chapter 0
”Abyss” ဆိုတာmale leadကိုအလေးပေးတဲ့ခေတ်သစ်စိတ်ကူးယဥ်ဇာတ်လမ်းတစ်ပုဒ် လွန်ခဲ့တဲ့ဆယ်နှစ်ကထုတ်ဝေခဲ့တာ
ဝတ္ထုရဲ့အဓိကဇာတ်ကောင်က တစ်နေ့ပြီးတစ်နေ့အချိန်ပိုင်းအလုပ်တွေနဲ့ရှင်သန်နေ ရတဲ့ဆင်းရဲတယ့်ကောင်လေး ဒါပေမယ့်တစ်နေ့မှာ သူ့ရဲ့စွမ်းရည်တွေကိုမတော်တဆနိုးထ ရရှိလာခဲ့ပြီး guide တစ်ခုမှာရှိတယ့်စွမ်းရည်ရှိတဲ့လူငယ်တွေကိုဦးဆောင်လာနိုင်တဲ့ သြဇာရှိတဲ့ဇာတ်ကောင်ဖြစ်လာခဲ့တယ်
အဓိကဇတ်ကောင်ကမိန်းကလေးတွေကိုကယ်ဆယ်ခဲ့တယ် အဲဒါဟာအဓိကဇာတ်ကောင်ရဲ့ပင်တိုင် အလုပ်တစ်ခုအဖြစ် စာရေးသူက ရေးသားထားပြီး တော့ ဇတ်ကောင်ရဲ့ထင်ရှားတဲ့စရိုက်ဖြစ်လာခဲ့တယ် ကယ်ခံရတဲ့လူတိုင်းကလည်းအဓိကဇာတ်ကောင်နဲ့ချစ်ကြိုက် မိသွားခဲ့ပြီးအဓိကဇာတ်ကောင်အတွက်ဆို အရာအားလုံးကိုပေးလာခဲ့ကြတယ်
”Abyss” ဆိုတဲ့ဝတ္ထုထဲမှာ အစကနေအဆုံးထိအဓိကဇာတ်ကောင်နဲ့ဆန့်ကျင်နေတဲ့ဇာတ်ကောင်
အဓိကဇာတ်ကောင်လိုSS rankရှိတယ့်ဗီလိန်ဇာတ်ကောင် Cheon Sa yeon
သူ့ရဲ့တစ်မူထူးခြားတဲ့နာမည်ကြောင့်မမေ့နိုင်တဲ့ဇာတ်ကောင်ဘဲ သူ့နာမည်ကိုကြည့်လိုက်ရင်မိန်းကလေးနဲ့တူတယ်ထင်ရပေမယ့် ကံမကောင်းစွာဘဲသူကယောကျာ်းတစ်ယောက်ဖြစ်နေတယ် သူ့ရဲ့နတ်သမီးနာမည် နဲ့တွဲဖက်လို့မရတဲကိုယ်ရည်ကိုယ်သွေးနဲ့ သန်မာတဲ့အမျိုးသားတစ်ယောက် ကြည့်ကောင်းတယ် ဖဒါပေမယ့် ရိုင်းစိုင်းပြီး မိမိကိုယ်ကိုယ်ဦးစားပေးတဲ့ ကိုယ်ရည်ကိုယ်သွေးရှိတယ့်သူ
အကျဥ်းချုပ်ရမယ်ဆိုရင်သူကအဓိကဇာတ်ကောင်အတွက် အကြီးဆုံးရန်သူနဲ့ပြိုင်ဖက်ဖြစ်ပြီး ဝတ္ထုတစ်လျှောက်လုံးမှာခလုတ်ကန်သင်းအတားအဆီးတစ်ခုဖြစ်တယ်
ပြီးတော့ Cheon Sa yeon မှာသူ့ဘက်မှာအမြဲရပ်တည်နေတယ့်သစ္စာရှိခွေးတစ်ကောင်ရှိခဲ့တယ် သစ္စာရှိခွေးဟာကိုယ့်ဟာကိုယ်အထင်ကြီးလေးစားစိတ်နိမ့်ပြီး ညံ့ဖျင်းတယ်ဆိုပေမယ့် သူ့ရဲ့စွမ်းရည်ကတော့အတော်အသုံးဝင်တယ်
ဒါကြောင့်သူကအမြဲ Cheon Sa yeonရဲ့အသုံးချတာကိုခံရတယ်
သစ္စာရှိခွေး Han Yi gyeol ဟာ ပထမဆုံး Cheon Sa yeon ရဲ့ဖမ်းချုပ်ခြင်းခံထားရတယ့် သူ့ရဲ့ညီမလေးကိုရဖို့ အနားမှာနေထိုင်ခဲ့တယ် နေတာကြာလာတာနဲ့အမျှ
Cheon Sa yeonကိုတဖြည်းဖြည်းချစ်လာခဲ့ပြီး နောက်ဆုံး Cheon Sa yeon ကိုယ်စားသေပေးခဲ့တယ်
”…..fuck”
ပြီးတော့ငါကအဲဒီဇာတ်ကောင်
Han Yi gyeolဖြစ်လာခဲ့တယ်