𝗖𝗵𝗮𝗻𝗡𝗼𝗼𝗻 (ချန်နွန်း)
(ဗြီတိသျှလက်အောက် ၁၉၂၀ခုနှစ်ဝန်းကျင်)
“ခင်ဗျားက အချစ်ကိုဘာထင်နေသလဲ နွန်းဆက်နိုင် တချို့လူတွေဟာချစ်တာကိုလွယ်လွယ်ပြောသလောက် အလုပ်နဲ့သက်သေပြဖို့တော့ တစ်လှည့်ပြီးတစ်လှည့်ငြင်းတယ် တစ်လှည့်ပြီးတစ်လှည် ဆင်ခြေပေးကြတယ်
ချစ်စခင်စမှာ အူလှိုက်သည်းလှိုက်ကြင်နာပြီးရင် နောင်မှာလူတစ်မျိုးပြောင်းသွားတတ်တယ် အချစ်ဆိုတာ အပြောလွယ်သလောက် အလုပ်နဲ့ပြဖို့ရာအင်မတန်ခက်တာ….. ပါးစပ်ကချစ်တယ်ပြောရုံကလေးနဲ့ ခင်ဗျားဆီကျုပ်ပါလာမယ်လို့ အဟုတ်ပဲ ထင်နေသလား ”
“ရော… ချစ်မိနေပြီထင်တယ်ပြောတာ ချစ်တယ်နဲ့တူမလား!!! အိပ်စမ်းပါမြို့အုပ်ရယ် ခင်များနောက်စေ့နဲ့ကြိတ်ထားတာ ကျုပ်လက်မောင်းအသားကြေတော့မယ်”