Chapter 2
“မရဏရထား”
မူရင်းစာရေးသူ – 江停
ဘာသာပြန်သူ – Kiiro
Chapter (2)
နှစ်လိုဖွယ်ကောင်းသည့်ကိုယ်လုံးကိုယ်ပေါက် ၊ ဝေဝေဝါးဝါးအလှတရား
*******
မီးရထားမယ်က ဓာတ်ဘူးကိုလဲလိုက်ချိန် ဝူဖုန့်ရုန်က သူ့အား နက်နဲစွာကြည့်နေသည်ကို တွေ့လိုက်ရ၏။
အခြေအနေက အန္တရာယ်များပြီး ကြောက်စရာကောင်းသည်ဟု တွေးမိသောကြောင့် သူ(မ) စကားပင်မပြောရဲဘဲ မျက်လုံးများကသာ ထိတ်လန့်မှုကို ပြနေသည်။
ဝူဖုန့်ရုန်တွေးနေသည်က လက်ဖက်ရည်ပူပူလေးတစ်ခွက်လောက် သောက်ဖို့ပင်။ သူဆေးလိပ်သောက်တာများသွားတာကြောင့် လည်ချောင်းက နာကျင်လို့နေသည်။ ဓာတ်ဘူးက ပြန်ဖြည့်ဖို့ကျတော့ မလွယ်ကူ။ သူတွေးနေသည်က ရေသန့်စက်များထားသင့်သလားဟုပင်။
ရထားအရာရှိရဲ့ထိုင်ခုံမှာ ရေသန့်စက်တော့ရှိသင့်ပေမဲ့ သူက ဓာတ်ဘူးသုံးရတာ အကျင့်ဖြစ်လို့နေပြီး ယခင်ဓာတ်ဘူးအဟောင်းက အရောင်ပင် မပြယ်သေးတာကြောင့် လဲဖို့မလိုသေးချေ။ သူ မော့ကြည့်လိုက်သည့်အခါမှာတော့ မီးရထားစောင့်မိန်းမပျိုလေး၏ ဓာတ်ဘူးကိုင်ထားသည့် ငိုမဲ့မဲ့မျက်နှာအား မြင်လိုက်ရလေသည်။
“တစ်ခွက်လောက် သောက်ချင်လို့လား။ တစ်ခွက်ယူလေ။”
မင်း လက်ဖက်ရည်တစ်ခွက်အတွက်နဲ့ ငိုစရာမလိုပါဘူး။ သူရိုးရိုးပင်တွေးလိုက်၏။
မီးရထားစောင့်မိန်းမပျိုလေးက ရင်ထဲ အလွန်ထိသွားပြီး လက်ယမ်းပြလိုက်သည်။
“ကျွန်မ မသောက်တော့ပါဘူး ၊ မသောက်တော့ပါဘူး။ ရုန်ကောပဲ သောက်ပါ။ အကုန်လုံးက ရှင့်ပေါ်မှီခိုနေကြရတာပါ။”
(T/N: ကော(哥/ge) : အစ်ကိုလို့ဆိုလိုတာပါ ၊ အစ်ကိုရုန်ထက် ရုန်ကောဆိုတဲ့အတိုင်းက ပိုနားထောင်လို့ ကောင်းလို့ ရုန်ကောပဲ ရေးလိုက်ပါတယ်။)
ထို့နောက် သူ(မ)က သူ့ရှေ့သို့ဖုန်းကို ထုတ်လာပြီး ဗီဒီယိုတစ်ခုကို နှိပ်လိုက်ကာ
“အိုး..ဟုတ်သား…ရုန်ကော ၊ ဒါကို ကြည့်ပါဦး။”
ဝူဖုန့်ရုန်က ရှေ့သို့လည်ဆန့်လိုက်ရင်း သိချင်စိတ်ဖြင့် မေးလိုက်၏။
“ဒါကဘာလဲ။”
၎င်းက ဒီနေ့ မနက်ခင်းသတင်းခေါင်းစဉ် ကြေညာသည့် သတင်းကြေညာသူ အမျိုးသမီးလှလှတစ်ဦးပင်။
“အခု ထန်ကျိုး စက်တင်ဘာ ၂၇ လူသတ်မှုရဲ့ ဖြစ်စဉ်ကိုသွားလိုက်ရအောင်။ ဒီဘူတာရုံရဲ့ သတင်းပေးပို့သူဆီက ရဲတွေထံ ဝန်ခံချက်အရ အသက်မပြည့်သေးတဲ့ နစ်နာသူရှောင်ချွမ်က ထန်ကျိုး အလယ်တန်းကျောင်းနံပါတ်တစ်ကကျောင်းသားဖြစ်ပြီးတော့ သူ့သေဆုံးမှုမတိုင်ခင် စက်တင်ဘာ၂၇ည ၁၁ နာရီ၄၀မှာ လျိုဟွားလမ်း ၊ အင်တာနက်ကော်ဖီဆိုင် အနောက်ပေါက်ကနေ ထွက်လာခဲ့ပါတယ်။သူက သိပ်ချွန်ထက်မနေတဲ့အရာတစ်ခုနဲ့ အရိုက်ခံရချိန်မှာတော့ ဦးခေါင်း ခွံအက်သွားပြီး သွေးထွက်လွန်သွားခဲ့ပါတယ်။
အဲ့ဒီမတော်တဆမှုအပြီးမှာတော့ ထန်ကျိုးမြို့မှာရှိတဲ့ရဲတွေက မြန်မြန်ပဲစုံစမ်းဖို့ တွန်းအားပေးနေလျက်ရှိပါတယ်။ အခုလက်ရှိမှာတော့ ဝရမ်းပြေးသံသယရှိသူက ပေါ်ထွက်လာပါပြီ။ ကျိုးယန်လင် ၊ အသက် ၃၅နှစ်ဖြစ်ပြီးတော့ ၊ ထန်ကျိုးမြို့သား ၊ လီရှင်း အာမခံအဖွဲ့အစည်းမှာ အလုပ်လုပ်နေတဲ့သူဖြစ်ပါတယ်။ဒီလူရဲ့ ကုမ္ပဏီကပြောဆိုချက်အရဆိုရင် ကျိုးယန်လင်ဟာ အလုပ်ပျက်တာ ငါးရက်ရှိပြီဖြစ်ပြီးတော့ သူတို့လည်း သူနဲ့ဆက်သွယ်လို့မရဘူးပြောပါတယ်။ ဒီနေ့ နေ့လယ်ခင်းမှာတော့ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက တစ်နိုင်ငံလုံး ရဲ့ ဘီအဆင့် အလိုရှိသူ ဝရမ်းပြေးအဖြစ် ထုတ်ဖော်ကြေညာခဲ့ပါတယ်…..”
