After Being Kidnapped by the Crown Prince

0
Your Rating
After Being Kidnapped by the Crown Prince 0 (0)
125
Comments
6 Users bookmarked This

Title : 被太子抢婚之后 (After Being Kidnapped by the Crown Prince)

Author(s) : 明月像饼 (Mingyue Xiangbing)

 

ဇာတ်လမ်းမိတ်ဆက်

 

မင်ကျူးဆိုသည်မှာ မိသားစုတွင် အမြတ်နိုးမခံရသော ကိုယ်လုပ်တော်မှ မွေးဖွားလာသည့် သမီးတစ်ဦး။ တစ်နေ့တွင် သူ(မ)သည် အရှင့်သားအိမ်ရှေ့စံ၏မျက်စိကျခြင်းကို ခံလိုက်ရပြီး သူ့အိပ်ရာပေါ် တစ်ခါတည်း ပို့ဆောင်ခံလိုက်ရသည်။ သို့နှင့် သူ(မ)သည် သူ၏အပြင်ဆောင်မှ အငယ်အနှောင်းဖြစ်လာခဲ့သည်။ လေးနှစ်ကျော် ငါးနှစ်တိုင် သူ(မ)အား အပြင်လောကကို မြင်တွေ့ခွင့်မပေးဘဲ ခြံဝင်းငယ်တစ်ခုတွင် ပိတ်လှောင်ထားခဲ့သည်မှာ ထိုနေ့မတိုင်ခင်အထိ……

 

အိမ်ရှေ့စံမင်းသားသည် သူ လက်ထပ်တော့မည့်အချိန်တွင် တုံ့ဆိုင်းမှုမရှိစွာ သူ(မ)အား အဆိပ်သေရည်တစ်ခွက် ချီးမြှင့်ပေးခဲ့သည်။ ထိုအခိုက်တွင်မှ မင်ကျူး နားလည်လိုက်ရသည်ကား သူ(မ)သည် သူ အပျင်းပြေဖို့ရာအတွက် သိမ်းထားသည့် ကစားစရာအရုပ်ပမာဟု။ သူ(မ)ပြန်လည်မွေးဖွားလာခဲ့ပြီးနောက်တွင် မင်ကျူး နှလုံးသားအခြေမှနေ၍ လှိုက်လှဲစွာ တောင်းဆိုမိသည့် တစ်ခုတည်းသော ဆုတောင်းမှာ : အနှီနှလုံးသားကင်းမဲ့သော အေးစက်သည့် အိမ်ရှေ့စံလက်မှ လွတ်မြောက်ရန်

 

အနှီအမျိုးသားက နိမ့်ကျလွန်းသည့် သူ(မ)အဆင့်အတန်းကို အထင်မြင်သေးခဲ့သည်။ ထို့ကြောင့် သူ့အနေနှင့် သူ(မ)ကို လက်ထပ်ယူရန် မဖြစ်နိုင်ပေ။ သူ(မ)ကလည်း ပြန်ပြောလိုက်ပါ၏။

 

“ကိစ္စမရှိပါဘူး”

 

အနှီအမျိုးသားသည် သူ(မ) နာခံပြီး သိတတ်သည်ကို မြင်ပြီး ပိုလို့ပင် အချစ်တိုးရင်း ဆိုလာခဲ့သည့် စကားတို့မှာ : “ကိုယ် မင်းကို တစ်သက်လုံး စောင့်ရှောက်သွားပါ့မယ်” ဟူ၍။

 

မင်ကျူးသည် အပေါ်ယံတွင် စိတ်လှုပ်ရှားချင်ဟန်ဆောင်လိုက်သော်လည်း အချိန်ကောင်းရောက်လို့လာချိန်တွင် သူ(မ)သည် သူ(မ)၏ကြီးမားသော ‌ဗိုက်ကြီးကို သယ်ပြီး ချက်ချင်း ထွက်ပြေးလာလိုက်သည်။

 

သူ(မ) ထွက်ပြေးသွားကာမှ အနှီမင်းသားက နောင် မှ တ ရသည့်နောင်တကို အတွင်းကျကျ သင်ယူခံစားလိုက်ရတော့သည်။

Genre(s)