Stuttering Bigboss’s White Moonlight (Completed)

5
Your Rating
Stuttering Bigboss’s White Moonlight (Completed) 5 (3)
358
Comments
45 Users bookmarked This

သူ(မ)နဲ့ကုမြောင်က အမည်ခံသက်သက်လက်ထပ်ထားကြတာလို့ ချန်ချူအမြဲထင်ခဲ့မိတယ်။လိုက်ဖက်တယ်လို့ထင်ရတဲ့ စီးပွားရေးအရလက်ထပ်ပွဲသဘောမျိုးပေါ့။အဲ့ဒီအတွေးတွေက ကားအက်ဆီးဒင့်ဖြစ်တဲ့အချိန်မှာ ကုမြောင်က သူ(မ)ကို အသက်အန္တရာယ်ကနေလုံခြုံအောင်ကာကွယ်ပေးခဲ့တဲ့အချိန်မတိုင်ခင်အထိပါပဲ။သူ့ဘဝရဲ့နောက်ဆုံးအခိုက်အတန့်မှာ ချန်ချူ သူ့ရဲ့ဝန်ခံစကားတွေကို ကြားလိုက်ရတယ်။

နောက်တစ်ကြိမ်ပြန်လည်နိုးထလာတဲ့အချိန်မှာ အထက်တန်းကျောင်းသူဘဝကို ချန်ချူ ပြန်ရောက်သွားခဲ့တယ်။သူ(မ)သိလိုက်ရတဲ့အချက်က အနာဂတ်မှာ စီးပွားရေးလုပ်ငန်းရှင်ကြီးတစ်ယောက်ဖြစ်လာမဲ့ သူ(မ)ခင်ပွန်းဖြစ်သူက အတန်းထဲက အထီးကျန်စိတ်ဝေဒနာခံစားနေရတဲ့ စကားထစ်တတ်တဲ့ကောင်လေးတစ်ယောက်ဆိုတာ။

သူ(မ) သူ့ကို အတတ်နိုင်ဆုံးကျေးဇူးပြန်ဆပ်ချင်မိတယ်။

*အထက်တန်းကျောင်းမှာဆိုရင် ချန်ချူက မြောက်မြားစွာသောယောက်ျားလေးတွေရဲ့အိပ်မက်နတ်သမီးလေးတစ်ပါး။ကုမြောင် ကတော့ သူက သူ(မ)နဲ့မထိုက်တန်ဘူးဆိုတာကိုနားလည်တဲ့အတွက် အမှောင်ထဲမှာသာပုန်းကွယ်နေခဲ့တယ်။ဒါပေမဲ့ သူ့ရင်ထဲကခံစားချက်တွေကတော့ ပေါင်းပင်တွေလို တစ်နေ့တစ်ခြားပိုပိုပြီးတိုးလာလေရဲ့။

ဒီခံစားချက်က ခါးသက်ပြီးမျှော်လင့်ချက်မဲ့တဲ့တိတ်တခိုးအချစ်လို့ပဲ သူထင်ထားခဲ့တာ။တစ်နေ့သောနေ့လည်ခင်းလေးမတိုင်ခင်အထိပေါ့။တောက်ပတဲ့နေရောင်ခြည်ကစာသင်ခန်းထဲအလင်းဖြာနေတဲ့အချိန် မိန်းကလေးတစ်ယောက်က သူ့စားပွဲခုံရှေ့မှာမတ်တတ်ရပ်ပြီး အပြုံးလေးတစ်ခုနဲ့မေးလာတယ်။ “နင် ငါနဲ့တစ်ခုံတည်း အတူတူထိုင်မလား။”*

**”မစ္စတာကုမြောင်၊ သင် မစ္စချန်ချူ ကိုလက်ထပ်လိုစိတ်ရှိပါသလား။သူ(မ) ဆင်းရဲသည်ဖြစ်စေ နာမကျန်းဖြစ်နေသည်ဖြစ်စေ မသန်စွမ်းဖြစ်နေသည်ဖြစ်စေ သေသည်အထိ သူ(မ)ကို သစ္စာရှိရှိချစ်မြတ်နိုးသွားနိုင်ပါသလား။” စင်မြင့်ပေါ်တွင်ရှိနေသော ပုပ်ရဟန်းမင်းကြီးကမေးလိုက်သည်။

သို့ပေမဲ့ သတို့သားကတော့ အချိန်အတန်ကြာသည်အထိ ပြန်ဖြေမလာခဲ့။

ဟိုတယ်ထဲတွင် အင်္ကျီတွေဆီမှပျံ့လွင့်လာသောမွှေးရနံ့များနှင့် လူရိပ်များက တစုတစည်းတည်းရှိနေကာ တလက်လက်တောက်ပနေသည့်သလင်းကျောက်မီးသီးများကလည်း မျက်စိကျိန်းစေလောက်သောအလင်းရောင်တွေ ရောင်ပြန်ဟပ်နေလေသည်။

မြို့တော်တစ်ခုလုံးတွင် ဩဇာအာဏာအသက်ရောက်ဆုံးဖြစ်သည့် ပုံမှန်အချိန်တွေမှာ ဘယ်သူ့ကိုမှဂရုမစိုက်ဘဲဆုံးဖြတ်ချက်ပြတ်သားသောမစ္စတာကုသည် အခုအချိန်မှာတော့ မျက်လုံးတွေနီရဲနေကာ စကားတစ်ခွန်းကိုပြောဖို့အတွက် အချိန်တွေအကြာကြီးယူခဲ့ရသည်။ “ကျ…ကျွန်တော်…ကျွန်တော် သစ္စာရှိရှိချစ်မြတ်နိုးသွားမှာပါ။”**

 

Total Chapter – 76

Update Schedule – Mon to Thurs

Genre(s)
Tags(s)