စခရင်ပေါ် ၌ပုံတစ်ပုံပေါ်လာလေသည်။ ၎င်းက သေချာပေါက်ကို ခုံတန်း ၁၅ ၊ အတွဲ ၄ က ကျိုးယန်လင်ပင်ဖြစ်သည်။
ရထားမယ်က ကြောင့်ကြစွာဖြင့်ပြော၏။
“ရုန်ကော ၊ ရှင်တစ်ယောက်ယောက်ကို တွေ့ခဲ့တာလား။ အဲဒါသူလား။”
ဝူဖုန့်ရုန်၏ မျက်လုံးများက လှုပ်ရှားသွား၏။ သူလက်ဖက်ရည်ကုန်အောင် သောက်လိုက်ပြီးနောက် ဖုန်းပေါ်ရှိပုံများအားကြည့်ကာ ချက်ချင်းပြန်မဖြေပေ။
တစ်ဖက်မှာတော့ ကျောက်ရှင်းထောင်က လက်သီးများဆုပ်လိုက်ရင်း စိုးရိမ်ပူပန်သွားသည့်ဟန် မျက်လုံးများလည်း မှေးမှိန်သွား၏။ အဖြေကိုပင် မစောင့်နိုင်တော့ဘဲ ရထားမယ်က အသံနိမ့်နိမ့်ဖြင့် ပြောလေသည်။
“နစ်နာသူက အရွယ်တောင်မရောက်သေးဘူး။ ဒီသောက်တိရစ္ဆာန်ကောင်ကတော့။ ကျွန်မသာ ကလေးရဲ့မိဘတွေဆိုရင် ဒီလူသတ်သမားကို ကိုယ်တိုင်လက်နဲ့ အရိုးတခြား အသားတခြား နွှာပစ်ချင်နေမှာ။”
တစ်ခဏကြာပြီးနောက် ဝူဖုန့်ရုန်က ကျောက်ရှင်းထောင်ရဲ့ ပခုံးကို ပုတ်ပေးလိုက်ပြီး
“ရှင်းထောင် ၊ မင်း ရဲကို သွားအကြောင်းကြားလိုက်၊ သူတို့ကိုပုံတွေပို့ပြီး ကင်းစ, လှည့်ခိုင်းတော့။ ဒါပေမဲ့ ဘယ်သူ့ကိုမှ မထိန်းသိမ်းထားနဲ့ ၊ ခရီးသည်တွေကို အနှောင့်အယှက်မပေးမိအောင်လို့။ ဒီနေ့ ဂျူတီကျတဲ့ ရဲတွေက ဘယ်သူတွေလဲ။”
ကျောက်ရှင်းထောင်က ပြောလိုက်၏။
“ကျန်းကျွင်းရဲ့အိမ်မှာ တစ်ခုခုဖြစ် သွားခဲ့လို့ ဒီနေ့ရထားပေါ်မှာ လေးယောက်ပဲရှိတယ်။ ကျွန်တော် တစ်ချက်စစ်ကြည့်လိုက်ဦးမယ်။”
ထို့နောက် သူအလျင်လိုစွာ ထွက်သွား၏။
ဝူဖုန့်ရုန်ရဲ့ နှလုံးသားက နစ်မြုပ်သွားသည်။ ချီကျန်းကျွင်းက ဤရထားပေါ်မှ ရဲခေါင်းဆောင် ၊ အတွေ့အကြုံများများစားစားရှိပြီးတော့ တည်ငြိမ်သည့်ပုံစံရှိသည်။ ဒါပေမဲ့ သူက ဒီနေ့ပျက်ကွက်တယ်ဆိုတော့ ဝူဖုန့်ရုန်စိတ်ပူမိတာက ဒီနေ့ရဲသားများအသင်းက အသုံးမဝင်ဖြစ်မှာကိုပင်။ သူအဖွဲ့ကို အရေးပေါ် meeting ကျင်းပရန် ခေါင်းခန်းသို့ ခေါ်လိုက်၏။ ခရီးသည်စောင့်ရှောက်ရေးအဖွဲ့က ခရီးသည်များ၏ လှုပ်ရှားမှုများကို အထူးဂရုစိုက်သင့်သည်။
သူတို့ သံသယဝင်စရာတစ်ခုခုတွေ့တာ နဲ့တစ်ပြိုင်နက် အံ့သြထိတ်လန့်သလို မပြုမူဘဲ ရဲတွေနဲ့ အရာရှိတွေကို ချက်ချင်းအကြောင်းကြားသင့်သည်။
Meetingအတိုလေးပြီးသွားသည့်အခါ ဝူဖုန့်ရုန် သူ့လက်ပတ်နာရီကိုကြည့်လိုက်၏။ ၎င်းက ၆နာရီခွဲအတိအကျပင်ရှိပြီး ယခုက အစားအသောက်တွဲရဲ့ မနက်စာပြင်ဖို့အချိန်ပင်။ သူအစောင့်ကို ပေါက်စီနှစ်လုံး ယူလာခိုင်းလိုက်၏။ အသစ်စက်စက်ပေါင်းထား သည့် ပေါက်စီများက မွှေးကြိုင်၍နေသည်။ သူစက္ကူကို ခွာလိုက်ရင်း တမြုံ့မြုံ့ဝါးကာ အတွဲနံပါတ် ၄ ဆီသို့ လျှောက်သွားလိုက်သည်။
