလာခဲ့သည်။
“ခဏ..ငါဖုန်းလာနေလို့”
“ဟုတ်….အစ်ကိုလေး”
“ဟယ်လို..မေမေ”
“………”
“ဟုတ်ကဲ့ပါ မေမေ….သားသွားတွေ့လိုက်မယ်ဟုတ်ပြီလား”
“……….”
“စိတ်ချပါ မေမေရာသားမမေ့ပါဘူး”
“……..”
“ဟုတ်ကဲ့ မေမေ ကောင်းကောင်းမွန်မွန် ပြောမယ်ဟုတ်ပြီလား”
“……….”
” ဟုတ်ကဲ့ပါ….မေမေ…ဒါပဲဗျာ ကျွန်တော်အစည်းဝေးရှိသေးလို့”
“……..”
” မမေ့ပါဘူး မေမေ. ဒါပဲနော်…..ဟုတ်သားသိပါတယ်…..သွားလိုက်မယ်..ဟုတ်ပြီလား……ဒါပဲ မေမေ”
ရှိုင်း ဖုန်းပြောပြီးတာနဲ့ စာရင်းတွေသေချာပြန်စစ် Product အသစ်အတွက်စီစဉ်စရာရှိတာတွေကို အစည်းဝေးမစခင်လုပ်နေလိုက်သည်။အားလုံးပြီးစီးသွားတော့ နာရီကြည့်လိုက်ရာ ၁၀နာရီခွဲတော့မယ်.
“ဇင်မင်း သွားမယ်..”
“ဟုတ်ကဲ့ အစ်ကိုလေး”
Meeting Room
“အားလုံးပဲ စုံပြီဆို အစည်းဝေးစလိုက်ရအောင်”
%%%%%%%%%
Coffeeဆိုင်မှာစောင့်နေတဲ့ နှင်းဆီမေတစ်ယောက် တော်တော်ဒေါသထွက်နေပါသည်။ ယောကျာ်းလေးဘက်က ကမ်းလှမ်းထားပြီး ခုထိမလာသေးတော့ စိတ်တွေတိုနေတာပါ ။ ဖေဖေ မေမေတို့ကလည်းဒီသမီးလေးတစ်ယောက်ပါတာ အိမ်ထောင်ချပေးချင်နေပြီ ။ သူ့အထက်က သူမအစ်ကိုထက်အာဏာကို အရင်အိမ်ထောင် ချမပေးဘဲ။ အငယ်ဖြစ်တဲ့သူမကို အရင်စီစဉ်ပေးတော့ စိတ်ဆိုးနေတာလဲပါမည်။ အလုပ်လေးနားပြီးမြန်မာပြည် အလည်လာပါတယ်ဆို အိမ်ထောင်ချပေးဖို့စီစဉ်နေပြီ။ အစကတည်းကမလာခဲ့ရင်ကောင်းသား ခုမှနောင်တရမိတယ်။
လာလို့ကတော့ ပစ်ပစ်ခါခါပြောပြီးတော့ကိုငြင်းဦးမှာ ။
••••••••••••••
တမာတို့ကိုပြန်ပြီးဖတ်ရှုပေးတဲ့အတွက် စာဖတ်သူတွေကို ကိုယ်ကျေးဇူးတင်ပါတယ်