A King Is Born On The Road

5
Your Rating
A King Is Born On The Road 5 (2)
171
Comments
18 Users bookmarked This

ရှင်ဘုရင်တစ်ပါးပေါ်ထွန်းလာခြင်း

ဇာတ်လမ်းအကျဉ်း
Type – Web Novel (KR)

Author – Lee Bora
Genre – Adventure, Drama, Fantasy, Romance

Translator – Galene

**********

အိုင်းရစ်လီပို။

သူက ပျက်သုဉ်းသွားတဲ့ တိုင်းပြည်တစ်ခုရဲ့ ဘုရင်မ။

သူ့ယောက်ျားရဲ့ ညီတစ်ဖြစ်လဲ သူ့ရဲ့အချစ်ဦးဖြစ်တဲ့ ဟေးယာက ဘုရင်ကတောင် ထွက်ပြေးသွားတဲ့ ပလ္လင်ပေါ်မှာ တစ်ယောက်တည်းထိုင်နေတဲ့ သူ့ဆီကို ရောက်လာခဲ့တယ်။

“မြောက်ဘက်ဂိတ်ကို ရှာနိုင်မလား”

လီပိုတွေဟာ သူတို့ခေါင်းထဲမှာ ကမ္ဘာကြီးရဲ့ မြေပုံကို မှတ်မိပြီးသားဖြစ်တာကြောင့် သဲကန္တာရအလယ်ခေါင်မှာ ရောက်နေရင်တောင် လမ်းကို ရှာနိုင်လိမ့်မယ်။

ထီးနန်းဆက်ခံရမယ့် အိုင်းရစ်က ခေါင်းညိတ်ပြလိုက်တယ်။

သူ ပြင်းထန်လှတဲ့ နှင်းမုန်တိုင်းကို ကျော်ဖြတ်ပြီး မြောက်ဘက်ဂိတ်ကို ဖြတ်ကျော်လာတဲ့ အချိန်မှာပဲ…

သူ သဘောပေါက်သွားမိတယ်။ လွန်ခဲ့တဲ့ ခြောက်နှစ်ကို ပြန်ရောက်လာခဲ့တာ။

“မြောက်ဘက်ဂိတ်အလွန်ကို ကျော်လို့ တစ်ခုခုပြောင်းလဲသွားခဲ့ရင် ကိုယ့်ကို နည်းနည်းမှ မချစ်ပါနဲ့”

သူ့အတွက် သေဆုံးခဲ့တဲ့ လူကို ကယ်တင်ဖို့ အခွင့်အရေးရခဲ့တာကို သူသိသွားတယ်။

“ငါ မလိုချင်တဲ့ အိမ်ထောင်ရေးကို ရှောင်ဖို့ ငါ့ကို ကူညီပေးမယ်လို့ ကတိပေးပါ”

အံ့အားသင့်စွာပဲ ဒုတိယအခွင့်အရေး ရခဲ့တယ်။

သူ့ရဲ့ ကံကြမ္မာကို ပြောင်းလဲဖို့ ဒီတစ်ခေါက်မှာတော့ သူ ဟေးယာဆီကို အရင်သွားခဲ့တယ်။

ဒီတစ်ခါမှာတော့ ဘုရင်ရဲ့ လောင်းရိပ်အောက်မှာ ဘုရင်မအဖြစ်နေမယ့်အစား ဘုရင်တစ်ပါးအဖြစ် သူ နေနိုင်ပါ့မလား။

**********
SWARA WEBNOVEL TRANSLATION

Genre(s)