အတွဲနံပါတ် ၆ ကိုဖြတ်လျှောက်လာပြီးချိန်မှာတော့ သန့်စင်ခန်းတံခါးကပွင့်၍လာ၏။ လက်တစ်ဖက်ကထွက်လာပြီး ဝူဖုန့်ရုန်ရဲ့ အင်္ကျီလက်ကို ဆုပ်ကာ သူ့အား အတွင်းသို့ဆောင့်ဆွဲလိုက်သည်။ ဝူဖုန့်ရုန်မှာ ပါးစပ်ထဲ အပြည့်သိပ်ထားသည့် ပေါက်စီများကြောင့် နင်လုနီးနီးပင်။ သူ အမျိုးသားတစ်ဦး၏ လက်မောင်းများတွင်းသို့ လဲကျသွားရင်း တံခါးပိတ်သံကို ကြားလိုက်ရသောကြောင့် လေကာသေတ္တာကိုဖြတ်ကာ စူးစူးစိုက်စိုက် ကြည့်ပေးလိုက်၏။
လျင်မြန်သည့်အနက်ရောင်အရိပ်တစ်ခုက ဝူဖုန့်ရုန်ရဲ့ အမြင်ကို ကွယ်လိုက်၏။ သူ ခိုက်ခနဲ တုန်သွားသည်။ ကြောက်ရွံ့မှုကြောင့်မဟုတ်ဘဲ မြောက်လေတိုက်သည်က ပြင်းလွန်းလှ၍ သူ့ပါးများကို အပိုင်းပိုင်း ဖြစ်စေတော့မည့်အလား နာကျင်လှ၏။ သူမှတ်မိသည်။ ဒီသန့်စင်ခန်းမှာက လေဝင်လေထွက်ကောင်းစေဖို့ အတွက် ပြတင်းပေါက်ရှိလေသောကြောင့် ဒီနေရာကျဉ်းကျဉ်းလေးက ရထားတစ်တွဲလုံးမှာ အအေးဆုံး ဖြစ်နေသည်။
ရထားအရာရှိက သူ့ နှာခေါင်းကို စိတ်မရှည်စွာ ပွတ်သပ်လိုက်ပြီး
“မင်းဘာလုပ်တာလဲ။”
ကျိုးယန်လင်က ပေါက်စီကို ဆွဲယူလိုက်ပြီး သူ့ရဲ့လက်ကောက်ဝတ်ကို လက်တစ်ဖက်တည်းနဲ့ကိုင်ကာ ခေါင်းပေါ်သို့ မြှောက်တင်လိုက်၏။ ပူပူနွေးနွေးအသက်ရှူသံက ဝူဖုန့်ရုန်၏နားရွက်ဖျားဆီသို့ ပလုံစီလာသည်။ မတူညီသည့် ပူလောင်မှုနှင့် အေးစက်မှုကို မီးနဲ့ရေခဲပမာ မြောက်လေနှင့်အတူ သယ်ဆောင်လာ၏။ ဝူဖုန့်ရုန်မှာ နားရွက်ကိုအကိုက်ခံလိုက်ရကာ ယင်းနားတွင် စိုစွတ်နေသည့် လျှာကိုခံစားလိုက်ရသည်။ ထိုတစ်စုံတစ်ယောက်ကပြောလာသည်။
“အနွေးဓာတ်လေး နည်းနည်းလောက် ငှားလိုက်ရုံပါ။”
ဝူဖုန့်ရုန်ရဲ့ အမူအရာမှာ ပြောင်းသွား၏။ သူ့ဒူးနှင့် ထိုအမျိုးသား၏ပေါင်ခြံကို တိုက်ပစ်လိုက်သည်။ ကျိုးယန်လင် နာကျင်မှုကြောင့် ထိုင်ကျသွားသည့်အချိန် ဝူဖုန့်ရုန်က တံခါးဖွင့်ရန် သူ့လက်ကောက်ဝတ်ကို ချုပ်ထားသည်မှ ရုန်းထွက်လိုက်၏။
သူ့နောက်ရှိ ထိုလူက အားနေသည့် လက်တစ်ဖက်ကိုသုံးပြီး သူ့ပခုံးကို ဖိ၍လာပြန်သည်။ သုံးမီတာပတ်လည်ထက်ကျဉ်းသည့် သန့်စင်ခန်းထဲမှာ နှစ်ယောက်က ရုန်းကန်လှုပ်ရှားနေကြ၏။
ဝူဖုန့်ရုန် ခြေထောက်မြှောက်ကာ ကန်လိုက်သော်လည်း အရှောင်ခံလိုက်ရ၏။ ကန်ချက်က အရှောင်ခံလိုက်ရတာကြောင့် လက်ဆေးကန်ကိုသာ ကန်မိသွား၍ နာကျင်မှုက စူးခနဲတက်လို့လာသည်။ ကျိုးယန်လင်က သူ့လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်ကာ လှည့်ပြီး တံခါးပေါ်သို့ ဖိချလိုက်၍ တံခါးကို လော့ခ်ချလိုက်သည်။ သူ့ရဲ့ဘယ်ခြေထောက်က ဝူဖုန့်ရုန်ရဲ့ ဒူးတွေကို ထိုးခွဲလိုက်ပြီး သူ့တင်ပါးများကို ခွကြားဖြင့် အတင်းအကျပ်ဖိချလာသည်။ ဤအပြုအမူက လိင်ပိုင်းဆိုင်ရာနှောင့်ယှက်မှုဟု ယူဆနိုင်၏။ ဝူဖုန့်ရုန်ရဲ့မျက်နှာကတော့ နည်းနည်းမှပင် ပြောင်းလဲမသွားချေ။
ထိုအမျိုးသားက ခပ်နိမ့်နိမ့်ရယ်သွမ်းလာပြီး မထင်မှတ်ထားစွာပင် ၎င်းက ပွင့်လင်းကြင်နာမှုအပြည့်နှင့်။ အငြိုးရော အရှက်အကြောက်ရော လုံးဝမရှိပေ။
“အနွေးဓာတ်လေးနည်းနည်းငှားရုံပါပဲ။ အရာရှိကြီးက ဒါကြောင့်တော့ အနွေးဓာတ်မကုန်သွားပါဘူး ၊ ဟုတ်တယ်မလား။”
