Absolutely Spoiled

5
Your Rating
Absolutely Spoiled 5 (1)
628
Comments
5 Users bookmarked This

Description

 

ယွီကျီရီက ငယ်စဉ်ကတည်းက ဉာဏ်နည်းပြီး ခပ်လွယ်လွယ်ပဲလျစ်လျူရှုခံရတဲ့ ကလေးတစ်ယောက်ဖြစ်ခဲ့တယ်။ဒါပေမဲ့ ပါရမီရှိပြီး ဉာဏ်ရည်ထက်မြက်တဲ့ရှီရီက သူ(မ)ကို နေရာတိုင်းကိုခေါ်သွားပေးခဲ့တယ်။

 

ကျောင်းသွားကျောင်းပြန်အတူသွားတယ်၊ အိမ်ပြန်ဖို့အတွက်သူ(မ)ကိုစောင့်တယ်၊သူ(မ)ကိုပေးဖို့ သူ့ကိုယ်ပိုင်မုန့်ဖိုးတွေသုံးပြီး အလှပဆုံးဂါဝန်လေးလည်းဝယ်ပေးခဲ့တယ်။

 

ပုစိညှောင့်တောက်ရှီရီလေး : “နင်မင်းသမီးလေးဖြစ်ချင်ရင် ငါနင့်အတွက် ရဲတိုက်ကြီးတစ်ခုဆောက်ပေးမယ်”

 

ဆယ်ကျော်သက်ရှီရီလေး : “အပြင်အာကာသထဲ အတူသွားရအောင်၊ ငါက ကြယ်တွေကိုရေတွက်မယ်၊ ဒါပေမဲ့ နင်ကငတုံးဆိုတော့ လကိုပဲရေတွက်လို့ရမယ်”

 

ယွီကျီရီအစွန့်ပစ်ခံလိုက်ရတဲ့နှစ်မှာတော့ ရှီရီက သူ(မ)ကို အိမ်ခေါ်သွားပြီး နွေရာသီတစ်ခုလုံးသူ(မ)ကို ကာကွယ်ပေးခဲ့တယ်။”မင်းက အရမ်းချစ်စရာကောင်းတာမို့လို့ အချစ်ခံရဖို့ ထိုက်တန်တယ်”

 

သူတို့ ၁၈ နှစ်ပြည့်တဲ့နှစ်မှာ ရှီရီက ပရိုပို့စ်လုပ်ခဲ့တယ်။ သူတို့ ၂၂ နှစ်ပြည့်တဲ့နှစ်မှာတော့ ကျီရီက မစ္စရှီဖြစ်လာခဲ့တယ်။

 

[မူကြိုအရွယ်]

 

ယွီကျီရီက ကစားရင်းနဲ့ အမေအဖြစ်ကစားဖို့ ရွေးချယ်ခံလိုက်ရတယ်။ ဒါပေမဲ့ သူ(မ)ရဲ့ကစားဖော်ကို ခြောက်လှန့်မိပြီး သူတို့တွေအကုန်ငိုယိုသွားကြတယ်။ “ယွီကျီရီက အရမ်းတုံးအလွန်းတယ်၊ ငါ သူ(မ)ရဲ့ တုံးအအကလေး မဖြစ်ချင်ဘူး”

 

အဲလိုနဲ့ပဲ သူ(မ)က အဲဒီနေရာမှာပဲရပ်နေရင်း တခြားကလေးတွေအတူကစားနေကြတာကို ကြည့်နေရုံပဲတတ်နိုင်ခဲ့တယ်။ဖြတ်သွားတဲ့ရှီရီက သူ(မ)ကိုပွေ့ချီလိုက်ကာ “နင်က နည်းနည်းတုံးအအလေးမို့လို့ နင့်ရဲ့ အနာဂတ်ကလေးတွေကိုကယ်တင်ဖို့အတွက် အိုင်ကျူမြင့်တဲ့လက်တွဲဖော်တစ်ယောက်ရှာဖို့လိုတယ်။”

 

“ဒါ… ဒါဆို ငါဘယ်သူ့ကို ရှာရမလဲဟင်”

 

“ငါတို့က အိမ်နီးနားချင်းတွေဆိုမှတော့ ငါတို့ကြီးလာတဲ့အခါကျရင် ငါနင့်ကို မစ္စရှီဖြစ်ခွင့်ပေးပါ့မယ်လေ။”

 

[ကောလိပ်]

 

ရှီရီ ၁၈ နှစ်ပြည့်တဲ့အချိန် ပုံမှန်အားဖြင့် ရှက်ကြောက်တတ်တဲ့ယွီကျီရီက သူ့ကို ဈေးကြီးတဲ့လက်ပတ်နာရီနဲ့ အနီရောင်အသည်းပုံသဏ္ဍာန်ကတ်လေးကို လက်ဆောင်ပေးခဲ့တယ်။ ရှီရီက လက်ပတ်နာရီကို တစ်ချက်လောက်သာကြည့်ခဲ့ပေမဲ့ ကတ်ကိုတော့ ယူသွားခဲ့တယ်။

 

သူ့ရဲ့ ဆွဲဆောင်မှုရှိတဲ့မက်မွန်ပွင့်လို မျက်ဝန်းတွေနဲ့ကြည့်ရင်း “ငါ့ကိုဈေးကြီးတဲ့ပစ္စည်း ပေးတာဆိုတော့ စိတ်ကူးပေါက်လို့ ဝယ်လာတာလား။”

 

မိန်းမပျိုလေးရဲ့မျက်နှာကနီရဲသွားပြီး စကားလုံးလေးလုံးကိုအထစ်ထစ်အငေါ့ငေါ့နဲ့ပြောလာတယ်။

 

“သေ-သေချာစဥ်းစားပြီး…ဝယ်လာတာ!”

 

…..

 

စာအုပ်ရဲ့မူလရည်ရွယ်ချက် : မင်းက ချစ်စရာကောင်းပြီး အချစ်ခံရဖို့ထိုက်တန်ပါတယ်

 

 

 

*****

 

Aurora Novel Translation Team

 

Update Schedule – Everyday

 

Genre(s)
Tags(s)