Their Substitute Marriage

3.7
Your Rating
Their Substitute Marriage 3.7 (3)
87
Comments
39 Users bookmarked This

ပေချင်းချင်းတစ်ယောက် ချမ်းသာတဲ့’ပေ’မိသားစုက သူ(မ)ကိုပြန်လာမခေါ်ခင်အထိ ၁၈ နှစ်ကျော်ကျော်လောက် ကိုယ့်ဝမ်းကိုယ်ကျောင်းခဲ့ရတယ်။သမီးအရင်းဆိုတဲ့သူ(မ)ရဲ့နေရာမှာ ‘ရိုးရိုးအေးအေးနဲ့ ချစ်စရာကောင်း’တဲ့ပေပေက  အစားထိုးခံထားရတာကိုသိလိုက်ရတယ်။

ပေပေအပေါ်ထားတဲ့ ပေမိသားစုရဲ့ချစ်ခြင်းမေတ္တာက သူတို့ရဲ့သမီးအရင်းအပေါ်ထားတဲ့ချစ်ခြင်းမေတ္တာနဲ့ ဘာမှနှိုင်းယှဥ်လို့မရဘူး။သူတို့က ပေပေကို ၁၈ နှစ်ကြာအောင်အလိုလိုက်ထားခဲ့ကြတယ်။

ပေချင်းချင်းရဲ့မွေးစားအမေနေမကောင်းတာကိုအသုံးချပြီး ပေမိသားစုက ပေပေအစား ကိုမာဝင်​နေတဲ့ချန်ကျားကျီကို လက်ထပ်ဖို့ သူ(မ)ကိုတွန်းအားပေးခဲ့တယ်။

အခုအချိန်မှာ ပေပေတစ်ယောက်တည်းကပဲ သူတို့အတွက်အရေးအကြီးဆုံးထင်ပါရဲ့။

အဲ့ဒီလိုနဲ့ပဲ ပေချင်းချင်းတစ်ယောက် နှစ်ပေါင်းများစွာကြာအောင်ကိုမာဝင်နေပြီး ပြန်နိုးလာဖို့အခွင့်အရေးမရှိတဲ့ ချန်ကျားကျီနဲ့လက်ထပ်လိုက်ရတယ်။အဲ့ဒီလိုလက်ထပ်လိုက်တာကြောင့် သူ(မ)မွေးစားအမေရဲ့ ဆေးရုံစရိတ်အတွက်  မင်္ဂလာစရိတ်အဖြစ် ယွမ်နှစ်သန်းရရှိခဲ့တယ် ။

သူ(မ)ဘဝတစ်လျှောက်လုံး မုဆိုးမအဖြစ်နဲ့နေရတော့မယ်လို့ထင်ထားခဲ့ပေမဲ့ သူတို့ရဲ့ ပထမဆုံးညမှာ မမျှော်လင့်တဲ့အနမ်းတစ်ခုက ချန်ကျားကျီကို သတိ​​​ပြန်ရလာ​​စေခဲ့တယ်။

ချန်မိသားစုကလူတွေအကုန်လုံး အဖိုးအဖွားတွေကအစ ဦးလေးတွေအဆုံး ပေချင်းချင်းအပေါ် ကျေးဇူးကြွေးတင်သွားကြတယ်။သူတို့အားလုံးက သူ(မ)ကို ဖူးဖူးမှုတ်အလိုလိုက်ပေးတယ်။အထူးသဖြင့် သတိပြန်ရလာတဲ့ သူ(မ)ရဲ့ခင်ပွန်းချန်ကျားကျီပဲ။ချန်မိသားစုက သူ(မ)မွေးစားအမေကိုလည်း ပိုပြီးကောင်းမွန်တဲ့ကုသမှုတွေစီစဥ်ပေးခဲ့တယ်။

ပေပေ့မျက်လုံးတွေက ဒေါသမီးတွေတောက်လောင်နေတယ်။သူ(မ)ကမှ ချန်ကျားကျီနဲ့စေ့စပ်ထားတဲ့သူ။ချန်ကျားကျီရဲ့ အဆုံးမရှိတဲ့ပိုင်ဆိုင်မှုတွေနဲ့ ချစ်ခြင်းမေတ္တာတွေက သူ(မ)ပိုင်တဲ့အရာတွေပဲ!

ဒါ့အပြင် ပေချင်းချင်းမှာ ကျန်းမာရေးပြဿနာတချို့ရှိတာမို့လို့ ကိုယ်ဝန်မရနိုင်ဘူး။ပေပေက အကောင်းဆုံးကြိုးစားပြီး ပေချင်းချင်းနေရာမှာအစားဝင်ဖို့အတွက် အစီအစဥ်ဆွဲလိုက်တယ်။

ဒါပေမဲ့ မြုံနေတယ်ဆိုပြီးကောလာဟလထွက်နေတဲ့ပေချင်းချင်းက လက်ထပ်ပြီး ၂ လအကြာမှာ ကိုယ်ဝန်ဆောင်လက္ခဏာပြလာတယ်။

သူ(မ)ကိုစွန့်ပစ်လိုက်ကြတဲ့ပေမိသားစုကတော့ အဖိုးတန်တဲ့အရာကိုလွှင့်ပစ်ခဲ့တာကြောင့် ပေချင်းချင်းရဲ့ဖိနပ်ကိုလျက်ဖို့တောင် ထိုက်တန်တော့မှာမဟုတ်ဘူး!

*****

Aurora Novel Translation Team

…..

Total Chapters – 120

Update Schedule – Mon to Thurs

Genre(s)
Tags(s)