“မစ္စတာကျိုးကို နွေးအောင်ကူညီပေးလို့ ကျွန်တော်က ဘာများရမှာမလို့လဲ။”
ဝူဖုန့်ရုန်က လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်ပြီး ထိုအမျိုးသားရဲ့ ခါးတစ်ဝိုက်ကို ပွတ်သပ်လိုက်၏။
ရှပ်အင်္ကျီအဖြူ၏ ပါးလွှာသည့် ချည်ထည်ကိုဖြတ်၍ ကျိုးယန်လင် သူ့ရဲ့လက်ချောင်းအေးအေးများကိုခံစား၍ရနေသည်။ မြွေငါးကောင်က သူ့နောက်ကျောမှာ ကူးခတ်နေသည့်အတိုင်းပင်။ သူ ခေါင်းငုံ့လိုက်သည်နှင့်တစ်ပြိုင်နက် အရာရှိက သူ့ရဲ့ နီရဲရဲလျှာလေးကို ထုတ်လာပြီး သူ့နှုတ်ခမ်းထောင့်စွန်းများရှိ ဆော့စ်အနှစ်များကို လျက်လိုက်၏။
ကျိုးယန်လင် သူ့နားရွက်ဘေးမှာရှိသည့် လည်ပင်းနောက်နားလေးက ရနံ့ကို ရှူရှိုက်လိုက်သည်။ သူ့နှုတ်ခမ်းတွေက အရေပြားနှင့် လက်မဝက်လောက်သာဝေးလျက်ရှိပြီး သူ့နှလုံးသားကို ယားယံသည့် ခံစားချက်တစ်မျိုးက ကုတ်ခြစ်လို့လာ၏။
သူ သက်ပြင်းတစ်ချက် ချလိုက်ကာ သူ့အရိုးများမှ ထိုးတက်လာသည့်အပူကို လျစ်လျူ မရှုထားနိုင်တော့ချေ။
“ကိုယ့်ခန္ဓာကိုယ်ကို မင်းကိုပေးလို့ ရတယ်။”
ကျိုးယန်လင် တီးတိုးပြောလိုက်သည်။
“အရာရှိကြီးသာ ကိုယ့်ရဲ့ ပင်ကိုအရည်အချင်းကို အထင်မသေးဘူးဆိုရင်ပေါ့။”
ဝူဖုန့်ရုန်က ရယ်လိုက်၏။ သူ့ရဲ့ အန္တရာယ်များသည့် အေးစက်စက်လက်များက ရှပ်အင်္ကျီအောက်တွင် ပြေးလွှား၍နေသည်။ ထိုအမျိုးသား၏ ပြန့်ပြူးပြီး တင်းကျပ်သည့် အရေပြားက သူ့လက်ဖဝါးများဖြင့် ပွတ်တိုက်နေသည်။ သူ့လက်ချောင်းထိပ်များက ခါးတစ်ဝိုက်ကို ဖြတ်သန်းသွားပြီး ထိုသူ့ရဲ့ ကြံ့ခိုင်သည့်ဗိုက်ကို ထိလိုက်လေသည်။ အရာရှိကြီးက သူ့မျက်တောင်များကို ငိုက်ချလိုက်ပြီး တစ်ဝက်သာ ကာထားတော့သည့် ရှပ်အင်္ကျီကိုဖြတ်၍ ဗလာဟင်းလင်းဖြစ်နေသည့် အသားအရေကို ခိုးကြည့်လိုက်၏။ အရောင်အဆင်းက အတော်လေး ကျန်းမာပုံရသည်။
သူ ထိုအမျိုးသားရဲ့ ချက်တစ်ဝိုက်ကိုလည်း ဆက်ပြီး “အနွေးဓာတ်”ပေးနေလိုက်သည်။ ထိုယောကျ်ား၏ အသက်ရှူသံက သူ့နားထဲတွင် ပိုပြင်းလို့လာ၏။
ရုတ်တရက် လက်ချောင်းများက ရပ်တန့်သွားပြီး ထင်ရှားသည့် အမာရွတ်တစ်ခုပေါ်သို့ ဆိုက်ရောက်သွားသည်။ ၎င်းက ဘေးပတ်လည်ရှိ အရေပြားများထက်ပင် ပိုဖြူလို့နေပြီး သူ့လက်နှစ်ချောင်းစာထက်ပင် ပိုကျယ်ကာ သူ့လက်ဖဝါးလောက် ရှည်သည်။ ဝူဖုန့်ရုန် အပေါ်သို့ ဆက်တိုးသွားလိုက်ပြီး သူ့ရဲ့နံရိုးများအောက်ကို ထိတွေ့လိုက်သည်။
ကျိုးယန်လင်ရဲ့ မျက်လုံးများက အရောင်ပြောင်းသွား၏။ ယင်းက သိသိသာသာကို ဒဏ်ရာအနာတရတစ်ခုပင်။
ကျိုးယန်လင်၏ ရုတ်တရက်ထွက်လာသည့် အသက်ရှူသံကို နားထောင်ကြည့်ရုံနှင့်ပင် ထိုဒဏ်ရာက နာလွန်းလှသည်မှာ သိသာ၏။ ဝူဖုန့်ရုန်က ရုတ်တရက်အင်အားသုံးကာ ပိတ်ကျဲစကိုဖြတ်၍ သွေးထွက်နေသည်ကို ကြည့်ရန် ရှပ်အင်္ကျီိကိုဆွဲဖြဲလိုက်၏။ ဝူဖုန့်ရုန်က ပိတ်ကျဲစပေါ်ကို နမ်းလိုက်ပြီး သူ့နှုတ်ခမ်းများက လတ်လတ်ဆတ်ဆတ် သွေးအရသာကို မြည်းစမ်းလိုက်ရသည်။
သူ့လျှာထိပ်ဖျားက ဒဏ်ရာတစ်လျှောက်မှစ၍ အပေါ်ရှိ ညှပ်ရိုးများဆီသို့ တက်သွား၏။ ကျိုးယန်လင် သူ့ပခုံးကို ဆုပ်ကိုင်ထားသည်မှာလည်း အရိုးများကျိုးတော့မတတ်ပင်။
သူမော့ကြည့်လိုက်ပြီး ထိုအမျိုးသား၏ မျက်ဆန်နက်နက်များကို စိုက်ကြည့်လိုက်ကာ
“ခင်ဗျားဒဏ်ရာက ဘယ်လိုရလာတာလဲ။”
ထိုယောကျ်ားရဲ့မျက်နှာချောချောက နိမ့်ဆင်းလာပြီး သူ့နှုတ်ခမ်းများကလည်း ဆေးလိပ်နံ့ဖျော့ဖျော့ကိုသယ်ဆောင်လာ၏။ ဝူဖုန့်ရုန် သူ့ပါးစပ်ကို ဟ,လိုက်ပြီး ထိုအမျိုးသားကို ပြင်းပြစွာ နမ်းလိုက်သည်။ အကြာကြီးစောင့်နေခဲ့ရတဲ့ ချစ်သူတွေအလား သူကိုယ်တိုင်တောင် အံ့သြသွားရသည်။ သူ့မှာ သူစိမ်းတွေနဲ့ အပြန်အလှန် နားလည်လွယ်တာမျိုးက အလွန်ရှားလေသည်။ သူ့ရဲ့လက်တစ်ဖက်ကတော့ ထိုအမျိုးသားရဲ့လည်ပင်းကို ဖက်ထား၏။ သူ့ခေါင်းကို ထိုသူရဲ့မျက်နှာပေါ်ကို ဖိချလိုက်ပြီး တစ်ဖက်လူရဲ့ နှုတ်ခမ်းကို တစ်တိတစ်တိဖြင့် ကိုက်ဖို့ မျှော်လင့်နေမိသည်။
အနမ်းက ပြင်းထန်လွန်းလှသည်။ နောက်ဆုတ်လိုက်ရင်း ကျိုးယန်လင်ရဲ့မျက်လုံးများက ဘဝင်ခိုက်မှုအပြည့်ဖြင့်
“အရာရှိကြီးက အရမ်းကို တက်ကြွနေပါလား။”
ဝူဖုန့်ရုန်မှာ သူ့နှုတ်ခမ်းထောင့်များ၌ တံတွေးများပင် ရှိနေသေးသည်။ သူ သူ့ရဲ့အလိုဆန္ဒတွေကို ဘယ်တော့မှ နောင်တမရပေ။ သူဒီတိုင်းပျော်လိုက်ပြီး နောက်ကိစ္စကို စိတ်မပူတတ်ချေ။ ကျိုးယန်လင်က အသက်ပင်မရှူဘဲ သူ့လည်ပင်းနဲ့ ပခုံးများကို နမ်းနေရင်း သူ့ဘောင်းဘီများကို ဆွဲချလိုက်သည်။
ဝူဖုန့်ရုန်ကသူ့ပခုံးကိုမှီရင်း ”ကွန်ဒုံး”ဟု ဗလုံးဗထွေးရေရွတ်လာတာကြောင့် ကျိုးယန်လင် ရယ်မိသွားသည်။
ပလတ်စတစ်ကိုဖြဲလိုက်သည့်အသံက ဝူဖုန့်ရုန်၏ အာရုံငါးပါးကို လှုံ့ဆော်ပေးလာ၏။ ထိုအမျိုးသားက သူ့လည်ပင်းကို ကိုက်လိုက်သည်။ ဝူဖုန့်ရုန်ထံမှ ရမ္မက်ပြင်းသည့် ညည်းသံပြတ်ပြတ်က ထွက်လာပြီး ကွန်ဒုံးကို သူ့ဆီလက်ကမ်းပေးလိုက်၏။ ထိုသူက အလောတကြီးယူလိုက်ကာ ပေါ့ပေါ့ပါးပါးပင် ဝတ်လိုက်၏။ သူတို့ရဲ့နှုတ်ခမ်းတွေကတော့ နမ်းမနေကြတော့ချေ။
၎င်းကရိုးရိုးရှင်းရှင်းပင် နှစ်ဦးလုံးက ရုပ်ပိုင်းဆိုင်ရာသာယာမှုကို ရှာနေကြခြင်းဖြစ်ပြီး မြောက်လေကလည်း မေထုန်မှီဝဲခြင်း၏ အလိုဆန္ဒများဖြင့် ပြည့်နှက်၍နေသည်။
ကျိုးယန်လင် တစ်ဖက်လူကို လက်တစ်ဖက်တည်းနှင့် ကိုင်ထားလိုက်သည်။ ဝူဖုန့်ရုန်ရဲ့ ခြေထောက်များက သူ့ခါးတစ်ဝိုက်ရစ်ပတ်လျက်ရှိပြီး တင်ပါးများဆီမှ ယားယံမှုကလည်း ပျံ့နှံ့၍လာသည်။ သူ့ခေါင်းကို ကျိုးယန်လင်ရဲ့ ပခုံးများကြားတွင် မြှုပ်ထားလိုက်ပြီး သူ့ကိုယ်သူထောက်ထားနိုင်ရန် လက်ဆေးကန်ပေါ် လက်တစ်ဖက်ထောက်ထားရင်း ကျန်တစ်ဖက်ကတော့ ကျိုးယန်လင်၏ နောက်ကျောကို ဖက်တွယ်ထားလိုက်သည်။ သူ့လည်ချောင်းထဲမှ ညည်းသံနက်နက်က အချိန်နှင့်အမျှ တိုးလျလို့သွား၏။
ကျိုးယန်လင်က သူ့ခေါင်းကို အတင်းအကျပ်မော့စေလိုက်သည်။ အရာရှိရဲ့မျက်နှာတစ်ပြင်လုံးက ရှက်သွေးဖြန်းသွားပြီး မျက်လုံးများကလည်း မျက်တောင်နက်နက်များအောက်တွင် တပ်မက်မှုများနှင့် မျက်ရည်များဖြင့် ပြည့်လို့နေသည်။
“F**k”
ကျိုးယန်လင် ကြမ်းတမ်းစွာ ဆဲရေးလိုက်၏။
ပြောစရာပင် မလိုအောင်ကို ကျိုးယန်လင်က ကြမ်းတမ်းလွန်းလှသည်မှာ ဝူဖုန့်ရုန် ၏ ဝိညာဉ်သုံးခုလုံး ဆုံးရှုံးတော့မတတ်ပင်။ ဒါပေမဲ့ ဒီလိုအခြေအနေမှာတောင် သူငြင်းခုံနိုင်သေးသည်။
“ကျွန်တော်ထင်ခဲ့တာ ခင်ဗျားက စောက်ရမ်းကို……..အာ့”
ဆောင့်ချက်က ပြင်းလာသည်ကြောင့် ဝူဖုန့်ရုန် သူ့နှုတ်ခမ်းသူကိုက်လုနီးနီးပင်။ သူ့အရှုံးကို ဝန်ခံဖို့တော့ ငြင်းဆန်နေဆဲ။ သူ့ဆံပင်ကို မ,ကာ ရာဇဝတ်သားကိုပိတ်ဆို့ဖို့မှီရင်း ကြမ်းကြမ်းတမ်းတမ်း နမ်းလိုက်၏။
ကျိုးယန်လင် ဒီလောက်လှသည့်လူကို မတွေ့ဖူးခဲ့ချေ။ ပြီးတော့ သူ့ဆီမှာ ဒီလို ကိုင်တွယ်ခံနေရသည်ကိုမြင်ရသည်က သူ့ကိုပိုပြီး ဂနာမငြိမ်ဖြစ်လာစေသည်။
သူ ကောင်လေးတော်တော်များများနှင့် ကစားခဲ့ဖူးပြီး သူကသာ ထိုလူတွေကို အိပ်ရာထဲမှာ ညှင်းပန်းခဲ့သည့်သူဖြစ်သည်။ အခုတော့ ဒီဘိုးအေလေးက ဘယ်ကရောက်လာပါလိမ့်။ ဝူဖုန့်ရုန်ရဲ့ မျက်ရည်ဝိုင်းနေသည့်မျက်နှာလေးက သူ့နှလုံးသားအား တဒုတ်ဒုတ်ခုန်စေသည်။ သူ့မျက်တောင်များ၌ ခိုနားနေသည့် မျက်ရည်စက်က ကျိုးယန်လင်၏ မျက်နှာပေါ်သို့ ပေါက်ခနဲကျသွားလေသည်။
“F**k you…”
ဝူဖုန့်ရုန်ရဲ့ နှုတ်ခမ်းများသွေးရောင်လွှမ်းနေပုံက တစ်ယောက်ယောက်ကို စားသောက်ခဲ့သည့်နှယ်။
ကျိုးယန်လင် သူ့ရဲ့နို့သီးခေါင်းလေးများကို ဆိတ်လိုက်ပြီး သူ့သက်ပြင်းချသံကြားရသည်ကို ကျေနပ်နေမိသည်။ သူတို့သန့်စင်ခန်းထဲမှာရောက်နေသည်ဆိုသည့် အချက်နှင့် သန့်စင်ခန်းကအသံမလုံဘဲ အပြင်မှာ တခြားလူတွေသွားလာနေတယ်ဆိုသည့် အချက်တွေကြောင့်သာမဟုတ်လျှင် သူ ဝူဖုန့်ရုန်ရဲ့ ပါးစပ်ကို ပွင့်စေပြီး ထိုလူသားအော်တာကို ကြားရဖို့လုပ်မိမှာပင်။ ဝူဖုန့်ရုန်၏အသံက ပါးလွှာပြီးအက်ကွဲ၍နေ၏။ ဆေးတံထဲက ဆေးရွက်လိပ်ကြီးတွေ တရှဲရှဲနှင့် လောင်ကျွမ်းနေသည့်အလား။ ထိုအသံက ကျိုးယန်လင်၏ သွေးတွေကိုပါ ဆူပွက်လာစေသည်။
အပြင်ဘက်မှာတော့ တစ်ယောက်ယောက်က တံခါးခေါက်လိုက်၏။ ဝူဖုန့်ရုန်မှာ ချက်ချင်းပင် ပြီးသွားတော့မလိုပင်။ သူအပေါ်ကို ကြွတက်လာပြီး ကိုယ့်ဘာသာကစားနေသည်ကိုပင် ကျိုးယန်လင် မြင်လိုက်ရလေသည်။ ဝူဖုန့်ရုန်မှာ နှစ်နေရာလုံးကနေ အလိုလိုက်ခံထားရတာကြောင့် သူစိတ်မရှည်တော့ဘဲ ပျင်းရိစွာနှင့် ကျိုးယန်လင်ကိုသာ တစ်ကိုယ်လုံးမှီထားလိုက်တော့သည်။
“လူတွေကြားသွားမှာ မကြောက်ဘူးလား။”
ကျိုးယန်လင်က သူ့မျက်ခုံးများကို နမ်းလိုက်ပြီး
“ဒါက စိတ်လှုပ်ရှားဖို့ကောင်းရဲ့လား။”
ဝူဖုန့်ရုန်မှာ အထွတ်အထိပ်သို့ ရောက်တော့မတတ်ပင်။
“မြန်မြန်လေး။”
သူတို့နှစ်ဦးဟာလိင်ဆက်ဆံနေကြပြီး သူတို့ရဲ့ ကုတ်အင်္ကျီများကလည်း တစ်ထည်နှင့် တစ်ထည်ထပ်၍နေသည်။ ပွတ်တိုက်မှုက သူတို့ရဲ့ အရေပြားများကိုပါ ပူလောင်လာစေ၏။ ဝူဖုန့်ရုန်၏ မျက်လုံးများက နီရဲလာပြီး သူပြတ်တောင်းပြတ်တောင်းနှင့် ကျယ်ကျယ်လေးအော်လိုက်မိသည်။
တစ်ခဏကြာပြီးချိန်မှာတော့ ကျိုးယန်လင်က သူ့ဆံပင်များနဲ့ နားထင်နားကို နမ်းလိုက်ပြီး သူ့လှုပ်ရှားချက်တွေက ပိုမိုညင်သာလာ၏။ သူဆွဲထုတ်လိုက်တဲ့အခါမှာတော့ ကွန်ဒုံးနဲ့အတူထွက်လာသည့် ချောဆီတွေက သူ့အဝတ်အစားတွေနဲ့ ဘောင်းဘီပေါ်ကို ရှုပ်ပွညစ်ပေသွားစေသည်။ ခန္ဓာရည်စမ်းချောင်းလေးက ဝူဖုန့်ရုန်ရဲ့ ဝင်ပေါက်အဝလေးမှ တစ်ဆင့် သူ့ရဲ့အရောင်ဖျော့ဖျော့ဘောင်းဘီများပေါ်သို့ စီးဆင်းသွားလေ၏။ သူ့တစ်ခေါင်းလုံးက ဗလာဖြစ်နေပြီး သုတ်ရည်များကလည်း တရဟောစီးကျနေလျက်ရှိသည်။
ကျိုးယန်လင်က သူ့ဘေးတွင် ဆောင့်ကြောင့်ထိုင်လိုက်ပြီး ချည်ထည်စကို ပြောင်ရှင်းအောင်လျက်လိုက်၏။
ဝူဖုန့်ရုန်မှာ ရထားပေါ်မှသန့်စင်ခန်းကို နှစ်ပေါင်းများစွာအသုံးပြုခဲ့သော်လည်း ဒီလိုအကျင့်ပျက်စရာကောင်းတဲ့အခြေအနေမျိုး မကြုံဖူးခဲ့ချေ။ သူပေါက်ကွဲလာပြီး ထိုလူယုတ်မာရဲ့တင်ပါးကို သူ့လက်နှင့်လှမ်းရိုက်လိုက်သည်။ ယင်းက papapapa အသံလေးခါပင်မြည်သွား၏။ စိတ်တိုဖို့နေနေသာသာ ကျိုးယန်လင်က ရယ်သွမ်းလိုက်ပြီး မတ်တတ်ရပ်လိုက်ကာ ဝူဖုန့်ရုန်ကို အနမ်းတစ်ခုပေးရန် ကော်လာမှဆွဲလိုက်သည်။
ချောဆီနှင့်သုတ်ရည်အရသာက သူတို့ပါးစပ်ဖျားထဲတွင် ပြည့်နှက်၍သွား၏။ ဝူဖုန့်ရုန်မှာ ဟောဟဲဆိုက်နေပြီး ခဏကြာမှ သူဘာလုပ်နေမိလဲဆိုတာ သတိရတော့သည်။
ဝူဖုန့်ရုန် နားဝေတိမ်တောင်ပင် ဖြစ်သွားရ၏။ သူ့မှာ ဒီအသက်အရွယ်ရောက်မှ သန့်စင်ခန်းထဲမှာ ဘယ်လိုကစားရလဲဆိုတာ သင်နေရသည်။
“သုတ်လိုက်ဦး။”
ကျိုးယန်လင်က သူ့ဘောင်းဘီများကို ဆွဲတင်ရင်း လက်နှစ်ဖက်အပြည့်တစ်ရှူးများကို ဝူဖုန့်ရုန်ဆီသို့ကမ်းပေးသည်။
ဝူဖုန့်ရုန်မှာ အသက်ရှူသံများပင် ပုံမှန် မဖြစ်သေးဘဲ သူ့ခြေထောက်များမှာလည်း ပျော့ခွေနေသေး၏။ သူ့ခန္ဓာကိုယ်ကိုသာ ပြောင်သွားအောင် သုတ်ရုံသုတ်နိုင်သည်။ သူဘောင်းဘီချက်ချင်းမဝတ်သေးဘဲ ဆေးလိပ်မီးအရင်ညှိလိုက်၏။ ယင်းပုံစံနှင့်ပင် သူပြတင်းပေါက်ကိုမှီလိုက်ပြီး ဆေးလိပ်ရှိုက်ရင်း ခန္ဓာကိုယ်ကို သူ့ဘာသာသုတ်နေလိုက်သည်။ သူ့ပုံစံက မှုန်ဝါးဝါးနှင့် ကျက်သရေရှိနေသယောင်။
သူ့လက်ချောင်းလေးက ပြတင်းပေါက်ဘောင်ပေါ်တွင် တင်ထားလျက်ရှိပြီး နေရောင်ရဲရဲထဲတွင် ပျောက်ကွယ်သွားတော့မတတ်။ သူ့ကိုကြည့်ရသည်မှာ ဥယျာဥ်နံရံထက်တွင် မှီတွယ်နေသည့် တရုတ်ဆီးသီးပင်* နှင့် နှိုင်းယှဉ်ရင်တောင် ရှုံးလိမ့်မည်မဟုတ်ချေ။
(T/N: ဒီနားက idiomသုံးထားတာပါ ၊ *က ဖောက်ပြန်ပြီး ချစ်သူရှိနေတဲ့ဇနီးဆိုတဲ့ သဘောပါတဲ့။)
ကျိုးယန်လင်က ကြည့်နေရင်းနှင့် ဆွဲဆောင်ခံလိုက်ရသည်။ သူမှီလိုက်ပြီး ဆေးလိပ်ကို ကိုက်ကာ ထိုထူးခြားသည့်တည်ရှိမှုလေးကို မြှူဆွယ်ချင်စိတ်ပေါက်သွား၏။
ဤအခိုက်အတန့်၌ နှစ်ဦးလုံးသည် တိတ်ဆိတ်စွာ စောင့်ဆိုင်းနေကြပြီး ကိုယ်စီအတွေးများကို ရွက်လွှင့်နေလျက်ရှိသည်။
အပြင်ဘက်မှ တံခါးခေါက်သံက ထပ်မံ ထွက်ပေါ်လာ၏။ ဝူဖုန့်ရုန် စိတ်မရှည်စွာ နောက်သို့ ကန်လိုက်ပြီး
“မပြီးသေးဘူး ၊ စောင့်ဦး။”
သူနောက်လှည့်ကြည့်လိုက်ချိန်မှာတော့ ကျိုးယန်လင်က သူ့နံရိုးကိုဖိကာ အနာကို စစ်ဆေးနေသည်ကိုတွေ့လိုက်ရ၏။ ၎င်းက ရှော့ခ်ရစရာပင်။ ဒဏ်ရာကပြန်ပွင့်သွားပြီး သွေးများကလည်း တရစပ်စီးကျနေ၏။
ဝူဖုန့်ရုန်က ပိတ်ကျဲစကို ဘေးသို့ ဖယ်လိုက်သည့်အခါ ဒဏ်ရာက သိသိသာသာပင် ပေါ်လာပြီး သူထင်ထားတာထက်ပင် ပိုဆိုး၍နေသည်။ ၎င်းက ဓားဖြင့်ထိုးခံထားရသည့်ဒဏ်ရာဖြစ်ပုံရသည်။ အရမ်းမကြီးသော်ငြား သွေးထွက်လွန်စေနိုင်သည်အထိတော့ကြီးသည်။ တခြားအတွင်းကလီစာတွေပါ ထိခိုက်သွားသေးလားဆိုတာတော့ သူမသေချာပေ။
သဘာဝအလျောက်ပင် သူ့ရှပ်အင်္ကျီကသွေးစွန်းသွား၏။ ကျိုးယန်လင်မှာ အားကိုးရာမဲ့သည့်အမူအရာပြလာလေသည်။ သူ ဒဏ်ရာကို လုံးဝသန့်ရှင်းသွားနိုင်သည်အထိ အားသုံးကာ တစ်ရှူးအစိုဖြင့် သုတ်လိုက်၏။
ဝူဖုန့်ရုန်က သူ့ခါးကိုကိုင်လိုက်ပြီး သူ့မျက်နှာမှာတော့ ကျိုးယန်လင်ကို ဒီလိုဒုက္ခခံနေခြင်းမှ ရပ်တန့်စေလိုသည့်အမူအရာမျိုးပေါ်လို့နေသည်။
“ကိုယ် အဝတ်အစားတစ်စုံ လဲပြီးသွားပြီ။ ဒီတစ်ထည်ပဲ ကျန်တော့တာ။ ကိုယ့်ကို မျက်နှာသာလေးပေးပါဦး။ ဟုတ်ပြီလား။”
ကျိုးယန်လင်ကရယ်သွမ်းလိုက်ပြီး သူ့မျက်နှာကရာဂအပြည့်ဖြင့်
“အချစ်ကလေး ကိုယ်တို့အခုမှချစ်ပြီး သွားတာလေ။ မင်းက ကိုယ့်ကို တရားရုံးရှေ့ခေါ်သွားဖို့ ဒီလောက်တောင် လောနေပြီလား။”
ဝူဖုန့်ရုန်က စကားတစ်လုံးမှမပြောချေ။ သူတံခါးကိုချောက်ခနဲဖွင့်လိုက်ပြီး အပြင်ဘက် လျှောက်လမ်းတစ်လျှောက် လူမရှိတာသေချာစေရန် ကြည့်လိုက်သည်။ သူ့ရဲ့ စစ်တပ်ကုတ်အင်္ကျီကို ချွတ်လိုက်ပြီး ထိုအမျိုးသားရဲ့ နောက်ကျောပေါ်သို့ ခြုံပေးလိုက်ကာ တီးတိုးပြောလိုက်၏။
“မော့မကြည့်နဲ့ ၊ ငါ့နားမှာ ကပ်နေ။ အရာရှိရဲ့ခုံကိုပြန်ရောက်ရင် အဲဒီမှာရှေးဦး သူနာပြုအိတ်ရှိတယ်။”
သူရုတ်တရက် တံခါးကို တွန်းဖွင့်လိုက်ကာ ထိုအမျိုးသားကို လက်မောင်းမှ ဆွဲလျက်ထွက်လာခဲ့ပြီး လျှောက်လမ်းတစ်လျှောက် ယုံကြည်ချက်အပြည့်ဖြင့် လျှောက်လာခဲ့သည်။
သူက ဒီရိုးရိုးရှင်းရှင်းလျှောက်လမ်းလေးကိုပင် ကော်ဇောနီထက်၌ လျှောက်နေသည့် အလား။ ကျိုးယန်လင်ကတော့ စစ်တပ်ကုတ်အင်္ကျီထူထူဖြင့် ကာထားခံရ၏။ သူ့မျက်နှာမှာ ကော်လာထဲ နစ်မြုပ်နေပြီး သူ့နှုတ်ခမ်းဖျားမှအပြုံးများကိုပင် ကွယ်ဝှက်မထားနိုင်တော့ချေ။
**********
SWARA WEBNOVEL TRANSLATION